15 June 2012

The eye...


မင်း မျက်လုံးက အညိုရောင်နော်...

ဟု ဆိုလာသောအခါမှ မှန်ယူပြီး အသေအချာ ကြည့်မိသည်။ အနက်ရောင်ဟု ထင်ခဲ့သော မျက်လုံးများသည် အညိုရောင် ဖြစ်နေခဲ့သည်။  အနက်ရောင်တွင် အညိုရောင် မျက်ဆံများကြောင့် လုံးဝ ညိုညိုကြီးတော့ မဟုတ်။ ညိုတိုတိုဟု ဆိုရမည်။ မျက်လုံးအညိုရောင်သည် ဖေ့ဆီမှ ဖြစ်ပြီး မျက်အိမ်ကြီးကြီးသည် မေ့ဆီမှ အမွေရလိုက်ဟန် တူသည်။

မျက်လုံး နက်နက်ဝိုင်းဝိုင်းများကို နှစ်သက်သောသူသည် အနည်းငယ် ပိတ်သယောင်ထင်ရသော မျက်လုံးများကို နှစ်သက်သွားသောအခါ ထိုမျက်လုံးများသည်လည်း ဆွဲဆောင်မှုတမျိုးရှိကြောင်း သိသွားခဲ့သည်။ ကိုယ်တို့ နယ်မြို့လေးတွင် ပြာလဲ့လဲ့ မျက်လုံးပိုင်ရှင် အန်ကယ်ကြီးကို မူရင်းနာမည်တော့မသိ တမြို့လုံးက ကြောင်မျက်လုံးဟုသာ ခေါ်ကြသည်။

နိုင်ငံရပ်ခြားသို့ ရောက်သောအခါ ခံစားချက်မဲ့နေသော မျက်လုံးဗလာများကို ကြုံရသည်။ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားတို့၏ မျက်လုံးများသည် ပုံသဏ္ဍန် တူညီသည်။ ထိုမျက်လုံးများတွင် စပ်စုတတ်သော၊ ကူညီတတ်သော၊ သနားကြင်နာတတ်သော၊ နွေးထွေးသော ခံစားချက်များကို တွေ့ရသောကြောင့် ဖြစ်သည်။ ဗီယက်နမ်၊ တရုတ်၊ ဂျပန်၊ ကိုရီးယားတို့သည် အသားအရောင်၊ မျက်လုံးသဏ္ဍန် တူညီသည်။ ဘင်္ဂလားဒေ့ရှ်မှစ၍ အရှေ့အလယ်ပိုင်းအထိ မျက်လုံးသဏ္ဍန် တူညီသည်။

နီပေါလူမျိုးများ၏ မျက်လုံးများသည် မြန်မာဖြင့် ဆင်တူသော်လည်း အညိုရောင်ဖြစ်သည်။ အပြာနု၊ အပြာရင့်၊ မီးခိုးရောင်၊ အစိမ်းရောင် ရောင်စုံမျက်လုံးများကို တွေ့ရသည်။ ထိုမျက်လုံးများသည်လည်း ဗလာမျက်ဝန်းဖြစ်သည်။  မည်သည့်ခံစားချက်ကိုမှ ထိုမျက်ဝန်းများတွင် မတွေ့ရတတ်။

ပင်လယ်ပြာရောင် မျက်လုံးများက လှပသော်လည်း  ရွှေရောင်မျက်ခုံးများကြောင့် အလှဖျက်သလို ခံစားမိသည်။ အပြာရင့်ရင့် မျက်ဝန်းများကို မျက်ခုံးခုံးနက်နက်၊ မျက်တောင်နက်နက်များက အနားသတ်ပေးထားသောအခါ လှလိုက်တာဟု ငေးနေခဲ့ဖူးသည်။ ဥရောပမှ မျက်ခုံး၊ မျက်ဝန်း နက်နက်၊ ရွှေညိုရောင်ဆံကေသာကိုတော့ အရှေ့တိုင်းနှင့် အနောက်တိုင်းကို ပေါင်းစပ်ထားသည့်အလှဟု တွေးခဲ့ဖူးသည်။

မျက်လုံးအရောင်စုံတွေကြား ရောက်သောအခါ မျက်ဝန်းနက်နက်လေးများကို ပိုတမ်းတမိသည်။ နိုင်ငံမတူသော်လည်း မျက်လုံးအရောင်၊ ပုံသဏ္ဍန်တူသော မျက်ဝန်းနက်နက်များက ကိုယ့်လူမျိုးကြားထဲ ရောက်နေသယောင် ခံစားမိစေသည်။

စပ်စုတတ်သော၊ ကူညီတတ်သော၊ သနားကြင်နာတတ်သော၊ နွေးထွေးသော မျက်ဝန်းနက်နက်လေးများကို ကိုယ် တကယ် လွမ်းနေခဲ့ဖူးသည်။

စန်းထွန်း
ဇွန် ၁၅၊ ၂၀၁၂။

13 comments:

  1. အခုမွပဲ မ်က္၀န္းအေၾကာင္းသိခြင့္ရေတာ့တယ္။ေက်းေက်းပါ

    ReplyDelete
  2. ထပ္တူထပ္မွ် ခံစားရတယ္... မ်က္၀န္း နက္နက္ေလးေတြ......

    ReplyDelete
  3. အျပစ္ကင္းစင္တဲ႔ ... ၊ မာယာေတြ မရွိတတ္တဲ႔ ...

    မ်က္၀န္းေလးေတြကို ၾကည့္ေနရတာကပဲ ...

    အတိုင္းအတာ တစ္ခုအထိ ျပည့္စုံေနခဲ႔ပါတယ္ ။

    ReplyDelete
  4. အျပစ္ကင္းစင္တဲ႔ ... ၊ မာယာေတြ မရွိတတ္တဲ႔ ...

    မ်က္၀န္းေလးေတြကို ၾကည့္ေနရတာကပဲ ...

    အတိုင္းအတာ တစ္ခုအထိ ျပည့္စုံေနခဲ႔ပါတယ္ ။

    ReplyDelete
  5. သတိတရလာခဲ႔ေတာ႔လဲမ်က္၀န္းေလးေတြအေၾကာင္းသိခဲ႔
    ရပါတယ္စန္းထြန္းေရ

    ReplyDelete
  6. မွန္ေထာင္ၾကည့္လုိက္ဦးမယ္။ ကုိယ့္မ်က္လုံးက ဘယ္လုိ မ်က္လုံး အမ်ိဳးအစားထဲပါလဲလုိ႔။

    မ်က္လုံးသုေတသနလုပ္ေနတာ ထင္တယ္။ စုံေနတာဘဲ။

    ReplyDelete
  7. ဒါဆို..သမ်ားမ်က္လုံးက
    ဆိုးေပဘူးဘဲ :P


    ခ်စ္ျခင္းအားျဖင့္
    မိစံ

    ReplyDelete
  8. ပစ္ပစ္June 16, 2012 at 12:32 PM

    အထြန္းေရ
    စပ္စုတဲ့ သနားၾကင္နာတဲ့
    ေႏြးေထြးတဲ့ ကူညီတတ္တဲ့
    မ်က္ဝန္းေလးနဲ႕ အထြန္းကို
    ၾကည့္သြားတယ္ေနာ္... :)

    ReplyDelete
  9. မ်က္လံုးဋီကာေပါ့.. မွတ္သြားတယ္ဗ်ာ..
    သူၾကီးမင္းကေတာ့ ၾကည့္မေနပါနဲ႔.. မ်က္တြင္းနက္တဲ့အထဲ ပါတယ္ေနမယ္.. :D

    ReplyDelete
  10. စန္းထြန္းေရ..
    ခုေလာေလာဆယ္ေတာ့၊
    အိပ္ငိုက္ေနတဲ့၊
    မ်က္၀န္းေလးေတြဘဲျဖစ္ေနတယ္။
    မ်က္တြင္းနက္နက္ေဟာက္ပက္ေလးေပါ့။

    ReplyDelete
  11. ဟုတ္တယ္ဗ်ာ..၊ မ်က္လံုးရဲ႕ ပံုသ႑န္ထက္ အဲဒီ မ်က္လံုးေတြထဲမွာ ျမင္ရတဲ့ ေႏြးေထြးမႈ၊ ခင္မင္ရင္းႏွီးမႈ၊ ကူညီတတ္မႈေတြကို ပိုၿပီး လိုလားေတာင့္တတယ္..။

    ReplyDelete
  12. ဟန္ၾကည္June 18, 2012 at 5:28 PM

    မ်က္လံုးဆိုတာ စိတ္ရဲ႕ျပတင္းေပါက္ကိုး စန္းထြန္းရဲ႕...အမူအယာကို ညာလို႔ရမယ္ မ်က္လံုးကိုေတာ့ ညာလို႔မရႏိုင္ဘူးလို႔ က်မ္းတစ္ေစာင္မွာ ဖတ္ဖူးတယ္...ဦးဟန္ၾကည္တို႔ အာရွသားေတြရဲ႕ မ်က္လံုးေတြထဲမွာ စာနာမႈ၊ ၾကင္နာမႈေတြပါတာ သေဘာက်ေပမယ့္ စပ္စုခ်င္စိတ္ေတြပါေနတာေတာ့ ဘ၀င္မက်ခ်င္ဘူး...ဒါေပမယ့္လည္း စပ္စုရင္းကေန ကူညီျဖစ္သြားတာက်ေတာ့ အားေပးသား...ေလာေလာဆယ္ေတာ့ စပ္စုၿပီး အတင္းတုတ္တာေတြခ်ည္းေတြ႕ေနလို႔ ေဒါကေတာ့ ခပ္ကန္ကန္ရယ္ း)

    ReplyDelete
  13. လွင်ပြင်လှိုင်းငယ် said...
    အခုမှပဲ မျက်ဝန်းအကြောင်းသိခွင့်ရတော့တယ်။ကျေးကျေးပါ
    June 15, 2012 at 11:08 PM
    AH said...
    ထပ်တူထပ်မျှ ခံစားရတယ်... မျက်ဝန်း နက်နက်လေးတွေ......
    June 16, 2012 at 4:04 AM
    Anonymous said...
    အပြစ်ကင်းစင်တဲ့ ... ၊ မာယာတွေ မရှိတတ်တဲ့ ...

    မျက်ဝန်းလေးတွေကို ကြည့်နေရတာကပဲ ...

    အတိုင်းအတာ တစ်ခုအထိ ပြည့်စုံနေခဲ့ပါတယ် ။
    June 16, 2012 at 4:34 AM
    သိ င်္ဂ ါ ရ said...
    အပြစ်ကင်းစင်တဲ့ ... ၊ မာယာတွေ မရှိတတ်တဲ့ ...

    မျက်ဝန်းလေးတွေကို ကြည့်နေရတာကပဲ ...

    အတိုင်းအတာ တစ်ခုအထိ ပြည့်စုံနေခဲ့ပါတယ် ။
    June 16, 2012 at 4:35 AM
    စံပယ်ချို said...
    သတိတရလာခဲ့တော့လဲမျက်ဝန်းလေးတွေအကြောင်းသိခဲ့
    ရပါတယ်စန်းထွန်းရေ
    June 16, 2012 at 6:47 AM
    သူကြီးမင်း (တုံးဖလား) said...
    မှန်ထောင်ကြည့်လိုက်ဦးမယ်။ ကိုယ့်မျက်လုံးက ဘယ်လို မျက်လုံး အမျိုးအစားထဲပါလဲလို့။

    မျက်လုံးသုတေသနလုပ်နေတာ ထင်တယ်။ စုံနေတာဘဲ။
    June 16, 2012 at 10:00 AM
    Anonymous said...
    ဒါဆို..သများမျက်လုံးက
    ဆိုးပေဘူးဘဲ :P


    ချစ်ခြင်းအားဖြင့်
    မိစံ
    June 16, 2012 at 10:06 AM
    ပစ်ပစ် said...
    အထွန်းရေ
    စပ်စုတဲ့ သနားကြင်နာတဲ့
    နွေးထွေးတဲ့ ကူညီတတ်တဲ့
    မျက်ဝန်းလေးနဲ့ အထွန်းကို
    ကြည့်သွားတယ်နော်... :)
    June 16, 2012 at 12:32 PM
    ကိုရင် said...
    မျက်လုံးဋီကာပေါ့.. မှတ်သွားတယ်ဗျာ..
    သူကြီးမင်းကတော့ ကြည့်မနေပါနဲ့.. မျက်တွင်းနက်တဲ့အထဲ ပါတယ်နေမယ်.. :D
    June 16, 2012 at 9:49 PM
    မီးမီးငယ် said...
    စန်းထွန်းရေ..
    ခုလောလောဆယ်တော့၊
    အိပ်ငိုက်နေတဲ့၊
    မျက်ဝန်းလေးတွေဘဲဖြစ်နေတယ်။
    မျက်တွင်းနက်နက်ဟောက်ပက်လေးပေါ့။
    June 17, 2012 at 1:29 PM
    ညီလင်းသစ် said...
    ဟုတ်တယ်ဗျာ..၊ မျက်လုံးရဲ့ ပုံသဏ္ဍန်ထက် အဲဒီ မျက်လုံးတွေထဲမှာ မြင်ရတဲ့ နွေးထွေးမှု၊ ခင်မင်ရင်းနှီးမှု၊ ကူညီတတ်မှုတွေကို ပိုပြီး လိုလားတောင့်တတယ်..။
    June 18, 2012 at 4:13 AM
    ဟန်ကြည် said...
    မျက်လုံးဆိုတာ စိတ်ရဲ့ပြတင်းပေါက်ကိုး စန်းထွန်းရဲ့...အမူအယာကို ညာလို့ရမယ် မျက်လုံးကိုတော့ ညာလို့မရနိုင်ဘူးလို့ ကျမ်းတစ်စောင်မှာ ဖတ်ဖူးတယ်...ဦးဟန်ကြည်တို့ အာရှသားတွေရဲ့ မျက်လုံးတွေထဲမှာ စာနာမှု၊ ကြင်နာမှုတွေပါတာ သဘောကျပေမယ့် စပ်စုချင်စိတ်တွေပါနေတာတော့ ဘဝင်မကျချင်ဘူး...ဒါပေမယ့်လည်း စပ်စုရင်းကနေ ကူညီဖြစ်သွားတာကျတော့ အားပေးသား...လောလောဆယ်တော့ စပ်စုပြီး အတင်းတုတ်တာတွေချည်းတွေ့နေလို့ ဒေါကတော့ ခပ်ကန်ကန်ရယ် း)
    June 18, 2012 at 5:28 PM

    ReplyDelete