21 February 2012
ချစ်သူ၏သမီး...
ဆရာတယောက် အရေးပေါ်ခွင့်ယူသွားသည်နှင့် ဘယ်အချိန်ကတည်းက ချောင်းနေသည်မသိသော သူငယ်ချင်းညိုက အကူအညီတောင်းလာသည်။ ကလေးတွေကို မေ သင်နိုင်ပါသည်ဟု ထပ်ခါတလဲလဲ ပြောကာ စည်းရုံးလာတော့ မေ့မှာ ငြင်းရန် အားမရှိ။ ဖြစ်မှဖြစ်ပါ့မလား စိတ်တထင့်ထင့် ရှိနေရာက တကယ်သင်တော့လည်း အပြစ်ကင်းစင်သည့် ကလေးတွေကြားထဲ မေ ပျော်ဝင်သွားခဲ့သည်။ စူးစမ်းစပ်စုတတ်သည့် အရွှယ်တွေမို့ သူတို့လေးတွေရဲ့ မေးခွန်းတွေက တခါတခါ မေ့ကို ဦးနှောက်ခြောက်စေသည်။
မျက်ခုံးတန်းတန်းလေးအောက်က ပိတ်သယောင် ထင်ရပေမဲ့ မျက်အိမ်ကြီးကြီး၊ မျက်သားပြာပြာ၊  နှာတံချွှန်ချွှန်လုံးလုံး၊ နှုတ်ခမ်းဖူးဖူးပြည့်ပြည့်၊ မေးစေ့ခွျှန်ခွျှန်၊ ဆံပင်နက်နက်စင်းစင်း၊ အသားဝါဝါလေးနှင့် ကလေးမလေးက ချစ်စရာကောင်းလှသည်။ စာသင်ခန်းထဲမှာလည်း သွက်သွက်လက်လက်၊ ချက်ချက်ချာချာ၊ ရည်ရည်မွန်မွန် ရှိလှသည်။
ကိုမောင့်ကို ကြိုဖို့ နောက်ကျနေပြီမို့ ခပ်သုတ်သုတ်လေး ကျောင်းကအထွက်
ဆရာမကို ဒီဒီ့ ဖေဖေနဲ့ မိတ်ဆက်ပေးရဦးမယ်။ ဖေဖေရေ ဒီမှာ ဒီဒီ့ကို အင်္ဂလိပ်စာသင်တဲ့ ဆရာမ
ဒီဒီ ကမ်းလင့်လာတဲ့ လက်ကလေးကို လှမ်းချိတ်ရင်း ဒီဒီညွှန်ရာ လှမ်းကြည့်လိုက်သည့် အခါ
အိုး သူ..
ပြန်ဆုံလိမ့်မည်ဟု မထင်ထားသည့်သူတယောက်နှင့် မထင်မှတ်ထားသည့် နေရာတွင် အမှတ်တမဲ့ ဆုံတွေ့လိုက်သည့်အခါ နယူတန်၏ ဆွဲငင်အားများ ခေတ္တခဏ ရပ်ဆိုင်းသွားသည်။
ဆရာမ ဖေဖေ့ကို သိလား
ဒီဒီသည် သူနှင့် ချွှတ်စွပ်တူလှသည်။ အသားဝါဝါ၊ ဆံပင်စင်းစင်းလေးကတော့ သူ့မေမေဆီမှ ရထားဟန် တူသည်။ သမီးလေးအား ချစ်မြတ်နိုးစွာ ကြည့်နေသည့် သူ့အား ကြိုးစားပြုံးပြရင်း
သိတာပေါ့ ဒီဒီရဲ့ ။ ဒီဒီ့ဖေဖေနဲ့ ဆရာမက တက္ကသိုလ် အတူတူတက်ခဲ့တာ ဒီဒီရဲ့။ မတွေ့တာ တော်တော်ကြာပြီနော်။ သမီးလေးက အမေတူမို့လို့ ချောတယ်ထင်ပါရဲ ့။
ဟက်ခနဲ သူ တချက်ရယ်လိုက်သည်။ လူကို မထိတထိ လှောင်ရယ်ဟန်က အရင်အတိုင်း မပြောင်းလဲ။
ပြန်ရောက်နေတာ ကြာပြီလား။ နိုင်ငံခြားထွက်သွားတယ်လို့ ကြားလိုက်တယ်။
မကြာသေးဘူး။  ချိန်းထားတာလေးရှိလို့ သွားလိုက်ဦးမယ်နော်။ နောင်ကြုံရင် ဆုံကြတာပေါ့။ ဒီဒီ ဘိုင့်ဘိုင်။
စကားတွေ ပြောမဆုံး ရယ်သံတွေ ဝေစီနေတဲ့ သားအဖကို လက်ပြနှုတ်ဆက်ရင်း လေဆိပ်ဆီသို့။ လက်ကနာရီဆီ အကြည့်ရောက်ရင်း ကိုမောင်တို့ လေယာဉ်များ ဆိုက်နေပြီလား။ နောက်များကျနေပြီလား။ လေယာဉ်ပေါ်က ဆင်းဆင်းခြင်း မေ့ကို မတွေ့ရလို့ ကိုမောင် စိတ်များပူနေပြီလား။ သစ်ပင်ရိပ်တွေ တရိပ်ရိပ် ကျန်နေခဲ့သလို မေ့ အတွေးများကလည်း ဟိုးလွန်ခဲ့သော အတိတ်ကာလများဆီသို့...
*********************************************************************************
ကျောင်းလည်းအတူတူ၊ နှစ်လည်းအတူတူ၊ ကျောင်းကခရီးထွက်တော့လည်း ကားအတူတူ၊ တောင်တက်ခဲ့တာလည်း အတူတူ ဖြစ်ရဲ့သားနှင့် သူ့ကို မေ မသိခဲ့သလို၊ သူကလည်း  မေ့ကို သတိမထားမိသည်ကတော့ ထူးဆန်းလှသည်။ အယောက်၂၀လောက်ရှိသည့် ယောကျ်ားလေးအုပ်စုထဲတွင် မိန်းကလေးတွေနဲ့ စကားပြောရမှာ ကြောက်၊ စကားနည်းတဲ့သူ့ကို သိသူနည်းသလို ၁၀ယောက်ရှိသည့် မိန်းကလေးအုပ်စုထဲတွင် သာမာန်ရုပ်ရည်၊ခပ်ကုပ်ကုပ်လေးနေသည့် မေ့ကိုလည်း သိသူနည်းလှသည်။
တနေ့ ရေဘူးရေဖြည့်ရင်း မော့ကြည့်လိုက်သည့် အချိန် အဝေးကနေ လမ်းလျှောက်လာသည့် သူမျက်ဝန်းနှင့် ခလုတ်တိုက်မိသွားသည်။ သူဆိုတာ မေ သတိထားမိသွားသည့်အချိန် သူကလည်း မေ့ကို သတိထားမိသွားသည်။ မေတို့အတန်းတွင်ရှိသည့် သူ့သူငယ်ချင်းများထံ သူလာရောက်လည်ပတ်ရင်း မေ့ကို တိတ်တခိုး  ကြည့်တတ်သလို  မေကလည်း သူတို့အုပ်စုဖြတ်သွားချိန် သူ့ကို တိတ်တခိုး  ကြည့်တတ်သည်။ မျက်ဝန်းအကြည့်များမှတဆင့် တိတ်တခိုးလေး သံယောဇဉ်တွယ်ခဲ့ကြသည်။
သူကလည်း သူ့သူငယ်ချင်းများနှင့် အတူတူရှိနေခဲ့သလို မေကလည်း မေ့သူငယ်ချင်းများနှင့်သာ ရှိနေခဲ့သည်။ သူ့သူငယ်ချင်းတချို့နှင့် မေ သူငယ်ချင်းဖြစ်ခဲ့ပေမဲ့ သူနဲ့တော့ မေ ဝေးကွာနေခဲ့သည်။ သူ မေ့ကို စိတ်ဝင်စားနေမှန်း သူ့သူငယ်ချင်းများ သိသလို မေ့သူငယ်ချင်းများလည်း ရိပ်မိလာခဲ့သည်။ သူ့သူငယ်ချင်းများမှတဆင့် သူ့အကြောင်း မေသိလာခဲ့သည်။
၅ပေ ၉လက်မခန့်ရှိသော မြင့်မားသော အရပ်အမောင်း၊ ပိန်ပိန်ရှည်ရှည်၊ အသားညိုညို၊ မျက်ခုံးတန်းတန်းအောက်က အနည်းငယ်ပိတ်သော မျက်လုံး၊ နှာတံလုံးလုံး၊ မျက်နှာပေါက်လုံးလုံး၊ တိုတိုကပ်ကပ် ဆံနွယ်ခွေများနှင့် ယောကျ်ားဆန်သည်။ ဆေးလိပ်ကြိုက်သော၊ ဂီတဝါသနာပါသော၊ ဘောလုံးကန်ကောင်းသော၊ အာဆင်နယ်အသင်းကို အားပေးတတ်သော၊ ကချင်လွယ်အိတ်အနီရောင်လေးနှင့် ပုဆိုးတိုတိုဝတ်တတ်သော၊ အဝတ်အစား စမတ်ကျကျ မဝတ်တတ်သော၊ စကားလုံးများနှင့် ပစ်ပေါက်တတ်သော ယောကျ်ားတယောက်ဖြစ်သည်။
တခါက ရဟန်းဝတ်ပြီးတဲ့နေ့ညနေမှာတင် လူဝတ်လဲချင်သည်ဆိုသော သတင်းကြား၍ မေ ရယ်မောခဲ့ရဖူးသည်။ သူ့အကြောင်း  ပြောပြသော သူ့သူငယ်ချင်းများကြား၊ စနောက်နေသော မေ့သူငယ်ချင်းများကြား မေ တိတ်တခိုးရင်ခုန်မျှော်လင့်နေခဲ့ဖူးသည်။
အမှတ်တမဲ့ စနောက်လိုက်သော စကားတခွန်းကြောင့် မေ သူ့ကို နာကြည်သွားခဲ့သည်။ မိန်းကလေးတယောက်အား မစနောက်သင့်သော စကားတခွန်းကြောင့် သူနှင့် မေ ပိုဝေးကွာခဲ့သည်။ မေ ဂုဏ်ထူးတန်းတက်ချိန် သူကလည်း အစိုးရအရာရှိစာမေးပွဲဖြေဖို့ ကြိုးစားနေခဲ့သည်။ သူ ချစ်သူရှိပြီဆိုသော သတင်းကြားသည့်နေ့က မေအသည်းကွဲရင်း ငိုကြွေးနေခဲ့သည်။ သူသည် မေ၏ တိတ်တခိုး မျှော်လင့်ရသော ချစ်သူသာ ဖြစ်သည်။
နိုင်ငံခြားကျောင်းတက်ဖို့ အလုပ်များနေချိန် သူ့မင်္ဂလာသတင်း သိရတော့ မေ့ရင်ထဲတွင် ဘာခံစားချက်မှ မရှိ ရှင်းလင်းနေခဲ့သည်။  မင်္ဂလာဆုတောင်းကို တိုးတိတ်စွာ ဆုတောင်းပေးခဲ့ဖူးသည်။ တွေဝေတတ်သော သူသည် ဒီတခါတော့ သူလိုချင်သည်ကို တိကျပြတ်သားစွာ ရွေးချယ်သွားခဲ့သည်။ သူသည် မေ့အတွက် ကျောင်းတုန်းက ရင်ခုန်ရဖူးသော လူတယောက်သာ ဖြစ်သည်။
တခါတလေ သူနှင့်ဆင်သော ကောင်လေးများကို တွေ့လျှင်တော့ မေ ငေးကြည့်နေခဲ့ဖူးသည်။ ရာသီစက်ဝန်း အကြိမ်ကြိမ်လည်ပတ်သွားချိန် မေ့အခက်အခဲများကို ကူညီသော၊ မေ့ခံစားချက်များကို မျှဝေသော ကိုမောင်နှင့် မေ ဆုံစည်းခဲ့သည်။ အလိုက်တသိ အရိပ်တကြည့်ကြည့် စောင့်ရှောက်တတ်သော ကိုမောင် မေတ္တာကမ်းလင့်လာသောအခါ မေ ခေါင်းညိမ့်ခဲ့သည်။
အကယ်၍များ သူနှင့်သာ မေတ္တာလမ်းခင်းခဲ့မည်ဆိုလျှင် ကိုမောင်နှင့် မေ ဆုံစည်းခဲ့မည်မထင်။ မေ့အတွက်တော့ ဘဝတွင် အကျေနပ်ဆုံးက ကိုမောင်နှင့် ဆုံစည်းခဲ့ရခြင်းပင် ဖြစ်သည်။ ကိုမောင်သည် မေ့အဖို့ ချစ်သူတယောက်၊ သူငယ်ချင်းတယောက်၊ မိတ်ဆွေတယောက်၊ အကိုတယောက်၊ ရဲဖော်ရဲဖက်တယောက် ဖြစ်သည်။ ကိုမောင်နှင့် အတူရှိနေချိန်များသည် မေ့အတွက် လုံခြုံစိတ်ချနေခဲ့သည်။
သူနှင့် အမှတ်မထင်ဆုံခဲ့သည်ကို  ပြောပြလျှင် ကိုမောင့်နှုတ်ခမ်းမှာ အပြုံးငွေ့ငွေ့ တွဲခိုနေမည်လား၊ သဝန်များ တိုနေမည်လား ဆိုသည်ကို မေသိချင်မိသည်။
စန်းထွန်း
ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၂။
20 comments:
  1. မိုုက္တယ္ကြာ။
    အိုင်အိုရာ
    ReplyDelete
  2. သ၀န်တိုနေမှာသေချာတယ်
    အဟမ်းအဟမ်း
    အားပေးတယ် အားပေးတယ်
    ချစ်တဲ့ ဒိုးကန်
    ReplyDelete
  3. ကောင်း၏ ချစ်သူရဲ့သမီးဆိုလို့ ဂျူးဝတ္ထုထင်ပြီး လာကြည့်တာ....။
    ReplyDelete
  4. မိုက်လှချည်လား
    စာရေးကောင်းတယ် :D
    ReplyDelete
  5. Awesome post Sis. =)
    ReplyDelete
  6. ကိုမောင့်ကိုသွားမပြောမိပါစေနဲ့ဇာတ်ဆရာရယ်း)
    ရှော့ရှိတယ်လေ :P
    ချစ်ခင်လျှက်
    မိစံ
    ReplyDelete
  7. စိတ်ဝင်စားစရာလေး..
    ReplyDelete
  8. ဒါမျိုးလည်း ရတာပဲလားဗျာ
    ReplyDelete
  9. အိမ်း.. ဒီနေ့တော့.. စန်းထွန်းအကြောင်း တစွန်းတစထွက်လာချေပြီ... :P.. နောက်တာပါ... ကောင်းတယ်ဗျာ.... နောက်ဒါမျိုး လက်ရာလေးတွေ စောင့်ဖတ်နေပါတယ်...း))
    ခင်မင်လျက်
    နေ၀သန်
    ReplyDelete
  10. ဟန်ကြည်February 21, 2012 at 9:52 PM
    ReplyDelete
  11. အကောင်းဆုံးကို ရွေးချယ်နိုင်ခြင်းလို့ မှတ်ယူလိုက်ပါ... တကယ်က ကိုယ့်လက်ထဲမှာ ဆုတ်ကိုင်ထားတဲ့ အရာကသာ ကိုယ့်အတွက် အကောင်းဆုံး ဆုလာဒ်လို့ ထင်ပါတယ်...
    ReplyDelete
  12. စန်းထွန်းကဒါမျိုးလေးတွေလဲဖြစ်တယ်နော် မထင်ထားဘူး sorry ပါသယ်ရင်းရေ
    ချစ်တဲ့ jasmine
    ReplyDelete
  13. သိပ်ကို ဖြစ်တတ်တဲ့သဘောလေးပါပဲ
    သဘောအကျဆုံးကတော့
    စကားလုံးများနှင့် ပစ်ပေါက်တတ်သော ယောက်ျားတယောက်ဖြစ်သည်။
    :D
    ReplyDelete
    ကျန်းမာပါစေဗျာ။
    ReplyDelete
  15. သူ့ကိုပုံဖော်ထားတာ ကွက်ကွက်ကွင်းကွင်းပဲ..ညီမလေးရေး))
    ReplyDelete
  16. အဲဒီတော့ကိုမောင့်ကိုပြောပြလိုက်လား...ကိုမောင်က ဘာပြန်ပြောတုန်း..
    ခင်တဲ့
    မမဝသုန်
    ReplyDelete
  17. အထွန်း
    ပစ်ပစ်လာဖတ်သွားတယ်
    ReplyDelete
    ReplyDelete
  19. ရင်တွင်းဖြစ်တွေများလား စန်းထွန်း...:P
    မိုက်တယ်ဗျို့...
    ReplyDelete
  20. Anonymous said...
    မိုက်တယ်ကွာ။
    ဆက်ရေးပါ။ အောင်မြင်မှာသေချာတယ်။
    အိုင်အိုရာ
    February 21, 2012 at 1:30 AM
    မဒမ်ကိုး said...
    သဝန်တိုနေမှာသေချာတယ်
    အဟမ်းအဟမ်း
    ရင်တွေဖြစ်လက်သံတွေသိပ်ပြောင်မြောက်လာတယ်နော
    အားပေးတယ် အားပေးတယ်
    ချစ်တဲ့ ဒိုးကန်
    February 21, 2012 at 1:59 AM
    Cameron said...
    ကောင်း၏ ချစ်သူရဲ့သမီးဆိုလို့ ဂျူးဝတ္ထုထင်ပြီး လာကြည့်တာ....။
    February 21, 2012 at 2:58 AM
    Candy said...
    မိုက်လှချည်လား
    ကန်ဒီ့အထင်တော့ လူတိုင်းမှာ အဲ့လိုဇာတ်လမ်းဟောင်းလေးတွေတော့ ရှိမယ်ထင်တယ်နော် :D :D
    စာရေးကောင်းတယ် :D
    February 21, 2012 at 3:00 AM
    Anonymous said...
    Awesome post Sis. =)
    February 21, 2012 at 3:22 AM
    Anonymous said...
    ကိုမောင့်ကိုသွားမပြောမိပါစေနဲ့ဇာတ်ဆရာရယ် း)
    ရှော့ရှိတယ်လေ :P
    အကောင်းစားဇာတ်လမ်းလေးတွေကို
    ဒီ့ထက်များများအသက်သွင်းနိုင်ပါစေနော်.မကြီး
    (ကိုယ်တွေ့ပါလေပိုကြိုက်လေ း)
    ချစ်ခင်လျှက်
    မိစံ
    February 21, 2012 at 6:03 AM
    ချော(အစိမ်းရောင်လွင်ပြင်) said...
    စိတ်ဝင်စားစရာလေး..
    ဖတ်လို့လည်းကောင်းသားနော်..
    အမှတ်တရ ဇာတ်လမ်းလေးများလား..
    စန်းထွန်းက စာရေးကောင်းသား..
    February 21, 2012 at 2:00 PM
    ကိုရင် said...
    ဒါမျိုးလည်း ရတာပဲလားဗျာ
    February 21, 2012 at 7:22 PM
    နေဝသန် said...
    အိမ်း.. ဒီနေ့တော့.. စန်းထွန်းအကြောင်း တစွန်းတစထွက်လာချေပြီ... :P.. နောက်တာပါ... ကောင်းတယ်ဗျာ.... နောက်ဒါမျိုး လက်ရာလေးတွေ စောင့်ဖတ်နေပါတယ်... း))
    ခင်မင်လျက်
    နေဝသန်
    February 21, 2012 at 9:29 PM
    ဟန်ကြည် said...
    ရင်တွင်းဖြစ်ပဲ ဖြစ်မယ်ထင်ရဲ့...ဟုတ်စ...
    စကားလုံးတွေ သုံးထားတာ အဆင်ကိုချောနေတာပဲ...ဆက်သာချ...ရပ်ကွက်ထဲကိုလည်း ပြန်လှည့်ဦးပေါ့...ရသစုံစုံလေး ဖြစ်သွားအောင်...
    February 21, 2012 at 9:52 PM
    ညီရဲ said...
    အကောင်းဆုံးကို ရွေးချယ်နိုင်ခြင်းလို့မှတ်ယူလိုက်ပါ... တကယ်က ကိုယ့်လက်ထဲမှာ ဆုတ်ကိုင်ထားတဲ့ အရာကသာ ကိုယ့်အတွက် အကောင်းဆုံး ဆုလာဒ်လို့ထင်ပါတယ်...
    February 22, 2012 at 12:16 AM
    စံပယ်ချို said...
    စန်းထွန်းကဒါမျိုးလေးတွေလဲဖြစ်တယ်နော် မထင်ထားဘူး sorry ပါသယ်ရင်းရေ
    ဖတ်ပြီးတော့ မျောသွားတယ် ဇာတ်လမ်းထဲမှာလေ
    (မထိတထိ လှောင်ရယ်ဟန်က အရင်အတိုင်း မပြောင်းလဲ)
    (မေ့အတွက် ကျောင်းတုန်းက ရင်ခုန်ရဖူးသော လူတယောက်သာ)
    (ကိုမောင့်နှုတ်ခမ်းမှာ အပြံ ုးငွေ့ငွေ့ တွဲခိုနေမည်လား၊ သဝန်များ တိုနေမည်လား ဆိုသည်ကို မေသိချင်မိသည်။)အဲဒီစကားတွေကတော့တစ်ကယ့်ကိုခံစားခဲ့ရသလိုပါပဲနော်ကောင်းတယ် အဲဒါမျိုးလေးတွေဆက်ရေးနော်
    ချစ်တဲ့ jasmine
    February 22, 2012 at 1:56 AM
    ဖြိုးဇာနည် said...
    သိပ်ကို ဖြစ်တတ်တဲ့သဘောလေးပါပဲ
    တစ်ပုဒ်လုံးထဲမှာ သဘာဝအကျဆုံးနဲ့
    သဘောအကျဆုံးကတော့
    စကားလုံးများနှင့် ပစ်ပေါက်တတ်သော ယောကျ်ားတယောက်ဖြစ်သည်။
    :D
    February 22, 2012 at 4:41 AM
    ...အလင်းစက်များ said...
    မိုက်တယ်ဗျာ။ အစအဆုံး ဆွဲငင်အားကောင်းလွန်းတယ်။ အစ်ကို ဆန်းထွန်းက ဒါမျိုးလည်း ရသားဗျ။ :P :P :P
    ဘလော့ကို ငြီးငွေ့နေလို့ ခုမှ ပြန်လာလည်ဖြစ်တယ်။
    ကျန်းမာပါစေဗျာ။
    February 23, 2012 at 4:32 AM
    ပန်းချီ said...
    သူ့ကိုပုံဖော်ထားတာ ကွက်ကွက်ကွင်းကွင်းပဲ..ညီမလေးရေ း))
    February 23, 2012 at 10:07 PM
    ပျိုးယုဝသုန် (Pyo Yu Wathone) said...
    အဲဒီတော့ကိုမောင့်ကိုပြောပြလိုက်လား...ကိုမောင်က ဘာပြန်ပြောတုန်း..
    ခင်တဲ့
    မမဝသုန်
    February 25, 2012 at 7:44 AM
    blackroze said...
    အထွန်း
    ပစ်ပစ်လာဖတ်သွားတယ်
    February 25, 2012 at 11:39 AM
    မောင်မောင် said...
    စာအရေးအသား အရမ်းကောင်းတယ်အစ်မရေ။ စာအုပ်ထုပ်မယ်ဆိုပြောနော် အားပေးမယ်။ ဆက်ရေးပါအုန်း ။
    February 26, 2012 at 2:42 AM
    Angelhlaing(May everybody be happy and healthy! said...
    ရင်တွင်းဖြစ်တွေများလား စန်းထွန်း...:P
    မိုက်တယ်ဗျို့...
    February 29, 2012 at 2:46 PM
    ReplyDelete