14 April 2012
ရက်ကွက်ထဲမှာတော့ဗျာ - ၁၀
စန်းထွန်းတယောက် အရင်လို ဖလမ်းဖလမ်းမထနိုင်၊ ဘလော့လည်း မဂင်းနိုင်။ ပျောက်ချက်သား ကောင်းနေလိုက်တာ ဘာတွေများ အလုပ်များနေပါလိမ့်။
သတင်းကောင်းဗျို့ စန်းထွန်းတယောက် အလုပ်ရသွားပါပြီ။ မနက် ၉ နာရီလောက်ကနေ ညနေ ၆နာရီအထိ လာသမျှ အင်တာဗျူး ဖုန်းတွေဖြေ၊ အင်တာဗျူးဖြေဖို့ စာတွေဖတ်၊ ဗီဒီယိုနဲ့ ဗျူးမယ်ဆိုရင် ကုတ်အင်္ကျီလေး ပြေးဝတ်။  အပေါ်ကတော့ ကုတ်အင်္ကျီ၊ အောက်က အိမ်နေရင်း ဘောင်းဘီနဲ့ Formal Dress ယောင် ဆောင်ပါတယ် ခင်ည။ ဒီကြားထဲ Face to Face Interview တချို ့က လေယာဉ်၊ ဟိုတယ်စရိတ် အကုန်ခံပေးတဲ့ ကုမ္ပဏီတွေလည်း ရှိရဲ့၊ ခရီးစရိတ်မပေးဘဲ ကိုယ့်စရိတ်နဲ့ ကိုယ်လာဆိုတဲ့ ကုမ္ပဏီမျိုးလည်း ရှိရဲ့။
Louisville, Kentucky
အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့မှာ စာမေးပွဲသွားဖြေ၊ အဖြေလွှာကို ကန်တက်ကီပြည်နယ် လူးဝစ်ဗီမြို့က ရုံးဆီ ဖက်စ်နဲ့ပို့၊ နာရီဝက်လောက် ဖုန်းနဲ့ဗျူးပြီး ၂ရက်အကြာမှာ  Face to Face Interview ခေါ်ပါတယ်။ စင်စင်နာတီကနေ ၂ နာရီ ဝေးတဲ့ လူးဝစ်ဗီကို ဘတ်စ်ကားနဲ့ သွား။ ၃နာရီလောက် ကုမ္ပဏီက လူကြီးမင်း ၄ယောက်နဲ့ ဗျူးပြီး တပတ်အကြာမှာ Offer ရပါတယ်။ ပထမဆုံး  Face to Face Interview ပါ။ တပတ်အတွင်း အိမ်အပူတပြင်း လိုက်ရှာ။ ကျောင်းကနေ မိုင်းဆီကို လာပြီး အလုပ်ရှာတဲ့ ဖေဖေါ်ဝါရီ ၁၀ကနေ တလတင်းတင်းပြည့်တဲ့ မတ်လ ၁၀မှာတော့ ကန်တက်ကီပြည်နယ် လူးဝစ်ဗီမြို့ဆီ ပြောင်းရွှေ့ရပြန်တယ်။
စန်းထွန်း အလုပ်ရှာနေမှန်း ဘလော့ဖတ်ရင်း သိရလို့ Resume တင်ပေးတဲ့ နယူးယောက်က ကိုထွန်းထွန်းဝင်း၊ မမီမီအောင်၊ MUM မှ စီနီယာများဖြစ်တဲ့ တီချယ်သူဇာ၊ သဲသဲအေး၊ Nga ၊ Lorenza ၊ Eden ၊ ဘော်ဒါတွေဖြစ်တဲ့ Samneng Sheng ၊ Ahbishek Hada ၊ Andrew Gurung ၊ Ganga Bohara၊ အနီးကပ် ကူညီပေးတဲ့ ဆူနမ်၊ မိုင်း၊ ရာမား၊ အလုပ်ကောင်းကောင်းရအောင် ဆုတောင်းပေးခဲ့ကြတဲ့ မိတ်ဆွေသူငယ်ချင်းများ၊ ဘလော့ဂါ မောင်နှမတွေ၊ တိုးတိုးတိတ်တိတ် ဆုတောင်းပေးသွားသူတွေ ကျေးဇူးတင်ပါတယ်။
အင်တာဗျူးကအပြန် ဘတ်စ်ကားစီးမယ့်အချိန် စောနေသေးလို့ မြို့ထဲ လမ်းသလားရင်း ဟိုရိုက်ဒီရိုက်ထားတဲ့ ပုံလေးတွေပါ။ ကန်တက်ဂီပြည်နယ်ရဲ့ မြို့တော်က Frankfort ဖြစ်ပေမယ့် လူးဝစ်ဗီမြို့က အကြီးဆုံး။ လက်ဝှေ့ကျော် မိုဟာမက်အလီရဲ့ မြို့ဖြစ်ပြီး မြင်းပွဲ Derby တွေရှိတယ်။ ရာသီဥတုအပြောင်းအလဲမြန်ပြီး လေထန်တယ်။ တော်နေဒိုး များတယ်။ နွေရောက်ပြီမို့ ၁နာရီ အချိန်တိုးလိုက်တာ EST (Eastern Standard Time) စံတော်ချိန်အရ စင်္ကာပူနဲ့ တူသွားပါပြီ။ မနက်နဲ့ ညပဲ ကွာတယ်။ အိုင်အိုဝါပြည်နယ်ကတော့ CST(Central Standard Time) Zone မှာ ရှိတာမို့ EST ထက် ၁နာရီ နောက်ကျတယ်။
တလအတွင်း တော်နေဒိုး ၂ခါ ကြုံပြီးပြီ။ တခါက စင်စင်နာတီမှာ။ မိုးမှောင်နေပြီး လျှပ်စီးတွေလက်လို့ ရာသီဥတုခန့်မှန်းချက် ကြည့်တော့ လား..လား တော်နေဒိုးက စင်စင်နာတီရှေ့မှာ ရောက်နေပြီ။ Siren မြည်လာလို့ နွေးနွေးထွေးထွေးဝတ်၊ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ကျောပိုးအိတ်ထဲထည့်ပြီး အသင့်ပြင်ထားရတယ်။ ဆူနမ်နဲ့မိုင်းက ရုံးမှာ။ အိမ်မှာ ကိုယ်တယောက်တည်း ကြောက်လိုက်တာ လက်တောင်တုန်တယ်။ မိုင်းက ဖုန်းဆက်လာတယ်။ လေထန်လာရင် အလုံပိတ် ပြတင်းပေါက်မရှိတဲ့ ရေချိုးခန်းထဲ ဝင်နေဖို့။ အင်ဒီယားနားပြည်နယ်မှာတော့ လူ၂ယောက် သေတယ်ကြားတယ်။ နောက်တခါကတော့ ရုံးမှာ။ တော်နေဒိုးသတိပေးချက်ရှိလို့ အောက်ထပ်ဆင်းပါလို့ ကြေငြာတော့ အောက်ထပ်ဆင်းပြီး
 မြေအောက်ထပ်တံခါးနားမှာ  နေရတယ်။
ကုမ္ပဏီက လျှပ်စစ်ဓာတ်အားထုတ်တဲ့ Power Plant တွေအတွက် နည်းပညာ၊ စက်ပစ္စည်းရောင်းတဲ့ကုမ္ပဏီဆိုတော့ စန်းထွန်းတယောက် Boiler ၊ Thermal ၊ Pipe ၊  Evaporator ၊ Economizer ၊ Super Heater ၊ Cooler ဆိုတဲ့ အသုံးအနှုန်းတွေကြား မျက်လုံးလေး ကလည်ကလည်။ ပင်ပန်းလို့ ဘလော့ကိုတောင် ဖုန်မခါနိုင်တာ ကြည့်တော့။ စန်းစန်း နင့်ရှေ့မှာ ၂ ယောက်ဖြုတ်ထားတယ်၊ သတိထား ကြိုးစားပြီးလုပ်လို့ တူရကီလေး Mustafa က သတိပေးလာတဲ့နေ့ကဆို စိတ်ဖိစီးပြီး နေမကောင်းချင်တောင် ဖြစ်တယ်။
ရုံးက လူတွေက ညနေ၅နာရီကျော်ရင် မြို့ထဲမသွားနဲ့။ Not Safe လို့ဆိုလာတော့ အင်တာဗျူးလာဖြေတုန်းက ညနေ ၆နာရီလောက် မြို့ထဲဖလမ်းဖလမ်းထခဲ့တာကို တွေးမိပြီး  ကြောက်လိုက်တာ။ အဲဒီတုန်းက ကြောက်ဘူး။ မသိလို့ကိုး။ ရုံးရှိတဲ့ အရှေ့ဖက်ခြမ်းရယ်၊ အိမ်ရှိတဲ့ တောင်ဖက်ခြမ်းရယ်က လုံခြုံတယ်လို့ ဆိုပါတယ်။
Sweet fragrance, soft breeze & sunshine. What's a lovely Spring !
နွေဦးရောက်ပြီမို့ အရာရာစိမ်းလန်းဝေဆာပြီး ပန်းပွင့်တွေနဲ့ လှနေပါတယ်။ အိုင်အိုဝါပြည်နယ်မှာ မတွေ့ခဲ့ရတဲ့ ပန်းဖြူဖြူတွေ နေရာတိုင်း တွေ့ရတယ်။ အဲဒီပန်းဝတ်မှုန်တွေ အလာဂျီဖြစ်တယ်။ အိမ်ရှင်လာကြိုတာကို စောင့်ရင်း ရုံးနားတဝိုက်က အပင်တွေကို စန်းထွန်းတယောက် လက်စွမ်းပြထားပါတယ်။
ကားတွေမှာ အလံလေးတွေ ထောင်ထားတော့ ဘာပါလိမ့်လို့ စပ်စုကြည့်တော့ ကောလိပ်ကျောင်းပေါင်းစုံ ဘတ်စကက်ဘောပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ မြို့ခံပြိုင်ဖက်အသင်း၂သင်းဖြစ်တဲ့ UK (University of Kentucky) နဲ့ Louisville Cardinals အသင်းတွေ့ကြပြီး အနိုင်ရတဲ့ အသင်းက ဖိုင်နယ်တက်မှာမို့ အကြိတ်အနယ်ရှိလှပါတယ်။ UK ပရိသတ်တွေက အပြာရောင်၊ Cardinals ပရိသတ်တွေက အနီရောင် အလံလေးတွေ ကားမှာထောင်ပြီး သူတို့ဟာ ဘယ်အသင်းရဲ့ ပရိသတ်ပါလို့ ပြပါတယ်။ UK က ဗိုလ်လုပွဲ တက်သွားပါတယ်။
မန်နေဂျာ David Schnell က မြောက်ပိုင်းကျပြီး အေးတဲ့ မစ်နီဆိုးတားပြည်နယ်က။ သူတို့ပြည်နယ်မှာတော့ ရေခဲပြင်ဟော်ကီက ပေါ်ပြူလာ။ အိုင်အိုဝါပြည်နယ်က William Green ကတော့ Football ပရိသတ်။ လေလုံးခြောက်ဖက် လူထွားထွားကြီးတွေ တယောက်နဲ့တယောက် တိုက်ပြီးလုကြတဲ့ အမေရိကန်ဘောလုံး ကစားနည်းကိုတော့ ခုထိ နားမလည်းသေးပါဘူး။ သူတို့ကလည်း တွေးမှာပဲ လူအယောက်၂၀ကျော်က ဘောလုံးလေးတလုံးကို ဝိုင်းလုနေတဲ့ Soccer လို့ ခေါ်တဲ့ အင်္ဂလိပ်ဘောလုံးကစားနည်းက ဘာလဲဟလို့။
Ice Hockey
American Football
ဒီမြို့သူမြို့သားများက အိုးမိုင်ဂေါ့ဒ် အစား အိုးမိုင်ဂါ့ရှ်လို့ ပြောပါတယ်။ ကန်တက်ဂီလေသံထင်နေတာ မဟုတ်ရပါဘူးတဲ့။ ကိုးကွယ်တဲ့ ဘာသာပေါ်မူတည်ပြီး အသံထွက် ကွဲသွားတာပါတဲ့။ တောင်ပိုင်းရောက်လေလေ အိုးမိုင်ဂေါ့ဒ် အစား အိုးမိုင်ဂါ့ရှ် ဆိုတာပဲ ကြားရပါလိမ့်မယ်တဲ့။
ကားမရှိ၊ သူငယ်ချင်းလည်း မရှိ၊ ရုံးနဲ့ အိမ်၊ အိမ်နဲ့ရုံး၊ တပတ်တခါ Wall Mart မှာ ဈေးဝယ်၊ ချိုတဲ့ အမေရိကန်စာတွေလည်း မစားနိုင်လို့ ကိုယ်ချက်မှ ကိုယ်စားရတဲ့ဘဝ။ တလအကြာ Good Friday ရုံးပိတ်ရက်မှာတော့ မိုင်း၊ ဆူနမ်တို့ဆီ သွားလည်ဖြစ်ပါတယ်။ Shopping ထွက်၊ တယောက်တလှည့် ဒကာခံ  အတိုးချပြီး ပျော်ခဲ့တယ်။ မိုင်းက ဗီယက်နမ်ဆိုင်မှာ ကျွှေးမယ်ဆိုလို့ မြို့ထဲဆီ ချီတက်ကြပါတယ်။ လူမည်းတွေ အများကြီးထိုင်နေတာတွေ့လို့ ကြောက်ကြောက်နဲ့ ဗလတောင့်တဲ့ ဆူနမ်နား မိုင်းနဲ့ စန်းထွန်း နှစ်ကောင်သား ကပ်နေကြတယ်။
Andrew Gurung နေတဲ့ တန်နန်စီပြည်နယ်က Memphis မြို့ဆိုရင် second dangerous city in US ။ သူ့အိမ်ကနေ နာရီဝက်လောက်အဝေးအရပ်မှာ ည၉နာရီကျော်ရင် တယောက်တည်း မထွက်ပါနဲ့တဲ့။ အမည်းတွေနဲ့ မက်ဆီကန်တွေက တွေ့ရင် ချကြတာ။  အာရှသားတွေ ရုပ်က မက်ဆီကန်နဲ့တူတော့ ရောယောင်ပြီး အပစ်ခံရနိုင်လို့ပါတဲ့။ ယောကျ်ားလေးလည်း ယောကျ်ားလေးအလျောက်၊ မိန်းကလေးလည်း မိန်းကလေးအလျောက် အသက်ကို ညဏ်စောင့်ရပေသကိုး။
ဗီယက်နမ် ကော်ပြန့်စိမ်း၊ ဖော်လို့ ခေါ်တဲ့ နာမည်ကြီး စွပ်ပြ ုတ်၊ ခေါက်ဆွဲသုပ် တီးခဲ့တယ်။ ဗီယက်နမ်စာတွေက မြန်မာပါးစပ်နဲ့ ပေါ့တယ်။ စွပ်ပြုတ်ထဲကို အမွှေးနံ့သာ ၂၀မျိုး ထည့်ရတယ်၊ အရောင်ကလည်း ကြည်နေပြီး ဆီမဝေ့နေရပါဘူးလို့ မိုင်းက ရှင်းပြပါတယ်။ ဆော့စ်မထည့်ဘဲ ဒီအတိုင်းစားတဲ့ ဆူနမ်ကို ကြည့်ပြီး မိုင်းက ဗီယက်နမ်စာကို ဖျက်ဆီးတယ်လို့ ဆိုပါတယ်။ ခေါက်ဆွဲမှာ ဘာအရသာမှ မရှိဘဲ ဆော့စ်ထည့်မှ အရသာရှိမှာကို ဒီအတိုင်းစားတဲ့ ဆူနမ်ကို  ဘယ်လိုမှပြောမရလို့ မိုင်းနဲ့စန်းထွန်းမှာ သက်ပြင်းတွေချ။ အလုပ်ရရင် မုန့်ကျွှေးမယ်လို့ ကတိပေးထားသူတွေကို ဘလော့ကနေ ကျွှေးလိုက်ပြီ။ အားမနာနဲ့ အဝစား။
Sigon Market Shop ကို ဝင်တော့ မြောင်းမြဒေါ်ချို မုန့်ဟင်းခါးထုပ်တွေ့လို့ ဝမ်းသာအားရနဲ့ ဝယ်ခဲ့သေးတယ်။ ဆိုင်ရှင်ကို မေးကြည့်တော့ ဗမာနည်းနည်းရှိတယ်တဲ့။ Telephone ကျောက်ကျောမှုန့်ထုပ် ဝယ်ပြီး ကျောက်ကျောကျိုတယ်။ နည်းမသိလို့ Google မှာ ရှာတော့ အများကြီးတွေ့တယ်။ Thet Nandar Family ရဲ့ နည်းက လွယ်တော့ အဲဒီအတိုင်း လုပ်လိုက်တာ သကြားများသွားလို့ချိုတာလေးကလွဲရင် အကုန်ဆင်ပြေတယ်။ ဆူနမ်ကတော့ လုံးဝမစား။ အိမ်ရှင်အမေရိကန်မကတော့ ကြိုက်တယ်။
စန်းထွန်းတယောက် ဖက်ထုပ်လုပ်မဟဲ့ဆိုပြီး ကိုရီးယားဆိုင်က ဖက်ထုပ်ဖက်ဝယ်၊ ဝက်သားကြိတ်သားကို ကြက်သွန်ဖြူ၊ ဂျင်းတွေ နယ်ပြီး ဖက်ထုပ်လုပ်တာ  အမြင်မတော်လို့ ဖက်ထုပ်လုပ်နည်း အိမ်ရှင်က ပြသွားတယ်။ သူပြတော့လည်း လွယ်လွယ်လေးနဲ့ လှလှပပ ဟုတ်သား။ ဂျပန်မှာ ၁နှစ်ခွဲ နေခဲ့ဖူးတဲ့ အိမ်ရှင်အမေရိကန်မက ပိတ်ရက်မှာ သူ့ အိမ်ရှင် ဂျပန်မိသားစုနဲ့ ဖက်ထုပ်တွေ လုပ်စားတာ သိပ်ပျော်ဖို့ကောင်းဆိုပဲ။ ဂျပန်ဖက်ထုပ်လုပ်နည်းအကြောင်း နည်းပေးနေသေးတယ်။ အာရှသူကို အမေရိကန်သူက ဖက်ထုပ်လုပ်နည်း သင်ပေးနေတဲ့အဖြစ်။
မဝယ်ဘဲနဲ့ဗီယက်နမ်ဦးထုပ်တွေဆောင်းပြီး ဓာတ်ပုံရိုက်ခဲ့ကြတယ်။  မိုင်းအမေဆို မိုင်းတို့ငယ်ငယ်တုန်းက အပြင်သွားတိုင်း အဲဒီခမောက်လေးဆောင်းပြီး သွားတာတဲ့။ ခုတော့ မဆောင်းကြတော့ပါဘူး။ ဗီယက်နမ်ရဲ့ အမှတ်အသားလေးအဖြစ် ကျန်ရစ်ခဲ့တယ်။ စတိတ်ကိုလာတုန်းက ဟောင်ကောင်မှာ လေယာဉ်ပြောင်းတော့ တချို့ခရီးသည်တွေမှာ အဲဒီခမောက်လေးတွေ ဝယ်လာတာတွေ့တယ်။ ဗီယက်နမ်က ပြန်လာတာနေမှာ။
လက်ထဲမှာ မြောင်းမြဒေါ်ချို မုန့်ဟင်းခါးထုပ်
စင်္ကာပူမှာ တနှစ်ခွဲလုပ်ခဲ့တာ ၆၀၀ကျော်ပဲ အခွန်ဆောင်ခဲ့ရပြီး စတိတ်မှာ တလ ထောင်ကျော်ဆောင်ရတော့ စန်းထွန်းခမျာ ဟိုက်ခနဲ ဖြစ်သွားရှာတယ်။ မိုင်းတို့လည်း ဒီလိုဆောင်ရတယ်ဆိုတော့မှ ကိုယ်တယောက်တည်း ဆောင်ရတာမှ မဟုတ်တာလေဆိုပြီး စိတ်ဖြေရတယ်။ ကျောင်းမှာတုန်းက ကားကို Dealer ဆီမှာ သွားရောင်းတော့ ၂၀၀ပဲ ပေးမယ်ဆိုတုန်းကရယ်၊ အခုတခါရယ် ထမင်းတောင် စားမဝင်ဘူး။ အဲ မုန့်တော့ အများကြီး စားတယ်။
အလုပ်ဝင်တာလည်း တလပြည့်ပြီ။ ကိုယ့်နာမည်ကိုလည်း စာရွက်လေးနဲ့ ကပ်ထားရာကနေ သေသေချာချာ ဆိုင်းဘုတ်လေးတပ်သွားပြီ။ Orientation တက်ရမယ့် ၁၂ ယောက်ထဲမှာလည်းပါတယ်ဆိုတော့ နည်းနည်းစိတ်အေးသွားပြီ။ Orientation က ၉ကြိမ် တက်ရမှာပါတဲ့။ သောက်ကျိုးနဲ  များလိုက်တဲ့ Orientation ။ ၂၀၀၇ MICT Park အဲယားကွန်းခန်းထဲမှာ ချွှေးပြိုက်ပြိုက်ကျအောင် ဖြေခဲ့ရတဲ့ NUS ဝင်ခွင့် စာမေးပွဲ၊ မနက် ၉ ၄၅ ကနေ ညနေ ၄နာရီအထိ နေ့လည်စာလွတ် ဖြေခဲ့ရတဲ့ ပရော်ဖက်ဆာ Najeeb ရဲ့ Distributed Computing ဘာသာစာမေးပွဲ၊ ၆ကြိမ်တိတိဖြေခဲ့ရတဲ့ ကားမောင်းလိုင်စင်နဲ့အတူ ဒီ Orientation ကလည်း စာရင်းဝင်သွားပြီ။
Boiler ၊ Research & Development Central Engineering ၊ Finance ၊ Project Management ၊ Engineering ၊ Quality Education၊ Sales & Marketing ၊ Supply Management ၊ CAR Training ၊ Aftermarket တခုမှ နာနဲ့ မဆိုင်ဘူး။ မတက်ရင်ရလားဆိုတော့ မရပါဘူးတဲ့။ မန်နေဂျာရဲ့ လက်မှတ်ပါမှ မတက်လို့ ရပါတယ်တဲ့။ စင်္ကာပူရုံးမှာတုန်းကတော့ IT Department တခုလုံး  နိုင်ငံခြားသားတွေ ။ ဒီရုံးမှာတော့ အာရှသားဆိုလို့ လက်ချိုးရေလို့ ရတယ်။ ကိုယ့်ကိုကိုယ် IT Department ကလို့ ထင်နေတာ Central Engineering Department ကပါတဲ့။
Distance Education လည်း စပြီ။ အပတ်တိုင်း Assignment တွေတင်ရမယ်၊ ၁လခွဲမှာ Midterm Exam ၊ ၃လဆိုရင် Final Exam ဖြေရမယ်။ ဝယ်ရင် ၁၀၀ကျော်ပေးရတယ့် Operating System စာအုပ်ကို မဝယ်ချင်လို့ နည်းလမ်းရှာဖွေနေတာ eBay ကနေ ၄လကို ၄၀ နဲ့ ငှားလို့ရမှန်း William က သတင်းပေးပါတယ်။ စာအုပ် ၁၀၀ဆိုတော့ အင်တင်တင်ရယ် Shopping များ ၁၀၀ဆိုလို့ကတော့ အင်း ကွာပါ့။ ကျောင်းမှာတုန်းကတောင် ပရော်ဖက်ဆာတွေ အတင်းတွန်းသင်တာတောင် အိပ်ငိုက်တာနဲ့၊ စာမလုပ်ချင်တာနဲ့ရယ်။ ခုလို ပရော်ဖက်ဆာတွေ အဝေးမှာ၊ အလုပ်ကတဖက်နဲ့ ဆိုတော့ စာမေးပွဲဖြေခါနီးမှ အသည်းအသန်လုပ်ကြပါရောလား။
ဒီရက်ကွက်ထဲမှာတော့ဗျာကတော့ ကျောင်းအကြောင်း မဟုတ်ဘဲ ခုနေတဲ့ရက်ကွက်ထဲက အကြောင်းတွေကို ဆက်ရေးသွားမယ် ကြံစည်ထားပါတယ်။ သြော် ဘာလိုလိုနဲ့သြင်္ကန်ရေမစိုတာတောင် ၂နှစ်ရှိပြန်ပြီ။
ဗွမ်း..ဗွမ်း..ဗွမ်း
နှစ်သစ်ကူး အတာသြင်္ကန်ပွဲတော်မှာ ဘလော့ကြွလာတဲ့ မိတ်ဆွေအားလုံးကို ဘလော့ပေါ်ကနေပဲ ရေလောင်းလိုက်ပြီ။
စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် မင်္ဂလာရှိသော နှစ်သစ်လေး ဖြစ်ပါစေ။
စန်းထွန်း
ဧပြီ ၁၄၊ ၂၀၁၂။
20 comments:
  1. စန်းထွန်းရေ
    Congratulation
    ReplyDelete
  2. အလုပ်ရပြီဆိုတော့ ပျော်စရာကြီးပေါ့ဗျာ....။
    ReplyDelete
  3. congrats! congrats!
    ReplyDelete
  4. အလုပ်ရရင် ကြီးသူတွေကို အရင်ဆုံး ဝယ်ကျွေးပြီး ကန်တော့ရတယ် စန်းစန်းရဲ့ :P
    Congratulation !!!
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  5. Congratulation...
    သတိထားပေါ့ နော်..။
    ReplyDelete
  6. အထွန်း
    Fighting !!!!!!!!
    ခင်တဲ့ pigpig
    ReplyDelete
  7. ဟန်ကြည်April 15, 2012 at 7:09 AM
    ReplyDelete
  8. အလုပ်ရသွားပြီ ဆိုလို့ ဝမ်းသာပါတယ်... အလုပ်ရတဲ့ အထိမ်းအမှတ် ဘာမှ မစားရလို့ တော့ ဝမ်းမသာပါဘူး... ရပ်ကွက်ထဲက သတင်းကတော့ စုံနေတာဘဲ ဖတ်လို့ ကောင်းတယ်...
    ReplyDelete
  9. မင်္ဂလာသတင်းလေးနှစ်သစ်မှာကြားရလို့ ဝမ်းသာပါတယ်စန်းထွန်းရေ။
    အိုင်အိုရာ
    ReplyDelete
  10. Congrats ပါ ညီမစန်းထွန်း..!!
    ReplyDelete
  11. အလုပ်ရသွားတာ ကုန်းရှီ ကုန်းရှီ စန်းထွန်းရေ
    အခွန်သတင်းကြားတာနဲ့တင်သွေးတက်ချင်နေပြီဝေး))
    ချစ်တဲ့
    ဂျာရစ်
    ReplyDelete
  12. စန်းထွန်းရေ.. လာဖတ်တာနောက်ကျပေမယ့် နှစ်ဆန်းတစ်ရက်နေ့မှာ သတင်းကောင်းကြားလိုက်ရသလိုဖြစ်သွားတယ်..း)).. ပျော်ရွှင်ချမ်းမြေ့ပါစေ.. နှစ်သစ်မှာ ပိုလို့အောင်မြင်ပါစေဗျား...
    ခင်မင်လျက်
    နေ၀သန်
    ReplyDelete
  13. စန်းထွန်းရေ
    ReplyDelete
  14. နှစ်သစ်မှာ အလုပ်ရတဲ့သီတင်းလေးက မင်္ဂလာပါပဲစန်းထွန်းရေ..
    ခင်တဲ့
    ဝသုန်
    ReplyDelete
  15. စန်းထွန်းရေ
    စန်းထွန်းပဲလေ
    အာဘွားးးးးးးးးးး
    ReplyDelete
  16. Ama San Htun, Congratulations :) The flowers are beautiful, here also, the cherries are blooming :)
    ReplyDelete
  17. Congratulation!
    Wish u all the best!
    ReplyDelete
  18. အစ်ကိုဆန်းထူးရေ။
    ReplyDelete
  19. ချော(အစိမ်းရောင်လွင်ပြင်) said...
    စန်းထွန်းရေ
    အလုပ်ရသွားတဲ့အတွက် ဝမ်းသာပါတယ်။
    နှစ်သစ်မှာ အစစအရာရာ အဆင်ပြေပြီး ပျော်ရွှင်ပါစေနော်။
    Congratulation
    April 14, 2012 at 5:36 AM
    ညိမ်းနိုင် said...
    အလုပ်ရပြီဆိုတော့ ပျော်စရာကြီးပေါ့ဗျာ....။
    အခွန်က တလကိုထောင်ကျော်ဆိုတာ များလိုက်တာ
    နော်...။လစာလည်းသောင်းကျော်ရမယ်ထင်တယ်..။
    မုန့်ဝယ်ကျွေးဗျိုး....၊ဘလမှာဟုတ်ဝူးနော်...၊
    စလုံးအလည်ပြန်လာရင် ဝယ်ကျွေးရမှာ....:))))
    April 14, 2012 at 6:05 AM
    Rita said...
    congrats! congrats!
    အဲလို အတွေ့အကြုံတွေ ဖတ်ရတာ စိတ်ဝင်စားတယ်။
    April 14, 2012 at 6:23 AM
    mstint said...
    အလုပ်ရရင် ကြီးသူတွေကို အရင်ဆုံး ဝယ်ကျွေးပြီး ကန်တော့ရတယ် စန်းစန်းရဲ့ :P
    ဗဟုသုတတွေယူသွားတယ် ကျေးဇူးနော်။
    ပြန်ပက်လိုက်ပြီ {{{{{{{{ ဗွမ်း }}}}}}} :D
    Congratulation !!!
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    April 14, 2012 at 7:16 AM
    မီးမီးငယ် said...
    Congratulation...
    အလုပ်ရသွားတော့ လူကြီးဖြစ်လာပြီပေါ့..။
    အမည်းနေရာဆိုတော့ နဲနဲကြောက်ရတယ်နော်..။
    သတိထားပေါ့ နော်..။
    အစအစအရာရာမှာအဆင်ပြေပါစေလို့၊
    ဆုတောင်းပေးလိုက်တယ်ကွယ်..။
    April 14, 2012 at 8:31 AM
    blackroze said...
    အထွန်း
    Fighting !!!!!!!!
    ခင်တဲ့ pigpig
    April 14, 2012 at 8:43 AM
    ကြည်ဖြူခင်ခင် said...
    ဗဟုသုတပဲ..
    April 15, 2012 at 2:59 AM
    ဟန်ကြည် said...
    အလုပ်သစ်ရနေပြီဆိုတော့ စန်းထွန်းတစ်ယောက် အလစ်သုတ်နေပြီပေါ့ ဟုတ်စ...သေချာတာကတော့ အရင်ကလောက် လတ်လျားလတ်လျား သိပ်မသွားရတော့တာပေါ့...
    အလုပ်ရတဲ့ အထိမ်းအမှတ်နဲ့ ပြတဲ့( ကျွေးတာမှ မဟုတ်ဘဲ) မုန့်တွေ ထိုင်ကြည့်ပြီး ကိုယ့်သွားရည်ကို အသာသုတ်ပြန်သွားပါကြောင်းဗျား...
    April 15, 2012 at 7:09 AM
    ညီရဲ said...
    အလုပ်ရသွားပြီ ဆိုလို့ဝမ်းသာပါတယ်... အလုပ်ရတဲ့ အထိမ်းအမှတ် ဘာမှ မစားရလို့တော့ ဝမ်းမသာပါဘူး... ရပ်ကွက်ထဲက သတင်းကတော့ စုံနေတာဘဲ ဖတ်လို့ကောင်းတယ်...
    April 15, 2012 at 10:40 AM
    Anonymous said...
    မင်္ဂလာသတင်းလေးနှစ်သစ်မှာကြားရလို့ဝမ်းသာပါတယ်စန်းထွန်းရေ။
    အရင်လို မလတ်လျားနိုင်တော့စန်းထွန်းစာလေးတွေဖတ်ရတာနဲသွားမှာကိုတော့စိုးသား။
    အိုင်အိုရာ
    April 16, 2012 at 4:42 AM
    ညီလင်းသစ် said...
    Congrats ပါ ညီမစန်းထွန်း..!!
    အလုပ်အင်တာဗျူးအတွက် သေသေချာချာ ပြင်ဆင်ထားခဲ့လို့ အသီးအပွင့်တွေ ခံစားရတယ်လို့ ထင်ပါတယ်၊ ပတ်ဝန်းကျင် အသစ်မှာ အစစ အဆင်ပြေပါစေဗျာ..။ Keep blogging though !! :D
    April 16, 2012 at 7:32 AM
    မဒမ်ကိုး said...
    အလုပ်ရသွားတာ ကုန်းရှီ ကုန်းရှီ စန်းထွန်းရေ
    နှစ်သစ်မှာ မင်္ဂလာသတင်းကြာရတာပါပဲ
    အခွန်သတင်းကြားတာနဲ့တင်သွေးတက်ချင်နေပြီေ၀ း))
    ဘာဘဲဖြစ်ဖြစ် ကြိုးစားထား တောင့်ထားနော် .
    တို့မြန်မာတွေကတော်ပြီးသား
    ချစ်တဲ့
    ဂျာရစ်
    April 16, 2012 at 9:40 PM
    နေဝသန် said...
    စန်းထွန်းရေ.. လာဖတ်တာနောက်ကျပေမယ့် နှစ်ဆန်းတစ်ရက်နေ့မှာ သတင်းကောင်းကြားလိုက်ရသလိုဖြစ်သွားတယ်.. း)).. ပျော်ရွှင်ချမ်းမြေ့ပါစေ.. နှစ်သစ်မှာ ပိုလို့အောင်မြင်ပါစေဗျား...
    ခင်မင်လျက်
    နေဝသန်
    April 16, 2012 at 9:49 PM
    Unknown said...
    စန်းထွန်းရေ
    မင်္ဂလာနှစ်သစ်နဲ.အတူ သတင်းကောင်းကြားရတာ ဝမ်းသာလိုက်တာ။ ဒီထက်မက အဆင်ပြေ အောင်မြင်ပါစေ။ မုန်.လဲစားသွားတယ်နော်။......:)
    April 17, 2012 at 11:56 AM
    ပျိုးယုဝသုန် (Pyo Yu Wathone) said...
    နှစ်သစ်မှာ အလုပ်ရတဲ့သီတင်းလေးက မင်္ဂလာပါပဲစန်းထွန်းရေ..
    ခင်တဲ့
    ဝသုန်
    April 18, 2012 at 10:11 PM
    စံပယ်ချို said...
    စန်းထွန်းရေ
    သူများတိုင်းပြည်ကြီးမှာ ပညာတွေသင်ရင်းနဲ့
    အလုပ်ရတယ်ဆိုလို့ တစ်ကယ်ကိုဝမ်းသာမိပါတယ်
    စန်းထွန်းပဲလေ
    ပန်းလေးတွေကလဲ စန်းထွန်းလိုပဲ လှပနေတယ်
    ဒီပိုစ့်လေးက ဗဟုသုတတွေလဲအများကြီးရတယ်
    ဂျက်ဖေဖေက မိုဟာမက်အလီကိုအရမ်းကြိုက်တယ်
    ဂျက်လဲ အင်္ဂလိပ်လက်ဝှေ့ကိုကြိုက်တယ်
    အာဘွားးးးးးးးးးး
    April 19, 2012 at 3:14 AM
    Mrs. Bagel said...
    Ama San Htun, Congratulations :) The flowers are beautiful, here also, the cherries are blooming :)
    April 21, 2012 at 1:14 AM
    evergreen said...
    Congratulation!
    Wish u all the best!
    April 22, 2012 at 12:57 AM
    ...အလင်းစက်များ said...
    အစ်ကိုဆန်းထူးရေ။
    ခုမှရောက်လာဖြစ်တယ်။ အလုပ်ရသွားတယ် ကြားရတာ အရမ်းဝမ်းသာတယ်။ ပြိုင်ဖိုက်နိုင်ပါစေ။ စိတ်ဓါတ်အင်အား တောင့်တင်းခိုင်မာနေပါစေ။ တော်နေးဒိုးတွေကိုလည်း သတိထားနေပါ။ ဗီယက်နမ်ဈေးလည်း ခဏခဏ မသွားပါနဲ့။ ညနေ ၆ နာရီကျော်ရင်လည်း သတိဝရိယနဲ့ သွားပါ။
    အားလုံးအဆင်ပြေပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။ (လစာထုတ်ရင်တော့ မုန့်ဝယ်ကျွေး :D )
    April 22, 2012 at 11:51 PM
    ReplyDelete