21 October 2015
Flu ...
ရုံးမှာ ကိုယ်တို့အင်ဂျီနီယာဌာနရဲ့ အကြီးဆုံးဘော့စ်က ဖလူလျှော့ flu shot ထိုးပြီးတော့ ဖလူဖြစ်တယ်လို့ပြောလာတော့ ကိုယ်တို့မှာ ရယ်လိုက်ရတာ။ လက်မောင်းမှာ အညို၊ အမည်းတွေတောင် ဖြစ်တယ်တယ့်။ ၂၀၁၂ ကန်တက်ကီ ရုံးမှာတုန်းက ဖလူလျှော့ ထိုးဖူးတယ်။ သုံးရက်လောက် လက်မောင်းမြှောက်လို့ မရဘူး။ လက်မောင်းရင်းမှာလည်း ပူနေတယ်လို့ ခံစားမိတယ်။ အခန့်မသန့်ရင် နမိုးနီးယားတောင် ဖြစ်နိုင်တယ်လို့ကြားတော့ နောင်များဆို ဖလူလျှော့ဆို ဝေးဝေးရှောင်တယ်။ ဖလူဆိုလို့ ကိုယ်တို့ငယ်ငယ်တုန်းက တုပ်ကွေးချိန်ဆို တရွာလုံးက ကလေးတွေ ကွေးကြတော့တာပဲ။ ကိုယ်တို့မောင်နှမလဲ ဘယ်နေပါ့မလဲ။ ဟိုဖက်ကမ်း ကျောက်ချောင်းရွာက ဆရာဝန်ကြီး ဦးကြည်ဝင်းရဲ့ ဆေးခန်းမှာဆို လူအပြည့် ဆေးရုံမှာလည်း အပြည့်။ တုပ်ကွေးပြင်းရင် အသက်ပါသွားနိုင်တာကိုး။ ကြီးလာတော့ တုပ်ကွေးမဖြစ်တော့ဘူး။ စင်္ကာပူမှာတော့ စင်္ကာပူရန်းတွေက ဒန်းကီးလို့ခေါ်တယ့် သွေးလွန်တုပ်ကွေးကို သိပ်ကြောက်တာ။ NEA က အိမ်တွေကို လိုက်စစ်တယ် ပန်းအိုး၊ မီးဖိုချောင်တွေမှာ ခြင်ပေါက်ဖွားတာတွေ ရှိမရှိစစ်တယ်။ ခြင်တွေ့လို့ကတော့ ၃၀၀ ဒဏ်ရိုက်တယ်။ ကိုယ်တွေကတော့ ခြင်၊ ယင်တွေနဲ့ ဖက်ပြီးကြီးပြင်းခဲ့ရတော့သူတွေမလား။
ဆောင်းဝင်လာပြီဆိုတော့ လူတိုင်း နှာတရှုံ့ရှုံ့၊ ချောင်းဆိုးတာတွေ ဖြစ်ကြတယ်။ ကိုယ်ဆို ရာသီဥတုအေးရင် နှာခေါင်းက နှာရည်တွေ ကျလာတတ်လို့ လက်ကိုင်ပုဝါ အမြဲဆောင်ရတယ်။ အရင်တုန်းကတော့ ကျန်းမာတော့ ဖလူဖြစ်မှာ မကြောက်ပေမယ့် လူးပက်စ်ကြောင့် ကိုယ်ခံအားနည်းစေတယ့်ဆေးတွေ သောက်နေရတော့ ဖလူဝင်မှာ စိတ်ပူမိတယ်။ ဒီတော့ အိမ်သာကထွက်တိုင်း လက်ဆေး၊ santinizer ဆောင်ရတယ်။ အသိမိတ်ဆွေ ကိုထွန်းထွန်းဝင်းတို့အိမ်မှာ မမီးငယ်က ကျိုင်းတုံခေါက်ဆွဲ လက်စွမ်းပြတာကို သွားစားတော့ ကိုထွန်းထွန်းဝင်းအမျိုးသမီး မဆောင်းဆောင်းက Citron အသီးကို ပျားရည်နဲ့စိမ်ထားတာတစ်ဇွန်းကို ရေနွေးပူပူထဲထည့်ပြီး တိုက်တယ်။ သောက်လို့ကောင်းသား အဆီကျတယ်လို့ပြောတယ်။ သူ့မှာ နဂိုကတည်းက အဆီရှိတာမဟုတ်ဘူး တော်ကြာ ဒီဟာသောက်ပြီးမှ လူပါပျောက်သွားမှ ဒုက္ခဆိုလို့ ရယ်လိုက်ကြတာ။ ကိုရီးယားဆိုင် H Mart မှာ သွားဝယ်တာ တဘူး ၆ ကျပ်၊ ၇ ကျပ်လောက် ပေးရတယ်။ ချဉ်ပြုံးပြုံးလေးဆိုတော့ သောက်ကောင်းကောင်းနဲ့ သောက်လိုက်တာ တပတ်အတွင်း တဘူးကုန်သွားလို့ မနည်းဘရိတ်အုပ်နေရတယ်။
ရုံးကတရုတ်မယန်းကို ပြောပြတော့ သူ့မိဘတွေလာတုန်းက သံပုရာသီးကို ပျားရည်နဲ့ စိမ်ပေးခဲ့တယ်တယ့်။ ကိုယ့်ဘာသာလုပ်လို့ရတယ် လွယ်လွယ်လေး သံပယိုသီးကိုပြုတ် ရေအေးထဲထည့် အခွံကိုလှီး ပျားရည်ထဲထည့်။ သံပယိုသီးထက် ကောင်းတာက မင်းစားနေတယ့်အသီးလေ ဘာအသီးလဲ။ ကိုယ်ကလည်း စားတာစာနေတာ အင်္ဂလိပ်နာမည်မသိ ယန်းက တရုတ်လိုအရင်ရှာ အင်္ဂလိပ်လိုဘာသာပြန် ဂူဂယ်မှာ ဓာတ်ပုံနဲ့ ရှာပြတော့မှ ကျွှဲကောသီးကို ပြောနေတာ။ ကျွှဲကောသီးက အနီနဲ့အဖြူနှစ်ခုရှိတယ် အဖြူကပိုကောင်းတယ် အခွံကို ပျားရည်နဲ့စိမ်သောက်တာ ပိုကောင်းတယ် ဖလူကိုကာကွယ်နိုင်တယ်တဲ့။ လွယ်လွယ်လေး ကိုယ့်ဘာသာလုပ်လို့ရတယ်ဆိုပေမယ့် ကိုယ်ကငပျင်းဆိုတော့ ကိုရီးယားဆိုင်ကပဲ ဝယ်သောက်တော့တယ်။ ဖလူကာကွယ်တယ်၊ အဆီကျတယ်ဆိုပေမယ့် သောက်လို့ကောင်းလို့ကို သောက်နေမိတယ်။ ဖလူကင်းဝေးကြပါစေ။
စန်းထွန်း
အောက်တိုဘာ ၂၁၊ ၂၀၁၅။
4 comments:
  1. Take care San 2 !
    Ma Khine
    ReplyDelete
  2. ကိုယ်လည်းအမေရိကန်တွေဖလူးရှော့တွေလုပ်ထားပြီး
    အဓိကကတော့ ကို်ယ့်ကိုကိုယ်သတိထားပြီး ရာသီဥတုနဲ့ လိုက်အောင်နေဖို့ လို့ ထင်တယ်။
    မမအိုင်အိုရာ
    ReplyDelete
  3. အဟီး..
    စန်းထွန်းရေ့..
    အဆီကျမကျတော့မသိဘူး..
    ကောင်းကျိုးကလက်တွေ့...
    မအိုင်အိုရာကိုလည်း..
း)))))
    ReplyDelete
  4. Anonymous said...
    ကိုယ်လည်းအမေရိကန်တွေဖလူးရှော့တွေလုပ်ထားပြီး
    ဖလူးတွေဖြစ်နေကြတာမြင်နေရတော့
    ီဒီနှစ်တော့ထိုးတော့ဘူးကွာလို့..နေလိုက်တယ်။
    အဓိကကတော့ ကိုယ့်ကိုကိုယ်သတိထားပြီး ရာသီဥတုနဲ့လိုက်အောင်နေဖို့လို့ထင်တယ်။
    အေးတယ်ဆို မပျင်းနဲ့ပုဝါလေးပတ် အနွေးထည်လေးဝတ်ထား။
    နဲနဲ သရိုးသရီဖြစ်တာနဲ့ဆေးသောက်ပလိုက် မစောင့်နဲ့။ ရေများများသောက်။
    ရောက်ခါစ ကတခါဘဲ ပေ လိုက်လို့ဖြစ်သွားကတည်း က မှတ်သွားတာ။
    ခုတော့ နှစ်တိုင်းအေးအေးဆေးဆေးဘဲ။
    ကျိုင်းတုံ မုန့်တီလေးစားချင်တာကွာ။ း)
    မမအိုင်အိုရာ
    October 23, 2015 at 2:14 PM
    မီးမီးငယ် said...
    အဟီး..
    စန်းထွန်းရေ့..
    အဲ့ဒီပျားရည်နဲ့ရှောက်သီးကိုမယ်ငီးက
    songsong ကိုစပြောပြလိုက်တာ..
    H markမှာအလကားတိုက်တာသောက်ရင်းနဲ့ကြိုက်လို့
    အဆီကျမကျတော့မသိဘူး..
    ငယ်ငယ်ကပျးရည်အမြဲသောက်ခဲ့ရတဲ့သူဆိုတော့
    ကောင်းကျိုးကလက်တွေ့...
    ခုထိတော့ဗိုက်ပူနံကားလေး မဖြစ်သေးဘူးပေါ့..ဟီး
    အခုအဲ့ဒါ ၂ဗူးမှ 8$ထဲရယ်..
    မအိုင်အိုရာကိုလည်း..
    ကျိုင်းတုံခေါက်ဆိန့်ချက်ကျွေးချင်လိုက်တာတကယ်...
    း)))))
    October 25, 2015 at 2:11 PM
    ReplyDelete