03 December 2011
ဟောင်ကောင်သွား တောလား _ ၂
ခရစ်စမတ်ကျရင် ဟောင်ကောင်သွားမှာမို့ အဲဒီက ရာသီဥတု အခြေအနေကို သိချင်ပါတယ်ဆိုပြီး မေးလာတဲ့ Thandar Lwin အမေးကို ဖြေဖို့ ကွမ်ကျိုးသူ Yanzi ကို စပ်စုကြည့်တော့ ဟောင်ကောင်မှာ နှင်းမကျပါဘူးတဲ့။ ၄၊၅ ဒီဂရီလောက် အေးတာမို့ ချမ်းတတ်ရင် အနွေးထည်ကောင်းကောင်း၊ ဦးထုပ်၊ မာဖလာတို့ ယူသွားတာ ကောင်းပါတယ်။ ရန်ကုန်လို ပူတဲ့နေရာက သွားမှာမို့လို့ အေးမှာပါ။ ဟိုကျမှ ဝယ်မယ်ဆိုရင်လည်း ဟောင်ကောင်က လျှော့ပင်းထွက်လို့ အရမ်းကောင်းပါတယ်။ မသွားခင်တော့ ရာသီဥတု တချက်လောက်တော့ check သွားပါ။ တော်ကြာ စန်းထွန်းပြောလို့ အနွေးထည် မယူသွားတာ ဟိုကျမှ ချမ်းလိုက်တာ ဂတ်..ဂတ်.. ဖြစ်နေဦးမယ် :)
Tung Chung ဘူတာ ပြန်ရောက်တော့ နေ့လည် ၁နာရီ ကျော်နေပါပြီ။ ဟောင်ကောင် အစားအသောက်တွေက တကယ်ကောင်းပါတယ်။ စလုံးက အအေးဘူးတွေဆိုရင် ချိုပြီး ရေကတောင် အအေးထက် ကောင်းဦးမယ်။ ဟောင်ကောင်က အအေးဘူးတွေကတော့ တကယ်ကောင်းဗျား။
နာမည်ကြီးတဲ့ Yin Yang ကို မြည်းကြည့်ပါတယ်။ အရသာက ကော်ဖီနဲ့ လက်ဖက်ရည် ရောထားသလိုမျိုး။
credit to Ira
ဗိုက်ပြည့်တာနဲ့ ၁နာရီလောက် လျှော့ပင်း ကြပါတယ်။ ဟောင်ကောင်  GIORDANO နာမည်ကြီးပါတယ်။ ငါ့အကြိုက် နင်သိပါတယ် ကြည့်ကျက်ပြီး ဝယ်လာခဲ့လို့ မှာကြားလိုက်တဲ့ မကြီးအတွက် လိုက်ရှာပါသော်ငြားလည်း ပင်ပန်းတာနဲ့ ဈေးကလည်း သိပ်မကွာတာနဲ့ နည်းနည်းပါးပါး လျှောက်ကြည့်ပြီး နားနေတာပါ။ ဟောင်ကောင်ဖက်ရှင် စလုံးဖက်ရှင်နဲ့ မတူ ရိုးရိုးရှင်းရှင်းနဲ့ ဆန်းပါတယ်။ စလုံးမတွေလောက် မိတ်ကပ်မများဘဲ ဟောင်ကောင်သူတွေ မိတ်ကပ်လိမ်းတာ Natural ဆန်ပါတယ်။ မကာအိုမှာတော့ ဟောင်ကောင်ဒေါ်လာ လက်ခံပေမဲ့ ဟောင်ကောင်ကတော့ မကာအိုဒေါ်လာ လက်မခံပါ။
SingTel လိုင်းက မကာအိုနဲ့ ဟောင်ကောင်မှာ မိပါတယ်။ မကာအို ရောက်တာနဲ့Welcome to Singtel, Grand Libosa ၊ Jackpot ဘယ်လောက်ပေါက်သွားပြီဆိုတဲ့ ကြော်ငြာတဲ့ SMS တွေ ဝင်လာပါတယ်။ ချိန်ထားတဲ့ အချိန်ရောက်လို့ စုရပ်မှာ ဆုံကြတော့ ကောင်လေးတွေက သူတို့ချစ်ဇနီးတွေအတွက် လက်ဆောင်ကိုယ်စီ။ ကောင်မလေးတွေကတော့ မိန်းကလေးပီသစွာ ဘာမှ မဝယ်။ အေးအေးဆေးဆေး လျှော့ပင်းဖို့ ကောင်းတဲ့ ဟောင်ကောင်ပါ။
Tung Chung အဝါရောင်လိုင်းကနေ နာမည်ကြီး Peak Tram စီးဖို့ ဂိတ်ဆုံးစီးကာ Central MTR Island Line  ဆီချီတက်ခဲ့ကြပါတယ်။ စလုံးမှာ ရထားလိုင်းက ၂ထပ်၊ ဟောင်ကောင်မှာတော့ ၃ထပ်။ Interchange တွေ အဝေးကြီး လမ်းအများကြီး လျှောက်ရပါတယ်။ ဒီလောက် စာတွေ ရေးထားတာတောင် လည်ချင်သလိုဖြစ်နေလို့ ကန်တုန်စကားတတ်တဲ့ ထိန်ထိန်က မေးရပါတယ်။
ဟောင်ကောင်မှာ မဖြစ်မနေ စားရမဲ့ Dim Sum စားဖို့ လိုက်ရှာတော့ မွန်းလွဲပိုင်းဆိုရင် ဘယ်ဆိုင်မှာ Dim Sum မရောင်းတော့ပါဘူးတဲ့။ Dim Sum ဆိုတာ မနက်ပိုင်းသာ စားကြတာတဲ့။
credit to Ira
ဒါဆိုလည်း နာမည်ကြီး Lao Po Bing (Wife Cake) ဝယ်ဖို့ ချီတက်ကြပြန်တော့လည်း တနင်္ဂနွေနေ့မို့ ဆိုင်ပိတ်တယ်တဲ့။ တိန်။ သေပြီဆရာ။ မထူးတော့တဲ့အတူ ဟိုကြည့် ဒီကြည့်ကြပါတယ်။ တိုက်တွေက အမြှင့်ကြီး၊ ဆိုင်ခန်းက ကျဉ်းကျဉ်း ရန်ကုန်က တရုတ်တန်း ရောက်နေသလို၊ အသက်ရူမဝသလို ခံစားရပါတယ်။ လူဦးရေများပြားတဲ့ ဟောင်ကောင်လေက မသန့်တော့ Mask တပ်ထားတဲ့ သူတွေ တွေ့ခဲ့ရတယ်။
ညစာ စားရမှာလည်း စောနေသေးပေမဲ့ ညစာစားမယ်လို့ ဆုံးဖြတ်ပြီး ကောင်းမယ်ထင်တဲ့ စားသောက်ဆိုင်ကို ဝင်တီးကြပါတယ်။ ဗိုက်ပဲဆာနေလို့လား ဟောင်ကောင်စာတွေကပဲ စားကောင်းလို့လား စားကောင်းတာတော့ အသေအချာပါ။
credit to Ira
Peak Tram ဆီ ချီတက်ကြတော့ တက္ကစီမောင်းတဲ့ ကားဆရာက ဖုန်းပြောရင်း ရန်များဖြစ်သလားပေါ့။ အချင်းချင်း မျက်စပစ်ပြီး ကြောက်နေကြပြီ။ ဖုန်းပြောပြီးတော့ တောင်းပန်ပါတယ်။ သူတို့က အားရပါးရ ပြောကြတာ ကိုယ်တွေက ရန်ဖြစ်တယ် ထင်နေတာ။ Peak Tram ရောက်တော့ Qတန်းကြီးက ရှည်နေပါပြီ။
လက်မှတ်ဝယ်ဖို့ နာရီဝက်လောက် တန်းစီရတယ်။ ကားနဲ့လည်း  တက်လို့ ရပါတယ်။ ရထားလေးကို  ပင်နယံသုံးပြီး စတီးကေဘယ်တွေအားနဲ့ တောင်ထိပ်ရောက်အောင် အင်္ဂလိပ်တွေက ၁၈၈၈ ကနေ ၁၉၂၆ အထိ တည်ဆောက်ခဲ့တာပါ။
နာမည်ကြီး အနုပညာရှင် ဖယောင်းရုပ်ထုတွေ ရှိတဲ့ Madame Tussauds ကလည်း လည်ပတ်သင့်တဲ့ စာရင်းထဲမှာ ပါပါတယ်။ အချိန်မရှိ၊ ပိုက်ဆံမရှိတာနဲ့ပဲ အပြင်မှာ အလကား ရိုက်လို့ရတဲ့ ဂျက်ကီချမ်း၊ Pierce Brosnan ၊ Michelle Yeoh တို့နဲ့ပဲ တွဲရိုက်ခဲ့တယ်။
၇၀ ဒီဂရီလောက် မတ်စောက်ပြီး တိုက်တွေနဲ့မျဉ်းပြိုင်လား ထောင်တက်သွားတဲ့ Tram ကို အသည်းတအေးအေး ကျောတစိမ့်စိမ့် စီးရတာနဲ့ ၁နာရီလောက် စောင့်ရကျိုး နပ်ပါတယ်။
တောင်ထိပ်ကနေ ဗစ်တိုးရီးယားဆိပ်ကမ်း၊ Kowloon  နာမည်ကြီးတဲ့ ဟောင်ကောင်ညအလှကို ရူစားနိုင်ပါတယ်။ စားသောက်ဆိုင်တွေ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်တွေနဲ့ ကြိတ်ကြိတ်တိုးလှပါတယ်။ Peak Tower ရှိပေမဲ့ မတက်တော့ပါဘူး။
နေ့လည်ပိုင်းမှာ မအေးပေမဲ့ ညနေရောက်လို့ လေတိုက်တဲ့အခါ အေးတာကို မေ့သွားတဲ့ ထိန်ထိန်တယောက် ၇၅ရာခိုင်နှုန်းဒစ်စကောင့်လို့ စကြတဲ့ အနွေးထည်အတို၊ ဘောင်းဘီအတိုနဲ့ ချမ်းလို့ ကုပ်နေရှာပါတယ်။
တောင်အောက်ပြန်ဆင်းတော့လည်း Q က အရှည်ကြီး။ အဆင်းကျတော့လည်း မတ်မတ်ကြီး တဒိုင်းဒိုင်း ဆင်းချသွားတော့လည်း ရင်တုန်ရတာပါပဲ။
ဟောင်ကောင်မိန်းကျွှန်း ဗစ်တိုးရီးယားဆိပ်ကမ်းတလျှောက်မှာ ရှိတဲ့ စီးပွားရေး အဆောက်အဦး၄၀ကျော်ကနေ မီးဆလိုက်တွေ ထွန်းညှိတဲ့ Symphony of Lights ကလည်း မဖြစ်မနေကြည့်ရမဲ့ စာရင်းမှာ ပါပါတယ်။ Peak Tram ရှိတာက ဟောင်ကောင်မိန်းကျွှန်း။ နေရာယူရမှာက ဟိုဖက်ကမ်း Kowloon။ မီးထွန်းညှိမှာ ည၈နာရီ။ တက္ကစီငှားက ဟိုဖက်ကမ်းကို တက်သုတ်ရိုက်ကာ ပြေးကြပါတယ်။ မှီမှ မှီပါ့မလား..
စန်းထွန်း
ဒီဇင်ဘာ ၂၊ ၂၀၁၁။
9 comments:
  1. စန်းထွန်းရဲ့ကျေးဇူးကြောင့်
    ReplyDelete
  2. သွားချင်စရာပဲစန်းထွန်းရာ.....ကြည့်ရတာ စလုံးထက်အပုံ
    ကြီးသာမယ်ထင်ရဲ့.....
    ReplyDelete
  3. ဟန်ကြည်December 4, 2011 at 9:04 AM
    007 နားမှာ ရပ်ရဲပလေ...မတော်ကျည်ဆံထွက်ပြီးမှန်မှဖြင့် ဟုတ်ပေ့ဖြစ်နေဦးမယ်...ဟောင်ကောင်ကို တစ်နိုင်ငံစနစ်နှစ်မျိုးအုပ်ချုပ်မယ်ဆိုတဲ့ ပေါက်ဖော်ကြီးက ဘယ်လိုများအုပ်ချုပ်ခန့်ခွဲသလဲဆိုတာ စိတ်ဝင်စားသွားလို့ ရှာဖတ်လိုက်ဦးမယ်...မြို့လှပေမယ့် လူများရင်တော့စိတ်ညစ်ပါဘိ...စိတ်အေးလက်အေး တောပိုင်းလေးတွေကို ပိုသဘောကျတယ်...
    ReplyDelete
  4. သွားရောက်လည်ပတ်ချင်စရာပဲ စန်းထွန်းရေ။
    ReplyDelete
  5. အပျော်လေးတွေကူးစက်သွားပြီစန်းထွန်းရေ။
    အိုင်အိုရာ
    ReplyDelete
  6. ကဲ သွားတော့သွားချင်ပေမယ့် မနီမရှိတေးလို့ စန်းထွန်းဆီကပဲ သွားတော့မယ် ဆက်တင်နော် ဟိဟိ
    ချစ်တဲ့
    မဒိုးကန်
    ReplyDelete
  7. တကယ်သွားနိုင်တာပဲဝေ့....
    အားကျတယ်...
    ReplyDelete
  8. ဟောင်ကောင်သွားခါနီး စန်းထွန်းပိုစ့်လေး လာဖတ်ရမယ် ဒါမှ လမ်းညွှန်ပြီးသားဖြစ်မှာ
    လန့်တယ်..
    ReplyDelete
  9. စံပယ်ချို said...
    စန်းထွန်းရဲ့ကျေးဇူးကြောင့်
    ဟောင်ကောင်ရောက်ခဲ့ပြန်ပြီနော်
    အအေးဗူးနဲ့ Dim Sum ကိုတော့စားချင်တယ်
    ပုံတွေအားလုံးကောင်းတယ်
    ချစ်ချစ်ခင်ခင် jasmine
    December 4, 2011 at 2:44 AM
    ညိမ်းနိုင် said...
    သွားချင်စရာပဲစန်းထွန်းရာ.....ကြည့်ရတာ စလုံးထက်အပုံ
    ကြီးသာမယ်ထင်ရဲ့.....
    December 4, 2011 at 7:58 AM
    ဟန်ကြည် said...
    007 နားမှာ ရပ်ရဲပလေ...မတော်ကျည်ဆံထွက်ပြီးမှန်မှဖြင့် ဟုတ်ပေ့ဖြစ်နေဦးမယ်...ဟောင်ကောင်ကို တစ်နိုင်ငံစနစ်နှစ်မျိုးအုပ်ချုုပ်မယ်ဆိုတဲ့ ပေါက်ဖော်ကြီးက ဘယ်လိုများအုပ်ချုပ်ခန့်ခွဲသလဲဆိုတာ စိတ်ဝင်စားသွားလို့ ရှာဖတ်လိုက်ဦးမယ်...မြို့လှပေမယ့် လူများရင်တော့စိတ်ညစ်ပါဘိ...စိတ်အေးလက်အေး တောပိုင်းလေးတွေကို ပိုသဘောကျတယ်...
    ဟောင်ကောင် ၃ ကိုမျှော်ဆဲပါဗျား...
    December 4, 2011 at 9:04 AM
    ဘုန်းဘုန်းတောက် said...
    သွားရောက်လည်ပတ်ချင်စရာပဲ စန်းထွန်းရေ။
    White Cake နဲ့ တော်တော်ဆင်တယ် မလေးရှားမှာတုန်းက တရုတ်အလှူပွဲတစ်ခုမှာ ဘုဉ်းပေးဖူးတယ်။ အဲဒီမှာက လိမ္မော်ရောင်ဗျ။ အဲဒါကြတော့ Orange Cake လား မသိဘူး။ ကောင်းတယ်။ သိလား။
    December 4, 2011 at 9:10 AM
    Anonymous said...
    အပျော်လေးတွေကူးစက်သွားပြီစန်းထွန်းရေ။
    ကိုယ်မေ့နေတာတွေလည်းပြန်သတိရတယ်။
    မသိခဲ့တာတွေလည်းသိရတယ်။ တိုင်းကျူး..တိုင်းကျူး..
    အိုင်အိုရာ
    December 4, 2011 at 9:17 PM
    မဒမ်ကိုး said...
    ကဲ သွားေတော့သွားချင်ပေမယ့် မနီမရှိတေးလို့ စန်းထွန်းဆီကပဲ သွားတော့မယ် ဆက်တင်နော် ဟိဟိ
    ချစ်တဲ့
    မဒိုးကန်
    December 5, 2011 at 12:05 AM
    မြသွေးနီ said...
    တကယ်သွားနိုင်တာပဲဝေ့....
    အားကျတယ်...
    အခုလိုသွားနိုင်တော့ ကိုယ်တွေက ပို့စ်ထဲက ခရီးသွားဆောင်းပါးလေးတွေနဲ့ ကမ္ဘာပတ်လို့ရတာပေါ့...။ :)
    December 5, 2011 at 3:50 AM
    ချော(အစိမ်းရောင်လွင်ပြင်) said...
    ဟောင်ကောင်သွားခါနီး စန်းထွန်းပိုစ့်လေး လာဖတ်ရမယ် ဒါမှ လမ်းညွှန်ပြီးသားဖြစ်မှာ
    အမြင့်ကြီးကို တက်ရတယ်ဆိုတော့ စီးရဲပါ့မလား မသေချာဘူး
    လန့်တယ်..
    December 6, 2011 at 4:03 AM
    ReplyDelete