30 July 2013

အိုးရှင်းစီးတီးသွား တောလား...

အိမ်ကနေ မေရီလန်းပြည်နယ် အိုးရှင်းစီးတီးမြို့အထိ ၁၆၅ မိုင် ၃ နာရီ မောင်းရပါတယ်။ ကိုယ်တွေကအသွားဆိုတော့ လမ်းရှင်းနေပေမယ့် အိုးရှင်းစီးတီးကနေ ပြန်လာကြတယ့်ကားတွေကတော့ လမ်းမထက်မှာ ပြည့်နှက်နေတယ်။ ပင်လယ်ပြာပြာ၊ ရေလှိုင်းဖွေးဖွေး၊ သဲသောင်ဖြူဖြူကို မြင်လိုက်တိုင်း ဇာတိမြေကို သတိရတယ်။ မနှစ်ကဂျူလှိုင်၄ ဘော့စတွန်ကို သွားလည်တုန်းက ပင်လယ်ကိုနောက်ဆုံး ရောက်ခဲ့တာဆိုတော့ ပင်လယ်မရောက်တာ တစ်နှစ်ရှိပြီ။ လူတွေက ကြိတ်ကြိတ်တိုး၊ ဗိုက်ကဆာ၊ ပီဇာမကြိုက်၊ အီတလီစာမကြိုက်၊ အမေရိကန်စာမကြိုက် ဟိုဟာမကြိုက်၊ ဒီဟာမကြိုက်နဲ့ အစားအသောက် ချေးများတယ့် ဆူနမ်နဲ့ရာမား မက်ဆီကန်ဆိုင်ဆိုတော့ အိုကေတယ့်။

ဖူးလ်ဘောတွေ့တော့ ညှိစရာမလိုဘဲ  ကွားတားစေ့ ၂ ကျပ်ဖိုးလဲပြီး လက်ရည်စမ်းကြတယ်။ ကျောင်းမှာ နေ့လည်ထမင်းစားချိန်၊ စာသင်ချိန်ပြီးရင် မြေအောက်ထပ်မှာ ဖူးလ်ဘောကစားကြတယ်။ အမ်းထရူးနဲ့ဆူနမ်ရဲ့ လက်ရည်က ကျမသွားဘူး။ သူတို့ကစားပုံက တိကျသေသပ်ပြီး အားမာန်ပါတယ်။ ဘောလုံးကို စိတ်ကြိုက်နေရာ ရောက်အောင်ပို့ပေးပြီးမှ ကစ်ထည့်ဂိုးသွင်းတတ်တယ့်စတိုင်။ ရာမားကစားပုံက ပေါ့ပေါ့ပါးပါးလေးပေမယ့် ဂိုးသွင်းသေချာတယ်။ ကိုယ်ကစားပုံက ဘောလုံးကိုလည်းမထိ ကန်ချင်ရာကန်နေပြီး တခါတလေမှ ဂိုးသွင်းတတ်တယ်။ ကိုယ်တို့ကျောင်းရဲ့အမှတ်တရတွေထဲမှာ ဖူးလ်ဘောကို ချန်ထားလို့မရပေဘူး။ ဖူးလ်ဘောကစားတိုင်း ကျောင်းကိုသတိရတယ်။ အရင်အတိုင်း ပို့စ်ရေးချိန် ကျောင်းကိုရောက်နေချိန်တုန်းက မြေအောက်ထပ်ကို အလွမ်းပြေသွားကြည့်သေးတယ်။ ဖူးလ်ဘောခုံမရှိတော့ဘဲ စားပွဲတင်တင်းနစ်ခုံက ခန့်ခန့်ကြီးနေရာယူထားတယ်။


ကြက်တောင်ပံ တကိုက်စားပြီး ရာမားက
San San you will die. It is more spicy than Buffalo chicken wings No.10. Double !
Oh really !
နံပါတ် ၃ တောင် မစားနိုင်တယ့်သူ နံပါတ် ၁၀ ရဲ ့ နှစ်ဆစပ်တယ်ဆိုတော့။ တကိုက်စားကြည့်တော့
OMG...Rama, you are right . Now I die !
ပါးစပ်ထဲကကြက်တောင်ပံတကိုက်ကို ပြန်ထွေးထုတ် ရေသောက် အာလူးကြော်စား ။ အောင်မလေး ....စပ်လိုက်တာ တကိုယ်လုံးပူထူ  နှာရည်တွေ၊ မျက်ရည်တွေထွက်  ဆံပင်တွေ ထောင်သွားလား မှတ်ရတယ်။ ကိုယ်စားဖူးသမျှထဲမှာ ဒီဟာအစပ်ဆုံး။ ဆူနမ်နဲ့ကိုယ်က တကိုက်၊ အမ်းထရူးက တတုံး၊ ရာမားက ၃တုံးစားပြီး စံချိန်တင်တယ်။

Do you know what is the name of chicken wings?
No.
It is called Hell Chicken Wings.
Yes. It suggests its name. I go to Hell after eating it.

ငရဲပြည်ကို ခဏလောက်ရောက်ဖူးချင်ရင် မေရီလန်းပြည်နယ် အိုးရှင်းစီးတီးမြို့ Peppers Tavern ဆိုင်က Hell Chicken Wings ကို မြည်းစမ်းကြည့်ဖို့ လက်တို့လိုက်ပါရစေ။


စိတ်ကူးယဉ်ဝထ္ထုဇာတ်လမ်းတွေထက်  ထူးဆန်းတယ့်အရာတွေကို Ripley's  Believe it or not ပြတိုက်မှာ တွေ့ရပါတယ်။ အာဖရိက လူရိုးနဲ့လုပ်တယ့် ပုလွေ၊ သစ်ကုလားအုတ်အရိုးနဲ့ ထွင်းထုထားတယ့် အနုစိတ်လက်ရာ၊ ဆံပင်တွေနဲ့လုပ်ထားတယ့် အင်္ကျ ီ၊ ဒင်္ဂါးတွေ စီထားတယ့်ကား (ကိုယ်သာဆို ကားမှာမစီဘူး လည်ပင်း၊ လက်မှာ စီမယ် း) ၊ မြန်မာပြည်က ကြေးကွင်းစွပ် ပဒေါင်လူမျိုးတွေအကြောင်း ။

လူ့အရိုးပုလွေ
ကုလားအုတ်အရိုး အနုစိတ်လက်ရာ
ဆံပင်များဖြင့် လုပ်ထားသော အင်္ကျ ီ
ဒင်္ဂါး စီထားသောကား
မြန်မာပြည်မှ ကြေးကွင်းစွပ် ပဒေါင်အမျိုးသမီး
What are they doing? :) :D :P

What are they doing ?
Frozen Mirror အတွက် ပို့စ်ပေးနေတာ... း) :D :P အဲဒီလိုပို့စ်ပေးပြီး ဓာတ်ပုံရိုက်ပြီးရင် နံရံမှာ အဲဒီအတိုင်း မိနစ်ဝက်လောက် အရိပ်ထင်နေတယ့် Frozen Mirror ။

Marvelous Mirror Maze တီးလုံးသံတွေ တညံညံ၊  ပေးတယ့် မျက်မှန်၊ လက်အိတ်စွပ်ပြီး မှန်တွေစီထားတယ့်နံရံကို လက်နဲ့စမ်းပြီး လမ်းကြောင်းရှာရပါတာပါ။ တယောက်တလှည့် ဦးဆောင်လမ်းကြောင်းရှာ၊ မှန်တွေနဲ့ပိတ်နေရင် ပြန်လှည့် ငယ်ငယ်တုန်းက ဝင်္ကဘာထဲသွားသလိုမျိုး။ နှစ်ခါတောင်ဝင်ပြီး ပြန်ထွက်တော့ လက်မှတ်ကောင်တာက ကောင်လေးက နောက်တခေါက်ပြန်လှည့်ဆိုလို့ သုံးခေါက်တောင် နွှဲခဲ့ကြတယ်။


Impossible Laser Race ကတော့ လေဆာတန်းတွေကို ကုန်းကွကျော်လွှားရတာပါ။ လေဆာလိုက်တွေကို ထိမိရင် ဘယ်လောက်ထိမိနေပြီ၊ အဆုံးမှာ ကုန်းကွပြီး ပြန်လှည့်ဖို့ ခလုတ်ရှာနေတာတွေကို အပြင်ကစောင့်နေတယ့်သူတွေက ဘုတ်မှာမြင်ရတော့ တခွီးခွီး။ Mirror Maze လို မကြေပွဲ သုံးခေါက်လောက်နွှဲမလို့ သွားမေးတာ တခေါက်တည်း ရပါမယ်တယ့်။

credit to  - Google
credit to - Google

ကလေးတွေအတွက် ရဟတ်၊ ချားတွေ၊ အရုပ်တွေ၊ စားသောက်ဆိုင်တန်းတွေနဲ့စည်ကားတယ်။ ကုန်းပေါ်မှာ လူတွေစည်သလို ကမ်းခြေမှာလည်း နေပူဆာလှုံသူတွေ၊ ရေကူးသူတွေ၊ ရေဆော့သူတွေ၊ ဘောကွင်းပစ်သူတွေ၊ လမ်းလျှောက်သူတွေ၊ ငါးမျှားသူတွေ၊ မော်တော်ဘုတ်မောင်းသူတွေနဲ့ စည်ကားနေတာပါပဲ။


အိမ်ကို ပြန်တယ့်အချိန်က ညည့်နက်သန်းခေါင်။

စန်းစန်း ဒီလိုအချိန် တောအုပ်ထဲမှာ ဖြတ်သွားဖြတ်လာ ကားကြောကပြတ် လမ်းမပေါ်မှာ နင့်ကားတစီးတည်း အဲဒီအချိန် နင့်ကားထိုးရပ်သွားခဲ့ရင်...
ဝတ်ရုံဖြူဝတ် ဆံပင်ဖားလျားချထားတယ့် မိန်းမတယောက် ဖြတ်ပြေးသွားခဲ့ရင် နင်ဘာလုပ်မလဲ...
ကားလာဆွဲဖို့ AAA၊ ၉၁၁ ကို လှမ်းခေါ်လိုက်မှာပေါ့ ...
ဟာ..နင်ကလည်း သရဲခြောက်ပါတယ်ဆိုမှ...ရဲကနောက် နင် ဘာလုပ်မှာတုန်း...
သံဗုဒ္ဓေ ရွတ်မှာပေါ့...အဲဒီဂါထာတွေက သရဲနိုင်တယ်...အမ်...အမ်းထရူး နင် ဆူနမ့်ကို သရဲအကြောင်း ပြောနေတာလား...(ဆူနမ်တယောက် ဇက်ကလေး ပုနေရှာသည်...ဆူနမ်သည် သရဲအလွန်ကြောက်သည်...သူ့အဘွားဆုံးချိန် ထိတ်လန့်စရာများ မြင်တွေ့ဖူးကတည်းက)
အင်း...
ကျောင်းမှာတုန်းက ငါနဲ့မိုင်းဖန် သရဲအကြောင်း ပုံပြောကောင်းတာ ဆူနမ်နဲ့ရာမား အိမ်သာမသွားရဲလို့ ငါတို့နှစ်ယောက် အိမ်သာတံခါးရှေ့အထိ လိုက်စောင့်ပေးရဖူးတယ်...အေး သူတို့ကြောက်လို့ အိမ်သာမသွားရဲရင် နင်လိုက်စောင့်..ဒါပဲ...
ဟေ...

ဝုန်း...ဘလုန်း..
ဟင်...ဘာဖြစ်တာလဲ...သရဲ...ရဲ...ခြောက်တာလား...(အိပ်နေရာမှ မျက်စိအသားကုန် ပြူးကျယ်သွားသည်)
စိုက်ခင်းဖျန်းတယ့်ရေတွေ ကားပေါ် ရုတ်တရက် ကျလာတာ...
အမ်းထရူး သရဲအကြောင်း မပြောတော့... သူကိုယ်တိုင် လန့်သွားတယ်ထင်ပါ့...မိုးရွာတာလည်းမဟုတ် ရုတ်တရက်ကြီး ရေတွေကျလာတာဆိုတော့...နောက် စိုက်ခင်းဆီကမှန်း တွေးမိတော့မှ... ဟူး ...တော်ပါသေးရဲ့...ရိပ်ခနဲ တွေ့လိုက်ရင် ၉၁၁ များ လှမ်းခေါ်မလား...သံဗုဒ္ဓေများ ရွတ်မလား....မျက်စိစုံမှိတ် အော်ဟစ်နေမလား...မျက်လုံးကြီးပြူးကာ အသံမထွက် ထိတ်လန့်နေမလား...မေ့လဲသွားမလား...


အိမ်ကဝှိုက်ဘုတ်က ကိုယ်တို့ပန်းချီစုတ်တံသွေးကြတယ့် နေရာ။ တို့တွေမသိသေးတယ့် အမ်းထရူးရဲ့နောက်ထပ် အရည်အချင်းတခုက ပုံဆွဲတာ။

Naruto ခရေဇီ ဆူနမ်အတွက် သူ့ဖန်ခွက် နာယူတို... ဆူနမ့်ဖေ့ဘွတ် ပရိုဖိုင်ဓာတ်ပုံ

ဝှိုက်ဘုတ်၊ ဖန်ခွက်၊ ပူဖောင်းအပြင် သဲသောင်မှာလည်း ဆွဲတယ်။ ရာမားကို ဆူနမ်နဲ့အမ်းထရူးက ဘာယာကြီး (ဇီးကွက်) လို့ ခေါ်တယ်။ သူ့မျက်လုံးက ဇီးကွက်နဲ့တူလို့ ခေါ်တာလားမေးတော့ ဟုတ်ဘူး ဇီးကွက်လို တုံးလွန်းလို့တယ့်။ ရာမားက စာမှာ၊ ဟင်းချက်တာ၊ စေ့စပ်သေချာ တော်ပေမယ့် လူတွေနဲ့ပေါင်းသင်းဆက်ဆံရာမှာတော့ သူများနှပ်ချတာ၊ အနိုင်ကျင့်တာ အမြဲခံရတယ်။ ဇီးကွက်မလေးအတွက် ဇီးကွက်ဆွဲပေးတာလားဆိုတော့ ဟုတ်ဘူး မိကျောင်းတယ့် း) ။

မိကျောင်း (သို့မဟုတ်) ဇီးကွက်
ရေသူမ

အိုးရှင်းစီးတီးက ဓာတ်ပုံတွေကြည့်ပြီးတော့ ကိုယ့်ကိုနာမည် ပေးကြတယ်။ ခန့်မှန်းကြည့်ပါ ဘာနာမည်လဲလို့ အဖြေမှန်ရင် တစ်ဆင့်ဆုချမယ် း) ။

Hint Photo for One Cent Quiz..

မိုးကောင်ကင်ပြာပြာကို အနားသတ်ပေးထားတယ့် ကမ်းခြေ...
ပင်လယ်ပျော်ငှက်ကလေးတွေ ပျော်မြူးကြတယ့် ကမ်းခြေ...
ရေလှိုင်းဖွေးဖွေးတွေ ပွေ့ဖက်ကြိုဆိုတယ့် ကမ်းခြေ...
အားလုံးပျော်ကြတယ့် ကမ်းခြေ...


Happy Traveling!
စန်းထွန်း
ဇူလှိုင် ၂၉  ၊ ၂၀၁၃ ။

8 comments:

  1. စန်းစန်းရေ ပျော်စရာကြီးနေမှာနော်...ဒါနဲ့ Chicken Wings လေး စားဖူးကြည့်ချင်တယ်။ စပ်စပ်လေးပေါ့နော်...

    ReplyDelete
  2. အရေးလည်းကောင်း ပုံတွေလည်း အတင်ကောင်းဆိုတော့ စန်းစန်းနဲ့အတူ အလည်လိုက်ပါသွားသလိုပါပဲကွယ်... ဘာဖြစ်ဖြစ် ကျေးဇူးတင်တယ် မသိတာလေးတွေ သိသွားရလို့ ... ဘုန်းဘုန်းတောက် နောက်တစ်ခေါက် အိမ်ကို ဆွမ်းစားကြွရင် ကြက်တောင်ပံစပ်စပ်ကြော်ပေးမယ် :)

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. လည်လည်သွားလှချည့်လား...

    ReplyDelete
  4. ပျော်စရာကြီး အဲဒီလို စိတ်တူ ဝါသနာတူတဲ့ သူငယ်ချင်းတွေနဲ့ နေရရင် ဘယ်ကိုသွားသွား မပျင်းရဘူး :)
    တိမ်ပြာ(မနောမြေ)

    ReplyDelete
  5. မိကျောင်းလို့များ နာမည်ပေးခဲ့သလားဗျ...ဟင်... :D

    ReplyDelete
  6. အဖြေမှန်က မစ်ဒါဝတ်တယ့် မနှစ်ကဘော့စတွန်ကမ်းခြေသွားတုန်းကလည်း ဒီဂါဝန်...

    ReplyDelete
  7. သူငယ်ချင်းတွေနဲ့ အတူသွားပြီး ကစားကြတာ ဖတ်ရတဲ့လူတောင် ပျော်ဖို့ကောင်းတယ်...၊း) ကျနော်လည်း fools ball မှာ အတော်ညံ့တယ်ဗျ..၊ Hell chicken wings ကိုတော့ အရမ်းစိတ်ဝင်စား သွားပြီ။း))

    ReplyDelete
  8. ဘုန်းတောက် said...
    စန်းစန်းရေ ပျော်စရာကြီးနေမှာနော်...ဒါနဲ့ Chicken Wings လေး စားဖူးကြည့်ချင်တယ်။ စပ်စပ်လေးပေါ့နော်...
    July 30, 2013 at 8:13 AM
    Aunty Tint said...
    အရေးလည်းကောင်း ပုံတွေလည်း အတင်ကောင်းဆိုတော့ စန်းစန်းနဲ့အတူ အလည်လိုက်ပါသွားသလိုပါပဲကွယ်... ဘာဖြစ်ဖြစ် ကျေးဇူးတင်တယ် မသိတာလေးတွေ သိသွားရလို့ ... ဘုန်းဘုန်းတောက် နောက်တစ်ခေါက် အိမ်ကို ဆွမ်းစားကြွရင် ကြက်တောင်ပံစပ်စပ်ကြော်ပေးမယ် :)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်
    July 30, 2013 at 9:24 AM
    မီးမီးငယ် said...
    လည်လည်သွားလှချည့်လား...
    ပင်လယ်ကမ်းခြေနားနေပြီး..
    ပင်လယ်ဖက်ကိုမရောက်ဖြစ်သေးဘူးကွာ...
    ဒါနဲ့...ကြက်တောင်ပံအစပ်ကို..
    အိမ်ကအညာသားကြီးကိုဝယ်ကျွေးအုံးမယ်
    ပျော်စရာတွေကူးသွားပါတယ်...
    July 30, 2013 at 3:39 PM
    Anonymous said...
    ပျော်စရာကြီး အဲဒီလို စိတ်တူ ဝါသနာတူတဲ့ သူငယ်ချင်းတွေနဲ့ နေရရင် ဘယ်ကိုသွားသွား မပျင်းရဘူး :)
    တိမ်ပြာ(မနောမြေ)
    July 31, 2013 at 12:47 PM
    ညိမ်းနိုင် said...
    မိကျောင်းလို့များ နာမည်ပေးခဲ့သလားဗျ...ဟင်... :D
    August 2, 2013 at 7:34 AM
    San San Htun said...
    အဖြေမှန်က မစ်ဒါဝတ်တယ့် မနှစ်ကဘော့စတွန်ကမ်းခြေသွားတုန်းကလည်း ဒီဂါဝန်...
    ဒီနှစ်အိုးရှင်းစီးတီးသွားတော့လည်း ဒီဂါဝန်ပဲ ဝတ်လို့တယ့်..နောက်ဆို ဓာတ်ပုံရိုက်ပြီးသား အင်္က ျီတွေကို မှတ်ထားပြီး ဓာတ်ပုံမရိုက်ရသေးတယ့်ဟာတွေ ဝတ်မှ...:)
    August 2, 2013 at 10:51 AM
    ညီလင်းသစ် said...
    သူငယ်ချင်းတွေနဲ့ အတူသွားပြီး ကစားကြတာ ဖတ်ရတဲ့လူတောင် ပျော်ဖို့ကောင်းတယ်...၊ း) ကျနော်လည်း fools ball မှာ အတော်ညံ့တယ်ဗျ..၊ Hell chicken wings ကိုတော့ အရမ်းစိတ်ဝင်စား သွားပြီ။ း))
    August 6, 2013 at 9:11 AM

    ReplyDelete