14 August 2013

All About DC - 1

ပိတ်ရက်ဆို အိမ်မှာလည်း မနေချင်၊ ဆူနမ်တို့ဆီ သွားရင်လည်း သူတို့သုံးယောက် ငြင်းကြခုန်ကြတာကို ဘာသာစကားမတူတော့  ကိုယ်က ဝင်မငြင်းခုန်နိုင်၊ သူတို့ကြည့်တယ့် ရုပ်ရှင်တွေကို ကိုယ်က မကြိုက်၊  အလုပ်သစ်က ဘယ်တော့ဘယ်မှာ ရမယ်မှန်းမသိ၊ ဒီစီမှာ ရမယ်မှန်းကလည်း မသေချာ၊ ဒီစီမှာ ရှိနေတုန်းလေး လည်လည်သွားထားမှဆိုပြီး သောကြာနေ့ညနေ ရုံးဆင်းချိန်မှာ ဒီစီတခွင်ပြဲပြဲစင်ကာ ဟိုရိုက်ဒီရိုက်ထားသမျှ လက်ရာတွေနဲ့ ဆားချက်ပါမယ် း) ။

တခေါက်ရောက်ဖူးရင် တော်ပြီ၊  ပြတိုက်တွေ၊ အဆောက်အဦး ဒီဇိုင်းတွေ၊ သစ်ပင်တောတောင်တွေထက် အိမ်မှာတနေကုန် ရုပ်ရှင်ကြည့်ဖို့ စိတ်အားထက်သန်တယ့် သူငယ်ချင်းတွေဆိုတော့ စိတ်မတူ ကိုယ်မတူ။ ကိုယ်က နေရာစုံနှံ့ချင် သူတို့က လမ်းမလျှောက်နိုင်။ သူတို့ကို ငဲ့ရတာနဲ့ခရီးမတွင်ဘူး။ သူတို့ကလည်း ခြေရှည်တယ့် ကိုယ့်နောက်ကို မလိုက်ချင်ကြဘူး။ တချို့ကိစ္စတွေဆို မိသားစု၊ သူငယ်ချင်းတွေနဲ့ ပျော်စရာကောင်းပေမယ့် တချို့ကိစ္စတွေမှာတော့ တကိုယ်တည်းက ပိုပျော်ဖို့ကောင်းတယ်။

မနှစ်က ဒီဇင်ဘာ ဒီစီသွားတောလား  တွေထဲမှာ ဒီစီရဲ့အထင်ကရ နေရာတွေကို မြင်ဖူးကြမှာပါ။ ကိုယ်တို့ရုံးရဲ့ မျက်နှာချင်းဆိုင်က ဂျပန် အမေရိကန် မန်မိုရီယမ်၊ ဘေးမှာက ယူနိုက်တက်စတိတ် ကယ်ပီတယ်၊ ကယ်ပီတယ်ကနေ ဝါရှင်တန်မိုးနူးမတ်ကျောက်တိုင်အထိ ကွင်းပြင်ကြီး၊ ဘေးတဖက်တချက်စီမှာ ပြတိုက်တွေ။

ဒီစီ နွေရာသီပန်း
Japanese American Memorial
Japanese American Memorial
သောကြာနေ့ နေ့လည်စာ စားတတ်တယ့် ထိုင်ခုံလေး၊ ရှေ့ကျောက်တိုင်ထက် ခေါင်းလောင်းဆီက ၄၅ မိနစ်၊ မိနစ် ၆၀ ဆို
သာယာတယ့် ခေါင်းလောင်းထိုးသံ ကြားရတယ်...Robert A Taft Memorial and Carillon
Library of Congress
United States Capitol ‌ဘေး
ခွေးကျောင်းကြသူများ
Washington Monument
တိမ်တွေကြားက နေခြည်ဖြာနေတာ လှတယ်ထင်လို့
အနီရောင် မိသားစု...း)
Smithsonian Institution & Museum
 လေယာဉ်ပျံက ကောင်းကင်မှာ ခြေရာချန်ခဲ့တယ်
ဒီစီတခွင် စက်ဘီးနဲ့လည်
ဝါရှင်တန်မိုးနှုးမတ်ရဲ့  နေဝင်ချိန်

ည ၇ နာရီထိုးပြီ ဗိုက်ကလည်း တဂွီဂွီမြည်လာပြီမို့ Smithsonian ဘူတာကိုမြင်တာနဲ့ အိမ်ပြန်ခဲ့တယ်။

စန်းထွန်း
သြဂုတ် ၁၃၊ ၂၀၁၃။

6 comments:

  1. ဟန်ကြည်August 14, 2013 at 6:22 AM


    ReplyDelete
  2. You are very lucky to work at such a beautiful place.. :)

    ReplyDelete
  3. ဟုတ်တယ်..၊ ညီမစန်းထွန်းနဲ့ သဘောတူတယ်...၊ တခါတလေမှာ ကိုယ်တစ်ယောက်တည်း လျှောက်သွားတာက ပိုပြီးအဆင်ပြေတယ်၊ ကြိုက်တဲ့ နေရာကို ကြိုက်သလို သွားရတာကိုက အရသာ...၊း)


    ReplyDelete
  4. ကင်မရာအသစ်ကြီးဝယ်ထားတယ်ဆိုတော့ဟိုရိုက်ဒီရိုက်ရိုက်ချင်မပေါ့လေ။း)
    ပုံတွေကလည်းလှတယ်။
    မမအိုင်အိုရာ

    ReplyDelete
  5. စန်းစန်းရေ... ကွန်မန့်မချန်ဖြစ်ခဲ့ပေမယ့် အမြဲရောက်ခဲ့သလို ဖတ်တိုင်းလည်း 'တို့များလဲ အားကျပါရဲ့ မင်းလိုပုံနှယ်' ဆိုသလို ဖြစ်ခဲ့ရတာ အကြိမ်ကြိမ်ပေါ့ကွယ် :P ပုံတွေကတော့ ရှယ်ပဲ ဆရာဟန်ကြည်ပြောသလို အလည်ရောက်ဖူးချင်တာတော့ ရင်ထဲကဆန္ဒပါ..

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. ဟန်ကြည် said...
    ပုံတွေ လှလိုက်လေခြင်း...စန်းထွန်းပို့စ်တွေဖတ်ရင်း ဒီစီကိုတောင် အလည်လာချင်စိတ်ပေါက်မိပါရဲ့...
    August 14, 2013 at 6:22 AM

    ညီလင်းသစ် said...
    ဟုတ်တယ်..၊ ညီမစန်းထွန်းနဲ့ သဘောတူတယ်...၊ တခါတလေမှာ ကိုယ်တစ်ယောက်တည်း လျှောက်သွားတာက ပိုပြီးအဆင်ပြေတယ်၊ ကြိုက်တဲ့ နေရာကို ကြိုက်သလို သွားရတာကိုက အရသာ...၊ း)

    ဒီစီက ပုံတွေလှတယ်၊ ရှေ့လာမယ့် အပိုင်းတွေကိုလည်း စောင့်နေပါတယ်...။
    August 14, 2013 at 11:39 AM
    Anonymous said...
    ကင်မရာအသစ်ကြီးဝယ်ထားတယ်ဆိုတော့ဟိုရိုက်ဒီရိုက်ရိုက်ချင်မပေါ့လေ။ း)
    ဒီလိုမျိုးချက်တဲ့ဆား ကြိုက်ပါ့။
    ပုံတွေကလည်းလှတယ်။
    ရိုက်သာရိုက် တင်သာတင်ပါ။ အားပေးဘို့က ကိုယ့်တာဝန်။
    မမအိုင်အိုရာ
    August 14, 2013 at 8:43 PM
    Aunty Tint said...
    စန်းစန်းရေ... ကွန်မန့်မချန်ဖြစ်ခဲ့ပေမယ့် အမြဲရောက်ခဲ့သလို ဖတ်တိုင်းလည်း 'တို့များလဲ အားကျပါရဲ့ မင်းလိုပုံနှယ်' ဆိုသလို ဖြစ်ခဲ့ရတာ အကြိမ်ကြိမ်ပေါ့ကွယ် :P ပုံတွေကတော့ ရှယ်ပဲ ဆရာဟန်ကြည်ပြောသလို အလည်ရောက်ဖူးချင်တာတော့ ရင်ထဲကဆန္ဒပါ..
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်
    August 16, 2013 at 10:40 PM

    ReplyDelete