22 September 2011

အိုဘယ့် ဘလော့ဂါ...


ဂျက် တဂ်ထားသည်ကို  မအားဟု ဆိုကာ ကျွှန်ုပ် ပတ်ပြေးသည်မှာ ကြာလှပြီ ဖြစ်သည်။ အမှန်ကား မရည်ရွယ်ဘဲ ဘလော့ဂါဖြစ်လာသော ကျွှန်ုပ်သည် ဘလော့ဂါဆိုသည့် အဓိပ္ပာယ်ကို ဝါးတားတားသာ သိသည်။ ရေရေရာရာကား မသိ။ မိစံ တဂ်လာသောအခါ၌ကား ပတ်ပြေးနေ၍ကား မဖြစ်၊ ဖြစ်ညှစ်ကာ ရေးမည်ဟု ကြံ၏။

ဘလော့ဂါဆိုသောသူများသည် လူသားစင်စစ်ဧကန် ဖြစ်ပေ၏ဟု ညိမ်းနိုင်မှ ဆို၏။ မှန်ပေ၏။ အနှီလူသားများသာလျှင် ကွန်ပျူတာတဂျောင်းဂျောင်း လက်အညောင်းခံရိုက်ကာ ပို့စ်များကို တင်ပေသည်။ ဂျီးတော်ရှိရုံမှဖြင့် ဖွတ်ကလိဒင်္ဂါး တပြားမှ မပေးရကာ အိမ်သာနက်ထဲတွင် အိမ်တလုံးပိုင်ဆိုင်နိုင်သောခေတ်တွင် လူတိုင်းအိမ်ပိုင်ကာ ဘလော့ဂါဖြစ်ခွင့်ရှိ၏။ သို့သော်...

မထူးဆန်းသော လမ်းဘေးမှ ပန်းခရမ်းပြာကို ဘလော့ပေါ်တွင် တင်မည်ဟု အားခဲကာ ဓာတ်ပုံတဖျပ်ဖျပ်ရိုက်သဖြင့် လူအများက အထူးအဆန်းကြည့်ခြင်း၊ ဟင်းချက်ပြီး၍ ကင်အရာတလုံးဖြင့် အလုပ်များကာ ဓာတ်ပုံရိုက်ခြင်းကိစ္စ မပြီးသေးသမျှ မထိရဟု ရာဇသံပေးသဖြင့် အိမ်သားများက အမြင်မကြည်ခြင်း၊ ပို့စ်မပြီးမချင်း ထိုင်ရာမှမထ အပြီးရေးမည်ဟု ဇွဲနပန်းခတ်သဖြင့် ဓာတ်ချုပ်ခြင်း၊ ဘလော့ဂင်းသဖြင့် အိပ်ရေးမဝခြင်း၊ ဖွတ်ကလိဒင်္ဂါး မရသော်ငြား ကွန့်မန့်များ၊ ခြေရာမချန်ခဲ့သူများကြောင့် ကျေနပ်တတ်ခြင်း၊ အတွင်းရေးများကို ဖွတတ်ခြင်းကြောင့် သူငယ်ချင်းအပေါင်းမှ မေတ္တာအတုံးလိုက် အပို့ခံရခြင်း၊ ရွှေပြည်ကြီးတွင် နေထိုင်ကြကုန်သော ဘလော့ဂီ၊ ဘလော့ဂါများကား ကွန်နက်ရှင်း ကောင်းမည့်အချိန်ကို စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနိုင်သော ခန္တီပါရမီ ရှိရခြင်း၊ ဘမ်းထားသည်များကို ကျော်နိုင်ခွနိုင်ခြင်း။ အနှီမည်သော အရည်အချင်းများကို ပိုင်ဆိုင်က ဘလော့ဂါ ဖြစ်ထိုက်၏။

စန်းထွန်း
စက်တင်ဘာ ၂၂၊ ၂၀၁၁။

8 comments:

  1. အိန္း..
    ဆိုေတာ့ကာ..
    ဒီမယ္ကိုႏွင္းေမာင္ရဲ႕..အဲ..ကိုစန္းထြန္းရဲ႕း)
    (ကၽြႏု္ပ္ဆိုလို႕.သၾကားပုလင္းႏွင္းေမာင္ကိုသတိရတြားတာ း)
    စန္းထြန္းရဲ႕ဘေလာ့ဂါဘ၀ကလည္း
    မိစံနဲ႕ထပ္တူထပ္မွ်ပါပဲ။
    အံမယ္..နာမည္ေတာင္ေပးထားေလရဲ႕အိမ္က
    ဘေလာ့ဂါသရဲတဲ့ေလ.:D
    ကုိယ္ကေတာ့.မွတ္ယူပါတယ္
    ဘယ္သူေတြဘာပဲေျပာေျပာေလ
    ေျပာမေလ့ေစ..ျဖံဳဘူး
    အပင္ျမင့္ရင္ေလတိုက္ခံရတာထုံးစံပဲေလ:P
    ဟိဟိ..
    ေပ်ာ္ရႊင္ခ်မ္းေျမ့ပါေစရွင္။
    ခ်စ္ခင္စြာျဖင့္...(အာဘြား!)

    ReplyDelete
  2. ေခြ်းမေလး ဘေလာဂ့္ဂါကို ကြက္ကြက္ကြင္းကြင္း
    ေပၚေအာင္ ေရးထားတာပဲ း)ေမြးေန႔ဆုေတာင္းအတြက္
    ေက်းဇူးပါ။ သားကေတာ့ ျမင့္မိုရ္ေတာင္ရြက္ျပီး
    ၀ိတ္ေနေပါ့ေနာ္ :P

    ReplyDelete
  3. ခရီးထြက္ေနလို႔ ဖတ္တာေနာက္က်သြားတယ္ ေမာင္စန္းထြန္းေရ။
    ဘေလာ့ဂါဘဝမွာေတာင္ အတိတ္ကံေလးက ကြာေသးတယ္ေနာ္ း))အဓိပၸာယ္ဖြင့္ဆိုခ်က္ ရွင္းရွင္းေလးနဲ႔ ခပ္ျပတ္ျပတ္ေလး ဖတ္သြားတယ္။
    စိတ္ဓာတ္အစဥ္ၾကည္လင္ေအးျမပါေစကြယ္။

    ေမတၱာျဖင့္
    အန္တီတင့္

    ReplyDelete
  4. မွန္အိ.....စန္းထြန္းေရ......မွန္တာမွ ေသြးေတာင္ထြက္
    တယ္...:D။အိပ္ေရးမဝ ဓာတ္ပါခ်ဳပ္ရတဲ႕ အိုဘယ့္ ဘေလာ
    ဂါ.......:P

    ReplyDelete
  5. အစားအေသာက္ေတြကို ဓါတ္ပံုလိုက္လိုက္ ႐ိုက္ေနတာ မသိတဲ့ သူေတြကေတာ့ တကယ့္ကို အထူးအဆန္း ဆိုၿပီး ၾကည့္ၾကတာ ေသခ်ာတယ္ဗ်၊ ႐ိုး႐ိုး႐ွင္း႐ွင္းေလး နဲ႔ ၿပံဳးၿပီး ဖတ္ေနရတဲ့ ဘေလာ့ဂါ ဖြင့္ဆိုခ်က္ပါပဲဗ်ာ..။ း)

    ReplyDelete
  6. စန္းထြန္းေရ....
    အေရာက္ေနာက္က်လုိ႔ေတာင္းပန္ပါတယ္
    အရႈပ္ေတြလုပ္ေနရလုိ႔ပါ....
    ကုိယ္႔ကုိယ္နားလည္ေပးပါခေလးရယ္...
    အဲဟုတ္ပါဘူး သီခ်င္းနဲ႔ ေရာကုန္ပါျပီ
    ကြန္နက္ရွင္း ေကာင္းမည့္အခ်ိန္ကို စိတ္ရွည္ရွည္ႏွင့္ ေစာင့္ဆိုင္းႏိုင္ေသာ ခႏၱီပါရမီ
    ရိွရၿခင္းဆုိတဲ႔ အခ်က္ကုိလုံး၀ေထာက္ခံပါ၏
    ခ်စ္တဲ႔ jas

    ReplyDelete
  7. အခုမွ ကိုယ့္ကိုယ္ကို ဂုဏ္ယူရေတာ့ မလိုျဖစ္ေနၿပီ။ ဘာလို႕ဆိုေတာ့ အြန္လိုင္းမွာ စာေရးျဖစ္ေတာ့မွ ခႏၱီပါရမီနဲ႔ ျပည့္စံုလာရလို႕ပါ..။

    ReplyDelete
  8. Thameesan said...
    အိန်း..
    ဆိုတော့ကာ..
    ဒီမယ်ကိုနှင်းမောင်ရဲ့..အဲ..ကိုစန်းထွန်းရဲ့း)
    (ကျွနု်ပ်ဆိုလို့.သကြားပုလင်းနှင်းမောင်ကိုသတိရတွားတာ း)
    စန်းထွန်းရဲ့ဘလော့ဂါဘဝကလည်း
    မိစံနဲ့ထပ်တူထပ်မျှပါပဲ။
    အံမယ်..နာမည်တောင်ပေးထားလေရဲ့အိမ်က
    ဘလော့ဂါသရဲတဲ့လေ.:D
    ကိုယ်ကတော့.မှတ်ယူပါတယ်
    ဘယ်သူတွေဘာပဲပြောပြောလေ
    ပြောမလေ့စေ..ဖြုံဘူး
    အပင်မြင့်ရင်လေတိုက်ခံရတာထုံးစံပဲလေ:P
    ဟိဟိ..
    ပျော်ရွှင်ချမ်းမြေ့ပါစေရှင်။
    ချစ်ခင်စွာဖြင့်...(အာဘွား!)
    September 23, 2011 at 2:46 AM
    Baby taster said...
    ချွေးမလေး ဘလောဂ့်ဂါကို ကွက်ကွက်ကွင်းကွင်း
    ပေါ်အောင် ရေးထားတာပဲ း)မွေးနေ့ဆုတောင်းအတွက်
    ကျေးဇူးပါ။ သားကတော့ မြင့်မိုရ်တောင်ရွက်ပြီး
    ဝိတ်နေပေါ့နော် :P
    September 23, 2011 at 5:55 AM
    mstint said...
    ခရီးထွက်နေလို့ ဖတ်တာနောက်ကျသွားတယ် မောင်စန်းထွန်းရေ။
    ဘလော့ဂါဘဝမှာတောင် အတိတ်ကံလေးက ကွာသေးတယ်နော် း))အဓိပ္ပာယ်ဖွင့်ဆိုချက် ရှင်းရှင်းလေးနဲ့ ခပ်ပြတ်ပြတ်လေး ဖတ်သွားတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်
    September 23, 2011 at 7:03 AM
    ညိမ်းနိုင် said...
    မှန်အိ.....စန်းထွန်းရေ......မှန်တာမှ သွေးတောင်ထွက်
    တယ်...:D။အိပ်ရေးမဝ ဓာတ်ပါချုပ်ရတဲ့ အိုဘယ့် ဘလော
    ဂါ.......:P
    September 23, 2011 at 8:51 AM
    ညီလင်းသစ် said...
    အစားအသောက်တွေကို ဓါတ်ပုံလိုက်လိုက် ရိုက်နေတာ မသိတဲ့ သူတွေကတော့ တကယ့်ကို အထူးအဆန်း ဆိုပြီး ကြည့်ကြတာ သေချာတယ်ဗျ၊ ရိုးရိုးရှင်းရှင်းလေး နဲ့ ပြုံးပြီး ဖတ်နေရတဲ့ ဘလော့ဂါ ဖွင့်ဆိုချက်ပါပဲဗျာ..။ း)
    September 23, 2011 at 7:20 PM
    စံပယ်ချို said...
    စန်းထွန်းရေ....
    အရောက်နောက်ကျလို့တောင်းပန်ပါတယ်
    အရှုပ်တွေလုပ်နေရလို့ပါ....
    ကိုယ့်ကိုယ်နားလည်ပေးပါခလေးရယ်...
    အဲဟုတ်ပါဘူး သီချင်းနဲ့ ရောကုန်ပါပြီ
    ကွန်နက်ရှင်း ကောင်းမည့်အချိန်ကို စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနိုင်သော ခန္တီပါရမီ
    ရှိရခြင်းဆိုတဲ့ အချက်ကိုလုံးဝထောက်ခံပါ၏
    ချစ်တဲ့ jas
    September 25, 2011 at 2:57 AM
    မြသွေးနီ said...
    အခုမှ ကိုယ့်ကိုယ်ကို ဂုဏ်ယူရတော့ မလိုဖြစ်နေပြီ။ ဘာလို့ဆိုတော့ အွန်လိုင်းမှာ စာရေးဖြစ်တော့မှ ခန္တီပါရမီနဲ့ ပြည့်စုံလာရလို့ပါ..။
    September 29, 2011 at 10:38 PM

    ReplyDelete