ရပ်ကွက်ထဲမှာတော့ဗျာ - ၂၄

ဧပရယ်လဒုတိယပတ်မှာ ကိုယ်တို့မြန်မာနှစ်သစ်ကူးပွဲတော် ကျင်းပတော့မှာ။ သင်္ကြန်အကြိုနေ့၊ အကျနေ့၊ အကြတ်နေ့၊ အတက်နေ့၊ နှစ်ဆန်းတစ်ရက်နေ့ဆိုပြီး ၅ ရက်တောင် ကျင်းပတာ။ အစိုးရရုံးတွေဆို ၁၀ ရက်တောင် ပိတ်တာ။ ကိုယ်တို့သကြန်နဲ့ ယိုးဒယားပြည်က ဆုန်ကရန် Songkran ပွဲတော် ဆင်တူတယ် နှစ်နိုင်ငံစလုံးက ဗုဒ္ဓဘာသာနိုင်ငံတွေ ဆိုတော့လေ။ ကိုယ့်ဆူပါဗိုက်ဆာ တရုတ်မယန်းကို ပြောပြတော့ နှစ်သစ်ကူးမှာ ဘာလုပ်လဲ၊ ဗုဒ္ဓဘာသာဆိုတော့ ဘာတွေရွတ်ဖတ်လဲလို့ မေးတယ်။ ကိုယ်လား ဘုရားမရှိခိုးတာတောင်ကြာပြီ ဒါပေမဲ့ ကိုယ့်နှလုံးသားထဲ၊ စိတ်ထဲမှာ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာတွေကို မမေ့ဘူးဆိုတော့ ယန်းက ရယ်လိုက်တာ။ ကိုယ်တို့ဘဒ္ဒကမ္ဘာမှာ ဘုရားငါးဆူပွင့်မှာ လေးဆူတော့ ပွင့်ပြီးပြီ တစ်ဆူပွင့်ဖို့ ကျန်သေးတယ်။ အရိမေတ္တယျ မြတ်စွာဘုရားတဲ့ ကံကော်ပင်အောက်မှာ ပွင့်မှာ။ ဘယ်တော့ပွင့်မှာလဲ မသိဘူး အင်္သချေ million million years ကြာပြီးတော့မှ ပွင့်မှာ။ ယန်းက ဂေါတမမြတ်စွာဘုရားအကြောင်းကို သိတယ်။ သူ့အဒေါ်ဆို ဘုရားကျောင်းကန်သွား၊ ပုတီးစိပ်၊ အမဲသား မစားဘူးတဲ့။ ကြည့်ရတာ သူ့အဒေါ်ကတောင် ကိုယ့်ထက် ဘုရားတရား လုပ်သေးတယ်တဲ့။ အိန္ဒိယနိုင်ငံက ဗုဒ္ဓဂါယာဆိုတာ ဘုရားလေးဆူ ပွင့်ခဲ့တဲ့နေရာ ဗုဒ္ဓဘာသာဝင်တွေ တသက်တခေါက် ရောက်သင့်တဲ့နေရာ။ ကိုယ်တို့နိုင်ငံက ရွှေတိဂုံဘုရားမှာလည်း ပွင့်တော်မူခဲ့တဲ့ ဘုရားလေးဆူရဲ့ ဓာတ်တော်မွေတော်တွေကို ဋ္ဌာပနာထားတာ။ မင်းတို့တရုတ်ပြည်က ဗုဒ္ဓမြတ်စွယ်တော်တောင် ကိုယ်တို့နိုင်ငံကို ပင့်ဆောင်ပြီး ပူဇော်ကြသေးတယ်။  ဂူဂယ်မှာ ရှာကြည့်တော့ ဘေဂျင်း လင်ကွမ် Linggung ကျောင်းက ဗုဒ္ဓမြတ်စွယ်တော်တဲ့။

credit to Google

ယန်းက ဟင်...သူ မသိပါလား သူတို့ဆီမှာ ထင်ရှားတာက ဗုဒ္ဓလက်ရိုးတော် မြေအောက်တိုက်မှာ တွေ့တာ ရွှေချုပ် ၇ ခုထဲမှာ ထည့်ထားတယ်။ လက်ရိုးတော် ၃ ခုထဲမှာ တခုက အစစ်၊  ၂ ခုက fake လို့ မခေါ်ဘူး shadow လို့ခေါ်တယ်။ အင်း မြန်မာလိုဆိုရင် ပွားတယ်လို့ ခေါ်မှာပေါ့။ တခုက  သိပ္ဗံနည်းကျစစ်ဆေးပြီးတော့ ဗုဒ္ဓလက်ရိုးတော်အစစ်လို့ ယုံကြည်ကြတယ်။ ပိတ်ရက်တွေ၊ အခါကြီးရက်ကြီးတွေဆို ဓာတ်တော်ချုပ်ကိုဖွင့်ပြီး အပူဇော်ခံတယ် သူတို့သွားတုန်းက မဖွင့်လို့ မဖူးလိုက်ရဘူး။ သူတို့တရုတ်ပြည်မှာတော့ xian ပြည်နယ်က ဗုဒ္ဓလက်ရိုးတော်က တန်ခိုးကြီးတယ်။ နေပါဦး ဗုဒ္ဓလက်ရိုးတော်က မင်းတို့တရုတ်ပြည်ကို ဘယ်လိုရောက်လာတာတုန်း။ ဗုဒ္ဓဘာသာမင်းတစ်ပါးလေ အရမ်းနာမည်ကြီးတယ်လေ ကိုယ်တို့တွေက အာယူမင်းလို့ခေါ်တယ်။ သူက ဗုဒ္ဓဘာသာပြန့်ပွားစေချင်လို့ သာသနာပြုရင်းနဲ့ ရောက်လာတာ။ မင်းပြောတဲ့ အာယူမင်းဆိုတာ ကိုယ်တို့က သီရိဓမ္မာ အသောကမင်းလို့ ခေါ်တဲ့ မင်းနေမှာ။ ရေတွင်းရေကန်တွေပြင် ဘုရားကျောင်းတွေဆောက် ဗုဒ္ဓဘာသာပြန့်ပွားအောင် လုပ်ခဲ့တဲ့ မင်းကောင်းမင်းမြတ် အင်္ဂလိပ်လို Ashoka လို့ခေါ်တယ်။ ကပိလဝတ်၊ ရာဇဂြိုလ်၊ ကုသိနာရုံ၊ အသောက ကြည့် ... ကိုယ်တို့မြန်မာမှုပြုတာ တော်တော်နီးစပ်တယ်။

credit to Google
credit to Google
credit to Google
credit to Google

ယန်းရေ မေးပါရစေဦး Laughing Buddha ဆိုတာ ဘာလဲ။ ကိုယ်တို့ကတော့ နောင်ပွင့်မယ့် မြတ်စွာဘုရားလို့ ယုံကြည်ကြတယ်။ ဗိုက်ရှေ့မှာ လက်နှစ်ဖက်ဆန့် ချိတ်ဆက်လို့ ဗိုက်ပူကြီးသဏ္ဌန်လုပ်ပြပြီး ဘုရားရေ...နောင်ပွင့်မယ့် မြတ်စွာဘုရား ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူးလို့ ကိုယ်ပြောတော့ ယန်းက ဟဲ့... မြတ်စွာဘုရားကို ရယ်မနေနဲ့တဲ့။

credit to Google

နယူးဂျာဆီပြည်နယ် မနာလပန်မြို့နယ်မှာ တည်ထားတဲ့ အမေရိကန်မြန်မာဗုဒ္ဓအသင်း မဟာစည်သာသနာ့ရိပ်သာကျောင်းက ရွှေတိဂုံဘုရားပုံစံတူကိုပြတော့ ဂြိုလ်တိုင်တွေကို ဘာလဲတဲ့။ ခုနစ်ရက်မွေးနေ့ကို ကျား၊ နဂါး၊ ဆင်တွေနဲ့ ကိုယ်စားပြုထားတဲ့ ဂြိုလ်တိုင်တွေ အင်္ဂါနေ့မွေးရင် အင်္ဂါဂြိုလ်တိုင်မှာ ဘုရားဝတ်ပြုကြတယ်။ "But there are only seven days in the week. One point of the compass will be vacant."  ဒါဆို တနေရာ လွတ်နေမှာပေါ့ မလွတ်ပါဘူး ဗုဒ္ဓဟူး နေ့ဖက်မွေးရင် စွယ်စုံဆင် ညဖက်မွေးရင် ရာဟု အစွယ်မပါတဲ့  ဟိုင်းဆင်။ ကန်တက်ကီအိမ်က အိမ်ရှင့်ကလေးတွေက လူးကပ်က အသက် ၈ နှစ်၊ ကေတီက ၅ နှစ်။ တနေ့တော့ အိမ်ရှင်လင်မယား ရုပ်ရှင်သွားကြည့်မှာမို့ ကလေးတွေကို အိမ်မှာချန်ထားခဲ့တယ်။ ကိုယ့်ကို  ကလေးတွေကို တချက်ကြည့်ပေးဖို့ ရီကွက်လုပ်တယ်။ လူကြီးမရှိဘဲ ကလေးတွေချည်းပဲ ထားခဲ့ရင် အိမ်နီးချင်းတွေက ရဲတိုင်နိုင်တယ်တဲ့။ ကန်တက်ကီပြည်နယ် လူဝီဗီလ်မြို့က အရှေ့တောင်အာရှ ခရစ်ယာန်အသင်းက ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေးရေးမှာ ကိုယ်က ဗော်လန်တီယာ စကားပြန်လုပ်ပေးခဲ့ဖူးတယ်။ မွန်တမီးလ်မိသားစုက အစ်ကိုကြီးက သူ့သားကို ဆိုင်အဝမှာ စောင့်ခိုင်းပြီး  ဆိုင်ထဲကို ပြေးဈေးဝယ် ပြန်ထွက်လာတော့ ရဲက စောင့်နှင့်နေပြီ။ အသက် ၁၀ နှစ်အောက် ကလေးတွေကို မိဘအစောင့်အရှာက်မရှိရင် ရဲက တစ်ကဒ်ပေးတယ်။ ဒဏ်ငွေမဆောင်ချင်ရင် သင်တန်းတွေ တက်ရတယ်။ မေရီလန်းပြည်နယ် ဆေးဗားလ်စပရင်းမြို့မှာ အသက် ၆ နှစ်နဲ့ ၁၀ နှစ် ကလေးနှစ်ယောက် ကစားကွင်းကနေ အိမ်ကို လူကြီးမပါဘဲ လမ်းလျှောက်ပြန်လာတာကို ရဲကတွေ့လို့ မိဘတွေ ဒဏ်တပ်တယ်။ မေရီလန်းပြည်နယ် ဥပဒေအရ အသက် ၁၈ နှစ်အောက် ကလေးတွေကို မိဘအစောင့်အရှောက်မပါဘဲတွေ့ရင် ဒဏ်ရိုက်နိုင်ပါတယ်။

ကလေးတွေ မိဘတွေကတော့ သူ့ကလေးတွေကို ကိုယ့်အားကိုယ်ကိုးတတ်အောင်၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိအောင်လို့ ပြီးတော့ ပတ်ဝန်းကျင်ကလည်း စိတ်ချရတဲ့ ပတ်ဝန်းကျင်မို့ လွှတ်တာလို့ ပြောဆိုပါတယ်။ အဲဒီအဖြစ်အပျက်မှာ အွန်လိုင်းမှာ အငြင်းအခုန် viral ဖြစ်နေပါတယ်။ တချို့က ထောက်ခံတယ်၊ တချို့က ၁၈ နှစ်အစား ၁၅ နှစ် ဖြစ်သင့်တယ်။ စိတ်ဝင်းစားရင် ဒီလင့်ခ် မှာ သွားဖတ်နိုင်ပါတယ်။ ဖလော်ရီဒါပြည်နယ်မှာ ကျောင်းကနေ အိမ်အထိ ၁ မိုင် လမ်းလျှောက်ခိုင်းတဲ့ ကလေးမိဘတွေကို ဒဏ်ရိုက်တယ်။ ကိုယ်တို့ငယ်ငယ်တုန်းကဆို တရွာလုံး ရွာရိုးကိုးပေါက်အောင် လျှောက်သွား၊ ဆော့နေကြတာ။ ပုသိမ်မှာ ကျောင်းတက်တော့လည်း ကိုယ့်ဘာသာ ကျောင်းသွား၊ ကျူရှင်သွား။ ရန်ကုန်ရောက်တော့လည်း သင်္ကန်းကျွှန်းဖက်မှာ ကျူရှင်အဝေးကြီး သွားတက်တာ တစ်ရက်ပဲ မကြီးက လိုက်ပို့ပေးတယ် နောက်နေ့ ကိုယ့်ဘာသာသွားပဲ။ အိမ်ဘေးက ကိုယ်နဲ့သက်တူရွယ်တူ ကောင်မလေးကတော့ ကျူရှင်ဆိုလည်း မိဘတွေ၊ အစ်မ၊ အစ်ကိုတွေ လိုက်ပို့တယ်။ တက္ကသိုလ်တက်တော့လည်း ကျောင်းကားဂိတ်မှာ အကြိုအပို့စောင့်တယ်။ အဲဒီလို အထိန်းအချုပ်လုပ်လို့နဲ့တူတယ် ကျောင်းတောင်မပြီးသေးဘူး ယောကျ်ားနောက် လိုက်ပြေးပါလေရော။ ကိုယ်တို့တက္ကသိုလ်မှာ ကျောင်းတက်တာကို တနေကုန်ထိုင်စောင့်နေတဲ့ အန်တီကြီးတစ်ယောက် တွေ့ဖူးတယ်။ အိမ်မှာ ဘာမှ လုပ်စရာမရှိဘူးနဲ့တူပါရဲ့ ကျောင်းမှာ တနေကုန် လိုက်စောင့်နေတာ ပျင်းစရာကြီး။ ကိုယ်ကတော့ မလွတ်လပ်လိုက်တာလို့ ခံစားမိတယ်။ ကိုယ့်ကို အဲဒီလို လိုက်စောင့်ပေးတာကိုလည်း မကြိုက်ဘူး ဖုန်းတဂွမ်ဂွမ် ဆက်နေတာကိုလည်း မကြိုက်ဘူး။ ကိုယ်တို့သူငယ်ချင်းတွေ gathering လုပ်လို့ အပြန်နောက်ကျရင် မကြီးက ဖုန်းတဂွမ်ဂွမ် ဆက်နေတတ်တယ်။ ကိုယ်က ဖုန်းတခြား လူတခြား အဲဒီလို ဖုန်းတဂွမ်ဂွမ် ဆက်နေလို့ကတော့ ဖုန်းလုံးဝမကိုင်တော့ဘူး။




ကိုယ့်ကို အဲဒီလို စိတ်ပူနေတာကြီးကို မကြိုက်တာ ကိုယ် အသက် ၃၀ ကျော်နေပြီ ကိုယ့်အန္တရာယ် ကိုယ်သိတယ် သူတို့က စိတ်ပူတာပဲ တတ်နိုင်တယ်။ တခုခုဆိုရင် ၉၁၁၊ နယူးယောက်က အိုမားတို့ကမှ တကယ်ကူညီနိုင်တာ။ မိန်းပြည်နယ်က စင်သီယာနဲ့ ဘရန်ဒန်တို့အဖြစ်အပျက်က ထူးဆန်းတယ်။ သူတို့မှာ ၃ နှစ်အရွယ် သမီးရိုစလင်းနဲ့ ၁ နှစ်အရွယ် သားရိုက်ဒါ ရှိပါတယ်။ ရိုက်ဒါ မွေးပြီး ၂ လသားအရွယ်မှာ ခြေထောက်တွေ ယောင်နေတယ်ထင်လို့ ဆေးခန်းသွားပြတော့ ကလေးအရိုးတွေ ပြုတ်ထွက်နေတယ်။ အဲဒါ လူကြီးတွေက ဖြစ်ညှစ်၊ ရိုက်တာ ဖြစ်ရမယ်လို့ ဆရာဝန်ဆေးစစ်ချက်ကြောင့် သူတို့လင်မယားကို child abuse  ဆိုပြီး တရားစွဲပါတယ်။ ကလေးဖခင်က နှစ်ရှည်လများ ထောင်ကျနိုင်ပါတယ်။ ကလေးတွေကိုလည်း မိဘတွေနဲ့ အတူမထားတော့ဘဲ ကလေးတွေရဲ့ အဘိုး မှတ်ပုံတင်ထားတဲ့ မွေးစားမိဘ စင်သီယာရဲ့အဖေက စောင့်ရှောက်ရပါတယ်။ နှစ်ပတ်မှာ တစ်ကြိမ် ကလေးတွေကို တွေ့ခွင့်ရပါတယ် ဒါကလည်း လူကြီးတွေ မျက်စိရှေ့မှောက်မှာပါ။ တက္ကဆက်မှာနေတဲ့ စင်သီယာအဘွားက တီဗွီအစီအစဉ်တစ်ခုမှာ ရိုက်ဒါလေးရဲ့ အဖြစ်အပျက်နဲ့တူတဲ့သတင်း တွေ့မိတယ်လို့ သတင်းပေးပါတယ်။ ရှာဖွေကြည့်တော့ တက္ကဆက်က ဘရိုင်ယာနဲ့ အန်းထရူးတို့ရဲ့ သမီးလေးကန်လေမှာ ရှားပါးတဲ့ EDS ရောဂါတစ်မျိုး ဖြစ်နေလို့ အရိုးတွေ ပြ ုတ်ထွက်သလို ဖြစ်ပါသတဲ့။ child abuse ဆိုပြီး ဖခင်ကို တရားစွဲ နောက်တော့မှ EDS မှန်း သိသွားလို့ တရားရုံးမှာ ခြေပလို့ ခုတော့ မိသားစုတွေ ပြန်ဆုံနေကြပါပြီ။ မိန်းပြည်နယ်ရဲ့ ဥပေဒအရ ခြေပခွင့် ခက်ခဲပေမဲ့ စင်သီယာနဲ့ ဘရန်ဒန်ကတော့ သူတို့မိသားစု ပြန်ဆုံစည်းနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ABC News 2020 အင်တာဗျူးမှာ ဖြေကြားသွားပါတယ်။ စိတ်ဝင်စားရင် ဒီလင့်ခ် မှာ သွားဖတ်နိုင်ပါတယ်။

စီအန်အေ (Channel News Asia)၊ အေဘီစီနယူးစ် ABC News တို့က သတင်းထောက်တွေကို အားကျပြီး ကိုယ်ဖြစ်ချင်ခဲ့တာက သတင်းထောက်။ စာရွက်ကြီးတွေကိုင်ပြီး ဖတ်နေတဲ့ မြန်မာ့အသံက သတင်းကြေငြာတဲ့သူတော့ မလုပ်ချင်ဘူး။ နောက်တစ်ခု ကိုယ်ဖြစ်ခဲ့ချင်တာ အာကာသယာဉ်မှုး ဘရူဝီလီ၊ ဘင်အက်ဖ်ဘလက်၊ လစ်ဖ်တိုင်လာတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အာမန်ဂန်တန် Aremegaddon ရုပ်ရှင်ကားကိုကြည့်ပြီး အာကာသယာဉ်မှုး ဖြစ်ချင်ခဲ့တာ။ ဆန်ထရာဘူးလော့ခ်နဲ့ ဂျော့ကလူနီ ပါဝင်သရုပ်ဆောင်ထားတဲ့ ဂရာဖစ်တီ Gravity ရုပ်ရှင်ကားကိုလည်း ကြိုက်တာပဲ။ ကိုယ့်ကျောင်းနေဖက် သူငယ်ချင်းတွေဖြစ်တဲ့ ဗီယက်နမ်လေးဟွားလဲ့နဲ့နီပေါလေးရာဂျက်တို့ ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့က နာဆာ NASA အာကာသစခန်းကို သွားရောက်လည်ပတ်တဲ့အကြောင်း ဓာတ်ပုံတွေတင်တော့ တစ်နေ့တော့ ကိုယ်အရောက်သွားဦးမယ်လို့ တွေးမိတယ်။ အခွင့်ကြုံရင် အာကသယာဉ်တွေ လွှတ်တင်တာကို မျက်စိနဲ့ ကိုယ်တိုင်ကိုယ်ကျ ကြည့်ချင်မိသား။ နယူးအင်္ဂလန်အဲယားပြတိုက်ကို သွားလည်တုန်းက ကိုယ်ဝယ်လာတဲ့ ဒစ်ကာဗာရီအာကာသယာဉ်လေးကို ကိုယ်သိပ်သဘောကျတာ ကိုယ့်အလုပ်စားပွဲမှာ တင်ထားတယ်။ တလောက အေဘီစီသတင်းတွေ နားထောင်ရင်း မားစ်ဂြိုလ်ကိုသွားရောက်ဖို့ ကြိုးပမ်းနေတဲ့ သတင်းဖတ်လိုက်ရတယ်။ ယူတာ့ပြည်နယ်ရဲ့ ခေါင်သီလှတဲ့နေရာ မားစ်ဝမ်းသဲကန္တာရသုတေသနဋ္ဌာနမှာ ထရိန်းနင် ဆင်းနေတဲ့ အသက် ၂၇ အရွယ် ကယ်လီ။ ကယ်လီက မကြာသေးခင်ကမှ စေ့စပ်ထားသူ ဒါပေမဲ့ မားစ်ဂြိုလ်သွားဖို့ကတော့ သူ့ရည်မှန်းချက်တဲ့။ နောက်တစ်ယောက်က ၃၅ နှစ်အရွယ် နည်းပညာရှင် ပီယန်၊ ကလေး ၄ ယောက်ဖခင်။ မားစ်ဝမ်းဆိုတဲ့ အဖွဲ့အစည်းက မားစ်ဂြိုလ်ကို သွားရောက်ဖို့ အာကာသယာဉ်မှုးတွေ ဖိတ်ခေါ်တော့ တကမ္ဘာလုံးကနေ ၂ သိန်းကျော် ဝင်လျှောက်ကြပါသတဲ့။ အဲဒီထဲကမှ ၁၀၀ ကျော်ကို ပမာဏ ရွေးချယ်ပါတယ် ပြီးတော့မှ နောက်ဆုံး ၃ ယောက်ကို ရွေးမှာပါ။ စိတ်ဝင်စားရင် အေဘီစီနယူးစ်က ဒီလင့်ခ် မှာ သွားဖတ်နိုင်ပါတယ်။

credit to ABC News

စကာတင် ၁၀၀ ယောက်ထဲမှာ ပီယန်း အရွေးခံရပါတယ်။ လျှောက်ကြတဲ့သူတွေဟာ မားစ်ခရီးစဉ်က one way ticket to never return ပြန်မလာနိုင်တဲ့ ခရီးစဉ်မှန်း သိကြတယ်။ ဒါပေမဲ့ သူတို့အိမ်မက်က အာကာသကို သွားရောက်ဖို့တဲ့။ မားစ်ဂြိုလ်ဟာ ကမ္ဘာကနေ မိုင်သန်း ၂၀၀ ဝေးပြီး ခုနစ်လ ခရီးနှင်ရပါ။ မားစ်ဂြိုလ်ကို လူသားတွေ ခြေချနိုင်ခြင်း မရှိသေးပါဘူး။ ကမ္ဘာကြီး တစ်နေ့ပျက်စီးတဲ့အခါ တခြားဂြိုလ်တွေမှာ အခြေချထားမှပဲ လူသားမျိုးနွယ် မတုန်းမှာလို့ သိပ္ဗံပညာရှင်တွေက ယူဆထားပါတယ်။ ခုဆိုရင် Space - X ၊  Virgin Galactic အဖွဲ့အစည်းတွေကနေ အာကာသကို အလည်တခေါက် သန်း ၂၀ ကြေးနဲ့ ပို့ဆောင်ဝန်ဆောင်မှုပေးဖို့ ကြေငြာနေကြတယ်။ ကိုယ်တို့ငယ်ငယ်တုန်းက သိပ္ဗံမဂ္ဂဇင်းစာစောင်တွေမှာ ယူဖိုးလို့ ခေါ်ကြတဲ့ ဂြိ ုလ်သားတွေအကြောင်း ဖတ်လိုက်ရတယ်။ ခုထိ ယူဖိုးတွေ တွေ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်လာပေမဲ့ သိပ္ဗံပညာရှင်တွေက ရှင်းမပြနိုင်သေးဘူး။ မားစ်ဝမ်းအဖွဲ့အစည်းကို ၂၀၁၁ မှာ တည်ထောင်ပါတယ် Non profit organization ပါ။ ၂၀၁၃ မှာ ခရူမန်ဘာတွေ ရွေးချယ်ပြီး ၂၀၁၅ မှာ ထရိန်နင်ဆင်း။ ၂၀၂၆ မှာ Crew One ထွက်ခွာပြီး ၂၀၂၇ မှာ မားစ်ဂြိုလ်ကို ဆင်းသက်မှာပါ ၂၀၂၈ မှာ Crew Two ထွက်ခွာပါမယ်။ သေချာတာကတော့ ၂၀၂၆ မားစ်ဝမ်း ခရီးစဉ်စတင်တဲ့အခါ တကမ္ဘာလုံးက စောင့်ကြည့်ကြမှာ ဖြစ်သလို ၂၀၂၇ မားစ်ဂြိုလ်ကို လူသားတွေ စတင်ခြေချ လမ်းလျှောက်တဲ့အခါမှာလည်း တကမ္ဘာလုံးက စောင့်ကြည့်နေကြမှာပါ။ ၁၉၆၉  ဂျူလှိုင်လ Neil Armstrong နဲ့ Buzz Aldrin အာကာသယဉ်မှုးနှစ်ယောက် လကမ္ဘာပေါ်မှာ စတင်ခြေချ လမ်းလျှောက်ခဲ့ကြတုန်းကလိုပေါ့။ မားစ်ဂြိုလ်ကို ပထမဆုံး ခြေချနိုင်တဲ့လူသားအဖြစ် မားစ်ဝမ်းအာကာသယာဉ်မှုးနာမည်ကို နောင်လာနောင်သားတွေ မှတ်မိကြမှာဖြစ်သလို သမိုင်းမှတ်တမ်းဝင်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်နေမှာပါ။

credit to Mars One

ရှေ့အပတ်ကပဲ ကိုယ်တို့ကျောင်းက ပရော်ဖက်ဆာနာဂျစ်က မားဝမ်း ၁၀၀ ထဲမှာ အရွေးခံရတယ် might be on the ways to Mars ဆိုတဲ့ပို့စ်ဖတ်ရတော့မှ ကိုယ်တို့ပရော်ဖက်ဆာလည်း မားဂြိုလ်ကို  သွားချင်မှန်း သိတော့တယ်။ Meet with Mars 100 ရဲ့ ၆ ခုမြောက်မှာ နာဂျစ်နာဂျစ် ပရိုဖိုင်ကို တွေ့ရပါတယ်။ ပရောက်ဖက်ဆာ နာဂျစ်က အသက် ၃၈၊ အီရတ်က။ ကိုယ်တို့လိုပဲ တချိန်တုန်းက မာစတာလာတက်တဲ့ ကျောင်းသား oustanding student တစ်တန်းလုံးမှာ အမှတ်အများဆုံးရလို့ ကျောင်းကနေ ဆရာအဖြစ်ခန့်ထားတာ။ ခုတော့ နီဘားစကားတက္ကသိုလ်မှာ ပီအိတ်ချ်ဒီ တက်နေတယ်။ ပရော်ဖက်ဆာက အရမ်းတော်တယ် စာသင်လည်း ကောင်းတယ် အရမ်းထရိန်းတယ် မနက်ဆို ၉  ၄၅ ကတည်းက အတန်းရောက်ရတယ် Quizz ဖြေဖို့။ အိမ်စာတွေ အများကြီးပေးတယ် စာတွေအများကြီး ဖတ်ရတယ်။ ကျောင်းသားတွေဆီက သင်ယူူသလို စာသင်ရတာ အရမ်းကြိုက်တယ်။ ကျောင်းသားတွေက သူ့ကို သဘောကျကြတယ်။ အရည်အချင်းတွေ ပိုထွက်လာအောင် သင်ပေးတယ်။ ပရော်ဖက်ဆာရဲ့ ဗွီဒီယိုနားထောင်ကြည့်တော့ သူ့စတိုင်အတိုင်း ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲတဲ့ လေသံဟန်ပန်ကတော့ မပြောင်းမလဲ။ သူ့ဘဝမှာ မဖြစ်ခဲ့တာ ဘယ်တော့မှ မရှိခဲ့ပါဘူးတဲ့ မားစ်ဝမ်းအာကာသယာဉ်မှုးဖြစ်ဖို့ သူဟာ သင့်တော့်တဲ့သူပါတဲ့။ ကိုယ့်ပရောက်ဖက်ဆာမို့ မားစ်ဝမ်းရဲ့ နောက်ဆုံး ၃ ယောက်ထဲ ပါဝင်စေလို့ ဆုမတောင်းဘဲ သူ့ဘဝမှာ မဖြစ်ခဲ့တာ ဘယ်တော့မှ မရှိခဲ့ဘူးလို့ မကြုံဝါးနိုင်အောင် နောက်ဆုံး ၃ ယောက်ထဲ မပါပါစေနဲ့လို့ တွေးနေမိတယ်။ အတော်ဆိုးတဲ့ တပည့်မ ကိုယ့်ဆရာကို မားစ်ဝမ်း ၃ ယောက်ထဲ မပါစေဖို့ ဆုတောင်းနေတယ်။ မားစ်ဝမ်းအကြောင်း စိတ်ဝင်စားရင် ဒီလင့်ခ် မှာ သွားဖတ်နိုင်ပါတယ်။

credit to Mars One
credit to Mars One

ခုတလော ကိုယ့်ခြေထောက် အဆစ်အမြစ်တွေ နာလို့လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်ဘူး။ နာလို့တညလုံး အိပ်မပျော်ဘူး နောက်နေ့ နေမကောင်းခွင့် ယူမလားတောင် စဉ်းစားမိတယ်။ အိမ်မှာနေရင် ပိုဆိုးလို့ ရုံးတက်တယ် ဒါပေမဲ့ လမ်းလျှောက်နှုန်းက လိပ်လောက်နီးနီးဆိုတော့ ရုံးကလူတွေက ခြေထောက်ဘာဖြစ်တာလဲ မေးကြတာပေါ့။ လူးပပ်လို့ပြောရင် အရှည်ကြီး ရှင်းပြရမှာမို့ လေးဖက်နာလို့ပဲ လွယ်လွယ်ကူကူ ပြောတော့ ဟင် အသက်က ငယ်ငယ်ကလေးပဲ ရှိသေးတယ် လေးဖက်နာဖြစ်လားတဲ့။ ကိုယ်တို့အိမ်နားက ၁၁ နှစ်အရွယ် ကလေးမလေးက လက်ဆစ်တွေ ယောင်နေတယ် စာမရေးနိုင်ဘူးလို့ပြောတော့ စာမရေးချင်လို့ လက်နာတယ်လို့ညာတာလားလို့ တွေးမိတယ်။ ဆရာဝန် သွားပြတော့မှ လေးဖက်နာတဲ့ လေးဖက်နာဆိုတာ အသက်အရွယ် မရွေးဘူး။ ကိုယ့်ဆူပါဗိုက်ဆာ တရုတ်မယန်းက ကျားတံဆိပ်ဘမ်းဘူး လာပေးတော့ ကိုယ့်မှာ အံ့သြလို့။ ကိုယ်တို့ငယ်ငယ်တုန်းက ကျားတံဆိပ်ဘမ်းဘူးတွေ သုံးသေးတယ် ခုတော့ မတွေ့တော့ဘူး။ သူတို့တရုတ်ပြည်မှာနဲ့ အိန္ဒိယမှာ ခေတ်စားတယ် ခုထိ သုံးနေကြတုန်းတဲ့။ သိလားယန်း အဲဒီကျားတံဆိပ် တီထွင်တဲ့သူက ကိုယ်တို့မြန်မာပြည်မှာမွေးတဲ့ တရုတ်။ နောက်တော့ စင်္ကာပူကို ပြောင်းရွှေ့သွားတယ်။ ကျားတံဆိပ်ဘမ်းဘူးတွေနဲ့ ချမ်းသာလာတော့ မြန်မာပြည်ကိုလာပြီး အလှုအတန်းတွေ လုပ်တယ်။ လှိုင်မြို့နယ် ဘူတာရုံလမ်း လှိုင်ဈေးကြီးအနီး ကျားကျောင်းဆိုတာ အဲဒီသူဋ္ဌေးကြီး လှုဒါန်းဆောက်လုပ်ခဲ့တာလို့ ပြောကြတယ်။ ခုတော့ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးကျောင်း ဖြစ်နေတယ် ကျောင်းဆောင်မျက်နှာစာမှာ ကျားရုပ်ကြီးကို ထင်ထင်ရှားရှား မြင်ရတုန်း ခုတော့ ရှိသေးရဲ့လားမသိ။




နောက်တစ်ပတ်ကျရင် ဝါရှင်တန်ဒီစီက ချယ်ရီပွဲတော်ကို သွားဖို့စီစဉ်ထားပါတယ်။ ချယ်ရီတွေက ဧပရယ် ၁၁ ကနေ ၁၄ ကြားမှာ အစွမ်းကုန်ပွင့်မယ်လို့ ခန့်မှန်းကြတယ်။ ခုထိတော့ အဖူးလေးပဲ ထွက်သေးတယ်။ ခရီးမသွားဖြစ်တာ ၄ လလောက်ရှိပြီ ၂၀၁၅ ရဲ့ ပထမဆုံးခရီး ဆိုပါတော့။ ချယ်ရီပွဲတော်က ဓာတ်ပုံတွေ တင်ပါဦးမယ်။

စန်းထွန်း
ဧပရယ် ၄၊ ၂၀၁၅။

3 comments:

Anonymous said...

that doesn't look like the authentic tiger balm...
=)
-m

Anonymous said...

တ၀ကြီးဖတ်သွားတယ်။
အမြန်သက်သာပါစေလို့ ..
မမအိုင်အိုရာ

San San Htun said...

Anonymous said...
=)
-m
April 5, 2015 at 12:49 AM
Anonymous said...
တဝကြီးဖတ်သွားတယ်။
ကျေနပ်သွားပေမဲ့စန်းထွန်းလေးခြေထောက်နာနေလို့စိတ်မကောင်းဘူး။
အမြန်သက်သာပါစေလို့..
မမအိုင်အိုရာ
April 9, 2015 at 8:11 PM