28 December 2011

စန်းထွန်းရဲ့ နှိပ်ချက် ...

တောလားတွေ ရေးနေလိုက်တာနဲ့ ရက်ကွက်ထဲမှာတော့ဗျာကိုတောင် မရေးဖြစ်တာ ကြာပါပြီ။ ရက်ကွက်ထဲမှာ ဘာတွေဖြစ်မှန်း သိချင်နေမလားဘဲ။ ဒီဇင်ဘာလမှာ Database Management System (DBMS) ဘာသာကို ပရော်ဖက်ဆာ Bruce Lester နဲ့ သင်ရပါတယ်။ Parallel Programming ကိုယ်ပိုင်စာအုပ်ရေးပြီး အဲဒီဘာသာမှာ ဆရာတဆူဖြစ်တဲ့ ပရော်ဖက်ဆာ က Parallel Programming သင်တာ ကောင်းပေမဲ့ DBMS သင်တာတော့ မကောင်းလှပါဘူး။ ပရော်ဖက်ဆာ Najeeb ၊ Seifu တို့လို ကြပ်တဲ့ ဆရာတွေနဲ့ ကောင်းကောင်းအမောင်းခံရတဲ့ ကျောင်းသားတွေမှာ Lester လို ချောင်တဲ့ ပရော်ဖက်ဆာနဲ့ တွေ့တော့ ဘီးစီးတဲ့ ဘဝကို ပြန်ပြောင်းအောက်မေ့ သတိရလို့ ဘီးစီးချင်ကြပြန်ရော။

ပရော်ဖက်ဆာ Najeeb ဆို Quiz တွေ ရှိတဲ့နေ့ဆို ၉ ၄၅မိနစ်ကတည်းက အတန်းစပါတယ်။ ပရော်ဖက်ဆာ Seifu ကတော့ ၁၀ နာရီ ဒေါင်ဆိုတာနဲ့ အတန်းစတယ်။ ပရော်ဖက်ဆာ Lester က ၁၀ ၁၀ မိနစ် အတန်းစပေမဲ့ ၁၀ နာရီ ၁၅၊ ၂၀ လောက်မှ အတန်းစတာပါ။ နေ့လည်ဆိုရင် စာဖတ်ခိုင်းပြီး Homework လုပ်ရပါတယ်။ အိမ်စာကို နောက်နေ့ မနက် ၁၀နာရီ အတန်းမတက်မှီ Homework Submit Folder မှာ ကြိုက်တဲ့အချိန်တင်။ ပရော်ဖက်ဆာ Najeeb ကတော့ ည ၉ နာရီနောက်ပိုင်း Homework တင်ရင် လက်မခံတော့ပါ။ ဒီတော့ ကျောင်းသားတွေခမျာလည်း ည၉ နာရီ မတိုင်မှီ Homework ပြီးအောင် အားစိုက်ရပါတယ်။

နေ့လည်ချိန် စာဖတ်ပြီး Homework လုပ်ရချိန်ဆိုရင် ကျောင်းသားတွေက ဖေ့ဘွတ်ဝင်၊ သီချင်းကို နားကြပ်နဲ့ နားထောင်၊ ဗီဒီယိုကြည့်နဲ့ အချိန်ကို အကျိုးရှိစွာ အသုံးချကြပါတော့တယ်။ စန်းထွန်းတယောက်လည်း အဲဒီအချိန်ဆို ဖေ့ဘွတ်ဝင်၊ သတင်းကြည့်။ ဖေ့ဘွတ်မှာ တင်တဲ့ပုံတွေ တပုံချင်းစီကြည့် Like ၊ မန့်ပေး။

အဲဒီနေ့ကတော့ အိအိက Golden Mile မှာ စားတဲ့ ယိုးဒယားဟင်းပုံတွေ တင်ထားပါတယ်။ ငတ်နေတာ ကြာပြီဆိုတော့ ဓာတ်ပုံတွေ ကြည့်ရင်း သားရေတွေကျကာ Like ပေါ့။

သြစီက မဝါက သူ့သမီးလေး ဝင့်ဝါလေးပုံတွေ တင်ထားတာကိုလည်း Like ပေါ့။ ဘေးမှာ ထိုင်နေတဲ့ Yanzi ကတောင် So cute baby တဲ့။ မဝါက ဝင့်ဝါဓာတ်ပုံလေးတွေ ၂.၂၊ ၂.၃ ဆိုပြီး  ဝင့်ဝါ ၂နှစ် ၂ လ၊ ၃ လ Folder လေးတွေ ခွဲပြီး တင်ပါတယ်။ သိပ်ကောင်းတဲ့  အိုင်ဒီယာလေးပါ။ ဒီဂျစ်ဒယ်တွေ မပေါ်သေးခင် ကင်မရာဆိုတာ တရွာလုံးမှာမှ တလုံး၊ တနှစ်၊၂နှစ်နေမှ တခါလောက် ဓာတ်ပုံရိုက်လေ့ရှိတဲ့ နယ်မှာ ကြီးပြင်းခဲ့လို့ ငယ်ငယ်က ဓာတ်ပုံဆိုတာ ရှားမှရှား ။ ဟိုင်းကြီး၊ ရွာသစ်၊ စံပြ အိမ်တွေ အပြောင်းအရွှေ့ရယ်၊ နာဂစ်လက်ချက်ရယ်ကြောင့် ကလေးဘဝတုန်းက ဓာတ်ပုံဆိုတာ မရှိတော့ပါ။ ငယ်ငယ်တုန်းက ဘယ်လိုပုံလဲလို့ မေးရင် ဝဝကစ်ကစ်လေးတဲ့။

ဒီဂျစ်တယ်ခေတ်မှာ မွေးဖွားတဲ့ ကလေးတွေကတော့ ကံကောင်းလိုက်တာ။ လိုရာသုံးနိုင်တဲ့ ဖုန်း၊ မရှားပါးတော့တဲ့ ကင်မရာတွေကြာင့် တဖျပ်ဖျပ်ပေါ့။ ဓာတ်ပုံလေးတွေ အဲဒီလိုတင်တော့ အဝေးမှာ ရောက်နေပေမဲ့ ကလေးတွေ ကြီးပြင်းလာတာ မြင်တွေ့ရသလို ကလေးအတွက်လည်း ငယ်ငယ်တုန်းက ဘယ်လိုဆိုတာ ပြန်ကြည့်နိုင်တာပေါ့။

 
 

Like ချင်စရာ မကောင်းပေဘူးလား ပိတ်သတ်ကြီး။ နောက်နေ့မှာတော့ အိအိက tag လာပါတယ်။


စန်းထွန်းရဲ့နှိပ်ချက် (မနက် ၄ နာရီထိုးခါနီး)
notification တွေဆက်တိုက်ဝင်လာလို့ ပထမတော့ silent လုပ်တယ်. vibration ကြောင့်သိနေသေးတယ်.
ကုတင်ဘေးကစားပွဲပေါ်လည်း တင်လိုက်ရော သစ်သားနဲ့ထိလို့ vibration ကပိုဆိုးရော..
နောက်ဆုံး..... ဖုန်းပိတ်လိုက်ရတဲ့အဆင့်ထိဖြစ်သွားတယ်.. :D :D

ပန်းသီးကိုက်တဲ့ အိအိက ဖေ့ဘွတ်  notification တွေကို vibration လုပ်ထားတာကိုး။ စတိတ်မှာ နေ့လည်၊ စလုံးမှာ မနက်။ ကိုယ့်ရဲ့ Like တွေကို အိအိကို မနက်အစောကြီး နှိုးနေသလိုဖြစ်နေတာကိုး။ ကိုယ့်သာဆို နာ့ကို အိပ်ရေးပျက်အောင် လုပ်တဲ့ စန်းထွန်းဆိုပြီး ဒေါသပုန် ထလိုက်မဲ့ဖြစ်ချင်း။ မဝါဆီကတော့ ဘာမှ အကြောင်းမကြားလာတော့ သူ့ပန်းသီးမှာ ဖေ့ဘွတ် notification တွေကို vibration မလုပ်ထားတာပဲလား၊ အားနာလို့ မပြောတာဘဲလား။

ကျမ Like မိ အပြစ်ရှိ၏။ မသိလို့ Like မိတာ ဆောတီးနော်။ အဲဒီကတည်းက နေ့လည်ချိန်ဆို ဖေ့ဘွတ်မှာ Like ရမှာ ကြောက်နေလို့ :P

စန်းထွန်း
ဒီဇင်ဘာ ၂၈၊ ၂၀၁၁။

15 comments:

  1. ေၾသာ္..ေဖ့စ္ဘြတ္ခ္၊ ေဖ့စ္ဘြတ္ခ္...၊ း)
    Btw, ကေလးမေလးက ခ်စ္စရာ ေကာင္းတယ္..။

    ReplyDelete
  2. ေအာင္မေလး စန္းထြန္းရယ္ ဒိုးကန္လဲ ဒီည အဲဖြဘြတ္ၾကီး ကိုမပိတ္မိလို႕ တညလံုးတဂီးဂီးနဲ႕ လာေနတာ မအိပ္လုိက္ရဘူး .တူလိုက္တာ း)

    ReplyDelete
  3. သတိ
    ပန္းသီးကိုက္သူမ်ား ေဖ့ဘြတ္ပိတ္ၿပီးမွ အိပ္ပါရန္ ...:P

    ReplyDelete
  4. အမေလးစန္းထြန္းရယ္
    အဲဒီကေလးကခ်စ္ဖုိ႔ေကာင္းလုိက္တာ
    ဘာေၾကာင္႔ဒီေလာက္ပဲမ်ားေနတာလဲ
    အေတာ္ခ်စ္စရာေကာင္းတာပဲ
    ၁၀ေယာက္ေလာက္ေမြးလုိက္ခ်င္တယ္ အဲဒီလုိကေလးမ်ဳိး

    ReplyDelete
  5. ေဖ့ဘြတ္ကို သံုးျပီးေတာင္ ျပန္ေအာက္ထားတယ္... တို႔စက္ရုပ္က ဗမာလို ဖတ္လို႔ မရေတာ့ မ၀င္ျဖစ္တာ မ်ားပါတယ္။ ကေလးေလးကို အသည္းယားတာဗ်ာ...

    ReplyDelete
  6. လိုက္ခ်က္ကေတာ့ကမ္းကိုကုန္ပါေရာလားဗ်....၊ကိုယ္ေတြ
    လိုက္ႏိုင္လွၿပီေအာက္ေမ့ေနတာ....၊စန္းထြန္းလိုက္ခ်က္
    ကိုမွီဝူးဗ်ဳိး...:)))။ ပန္းသီးကေတာ့ဟုတ္တယ္...၊ကိုယ္သံုး
    ေနခ်ိန္မွာဖြင့္ထားတာပဲေကာင္းတယ္...၊မသံုးေတာ့ဘူးဆို
    ရင္ ေအာက္ပလိုက္မွ...၊မေအာက္ရင္ တတိန္တိန္နဲ႕...:)

    ReplyDelete
  7. ကေလးေတြလွတာခ်စ္စရာေကာင္းတာ ဟုတ္ပါတယ္
    ဒါေပမယ္႔အေပၚက တို႕မမစံပယ္ကေတာ႕ ၁၀ ေယာက္တဲ႕ ဟိဟိ အာ ဂ အာ ဂ
    မွန္းစမ္း မ်က္လံုးထဲျမင္ၾကည္႕လိုက္မယ္
    ဖ်ား ဖ်ား ကိုလြင္ျပင္ၾကီးကတိုးလို႕တြဲေလာင္း (ကေလးေျပာပါတယ္ ..း) မမစံပယ္က ခ်ီတ၀က္ပူတ၀က္ ..ကိုလြင္ျပင္ခ်ီထားတဲ႕ကေလးကိုစိတ္ပူတာေျပာတာေနာ္ း)
    ဖ်ား ဖ်ား ဖ်ား )

    ReplyDelete
  8. ဟုတ္ပ လိုက္ခ်င္စရာေလး
    ေဖ႕ဘြတ္မွာဆို တို႕လည္း Like မိမွာေသခ်ာတယ္
    အစားအေသာက္ေတြကလည္း သူမ်ားေတြ လိုက္ခ်င္စရာေတြကိုး
    ဒီေတာ႔လည္း Like ၾကတာေပါ႔ေနာ္။

    ReplyDelete
  9. ဂ်က္ဂ်က္ေရ ေမြးလိုက္စမ္း..Little ဂ်က္ ဓာတ္ပံုေလးေတြ ေဖ့ဘြတ္ကေန လိုက္ခ္ေပးမယ္..:P

    ReplyDelete
  10. ကေလးမေလးကခ်စ္စရာေလးရယ္..
    Facebook က ေတာ့..သူမ်ားကလို္က္
    တာထက္..ကလစ္ကလစ္ လုပ္ရတာ
    ပိုႀကိဳက္တယ္

    ReplyDelete
  11. Like ခ်င္စရာေလး...:):)
    အဲဒါေၾကာင့္ အိပ္ေရးပ်က္တာ....:P

    ReplyDelete
  12. ကုိကုိေမာင္(ပန္းရနံ႔)December 29, 2011 at 8:59 PM

    ခ်စ္စရာေလး။ ဒါေပမဲ့ ႀကီးလာရင္ေတာ့ ၀တုတ္မေလး ျဖစ္လာမယ္ထင္တယ္။ း)

    အခုကထဲက ေရကူးသင္တန္းတက္ခုိင္းထား။ း)

    ReplyDelete
  13. လိုုက္သာလိုုက္ရ မ်က္ႏွာေကာင္းမရပါလားစန္းထြန္းရယ္။
    အိုုင္အိုုရာ

    ReplyDelete
  14. ကြန္မက္ေရးမလုိ႔ပါပဲ သူတုိ႔ေရးတာေတြဖတ္ျပီးကုိဘာေရးရမလဲေမ႔သြားတယ္ဗ်ာ
    ရယ္လဲရယ္ရပါတယ္
    ပန္းသီးလဲမရွိေတာ႔ဘာမွစိတ္ပူစရာမရွိပါဘူးဗ်ာ

    ReplyDelete
  15. ညီလင်းသစ် said...
    သြော်..ဖေ့စ်ဘွတ်ခ်၊ ဖေ့စ်ဘွတ်ခ်...၊ း)
    Btw, ကလေးမလေးက ချစ်စရာ ကောင်းတယ်..။
    December 28, 2011 at 6:15 PM
    မဒမ်ကိုး said...
    အောင်မလေး စန်းထွန်းရယ် ဒိုးကန်လဲ ဒီည အဲဖွဘွတ်ကြီး ကိုမပိတ်မိလို့ တညလုံးတဂီးဂီးနဲ့ လာနေတာ မအိပ်လိုက်ရဘူး .တူလိုက်တာ း)
    December 28, 2011 at 7:46 PM
    San San Htun said...
    သတိ
    ပန်းသီးကိုက်သူများ ဖေ့ဘွတ်ပိတ်ပြီးမှ အိပ်ပါရန် ...:P
    December 28, 2011 at 7:57 PM
    စံပယ်ချို said...
    အမလေးစန်းထွန်းရယ်
    အဲဒီကလေးကချစ်ဖို့ကောင်းလိုက်တာ
    ဘာကြောင့်ဒီလောက်ပဲများနေတာလဲ
    အတော်ချစ်စရာကောင်းတာပဲ
    ၁၀ယောက်လောက်မွေးလိုက်ချင်တယ် အဲဒီလိုကလေးမျိုး
    December 29, 2011 at 12:42 AM
    TZH1985 said...
    ဖေ့ဘွတ်ကို သုံးပြီးတောင် ပြန်အောက်ထားတယ်... တို့စက်ရုပ်က ဗမာလို ဖတ်လို့ မရတော့ မဝင်ဖြစ်တာ များပါတယ်။ ကလေးလေးကို အသည်းယားတာဗျာ...
    December 29, 2011 at 2:00 AM
    ညိမ်းနိုင် said...
    လိုက်ချက်ကတော့ကမ်းကိုကုန်ပါရောလားဗျ....၊ကိုယ်တွေ
    လိုက်နိုင်လှပြီအောက်မေ့နေတာ....၊စန်းထွန်းလိုက်ချက်
    ကိုမှီဝူးဗျိုး...:)))။ ပန်းသီးကတော့ဟုတ်တယ်...၊ကိုယ်သုံး
    နေချိန်မှာဖွင့်ထားတာပဲကောင်းတယ်...၊မသုံးတော့ဘူးဆို
    ရင် အောက်ပလိုက်မှ...၊မအောက်ရင် တတိန်တိန်နဲ့...:)
    December 29, 2011 at 4:02 AM
    မဒမ်ကိုး said...
    ကလေးတွေလှတာချစ်စရာကောင်းတာ ဟုတ်ပါတယ်
    ဒါပေမယ့်အပေါ်က တို့မမစံပယ်ကတော့ ၁၀ ယောက်တဲ့ ဟိဟိ အာ ဂ အာ ဂ
    မှန်းစမ်း မျက်လုံးထဲမြင်ကြည့်လိုက်မယ်
    ဖျား ဖျား ကိုလွင်ပြင်ကြီးကတိုးလို့တွဲလောင်း (ကလေးပြောပါတယ် ..း) မမစံပယ်က ချီတဝက်ပူတဝက် ..ကိုလွင်ပြင်ချီထားတဲ့ကလေးကိုစိတ်ပူတာပြောတာနော် း)
    ဖျား ဖျား ဖျား )
    December 29, 2011 at 4:50 AM
    ချော(အစိမ်းရောင်လွင်ပြင်) said...
    ဟုတ်ပ လိုက်ချင်စရာလေး
    ဖေ့ဘွတ်မှာဆို တို့လည်း Like မိမှာသေချာတယ်
    အစားအသောက်တွေကလည်း သူများတွေ လိုက်ချင်စရာတွေကိုး
    ဒီတော့လည်း Like ကြတာပေါ့နော်။
    December 29, 2011 at 7:18 AM
    San San Htun said...
    ဂျက်ဂျက်ရေ မွေးလိုက်စမ်း..Little ဂျက် ဓာတ်ပုံလေးတွေ ဖေ့ဘွတ်ကနေ လိုက်ခ်ပေးမယ်..:P
    December 29, 2011 at 11:37 AM
    blackroze said...
    ကလေးမလေးကချစ်စရာလေးရယ်..
    Facebook က တော့..သူများကလိုက်
    တာထက်..ကလစ်ကလစ် လုပ်ရတာ
    ပိုကြိုက်တယ်
    December 29, 2011 at 12:22 PM
    Angelhlaing(May everybody be happy and healthy! said...
    Like ချင်စရာလေး...:):)
    အဲဒါကြောင့် အိပ်ရေးပျက်တာ....:P
    December 29, 2011 at 1:21 PM
    ကိုကိုမောင်(ပန်းရနံ့) said...
    ချစ်စရာလေး။ ဒါပေမဲ့ ကြီးလာရင်တော့ ဝတုတ်မလေး ဖြစ်လာမယ်ထင်တယ်။ း)

    အခုကထဲက ရေကူးသင်တန်းတက်ခိုင်းထား။ း)
    December 29, 2011 at 8:59 PM
    Iora said...
    လိုက်သာလိုက်ရ မျက်နှာကောင်းမရပါလားစန်းထွန်းရယ်။
    အိုင်အိုရာ
    December 30, 2011 at 2:00 AM
    ဘိုဖြူ said...
    ကွန်မက်ရေးမလို့ပါပဲ သူတို့ရေးတာတွေဖတ်ပြီးကိုဘာရေးရမလဲမေ့သွားတယ်ဗျာ
    ရယ်လဲရယ်ရပါတယ်
    ပန်းသီးလဲမရှိတော့ဘာမှစိတ်ပူစရာမရှိပါဘူးဗျာ
    January 6, 2012 at 10:45 AM

    ReplyDelete