16 January 2012

စန်းထွန်း တောင်တက်နေသည် - ၂

Spring & Hibernate course နဲ့ဘီးစီးနေတာ ပရောဂျက်ပြီးလို့ အားတုန်းလေး တောင်ပြေးတက်လိုက်ဦးမှ။

ဒီတခေါက် တောင်တက်ချင်ရတဲ့ အကြောင်းကတော့ ISS (Institute Of System Science) က ဘော်ဒါတွေဖြစ်တဲ့ အီးတီ၊ မယဉ်စု၊ အဲအဲတို့ တောင်တက်ကာ ဖလမ်းဖလမ်းထကြတဲ့ ဓာတ်ပုံတွေ ဖေ့ဘွတ်တင်တော့ ကိုယ်လည်း သူတို့လို ဖလမ်းဖလမ်းထချင်ကြရော။ နေရာက Bukit Batok တဲ့။ ၂၀၁၀ နိုဝင်ဘာလရဲ့ တခုသော စနေနေ့မနက်ခင်းမှာ အိအိနဲ့ ချီတက်ကြပြန်တယ်။ ဆုံရပ်က အနီရောင် မီးရထားလိုင်း Bukit Batok MRT ။ ကားစီးပြီး ဆင်းရမဲ့ နေရာရောက်လို့ ဆင်းလိုက်တော့ တောင်နဲ့တူတာဆိုလို့ တခုမှ မတွေ့ဘူးဗျား။

ဟိုလျှောက်လိုက်၊ ဒီလျှောက်လိုက် လမ်းသလားလိုက်။ အိအိကလည်း အရင်တက်ခဲ့တဲ့ သူငယ်ချင်းတွေကို ဖုန်းနဲ့ လှမ်းမေး။ ရေရေရာရာ တယောက်မှ မသိဘူးဗျား။ သူတို့လည်း ဦးဆောင်တဲ့သူက ဆင်းဆို ဆင်းလိုက်၊ တက်ဆို တက်လိုက်။ ဘယ်သူက သေချာမှတ်မိမှာလဲနော့။ ဒါတောင် မြေပုံလမ်းညွှန်၊ သတင်းအတိအကျတွေကို အင်တာနက်ကနေ ကူးလာတာ။


အိအိရဲ ့ အိုင်ဖုန်းလမ်းညွှန်တဲ့အတိုင်းလျှောက်လို့ နည်းနည်းလေး ကြာတော့မှ ဆိုင်းဘုတ်တွေ့ရတယ်။ တောင်ကုန်းမတ်မတ်လေးကို တက်လိုက်တော့ တာဝါတိုင်မြင့်မြင့်ကြီး ရှိတယ်။


လှေကားထစ်တွေ တွေ့လို့ တက်တော့ အဆုံးမှာ Bukit Batok Memorial ဆိုတဲ့ စာအုပ်ကြီးပဲ တွေ့ရတယ်။

လူသွားလမ်းလေးက ဝါးပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ တကယ့်ကို တောတောင်ထဲ သွားရသလို ခံစားရပါတယ်။

နားနားပြီးဖူး (တီတင့်) အဲလေ ယောင်လို့... နားနားပြီးမူး (ကန်ဒီ)
အဲ.. နားနားပြီးပြ ူး(တဂျင်းမီး) ...နားနားပြီးတူး အဲလေ နားနားပြီးတက် :P မော..ဟော..ဟော :D


ကျေးငှက်ကလေးတွေ စိုးစီစိုးစံသံတွေ ကြားရတယ်။ ကြည်သာစိမ်းလဲ့နေတဲ့ ရေအိုင်လေးကို သစ်ပင်တွေကြားက လှမ်းမြင်ရတာနဲ့ အမောတွေ ပြေသွားတယ်။

ခက်သွက်သွက်လေး ဆင်းလိုက်တော့ တွေ့ပါပြီ။ မိသားစုလိုက် အပန်းဖြေလာကြတာ၊ ဓာတ်ပုံရိုက်နေသူတွေနဲ့ စည်ကားပါတယ်။  မြေပြန့်ဆိုတော့ ခြေခင်းလက်ခင်းသာသာ ခြေဆန့်နိုင်တာပေါ့။ နောက်တော့ သစ်ပင်ကြီးတွေ၊ တာဝါတိုင်တွေပဲ ရှိတော့ ပြန်လှည့်တယ်။


အိအိက မကျေမနပ်ဖြစ်လို့။ ဖေ့ဘွတ်ထဲက တောင်ကို မတွေ့လို့တဲ့။ ဒါနဲ့ လမ်းအခွဲလေးကို တွေ့လို့ တောင်အရှာထွက်ကြပြန်တယ်။ Media Crop အဆာက်အဦးတွေ့တယ်။ လုံးချင်းအိမ်တွေပဲ တွေ့တယ်။ တောင်နဲ့တူတာ မတွေ့။ ဟင် တောင်ကလည်း ISS  ကုန်းသာသာ လောက်သာ ရှိပါလားလို့ မကျေမချမ်း ပြောလိုက်ကြသေးတယ်။


Clementi ကနေ ၁၈၃၊ Bona Vista ကနေ ၂၀၀ ကားစီးလို့ Heng Mui Keng Terrace ရောက်ရင် ဆင်း။ NUS Business School ကို ကျော်လို့ နှေးနှေးလျှောက်ရင် ၁၅ မိနစ်၊ မြန်မြန်လျှောက်ရင် ၁၀မိနစ်လောက် လျှောက်ပြီး တောင်ကုန်းပေါ်မှာရှိတဲ့ ISS ကျောင်းတော်ကြီးဆီ ရောက်ပါတယ်။ ကျောင်းတက်ခါနီး အပြေးအလွှား ကျောပိုးအိတ်၊ ထမင်းဘူးကတဖက် Laptopကတဖက်နဲ့ ISS တောင်ကုန်းကို ပြေးတက်ခဲ့တဲ့သူတွေမလား။ ဒီတောင်လောက်တော့ စန်းထွန်းတို့က စာရင်းထဲတောင် မထည့်ဘူး။



ကိုင်း ဘလော့ကြွလာတဲ့ မိတ်ဆွေများလည်း စန်းထွန်းရဲ့ ဟိုရိုက်၊ ဒီရိုက်လက်ရာများကို အားပေးသွားကြပါဦးနော်။ အပင်တွေနာမည်ကတော့ သိဝူး။


စန်းထွန်း
ဇန်နဝါရီ ၁၆၊ ၂၀၁၂။

22 comments:

  1. စကာ္ပူဂိုက္သာလုပ္ပါေတာ႕စန္းထြန္းရယ္
    ခုမွက်ဳပ္လဲေတာ္ေတာ္သိေတာ႕တယ္
    ဘယ္မွမသြားလို႕ဘာမွမသိ း) ဟဟဟ

    ေက်းဇူးေက်းဇူး
    အခ်စ္လာမွသြားမယ္ေအ ေတာင္တက္ရမယ္ဆိုေတာ႕ ေနာ္အပ်ိဳၾကီး း)

    ခ်စ္တဲ႕

    မဒိုးကန္

    ReplyDelete
  2. ေဘးမွာသဘာ၀အပင္ေလးေတြရွိေနေတာ့မိုုက္ပါတယ္ စန္းထြန္းရဲ ့။
    အိုုင္အိုုရာ

    ReplyDelete
  3. ေတာင္ႀကီး စန္းထြန္းေအာက္ ျဖစ္သြားတာေပါ့ ... :)
    ဘူကစ္ဘတုတ္ မမ္မိုရီယယ္ ဆိုတဲ့ စာအုပ္ႀကီး ဖတ္ခ်င္လို႔ စာတုိက္က ပို႔ေပးပါလားဟင္ :))

    ReplyDelete
  4. စန္းထြန္းေရ
    ေတာင္ၾကီးမွာေနျပီး ခေလးဘ၀တုန္းကေတာ႔
    လူၾကီးေတြလစ္တာနဲ႔ေတာင္ေပၚေျပးတက္ျပီး
    ပင္စိမ္းသီးသြားေကာက္တာေပါ႔
    ခုေတာ႔ေမာတယ္ကြယ္
    စန္းထြန္းနဲ႔ေတြ႔တဲ႔အခါမွတူတူတက္မယ္

    ReplyDelete
  5. အပင္စိမ္းစိမ္းေတြ၊ ဝါး႐ံုပင္ေလးေတြနဲ႔ လမ္းကေလးက သာယာတယ္၊ ဘူကစ္ဘတုတ္ စာအုပ္ႀကီး မေမဆီကို ပို႔ျဖစ္ရင္ က်ေနာ့္ဆီလည္း မိတၱဴ တစ္ေစာင္ေလာက္ ပို႔ေပးလို႔ ရမလားဟင္...? း)

    ReplyDelete
  6. ေတာင္ေတြကိုလိုက္တက္တာ၊
    ေမာသြားၿပီ...ဟူး။
    :P

    ReplyDelete
  7. ပန္းေတြလွတယ္။

    နားနားၿပီးဖူး (တီတင့္)
    နားနားၿပီးမူး (ကန္ဒီ)
    နားနားၿပီးျပဴး (သူၾကီးမင္း)
    နားနားၿပီးတက္ (စန္းထြန္း)
    အဟိဟိဟိ ဟုတ္ေတာ့ ဟုတ္ေနတာပဲ

    ReplyDelete
  8. မဒိုးကန္ စန္းထြန္းလို ဖလမ္းဖလမ္းထခ်င္တယ္ဆိုၿပီး ကိုရင္ပူဆာ..ကိုရင္က ဒီစန္းထြန္းဟာေလ သြားႏိုင္လြန္း၊ တက္ႏိုင္လြန္းလို ့ မ်က္မုန္းက်ိဳးေတာ့မယ္...
    အိုင္အိုရာ ေရကန္ေလးကေတာ့ အေတာ္သာယာတယ္..
    မေမ Bukit Batok Memorail စာအုပ္ၾကီး စာတိုက္ကေန ပို ့လိုက္ၿပီေနာ္..
    ကိုညီ ဆီ့ကိုပါ ပို ့လိုက္ၿပီ..တခ်က္ေလာက္ mailbox စစ္ၾကပါေနာ္..
    မမီးငယ္ ေမာေတာ့ ေမာတာေပါ့..ဒါေပမဲ့ ေမာဘူး..
    ကန္ဒီ ဟုတ္ပါ့..

    ReplyDelete
  9. အရင္တုန္းက အေၾကာင္းေလးေတြပါလား စန္းထြန္းေရ... း))... ေတာင္တက္တာတို႕၊ ေျခလ်င္ေတာလမ္းခရီးသြားတာတို႕ကို အေသႏွစ္ျခိဳက္တာမို႕ ဖတ္ရင္းနဲ႕ ေပ်ာ္လာတယ္.. း))

    ခင္မင္လ်က္
    ေန၀သန္

    ReplyDelete
  10. အဲ... စန္းစန္းလည္းေနာက္တတ္သား း)) မထင္ရဘူး။
    မဒိုးတီတင့္ကိုေပးတဲ့ဘြဲ႔ စန္းစန္းကိုလႊဲေပးလိုက္ၿပီ။
    စန္းစန္းခြာနီး :P ဓာတ္ပံုေတြေကာင္းပါ့ ရႈိးသြားတယ္။
    ေတာင္တက္တာကိုတီတင့္လည္းအရမ္းႏွစ္သက္တယ္။
    ေနာက္တစ္ေခါက္ စန္းစန္းတက္တဲ့ေတာင္ကို
    လိုက္တက္ၾကည့္အံုးမွ (ဘေလာ့ဂါမ်ားအကူအညီနဲ႔ း)
    စိတ္ဓာတ္အစဥ္ၾကည္လင္ေအးျမပါေစကြယ္။

    ေမတၱာျဖင့္
    အန္တီတင့္

    ReplyDelete
  11. အစ္မဒိုးကန္က..အပ်ဳိၾကီးတဲ့ း)
    သိပါဘူးေတာ္..လူပ်ဳိၾကီးေအာင္းေမ့ေနတာ :P
    ပုံေတြျမင္ျပီး ၀ါသနာကိုတားမရေတာ့ဘူး
    ဘိုလိုျပဳရပါ့ေနာ္ း)
    စကားမစပ္..ဓာတ္ပုံထဲက
    ေက်ာပိုးအိပ္အျပာေလးနဲ႕ရွစ္တန္းေက်ာင္းသူက
    ဘယ္သူေလးလဲဟင္ ;)

    ခ်စ္ခင္လွ်က္

    ReplyDelete
  12. ေနဝသန္ အဲဒါ အရင္တုန္းက တက္ခဲ့တာ..ခုေတာ့ ေတာင္တက္ဖို ့ေဝးစြ..၁နာရီေတာင္ မေလွ်ာက္ႏိုင္..
    တီတင့္ နာမည္ေလးေတာ့ ၾကိ ုက္သြားၿပီး..ဝဏၰခြာနီးကေတာ့ ထိုင္ငိုခ်င္သြားမယ္..
    မိစံ အဲဒါ ကိုၾကီးစန္းထြန္း ေကာင္မေလး :P

    ReplyDelete
  13. သူမ်ားေတြ ခရီးသြားပို႕ေတြ ဖတ္ရတိုင္း အားက်မိတယ္ ဒီမွာေတာ့ အလုပ္နဲ႕အိမ္..အိမ္နဲ႕ အလုပ္ ..ဟင့္ ငိုခ်င္လယ္..:P:P

    ReplyDelete
  14. စန္းထြန္း , , , thinking :))

    က်ေနာ္ သိသလိုလို ရွိသလား း))

    တူသလုိလိုလား တူေနတာလားဗ်ာ း)

    ဘာပဲျဖစ္ျဖစ္ေတာ့ ရွဳခင္းေလးေတြ ခံစားသြားတယ္ဗ်ဴိးး


    ခင္မင္စြာျဖင့္
    ဗညားရွိန္

    ReplyDelete
  15. အရင္တုန္းက လာဖတ္ဖူးတာ .. ေယာက်ာ္ေလး မွတ္ေနတာ .. ပံုေလးေတြၿမင္တဲ့ထိ ေကာင္မေလးရဲ ့ပံုေလးေတြ တင္တယ္ထင္ေနတာ .. အဲလို အၿမင္က အတင္းစူးရွတာ :D
    ရႈခင္းေလးေတြလွဒယ္ .. စိမ္းစိမ္းစိုစိုနဲ ့စိတ္အပမ္းေၿပတယ္ .. ေတာင္တက္ရတယ္ဆိုေတာ့ နည္းနည္းေတာ့ ေမာတာေပါ့ :)

    ReplyDelete
  16. ကြ်န္ေတာ္က ငယ္ငယ္ကေတာင္ေပၚမွာပဲ
    မစန္းထြန္းတုိ႔လဲေတာင္တက္တာပဲလား
    အစကေယာက္က်ာၤးေလးလုိ႔ထင္ေနတာ
    မဂ်က္ေျပာလုိ႔သိတာ
    ပုံေတြလွတယ္ဗ်ာ

    ReplyDelete
  17. စန္းထြန္းေရ...
    ေရကလည္း ႀကည္လဲ့လဲ့ျပာ...
    ပန္း၀ါေလးကလည္း လွလုိ႔...
    တုိ႔မ်ား အားက်မိပါရဲ႕...
    (နားနားၿပီး ေအာ္သြားသည္)

    ReplyDelete
  18. အထြန္းေရ
    ပစ္ပစ္လည္းေတာင္ေတာ့တက္ခ်င္သား
    ဒါေပမဲ့ေမာလာရင္
    တြဲမဲ့သူအနားမွာရွိဘူးရယ္..

    ReplyDelete
  19. လင္းေခတ္ဒီႏို ဘူတုန္း..နတ္ဆိုးကဗ်ာဆရာေလး ဗညားဆိုတာပဲ သိတယ္..:P
    ညယံ..စန္းထြန္းဆိုတာနဲ ့ ကိုစန္းထြန္းထင္တာ္..ဓာတ္ပံုၾကီးၿပ ူးေနေအာင္ တင္ထားတာေတာင္မွ ကိုၾကီးစန္းထြန္းေကာင္မေလးပံု တင္တာလို ့ ထင္ၾကတာပဲေလ..
    ဘိုၿဇ ူ အေပ်ာ္ေတာင္တက္တာပါ..တကယ့္ေတာင္ေတြကိုေတာ့ မတက္ႏိုင္ေပါင္..
    ဘုန္းဘုန္းေတာက္ နားနားၿပီး မေအာ္ဘဲ တဘရိတ္တည္း ေအာ္လို ့လဲ ရပါတယ္ ဘုရား..
    ပစ္ပစ္ တြဲမဲ့သူ အနားမွာ မရိွလည္း တုတ္ေကာက္ကေလးနဲ ့ တက္လို ့ရတယ္ေနာ့..:P

    ReplyDelete
  20. စိမ္းလန္းေနတာပဲ..
    သာယာလိုက္တာ...

    ReplyDelete
  21. မဒမ်ကိုး said...
    စကာ်ပူဂိုက်သာလုပ်ပါတော့စန်းထွန်းရယ်
    ခုမှကျုပ်လဲတော်တော်သိတော့တယ်
    ဘယ်မှမသွားလို့ဘာမှမသိ း) ဟဟဟ

    ကျေးဇူးကျေးဇူး
    အချစ်လာမှသွားမယ်အေ တောင်တက်ရမယ်ဆိုတော့ နော်အပျိုကြီး း)

    ချစ်တဲ့

    မဒိုးကန်
    January 17, 2012 at 12:06 AM
    Anonymous said...
    ဘေးမှာသဘာဝအပင်လေးတွေရှိနေတော့မိုက်ပါတယ် စန်းထွန်းရဲ့။
    အိုင်အိုရာ
    January 17, 2012 at 1:48 AM
    မေဓာဝီ said...
    တောင်ကြီး စန်းထွန်းအောက် ဖြစ်သွားတာပေါ့ ... :)
    ဘူကစ်ဘတုတ် မမ်မိုရီယယ် ဆိုတဲ့ စာအုပ်ကြီး ဖတ်ချင်လို့ စာတိုက်က ပို့ပေးပါလားဟင် :))
    January 17, 2012 at 1:51 AM
    စံပယ်ချို said...
    စန်းထွန်းရေ
    တောင်ကြီးမှာနေပြီး ခလေးဘဝတုန်းကတော့
    လူကြီးတွေလစ်တာနဲ့တောင်ပေါ်ပြေးတက်ပြီး
    ပင်စိမ်းသီးသွားကောက်တာပေါ့
    ခုတော့မောတယ်ကွယ်
    စန်းထွန်းနဲ့တွေ့တဲ့အခါမှတူတူတက်မယ်
    January 17, 2012 at 2:03 AM
    ညီလင်းသစ် said...
    အပင်စိမ်းစိမ်းတွေ၊ ဝါးရုံပင်လေးတွေနဲ့ လမ်းကလေးက သာယာတယ်၊ ဘူကစ်ဘတုတ် စာအုပ်ကြီး မမေဆီကို ပို့ဖြစ်ရင် ကျနော့်ဆီလည်း မိတ္တူ တစ်စောင်လောက် ပို့ပေးလို့ ရမလားဟင်...? း)
    January 17, 2012 at 3:34 AM
    မီးမီးငယ် said...
    တောင်တွေကိုလိုက်တက်တာ၊
    မောသွားပြီ...ဟူး။
    :P
    January 17, 2012 at 9:02 AM
    Candy said...
    ပန်းတွေလှတယ်။

    နားနားပြီးဖူး (တီတင့်)
    နားနားပြီးမူး (ကန်ဒီ)
    နားနားပြီးပြူး (သူကြီးမင်း)
    နားနားပြီးတက် (စန်းထွန်း)
    အဟိဟိဟိ ဟုတ်တော့ ဟုတ်နေတာပဲ
    January 17, 2012 at 10:02 AM
    San San Htun said...
    မဒိုးကန် စန်းထွန်းလို ဖလမ်းဖလမ်းထချင်တယ်ဆိုပြီး ကိုရင်ပူဆာ..ကိုရင်က ဒီစန်းထွန်းဟာလေ သွားနိုင်လွန်း၊ တက်နိုင်လွန်းလို့ မျက်မုန်းကျိုးတော့မယ်...
    အိုင်အိုရာ ရေကန်လေးကတော့ အတော်သာယာတယ်..
    မမေ Bukit Batok Memorail စာအုပ်ကြီး စာတိုက်ကနေ ပို့လိုက်ပြီနော်..
    ကိုညီ ဆီ့ကိုပါ ပို့လိုက်ပြီ..တချက်လောက် mailbox စစ်ကြပါနော်..
    မမီးငယ် မောတော့ မောတာပေါ့..ဒါပေမဲ့ မောဘူး..
    ကန်ဒီ ဟုတ်ပါ့..
    January 17, 2012 at 7:40 PM
    နေဝသန် said...
    အရင်တုန်းက အကြောင်းလေးတွေပါလား စန်းထွန်းရေ... း))... တောင်တက်တာတို့၊ ခြေလျင်တောလမ်းခရီးသွားတာတို့ကို အသေနှစ်ခြိုက်တာမို့ ဖတ်ရင်းနဲ့ ပျော်လာတယ်.. း))

    ခင်မင်လျက်
    နေဝသန်
    January 17, 2012 at 10:17 PM

    ReplyDelete
  22. mstint said...
    အဲ... စန်းစန်းလည်းနောက်တတ်သား း)) မထင်ရဘူး။
    မဒိုးတီတင့်ကိုပေးတဲ့ဘွဲ့ စန်းစန်းကိုလွှဲပေးလိုက်ပြီ။
    စန်းစန်းခွာနီး :P ဓာတ်ပုံတွေကောင်းပါ့ ရှိုးသွားတယ်။
    တောင်တက်တာကိုတီတင့်လည်းအရမ်းနှစ်သက်တယ်။
    နောက်တစ်ခေါက် စန်းစန်းတက်တဲ့တောင်ကို
    လိုက်တက်ကြည့်အုံးမှ (ဘလော့ဂါများအကူအညီနဲ့ း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်
    January 18, 2012 at 12:48 AM
    မိစံ said...
    အစ်မဒိုးကန်က..အပျိုကြီးတဲ့ း)
    သိပါဘူးတော်..လူပျိုကြီးအောင်းမေ့နေတာ :P
    ပုံတွေမြင်ပြီး ဝါသနာကိုတားမရတော့ဘူး
    ဘိုလိုပြုရပါ့နော် း)
    စကားမစပ်..ဓာတ်ပုံထဲက
    ကျောပိုးအိပ်အပြာလေးနဲ့ရှစ်တန်းကျောင်းသူက
    ဘယ်သူလေးလဲဟင် ;)

    ချစ်ခင်လျှက်
    January 18, 2012 at 10:04 AM
    San San Htun said...
    နေဝသန် အဲဒါ အရင်တုန်းက တက်ခဲ့တာ..ခုတော့ တောင်တက်ဖို့ဝေးစွ..၁နာရီတောင် မလျှောက်နိုင်..
    တီတင့် နာမည်လေးတော့ ကြိ ုက်သွားပြီး..ဝဏ္ဏခွာနီးကတော့ ထိုင်ငိုချင်သွားမယ်..
    မိစံ အဲဒါ ကိုကြီးစန်းထွန်း ကောင်မလေး :P
    January 18, 2012 at 10:16 AM
    Angelhlaing(May everybody be happy and healthy! said...
    သူများတွေ ခရီးသွားပို့တွေ ဖတ်ရတိုင်း အားကျမိတယ် ဒီမှာတော့ အလုပ်နဲ့အိမ်..အိမ်နဲ့ အလုပ် ..ဟင့် ငိုချင်လယ်..:P:P
    January 18, 2012 at 12:41 PM
    . . လင်းခေတ်ဒီနို . . said...
    စန်းထွန်း , , , thinking :))

    ကျနော် သိသလိုလို ရှိသလား း))

    တူသလိုလိုလား တူနေတာလားဗျာ း)

    ဘာပဲဖြစ်ဖြစ်တော့ ရှုခင်းလေးတွေ ခံစားသွားတယ်ဗျိူးး


    ခင်မင်စွာဖြင့်
    ဗညားရှိန်
    January 18, 2012 at 11:50 PM
    ညယံ said...
    အရင်တုန်းက လာဖတ်ဖူးတာ .. ယောကျာ်လေး မှတ်နေတာ .. ပုံလေးတွေမြင်တဲ့ထိ ကောင်မလေးရဲ့ပုံလေးတွေ တင်တယ်ထင်နေတာ .. အဲလို အမြင်က အတင်းစူးရှတာ :D
    ရှုခင်းလေးတွေလှဒယ် .. စိမ်းစိမ်းစိုစိုနဲ့စိတ်အပမ်းပြေတယ် .. တောင်တက်ရတယ်ဆိုတော့ နည်းနည်းတော့ မောတာပေါ့ :)
    January 19, 2012 at 7:02 AM
    ဘိုဖြူ said...
    ကျွန်တော်က ငယ်ငယ်ကတောင်ပေါ်မှာပဲ
    မစန်းထွန်းတို့လဲတောင်တက်တာပဲလား
    အစကယောက်ကျာၤးလေးလို့ထင်နေတာ
    မဂျက်ပြောလို့သိတာ
    ပုံတွေလှတယ်ဗျာ
    January 19, 2012 at 8:35 AM
    တောက်ပကြယ်စင် said...
    စန်းထွန်းရေ...
    ရေကလည်း ကြည်လဲ့လဲ့ပြာ...
    ပန်းဝါလေးကလည်း လှလို့...
    တို့များ အားကျမိပါရဲ့...
    (နားနားပြီး အော်သွားသည်)
    January 19, 2012 at 11:10 AM
    blackroze said...
    အထွန်းရေ
    ပစ်ပစ်လည်းတောင်တော့တက်ချင်သား
    ဒါပေမဲ့မောလာရင်
    တွဲမဲ့သူအနားမှာရှိဘူးရယ်..
    January 19, 2012 at 1:32 PM
    San San Htun said...
    လင်းခေတ်ဒီနို ဘူတုန်း..နတ်ဆိုးကဗျာဆရာလေး ဗညားဆိုတာပဲ သိတယ်..:P
    ညယံ..စန်းထွန်းဆိုတာနဲ့ ကိုစန်းထွန်းထင်တာ်..ဓာတ်ပုံကြီးပြ ူးနေအောင် တင်ထားတာတောင်မှ ကိုကြီးစန်းထွန်းကောင်မလေးပုံ တင်တာလို့ ထင်ကြတာပဲလေ..
    ဘိုဇြ ူ အပျော်တောင်တက်တာပါ..တကယ့်တောင်တွေကိုတော့ မတက်နိုင်ပေါင်..
    ဘုန်းဘုန်းတောက် နားနားပြီး မအော်ဘဲ တဘရိတ်တည်း အော်လို့လဲ ရပါတယ် ဘုရား..
    ပစ်ပစ် တွဲမဲ့သူ အနားမှာ မရှိလည်း တုတ်ကောက်ကလေးနဲ့ တက်လို့ရတယ်နော့..:P
    January 19, 2012 at 5:16 PM
    အဖြူရောင်နတ်သမီး said...
    စိမ်းလန်းနေတာပဲ..
    သာယာလိုက်တာ...
    January 29, 2012 at 6:53 AM

    ReplyDelete