05 February 2013
Ego...
credit to  - www.jarrodjones.com
မျှော်လင့်မထားတယ့် အရာတွေ မျှော်လင့်မထားတယ့် အချိန်မှာ ဖြစ်လာတယ့်အခါ...
အဆင့်သင့်မဖြစ်သေးတယ့် အရာတွေ အဆင်သင့် မဖြစ်သေးချိန်မှာ ဖြစ်လာတယ့်အခါ...
မခွဲခွာချင်သေးတယ့် အချိန်မှာ ခွဲခွာဖို့ဖြစ်လာတယ့်အခါ...
ကြိုးစားမှုတွေ အရာထင်မလာတယ့်အခါ...
မျှော်လင့်ချက်တွေ ဝေဝါးလာတယ့်အခါ...
ယုံကြည်မှုတွေ ယိုင်လဲတယ့်အခါ...
ခံနိုင်ရည်စွမ်းတွေ ကုန်ခမ်းလာတယ့်အခါ...
မရေရာမှုတွေ၊ မသေချာမှုတွေ များလာတယ့်အခါ...
ကံဆိုတာ ကြိုးစားမှုလို့ မပြောနိုင်တော့တယ့်အခါ...
မအောင်မြင်သေးတယ့် ရည်မှန်းချက်တွေ ရှိသေးတယ်...
ဖြစ်မလာသေးတယ့် မျှော်လင့်ချက်တွေ ရှိသေးတယ်...
တနေ့နေ့ဆိုတယ့် ယုံကြည်ချက်တွေ  ရှိသေးတယ်...
အရာမထင်သေးတယ့် ကြိုးစားချက်တွေ ရှိသေးတယ်...
ဘယ်အရာကမှ ရပ်တန့်စေမှာ မဟုတ်ဘူးလို့ဟစ်ကြွေးချင်သေးတယ်...
စန်းထွန်း
ဖေဖေါ်ဝါရီ ၅၊ ၂၀၁၃။
5 comments:
  1. မအောင်မြင်သေးတယ့် ရည်မှန်းချက်တွေ ရှိသေးတယ်...
    ReplyDelete
  2. ခံနိုင်ရည်စွမ်းတွေ ကုန်ခမ်းလာတယ့်အခါ...
    ReplyDelete
  3. စန်းထွန်းရေ..
    မမအိုင်အိုရာ
    ReplyDelete
  4. ဟုတ်တယ် အထွန်း
    ၇ှင်သန်နေကြတာ
    မသေချာသည်ဖြစ်စေ
    ReplyDelete
  5. လွင်ပြင်လှိုင်းငယ် said...
    မအောင်မြင်သေးတယ့် ရည်မှန်းချက်တွေ ရှိသေးတယ်...
    ဖြစ်မလာသေးတယ့် မျှော်လင့်ချက်တွေ ရှိသေးတယ်...
    တနေ့နေ့ဆိုတယ့် ယုံကြည်ချက်တွေ ရှိသေးတယ်...
    အရာမထင်သေးတယ့် ကြိ ုးစားချက်တွေ ရှိသေးတယ်...
    ဘယ်အရာကမှ ရပ်တန့်စေမှာ မဟုတ်ဘူးလို့ဟစ်ကြွေးချင်သေးတယ်...
    စိတ်ဓါတ်ကိုမြင့်တင်ပေးနိုင်တဲ့စာသားတွေပဲ ကောင်းမှကောင်း ။
    February 6, 2013 at 12:39 AM
    စံပယ်ချို said...
    ခံနိုင်ရည်စွမ်းတွေ ကုန်ခမ်းလာတယ့်အခါ...
    ဂျက်ကတော့ အိပ်ယာထဲ လှဲတော့တာပဲ
    အပေါ်ကပုံလေးကိုလဲကြိုက်တယ်
    လွမ်းသလိုလို အထီးကျန်သလိုလိုနဲ့
    February 6, 2013 at 2:16 AM
    Anonymous said...
    စန်းထွန်းရေ..
    မျှော်လင့်ချက်နဲ့ပဲ ဘဝခရီးကိုနှင်နေရတာပါဘဲ။
    လူတိုင်းအတူတူပါဘဲ။ ရည်မှန်းချက်ပိုကြီးရင်ပိုလို့ကြံ့ခိုင်ဖို့လိုတာမို့..
    ကြံ့ကြံ့ခံပြီးစန်းထွန်းဖြစ်ချင်ရောက်ချင်တဲ့ဘဝကိုအမြန်ဆုံးရောက်ပါစေလို့....
    မမအိုင်အိုရာ
    February 6, 2013 at 10:11 PM
    blackroze said...
    ဟုတ်တယ် အထွန်း
    လူဆိုတာ မျှော်လင့်ချက်နဲ့
    ရှင်သန်နေကြတာ
    အဲဒီတော့ သေချာသည်ဖြစ်စေ
    မသေချာသည်ဖြစ်စေ
    ရပ်တန့်နေဖို့မလိုပါဘူးကွယ်...
    February 9, 2013 at 9:02 AM
    ReplyDelete