23 July 2016
ယူအက်စ်သွား တောလား - ၁၆
ဇွန် ၇ ရက်နေ့ ၂ နာရီ ဂျွှန်အက်ဖ်ကနေဒီလေဆိပ်ရောက်တော့ ကသေးပစိဖိတ်လေယာဉ်က ရောက်နှင့်နေပြီ။ တခြားလေယာဉ်က လူတွေသာ ထွက်လာပေမဲ့ ကသေးပစိဖိတ် လေယာဉ်မယ်တွေ ထွက်လာတာလည်းမတွေ့။ လုံခြုံရေးဝန်ထမ်းက လေယာဉ်ပေါ်မှာ လူတစ်ယောက် သေသွားတယ် ခပ်ဝဝတဲ့။ လည်ပင်းက ရှည်လှပြီ ထွက်မလာသေးဘူး။ ကိုယ့်လိုပဲ လည်ပင်းရှည်နေတဲ့ ဖိလစ်ပိုင်မနဲ့စကားပြောဖြစ်တော့ ကိုယ့်လိုပဲ ကသေးပစိဖိတ်လေယာဉ်ကို စောင့်နေတာတဲ့။ ဒေါ်နယ်ထရန့်သာ သမ္မတဖြစ်လို့ကတော့ တခြားနိုင်ငံကို ပြောင်းမယ်တဲ့။ ၃ နာရီလောက်မှ ထွက်လာတယ် ထရော်လီငှားတာ ၆ ကျပ်တောင် ပေးရတယ်ဆိုပဲ။ တက္ကဆီမောင်းသမားနဲ့ စကားပြောကြတော့ သူက Documentary ဗီဒီယိုရိုက်တာ ဝါသနာပါတယ်။ ဘရားဇီးမှာ ပေါ်ပြူလာဖြစ်တဲ့ အကတစ်မျိုးအကြောင်းတောင် ရှင်းပြနေသေးတယ်။ ကားခပိုက်ဆံပေးတာ ၁၀ ပြန်ပေးနေသေးလို့ ကြောင်တောင်တောင် တောင်ဖြစ်သွားတယ်။ နောက်မှ သေချာရှင်းပြ တစ်ဖ်ပေးပြီး ပိုက်ဆံယူတဲ့အခါ သေချာယူဖို့ သတိပေးလိုက်ရတယ်။ နေ့နဲ့ညနဲ့ မှားနေလို့ ညနေ ၅ နာရီလောက် အိပ်ပျော်နေတာကို အတင်းနိုး တိုင်းစကွဲယားကို သွားလည်ရအောင်ဆိုတော့ မလိုက်ချင်ဘူး အိပ်ချင်တယ်တဲ့။ မရဘူး ရထားပေါ်မှာအိပ် ထထ သွားရအောင် အတင်းနိုးပြီး ၃၄ လမ်း၊ ရော်ခါဖယ်လာစင်တာ၊ တိုင်းစကွဲယားကို သွားလည်ကြတယ်။ အိမ်အပြင်ရောက်တာနဲ့ ရာသီဥတုက အေးလို့တဲ့ အနွေးထည် ပြေးယူရတယ်။ နယူးယောက်တခွင် လည်သမျှ ဓာတ်ပုံလေးတွေ တင်လိုက်ပါတယ်။ ပို့စ်အသစ်တွေ မတင်လို့ နေများမကောင်းဘူးလားထင်ပြီး သတိတရ စီဘောက်မှာ မေးလာတဲ့ မဖြူဖြူထွန်းရေ နေကောင်းပါတယ် အမေနဲ့အစ်မ အလည်ရောက်နေလို့ပိတ်ရက်တွေမှာ နယူးယောက်တခွင် လိုက်ပို့နေတာ မအားလို့ ပို့စ်တွေမတင်ဖြစ်တာပါ။
ဂွျှန်အက်ဖန်ကနေဒီလေဆိပ် တာမင်နယ် ၇
ဂရမ်းစင်ထရယ်ကနေ ၇ ရထား တဘူတာစီး Vernon Blv/Juction Blv
မှတ်တိုင်မှာစီးပြီး လမ်းလျှောက်ရင် မက်ဟက်တန်စကိုင်းလိုင်းကို မြင်ရတဲ့နေရာ
အစ်မ ငယ်သူငယ်ချင်းရဲ့ သူငယ်ချင်း(ဘလော်ဂါ မစုညဏ်) နဲ့
သူ့သမီးလေး လုလု
သမီးလေး လုလု
ဘလော်ဂါ မမီးငယ် လိုက်ကွျှေးတဲ့ အရသာရှိလှတဲ့ ဒင်ဆမ်း
ဂရမ်းစင်ထရယ်ထဲက နာရီစင်
နှစ်ပေါင်းရာကျော်ပြီဖြစ်တဲ့ ဂရမ်းစင်ထရယ်ထဲမှာ
ဂရမ်းစင်ထရယ်
Chrysler အဆောက်အဦး
New York Public Library ‌ရှေ့မှာ
စာကြည့်တိုက်အတွင်းမှာ
စာကြည့်တိုက်တွင်းက ခေါင်မိုး
စန်းထွန်း
ဇူလှိုင် ၂၃၊ ၂၀၁၆။
4 comments:
  1. အမေနဲ့ အမရှိနေတော့အရမ်းပျော်နေမှာဘဲနော်..
    မမအိုင်အိုရာ
    ReplyDelete
    ReplyDelete
  3. ဒီကလည်း ခင်ခင်ပြောင်း ခင်ခင်သိမ်း ခင်ခင်ရူပ်နေတာ
    ReplyDelete
  4. Anonymous said...
    အမေနဲ့အမရှိနေတော့အရမ်းပျော်နေမှာဘဲနော်..
    မမအိုင်အိုရာ
    July 24, 2016 at 4:15 PM
    phyu phyu htun said...
    နေကောင်းတယ်ဆိုလို့ဝမ်းသာပါတယ်။ ဓါတ်ပုံလေးတွေ ကြည့်သွားပါတယ်။
    July 25, 2016 at 2:02 AM
    မီးမီးငယ် said...
    ဒီကလည်း ခင်ခင်ပြောင်း ခင်ခင်သိမ်း ခင်ခင်ရူပ်နေတာ
    ပူကလည်းပူ သူ့စာအုပ်စာတမ်းတွေ မီးပစ္စည်းတပုံတခေါင်း
    ကြားထဲခေါင်းကိုမဖော်နိုင်သေးဘူး
    အရေးထဲသူကဖျားနေတယ်လေ း((
    July 25, 2016 at 6:46 PM
    ReplyDelete