22 June 2011
ဝအောင်လုပ်...
ရာမား၊ ဆူနမ်၊ မိုင်း။
စင်္ကာပူမှာတော့ discount ဟေ့လို့ဆိုတာနဲ့ တို့ညီအမတွေ ပြေးတော့တာပဲ။ discount ဆိုတော့လည်း သိတဲ့အတိုင်း ရွေးနိုင်မှလေ။ သက်သာချင်တော့လည်း ပင်ပန်းတာပေါ့။ သေးသွယ်တဲ့ မော်ဒယ်ကိုယ်လုံးပိုင်ရှင် မကြီးက ဝတ်တာစားတာ စမတ်ကျသလို စတိုင်လည်း ရှိတယ်။ သူ့လက်သုံးစကားက "ဘာဝတ်ဝတ် လိုက်တော့လည်း ခက်တာပဲ"။ အတိုနဲ့လှတော့ ဆိုင်ထဲဝင်တာနဲ့ မကြီးက အတိုတွေ ထားတဲ့ဖက်ကို ပြေး၊ တို့က အရှည်ဖက်ကို ပြေး။ G2000၊ New Look၊ BYSI၊ MANGO၊ ESPRIT၊ ZARA က တို့တွေ အကြိုက်ပေါ့။ ဆိုဒ်တွေကလည်း ဘယ်တံဆိပ်ဆို နံပါတ်ဘလောက် သိပြီးသား။ စင်္ကာပူမှာလည်း discount sale တွေ များပါတယ်။ Xmas & New Year Sale၊ Chinese New Year Sale၊ Mid-Year Sale၊ Pre Sale၊ Post Sale။ ဘာsale ညာsale saleပေါင်းများစွာ။ ရန်ကုန်ပြန်ရင် အင်္ကျီဟောင်းတွေ သယ်ပြီး ပေးပစ်လို့ ဗီရိုရှင်းသွားတတ်တယ်။ မကြာပါဘူး discount တန်ခိုးနဲ့ဗီရို ပြန်ပြည့်လာပြန်ရော။
ဒီမှာတော့ ဝယ်ရတာ သိပ်ဒုက္ခရောက်ပါတယ်။ အမေရိကန်တွေက ဝတုတ်ကြီးတွေ။ ဗိုက်တွေက ဝနေပေမယ့် ခြေထောက်တွေက ခန္ဓာကိုယ်နဲ့ မလိုက် သေးသေးလေးတွေ။ small ဆိုဒ်တောင် မတော်ဘူး။ xs ကို ရှာရတယ်။ တခါတလေ xs နဲ့တောင် မတော်လို့။ တင်က အတော်ဆိုရင် ခါးက ချောင်နေပြီး ခါးက အနေတော်ဆိုရင် ပေါင်က ကျပ်နေပြန်ရော။ ကလေးဆိုဒ်တွေ ဝတ်ပြန်ရင်လည်း ဘယ်နေရာက ကျပ်လို့ကျပ်နေမှန်းမသိ။ ကလေးတင်နဲ့ လူကြီးတင် ကွာသကိုး။ ခါးသေး တင်သေး ပေါင်သေးပြီး ပေါင်တံရှည်ခြေတံရှည်တဲ့ အနောက်တိုင်းသူတွေရဲ့ အဝတ်အစားတွေက ခါးကြီး တင်ကြီး ပေါင်ကြီးတဲ့ မြန်မာတွေနဲ့ ဘယ်လိုလုပ် fit ဖြစ်တော့မလဲ။
နီပေါမလေး ဆူနမ်က အရပ်မြင့်မြင့်နဲ့ အတော်လေး ဝပါတယ်။ သူ့မှာ အင်္ကျီဝယ်တိုင်း ဒုက္ခရောက်ပါသတဲ့။ မိန်းကလေးအင်္ကျီတွေနဲ့ မတော်လို့ ယောက်ျားလေးအင်္ကျီတန်းပဲ ပြေးရပါသတဲ့။ ဒီရောက်တော့ အင်္ကျီဝယ်မယ်ဆိုတိုင်း သူ့မှာ ပျော်လို့။ ရွေးစရာ အများကြီးကိုး။ အင်္ကျီတွေ ဝယ်နေတဲ့ ဆူနမ်ကို တို့တွေက မနာလိုတိုရှည် မျက်စောင်းထိုးတိုင်း သူက ပြန်ပြောတယ်။ "ငါ့လို ဝအောင်လုပ်တဲ့"။
စန်းထွန်း
ဇွန် ၂၂၊ ၂၀၁၁။
3 comments:
    ReplyDelete
    ReplyDelete
  3. rose said...
    အလည်ရောက်ခဲ့ပါတယ်ရှင်။ ဟုတ်ပ ဆန်းထွန်း ဆိုလို့ ယောက်ျားလေးလို့ ထင်နေတာ။ အခုမှ ဘလော့ဂ်ထဲကို မွှေနှောက်ပြီး အရင် ပို့စ်ဟောင်းတွေလည်း ဖတ်ပြီးလို့ မစန်းထွမ်း ဆိုတာ သိသွားပါပြီ ခိခိ း) အမယ်လေးးးးး အင်္ကျီ ဝယ်တဲ့ အကြောင်းတော့ မပြောချင်ပါဘူး။ ဆိုဒ် ရှာမရလို့၊ ကိုယ်က ခပ်၀၀လေ း)ဒီမှာ ဆိုဒ်သေးသေးလေးတွေပဲ တွေ့လို့။ ဓာတ်ပုံထဲက မိန်းကလေး ၃ ယောက်မှာ ဘယ်တစ်ယောက်က မဆန်းထွန်းလဲဟင်?
    June 25, 2011 at 10:34 AM
    San San Htun said...
    လာလည်တဲ့အတွက် ကျေးဇူးပါ ခင်ဗျား :)။ usaကို လာခဲ့လေ မrose။ ဒီမှာ ဓာတ်ပုံထဲက ၃ယောက်မှာ ဘယ်တယောက်မှ စန်းထွန်း မဟုတ်ပါဘူး။ ဘယ်က rama (နီပေါ)၊ အလယ်က sunam (နီပေါ)၊ ညာက mai (ဗီယက်နမ်)။
    June 27, 2011 at 12:27 PM
    ReplyDelete