13 October 2012

ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ဆီသို့ ပန်းခရမ်းပြာ၏ အိမ်မက်များ...

အသိတယောက် အကူအညီတောင်းလို့ ဘလော့ကနေ ကြေငြာမောင်းခတ်လိုက်ပါတယ်။ ကိုယ်တိုင်ကတော့ အဲဒီနေ့မှာ ကုမ္ပဏီကိုယ်စားပြု The Rack Pack အသင်းကနေ  ရင်သားကင်ဆာတိုက်ဖျက်ရေး လမ်းလျှောက်ပွဲမှာ ချီတက်နေမှာမို့လို့ သွားရောက်အားပေးနိုင်မှာ မဟုတ်ပါဘူး။ အမ်..နယူးယောက်နဲ့ ကန်တက်ကီက သိပ်မဝေးပါဘူး။ မိုင်၈၀၀ ကား ၁၃နာရီခွဲပဲ မောင်းရတယ်..  း )  ။

မြန်မာအစားအသောက်လည်း စားရ ကိုယ်ကြိုက်တယ့် အဆိုတော်တွေရဲ့ သီချင်းလည်း နားထောင်ရ မြန်မာပြည် တကယ်လိုအပ်နေတယ့်နေရာတွေမှာ လှုဒါန်းမယ့် သိပ်ကောင်းတယ့် အစီအစဉ်လေးပါ။


နေ့ရက်။ ။ အောက်တိုဘာလ ၂၈ ရက်(တနင်္ဂနွေနေ့)၊ ၂၀၁၂ ခုနှစ်
အချိန် ။ ။ နံနက် ၁၁ နာရီမှ နေ့လည် ၁နာရီအထိ
ရန်ပုံငွေ ရိုးရာအစားအစာမျိုးစုံဈေးရောင်းပွဲ

နေ့လည် ၁ နာရီခွဲမှ ညနေ ၅ နာရီ အထိ
စာရေးဆရာမဒေါ်သန်းမြင့်အောင် (ဒု-ဥက္ကဋ္ဌ၊ နာရေးကူညီမှုအသင်း - ရန်ကုန်)၊ တေးရေး ကိုရဲလွင် (မဇ္ဈိမလှိုင်း)၊ တေးရေး၊ တေးဆို ဆောင်းဦးလှိုင်တို့၏ ပြည်ပရောက်မိသားစုများနှင့်တွေ့ဆုံဆွေးနွေးဖျော်ဖြေပွဲ နှင့် နယူးယောက်မြို့ခံ Exit Band ၏တီးခတ်သီဆို ဖျော်ဖြေမှုအစီအစဉ်

နေရာ။ ။ Aviation Career & Technical Education High School
45-30 36th Street
Long Island City, NY 11101

ရန်ပုံငွေများကို ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်ရှိ လူမှုရေးလုပ်ငန်းများအတွက် နာရေးကူညီမှုအသင်း - ရန်ကုန် နှင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့တို့ကတဆင့်လှူဒါန်းသွားမှာဖြစ်ပါတယ်။

စန်းထွန်း

အောက်တိုဘာ ၁၃၊ ၂၀၁၂။

4 comments:

  1. ၀မ်းမြောက်ဖွယ် သတင်းလေးပါလား စန်းထွန်းရေ...
    ခင်မင်တဲ့

    ReplyDelete
  2. Thanks Sis..

    I hope other bloggers can share this new to spread the words and help our friends at Kachin and Rakhine..

    ReplyDelete
  3. မိုင်ပေါင်းမြောက်များစွာဝေးနေလည်း၊

    ReplyDelete
  4. တောက်ပကြယ်စင် said...
    ဝမ်းမြောက်ဖွယ် သတင်းလေးပါလား စန်းထွန်းရေ...
    ခင်မင်တဲ့
    October 13, 2012 at 11:29 AM
    မီးမီးငယ် said...
    မိုင်ပေါင်းမြောက်များစွာဝေးနေလည်း၊
    နှလုံးသားကလာကူညီသွားတာ၊
    အထူးကျေးဇူးတင်ရှိကြောင်းပါ..းD
    October 14, 2012 at 1:13 PM

    ReplyDelete