23 September 2011
ရင်ဘတ်ထဲက မြစ်တစင်း...
Photo Credit to : Gallery 65
ပိုလို့ ရောင်းမှာ.." ဝါး...ဟား...ဟား...ရယ်ရတယ်ဗျို့...ဗြဲ...ဟဲ...ဟဲ..။ သူ့ထက် ရယ်(ရီ)ရတာတောင် သူ့လောက် မရယ်(ရီ) ရဘူး..ဖူးးးးးးးးးးးး..။
 လိမ်နေသည်..ညာနေသည်...။
ဟိုင်းကြီးမှာတော့ ည၆နာရီကျော်ဆိုရင် မီးတွေ ထိန်ထိန်လင်းလို့။ လင်းမှာပေါ့ အိမ်တိုင်း မီးစက်မောင်းကြတာကိုး။ တိုက်နယ်ဆေးရုံမှာ ဓာတ်မှန်ရိုက်မယ်ဆိုရင်လည်း ကိုယ်ထူကိုယ်ထ မီးစက်ကြီး မောင်းလို့။ ဓာတ်ဆီကလည်း ကိုယ်ထူကိုယ်ထပါပဲ။ တို့ရွှေပြည်ကြီးမှာ ကိုယ်ထူမှ
ကိုယ်ထရသကိုး။ ရွှေမြို့တော် ရန်ကုန်မှာတော့ ၂၄နာရီ မီးလာတဲ့နေ့ဆိုတာ ရှားမှရှား။ "ဟေး... မီးလာပြီ.."လို့ ဝမ်းသာအားရ အော်လိုက်တဲ့ အသံ၊ "ဟာ..မီးပြတ်သွားပြန်ပြီ" လို့ စိတ်ပျက်လက်ပျက် ရေရွတ်သံ၊ အလှည့်နဲ့ ပေးတဲ့ မီးလာမဲ့ အချိန်ကို မှတ်သားပြီး ရေတင်၊ ဘတ်ထရီအားသွင်း၊ မီးပူတိုက်၊ မည်းမည်းမှောင်နေတဲ့ ညတွေ၊ မီးကမလာ ပန်ကာဖွင့်လို့မရ ရိုးရာမပျက် ယပ်တောင်ကို တဖျပ်ဖျပ်ခတ်ကာ ပူလောင်အိုက်စပ်တာတွေကို အံတုရင်း မြို့ပြရဲ့ ရစ်သမ်ထဲ အလိုက်သင့် စီးမျောရင်း။ ဖျပ်ခနဲ မီးပျက်သွားချိန်မှာ ဖယောင်းတိုင်၊ မီးခြစ်၊ ဓာတ်မီးထားတဲ့နေရာကို မထိမခိုက် ရောက်အောင် သွားနိုင်တာ အရည်အချင်းတခု။ မောင်မောင်ဆို မှောင်မှောင်မည်းမည်းထဲမှာ အင်ဗာတာကို ရအောင်ဖွင့်နိုင်လေရဲ့။ "ပိုလို့ ရောင်းမှာ.." တဲ့။ ပိုလျှံနေတာတွေက ဘယ်မှာပါလိမ့်...။
ငယ်ငယ်က မြန်မာ့သမိုင်းမှာ သင်ရတဲ့ ရေနံမြေအလုပ်သမားသပိတ်အကြောင်းကို သတိရမိပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ ဂုပ်သွေးစုပ်မှုကြောင့် ရေနံမြေအလုပ်သမားများမှာ ရေနံထုတ်နေသော်လည်း သားသမီးများမှာ စာကျက်ရန် ရေနံဆီမရှိ။ "ဖောင်စီးရင်း ရေငတ်နေ"တဲ့ ဘဝတဲ့။ နိုင်ငံခြားကို တင်ပို့ရောင်းချနေတဲ့ သဘာဝဓာတ်ငွေ့တွေကို မြင်ရတော့ တွေးမိတာက ဖောင်စီးရင်း ရေများ ငတ်နေသလားလို့။ အဲ သတင်းစာကိုတော့ ယောင်လို့မှ သွားမကိုင်လေနဲ့နော်။ ဓာတ်လိုက်လိမ့်မယ်... း)
သံလွှင်မြစ်လို တခြားနိုင်ငံတွေကို ဖြတ်သန်းစီးဆင်းနေတာ မဟုတ်ဘဲ မြန်မာနိုင်ငံတွင်းသာ စီးဆင်းနေတဲ့ မြန်မာတို့ ဂုဏ်ယူရတဲ့ ဧရာဝတီမြစ်ကြီး စတင်ဖြစ်တည်လာတဲ့ မြစ်ဆုံကို ရောက်ဖူးချင်တာ ကြာပေါ့။ မွန်ပြည်နယ်မှာ ကျိုက်ထီးရိုး၊ ကရင်ပြည်နယ်မှာ ဇွဲကပင်တောင်၊ ချင်းပြည်နယ်မှာတော့ ရိဒ်ရေကန်၊ ရှမ်းပြည်နယ်မှာတော့ အင်းလေးကန်က ပြည်နယ်ရဲ့ အမှတ်အသားတွေ ဖြစ်သလို ကချင်ပြည်နယ်ဆိုတာနဲ့ မေခနဲ့ မလိခမြစ်ပေါင်းဆုံပြီး ဧရာဝတီမြစ်စတင်ဖြစ်ပေါ်ရာ မြစ်ဆုံလို့ အမှတ်ရမှာပါ။ သဘာဝကြီးရဲ့ လက်ဆောင်ကို တန်ဖိုးမထားဘဲ ရောင်းစား။ ရတဲ့ပိုက်ဆံနဲ့ နောက်ထပ်မြစ်ဆုံတခု ဖန်တီးလို့ ရပါသလား...။
သဲနှုန်းတွေ ပို့ချလွန်းလို့ သဲသောင်တွေ ကျယ်ပြန့်လာတာ၊ ရေစူးတိမ်လို့ သင်္ဘောတွေ ဝင်မရလို့ ရေတက်ချိန်တွေကို စောင့်နေရတာ၊ ချင်းတွင်းမြစ်မှာ ရေစူးတိမ်ကာ သဘောၤတွေ ဆန်တက်လို့ မရဘဲ နီးစပ်ရာ မြို့တွေမှာ ဆိုက်ကပ်ကာ ကုန်းကြောင်းကနေ သယ်ယူရလို့ ကုန်ပစ္စည်းတွေ ဈေးတက်၊ မိုးနည်းနည်းများရင်ဖြင့် ဆည်ရေတွေ ဖောက်ချလို့ ရေကြီး။ ဖျားနာနေတဲ့ သူမကို မကုစားဘဲ လည်ပင်းကို ပိတ်ကာ အသက်ရှုရပ်အောင် ကြံစည်တာတော့ ရက်စက်လွန်းပါတယ်။ ဒီအကြံညဏ်ပေးတဲ့သူကို  ရွှေညဏ်တော် စူးရှဦးဟဲ့လို့ဆိုပြီး  တုတ်သေးသေးလေးနဲ့ ခပ်စပ်စပ်လေး ရိုက်ထည့်လိုက်ချင်တယ်။
ဧရာဝတီကို သတ်ပြီးမှ တတိုင်းပြည်လုံး မီးထိန်ထိန်လင်းမယ်၊ တိုင်းပြည်တိုးတက်မယ်ဆိုရင်တော့ မှောင်မှောင်မည်းမည်းမှာ နေပါ့မယ်။ တို့တွေက မီးမှောင်မှောင်မှာ နေရတာ အကျင့်ဖြစ်နေပါပြီ။ ဘာဆိုဘာမှ မထွက်၊ ရေတောင် မလေးရှားကနေ ဝယ်သုံးရတဲ့ စင်္ကာပူတိုးတက်နေတာ ရေအားလျှပ်စစ်စီမံကိန်း၊ သဘာဝသယံဇာတတွေ ရှိလို့ မဟုတ်ပါဘူး။ ပညာရေး၊ကျန်းမာရေး၊အုပ်ချုပ်ရေးကို နှစ်၃၀ လောက် အချိန်ယူပြီး တန်ဖိုးရှိတဲ့ လူ့အရင်းအမြစ်နဲ့ တည်ဆောက်ခဲ့တာပါ။ သဘာဝသယံဇာတတွေက တချိန်ချိန်မှာ ကုန်ခမ်းသွားမှာလေ။
မြစ်ဆုံဆည်စီမံကိန်းကြောင့် တိုင်းပြည် ပိုထူးပြီး ပိုတိုးတက်လာမယ်လို့လည်း မထင်မိပါဘူး။
ပြည်သူတွေ ဒီလောက်ကန့်ကွက်နေတာကို မျက်ကွယ်ပြုပြီး "ဘာဖြစ်ဖြစ် ဆက်လုပ်မယ်.."ဆိုလာတော့ ပြည်သူတွေ ရွေးကောက်ထားတဲ့ ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်နေတဲ့ အစိုးရဆိုတာ ယုန်ကလေးနဲ့ ယုန်ပါတယ် ခင်ည။"တရုတ်အကျိုးစီးပွားရေး တို့ရှေးရှု" ၊ "တရုတ်သည်သာ အမိ၊ တရုတ်သည်သာ အဖ" လို့ ရဲရဲကြီး ကြွေးကြော်လိုက်စမ်းပါ။
နှမ်းတစေ့နဲ့ ဆီမဖြစ်ပေမဲ့ နှမ်းစေ့တွေ များလာရင်တော့ ဆီဖြစ်နိုင်တာမို့ စန်းထွန်းလည်း နှမ်းစေ့တစေ့အဖြစ် ပါဝင်ပါရစေ။ မှားနေတာကို ပွင့်ပွင့်လင်းလင်း ကန့်ကွက်ပြီး တို့တွေရဲ့ ရင်ဘတ်ထဲက မြစ်တစင်းကို အတူတူ ကာကွယ်ကြရအောင်လား....။
 ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းအား အကြွင်းမဲ့ ကန့်ကွက်ပါသည်။
စန်းထွန်း
စက်တင်ဘာ ၂၃၊ ၂၀၁၁။
12 comments:
  1. ကန့်ကွက်ပါတယ်စန်းထွန်းရေ။
    ထပ်ပြောမယ်ကွာ..
    (ရာဇာနေ၀င်းအသံနဲ့)
    ချစ်ခင်စွာဖြင့်
    မိစံ
    ReplyDelete
    ReplyDelete
  3. ညီမရေ နှမ်းစေ့တွေ အများကြီးပေါင်းလိုက်ရင် ဆီတွေ အများကြီးထွက်လာမှာပေါ့
    ReplyDelete
  4. ဒီအကြံညဏ်ပေးတဲ့သူကို ရွှေညဏ်တော် စူးရှဦးဟဲ့လို့  ဆိုပြီး တုတ်သေးသေးလေးနဲ့  ခပ်စပ်စပ်လေး ရိုက်ထည့်လိုက်ချင်တယ်။
    ကန်ကွက်ခဲ့ပါသည်။
    ReplyDelete
  5. ဝိုး....ကောင်းတယ်...စန်းထွန်းရေ....ဒို့တတွေ ဧရာဝတီ
    ပါစို့....။
    ReplyDelete
  6. စိတ်တူကိုယ်တူပါပဲ။
    ReplyDelete
  7. စန်ထွန်းရေးတာလုံးဝထောက်ခံပါသည်...
    လုံးဝကန့်ကွက်ပါ၏။
    ချစ်တဲ့ jas
    ReplyDelete
  8. ဧရာဝတီကို လွပ်လပ်ခွင့်ပေးပါ။
    ReplyDelete
  9. ဧရာဝတီကို လွတ်လပ်ခွင့်ပေးပါ...။
    ReplyDelete
    ReplyDelete
    ReplyDelete
  12. Anonymous said...
    ကန့်ကွက်ပါတယ်စန်းထွန်းရေ။
    အကြွင်းမဲ့ထပ်ဆင့်ကန့်ကွက်ကြောင်းပါ။
    ထပ်ပြောမယ်ကွာ..
    (ရာဇာနေဝင်းအသံနဲ့)
    လုံး၀ လုံ၀ ကန့်ကွက်တယ်ကွာ..။
    ချစ်ခင်စွာဖြင့်
    မိစံ
    September 23, 2011 at 10:35 PM
    မြတ်မွန် said...
    ဧရာဝတီမြစ်ကြီး ထာဝရတည်ရှိနေပါစေ ။ ဘာမှ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းနေရပါတယ်။
    September 24, 2011 at 6:21 AM
    ချော(အစိမ်းရောင်လွင်ပြင်) said...
    ညီမရေ နှမ်းစေ့တွေ အများကြီးပေါင်းလိုက်ရင် ဆီတွေ အများကြီးထွက်လာမှာပေါ့
    ကိုယ်တိုင်က နှမ်းတစ်စေ့အဖြစ် ပါဝင်ဖို့သာ အရေးကြီးတာပါ
    ရင်ထဲက ဧရာဝတီကို ထာဝစဉ် စီးဆင်းစေချင်ပါတယ်။
    September 24, 2011 at 7:20 AM
    မဒမ်ကိုး said...
    ဒီအကြံညဏ်ပေးတဲ့သူကို ရွှေညဏ်တော် စူးရှဦးဟဲ့လို့ ဆိုပြီး တုတ်သေးသေးလေးနဲ့ ခပ်စပ်စပ်လေး ရိုက်ထည့်လိုက်ချင်တယ်။
    တုတ်နဲ့မဟုတ်ဘူး ဝါးရင်းတုတ်နဲ့ရိုက်ချင်တာ း)
    ကန်ကွက်ခဲ့ပါသည်။
    September 24, 2011 at 8:24 AM
    ညိမ်းနိုင် said...
    ဝိုး....ကောင်းတယ်...စန်းထွန်းရေ....ဒို့တတွေ ဧရာဝတီ
    အတွက် နှမ်းတစ်စေ့၊ရေတစ်ပေါက်အဖြစ် ကာကွယ်ကြ
    ပါစို့....။
    September 24, 2011 at 9:25 AM
    မြစ်ကျိုးအင်း said...
    စိတ်တူကိုယ်တူပါပဲ။
    ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို လုံးဝကန့်ကွက်ပါတယ်။
    September 24, 2011 at 10:50 AM
    စံပယ်ချို said...
    စန်ထွန်းရေးတာလုံးဝထောက်ခံပါသည်...
    မြစ်ဆုံဆည် စီမံကိန်းကိုလဲ
    လုံးဝကန့်ကွက်ပါ၏။
    ချစ်တဲ့ jas
    September 25, 2011 at 2:54 AM
    မေသိမ့်သိမ့် ကျော် said...
    ဧရာဝတီကို လွပ်လပ်ခွင့်ပေးပါ။
    September 26, 2011 at 1:07 AM
    မြသွေးနီ said...
    ဧရာဝတီကို လွတ်လပ်ခွင့်ပေးပါ...။
    ဒီမြေမှာနေ ဒီရေကိုသောက်ပြီး
    ဧရာဝတီကို ကျေးစွပ်နေကြတာ ရင်နာတယ်..။
    ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါတယ်..။
    September 26, 2011 at 3:52 AM
    မြသွေးနီ said...
    ဧရာဝတီကို မြန်မာပြည်သူတွေအတွက်သာ အေးချမ်းလွတ်လပ်စွာ စီးဆင်းစေချင်ပါတယ်။ ဧရာဝတီကို ချစ်တယ်။ ဧရာဝတီမြစ်ဆုံစီမံကိန်းကို လုံး၀ ကန့်ကွက်ပါတယ်။
    ( ညီမရေ.. ပုံလေးသုံးလို့ရပါတယ်ရှင်။ ဖြစ်နိုင်ရင် Photo Credit to : Gallery 65 ဆို ပုံလေးအောက်မှာ ထည့်ပေးလိုက်ပေ့ါနော်။ အစ်မလည်း သူတို့ကို Credit ပေးသုံးထားတာပါရှင်)
    September 29, 2011 at 10:36 PM
    မြသွေးနီ said...
    ဧရာဝတီကို မြန်မာပြည်သူတွေအတွက်သာ အေးချမ်းလွတ်လပ်စွာ စီးဆင်းစေချင်ပါတယ်။ ဧရာဝတီကို ချစ်တယ်။ ဧရာဝတီမြစ်ဆုံစီမံကိန်းကို လုံး၀ ကန့်ကွက်ပါတယ်။
    ( ညီမရေ.. ပုံလေးသုံးလို့ရပါတယ်ရှင်။ ဖြစ်နိုင်ရင် Photo Credit to : Gallery 65 ဆို ပုံလေးအောက်မှာ ထည့်ပေးလိုက်ပေ့ါနော်။ အစ်မလည်း သူတို့ကို Credit ပေးသုံးထားတာပါရှင်)
    September 29, 2011 at 10:36 PM
    ReplyDelete