26 February 2012
ကျွှန်မ၏ မေမေ - ၁
မေမေ သိပ်ရက်စက်တယ်
သမီးလေး ငိုသံက ကျွန်မနှလုံးသား တခုလုံး ဆွဲဆုတ်ယူနေသလို ခံစားရသည်။ မမြင်ရက်သည့်အဆုံး တံခါးပိတ်ကာ ပြတင်းပေါက်ဆီသို့လျှောက်ရင်း ကောင်းကင်မှာ သာနေသည့် လမင်းကြီးကို ငေးကြည့်မိသည်။ အေးမြသော လရောင်သည်၎င်း၊  တသွဲ့သွဲ့တိုက်ခတ်နေသော လေပြေလေညှင်းသည်၎င်း၊  မွှေးထုံနေသော ပန်းရနံ့သည်၎င်း ကျွန်မရင်ကို ငြိမ်းအေးအောင် မစွမ်းဆောင်နိုင်။
လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်ခန့်က ကျွန်မလည်း သမီးလေးလို ငိုကြွေးခဲ့ဖူးသည်။
******************************************************************
မေမေ့စာကို ဖတ်ပြီး  ဝမ်းနည်းကြေကွဲစွာ ကျွန်မ ငိုကြွေးမိသည်။ မေမေ၏ နှလုံးသွေးဖြင့် ရေးဖွဲ့ထားသော  ဤစာလေးသည် ကျွန်မ၏ တွေဝေမှုများ၊ မပြတ်သားမှုများကို တိကျပြတ်သားစေခဲ့သည်။ နောက်ထပ် ငိုကြွေးစရာ မျက်ရည်များ မကျန်တော့လောက်အောင် ငိုကြွေးပြီးနောက် ကျွန်မ တည်ငြိမ်သွားခဲ့သည်။ ဘာလုပ်ရမည်ဆိုသည်ကို ရှင်းလင်းပြတ်သားစွာ သိသွားခဲ့သည်။
မြစ်ဝကျွှန်းပေါ်ဒေသရှိ မြို့ကလေးတမြို့မှ စက်ပစ္စည်းများ ရောင်းချသော မေမေနှင့် သင်္ဘော မာလိန်မှုး ဖေဖေ၊ ညီမလေး၊ မောင်လေးနှင့် ကျွန်မတို့ မိသားစုသည် သာယာပျော်ရွှင်သော သာမန်မိသားစုလေးသာ ဖြစ်သည်။ ကျွန်မ ဆယ်တန်း ဂုဏ်ထူးများနှင့် အောင်တော့ ဆရာဝန်မရှိသော မိသားစုအသိုင်းအဝိုင်းမို့ ဆရာဝန်ဖြစ်ချင်ခဲ့သည်။ ဆေးအမှတ်မမှီသောအခါ စီးပွားရေးမေဂျာကို ကျွန်မ ရွှေးချယ်ခဲ့သည်။
မေမေ့ညီမ တီတီလေး၏ ပွဲရုံလုပ်ငန်းများကို ကျောင်းပိတ်ရက်များတွင် ကူညီလုပ်ကိုင်ရင်း စီးပွားရေးတက္ကသိုလ် (ရန်ကုန်)တွင် ကျွန်မ ပညာသင်ကြားခဲ့သည်။ ခုနစ်တန်းကျောင်းသူ ညီမလေး၊ လေးတန်းကျောင်းသား မောင်လေး၊ တက္ကသိုလ်ကျောင်းသူ  ကျွန်မ၏ ကျောင်းစရိတ်များနှင့် ကျွန်မတို့ မိသားစု အတော် ခြိုးခြံ‌ချွှေတာခဲ့ရသည်။
ဖေဖေ့သင်္ဘော ရန်ကုန်ဆိုက်ကပ်တိုင်း ကျွန်မဆီ ဖေဖေ ရောက်လာပြီး မုန့်ဖိုးပေးလေ့ရှိသည်။ မေမေ့ စီးပွားရေးအကြောင်း၊ ညီမလေးနှင့် မောင်လေး စာကြိုးစားကာ လိမ္မာသည့်အကြောင်း၊ ရွာအကြောင်းများဖြင့် သားအဖတွေ စကားသံတွေ ဝေစီခဲ့သည်။ မသုံးဘဲစုထားသော မုန့်ဖိုးဖြင့် လက်ဆောင်ဝယ်ပြီး အိမ်ပြန်သောအချိန်များသည် ကျွန်မအတွက် တနှစ်လုံးပင်ပန်းသမျှ အတိုးချကာ နားရချိန်ဖြစ်သည်။ မေမေ ချက်ကျွှေးသော အရသာရှိသော ဟင်းလျာများကို စားသောက်ရင်း၊ ဖေဖေ ပြောပြသော သင်္ဘောမောင်း အတွေ့အကြုံများအကြောင်း၊ မောင်လေး၊ ညီမလေး ပြောပြသော သူတို့သူငယ်ချင်းများ အကြောင်းသည် ကျွန်မအတွက် အိပ်ယာဝင်ပုံပြင်ဖြစ်သည်။
ကျွန်မတို့ မြို့လေးတွင် ရန်ကုန်မှ အဝယ်ဒိုင်လာဖွင့်သော ကိုအောင်နှင့် ကျွန်မ ဆုံတွေ့ခဲ့သည်။ ကျွန်မမှလွဲ၍ ဟိတ်ဟန်မရှိ ပွင့်လင်းရိုးသားကူညီသော ကိုအောင်နှင့် ကျွန်မတို့မိသားစုမှာ ဆွေမျိုးပမာ ခင်မင်လှသည်။ မြို့မှာ ကျောင်းတက်နေသော ကျွန်မနှင့်တော့ ခုမှ သိကျွှမ်းခင်မင်ရသည်။ ကျွန်မထက် ၈နှစ်ကြီးသော ကိုအောင် ကျွန်မကို စိတ်ဝင်စားမှန်း မိန်းကလေးသဘာဝ ကျွန်မရိပ်မိသလို ငယ်ရာကကြီးလာသော ကျွန်မ မိဘများလည်း ရိပ်မိမှာဖြစ်သည်။
ကိုအောင် ရန်ကုန်ကို ရောက်လျှင်တော့ ကျွန်မဆီကို လာလည်တတ်သည်။ ကိုအောင့်မွေးနေ့ ကြေးအိုးကျွှေးချင်သည်ဟု ခွင့်ပန်လာသောအခါ တီတီလေးက အသာတကြည် ခွင့်ပြုခဲ့သည်။ ရွှေတိဂုံဘုရားဖူးရင်း ဘုရားမတက်တာ အတော်ကြာပြီ ကိုယ်မြတ်နိုးရတဲ့  မိန်းကလေးနဲ့ ရွှေတိဂုံဘုရားတက်ချင်တာ ဒါပထမဆုံးပဲလို့ ကိုအောင် မေတ္တာဖွင့်ဟလာသာအခါ ကျွန်မ ရင်ခုန်ပျော်ရွှင်ခဲ့ရသည်။
ရတဲ့ သင်္ဘောနဲ့ ချက်ချင်း ပြန်လာခဲ့ဟုဆိုကာ မေမေဖုန်းဆက်လာတော့ ကျွန်မ သဘောပေါက်မိသည်။ သည်သတင်း မေမေ့ထံ ရောက်သွားပြီဟု။ မောင်အောင့်ကို မေမေ ချစ်ပါတယ်။ ဒါပေမယ့် သမက်တော့ မတော်နိုင်ဘူး စကားတခွန်း ယတိပြတ်ဆိုကာ ကျွန်မကို  ရန်ကုန်ပြန်ခိုင်းခဲ့သည်။
မြို့ဆီ ပြန်မှာမို့အန်တီ (ကျွန်မမေမေ)တို့ဆီ လူကြုံများပါးချင်သလားဟုဆိုကာ ကိုအောင် ကျွန်မဆီလာလည်တော့ ခြံထဲတွင် ကျွန်မတို့ စကားပြောဖြစ်သည်။ မျက်နှာမကောင်းတဲ့ ကျွန်မမျက်နှာကိုမြင်တော့ လူရည်လည်သော ကိုအောင် ရိပ်မိမှာမလွဲဖြစ်သည်။ ကိုအောင် ကျွန်မကို လာတွေ့သည့်သတင်း တီတီလေးဆီမှ မေမေ့ထံ ရောက်ဟန်တူသည်။ မေမေ့ဆီက စာတစောင် ကျွန်မရရှိခဲ့သည်။ အိမ်မှုကိစ္စ၊ ဆိုင်ကိစ္စ၊ ရပ်ရွာကိစ္စများနှင့် အလုပ်များသော မေမေ ဒီစာကို အချိန်ယူရေးရဟန်တူသည်။
သို့
ချစ်သမီးကြီး
ကျောင်းစာတွေ၊ ပွဲရုံအလုပ်တွေနဲ့ သမီးပင်ပန်းတယ်ဆိုတာ မေမေ သိပါတယ်။ ကျန်းမာရေးကို ဂရုစိုက် သမီး။
သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်ကြတာ ဓမ္မတာပါပဲ။ မေမေလည်း ငယ်ရာက ကြီးလာတာပဲ။ မောင်အောင်ဟာ စိတ်သဘောထားကောင်း၊ ကူညီတတ်တဲ့ လူငယ်တယောက်ပါ။ မောင်အောင့်ကို မေမေတင် မဟုတ်ပါဘူး ဒီမြို့ကလူတွေ အကုန်လုံး ချစ်ခင်ကြတယ်။ မောင်အောင်ဟာ အတန်းပညာမရှိပေမယ့် စီးပွားရှာတဲ့ပညာရှိတယ်။ သူတို့မိသားစုဟာ ဘိုးစဉ်ဘောင်ဆက် ချမ်းသာလာတာ မဟုတ်ဘူး။ ဘာမှမရှိတဲ့ ဘဝကနေ စလာတာ။ ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းတယ်။  မောင်အောင့် အကြောင်းကို သမီးထက် မေမေပိုသိတယ် သမီး။
ဒါဆို ဘာလို့ သဘောမတူတာလဲလို့ မေးစရာရှိတယ်။ မောင်အောင်နဲ့ မေမေတို့ မတူဘူး သမီး။ တချို့ယောကျ်ားလေးတွေက ချစ်ရုံသာချစ်ပြီး သားမှတ်မှတ်၊ မယားမှတ်မှတ် ပေါင်းချင်တာ မဟုတ်ဘူး။ အိမ်ထောင်ပြုတယ်ဆိုတာ နှစ်ယောက်ပေါင်းစည်းတာ မဟုတ်ဘူး။ မိသားစု အသိုင်းအဝန်းနှစ်ခု ပေါင်းစည်းတာ။
မောင်အောင်သောက်တဲ့ သိန်းချီတန်တဲ့ အရက်ပုလင်းဆို လှလွန်းလို့ မေမေဆို မြင်ဖူးတယ်ရှိအောင်ဆိုပြီး ကြည့်ယူရတယ်။ မေမေတို့အတွက် တသိန်းဆိုတဲ့ ပိုက်ဆံဆိုတာ တလလုံး ပင်ပင်ပန်းပန်း နဖူးကချွှေး ခြေမကျအောင် လုပ်တာတောင် မရနိုင်ဘူး။ မေမေဆို  သိန်းချီတန်တဲ့ အရက်သောက်မယ့်အစား လိုအပ်တဲ့နေရာမှာ လှုလိုက်ရင် ဘယ်လောက်ကောင်းမလဲလို့ တွေးမိတယ်။  မောင်အောင်ကတော့ သူရှာတာ သူသုံးဖို့လို့ တွေးမှာပေါ့။
အပေါင်းအသင်းတွေနဲ့ ညနေတိုင်း အရက်ဝိုင်း၊ ဖဲဝိုင်း၊ ကာရာအိုကေဝိုင်းရှိတယ်။ မောင်အောင် ချမ်းသာပေမဲ့ အဓိပ္ပာယ်မရှိ သုံးဖြုန်းနေတာတော့ မေမေ မကြိုက်ဘူး။ မောင်အောင်နဲ့ ဆိုရင် ငွေပုံပေါ်ထိုင်နေရပေမယ့်သမီး စိတ်ဆင်းရဲနေရလိမ့်မယ်။
မောင်အောင်မှာ ရည်စားရှိခဲ့ဖူးတယ် သမီး။ မေမေတို့မြို့ကိုတောင် သူ့မိဘတွေနဲ့အတူ လာလည်ဖူးတယ်။ ကောင်မလေးက အစိုးရဝန်ထမ်းအရာရှိ၊ ခေတ်ပညာတတ်၊ ရည်ရည်မွန်မွန်လေးနဲ့ ချောတယ်။ ကောင်မလေးက ဖုန်းတွေ ဆက်ပေမယ့် မောင်အောင်က အဆက်ပြတ်တယ်။ မေမေ မေးတော့ သူတို့နဲ့ ကျွန်တော် မတူဘူး အန်တီ။ သူက ချွှေတာခြိုးခြံရတဲ့ အစိုးရဝန်ထမ်း။ ကျွန်တော်က ငွေလိုရေလိုသုံး စီးပွားရှာရသူတွေ။ တစ်နေ့ထိပ်တိုက်တွေ့လိမ့်မယ်တဲ့။ မောင်အောင် တော်တယ်သမီး။
အချစ် ဖြစ်လာတယ့်အချိန် ဦးနှောက်ထဲမှာ ဓာတ်တမျိုးထုတ်လုပ်တယ်
ဆိုတာ သမီး ဖတ်ဖူးမှာပေါ့။ အလွန်ဆုံး ၂လကနေ ၂နှစ်ထိခံတယ်။ အရွယ်ရောက်လာရင် အချစ်ဆိုတာ ရင်ထဲရှိလာတာပဲ။ မဖြစ်သင့်တဲ့ အချစ်ဆိုရင်တော့ အသိညဏ်နဲ့ ချွှန်းအုပ်ရမယ် သမီး။ နှလုံးသားမှာ ဒဏ်ရာဖြစ်သွားပေမယ့် အချိန်တန်ရင် အနာကျက်သွားမှာပဲ။ ဘဝမှာ အချစ်ထက် အရေးကြီးတာတွေ ရှိသေးတယ်။
ဖြစ်ချင်တာထက် ဖြစ်သင့်တာကို စဉ်းစားပြီး လုပ်သင့်လုပ်ထိုက်တာကို မဆိုင်းမတွလုပ်မှ လူတော် သမီး။ မေမေ့သမီးက လိမ္မာရေးခြား၊ ဆင်ခြင်တုံတရားရှိတဲ့ မေမေအမြဲတမ်းအားကိုး ဂုဏ်ယူရတဲ့၊ မောင်လေး၊ ညီမလေးတွေရဲ့ လေးစားအတုယူရတဲ့ သမီးကြီးဆိုတာ မေမေ ယုံကြည်တယ်။
သမီးသွားမယ့်လမ်းကို မှန်ကန်စွာ ရွေးချယ်နိုင်လိမ့်မယ်လို့ မေမေ ယုံကြည်တယ်။ ဘာလို့လဲဆိုတော့ သမီးဟာ မေမေ့သမီး ဖြစ်နေလို့ပါပဲ။
ချစ်တဲ့
မေမေ
ဆက်ရန်...
စန်းထွန်း
ဖေဖေါ်ဝါရီ  ၂၆၊ ၂၀၁၂။
16 comments:
  1. ဆက္ပါ။ ဆက္ပါ။ မြန်မြန်ဆက်ပါး))
    ReplyDelete
  2. အယ်.. ဖတ်ကောင်းမှ ဆက်ရန်တဲ့... အမေ့ရဲ့စာထဲမှာ သဘောကျတဲ့ အချက်တွေအများကြီးပါတယ်... နောက်ဆက်တွဲကို စောင့်မျှော်နေပါတယ်ဗျာ..
    ခင်မင်လျက်
    နေ၀သန်
    ReplyDelete
  3. အဆက်လေးကိုစောင့်နေမယ်စန်းထွန်းရေ
    ချစ်တဲ့
    ဝသုန်
    ReplyDelete
  4. ဆက်ရန်လေးကို မျှော်နေပါသည်
    ReplyDelete
  5. ဟိုးး စိတ်ဝင်စားဖို့ကောင်းနေခါမှာဘဲ
    ချစ်တဲ့
    ဒိုးကန်
    ReplyDelete
  6. ကထဲ... တစ်ခါထဲ အပြီးဖြတ်လိုက် ပြီးရော... :)
    ReplyDelete
  7. စာတစ်စောင်ထဲကို အခန်းဆက်ပုံစံ ရေးမလို့လား...
    အားမရဘူး...
    ReplyDelete
  8. ဖတ်ကောင်းလို့ အရှိန်ရလာမှ ဆက်ရန် ဆိုတော့လဲ တို့ ကလဲ စောင့်ရန်ပေါ့ကွယ်...
    ReplyDelete
  9. ဆက်ရန်ဆိုတော့စောင့်ရန်ပဲပေါ့စန်းထွန်းရယ်..
    အိုင်အိုရာ
    ReplyDelete
  10. ဆက်ရန်ဆိုတော့လည်း စောင့်ရမှာပေါ့ နော့..
    ဖတ်လို့ကောင်းတယ် :D
    ReplyDelete
  11. အထွန်း..
    ပြောဖူးတယ်..
    ဖြတ်စီးသွားတယ်တဲ့...
    တတ်တယ်တဲ့လေ..
    တကယ်တော့
    တခါတခါကျတော့လည်း
    ပစ်ပစ်စဉ်းစားမိတယ်..
    အရာတွေကိုဘဲ
    များတယ်နော်...
    ကျန်တဲ့ဇာတ်လမ်းလေး
    ReplyDelete
  12. စောင့်နေပါမယ့် စန်းထွန်းရေ...
    ReplyDelete
  13. ဆက်ရန်လေးကို မျှော်နေပါတယ်ရှင်
    လေးစားစွာဖြင့်
    မြတ်
    ReplyDelete
  14. စန်းထွန်းရေ.
    စာရေးကောင်းလိုက်တာ..
    ဒီပိုစ့်ထဲက မိခင်ဖြစ်သူဟာ ဥာဏ်အမြော်အမြင်ကြီးသားနော်..
    ဆက်ရန်ုကို စောင့်နေပါတယ်။
    ReplyDelete
    စောင့်မျှော်လျက် ...
    ReplyDelete
  16. ပန်းချီ said...
    ဆက်ပါ။ ဆက်ပါ။ မြန်မြန်ဆက်ပါ း))
    များသောအားဖြင့် မိဘတွေက သားသမီးတွေထက် ပိုမြင်တတ်တယ်။
    February 26, 2012 at 8:50 PM
    နေဝသန် said...
    အယ်.. ဖတ်ကောင်းမှ ဆက်ရန်တဲ့... အမေ့ရဲ့စာထဲမှာ သဘောကျတဲ့ အချက်တွေအများကြီးပါတယ်... နောက်ဆက်တွဲကို စောင့်မျှော်နေပါတယ်ဗျာ..
    ခင်မင်လျက်
    နေဝသန်
    February 26, 2012 at 9:56 PM
    ပျိုးယုဝသုန် (Pyo Yu Wathone) said...
    အဆက်လေးကိုစောင့်နေမယ်စန်းထွန်းရေ
    ချစ်တဲ့
    ဝသုန်
    February 26, 2012 at 10:55 PM
    လွင်ပြင်လှိုင်းငယ် said...
    ဆက်ရန်လေးကို မျှော်နေပါသည်
    February 26, 2012 at 11:16 PM
    မဒမ်ကိုး said...
    ဟိုးး စိတ်ဝင်စားဖို့ကောင်းနေခါမှာဘဲ
    စန်းထွန်းအစုတ်ပလုပ်ရဲ့ ..မီးပျက်သလို ကိုရီးယားကားကိုစောင့်ရသလိုဘဲ ဟွန့်
    မြန်မြန်ရေးပါ မျှော်နေမည်
    ချစ်တဲ့
    ဒိုးကန်
    February 27, 2012 at 12:12 AM
    မြသွေးနီ said...
    ကထဲ... တစ်ခါထဲ အပြီးဖြတ်လိုက် ပြီးရော... :)
    2nd Partစောင့်မျှော်နေပါ့မယ်ညီမရေ...။
    February 27, 2012 at 1:53 AM
    Anonymous said...
    စာတစ်စောင်ထဲကို အခန်းဆက်ပုံစံ ရေးမလို့လား...
    ဒါမှမဟုတ် တစ်စောင်ပြီး တစ်စောင် ရေးသလိုလား...
    ဘာပဲဖြစ်ဖြစ် ဒီတစ်စောင် ဖတ်လို့ကောင်းတယ် ဒါပေမယ့် အရမ်း တိုတယ်...
    အားမရဘူး...
    February 27, 2012 at 9:14 AM
    ညီရဲ said...
    ဖတ်ကောင်းလို့အရှိန်ရလာမှ ဆက်ရန် ဆိုတော့လဲ တို့ကလဲ စောင့်ရန်ပေ့ါကွယ်...
    February 27, 2012 at 11:26 AM
    Anonymous said...
    ဆက်ရန်ဆိုတော့စောင့်ရန်ပဲပေါ့စန်းထွန်းရယ်..
    အိုင်အိုရာ
    February 27, 2012 at 5:58 PM
    Candy said...
    ဆက်ရန်ဆိုတော့လည်း စောင့်ရမှာပေါ့ နော့..
    ဖတ်လို့ကောင်းတယ် :D
    February 27, 2012 at 11:32 PM
    blackroze said...
    အထွန်း..
    ဒီပိုစ့်ကိုဖတ်ပြီးတော့ အများကြီး
    စဉ်းစားစရာတွေရလိုက်တယ်
    ပစ်ပစ်ကိုလည်း လူတယောက်က
    ပြောဖူးတယ်..
    ချစ်တယ်လို့ ခံစားလိုက်ရတဲ့အချိန်မှာ
    ဦးနှောက်ထဲမှာအရည်တမျိုး
    ဖြတ်စီးသွားတယ်တဲ့...
    အဲဒီစီးဆင်းမှု့ဟာ..သုံးလဘဲခံတယ်တဲ့
    သုံးလကျော်သွားတဲ့အခါကျရင်
    စောနက ခံစားလိုက်ရပါတယ်ဆိုတဲ့
    ခံစားချက်လေးဟာပျောက်သွား
    တတ်တယ်တဲ့လေ..
    အဲလိုချစ်တယ်ဆိုတာကိုခံစားမိပြီး
    နောက်ပိုင်းမှာ..သံယောဇဉ်ဆိုတာကို
    ဆက်လက်တည်ဆောက်ရတယ်တဲ့
    အဲတာမှ အချစ်ကခိုင်မြဲတာတဲ့..
    အဲလိုမျိုးပြောတာနားထောင်ခဲ့ဖူးတယ်အထွန်း.
    တကယ်တော့
    အချစ်ဆိုတာကစိတ္တဇ္ဇ နမ်ဘဲလေ..
    ခံစားကြည့်လို့ဘဲရတယ်..
    အချစ်ဆိုတာကြီးကို ကိုင်တွယ်ပြလို့မှမရတာ..
    တခါတခါကျတော့လည်း
    ပစ်ပစ်စဉ်းစားမိတယ်..
    အဲလိုကိုင်တွယ်ပြလို့မရတဲ့
    အရာတွေကိုဘဲ
    လူသားတွေကအရှုံးပေးနေရတာ
    များတယ်နော်...
    ကျန်တဲ့ဇာတ်လမ်းလေး
    ဖတ်ဖို့စောင့်နေမယ်အထွန်း
    February 28, 2012 at 11:17 AM
    Angelhlaing(May everybody be happy and healthy! said...
    စောင့်နေပါမယ့် စန်းထွန်းရေ...
    February 29, 2012 at 2:47 PM
    မြတ်ပန်းနွယ် (Myat Pan Nwe) said...
    ဆက်ရန်လေးကို မျှော်နေပါတယ်ရှင်
    လေးစားစွာဖြင့်
    မြတ်
    February 29, 2012 at 10:06 PM
    ချော(အစိမ်းရောင်လွင်ပြင်) said...
    စန်းထွန်းရေ.
    စာရေးကောင်းလိုက်တာ..
    ဒီပိုစ့်ထဲက မိခင်ဖြစ်သူဟာ ဉာဏ်အမြော်အမြင်ကြီးသားနော်..
    ဆက်ရန်ု်ကို စောင့်နေပါတယ်။
    March 1, 2012 at 2:28 AM
    ကြယ်ပြာ said...
    သူများတွေဆီကနေ တကန်တက ရောက်လာပါတယ်။ စာလေးဆက်ဖတ်ချင်ပါသေးတယ်။ အသစ်တင်ရင်လည်းလာဖတ်ပါဦးမယ်။
    စောင့်မျှော်လျက် ...
    March 1, 2012 at 3:32 AM
    ReplyDelete