31 January 2026

Minuet in G major..

June 1, 2025. Sunday. ဂစ်တာတီးသင်တယ် လက်ထိပ်နာတာ မခံနိုင်လို့ မတတ်..တယော တစ်နှစ်သင်တယ် C,D,E မခွဲတတ် high, low, sharp မသိလို့ ဆရာစိတ်တွေညစ်..မြေအောက်ဘူတာရုံမှာ သွားတီးရင် ပိုက်ဆံမရဘဲ ခဲထုခံရမယ် ရဲခေါ်ခံရမယ်.. ပီယာနို ၃ လသင်ပြီး ယူကျူကနေပဲ သင်တော့တယ်..တပုဒ်တီးတတ်ဖို့ ၃-၄ လ ကြာပြီး တပတ်လောက် မတီးတော့ရင် ပြန်မေ့သွားပြန်ရော..မမေ့ခင် ဖေ့ဘွတ်တက်ပြီး ကြွားထားဦးမှ..

J.S.Bach (1685-1750) ရဲ့ Minuet in G major.. နားဂွမ်းဆို့တော် မူကြပါခင်ညာ..😆

စန်းထွန်း

ဇန်နဝါရီ ၃၁၊ ၂၀၂၆။




28 January 2026

Portrait

၂၀၂၅ ဇွန် ၂ ဓာတ်ပုံမရိုက်တာ ကြာပြီဆိုတော့ လှလှလေးပြင်ပြီး ကိုယ့်ဘာသာ ဓာတ်ပုံရိုက်တယ်။

စန်းထွန်း

ဇန်နဝါရီ ၂၈၊ ၂၀၂၆။



24 January 2026

တူတော်မောင် ကိုရင်ဝတ်..

အသက် ၁၀ နှစ်ပြည့်ပြီဆိုတော့ အဘိုးအဘွားတွေက တဦးတည်းသောမြေးကလေးကို ရှင်ပြုချင်တယ်..ကိုရင်ဝတ်မယ့်အကြောင်းပြောရင် No No ဆိုပြီးငြင်းတယ်..ခုတော့ ကိုရင်ဝတ်လို့ အကြောင်းရင်းကို မေးကြည့်လိုက်တော့ မုန့်ဖိုးပေးမှ ကိုရင်ဝတ်တာတဲ့..ဆရာတော်တွေကလည်း အလိုလိုက်တော့ ကျောင်းမှာပျော်ပါတယ်တဲ့..တော်ပါသေးရဲ့ မနက်ကိုရင်ဝတ် ညလူထွက်ချင်တယ်လို့ မပြောလို့

အိမ်ကိုသွားလည်တဲ့ သူငယ်ချင်း ၂ ယောက်က ဦးစလမ်းအိမ်လေးက အရင်အတိုင်းပဲ လွမ်းစရာလေး..လွမ်းလိုက်တာတဲ့..သူတို့ပြောမှ ကိုယ်တောင် လွမ်းသွားပြီ..လူကြီးတွေမရှိလို့ ကိုယ့်အိမ်မှာဆုံကြ..cellphone အင်တာနက်မရှိ မီးမလာတဲ့ခေတ်ကြီးမှာ ကြီးပြင်းခဲ့တဲ့ကိုယ်တို့တွေ စာအုပ်တွေဖတ်၊ စကားတွေပြော၊ ကက်ဆက်နဲ့သီချင်းနားထောင်၊ ရန်ကုန်တက္ကသိုလ်ဝင်းသွား၊ လှည်းတန်းစျေးပတ်..အိမ်နီးတော့ သွားလည်ကြနဲ့ အင်မတန်ပျော်ဖို့ကောင်းခဲ့တာပဲ..ဘာကိုလွမ်းလို့ လွမ်းမှန်းမသိ လွမ်းတော့လွမ်းမိတာပါပဲ..လွမ်းစရာလေး

စန်းထွန်း

ဇန်နဝါရီ ၂၄၊ ၂၀၂၆။

21 January 2026

မေ ၂၀၂၅ နေ့စွဲများ

မေ ၂၊ ၂၀၂၅။ ကွင်း

ကြေးအိုးဆီချက်..

အကြိုက်ဆုံးအစားအစာတခု..လှိုင်မြို့နယ် ဘူတာရုံလမ်းထိပ်က ဇော်ကြေးအိုးဆီချက်ဆိုင်မှာ ငါးပိထောင်းလေးနဲ့ စားရတာ အင်မတန်ကောင်း..စာမေးပွဲပြီးရင်၊ မွေးနေ့ဆိုရင် သူငယ်ချင်း၊ မိသားစုတွေနဲ့ သွားစားခဲ့တာ ပျော်စရာကြီး..ဒီမှာတော့ ရောင်းတဲ့သူက စေတနာပါတယ်.. soul sister က happy money ပေးတယ်..အမ ကြိုက်တာဝယ် စားချင်တာစား make your inner child happy တဲ့..ဒီအမကလဲ homework သာမလုပ်သာ ဒါမျိုးဆို သိပ်နားထောင်တာ..စားချင်တာတွေ စားခွင့်ရတာ blessing တမျိုး

စန်းထွန်း

ဇန်နဝါရီ ၂၁၊ ၂၀၂၆။

17 January 2026

ပြန်တော်ပြန်..

April 24, 2025. Thursday. JFK airport. ၃ နာရီတခါ လာကျွှေးတဲ့ အမေနဲ့ မနက်တိုင်း green smoothie ဖျော်ပေးတဲ့ အဖေတို့ ပြန်သွားတော့ ငတ်ပြီပေါ့ကွယ်..New York->Doha->Bankok->Yangon ၂၁ နာရီ လေယာဉ်စီးပြီးတော့ ရန်ကုန်ကို အဆင်ပြေစွာနဲ့ ရောက်ပါပြီ..ဖုန်းဆက်ပြီး နှုတ်ဆက်ကြသူတွေ၊ လူကိုယ်တိုင်လာတွေ့တဲ့သူတွေ၊ ကန်တော့ကြတဲ့သူတွေ၊ လက်ဆောင်ပေးတဲ့သူတွေ အားလုံးပဲ ကျေးဇူးပါနော်

🥰🥰

စန်းထွန်း

ဇန်နဝါရီ ၁၇၊ ၂၀၂၆။

14 January 2026

Easter Sunday at Central Park

Easter Sunday at Central Park on April 20, 2025.

စန်းထွန်း

ဇန်နဝါရီ ၁၄၊ ၂၀၂၆။

10 January 2026

ဧပြီ ၂၀၂၅ နေ့စွဲများ..

၂၀၂၅ ဧပြီ ၁၆ မေရီလန်းပြည်နယ် မနက် ၄ နာရီအထိ စကားတွေပြော အူနို၊ မာကျောက်ဆော့။ ပါးစပ်မစိ ပါးတွေညောင်းအောင် ရယ်ရ..

စန်းထွန်း

ဇန်နဝါရီ ၂၀၊ ၂၀၂၆။

07 January 2026

မတ်လ ၂၀၂၅ နေ့စွဲများ ..

မတ် ၁၊ ၂၀၂၅။ နယူးဂျာစီ

မတ် ၁၈၊ ၂၀၂၅။ ကွင်း

မတ် ၂၂၊ ၂၀၂၅။ Ai Ki Ya Japanese Restaurant, Korean town, Manhattan

စန်းထွန်း

ဇန်နဝါရီ ၇၊ ၂၀၂၆။

03 January 2026

နှင်းဝေတဲ့ဆောင်း - ၁

January 11, 20, 2025 နှင်းတွေကျရင် ဓာတ်ပုံထွက်ရိုက်တယ်..ရိုက်ပေးမဲ့သူမရှိရင် တယောက်တလှည့် ရိုက်ကြတယ်..ချမ်းတတ်တဲ့တယောက်ကတော့ အေးလို့အလာဂျီကြောင့် နှာရည်ကျလို့ ဂူအောင်းပြီ..မချမ်းတတ်တဲ့တယောက်ကတော့ အိမ်မကပ်ဆဲ..သမီးဖြစ်သူက ဘာမှမချက် မိတ်ဆွေသိပ်မရှိ..သူတို့နှစ်ယောက်ကတော့ သူ့မိတ်ဆွေတွေကို မုန့်တီချက်ကျွှေး ဘောလုံးပွဲကြည့် စကားတွေပြောကြ ဖုန်းဆက်ကြ လက်ဆောင်ပေးကြ လက်ဆောင်ယူကြနဲ့ မိတ်ဆွေများ ပွဲတွေများပြီး အိမ်မကပ် အင်မတန်ဘီးစီးတဲ့နှစ်ယောက်..

😍😍

စန်းထွန်း

ဇန်နဝါရီ ၃၊ ၂၀၂၆။