23 November 2011

ကျေးဇူးတော်နေ့...



နိုဝင်ဘာ ၂၄ရက်မှာ ကျရောက်တဲ့ ကျေးဇူးတော်နေ့ကို အမေရိကန်တလွှား ခြိမ့်ခြိမ့်သဲ ကျင်းပနေသလို အဲဒီနေ့မှာ ကျရောက်တဲ့ စန်းထွန်းရဲ့ ၂၉နှစ်မြောက် မွေးနေ့ကိုလည်း တယောက်တည်း ခြိမ့်ခြိမ့်သဲ ကျင်းပနေပါတယ်။ တယောက်တည်း ကျင်းပတဲ့ ပထမဆုံးမွေးနေ့ပွဲပါ။



ကျေးဇူးတော်နေ့မှာ ကျေးဇူးတင်ထိုက်သူတွေက...

ပညာအမွေပေးမယ်ဆိုတဲ့ ပညာရေးကို အရေးပေးတဲ့၊ စာအုပ်ဝယ်မယ်ဆိုရင် ဘာဆိုဘာမှမမေး ပိုက်ဆံထုတ်ပေးတဲ့၊ သားသမီးအတွက် အရာရာကို ပေးဆပ်၊ ကြိုးစားနေတဲ့၊ ဖြောင့်မတ်မှန်ကန်တဲ့ ဖေနဲ့ မေတို့ရဲ့ သမီးဖြစ်ရတာ ဂုဏ်အယူရဆုံးပါ။ မောင်နှမတွေကို အစစ အရာရာ ဦးဆောင်လမ်းညွှန် ဖြည့်ဆည်းပေးနေတဲ့ မကြီး၊ များများလေးဆိုးပြီး နည်းနည်းလေး ချစ်ဖို့ကောင်းတဲ့ မောင်မောင်တို့ ရှိတာ အကျေနပ်ဆုံးပါ။ နောင်ဘဝများမှာလည်း ဒီလိုမျိုး မိဘ၊ မောင်နမတွေနဲ့ ဆုံချင်ပါသေးတယ်။

အစစကူညီသွန်သင် စောင့်ရှောက်ပေးတဲ့ ဆရာတွေကိုလည်း ကျေးဇူးတင်ပါတယ်။ သူငယ်ချင်းအများကြီး မရှိပေမဲ့ သူငယ်ချင်းကောင်းတွေ ရှိပါတယ်။ စန်းထွန်း အနိုင်ကျင့် ဗိုလ်ကျ ဆိုးသမျှကို နားလည်သည်းခံပေးတတ်သူတွေပါ။ မိသားစုအကြောင်း၊ သူငယ်ချင်းတွေအကြောင်း၊ အလုပ်အကြောင်း၊ အချစ်၊ ရည်မှန်းချက်၊ ယုံကြည်ချက်၊ မျှော်လင့်ချက်တွေအကြောင်း ဖလှယ်ရင်း ရင်ဖတ်ချင်း နီးကြသူတွေပါ။ ၆လလောက်မှ တခါ အွန်လိုင်းလာတဲ့ သူငယ်ချင်း၊ အွန်လိုင်းမှာ တွေ့ပေမဲ့ မအားလပ်လို့ အရင်လို မပြောကြပေမဲ့ တခုခုဆိုရင် ကူညီဖို့ အမြဲရှိနေကြသူပါ။ မိုင်ပေါင်းသောင်းချီအဝေးမှာ နေကြပေမဲ့ စိတ်ထဲနီးပါတယ်။

ဘာလို့ ရုပ်ချော၊ ညဏ်ထက်တဲ့သူမဖြစ်အောင် မဖန်ဆင်းတာလဲလို့ ကွန်ပလိမ်းတဲ့ စန်းထွန်းကို အကြောင်းတရားကင်းသော အကျိုးတရားမရှိ၊ မိမိကိုယ်သာ ကိုးကွယ်ရာလို့ ညွှန်ပြပေးတဲ့ ဗုဒ္ဓဘုရား၊ တရား၊ သံဃာကိုလည်း ကျေးဇူတင်ပါတယ်။ တခါတလေ အသွင်မတူတဲ့သူတွေနဲ့ ကြံုရတဲ့အခါ ဘယ်လိုညှိရမလဲ သင်ယူရပါတယ်။ ညှိလို့မရတော့လည်း အမြင်ကတ်တာပေါ့။ သူတို့ကြောင့်သာ အခက်အခဲဆိုတာ သိလာရပြီး ဘုရား၊တရား မမေ့အောင် သတိပေးသူတွေမို့ ကျေးဇူးတင်ရမှာပါ။

ဘလော့ဂါ မောင်နှမတွေ၊ အချိန်ပေးပြီး စာလာဖတ်သူတွေ ကျေးဇူးတင်ပါတယ်။ မြန်မာဆိုလို့ ကိုယ်တယောက်တည်း၊ အထီးကျန်၊ ပင်ပန်းဆင်းရဲလွန်းတဲ့ ကျောင်းသားဘဝရဲ့ ပေါက်ကွဲသံစဉ်တွေကို နားထောင်အားပေးပြီး အတူတူ ကျောင်းတက်ပေးသလိုပါ။ ဘလော့သည်သာ ရင်ဖွင့်ရာ ဒိုင်ယာရီပါ။

ဆန္ဒတွေ...

စာအုပ်၊ ဗီဒီယိုတိပ်၊ ဒီဗွီဒီတွေ ငှားလို့ရတဲ့ လူစည်ကားနေတဲ့ စာကြည့်တိုက်တွေ ရောက်တိုင်း ဒီလိုမျိုး မြန်မာပြည်မှာ ရှိစေချင်တယ်။ မီးလာရင် ရေပြေးတင်စရာမလိုတဲ့ ရေ၊ မီး၊ စနစ်တကျ အမှိုက်သိမ်း စနစ်မျိုး ရှိစေချင်တယ်။ ကြက်တူရွှေးနှုတ်တိုက် မဟုတ်ဘဲ တကယ်တတ်ပြီး ကိုယ်တတ်တဲ့ ပညာနဲ့ အသက်မွေးဝမ်းကျောင်းနိုင်တဲ့၊ အလုပ်အကိုင် အခွင့်အရေးများတဲ့ အခြေအနေမျိုး ရစေချင်တယ်။ အင်တာနက်ကွန်နက်ရှင်ကောင်းပြီး $10 ဖိုး ဖုန်းခေါ်ရင် မိနစ်၂၅ ရတဲ့အစား တခြားနိုင်ငံတွေလို မိနစ်၂၀၀၊ ၄၀၀ ရချင်တယ်။ MRT ရှိစေချင်တယ်။

အတွေးစတွေ...

တနှစ်ပြီးတနှစ် အသက်ကြီးလာတာနဲ့ ပုသေးလို့ ငယ်ချင်ယောင်ဆောင်ထားပေမဲ့ ခန္ဓာကိုယ်က မငယ်တော့ပါဘူး။ အရေးအကြောင်းတွေ ပေါ်လာတာ၊ ဗိုက်ခေါက်ထွက်လာတာ၊ မှဲ့ခြောက်တွေ ပေါ်လာတာတွေ ဖြစ်လာပါပြီ။ Dashain ပွဲတော်တုန်းက ၂နာရီလောက် မုန့်ဝေပေးရေး တာဝန်ယူပြီး မိုင်းနဲ့စန်းထွန်းနှစ်ကောင်သား ပင်ပန်းလို့ တကိုယ်လုံးကိုင်ရိုက်ထားသလို ကိုက်ခဲနေပေမဲ့ ငယ်ရွယ်တဲ့ ဆူနမ်၊ ရာမားတို့ကတော့ ဘာမှ မဖြစ်ဘူး။ မိုင်းနဲ့ စန်းထွန်း အသက်က စကားပြောတယ်လို့ မှတ်ချက်ပြုတော့ ဆူနမ်က အဘွားကြီးလေးတွေတဲ့။

အိမ်ထောင်ရှိ၊ သားသမီးရတနာလေးတွေ ပိုင်ဆိုင်နေတဲ့ သူငယ်ချင်းတွေ မြင်ရတော့ ကိုယ်ပိုင်ဆိုင်တာ ဘာမှ မရှိသေးပါလား။ အသက် ၂၇ ရှိပြီး လက်ဆုပ်လက်ကိုင် မပြနိုင်သူတွေကို အပျိုကြီးလို့ သတ်မှတ်သောကြောင့် အပျိုကြီးစာရင်းဝင်တာ ကြာပေါ့။ သင့်တော်တာတွေ့ရင် စဉ်းစားလို့ အိမ်ကခွင့်ပြုပေမဲ့ သင့်တော်တာလည်း မတွေ့သေး။ ဒီအသက်အရွယ်ရောက်တော့ ရင်လည်း တဒိန်းဒိန်း မခုန်တော့။ သူများတွေ တယောက်ပြီးတယောက် ချိတ်နေချိန်မှာ ကိုယ့်အတွက်တော့ တယောက်ကိုတောင် ချိတ်ဖို့ခက်ပါတယ်။ အပျိုကြီး လုပ်မယ်လို့ မကြံုးဝါးသလို အိမ်ထောင်ပြုမှ ဖြစ်မယ်လို့လည်း မကြုံးဝါးပါဘူး။ ကံအတိုင်းပေါ့။ ဒီအတိုင်းလည်း အဆင်ပြေပါတယ်။

အသက်တွေ တနှစ်ပြီး တနှစ်ကြီးလာတာနဲ့အမျှ ဗိုက်ကြီးတွေပူ ခန္ဓာကိုယ်ယိုယွင်းလို့ ကားအိုကားဟောင်း စာရင်းဝင်လာမှာပါ။ ရူပါလန်းလန်း မာစတာဘရိန်း မဟုတ်ပေမဲ့ ကြိုးစားနေတာကတော့ အသေအချာပါ။ အိုမင်းလာတာကို ဘာလိုမှ တားလို့မရပေမဲ့ တားလို့ရကတော့ အသိညဏ်ပညာပါ။ အသက်၂၅ထက် မကျော်တဲ့ မော်ဒယ်မလေးတွေ၊ အပျိုကြီးဆိုတာတွေ ခေါက်ထားလိုက်ပါ။ တနေရာရာမှာ အရေးပါအရာရောက်တယ်၊ အသုံးဝင်နေတယ်ဆိုတာကမှ ဘဝရဲ့ အဓိပ္ပာယ်ပါ။ အသိညဏ်ပညာတိုးကာ ရင့်ကျက်တည်ငြိမ်မှုတွေနဲ့အတူ လူ့လောကကြီးကို အကျိုးပြုရင်း ဘဝကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းချင်ပါတယ်။

ပျော်ရွှင်သော ကျေးဇူးတော်နေ့လေး ဖြစ်ပါစေ။

စန်းထွန်း
နိုဝင်ဘာ ၂၄၊ ၂၀၁၁။

13 comments:

  1. ေပ်ာ္ရႊင္ခ်မ္းေျမ့ဖြယ္
    ေမြးေန႕ေပါင္းမ်ားစြာကို
    မိသားစုနဲ႕အတူ
    ႏွစ္ေပါင္းမ်ားစြာတိုင္
    ဆင္ႏြဲႏိုင္ပါေစ။
    ျဖစ္ေစခ်င္တဲ့ဆႏၵေတြ
    အျမန္ဆုံးျပည့္၀ပါေစ။
    တိတ္တိတ္ေလး.
    ေတာင္းေနတဲ့ဆုေတြ
    ရွိေနခဲ့ရင္လည္း..
    မေႏွးအျမန္..ျပည့္၀ပါေစရွင္ း)
    စကားမစပ္..
    အပ်ိဳၾကီးျဖစ္ေနရတာကိုလည္း
    အျပည့္အ၀.ဂုဏ္ယူလိုက္ပါကြယ္
    ရဲရဲၾကီးသာ.ဂုဏ္ယူလိုက္ပါ း)
    ခင္မင္လွ်က္
    မိစံ

    ReplyDelete
  2. ဆႏၵနဲ႔ဘ၀ တထပ္တည္းက်ပါေစ။
    ေမြးေန႔မွသည္ ေႏွာင္တသက္တာ စိတ္၏ ခ်မ္းသာျခင္း ကိုယ္၏ က်န္းမာျခင္းတို႔နဲ႔ ျပည့္စံုပါေစ။
    အသိညဏ္ပညာတိုးကာ ရင့္က်က္တည္ၿငိမ္မႈေတြနဲ ့အတူ လူ ့ေလာကၾကီးကို အက်ိဳးၿပဳုကာ ဘဝကို အဓိပၸာယ္ရိွရိွ ၿဖတ္သန္းႏိုင္ပါေစ ေခြ်းမေလး

    ဒါနဲ႔ တရုတ္ျပည္ကို ဖုန္းက $2 တကဒ္ကို ၁၁၆ မိနစ္ရတယ္ သိလာ အမေန႔တိုင္းဆက္ေနက် 3Dဖုန္းကဒ္နဲ႔ ဆက္တယ္။

    ReplyDelete
  3. ေပ်ာ္႐ႊင္ဖြယ္ရာ ေမြးေန႔မဂၤလာ ျဖစ္ပါေစ ညီမေရ..၊

    ခက္ခဲတဲ့ “စာ” ပင္လယ္ႀကီးထဲမွာ မေလွ်ာ့ေသာ ဇြဲ၊ လံု႔လနဲ႔ ကမ္းေရာက္သည့္တိုင္ ကူးခတ္ႏိုင္ပါေစ..၊ တခါတေလ မိုးေမွာင္က်ၿပီး တစ္ေယာက္တည္း ပင္ပန္းလာတဲ့ အခါတိုင္း ခ်စ္ခင္ရတဲ့ မိဘ၊ ေမာင္ႏွမ၊ သူငယ္ခ်င္း၊ ဘေလာ့ဂ္ စတဲ့ “မီးျပတိုက္” ေတြကို တလွည့္စီ ေမွ်ာ္ၾကည့္၊ အားယူရင္း လိႈင္းႀကီးေလွေအာက္ ေက်ာ္ျဖတ္ သြားႏိုင္ပါေစလို႔ ဆုေတာင္း ေပးပါတယ္ဗ်ာ..။

    ReplyDelete
  4. ေမြးေန႔မွာေပ်ာ္ရြင္ခ်မ္းေျမ႕ပါေစ အပ်ဳိႀကီးစန္းထြန္းေရ..:P
    ဆႏၵေတြလည္းျပည့္ဝႏိုင္ပါေစ။မိဘ၊ေမာင္ႏွမေတြနဲ႕လည္း
    ႏွစ္ေပါင္းမ်ားစြာ ၿငိမ္းခ်မ္းသာယာေသာ မိသားစုဘဝေလး
    ကိုပိုင္ဆိုင္ႏိုင္ပါေစဗ်ား....၊

    ReplyDelete
  5. စန္းထြန္းေရ
    ခုေလာေလာဆည္ေတာ႔ အပ်ဳိၾကီးေပါ႔ေနာ္
    စရင္းေကာက္ထားတာပါ
    ၂၉ႏွစ္ေမြးေန႔မွ ေနာင္ႏွစ္ေပါင္းမ်ားစြာ
    စိတ္ခ်မ္းသာ ကုိယ္က်န္းမာျပီး
    လုိအင္အားလုံးျပည္႔၀ပါေစလုိ႔
    ခ်စ္ခ်စ္ခင္ခင္ jasmine

    ReplyDelete
  6. ေမြးေန႔မဂၤလာရက္ျမတ္ေလးမွာ တစ္ေယာက္တည္း ၿခိမ့္ၿခိမ့္သဲ က်င္းပတဲ့တိုင္ အေရာက္လာခဲ့တယ္ စန္းစန္းေရ။
    ၂၉-ႏွစ္ေမြးေန႔မွအစျပဳၿပီး ေလာကီ ေလာကုတၱရာ ႏွစ္လီႏွစ္ဝ လိုအင္ဆႏၵအျဖာျဖာ ျပည့္ဝကာ ႀကံတိုင္းေအာင္လို႔ ေဆာင္တိုင္းေျမာက္ပါေစကြယ္။
    စိတ္ဓာတ္အစဥ္ၾကည္လင္ေအးျမပါေစေနာ္။

    ေမတၱာျဖင့္
    အန္တီတင့္

    ReplyDelete
  7. တေယာက္ထဲေပမဲ့တေယာက္ထဲမဟုုတ္ပါဘူးစန္းထြန္းေရ။
    အခ်ိန္မေရြးရင္ဖြင့္တာကုုိမွ်ေ၀ခံစားၾကတဲ့ကုုိယ္တိုု ့ေတြရွိ
    ၾကပါတယ္။
    ေမြးေန ့ေပါင္းမ်ားစြာ အေဖၚမ်ားနဲ ့ေပ်ာ္ရႊင္စြာဆင္ႏႊဲႏုုိင္ပါေစ။
    ေက်းဇူးေတာ္ေန ့မွာေပ်ာ္ရႊင္ပါေစ။

    ReplyDelete
  8. အစ္မ ေမြးေန႕လား ေနာက္ေတာင္က်ေနျပီလားမသိ း) ေအးခ်မ္းသာယာ တဲ့ ေမြးေန႔တိုင္းကို ေပ်ာ္ရႊင္စြာျဖတ္သန္းနိုင္ပါေစဗ်ာ ။

    စကားၾကံဳလို႔ေျပာရအံုးမယ္ က်ေနာ္န႔ဲ တူတဲ့ အခ်က္ေလးေတြသတိထားမိလို႔ ကိုယ့္အသက္ကို ျပန္မၾကည့္တတ္ပဲ ေတြးခ်င္တာေတြးျပီး စိတ္ခ်မ္းသာေအာင္ေနတတ္တယ္လို႔ထင္တယ္ ငါ လူၾကီးျဖစ္ျပီး ဆိုျပီး အတင္းလုပ္ေနရမွာ ေတာ္ေတာ္ ပင္ပန္းမယ့္ပံုပဲဗ် ။

    အသက္ေတြေမ့လို႔ လြတ္လပ္စြာ ေနထိုင္နိုင္ပါေစဗ်ာ ။

    ReplyDelete
  9. ငယ္ငယ္တုန္းကေတာ့ အသက္၃၀ဆို ေတာ္ေတာ္ၾကီးလွၿပီ ထင္ေနတာ..ေဟာ..ကိုယ့္အလွည့္လည္းေရာက္ေရာ မၾကီးေတာ့ဘူးဗ်ာ..ကိုယ့္ကိုကိုယ္ ၂၅ လိို ့ပဲ ထင္ေနတာေလ..:D

    ReplyDelete
  10. Happy Happy Birthday, cute San Htun!! May all of your wishes come true ;))

    ReplyDelete
  11. အသက္မကြာတဲ့သူေတြဟာ အေတြးေတြလည္း သိပ္မကြာဘူးထင္တယ္။

    hAPPY bELATED bIRTHDAY!

    ReplyDelete
  12. ေနာက္က်သြားတဲ႕ေမြးေန႕ဆုေတာင္းေလးပါ စန္းေရ
    ေဆာရီးပါေနာ္
    ေမြးေန႕ေပါင္းမ်ားစြာကို မိသားစုနဲ႕ ေပ်ာ္ရႊင္စြာျဖတ္သန္းႏိုင္ပါေစေၾကာင္ း

    ReplyDelete
  13. Anonymous said...
    ပျော်ရွှင်ချမ်းမြေ့ဖွယ်
    မွေးနေ့ပေါင်းများစွာကို
    မိသားစုနဲ့အတူ
    နှစ်ပေါင်းများစွာတိုင်
    ဆင်နွဲနိုင်ပါစေ။
    ဖြစ်စေချင်တဲ့ဆန္ဒတွေ
    အမြန်ဆုံးပြည့်ဝပါစေ။
    တိတ်တိတ်လေး.
    တောင်းနေတဲ့ဆုတွေ
    ရှိနေခဲ့ရင်လည်း..
    မနှေးအမြန်..ပြည့်ဝပါစေရှင် း)
    စကားမစပ်..
    အပျိုကြီးဖြစ်နေရတာကိုလည်း
    အပြည့်အဝ.ဂုဏ်ယူလိုက်ပါကွယ်
    ရဲရဲကြီးသာ.ဂုဏ်ယူလိုက်ပါ း)
    ခင်မင်လျှက်
    မိစံ
    November 24, 2011 at 4:26 AM
    Baby taster said...
    ဆန္ဒနဲ့ဘ၀ တထပ်တည်းကျပါစေ။
    မွေးနေ့မှသည် နှောင်တသက်တာ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပါစေ။
    အသိညဏ်ပညာတိုးကာ ရင့်ကျက်တည်ငြိမ်မှုတွေနဲ့အတူ လူ့လောကကြီးကို အကျိုးပြုုကာ ဘဝကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနိုင်ပါစေ ချွေးမလေး

    ဒါနဲ့ တရုတ်ပြည်ကို ဖုန်းက $2 တကဒ်ကို ၁၁၆ မိနစ်ရတယ် သိလာ အမနေ့တိုင်းဆက်နေကျ 3Dဖုန်းကဒ်နဲ့ ဆက်တယ်။
    November 24, 2011 at 5:33 AM
    ညီလင်းသစ် said...
    ပျော်ရွှင်ဖွယ်ရာ မွေးနေ့မင်္ဂလာ ဖြစ်ပါစေ ညီမရေ..၊

    ခက်ခဲတဲ့ “စာ” ပင်လယ်ကြီးထဲမှာ မလျှော့သော ဇွဲ၊ လုံ့လနဲ့ ကမ်းရောက်သည့်တိုင် ကူးခတ်နိုင်ပါစေ..၊ တခါတလေ မိုးမှောင်ကျပြီး တစ်ယောက်တည်း ပင်ပန်းလာတဲ့ အခါတိုင်း ချစ်ခင်ရတဲ့ မိဘ၊ မောင်နှမ၊ သူငယ်ချင်း၊ ဘလော့ဂ် စတဲ့ “မီးပြတိုက်” တွေကို တလှည့်စီ မျှော်ကြည့်၊ အားယူရင်း လှိုင်းကြီးလှေအောက် ကျော်ဖြတ် သွားနိုင်ပါစေလို့ ဆုတောင်း ပေးပါတယ်ဗျာ..။
    November 24, 2011 at 6:31 AM
    ညိမ်းနိုင် said...
    မွေးနေ့မှာပျော်ရွင်ချမ်းမြေ့ပါစေ အပျိုကြီးစန်းထွန်းရေ..:P
    ဆန္ဒတွေလည်းပြည့်ဝနိုင်ပါစေ။မိဘ၊မောင်နှမတွေနဲ့လည်း
    နှစ်ပေါင်းများစွာ ငြိမ်းချမ်းသာယာသော မိသားစုဘဝလေး
    ကိုပိုင်ဆိုင်နိုင်ပါစေဗျား....၊
    November 24, 2011 at 6:34 AM
    စံပယ်ချို said...
    စန်းထွန်းရေ
    ခုလောလောဆည်တော့ အပျိုကြီးပေါ့နော်
    စရင်းကောက်ထားတာပါ
    ၂၉နှစ်မွေးနေ့မှ နောင်နှစ်ပေါင်းများစွာ
    စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
    လိုအင်အားလုံးပြည့်ဝပါစေလို့
    ချစ်ချစ်ခင်ခင် jasmine
    November 24, 2011 at 7:19 AM
    mstint said...
    မွေးနေ့မင်္ဂလာရက်မြတ်လေးမှာ တစ်ယောက်တည်း ခြိမ့်ခြိမ့်သဲ ကျင်းပတဲ့တိုင် အရောက်လာခဲ့တယ် စန်းစန်းရေ။
    ၂၉-နှစ်မွေးနေ့မှအစပြုပြီး လောကီ လောကုတ္တရာ နှစ်လီနှစ်ဝ လိုအင်ဆန္ဒအဖြာဖြာ ပြည့်ဝကာ ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ပါစေကွယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်
    November 24, 2011 at 9:39 AM
    Iora said...
    တယောက်ထဲပေမဲ့တယောက်ထဲမဟုတ်ပါဘူးစန်းထွန်းရေ။
    အချိန်မရွေးရင်ဖွင့်တာကိုမျှဝေခံစားကြတဲ့ကိုယ်တို့တွေရှိ
    ကြပါတယ်။
    မွေးနေ့ပေါင်းများစွာ အဖေါ်များနဲ့ပျော်ရွှင်စွာဆင်နွှဲနိုင်ပါစေ။
    ကျေးဇူးတော်နေ့မှာပျော်ရွှင်ပါစေ။
    November 24, 2011 at 10:48 AM
    Maung Myo said...
    အစ်မ မွေးနေ့လား နောက်တောင်ကျနေပြီလားမသိ း) အေးချမ်းသာယာ တဲ့ မွေးနေ့တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေဗျာ ။

    စကားကြုံလို့ပြောရအုံးမယ် ကျနော်နဲ့ တူတဲ့ အချက်လေးတွေသတိထားမိလို့ ကိုယ့်အသက်ကို ပြန်မကြည့်တတ်ပဲ တွေးချင်တာတွေးပြီး စိတ်ချမ်းသာအောင်နေတတ်တယ်လို့ထင်တယ် ငါ လူကြီးဖြစ်ပြီး ဆိုပြီး အတင်းလုပ်နေရမှာ တော်တော် ပင်ပန်းမယ့်ပုံပဲဗျ ။

    အသက်တွေမေ့လို့ လွတ်လပ်စွာ နေထိုင်နိုင်ပါစေဗျာ ။
    November 24, 2011 at 10:39 PM
    San San Htun said...
    ငယ်ငယ်တုန်းကတော့ အသက်၃၀ဆို တော်တော်ကြီးလှပြီ ထင်နေတာ..ဟော..ကိုယ့်အလှည့်လည်းရောက်ရော မကြီးတော့ဘူးဗျာ..ကိုယ့်ကိုကိုယ် ၂၅ လို့ပဲ ထင်နေတာလေ..:D
    November 24, 2011 at 11:30 PM
    rose said...
    Happy Happy Birthday, cute San Htun!! May all of your wishes come true ;))
    November 25, 2011 at 7:43 AM
    Rita said...
    အသက်မကွာတဲ့သူတွေဟာ အတွေးတွေလည်း သိပ်မကွာဘူးထင်တယ်။

    hAPPY bELATED bIRTHDAY!
    November 26, 2011 at 12:11 AM
    မဒမ်ကိုး said...
    နောက်ကျသွားတဲ့မွေးနေ့ဆုတောင်းလေးပါ စန်းရေ
    ဆောရီးပါနော်
    မွေးနေ့ပေါင်းများစွာကို မိသားစုနဲ့ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေကြောင် း
    November 27, 2011 at 8:00 PM

    ReplyDelete