31 August 2011

Before & After ...

Spring & Hybernate သင်တဲ့ ဆရာမိခဲက ကျောင်းမှာ အသက်အငယ်ဆုံး ပရော်ဖက်ဆာ။ နယ်သာလန် (ဟော်လန်) က။ ဟော်လန်ဆိုတာနဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲတွေမှာ လိမ္မော်ရောင်တောက်တောက် ဝတ်ဆင်ထားတဲ့ အသင်းလို့ အမှတ်ရပါတယ်။ ဆရာ့ကို မြင်လိုက်တာနဲ့ ချောတယ်လို့ ကျောင်းသူအားလုံးက တညီတညွှတ်တည်း မှတ်ချက်ပြုပါတယ် (၄ ယောက်တည်းသော ကျောင်းသူတွေက)။ အသက်ကလည်း ၃၀ တောင် ပြည့်သေးရဲ့လားမသိ။ တော်လည်း တော်ပါတယ်။

နူးညံ့ ညင်သာတဲ့ လေသံလေးနဲ့ မျက်နှာပေါ် ဝဲကျနေတဲ့ ဆံပင်လေးကို သပ်တင်လိုက်ရင် မျက်လုံးဝိုင်းဝိုင်း နက်နက်လေးကို အနားသတ်ပေးထားတဲ့ မျက်ခုံးထူထူတွေကို မြင်ရလေတိုင်း ငါသာ သူ့လို မျက်ခုံး၊ မျက်လုံးလှလို့ကတော့ ဖုံးမထားဘူး ဖေါ်ထားမှာလို့ တွေးမိပါတယ်။ အရပ်က သာမန်၊ လူကောင်က သေးပေမဲ့ ကိုယ့်ကိုကိုယ့် ယုံကြည်မှု အပြည့်ရှိတဲ့ပုံ ပေါက်ပါတယ်။

ဆရာနာဂျစ်လောက် စာသင်မကောင်းပေမဲ့ တပည့်တွေကို စိတ်ပါလက်ပါ စေတနာအပြည့်နဲ့သင်မှန်း သိသာပါတယ်။ ကျောင်းသားတဦးရဲ့ အိမ်စာတွေကို အသေအချာဖတ်ပြီး အကြံပေးတာတွေ၊ မှတ်ချက်တွေ ပေးတတ်ပါတယ်။ နားမလည်လို့သွားမေးလို့ကတော့ နားလည်အောင် ထပ်ကာထပ်ကာ မမောနိုင်မပန်းနိုင် ရှင်းပြတတ်ပါတယ်။ မနက်တိုင်းဖြေရတဲ့ Quizzအဖြေလွှာစာရွှက်တွေကိုလည်း အနီရောင်၊ အစိမ်းရောင်တွေနဲ့ အမှတ်ပေးတတ်ပြီး သူကြိုက်တဲ့ အချက်လေးတွေဆို မှတ်မှတ်ရရ တေးတတ်ပြန်တယ်။ ၃ နာရီ အတန်းပြီးသွားပေမဲ့ အခန်းထဲမှာ ၅နာရီအထိ ရှိနေပြီး ကျောင်းသားတွေ မေးတာကို ဖြေဖို့ အသင့်ရှိနေပါတယ်။ ကျောင်းသားရဲ့ နာမည်၊ ခုံနံပါတ်ပါတဲ့ မေးခွန်း၊ ကွန်ပျူတာနဲ့ ဖြေရတဲ့ မေးခွန်းဆိုရင်လည်း အဖြေကို နံပါတ်ပါတဲ့ thumb drive ထဲ ထည့်ပေးရပါတယ်။ ကျောင်းသားတွေက မှတ်ချက်ပြုပါတယ် လုပ်လည်းလုပ်နိုင်တဲ့ ဆရာတဲ့။

ပရိုဂရမ်းမင်း ဘာသာရပ်ဆိုတာလည်း ပုစ္ဆာတခုကို အဖြေက အမျိုးမျိုးရှိနိုင်ပါတယ်။ တခြားဆရာတွေကတော့ ဘယ်နည်းနဲ့ တွက်တွက် အဖြေထွက်ရင် ပြီးရော လက်ခံပေမဲ့ ဆရာကတော့ သူနဲ့ လုံးဝတူမှ အမှတ်ပြည့်ပေးချင်တာပါ။ အမှတ်ပေးလည်း ကပ်စီးနည်းတယ်။ ဒါ့အပြင် သူ့မေးခွန်းကလည်း အရမ်းခက်တယ်လို့ နာမည်ကြီးပါတယ်။ ၁၀နာရီကနေ ဖြေလိုက်တာ နေ့လည် ၂ နာရီသာထိုးရော အရမ်းတော်တဲ့၊ အတွေ့အကြုံအရမ်းများတဲ့ ကျောင်းသားလောက်သာ error ရှာတွေ့ပြီး application ကို run နိုင်တာပါ။ နေ့လည်စာလွတ်ရုံမက ၄နာရီထိုင်ဖြေပေမဲ့ အဖြေမတွေ့တော့ ကျောင်းသားတွေ မှတ်ချက်ပြုကြပုံက

“Before the exam, Michael is handsome. After the exam, he is not handsome anymore.” ဟူ၍။

စန်းထွန်း
သြဂုတ် ၃၁၊ ၂၀၁၁။

12 comments:

  1. I also like that befor the exam prof is handsome after the exam he is not any more.

    တို႔ေတြဆီကို ယူအက္စ္က ကိုရီးယားဆရာတစ္ေယာက္တနွစ္လာသင္တယ္ဟယ္။
    ႊအရပ္ၾကီးကလည္းရွည္ လက္ေမာင္းေတြကလည္းမိုက္
    ဟိဟိ သူစာသင္လို႔ လက္တို၀တ္တဲ႔ေနမ်ား တို႔ေတြ ေနစရာမရွိဘူး ခံုေအာက္ကေန တစ္ေယာက္နဲ႔တစ္ေယာက္လက္ေတြကုတ္ၾကတာ ..

    ReplyDelete
  2. ဆရာသေဘာေကာင္းရင္ သိပ္ေပ်ာ္တာ။
    ဆရာမသေဘာမေကာင္းတာနဲ ့သင္ရတုုန္းကေတာ့ က်လိုုက္တာ တဖုုန္းဖုုန္း။ ဆရာမကိုုလည္း မ်က္ႏွာထားတင္းတယ္လိုု ့ထင္တယ္။ သူ ့အတန္းလည္း ေအာင္ျပီးသြားေရာ ဆရာမ ကေခ်ာျပီး မ်က္ႏွာထားတင္းတယ္လိုု ့သိပ္မထင္ေတာ့ဘူး။ း)
    အိုုင္အိုုရာ

    ReplyDelete
  3. ေစတနာေတာ္ေတာ္ထားတဲ့ဆရာပဲ။ ကၽြန္မလည္း အဲလို ဆရာမ်ိဳးေတြေတြ႔ဖူးတယ္။ တကယ္ကို ေလးစားမိတယ္။ ကုိယ္က အျမဲတန္း အေနာက္ဆံုးမွာခ်န္ျပီး စာေမးေနက်ဆိုေတာ့ ေစတနာထားတဲ့ ဆရာမွပဲ အဆင္ေျပတယ္။ အတုယူသင့္တဲ့ ဆရာပါပဲ။

    ခင္တဲ့
    ေမသိမ့္

    ReplyDelete
  4. That's why we need ratemyprofessors.com

    ReplyDelete
  5. အျမဲတမ္းသေဘာေကာင္းတဲ႔ ဆရာ ဆရာမကုိပဲ
    ေတြ႔ခ်င္တယ္....

    ReplyDelete
  6. အဟား....ျဖစ္ရမယ္....စန္းထြန္းတို့ကေတာ့....:)
    before & after ျခားနားခ်က္ကေလးကကို ရီရီေမာေမာ
    ဖတ္သြားျပီ....။ေနာက္ဆရာေတြအေၾကာင္းလည္းလုပ္ပါ
    ဦး...။

    ReplyDelete
  7. ဟန္ၾကည္September 2, 2011 at 4:15 PM

    အားရလိုက္တာ...ဒါမွ ဆရာလို႔ ေခၚတာေပါ့...ဦးဟန္ၾကည္တို႔ တိုင္းျပည္က ဆရာေတြကိုလည္း အဲဒီလိုဆရာမ်ဳိး ျဖစ္ေစခ်င္လိုက္တာေလ...ေလာေလာဆယ္ေတာ့ ကိုယ္တိုင္ပဲ ဇြတ္အတင္းႀကဳိးစားေနတာေတာင္ အဲဒီဆရာေလာက္ စိတ္မရွည္၊ သေဘာမေကာင္းႏိုင္ေသးပဲ ျဖစ္ေနေသးတယ္...ဒါေပမယ့္ အမွတ္ေပး ကပ္ေစးႏွဲတာေတာ့ သြားတူျပန္ေရာ...

    ReplyDelete
  8. ေက်ာင္းသားဘဝမွာ ဆရာက အဓိက က်တယ္ဆိုတာ အမွန္ပဲ စန္းထြန္းေရ...လြမ္းထွာေနာ္ ..ေက်ာင္းသားဘဝကိုေတာင္ ၿပန္ၿပီးေတာ့သြားလိုက္ခ်င္သား... :(

    ReplyDelete
  9. ကုိကုိေမာင္(ပန္းရနံ႔)September 3, 2011 at 4:32 PM

    ဆရာမုိက္ကယ္ကလဲ အခုလုိေလး မွတ္ခ်က္ေပးတယ္ ဆုိဘဲ။ :D

    Before the exam, students are ugly. After the exam, the students are not in beauty. :D :D :D

    အေတာ္ေနာက္တဲ့ ေက်ာင္းသူေတြ။ ႏွာ့လုိဘဲ။ း))

    ခင္မင္လွ်က္

    ReplyDelete
  10. Hibernate မဟုတ္ဘူးလားဗ်။

    ^^uS1z

    ReplyDelete
  11. ဟုတ္ပါ့... Hibernate မွ အမွန္...အမွန္ၿပင္ေပးတဲ့အတြက္ ေက်းဇူးပါေနာ္...

    ReplyDelete
  12. ကြည်ကြည် said...
    I also like that befor the exam prof is handsome after the exam he is not any more.

    တို့တွေဆီကို ယူအက်စ်က ကိုရီးယားဆရာတစ်ယောက်တနှစ်လာသင်တယ်ဟယ်။
    ွှအရပ်ကြီးကလည်းရှည် လက်မောင်းတွေကလည်းမိုက်
    ဟိဟိ သူစာသင်လို့ လက်တိုဝတ်တဲ့နေများ တို့တွေ နေစရာမရှိဘူး ခုံအောက်ကနေ တစ်ယောက်နဲ့တစ်ယောက်လက်တွေကုတ်ကြတာ ..
    September 1, 2011 at 10:11 AM
    Iora said...
    ဆရာသဘောကောင်းရင် သိပ်ပျော်တာ။
    ဆရာမသဘောမကောင်းတာနဲ့သင်ရတုန်းကတော့ ကျလိုက်တာ တဖုန်းဖုန်း။ ဆရာမကိုလည်း မျက်နှာထားတင်းတယ်လို့ထင်တယ်။ သူ့အတန်းလည်း အောင်ပြီးသွားရော ဆရာမ ကချောပြီး မျက်နှာထားတင်းတယ်လို့သိပ်မထင်တော့ဘူး။ း)
    အိုင်အိုရာ
    September 1, 2011 at 12:42 PM
    မေသိမ့်သိမ့်ကျော် said...
    စေတနာတော်တော်ထားတဲ့ဆရာပဲ။ ကျွန်မလည်း အဲလို ဆရာမျိုးတွေတွေ့ဖူးတယ်။ တကယ်ကို လေးစားမိတယ်။ ကိုယ်က အမြဲတန်း အနောက်ဆုံးမှာချန်ပြီး စာမေးနေကျဆိုတော့ စေတနာထားတဲ့ ဆရာမှပဲ အဆင်ပြေတယ်။ အတုယူသင့်တဲ့ ဆရာပါပဲ။

    ခင်တဲ့
    မေသိမ့်
    September 2, 2011 at 1:25 AM
    fredfromnyc said...
    That's why we need ratemyprofessors.com
    September 2, 2011 at 6:45 AM
    စံပယ်ချို said...
    အမြဲတမ်းသဘောကောင်းတဲ့ ဆရာ ဆရာမကိုပဲ
    တွေ့ချင်တယ်....
    September 2, 2011 at 8:50 AM
    ညိမ်းနိုင် said...
    အဟား....ဖြစ်ရမယ်....စန်းထွန်းတို့ကတော့....:)
    before & after ခြားနားချက်ကလေးကကို ရီရီမောမော
    ဖတ်သွားပြီ....။နောက်ဆရာတွေအကြောင်းလည်းလုပ်ပါ
    ဦး...။
    September 2, 2011 at 9:12 AM
    ဟန်ကြည် said...
    အားရလိုက်တာ...ဒါမှ ဆရာလို့ ခေါ်တာပေါ့...ဦးဟန်ကြည်တို့ တိုင်းပြည်က ဆရာတွေကိုလည်း အဲဒီလိုဆရာမျိုး ဖြစ်စေချင်လိုက်တာလေ...လောလောဆယ်တော့ ကိုယ်တိုင်ပဲ ဇွတ်အတင်းကြိုးစားနေတာတောင် အဲဒီဆရာလောက် စိတ်မရှည်၊ သဘောမကောင်းနိုင်သေးပဲ ဖြစ်နေသေးတယ်...ဒါပေမယ့် အမှတ်ပေး ကပ်စေးနှဲတာတော့ သွားတူပြန်ရော...
    September 2, 2011 at 4:15 PM
    Angelhlaing(May everybody be happy and healthy! said...
    ကျောင်းသားဘဝမှာ ဆရာက အဓိက ကျတယ်ဆိုတာ အမှန်ပဲ စန်းထွန်းရေ...လွမ်းထှာနော် ..ကျောင်းသားဘဝကိုတောင် ပြန်ပြီးတော့သွားလိုက်ချင်သား... :(
    September 3, 2011 at 1:53 AM
    ကိုကိုမောင်(ပန်းရနံ့) said...
    ဆရာမိုက်ကယ်ကလဲ အခုလိုလေး မှတ်ချက်ပေးတယ် ဆိုဘဲ။ :D

    Before the exam, students are ugly. After the exam, the students are not in beauty. :D :D :D

    အတော်နောက်တဲ့ ကျောင်းသူတွေ။ နှာ့လိုဘဲ။ း))

    ခင်မင်လျှက်
    September 3, 2011 at 4:32 PM
    Anonymous said...
    Hibernate မဟုတ်ဘူးလားဗျ။

    ^^uS1z
    September 11, 2011 at 10:32 PM
    San San Htun said...
    ဟုတ်ပါ့... Hibernate မှ အမှန်...အမှန်ပြင်ပေးတဲ့အတွက် ကျေးဇူးပါနော်...
    September 11, 2011 at 10:40 PM

    ReplyDelete