စမ်းချောင်း၊ အင်းစိန်နဲ့ ဟားဗတ်မှာ ဘာတွေများ ဖြစ်ခဲ့ပါလိမ့်လို့ ဖတ်မိရာက လက်ကမချ နိုင်လောက်အောင် ဖြစ်သွားခဲ့တယ့် စာအုပ်ပါ။ ထောင်ဆိုတာ ဘယ်သူမသွားချင်တယ့်နေရာ။ စစ်အစိုးရရဲ့ မတရားဖိနှိပ်မူကြောင့် ထောင်ကျခဲ့ရပြီး ထောင်အတွင်းက ပြသနာပေါင်းစုံကို ရေးသားထားတယ့်စာအုပ်ကို ဖတ်ရတော့မှပဲ ကျွန်မတို့တွေ မမြင်မသိနိုင်တယ့် ထောင်အတွင်းက အကြောင်းစုံကို သိရတော့တယ်။ ထောင်တွင်းမှာတောင် နိုင်ငံခြားက ဆေးပညာ စာမေးပွဲဖြေဖို့အတွက် ပြင်ဆင်ကြိ ုးစားတာ မရခဲ့ပေမယ့် တနေ့နေ့မှာတော့ အဲဒီစာမေးပွဲကို ရအောင်ဖြေမယ်လို့ စိတ်ပိုင်းဖြတ်ထားတယ့် မျှော်လင့်ချက်အိမ်မက်၊ ထောင်အတွင်းမှာ ကြံ ုတွေ့ရတယ့် အခက်အခဲတွေကို မလျှော့တယ့်ဇွဲလုံ့လ၊ စိတ်ဓာတ်ပြင်းပြင်းနဲ့ ကျော်ဖြတ်သွားတာ ချီးကျူးမိတယ်။ မကြီးကို ဒီစာအုပ်လေး ကောင်းတယ်လို့ပြောတော့ သူဖတ်ပြီးပြီ အရမ်းကောင်းတယ်တဲ့။ ဆရာမ မသီတာ(စမ်းချောင်း) စင်္ကာပူလာ ဟောပြောပွဲလုပ်တုန်းက သူမသိလိုက်လို့ မသွားလိုက်ရဘူးတယ့်။ ဖတ်ပြီးရင် ကြိ ုက်မကြိ ုက် လာပြောကြဦးနော်။
ဘားမီးကလပ်စစ် စာအုပ်စင် ဒီလင့်ခ်လေးကနေ ဒေါင်းနိုင်ပါတယ်။
စန်းထွန်း
နိုဝင်ဘာ ၂၁၊ ၂၀၁၅။
Photo - credit to Google
နိုဝင်ဘာ ၂၁၊ ၂၀၁၅။
Photo - credit to Google

ဖတ်ပြီးပြီ...အတော် တော်တဲ့ အမျိုး သမီးတယောက်ပါ..၈၈ နဲ့ NLD ၇ဲ့ သမိုင်း လို့လဲ ပြောလို့၇ပါတယ်
ReplyDeleteစာအုပ်ကောင်းလေးတွေ ညွှန်းကြပါဦး....
ReplyDeleteko 9 said...
ReplyDeleteဖတ်ပြီးပြီ...အတော် တော်တဲ့ အမျိုး သမီးတယောက်ပါ..၈၈ နဲ့ NLD ရဲ့ သမိုင်း လို့လဲ ပြောလို့၇ပါတယ်
November 25, 2015 at 6:26 PM
San San Htun said...
စာအုပ်ကောင်းလေးတွေ ညွှန်းကြပါဦး....
November 26, 2015 at 9:28 PM