31 January 2024

ဖီလင် - ၄၁

၂၀၂၃ နိုဝင်ဘာ ၂၄ မှာ အသက် ၄၁ နှစ်ပြည့်ပြီ။ မွေးနေ့တိုင်း Thanksgiving holiday နားကပ်နေတယ်။ တူတော်မောင်ကို မွေးနေ့ကဒ်ဆွဲခိုင်းတာ ဂူဂယ်မှာရှာတာ စိတ်တိုင်းမကျလို့တဲ့။ သာမန်ကာလျှံကာ မဆွဲပေးဘူး သေချာစိတ်တိုင်းကျမှ ဆွဲပေးတယ်။ အိုင်ဒီယာမရလို့ မကြီးကို မေးတယ်တဲ့၊ မကြီးက အိမ်၊ ကား ကြိုက်မှာပေါ့လို့ ပြောလိုက်လို့ ဆွဲပေးတယ်။

Happy Birthday Kyi Kyi San Htun

Wish you get a Tesla, iPhone and an off white Jordan shoe

Best whishes Bhone Thant Kaung

Wish you have a Tesla

Wish you have a mansion

ကိုယ်ကြိုက်မယ် ထင်တာတွေရော၊ သူကြိုက်တာ၊ လိုချင်တာတွေရော ရောသမမွှေ ဆုတောင်းပေးတယ်။ အရင်က Elon Musk ကြိုက်လို့ Tesla လိုချင်ပေမဲ့ ခုတော့ သူ့စိတ်ဓာတ်ကိုမကြိုက်လို့ Elon Musk မကြိုက်တော့သလို Tesla မကြိုက်တော့ဘူး။ minimalist အားကျပေမဲ့ minimalist လည်း မလုပ်နိုင် ဥယျာဥ်ခြံမြေလေးနဲ့ အိမ်လေးတလုံးလိုချင်ပေမဲ့ အိမ်အကြီးကြီးတော့ မလိုချင်ဘူး။ Children with Hair Loss အတွက် ဆံပင်လှူလိုက်တယ်။ ကရင်နီစစ်ဘေးရှောင်တွေကို ထမင်းကျွှေးအလှူလုပ်တယ်။ ဓာတ်ပုံမရိုက်တာကြာလို့ လှတပတလေးဝတ်ပြီး အမှတ်တရရိုက်တယ်။ ပုံတရာရိုက်တော့မှ လှတပတ တပုံရတယ်။ အလှူဓာတ်ပုံတွေကြည့်ပြီး ကြည်နူးပီတိဖြစ်ပါစေ။

Happy Birthday!

စန်းထွန်း

ဇန်နဝါရီ ၃၁၊ ၂၀၂၄။

27 January 2024

၂၀၂၃ ရေခြားမြေခြား ခရီးသွား - ၂၂

၂၀၂၃ နိုဝင်ဘာ ၁၁ စနေနေ့ Inwood ပန်းခြံသွားလည်တယ်။ အဲ့ဒီနေရာကို ဟိုက်ကင်းအဖွဲ့နဲ့ တခေါက်ရောက်ဖူးတယ်။ တောင်ကအတော်မတ်တော့ နားနားပြီး တက်ရမယ်။ မက်ဟန်တန်ထဲပေမဲ့ တောအုပ်ထဲရောက်သွားသလို ခံစားရတယ်။ နောက်နှစ်နွေရာသီ ထပ်လာဦးမယ်။ တောတောင်ရေမြေတွေ မြင်ရတာနဲ့ ပျော်နေတော့တာပဲ။

Happy Traveling!

စန်းထွန်း

ဇန်နဝါရီ  ၂၇၊ ၂၀၂၄။

24 January 2024

၂၀၂၃ ရေခြားမြေခြား ခရီးသွား - ၂၁

၂၀၂၃ နိုဝင်ဘာ ၅ တနင်္ဂနွေနေ့ နယူးဂျာစီဘုန်းကြီးကျောင်း ကထိန်ပွဲ သွားလည်တယ်။ အမေက ချဥ်ပေါင်ခူးချင်နေတာ ချဥ်ပေါင်ပင်က အေးလို့သေကုန်ပြီ။ မမီးက အက်ဒီဆင်ဘူတာမှာ လာကြိုပြီး ဘုန်းကြီးကျောင်းအတူသွားကြတယ်။

Happy Traveling!

စန်းထွန်း

ဇန်နဝါရီ ၂၄၊ ၂၀၂၄။

20 January 2024

၂၀၂၃ ရေခြားမြေခြား ခရီးသွား - ၂၀

၂၀၂၃ နိုဝင်ဘာ ၄ စနေနေ့ Central Park မှာ သစ်ရွက်တွေ အရောင်ပြောင်းတာ သွားကြည့်တယ်။ အမှန်က Vermont ပြည်နယ်ဖက် သွားကြည့်ချင်တာ။ ဒီဇင်ဘာမှာ ဖလော်ရီဒါဖက်သွားလည်မှာဆိုတော့ အကုန်အကျသက်သာအောင် မသွားတော့တာ။ စင်ထရယ်ပါ့ခ်ကတော့ အမြဲစည်ကားနေတာပါပဲ။

Happy Traveling!

စန်းထွန်း

ဇန်နဝါရီ ၂၀၊ ၂၀၂၄။

Edge ticket $35