28 June 2012

Purdue သွား ‌တောလား...

Purdue သွား တောလားဆိုလို့ Purdue မြို့ကို သွားလည်တယ် ထင်ရင် မှားပါတယ် ခင်ညာ။ ဝင်ခွင့်စာမေးပွဲ သွားဖြေမယ့် မခိုင်က ရောက်ဖူးတယ်ရှိအောင် လိုက်ခဲ့ဆိုတာနဲ့ Indiana University Purdue University Fort Wayne (IPFW) ကြီးကို မရည်ရွယ်ဘဲ ရောက်ဖူးသွားပါတယ်။ အင်ဒီယားနားပြည်နယ်မှာ Indiana University Purdue University က  အင်ဒီယားနားပြည်နယ်ရဲ့ မြို့တော် Indianapolis နဲ့ ဒုတိယအကြီးဆုံးမြို့ Fort Wayne မှာ တက္ကသိုလ် ၂ခု၊ Purdue University က  West Lafayette ၊  Richmond ၊ Hammond ၊ Columbia City မှာ တက္ကသိုလ်တွေ ရှိပါတယ်။ စန်းထွန်း အခုတက်နေတယ့် တက္ကသိုလ်ရဲ့ Computer Science ကျောင်းအုပ်ကြီး ဒေါက်တာ Greg Guthrie က Purdue University ကျောင်းထွက်။ Purdue University က ကမ္ဘာအဆင့် ၆၂ ။ IPFW ရဲ့ Ranking ကို ရှာတာ မတွေ့ပေမယ့် သေချာတာကတော့ Ivy Tech Community College ထက် ဝင်ခွင့်ခက်ပါတယ်။

မခိုင် စာမေးပွဲဖြေနေတယ့် ၂နာရီအတွင်း ကျောင်းတခွင်အနှံ့ ခြေဆန့်ပါတော့တယ်။ ရောက်ဖူးတယ့် တက္ကသိုလ်ထဲမှာ ဒီတက္ကသိုလ်က အလှဆုံး။ ကိုယ်ရောက်ဖူးတာကလည်း ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ National University of Singapore (NUS)  ၊ Nanyang Technological University (NTU) ၊ University of Iowa ။ University of Iowa ထဲက ဘောလုံးကွင်းကြီးကတော့ ပြောစမှတ်တွင်တယ်။

Kinnick Statdium in University of Iowa
၁၉၂၉ မှာ ဖွင့်လှစ်ခဲ့ပြီး  ၁၉၃၉ Heisman Trophy ဆုတံဆိပ်ရှင် Nile Kinnick ကို ဂုဏ်ပြုကာ Kinnick Statdium လို့ အမည်ပြောင်းခဲ့ပါတယ်။ University of Iowa ထဲက ကျောင်းတကျောင်းဖြစ်တယ့် University of  Iowa Hawkeyes အားကစားတက္ကသိုလ်ရဲ့ အိမ်ကွင်းပါ။ ကောလိပ်ကျောင်းက ပိုင်ဆိုင်တယ့် အကြီးဆုံးအားကစားကွင်း ၂၀ထဲမှာ တခုအပါအဝင် ဖြစ်ပါတယ်။

တက်ခဲ့ဖူးသမျှ တက္ကသိုလ်တွေထဲမှာ ကမ္ဘာ့အဆင့် ၂၃၊ အာရှအဆင့် ၃ ရှိတယ့် NUS ကို အကြိုက်ဆုံး။ အာရှအဆင့်၁က Hong Kong Univeristy of Science and Technology (HKUST) ၊ အဆင့်၂က University of Hong Kong (HKU)။ NUS Alumnus ဖြစ်ရတာကို ဂုဏ်အယူဆုံး။

အာရှအကောင်းဆုံးတက္ကသိုလ်၁၀၀မှာ ဂျပန် ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ တရုတ်၊ ဟောင်ကောင်က တက္ကသိုလ်တော်တော်များများ ပါပါတယ်။ စင်္ကာပူ၊ ထိုင်း၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်က တက္ကသိုလ်တွေက နည်းနည်းပါတယ်။ အရှေ့တောင်အာရှမှာ တက္ကသိုလ်အများဆုံးရှိတယ်ဆိုတယ့် မြန်မာပြည်က တက္ကသိုလ် တခုတလေများ ပါလေမလားလို့ ရှာကြည့်တာ ၁၀၀သာ ဆုံးသွားရော၊ မျက်စိများ ရှမ်းလေသလားမသိ။ မတွေ့မိပေါင်ဗျာ။

 ၂၀၁၁ ဇွန်လ နွေရာသီ ပူပြင်းတယ့် နေရောင်ခြည်အောက်မှာ သစ်ပင် စိမ်းစိမ်းစိုစို၊ ပန်းပွင့် အရောင်စုံစုံ၊ မြစ်ရေစီးသံ တသွင်သွင်နဲ့ တကယ့်ကို သာယာလှပပါပေတယ်။ အဆောက်အဦးတွေ၊ လူသွားလမ်းလေးတွေ၊ ထိုင်ခုံလေးတွေနဲ့သူ့နေရာနဲ့ စနစ်တကျ သေသပ်လှလို့။ ဒီလိုကျောင်းမျိုးမှ ငါတက်ချင်တယ့်ကျောင်းလို့တောင် တွေးမိတယ်။ ကိုင်း.. ဟိုရိုက်ဒီရိုက် လက်ရာများကို သည်းခံကာ ရှုစားကြပါ ခင်ညာ။

                    
ဆင်ပြာတော် ..:P
အစွယ်ပါတော့ ဟိုင်းဆင် မဖြစ်နိုင်။ စွယ်စုံဆင်လား မသိ။ ( ရမ်းတုတ်လိုက်သည် )
ဘတ်စ်ကားမှတ်တိုင်
အစိမ်းရောင်ကြားထဲမှာ ဆန်းနေလို့ အလွတ်မပေးခဲ့။
Institute of System Science (NUS) ကျောင်းဘေးမှာလည်း  ရှိတယ်။
 စတိတ်က ရှဉ့်တွေကတော့ အကောင်ပိုကြီးတယ်။
Rose Lane
နှင်းဆီလမ်း‌လေး
နာမည်‌လေးနဲ့ လိုက်အောင် နှင်းဆီရနံ့‌တွေ မွေးထုံနေခဲ့တယ်
မမအိုင်အိုရာဆို မြင်တာနဲ့ ဘာငှက်အမျိုးအစား တန်းပြောနိုင်မယ်။
ကိုယ်ကတော့ ကြက်တူရွေး၊ သာလိကာ၊ ကျီးကန်း၊ ခို၊ ဇီးကွက်ပဲ သိတယ်...:P
နွေရာသီဆို ဒီပန်းတွေ နေရာတိုင်းမှာ တွေ့တယ်..ဓာတ်ပုံထဲမှာထက် အပြင်မှာ အရောင်ပိုစိုပြီး ပိုလှတယ်
ဆရာဖိုးကျော့ရဲh ဆင်ဖမ်းဝထ္ထုတွေ ဖတ်ရတိုင်း  လက်ဖဝါးသာသာ ရေထဲမှာနေပြီး
 မီးခြစ်ဆံသာသာလောက်ရှိတယ့် သူ့အစွယ်နဲ့ ထိုးလိုက်ရင်
ကုန်းဆင်ကြီး တုံးကနဲ ပစ်လဲကျစေတယ့် ဆင်အားလုံးကြောက်ကြတယ့်
 ရေဆင်ကို မြင်ဖူးချင်ခဲ့ဖူးတယ်
ဆေးလိပ်လည်းတို နေလည်းညှိပြီ ငါ့ကို အိမ်ပြန်ပို့ကြပါတော့
ကောင်းကင်မှာလည်း ပျံတယ်၊ ရေပြင်မှာလည်း ကူးတယ်၊ မြေပြင်မှာလည်း လမ်းလျှောက်တယ်
ခွေကျောင်း၊ လူကျောင်းကြသော လမ်းကလေး
စည်းချက်ညီညီ ကခုန်နေသော မိုးမခပင်များ
ဇူလှိုင် ၄ အမေရိကန် လွတ်လပ်ရေးနေ့ မတိုင်မှီ ကျရောက်တယ့် ရာမားမွေးနေ့ကို ဆင်နွှဲဖို့ စန်းထွန်းတယောက် ဘော့စတွန်ကို ချီတက်ပါဦးမယ်။ မနှစ်က ဒီဇင်ဘာ Winter Break Holidays ကတည်းက ဘော့စတွန်သွား တောလားချင်တာ လေယာဉ်စရိတ် မတတ်နိုင်လို့ ခုမှပဲ တောလားရပါတော့တယ်။ ရာမားနဲ့လည်း မတွေ့ရတာ ၁၀လလောက် ရှိပါပြီ။

ကျောင်းသား ၄၉ယောက်၊ ကျောင်းသူ ၅ယောက်ပဲရှိတယ့် အတန်းမှာ မိုင်း၊ ဆူနမ်၊ စန်းထွန်း သုံးယောက်သား တညီတညွှတ်တည်း ပေးထားတယ့် ကွင်းက ရာမားပါ။ ဟင်းချက်ကောင်းတယ့်  ရာမားလက်ရာ Sauce ကို ကြက်သွန်၊ ငရုတ်သီးပွနဲ့ ကြော်ထားတယ့် ဟင်းက ကိုယ်တွေ အမြဲတောင်းဆိုရတယ့် ဟင်းတခွက်။

Good Friday တုန်းက မိုင်းရယ်၊ ဆူနမ်ရယ်၊ စန်းထွန်းရယ် စားသောက်သမျှ ဓာတ်ပုံရိုက်ပြီး ဖေ့ဘွတ်တင်တော့ တယောက်တည်းဖြစ်တယ့် ရာမားက မနာလိုတိုရှည်ဖြစ်ပြီး အွန်လိုင်းတောင် တက်မလာ။ အခုတော့ ဆူနမ်၊ ရာမား၊ စန်းထွန်း သုံးကောင်သား လောင်းကျော်သမျှ မိုင်းတယောက် မနာလိုတိုရှည် ဖြစ်မှာ မြင်ယောင်သေး။

နောင်တပတ်မှာ ပြန်ဆုံကြပါစို့။
ဇွန် ၂၈၊ ၂၀၁၂။

12 comments:

  1. စန္းထြန္းေရ
    ပန္းေတြ တအားလွတာဘဲ အမ်ိဳးကို စံုေနတာဘဲ..
    ခရီးသြားတာ အစစ အဆင္ေျပပါေစေနာ္.
    အလုပ္အကိုင္လည္း အဆင္ေျပပါေစ.. ဓာတ္ပံုေတြလည္း အမ်ားၾကီးရိုက္ႏိုင္ပါေစ..

    ReplyDelete
  2. ဓါတ္ပံုရိုက္ခ်က္ေတြ အရမ္းေကာင္းတယ္ အားက်ထွာေနာ္

    ReplyDelete
  3. အေကာင္းဆံုး တကၠသိုလ္စာရင္းထဲမွာ..စန္းထြန္း မ်က္စိလည္သြားလို႕ ရွာမေတြ႕တာေနမယ္ ေအာက္ကေနစေရရင္ ေတြ႕ရင္ေတြ႕ေနမွာ...:P

    ReplyDelete
  4. ဟုိေန႔က လာဖတ္ေသးတယ္စန္းထြန္းေရ
    ပုိစ္႔ မတက္ဘူးေနာ္ခုမွတက္တယ္
    ဗဟုသုတေတြအမ်ားၾကီးရလုိက္တယ္
    ပုံေတြအားလုံးရွယ္ပဲ
    ခ်စ္တဲ႔ jas
    အာဘြားးးးးးးးးး

    ReplyDelete
  5. ဟန္ၾကည္June 30, 2012 at 6:29 AM

    ဟိုေန႔က လင့္ခ္တက္လို႔ လာေခ်ာင္းေတာ့ ပို႔စ္က မတက္ဘူးပဲ...အခုမွပဲ ဖတ္ရေတာ့တယ္...သူမ်ား တကၠသိုလ္ကိုၾကည့္ၿပီး ေတာင္ေတြးေျမာက္ေတြးနဲ႔ ေတြးမိရဲ႕...မေသခင္ အႏွီေက်ာင္းႀကီးေတြမွာ တစ္ခါေလာက္ေတာ့ အစြမ္းျပခြင့္ရခ်င္သား...ေဘာ္စတြန္သြားေတာလားကိုလည္း ေမွ်ာ္ေနပါေၾကာင္းဗ်ား...

    ReplyDelete
  6. အင္း...
    တကၠသိုလ္ႀကီးေတြ၊သားေရသျမားျမားနဲ ့၊
    ငမ္းၿပီး၊အားက်လိုက္တာ။
    ကိုယ္တို ့ေတာ့ အီးဂလိတ္ဆိုေတာင္၊
    ေအဘီစီ ေတာင္ေျဖာင့္ေအာင္မနဲ ဆိုရတယ္။
    ေဘာ္စတြန္ေရာက္ရင္ ေစ်းထဲကဆိုင္ေတြမွာအဝသာတီးခဲ့။
    ဟိုက တကၠသိုလ္ႀကီးေတြလည္းေကာင္းတယ္တဲ့။
    ဘဲႀကီးေျပာတာပါ။တို ့မ်ားနားလည္ဘူးေတာ့။
    ကိုယ္တို ့ဖက္ေရာက္မလား...။
    အိမ္ေျပာင္းေနတာနဲ ့ဘယ္ေနရာကိုေခၚရမွန္းမသိ။
    ခု..ဟိုဖက္ဒီဖက္ ခြေနရတယ္ေလ။

    ReplyDelete
  7. ျမန္မာတကၠသုိလ္ေတြလဲ အဆင့္စာရင္းထဲ ပါ၀င္ေလာက္ပါတယ္။ သူတုိ႔ မေရတြက္ၾကလုိ႔ပါ။ ဥပမာ အာရွအဆင့္ တစ္ေထာင္ ႏွစ္ေထာင္ စသျဖင့္ေပါ့။ း)

    သြားလာ စားႏုိင္ ရုိက္ႏုိင္ ေရးႏုိင္ တင္ႏုိင္ပါေစဗ်ာ။

    ReplyDelete
  8. အမ္..... အစ္ကို ဆန္းထူးက ေဆးလိပ္ေသာက္ သလား။ :P

    ဆင္ျပာေတာ္ဂ်ီး မ လာခဲ့ပါဗ်ာ။

    ReplyDelete
  9. I have a problem with Burmese font and I don't know why. Anyway I enjoy reading about the school and seeing beautiful flowers. I love purple flowers and my school has them too.
    Iora

    ReplyDelete
  10. I forgot to say about the bird. It is called "American Robin", which is quite common in here too.
    Iora

    ReplyDelete
  11. ေက်ာင္းေတာ္ႀကီးကုိ အားက်စြာနဲ႔လာၾကည့္သြားပါတယ္ တစ္ေန႔ေတာ့ ေျခခ်ႏူိင္ခြင့္ရႏူိင္ေကာင္းရဲ႕ ခုေလာေလာဆယ္ေတာ့ Ivy Tech မွာ အသည္းအသန္ ခဲမွန္ လုပ္ေနတုန္း

    ReplyDelete
  12. ချော (အစိမ်းရောင်လင်ပြင်) said...
    စန်းထွန်းရေ
    ပန်းတွေ တအားလှတာဘဲ အမျိုးကို စုံနေတာဘဲ..
    ခရီးသွားတာ အစစ အဆင်ပြေပါစေနော်.
    အလုပ်အကိုင်လည်း အဆင်ပြေပါစေ.. ဓာတ်ပုံတွေလည်း အများကြီးရိုက်နိုင်ပါစေ..
    June 29, 2012 at 2:08 AM
    လွင်ပြင်လှိုင်းငယ် said...
    ဓါတ်ပုံရိုက်ချက်တွေ အရမ်းကောင်းတယ် အားကျထှာနော်
    June 29, 2012 at 2:43 AM
    Angelhlaing(May everybody be happy and healthy! said...
    အကောင်းဆုံး တက္ကသိုလ်စာရင်းထဲမှာ..စန်းထွန်း မျက်စိလည်သွားလို့ ရှာမတွေ့တာနေမယ် အောက်ကနေစရေရင် တွေ့ရင်တွေ့နေမှာ...:P
    June 29, 2012 at 3:00 AM
    စံပယ်ချို said...
    ဟိုနေ့က လာဖတ်သေးတယ်စန်းထွန်းရေ
    ပိုစ့် မတက်ဘူးနော်ခုမှတက်တယ်
    ဗဟုသုတတွေအများကြီးရလိုက်တယ်
    ပုံတွေအားလုံးရှယ်ပဲ
    ချစ်တဲ့ jas
    အာဘွားးးးးးးးးး
    June 29, 2012 at 7:48 AM
    ဟန်ကြည် said...
    ဟိုနေ့က လင့်ခ်တက်လို့ လာချောင်းတော့ ပို့စ်က မတက်ဘူးပဲ...အခုမှပဲ ဖတ်ရတော့တယ်...သူများ တက္ကသိုလ်ကိုကြည့်ပြီး တောင်တွေးမြောက်တွေးနဲ့ တွေးမိရဲ့...မသေခင် အနှီကျောင်းကြီးတွေမှာ တစ်ခါလောက်တော့ အစွမ်းပြခွင့်ရချင်သား...ဘော်စတွန်သွားတောလားကိုလည်း မျှော်နေပါကြောင်းဗျား...
    June 30, 2012 at 6:29 AM
    မီးမီးငယ် said...
    အင်း...
    တက္ကသိုလ်ကြီးတွေ၊သားရေသမြားမြားနဲ့၊
    ငမ်းပြီး၊အားကျလိုက်တာ။
    ကိုယ်တို့တော့ အီးဂလိတ်ဆိုတောင်၊
    အေဘီစီ တောင်ဖြောင့်အောင်မနဲ ဆိုရတယ်။
    ဘော်စတွန်ရောက်ရင် ဈေးထဲကဆိုင်တွေမှာအဝသာတီးခဲ့။
    ဟိုက တက္ကသိုလ်ကြီးတွေလည်းကောင်းတယ်တဲ့။
    ဘဲကြီးပြောတာပါ။တို့များနားလည်ဘူးတော့။
    ကိုယ်တို့ဖက်ရောက်မလား...။
    အိမ်ပြောင်းနေတာနဲ့ဘယ်နေရာကိုခေါ်ရမှန်းမသိ။
    ခု..ဟိုဖက်ဒီဖက် ခွနေရတယ်လေ။
    June 30, 2012 at 9:55 PM
    သူကြီးမင်း (တုံးဖလား) said...
    မြန်မာတက္ကသိုလ်တွေလဲ အဆင့်စာရင်းထဲ ပါဝင်လောက်ပါတယ်။ သူတို့ မရေတွက်ကြလို့ပါ။ ဥပမာ အာရှအဆင့် တစ်ထောင် နှစ်ထောင် စသဖြင့်ပေါ့။ း)

    သွားလာ စားနိုင် ရိုက်နိုင် ရေးနိုင် တင်နိုင်ပါစေဗျာ။
    July 1, 2012 at 7:43 AM
    ...အလင်းစက်များ said...
    အမ်..... အစ်ကို ဆန်းထူးက ဆေးလိပ်သောက် သလား။ :P

    ဆင်ပြာတော်ဂျီး မ လာခဲ့ပါဗျာ။
    July 2, 2012 at 3:40 AM
    Anonymous said...
    I have a problem with Burmese font and I don't know why. Anyway I enjoy reading about the school and seeing beautiful flowers. I love purple flowers and my school has them too.
    Iora
    July 6, 2012 at 2:10 AM
    Anonymous said...
    I forgot to say about the bird. It is called "American Robin", which is quite common in here too.
    Iora
    July 6, 2012 at 2:22 AM
    တိမ်ပြာ(မနောမြေ) said...
    ကျောင်းတော်ကြီးကို အားကျစွာနဲ့လာကြည့်သွားပါတယ် တစ်နေ့တော့ ခြေချနိူင်ခွင့်ရနိူင်ကောင်းရဲ့ ခုလောလောဆယ်တော့ Ivy Tech မှာ အသည်းအသန် ခဲမှန် လုပ်နေတုန်း
    July 8, 2012 at 1:39 AM

    ReplyDelete