19 May 2012
ရက်ကွက်ထဲမှာတော့ဗျာ - ၁၂
ဒီတပတ်တော့ စန်းထွန်းတယောက် အူစိုနေပါတယ်။ အမေကြော်ပေးလိုက်တဲ့ ငံပြာရည်ကြော်၊ မကြီးထည့်ပေးတဲ့ ဆီးသီးပေါင်း၊ မခိုင် ကားကြုံထည့်ပေးလိုက်တဲ့ ချဉ်ပေါင်ကြော်၊ သစ်တိုသီး ငါးပိချက်၊ ငါးပိထောင်း၊ ဆီးထုပ်၊ သရက်ပေါင်း... အောင်မလေး ပြောရင်းနဲ့တောင် စားချင်လာပြီ ရှလွတ်..။ ချဉ်ပေါင်ကြော်နဲ့ တီးတာ ထမင်း နှစ်ပန်းကန် ကုန်တယ်။ ချဉ်ပေါင်ကြော်မစားရတာ နှစ်ပေါက်နေပြီကိုး။ ကမ္ဘာပေါ်မှာ အရသာအရှိဆုံးက မြန်မာအစားအသောက်။ တကယ် ကြောတာ။ ရွှေပန်းပွင့်ဟင်းချို သောက်တာတောင် ပိုးကောင်နံ့ရတယ်ဆိုတဲ့ အမေရိကန်တွေ ငါးပိရေကျိုလို့ကတော့ အင်း...ထွက်ပြေးမှာ သေချာတယ်။
အခုလာမယ့် သောကြာနေ့မှာတော့ မိုင်းတယောက် အိုင်ဟိုင်းရိုးပြည်နယ် စင်စင်နာတီကနေ  မိုင်ရှစ်ရာ အဝေးမှာရှိတဲ့ ကနေဒါနိုင်ငံ Quebec ပြည်နယ်အောက်ဖက်က ဗာမွန်ပြည်နယ် ဘာလင်တန်ကို ပြောင်းရွှေ့ပါတော့မယ်။
A - San Htun, Louisville, Kentucky
B - Sunam, Cincinati, Ohio
C  - Mai Pham, Burlington, Vermont
D - Rama, Boston, Massachusetts
Burlington မြို့က Lake Champlain နားမှာ ရှိပါတယ်။ ဒီရေချိုကန်ကြီးက Lake Monster လို့နာမည်ကြီးပါတယ်။ ရေကန်ထဲမှာ အမျိုးအမည်မသိတဲ့ သတ္တဝါတကောင်တွေ့ခဲ့တယ်လို့ ၁၆၀၂ခုနှစ်ကတည်းက မှတ်တမ်းတင်ထားပါတယ်။ ခုထိလည်း တခါတရံ တွေ့ပါတယ်တဲ့။ ဘယ်လိုသတ္တဝါဆိုတာတော့ ခုထိ သေသေချာချာ ဂဃနဏ မသိသေးပါဘူး။
Lake Champlain
Lake Champlain Monster
မိုင်းက ခြောက်နှစ်ကြာမျှ  ဒိတ်ခဲ့တဲ့ ကျူဟိုင်းနဲ့ ရွှေလက်တွဲပါတော့မယ်။ ကျူဟိုင်းဆိုတာ ဗီယက်နမ်လို အန်ကယ်လို့ အဓိပ္ပါယ်ရပါတယ်။ မိုင်းက ကျုဟိုင်း (အန်ကယ်)လို့ ခေါ်ပြီး ကျူဟိုင်းက မိုင်းကို အန်းဟိုင် (အန်တီ)လို့ ခေါ်ပါတယ်။ နောက်ကွယ်မှာတော့ ဂျာရစ်လို့ ချစ်စနိုး ခေါ်ချင်ခေါ်မှာပေါ့လေ..:P။ မိုင်းက သူအင်္ဂလိပ်နာမည် ပြောင်းချင်လို့တဲ့။ ဘာဖြစ်လို့လဲဟ မိုင်းဖန်ဆိုတဲ့ နာမည်က လှသားပဲဟာကိုနဲ့ မိုင်းက အဆိုတင်သွင်းတာကို ဆူနမ်နဲ့ စန်းထွန်းက ကန့်ကွက်ပါတော့တယ်။ ကျူဟိုင်းနဲ့ လက်ထပ်ပြီးရင် ကျူဟိုင်းမိသားစုနာမည်ကို ပြောင်းရမှာမို့လို့တဲ့။ ဟုတ်တော့ဟုတ်သား Mai Lai မိုင်းလိုင်းဆိုတဲ့ နာမည်ကြီးက ရယ်စရာကြီး။ M နဲ့စပြီး Lai နဲ့လည်း လိုက်တဲ့ အင်္ဂလိပ်နာမည်လှလှလေး မိုင်းအတွက် ဝိုင်းရွေးပေးကြပါဦးနော်။
ကယ်လီဖိုးနီးယားက မင်္ဂလာဆောင်ကို  Asmita မန်ချေးတို့ နွှဲတဲ့ ဓာတ်ပုံတွေကို မြင်ရတော့မှ နီပေါတွေ ရွှေကြိုက်မှန်း သိတော့တယ်။ မန်ချေးဆိုတာ နီပါလီလို လူသားလို့ အဓိပ္ပာယ်ရပါတယ်။ ဆူနမ်က Asmita မန်ချေး ခေါ်တော့ ကိုယ်တွေလည်း မန်ချေးတာပေါ့။ အစိမ်းရောင်စလွယ်သိုင်းမှာပါတဲ့ ရွှေတုံးဆို တော်တော်လေးတာတဲ့။ ဒင်္ဂါးဝိုင်း ၃၂ ပြားကို သီထားတဲ့ ဆွဲကြိုးကို တွေ့တော့ ကိုယ်တွေမှာ အံ့တွေသြလို့ မလေးဘူးလားဟင်ပေါ့။ လေးတော့လေးတာယ် ဒါပေမယ့် မလေးဘူးတဲ့..:P ။ ပွဲလမ်းတွေမှာ ရွှေတွေ အတုံးလိုက်၊ အတစ်လိုက် ဝတ်ရတဲ့ဓလေ့ကို ဆူနမ်က နှာခေါင်းရှုံ့ပါတယ်။ ဒါပေမယ့် သူလည်း ဘာမှ မတတ်နိုင်ဘူး။
မွန်ဂိုလူမျိုးစုကနေ ဆင်းသက်လာတဲ့ Gurung စစ်သားမျိုးနွယ်မှာ ကိုယ်ပိုင်ဘာသာစကားရှိပြီး ၆၄ အုပ်စု ရှိပါတယ်။ ၄ အုပ်စုကိုတော့ အဆင့်မြှင့်အုပ်စုလို့ သတ်မှတ်ပါတယ်။  Which Gurung are you ? လို့ မေးတော့ ဆူနမ်က I don't know. I am Gurung.ပါတဲ့။ သူကိုယ်တိုင် ဘာ Gurung မှန်း မသိတဲ့ ဆူနမ်ပါ။ ဆူနမ်ပြဖူးတဲ့ Gurung ရိုးရာဝတ်စုံလေးပါ။
Gurung ‌တွေရဲ့ ရိုးရာဝတ်စုံ
မိုင်း ပြဖူးတဲ့ ဗီယက်နမ်ရိုးရာဝတ်စုံလေးပါ။ ခုခေတ်ကလေးတွေကတော့ ဒါလေးသာ ရိုးရာဝတ်စုံဖြစ်ရင် သိပ်မိုက်မှာပဲလို့ တွေးကြမလားမသိဘူး။
ဗီယက်နမ်ရိုးရာ ဝတ်စုံ
အဲဒီဝတ်စုံလေးက ပိုရှေးကျပေမယ့် အမြင်နည်းနည်းရိုင်းတယ်ထင်လို့ နိုင်ငံတကာပွဲတွေမှာ ဗီယက်နမ်ရိုးရာဝတ်စုံကို အထင်မသေးချင်တာကြောင့် အောက်ကဝတ်စုံလေးကိုပဲ ဗီယက်နမ်ရိုးရာဝတ်စုံအဖြစ် ရွေးချယ်လိုက်ခဲ့ပါတယ်တဲ့။ အဲဒီဝတ်စုံလေးက မဖော်ပေမယ့် လုံလုံခြုံခြုံနဲ့ ကျက်သရေရှိရှိ လှပတယ်လို့ ထင်မိပါတယ်။ ဖော်မှ ဆွဲဆောင်မှုရှိတာ မဟုတ်ပါဘူး။ အဲလို မဖော်တာကိုက ဖော်တာထက် ပိုဆွဲဆောင်မှုရှိနေပြန်တယ်။ 
ဗီယက်နမ်ရိုးရာဝတ်စံု
နီပေါမှာ Living God ဆိုတာ ရှိပါတယ်။  God ဝင်စားတဲ့ ကလေးမတွေဟာ အသက် ၂နှစ်ကနေ ၅ နှစ်ကြား ဖြစ်ပါတယ်။ ၃၂မျိုး စစ်ဆေးပြီး God အဖြစ် ရွေးချယ်ပါတယ်။ ဘုရားကျောင်းမှာ ခေတ်ပညာသင်၊ နတ်တွေ ပူဇော်ပသ ကုမာရီလုပ်ထုံးလုပ်နည်းတွေအရ နေရပါတယ်။  ယုံကြည်သူများက Kumari ကို ရှိခိုးကြပြီး ဆုတောင်းကြပါတယ်။ ပထမဆုံးရာသီသွေးလာတာနဲ့ ကုမာရီအဆင့်ကနေ လျှောကျပြီး နောက်ထပ် ကုမာရီတယောက် ရွေးချယ်ပါတယ်။ ကုမာရီကို ယုံကြည်ကိုးကွယ်သူတွေက ဆူနမ်တို့မျိုးနွယ်စု မဟုတ်ပါဘူး။ တခြားမျိုးနွယ်စုပါ။
ကုမာရီ
တနင်္လာနေ့ဆို Monday Blue ၊ သောကြာနေ့ဆို Friday ဆိုပြီး သူတို့နိုင်ငံသားတွေကတော့ ဘလူးနိုင်ကြပေမယ့် ကိုယ်တွေကတော့ မဘလူးနိုင်ပါဘူးဂျာ။ နိုင်ငံခြားသားဆိုတာ သူတို့လို နိုင်ငံသားတွေထက် ပိုကြိုးစားမှ ကိုယ့်နေရာလေး မြဲမှာမလား။ အလုပ်ကနေ ပြန်ရောက်ရင် ခေါင်းတွေ ပွင့်ထွက်သွားမလား ထင်ရအောင် ကိုက်နေတတ်တယ်။ ကိုယ့်အလုပ်ကလည်း ဘာမှ မလုပ်ရှားရဘူး။ ကွန်ပျူတာကြီးကို တနေကုန်ထိုင်ပြီး တစိမ့်စိမ့် ကြည့် ..စဉ်းစားရတာကိုး။
စလုံးရောက်မှ ဆံပင်သုံးချောင်းဖြူတော့ မကြီးက ဝမ်းသာအားရ ဖြစ်တယ်။ တသက်လုံး အသုံးမချခဲ့တဲ့ ငါ့ညီမခေါင်း ခုတော့ အသုံးချနေပြီ ဆိုပြီးတော့။ ညာဖက်အပေါ်မျက်ခွံလှုပ်ရင် ဘာဖြစ်လဲ မကြီးရေ ဆိုတော့ အဲဒါ လာဘ်တဲ့။ တပတ်နီးပါးလှုပ်နေတာ့ နင့်ဟာက လာဘ်မဟုတ်တော့ဘူး။ အာရုံကြောအားနည်းတာဖြစ်မယ်။ ဆေးသောက်ဆိုတော့မှ နူယိုပီယမ်အနီရောင် သောက်နေရတယ်။ မသိတဲ့သူတွေကတော့ စန်းထွန်းတယောက် ဘိုလေးတွေကို မျက်စပစ်ပြနေတယ်ထင်မယ်။ ဘယ့်နှယ့် ဘိုချောချောလေးတွေကို မျက်စမပစ်ဘဲ Gray Hair တွေကို မျက်စပစ်နေပါလိမ့်။  ကိုယ်တို့ဌာနမှာလည်း ပစ်စရာ Gray Hair တွေပဲ ရှိတာကိုး။
စလုံးရုံးမှာတုန်းက Single ဆိုလို့ ကိုယ်နဲ့ ထိန်ထိန် နှစ်ယောက်ပဲရှိတော့ ထိန်ထိန်က ဒီလို အကြံပေးတယ်။ စန်းစန်းရေ ဒီရုံးမှာတော့ ငါတို့စွံကိန်း မမြင်ဘူး။ ရည်းစားမရှိတဲ့ ကောင်လေးတွေများတဲ့ ရုံးကို ပြောင်းမှ ဖြစ်မယ်တဲ့။ ခုလည်း ဘိုချောချောလေးတွေရှိတဲ့ Thermal ၊ I & C ဌာနကို ပြောင်းလို့ရရင် သိပ်ကောင်းမှာပဲဂျာ..D။
စပိန်ကုမ္ပဏီ Initec Energia မှ MPX ကုမ္ပဏီအတွက် ဘရာဇီးတွင် တာဝန်ယူတည်ဆောက်ပေးသော Parnaiba ပရောဂျက်၊ ဂျာမန်ကုမ္ပဏီ Siemens မှ စင်္ကာပူတွင် တည်ဆောက်သော Tuas ပရောဂျက်အတွက် Celebration Lunch ကို မေ ၁၁ သောကြာနေ့က ရုံးမှာ ကျင်းပပါတယ်။ စင်္ကာပူအစားအစားတွေဖြစ်တဲ့ ကြက်ဆီထမင်း၊ ကြာဇံကြော်၊ တောင်အမေရိကအစားအစာတွေဖြစ်တဲ့ အရွက်စုံသုပ်၊ အာလူးကို မက်ရွန်းနစ်နဲ့သုပ်၊ ဘာပဲမှန်းမသိတဲ့ ပဲ၊ အသားကင်၊ အချိုပွဲအတွက် ချောကလက်ကိတ်၊ ငှက်ပျောသီးပေါင်းတွေ ကျွေးတာ စားကောင်းသဗျား။ ကြက်ဆီထမင်းကတော့ Americanzied ပြ ုထားတယ်။ ဆန်လုံးကြီးကြီးနဲ့။ မကျေပွဲ နှစ်ခေါက်နွဲတယ် ခင်ည..:P။
Singapore & Sourth American food
ကိုယ့်ကိုကိုယ် ပင်ပန်းတယ် အားမရှိဘူးဆိုပြီး စားတာများ Diet လုပ်နေတဲ့ အိမ်ရှင်တွေ မျက်လုံးပြူးတယ်။ တနေ့ကယ်လိုရီ ၅၀၀ စားပြီး Diet လုပ်နေတဲ့သူတွေ ရှေ့မှာ ကယ်လိုရီ ၅၀၀ရှိတဲ့ ကိတ်မုန့်တုံးကြီးကို မနက်စာအဖြစ် တထိုင်တည်း စားထည့်လိုက်လို့လေ။ သူ့သမီး ပင်ပန်းတယ်ဆိုလို့ အမေကလည်း  ပြောရှာတယ်။ စားသာစား သမီး။ အစားအသောက်ကို လုံးဝ မ‌ချွှေတာနဲ့။ အားရှိအောင်စားပြီး ကျန်းမာအောင် နေ။ သူငယ်ချင်းတွေဆီလည်း သွားလည်။ ပျော်အောင်နေတဲ့။ ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ အမေလဲ။ ဟုတ်ကဲ့ အမေ့စကား နားထောင်ပါတယ် ခင်ည။ Centrum အားဆေးသောက်ပြီး နင်းကန်စားနေပါတယ် ခင်ည။
အလုပ်နဲ့ အိမ်၊ အိမ်နဲ့အလုပ်၊ ဘယ်မှလည်း မသွားဘဲ၊ ဘာတွေလို့ မယ်မယ်ရရ ပြစရာမရှိဘဲ မအားတာများ အမေရိကန်ရောက်မှ အမေရိကန်အိုင်ဒေါ မကြည့်ဖြစ်တဲ့အဖြစ်။ ကျောပိုးအိတ်၊ Laptop၊ စာအုပ်တွေနဲ့ မနိုင်မနင်းဖြစ်နေတဲ့ စန်းထွန်းကို မနေနိုင်တဲ့ အတန်းဖော် Oyeyemi က San San, let me help you. လို့ ဆိုလာတော့ No. Thanks လို့ ငြင်းပါတယ်။ You become American. လို့ ဆိုလာတော့ ပြုံးမိသေးတယ်။ ရောမရောက်ရင် ရောမလို ကျင့်ရပါမယ်။ အားနွဲ့သူပါရှင် လုပ်လို့ မရပါဘူး။ ငါဟဲ့ မိန်းမ လုပ်ရပါမယ်။
နွေရောက်လာပြီမို့ နည်းနည်းပူလာပါပြီ။ နွေဦးတုန်းက ပန်းတွေနဲ့ မတူပြန်ဘူး။ သရက်ပွင့်နဲ့ တူပါတယ်။ အနံ့က တော်တော်မွှေးအီတယ်။
 နှင်းဆီးရဲရဲတွေလည်း လှတယ်။ ဒါပေမယ့် မမွှေးဘူး။
တနေတာရဲ့ အချိန်တော်တော်များများက ဒီနေရာကလေးမှာ ကုန်ဆုံးပါတယ်။ ကိုယ့်ရဲ  စိတ်၊ အတွေး၊ အချိန်တော်တော်များများကို ဒီနေရာလေးမှာ မြှပ်နှံပါတယ်။ စိတ်ပင်ပန်းမှုတွေ၊ တနေ့နဲ့တနေ့ မတူညီတဲ့ စိန်ခေါ်မှုအခက်အခဲတွေ၊ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်တွေ၊ ကိုယ့်ကိုကိုယ် ယုံကြည်မူတွေ၊ စာတွေ့နဲ့ မရနိုင်တဲ့ အသိညဏ်ပညာတွေကို  ဒီနေရာလေးမှာ မွေးဖွားပါတယ်။
အလုပ်ဝင်လို့ ၂လအကြာ တနေ့က Jerrod က Are you looking for full time job ? We can hire you. လို့ဆိုလာတော့ ဝမ်းသာသွားတယ်။ But...
It depends on project budget. ဆိုတော့ တဝက်ပဲ ဝမ်းသာလိုက်ရတယ်။ ခုက 1 year contract ။ တရုတ်ကြီး Peter ဆို ဒီရုံးမှာ လုပ်တာ ၁၅နှစ် ရှိပြီ။ တချို့တွေဆို အနှစ်၃၀ ရှိပြီတဲ့။ နောင်နှစ်စီးပွားရေကောင်းပါစေ။ HRSG  များများရောင်းရပါစေ။
တယ်တော်တဲ့ နာပါလား။ နာကွ...။ ကိုယ်ကိုကိုယ် ဒီလောက်တော်မှန်းတောင် မသိဘူးဆိုတော့ မကြီးက ပြုံးနေလေရဲ့။ အဖေသာ ကြားရင်တော့ စန်းထွန်းနှယ် သားအဖချင်းတောင် ကပ်ကြွားနေပြန်ပြီလို့ ပြောမှာ မြင်ယောင်သေး။
မရှိတော့လည်း ဒုက္ခ။ ရှိပြန်တော့လည်း ကုန်ပေါက်။ ကိုင်း ခြေထောက်ကို ဘီးတပ်ပေးလိုက်စမ်းမယ်။
ထိုင်ဝမ်တရုတ် လင်းကို တွေ့တော့
San Htun : လင်း ...HTC က ထိုင်ဝမ်ကုမ္ပဏီ မလား..
Peter မှ ဝင်ပြောသည် : ဟုတ်တယ်..
San Htun : HTC ကုမ္ပဏီ CEO  ပီတာချူး (Peter Chou) က မြန်မာကွ...
L. Tsai : ဟမ်..ဘယ်လိုဖြစ်တာတုန်း..
San Htun : သူက မန္တလေးမှာ မွေးပြီး တက္ကသိုလ် တက်ခဲ့တာ။ လွန်ခဲ့တဲ့ အနှစ်၂၀ကျော်က သူတို့မိသားစု ထိုင်ဝမ်ကို ပြောင်းသွားတာ။ အမေရိကားမှာ ကျောင်းတက်ပြီး ပြန်လာတော့ HTC ကုမ္ပဏီ CEO ဖြစ်လာတယ်။
HTC 's CEO  - Peter Chou ( burmese nationality)
နာတို့ မြန်မာနိုင်ငံသားက နင်တို့ ထိုင်ဝမ်က နာမည်ကြီး HTC ကုမ္ပဏီရဲ့ CEO ကွ..ဟာ..ဟ
စန်းထွန်းတယောက် ကွကို ကွပြီး မဆီမဆိုင် ဘလိုင်းကြီး ကြွားခဲ့ပါကြောင်း ..
စန်းထွန်း
မေ ၁၉၊ ၂၀၁၂။
24 comments:
  1. ရပ်ကွက်ထဲက အကြောင်းလေးတွေဖတ်သွားတယ်နော်... မြန်မာအနေနဲ့ ကြွားစရာလေးတွေရှိတာ ဂုဏ်ယူစရာဘဲ... :)
    ReplyDelete
  2. စန်းထွန်းရဲ့ ရပ်ကွက်ဖက်ကိုလည်းလာလည်ချင်ပါတယ်။
    ReplyDelete
    Replies
    1. ဗာမွန်ကို ရောက်ဘူးပါတယ်၊ နေလို့ကောင်းတဲ့နေရာလေးပါ၊ ဆောင်းတွင်းကလွဲလို့၊
      ပျော်ရွှင်ပါစေ။
      Delete
  3. ငါဟဲ့ မိန်းမ..... :)
    ReplyDelete
  4. အမေကြော်ပေးလိုက်တဲ့ ငံပြာရည်ကြော်၊လေးစားချင်ထှာဟယ်
    ReplyDelete
  5. လေ့လာရင်း ထီထိုးဖို့ နံပါတ်တစ်လုံးတော့ ရသွားတယ် 2334 ဒီနေ့ထိုးလိုက်အုံးမယ်
    ReplyDelete
  6. ဗီယက်နမ် ရိုးရာဝတ်စုံလေးကြိုက်သကွယ်.. ယဉ်ယဉ်ကျေးကျေးကလေး... စန်းထွန်းကလေးရဲ့ ရပ်ကွက်ထဲမှာ ကိုစောင့်စောင့်ဖတ်နေရတယ်.. နောက်တခါ ဘာများရေးဦးမလဲဆိုပြီးတော့လေ..
    ချစ်တဲ့
    မမဝသုန်
    ReplyDelete
  7. စိတ်ဝင်စားစရာလေးတွေ အများကြီးပဲ..
    ReplyDelete
  8. ဗာမွန်ကို ရောက်ဘူးပါတယ်၊ နေလို့ကောင်းတဲ့နေရာလေးပါ၊ ဆောင်းတွင်းကလွဲလို့၊
    ပျော်ရွှင်ပါစေ။
    ReplyDelete
  9. ဟန်ကြည်May 20, 2012 at 9:48 AM
    အိတ်တွေမနိုင်မနင်းလွယ်ပြီး အမေရိကန်စိတ်မွေးတဲ့အကြောင်း ဖတ်မိတော့ ပြုံးမိသလို သဘောလည်းကျမိပါသဗျား...ကိုယ့်ဆီမှာတော့ မိန်းကလေးဖြစ်ပြီဆိုရင်ကိုပဲ အခွင့်ထူးခံ လူတန်းစားလို့ ကိုယ့်ကိုယ်ကို ယူဆကြတော့တာကိုး...မှတ်မိသေးတယ် ဆေးရုံမှာစာသင်နေကြတုန်း လူနာတစ်ယောက်က စိတ်ဖောက်ပြီး အ၀တ်မပါဘဲနဲ့ စာသင်တဲ့ အဆောင်ထဲပြေးဝင်လာတော့ အားလုံးပြေးကြရတာပေါ့လေ...သူငယ်ချင်းမတစ်ယောက်က ဟန်ကြည် အဲဒီလူနာကို နင်သွားဆွဲလိုက်လေ...လို့ အချွန်နဲ့ မ ပါလေရော...ဟာ မလုပ်ပါနဲ့ဟ ဆိုတော့ နင်ကလည်း ယောက်ျားမဟုတ်တာကျလို့ တဲ့...
    သူငယ်ချင်းမကို စိတ်ပေါက်ပေါက်နဲ့ ပြန်ပြောမိပါရဲ့...ဟ ယောက်ျားလေးမှာလည်း အသက် စပယ်ယာပါတာမဟုတ်ဘူးဟ...ငါတို့မှာလည်း နင်တို့မိန်းကလေးတွေလို အသက်တစ်ချောင်းပဲ...လို့...
    ReplyDelete
    ReplyDelete
  11. ဟုတ်ပ.. ကိုအောင်ထွဋ်လိုပဲ စုံပလုံနေတော့ ဘာပြောရမှန်းမသိဘူး.. :D
    ခင်မင်လျက်
    နေ၀သန်
    ReplyDelete
  12. ဒေသန္တရဗဟုသုတအပြင် သူငယ်ချင်းတွေအကြောင်း၊ စန်းထွန်းရဲ့အပ်ဒိတ်၊ အမေ့ရဲ့ ငပိကြော်၊...အလုပ်တွေတဖက်နဲ့ အခုလို စုံစုံစေ့စေ့ကို အစမှအဆုံးတိုင် တစ်ထိုင်ထဲ ဖတ်မိနိုင်အောင် ရေးတတ်တဲ့ ညီမလေးကို တစ်ခု ပြောချင်ပါတယ်..။
    ReplyDelete
  13. ပိုစ့်တစ်ပုဒ်ထဲမှာ စုံအောင်ရေးနိုင်တာလည်း ပညာတစ်မျိုးပါဘဲလေ..
    ချစ်စရာလေးတွေ။
    ReplyDelete
  14. စကားမစပ်။
    ReplyDelete
  15. ရသအစုံပါတဲ့ ပိုစ့်လေးကို ဖတ်သွားတယ် စန်းထွန်းရေ
    ReplyDelete
  16. အထွန်းတပ်လိုက်တဲ့ ဘီးလေးကမိုက်သကွာ..
    ဂွတ်..
    ReplyDelete
  17. ကိုကိုမောင်(ပန်းရနံ့)May 23, 2012 at 2:03 PM
    ကိုယ်လဲ အိပ်ခ်ျတီစီ သုံးနေတာဆိုတော့ ကြံဖန် ဂုဏ်ယူလိုက်ဦးမယ်။း)
    ReplyDelete
  18. ဂျာရစ်လို့ဘူခေါ်တာလဲဟမ်း))
    ချစ်တဲ့
    ဒိုးကန်
    ReplyDelete
  19. ကိုလွင်ပြင်နဲ့  မဒိုးကန် ထီပေါက်ရင် တဝက်ဆိုင်တယ်နော်..:P
    ReplyDelete
    ReplyDelete
  21. HTC က ကမ္ဘာ့အကောင်းဆုံး
    ဂုဏ်ယူပါတယ် အစ်ကိုး))
    (ဗမာတွေ.ပေါ့သေးသေးတော့ဟုတ်ဘူးနော်း)
    ReplyDelete
  22. rose of sharon said...
    ရပ်ကွက်ထဲက အကြောင်းလေးတွေဖတ်သွားတယ်နော်... မြန်မာအနေနဲ့ ကြွားစရာလေးတွေရှိတာ ဂုဏ်ယူစရာဘဲ... :)
    May 19, 2012 at 11:08 PM
    မီးမီးငယ် said...
    စန်းထွန်းရဲ့ရပ်ကွက်ဖက်ကိုလည်းလာလည်ချင်ပါတယ်။
    ခဏခဏလေဆင်နှမောင်းတိုက်တာကိုတော့ကြောက်တယ်ဗျို့..။
    စီးတော်မြင်းချင်းတော့တူနေတယ်။
    တနေ့ကသူများကိုသွားအောင်းပစ်လိုက်ပြီလေ..။
    May 19, 2012 at 11:37 PM
    sosegado said...
    ဗာမွန်ကို ရောက်ဘူးပါတယ်၊ နေလို့ကောင်းတဲ့နေရာလေးပါ၊ ဆောင်းတွင်းကလွဲလို့၊
    တစ်ချို့ကပြင်သစ်လိုပြောကြတယ်၊ ပန်းတွေတစ်အားလှတယ်၊ ဘာဖါလို့ကို သွားလည်ပေါ့၊
    ပျော်ရွှင်ပါစေ။
    May 20, 2012 at 12:05 AM
    Anonymous said...
    ငါဟဲ့ မိန်းမ..... :)
    May 20, 2012 at 12:55 AM
    စံပယ်ချို said...
    အမေကြော်ပေးလိုက်တဲ့ ငံပြာရည်ကြော်၊လေးစားချင်ထှာဟယ်
    နီးရင်တောင်းစားပါတယ်-----
    ဂျက်တို့နားလဲ နိပေါတွေများတယ် နိပေါသူငယ်ချင်းလဲရှိတယ်
    ပန်းတွေ မ သွားပါကြောင်း
    May 20, 2012 at 2:12 AM
    လွင်ပြင်လှိုင်းငယ် said...
    လေ့လာရင်း ထီထိုးဖို့ နံပါတ်တစ်လုံးတော့ ရသွားတယ် 2334 ဒီနေ့ထိုးလိုက်အုံးမယ်
    ပေါက်ရင်မုန့်ဝယ်ကွေးမယ်နော် ဟိ
    May 20, 2012 at 3:05 AM
    ပျိုးယုဝသုန် (Pyo Yu Wathone) said...
    ဗီယက်နမ် ရိုးရာဝတ်စုံလေးကြိုက်သကွယ်.. ယဉ်ယဉ်ကျေးကျေးကလေး... စန်းထွန်းကလေးရဲ့ ရပ်ကွက်ထဲမှာ ကိုစောင့်စောင့်ဖတ်နေရတယ်.. နောက်တခါ ဘာများရေးဦးမလဲဆိုပြီးတော့လေ..
    ချစ်တဲ့
    မမဝသုန်
    May 20, 2012 at 6:49 AM
    အဖြူရောင်နတ်သမီး said...
    စိတ်ဝင်စားစရာလေးတွေ အများကြီးပဲ..
    နောက်လည်း ရေးပါအုံးနော်...
    ပုံလှလှလေးတွေလည်း ကြည့်လို့ကောင်းတယ်..(သိတယ်ဟုတ်...ပုံကြိုက်လေ..)
    May 20, 2012 at 7:05 AM
    sosegado said...
    ဗာမွန်ကို ရောက်ဘူးပါတယ်၊ နေလို့ကောင်းတဲ့နေရာလေးပါ၊ ဆောင်းတွင်းကလွဲလို့၊
    တစ်ချို့ကပြင်သစ်လိုပြောကြတယ်၊ ပန်းတွေတစ်အားလှတယ်၊ ဘာဖါလို့ကို သွားလည်ပေါ့၊
    ပျော်ရွှင်ပါစေ။
    May 20, 2012 at 9:11 AM
    ReplyDelete
  23. ဟန်ကြည် said...
    ကွန်မန့်ပေးရတာ လက်ဝင်လိုက်တာ ကိုစန်းထွန်းရယ်...ခင်ဗျားနှယ် နောက်ပါ့...အခါတိုင်းကလိုဆို ဘယ်လောက် အဆင်ပြေလိုက်လဲ...
    အိတ်တွေမနိုင်မနင်းလွယ်ပြီး အမေရိကန်စိတ်မွေးတဲ့အကြောင်း ဖတ်မိတော့ ပြုံးမိသလို သဘောလည်းကျမိပါသဗျား...ကိုယ့်ဆီမှာတော့ မိန်းကလေးဖြစ်ပြီဆိုရင်ကိုပဲ အခွင့်ထူးခံ လူတန်းစားလို့ ကိုယ့်ကိုယ်ကို ယူဆကြတော့တာကိုး...မှတ်မိသေးတယ် ဆေးရုံမှာစာသင်နေကြတုန်း လူနာတစ်ယောက်က စိတ်ဖောက်ပြီး အဝတ်မပါဘဲနဲ့ စာသင်တဲ့ အဆောင်ထဲပြေးဝင်လာတော့ အားလုံးပြေးကြရတာပေါ့လေ...သူငယ်ချင်းမတစ်ယောက်က ဟန်ကြည် အဲဒီလူနာကို နင်သွားဆွဲလိုက်လေ...လို့ အချွန်နဲ့ မ ပါလေရော...ဟာ မလုပ်ပါနဲ့ဟ ဆိုတော့ နင်ကလည်း ယောကျ်ားမဟုတ်တာကျလို့ တဲ့...
    သူငယ်ချင်းမကို စိတ်ပေါက်ပေါက်နဲ့ ပြန်ပြောမိပါရဲ့...ဟ ယောကျ်ားလေးမှာလည်း အသက် စပယ်ယာပါတာမဟုတ်ဘူးဟ...ငါတို့မှာလည်း နင်တို့မိန်းကလေးတွေလို အသက်တစ်ချောင်းပဲ...လို့...
    May 20, 2012 at 9:48 AM
    AH said...
    စုံလိုက်တာ စုံလိုက်တာ... ဘာပြောရမှန်းတောင်မသိတော့ဘူးဗျာ။ ရေးသမျှ အကုန်ဖတ်သွားပြီ....
    May 20, 2012 at 5:42 PM
    နေဝသန် said...
    ဟုတ်ပ.. ကိုအောင်ထွဋ်လိုပဲ စုံပလုံနေတော့ ဘာပြောရမှန်းမသိဘူး.. :D
    ခင်မင်လျက်
    နေဝသန်
    May 20, 2012 at 9:56 PM
    မြသွေးနီ said...
    ဒေသန္တရဗဟုသုတအပြင် သူငယ်ချင်းတွေအကြောင်း၊ စန်းထွန်းရဲ့အပ်ဒိတ်၊ အမေ့ရဲ့ ငပိကြော်၊...အလုပ်တွေတဖက်နဲ့ အခုလို စုံစုံစေ့စေ့ကို အစမှအဆုံးတိုင် တစ်ထိုင်ထဲ ဖတ်မိနိုင်အောင် ရေးတတ်တဲ့ ညီမလေးကို တစ်ခု ပြောချင်ပါတယ်..။
    ရက်ကွက်ထဲမှာတော့ဗျာ..ကို ဆက်ရေးပေးပါ...လို့..။
    May 22, 2012 at 1:20 AM
    ချော(အစိမ်းရောင်လွင်ပြင်) said...
    ပိုစ့်တစ်ပုဒ်ထဲမှာ စုံအောင်ရေးနိုင်တာလည်း ပညာတစ်မျိုးပါဘဲလေ..
    ရသအစုံ ခံစားရတာပေါ့ဟုတ်ဘူးလား
    ဟင်းတောင်မှ အမျိုးမျိုးရောစားရင် အလွန်အရသာရှိတာလေ...
    ပန်းလေးတွေ လှတယ် စန်းထွန်း .. သရက်ပွင့်နဲ့တူတယ်ဆိုတဲ့ဟာလည်း ဆောင်တော်ကူးပန်းနဲ့လည်း တူတယ်နော်။
    ချစ်စရာလေးတွေ။
    အလုပ်အသစ်၊ နေရာအသစ်မှာ အစစ အဆင်ပြေချောမွေ့ပါစေ စန်းထွန်းရေ....
    May 22, 2012 at 9:55 AM
    ချော(အစိမ်းရောင်လွင်ပြင်) said...
    စကားမစပ်။
    ဘာပန်းမှန်းမသိတဲ့ပန်းအဖြူ မွမွလေးတွေကို အရမ်းကြိုက်တယ်
    May 22, 2012 at 10:05 AM
    ချော(အစိမ်းရောင်လွင်ပြင်) said...
    ရသအစုံပါတဲ့ ပိုစ့်လေးကို ဖတ်သွားတယ် စန်းထွန်းရေ
    ဟင်းအစုံနဲ့ ထမင်းစားလိုက်ရသလို အရသာလည်း အစုံပါပါတယ်။
    နေရာအသစ် အလုပ်သစ်မှာ အစစ အဆင်ပြေချောမွေ့ပြီး စိတ်ချမ်းသာပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။
    May 22, 2012 at 10:06 AM
    ပစ်ပစ် said...
    အထွန်းတပ်လိုက်တဲ့ ဘီးလေးကမိုက်သကွာ..
    ဂွတ်..
    May 22, 2012 at 3:56 PM
    ကိုကိုမောင်(ပန်းရနံ့) said...
    သူ့ရပ်ကွက်ထဲ လာရတာ စုံနေတာဘဲ။
    ကိုယ်လဲ အိပ်ချ်တီစီ သုံးနေတာဆိုတော့ ကြံဖန် ဂုဏ်ယူလိုက်ဦးမယ်။ း)
    May 23, 2012 at 2:03 PM
    မဒမ်ကိုး said...
    ဂျာရစ်လို့ဘူခေါ်တာလဲဟမ် း))
    မဆီမဆိုင်တိုတိုထိုးဖို့ စန်းထွန်းရဲ့ တူးသရီးသရီးဖိုးကိုမသွားဘီဝေးးး
    ချစ်တဲ့
    ဒိုးကန်
    May 23, 2012 at 9:26 PM
    San San Htun said...
    ကိုလွင်ပြင်နဲ့ မဒိုးကန် ထီပေါက်ရင် တဝက်ဆိုင်တယ်နော်..:P
    May 23, 2012 at 10:31 PM
    ...အလင်းစက်များ said...
    အမေရိကားရောက်ရင် အချိန်တွေ ပိုရှားပါးသွားကြသလိုပဲနော်။ ဘာပဲဖြစ်ဖြစ် ကယ်လိုရီ ၅၀၀ မကလို့ ၈၀၀ လောက် တစ်ထိုင်ထည်း စားလည်း ကိုယ်က ဘန်းနေတာပဲကို။ စိတ်ထဲ မထားနေနဲ့ အဆင်ပြေအောင်သာ စားပေရော။
    အစ်ကိုရေ ကျန်းမာရေး ဂုစိုက်နော် :D
    May 25, 2012 at 12:05 AM
    Anonymous said...
    HTC က ကမ္ဘာ့အကောင်းဆုံး
    နံပါတ် ဆယ့်တစ်တဲ့ဗျား
    ဂုဏ်ယူပါတယ် အစ်ကို း))
    (ဗမာတွေ.ပေ့ါသေးသေးတော့ဟုတ်ဘူးနော် း)
    May 28, 2012 at 7:35 AM
    ReplyDelete