အယ်ဘနီသွား တောလား - ၁

မေလ ၂၅ တနင်္လာနေ့က မယ်မိုရီဒယ်ဒေးပိတ်ရက် အမေရိကန်မှာ ခရီးတွေသွားကြတဲ့အချိန် ဆိုပါတော့။ ရာသီဥတုကလည်း ပူနွေးလာပြီ သစ်ပင်တွေကလည်း စိမ်းစိုနေပြီ ခရီးသွားဖို့ အင်မတန်ကောင်းတဲ့ အခါသမယ။ ဘွဲ့နှင်းသဘင်တွေ ကျင်းပတဲ့အချိန်ဖြစ်လို့ နေရာတော်တော်များများမှာ ဘွဲ့ယူကြတာကို တွေ့ရတယ်။ မေလ ၂၃  စနေနေ့ အိုင်အိုဝါပြည်နယ်က ကိုယ်တို့ကျောင်းမှာ ဘွဲ့နှင်းသဘင်ရှိတယ် သွားမယူတော့ပါဘူး။ လေယာဉ်ခက ၄၀၀၊ ဟိုတယ်ခ၊ ကားငှားခ ဘာကြေးညာကြေးနဲ့ ၁၀၀၀ လောက် ကုန်မယ်။ အဲဒီအစား တခြားနေရာကို သွားလည်တော့မှာပေါ့။ မယ်မိုရီယမ်ဒေးပိတ်ရက်မှာ ခရီးသွားမလားမှတ်တယ် ဝိုင်းက အာဖရိကအနောက်ဖက် ကင်မရွန်း၊ ကွန်ဂိုနိုင်ငံဘေးနားက ကျွှန်းနိုင်ငံ ဆောက်တိုမယ်ပရင့်စင့်ပယ် Sao Tome and Principe ကို နှစ်ပတ် သွားအလုပ်လုပ်ရမှာ။ ဆောက်တိုမယ်နိုင်ငံလေးက အင်မတန်သေးတဲ့ ကျွှန်းနိုင်ငံ။ ဝိုင်းပြောပြမှာပဲ ကိုယ့်မှာ အဲဒီနိုင်ငံကို ကြားဖူးတော့တယ်။ ပေါ်တူဂီကိုလိုနီမို့လို့ ပေါ်တူဂီစကား သုံးတယ်။ အီကွေတာနဲ့နီးတော့ ရာသီဥတုက ပူလိုက်၊ မိုးရွာလိုက်။ ကျွှန်းနိုင်ငံဆိုတော့ ပင်လယ်စာတွေ အရသာရှိပြီး တခြားအာဖရိကနိုင်ငံတွေနဲ့ မတူဘူး ကွဲပြားခြားနားနေတယ်။ မယ်မိုရီဒယ်ဒေးပိတ်ရက်မှာ ခရီးမထွက်နိုင်တော့ တပတ်စောပြီး ခရီးထွက်လိုက်တယ်။ တညအိပ် ၂ ရက်ခရီး အပ်စတိတ်လို့ခေါ်ကြတဲ့ နယူးယောက်အထက်ပိုင်း အယ်ဘနီမြို့ကို။ အယ်ဘနီမြို့က နယူးယောက်ပြည်နယ်ရဲ့ မြို့တော်ပါ။

အယ်ဘနီမှာ မကြီးသူငယ်ချင်း မသန္တာရဲ့ အချစ်ဆုံးသူငယ်ချင်း မနီနီအောင်ရဲ့ အစ်မ မမီမီအောင် ရှိတယ်။ ကလေး ၃ ယောက်နဲ့ ဘွဲ့ ၃ ဘွဲ့ရအောင်ယူတဲ့အစ်မ super woman လို့ ကိုယ်လေးစားအားကျရတဲ့ အစ်မတွေထဲက တစ်ယောက်။ ကိုယ့်ကိုလာလည်ဖို့ ဖိတ်ခေါ်ပေမဲ့ မအားတာနဲ့ သွားမလည်ဖြစ်ဘူး။ နယူးယောက်ကနေ အယ်ဘနီမြို့ကို မိုင် ၁၅၀၊ ၃ နာရီသာသာ မောင်းရပါတယ်။ Rest Area မှာ နှစ်ခါရပ်ပေးတယ်။ နယူးယောက်မှာ မအေးပေမဲ့ အပ်စတိတ်မှာတော့ အေးသား။ ခရီးသည်တွေက အယောက် ၃၀ လောက်ရှိတယ် အများစုက တရုတ်တွေ။ တရုတ်စကားမပြောတာဆိုလို့ ကိုယ်၊ ဝိုင်း၊ အဖြူစုံတွဲ လေးယောက်တည်း။ တိုးဂိုက်ဂျယ်ရီက ဝိုင်းနဲ့ကိုယ့်ကို မှတ်မိနေတယ်။ အက်ကေဒီးယား၊ ဗာမွန်ခရီးတွေရဲ့ တိုးဂိုက်က ဂျယ်ရီလေ။ ခရီးသည်တွေက အချိန်တိကျတာမို့ ၈ နာရီ အတိအကျထွက်တယ်။ Rest Area တွေမှာ ၁၅ မိနစ် ဆိုရင်လည်း အချိန်အတိအကျ ပြန်ရောက်လာတယ်။ ပထမဆုံးသွားရောက်လည်ပတ်တဲ့နေရာက USS Slater (DE - 766) အမြောက်နဲ့ပစ်ခတ်နိုင်တဲ့ ယူအက်စ်နေဗီသင်္ဘောပါ။ အရင်တုန်းက ယူအက်စ်နေဗီမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဂရိနေဗီမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ရေတပ်သားတွေနေတဲ့ အခန်းတွေက ကျဉ်းကျဉ်းလေး။ ထမင်းစားပွဲခုံပေါ်က မီးလုံးကြီးက ထူးဆန်းလို့ ဘာလဲဟင်လို့ မေးကြည့်တော့ ထမင်းစားပွဲကို တခါတရံမှာ အရေးပေါ် ခွဲစိတ်ကုတင်အဖြစ်လည်း သုံးပါတယ်တဲ့။ ရေကို နှစ်မိနစ်ပဲ ချိုးရပါတယ်တဲ့။ ကပ္ဗတိန်အခန်းမှာ အိမ်သာရှိတယ်။ ရေတပ်သားတွေသုံးတဲ့ အိမ်သာက ကိုယ်တို့ငယ်ငယ်တုန်းက ကျောင်းမှာသုံးတဲ့ အိမ်သာလိုပဲ။


ဘာနေရာသုံးမှန်း မမှတ်မိလိုက်ဘူး
ရေတပ်သားတွေ နေတဲ့အခန်း

စစ်အတွင်းတုန်းကဆိုရင် ဒီလိုတည်ခင်း မစားနိုင်ပါဘူးတဲ့
အဲဒီမီးဆိုင်းကြီးက ခွဲစိတ်တဲ့အခါမှာ သုံးတာ...ထမင်းစားပွဲခုံက ခွဲစိတ်ကုတင် ဖြစ်သွားရော

လေယာဉ်ကို ပစ်နိုင်တဲ့အမြောက်ရှိတယ် တော်တော်လေးတယ်။ ရေငုပ်သင်္ဘောတွေကို တိုက်ခိုက်တဲ့ဗုံးကို ရေအနက်ဘယ်လောက်လို့ သတ်မှတ်ပေးလိုက်ရင် အဲဒီရေအနက်ရောက်ရင် ပေါက်ကွဲတယ်။ ကိုယ်ကြည့်ဖူးတဲ့ ရေငုပ်သင်္ဘော ရုပ်ရှင်တွေထဲမှာ အဲဒါကြီးကို မြင်ဖူးတယ်။ ကိုယ်တို့ဟိုင်းကြီးကျွှန်းမှာ ပမ္မဝတီရေတပ်ဋ္ဌာနချုပ်ရှိတော့ ကိုယ်က ရေတပ်သင်္ဘောတွေကို မြင်ဖူးနေတယ်။ ဒါပေမဲ့ ဒီလိုအထဲကိုတော့ မရောက်ဖူးဘူး။ မြန်မာရေပြင်ပိုင်နက်ကို စောင့်ကြပ်ကင်းလှည့်ဖို့ဓာတ်ဆီဖိုး စလင်းပိုင်ကြေးကို စက်လှေပိုင်ရှင်တွေက လစဉ်ထောက်ပံ့ရတယ်။ အရာရှိစာမေးပွဲဖြေဖို့ကိုလည်း ရပ်ရွာက ထောက်ပံ့ရတယ်။ မြန်မာ့ရေပြင်ပိုင်နက်ကို ရေတပ်မတော်က ထိန်းသိမ်းစောင့်ရှောက်နေတာထက် ရေတပ်မတော်ကို ကိုယ်တို့က ထိန်းသိမ်းစောင့်ရှောက်နေရတယ်လို့ ကိုယ်တို့က မြင်ကြတယ်။ ဒီတော့ ရေတပ်၊ ရဲတွေကို ကိုယ်တို့ဟိုင်းကြီးသားတွေက နည်းနည်းလေးမှ အထင်မကြီးဘူး။ အမေရိကန်မှာတော့ စစ်သား၊ စစ်ပြန်တွေကို သိပ်လေးစားကြတယ်။ သမိုင်းဝင်ဝါရှင်တန်စတိတ်ပန်းခြံကို သွားရောက်လည်ပတ်ပါတယ်။ ဒေသပွဲတော်တွေ၊ တွေ့ဆုံပွဲတွေကို ကျင်းပရာနေရာမို့လို့ ၁၉၇၀ လောက်ကတည်းက နိုင်ငံ့သမိုင်းဝင်နေရာအဖြစ် မှတ်ပုံတင်ထားပါတယ်။ ကျူးလစ်ပန်းထောင်ကျော် စိုက်ပျိုးပြသတဲ့ အယ်ဘနီကျူးလစ်ပန်းပွဲတော်က နာမည်ကြီးပါတယ်။ ကိုယ်တို့ရောက်သွားတော့ ကျူးလစ်က ရာဂဏ္ဏန်းလောက်ပဲ ရှိတော့တယ်။

လေယာဉ်ပစ်အမြောက်
အမြောက်ကျဉ်ဆံ
ရေငုပ်သင်္ဘောတွေကို ဆော်တဲ့ဗုံး...ရေအနက်ဘယ်လောက်လို့ သတ်မှတ်ပေးလိုက်ရင် အဲဒီရေအနက်ရောက်ရင် ပေါက်ကွဲရော
အလာစကာနဲ့ ဟာဝိုင်အီ မပါဝင်လာသေးတော့ ၄၈ ပြည်နယ်ကို ကိုယ်စားပြုတဲ့ ကြယ် ၄၈ ပါတဲ့ အမေရိကန်အလံ


ကျူးလစ်ပန်းတွေနဲ့ ပို့စ်အမျိုးမျိုးပေးပြီး ရိုက်ကြတာပေါ့။ ဝိုင်းကို ကိုယ်ရိုက်ပေးတဲ့ပုံတွေက လှပြီး ဝိုင်း ကိုယ့်ကိုရိုက်ပေးတဲ့ ပုံတွေက မလှဘူး။ ကိုယ်ရိုက်တဲ့ အယူအဆ၊ အနေအထားက ပိုလှတယ်လို့ ကိုယ်က ကိုယ့်ဘာသာ ထင်တယ်။ ဝိုင်းက ကိုယ်ရိုက်ပေးတာထက် သူရိုက်ပေးတဲ့ ဓာတ်ပုံတွေက ပိုလှတယ်လို့ သူ့ဘာသာ ထင်နေတယ် လဒမ။ နေ့လည်စာကို ပန်းခြံနဲ့နီးတဲ့ အယ်ဘနီမြိ ု့ထဲက  Shogun ဂျပန်ဆိုင်ကနေ နေ့လည်စာ ထမင်းဘူးဝယ်ပြီး ပန်းခြံထဲမှာ သွားစားကြတယ်။ ဂျပန်ဆိုင်ရဲ့ အိမ်သာထဲမှာ ပန်းအလှဆင်ထားပြီး တီးလုံးသက်သက် ဂျပန်သီချင်းလေးတွေ ဖွင့်ပေးထားတယ်။ ပြီးတော့ နယူးယောက်စတိတ်ကယ်ပီတယ်ကို သွားလည်ကြတယ်။ တချိန်တုန်းက ၂၅သန်း အကုန်အကျခံပြီး ဆောက်လုပ်ထားတဲ့ ပြည်နယ်ရဲ့ဈေးအကြီးဆုံး အဆောက်အဦးပါတဲ့။ အဆောက်အဦးရှေ့မှာပဲ ဓာတ်ပုံပတ်ရိုက်ကြတယ်။ အထဲမှာ ဘယ်လောက်လှလဲလို့ ဝင်ကြည့်ချင်သား။ ရုံးပိတ်ရက်မို့ ပိတ်ထားတယ်ထင်တယ်။ ၂၀၁၁ မတ်လ ကျောင်းကနေ လိုက်ပို့လို့အိုင်အိုဝါပြည်နယ် မြိ ု့တော်ဒက်စ်မွိုင်းက အိုင်အိုဝါစတိတ်ကယ်ပီတယ်ကို ရောက်ဖူးတယ်။ သိပ်လှတဲ့ အဆောက်အဦးပဲ အမိုးခုံးက ရွှေရောင်။ အထဲမှာလည်း ပန်းချီကားတွေနဲ့ အင်မတန် ခမ်းနားတယ်။ ဝါရှင်တန်ဒီစီက လွှတ်တော်၊ ကွန်ဂရက်ရှိတဲ့ ကယ်ပီတယ်အဆောက်အဦးက အပြင်ဖက်ကတင် လှတာမဟုတ်ဘဲ အတွင်းဖက်မှာလည်း ပန်းချီကား၊ ပန်းပုလက်ရာတွေနဲ့ အင်မတန်လှတယ်။ အပြင်မှာ နာရီဝက်၊ အထဲမှာ နာရီဝက်လောက် တန်းစီရတယ်။ ဒါပေမဲ့ စောင့်ရကျိုးနပ်တယ်။ လိုင်ဘယ်ရီအော့ကွန်ဂရက် အဆောက်အဦးက အထဲမှာ အင်မတန်လှတယ်။



တိုးဂိုက်ဂျယ်ရီက နယူးယောက်စတိတ်ကယ်ပီတယ်ကို အလှဆုံးမြင်ရတဲ့ လိုင်ဘယ်ရီဖက်ကနေ ခေါ်ပြတယ်။ ရေကန်တွေ၊ အဆောက်အဦးမြင့်မြင့်တွေ ကြားထဲက မြင်ရတဲ့ နယူးယောက်စတိတ်ကယ်ပီတယ်က လှသား။ နယူးယောက် စတိတ်ပြတိုက်ကို သွားလည်ကြတယ် ဝင်ကြေးအခမဲ့။ အဲဒီပြတိုက်မှာ The Shakers ယုံကြည်ကိုးကွယ်မှုအကြောင်း သိခဲ့ရတယ်။ မူလအစက အင်္ဂလန်နိုင်ငံ မန်ချက်စတာအရပ်ကတဲ့။ The Shakers တွေက အဝတ်အစား ဆင်တူဝတ်ကြတယ်။ ဘာသာရေးပွဲတွေမှာ ကခုန်သီဆို တီးမှုတ်ကြတယ်။ အမေရိကန်မှာတော့ တံမြက်စည်းအရှည်ကြီးကို ပြတိုက်ဆီမှာပဲ တွေ့ရတော့တယ် ကိုယ်တို့ဆီမှာတော့ ခုထိသုံးနေတုန်းပဲ။ ဝိုင်းတို့ ဗီယက်နမ်မှာလည်း ခုထိသုံးနေတုန်းပဲတဲ့။ တံမြက်စည်းကိုမြင်တော့ Salem စလမ်းမြို့ စုန်းပြတိုက်က တံမြက်စည်းခွစီးတဲ့ စုန်းမကြီးကို သတိရမိသွားတယ်။ စန်းစန်းရေ မင်းက တံမြက်စည်းကိုမြင်တော့ စုန်းမကို သတိရတယ် ကိုယ်က ဘယ်သူ့ကို သွားသတိရတယ်ထင်လဲ။ ဘာလဲ မင်းအထက်ဆူပါဗိုက်ဆာ အိန္ဒိယမကိုလား အတိအကျပဲ။ ကောက်ကျစ်သော၊ စုန်းမ၊ စိတ်ကောင်းမရှိသော ကိုယ်တို့သိသမျှ စကားလုံးတွေနဲ့ မိုးမွှန်နေအောင် ကောင်းချီးပေးလိုက်ကြတာ။ ဝိုင်းဆူပါဗိုက်ဆာမက တော်တော်ဆိုးတယ် ဗုဒ္ဓဟူးနေ့ကတည်းက ပို့ထားတဲ့ရီပို့ကို သောကြာနေ့ည ၁၀ နာရီမှ horrible ဆိုပြီး ကွန့်မန့်ပေးတယ်။ ဘယ်ဟာတွေကတော့ ကောင်းတယ်၊ ဘယ်ဟာတွေကို ဘယ်လိုပြင်တယ်လို့ ကွန့်မန့်ပေးသင့်တာ မဟုတ်ဘူးလား။ အခုတော့ တစ်ခွန်းတည်း horrible တဲ့။ ဝိုင်းရေ ကိုယ်ဆုံဖူးတဲ့ အိန္ဒိယတွေထဲမှာ စိတ်ထားကောင်းပြီး ကူညီတတ်တဲ့သူ တစ်ယောက်မှ မတွေ့ဖူးဘူး။  နီပေါတွေကလည်း အိန္ဒိယတွေ စိတ်ထားမကောင်းဘူးတဲ့။

ကိုယ်တို့မြန်မာပြည်ပေါက် တရုတ်တွေ၊ ကုလားတွေက ပြည်ကြီးတရုတ်၊ အိန္ဒိယကုလားတွေကို ရိုင်းတယ်တဲ့။ ကြည့်ရတာ အိန္ဒိယမှာ အပြိုင်အဆိုင်ပြင်းထန်လို့ ဖြစ်ရမယ်။ အိန္ဒိယမှန်းသိအောင် ရိုးရာဝတ်စုံဝတ်တယ်။ သူ့မှာ မောင်နှစ်ယောက်ရှိတယ် လူပျိုကြီးတွေ။ arranged marriage လုပ်တဲ့ အိန္ဒိယမှာ တစ်ယောက်တည်းတောင် မဟုတ်ဘူးနော် မောင်နှမသုံးယောက်လုံး အိမ်ထောင်မပြုတာ ကိုယ့်အတွက်တော့ အတော်ထူးဆန်းတယ်။ ဒီလောက် ဆိုးတဲ့အစ်မရှိနေတော့ ဘယ်သူက သူ့မောင်ကို ယူရဲမှာလဲ။ ကိုယ်တော့ သူ့ကိုကြည့်ပြီး သူ့လိုလုံးဝမဖြစ်ချင်ဘူးလို့ တွေးနေမိတယ်။ နယူးယောက်လစ်ဘာတီဓာတ်ပုံတွေ၊ ဂရန်းစင်ထရယ် ရထား၊ ၉၁၁ ဝေါထရိတ်စင်တာ အကြမ်းဖက်တိုက်ခိုက်ခံရတုန်းက အကြောင်းတွေနဲ့ စိတ်ဝင်စားဖို့ကောင်းသား။ ကိုယ်ရောက်ဖူးတဲ့ ပြတိုက်တွေထဲက အကောင်းဆုံးပြတိုက်တစ်ခု ဆိုပါတော့။ အယ်ဘနေကနေ မြောက်ဖက်စူးစူး ၃၆ မိုင် မိနစ်လေးဆယ် အဝေးမှာရှိတဲ့ ဆာရာတိုဂါစပရင်း Saratoga Springs မြိ ု့ကတော့ ပထမနေ့ရဲ့ နောက်ဆုံးခရီးစဉ်ပါ။ ဆာရာတိုဂါစပရင်းကို ကိုယ်သိတာ မကြာသေးဘူး။ လွန်ခဲ့တဲ့နှစ်ပတ်က ကိုယ့်အသိ ဂျပန်မ ကိုယ့်အိမ်ကို လာလည်တယ်။ ကိုယ့်ကိုတွေ့ချင်တာထက် နတ်စုကို ပိုတွေ့ချင်တာ။ သူ့ရည်းစား ဂျပန်နဲ့ပြတ်ပြီး အမေရိကန်တစ်ယောက်နဲ့ ဒိတ်လုပ်နေတဲ့အကြောင်း၊ ပိတ်ရက်တွေဆို ဆာရာတိုဂါစပရင်းကိုသွားပြီး ရေပူစမ်းမှာ ရေစိမ်တဲ့အကြောင်း ပြောပြတော့ ဆာရာတိုဂါစပရင်းဆိုတာကို ကိုယ်ကြားဖူးနေခဲ့တာ။




ဆာရာတိုဂါစပရင်းက မစ်နရယ်စပရင်းရေတွေကြောင့် နာမည်ကြီး အပန်းဖြေမြို့လေးပါ။ မြို့လယ်ခေါင်က ပန်းခြံမှာ လည်ပတ်ဖို့ နာရီဝက်အချိန်ပေးတယ်။ အစက မင်္ဂလာဆောင်ရှိနေတာလို့ ထင်လိုက်မိတာ။ ဘယ်ဟုတ်ပါ့မလဲ ဟိုက်စကူးပြီးလို့ prom လို့ခေါ်တဲ့ ဝတ်ကောင်းစားလှလေးတွေ ဝတ်ဆင်ထားတဲ့ ဟိုက်စကူးကျောင်းသား ကျောင်းသူလေးတွေ။ သူတို့ကို မြင်ရတော့ ကိုယ့်အထက်တန်းကျောင်းသူဘဝကို သတိရမိတယ်။ ကိုယ့်အထက်တန်းကျောင်းသူဘဝက သိပ်ဖိစီးတယ် အေခန်းမှာ အဆင့်မကျဖို ၊ အေခန်း မပြုတ်ဖို့ အကြိတ်အနယ် ကြိုးစားခဲ့ရတယ်။ ပြီးတော့ ကိုယ်က ညဏ်ကောင်းတဲ့သူ မဟုတ်လေတော့ သူများထက် နှစ်ဆပိုကြိုးစားရတယ်။ ဆယ်တန်းရောက်တော့ ဆေးတက္ကသိုလ်မှီအောင် ရေကုန်ရေခမ်း ကြိုးစားခဲ့ရတာ။ ကိုယ့်အထက်တန်းကျောင်းသူဘဝက တကယ့်ကို ပင်ပန်းလွန်းတယ်။ prom အတွက် ဝတ်ကောင်းစားလှလေးတွေ ဝတ်ထားတဲ့ ကျောင်းသားကျောင်းသူလေးတွေ အကုန်လုံး လှကြတယ် ချစ်စရာလည်းကောင်းတယ်။ ဆာရာတိုဂါစပရင်းမှာ ဟိုတယ်၊ မိုတယ်တွေ အများကြီးတွေ့တော့ အက်ကေဒီးယားသွားတုန်းက မိန်းပြည်နယ်က ဘားဟာဘားမြို့လေးကို သတိရမိသွားတယ်။ ဘားဟာဘားမြို့လေးက သေးသေးလေး ဒါပေမယ့် တမြို့လုံး ဟိုတယ်၊ မိုတယ်တွေချည်းပဲ။ မိနစ် ၂၀ လောက် အဝေးမှာရှိတဲ့ တရုတ်ဘူဖေးဆိုင်မှာ သွားစားကြတယ်။ ကိုယ်တို့ရှေ့မှာထိုင်တဲ့ တရုတ်မနဲ့ အမေရိကန်ကြီးက လာနှုတ်ဆက်တယ်။ အမေရိကန်ကြီးရဲ့ အမေက အင်္ဂလန်ကတဲ့။ အသက် ၇၀ ကျော် အဘိုး၊ အဘွားစုံတွဲက လွန်ခဲ့တဲ့အနှစ် ၂၀ တုန်းက အမေရိကန်ကို ရောက်လာတာတဲ့။ ဇာတိကတော့ ဟန်ကျိုးနားက တက္ကသိုလ်မှာ တွေ့ခဲ့တာတဲ့။ အဲဒီလိုချစ်ခင်ကြင်နာတဲ့ အဘိုးအဘွားစုံတွဲကို မြင်ရတာ သိပ်စိတ်ချမ်းသာတာပဲ။


နယူးယောက်စတိတ်ကယ်ပီတယ်


ဟိုတယ်ကတော့ သိပ်အကောင်းကြီး မဟုတ်ပေမဲ့ အဆိုးလှပါဘူး။ ကိုယ်ကတော့ မနက် ၅ နာရီခွဲ အိပ်ယာက ထခဲ့ရသူဆိုတော့ ၁၀ နာရီလောက်ဆို အိပ်တော့တာပဲ။ နောက်နေ့မှာ သွားရောက်လည်ပတ်တဲ့ ဟိုက်ကာဒိုင်းမွန်းမိုင်းမှာ စိန်ရှာဖွေတဲ့အကြောင်း၊ စိတ်ဝင်စားဖို့ အရမ်းကောင်းတဲ့ အီရီကန်နယ်၊ စတန်းဝပ်ခံတပ်တွေ အကြောင်းကတော့ ရှည်သွားမှာမို့ အပိုင်း ၂ ကျမှာမှ ဆက်ပါဦးမယ်။

Happy Traveling !
စန်းထွန်း
မေ ၂၆၊ ၂၀၁၅။

Saratoga Springs
Saratoga Springs
၂၀၁၁ မတ်လတုန်းက ကျောင်းကလိုက်ပို့ပေးတဲ့ အိုင်အိုဝါပြည်နယ် မြို့တော်ဒက်စ်မွိုင်း Des Moines က အိုင်အိုဝါစတိတ်ကယ်ပီတယ်
အိုင်အိုဝါစတိတ်ကယ်ပီတယ်
ဝါရှင်တန်ဒီစီ ယူအက်စ် ကယ်ပီတယ်

3 comments:

Anonymous said...

မမအိုင်အိုရာ

Anonymous said...

Hi San Tun, I agree with your opinion on Indians. It's the same here in Canada. with regards, Moon

San San Htun said...

Anonymous said...
ဒီမှာမိုးတွေတအားရွာပြီးမိုးချုန်းလျှပ်စီးတွေလက်နေတာမနက်လေးနာရီလောက်ကတည်းက။
ဒါနဲ့အိပ်မရတော့လို့ဟိုလုပ်ဒီလုပ်လုပ်ရင်း
ကွန်ပြူတာဖွင့်တော့ စန်းထွန်း ပို့စ်အသစ်တက်တာတွေ့တော့ပျော်သွားတာဘဲ။
ထိုင်ဖတ်ရင်းသဘောတွေကျနေတာ။
အပိုင်း၂ မျှော်နေမယ်နော်။
မမအိုင်အိုရာ
May 26, 2015 at 7:24 AM