All About NYC - 4
တောတွေလည်းမလား၊ ရပ်ကွက်ထဲက အကြောင်းတွေကလည်း ကုန်သလောက် ရှိနေပြန်၊ လမ်းမလျှောက်တာလည်း အတော်ကြာပြီဆိုတော့ မနှစ်တုန်းက နယူးယောက်တခွင် လည်သမျှတွေကို All About NYC ပို့စ်တွေ အနေနဲ့ ဆားချက်ပါမယ်။ နယူးယောက် စင်ထရယ်ပါ့ခ် Central Park ကို ရုပ်ရုပ်တွေထဲမှာ မြင်ဖူးကြ၊ ကြားဖူးကြမယ် ထင်ပါတယ်။ ကွန်ကရစ်ဂျမ်းဂဲကြီးထဲက အိုအေစစ်လေး ဆိုပါတော့။ နာမည်ကြီးလာတော့မဲ့ landscaper and architect တစ်ဦးဖြစ်တဲ့ ဖရက်ဒရစ်က ၇၇၈ ဧကနဲ့ စင်ထရယ်ပါ့ခ်ကို ၁၈၅၇ မှာ တည်ဆောက်ခဲ့ပါတယ်။ သဘာဝမဟုတ်ဘဲ လူပြ ုလုပ်ထားတဲ့ ပန်းခြံကြီးပါ။ ဒီနေ့ခေတ်မှာတော့ စင်ထရယ်ပါ့ခ်ဟာ အမေရိကန်မှာ လူအများဆုံး ဝင်ရောက်လည်ပတ်တဲ့ ပန်းခြံဖြစ်သလို ကမ္ဘာပေါ်မှာ ရုပ်ရှင်တွေ အရိုက်ကူးရဆုံး ပန်းခြံလည်း ဖြစ်ပါတယ်။ အမေရိကန်နာမည်ကြီး ရုပ်သံဇာတ်လမ်းတွဲ သူငယ်ချင်း Friends ဇာတ်ကားထဲမှာ စင်ထရယ်ပါ့ခ် ဇာတ်ဝင်ခန်း ပါဝင်ပါတယ်။ ဒါပေမဲ့ တကယ့်စင်ထရယ်ပါ့ခ်မှာ ရိုက်ကူးထားခြင်း မဟုတ်ဘဲ ဟောလိဝုဒ်မှာပဲ ဆက်တင်တွေနဲ့ ရိုက်ကူးခဲ့ပါတယ်တဲ့။ နယူးယောက်ရောက်ပြီး အတော်လေးကြာတဲ့အထိ စင်ထရယ်ပါ့ခ်ကို မရောက်သေးဘူး။ နယူးယောက်မှာတော့ Manhattanhenge လို့အမည်တွင်တဲ့ မက်ဟန်တန် အရှေ့ဖက်ခြမ်းနဲ့အနောက်ဖက်ခြမ်းကြား တိုက်အမြင့်တွေကြားထဲကနေ နေဝင်တာကို စောင့်ကြည့်ကြတာ ရှိပါတယ်။ မေ ၂၈၊ ဂျူလှိုင် ၁၂ တစ်နှစ်မှာ နှစ်ကြိမ် ဖြစ်ပါတယ်။ အဲဒီနေဝင်ချိန်ကို ၄၂ လမ်းတလျှောက်ကနေ ဓာတ်ပုံရိုက်ကြတာများ တံတားပေါ်မှာလည်း လူအပြည့်။ မီးနီပြီဆိုရင် လူတွေက လမ်းမပေါ်တက်ပြီး ဓာတ်ပုံရိုက်ကြလို့ ရဲတွေ၊ ယာဉ်ထိန်းရဲတွေက မောင်းထုတ်၊ လော်တွေနဲ့အော် သတိပေး။
credit to Google
credit to Google
ဒီလိုမျိုး ရူးကြတာ only in နယူးယောက် ထင်ပါရဲ့။ စင်ထရယ်ပါ့ခ်ကို ပထမဆုံးအကြိမ်အဖြစ် ရောက်တာက ရွန်လမ်းလျှောက်အဖွဲ့နဲ့ စင်ထရယ်ပါ့ခ်ကို ညဖက်လမ်းလျှောက်ထွက်ကြတုန်းက။ ညဖက်ပေမဲ့လည်း လူတွေ စည်နေတာပါပဲ။ မှောင်မည်းနေတော့ ဘာမှမမြင်ခဲ့ဘူး။ ဝိုင်းနဲ့ သူငယ်ချင်းတွေ ဖြစ်လာတော့ သွားစရာမရှိရင် စင်ထရယ်ပါ့ခ်ထဲမှာ လမ်းသွားသွားလျှောက်ကြတော့မှ စင်ထရယ်ပါ့ခ်ဟာ အင်မတန်သာယာမှန်း သိလာတယ်။ စင်ထရယ်ပါ့ခ်ဟာ သွားတိုင်း အမြဲစည်ကားနေတယ်။ နွေဆိုလည်း နွေအလျောက်၊ ဆောင်းဦးဆိုလည်း ဆောင်းဦးအလျောက်၊ ဆောင်းတွင်းဆိုလည်း ဆောင်းတွင်းအလျောက် ရှုခင်းတွေက တခုနဲ့တခုမတူပေမဲ့ လှမြဲလှဆဲ။ စင်ထရယ်ပါ့ခ်မှာ အခမဲ့လမ်းလျှောက်အဖွဲ့တွေ ရှိပါတယ်။ ဗော်လန်တီယာတွေက စင်ထရယ်ပါ့ခ်အကြောင်း၊ ရုပ်ထုတွေအကြောင်း ရှင်းပြပါတယ်။ စင်ထရယ်ပါ့ခ်မှာလည်း အရှေ့၊ အနောက်၊ အလယ် ပန်းခြံတွေ အများကြီး ရှိပါတယ်။ ကိုယ်တောင် စင်ထရယ်ပ့ါခ်ကို ရောက်တာ ငါးခေါက်လောက်ရှိပြီ ခုထိ မနှံ့သေးဘူး။ လမ်းလျှောက်တိုးတွေအပြင် ရုက္ခဗေဒတိုး၊ ပန်းချီစုပေါင်း ထိုင်ဆွဲကြတာလည်း ရှိပါတယ်။ တချို့က အပြေးလေ့ကျင့်၊ စက်ဘီးစီးကြတယ်။ တချို့က ဘောလုံးကစားတယ်။ တချို့က စာဖတ်၊ အေးအေးဆေးဆေး အနားယူ၊ ကလေးတွေက လွှတ်လွှတ်လပ်လပ် ဆော့ကစားကြတယ်။ ဓာတ်ပုံတွေကတော့ စင်ထရယ်ပါ့ခ်ကိုသွားတိုင်း ရိုက်လာခဲ့တဲ့ ဓာတ်ပုံလေးတွေပါ။ နယူးယောက်ဘော့တနစ်ကယ်ဂါးဒင်းအကြောင်းကတော့ နောက်ပို့စ်တွေမှ တင်ပါဦးမယ်။
စန်းထွန်း
ဧပြီ ၇ ၊ ၂၀၁၅။
ရေးခဲ့ပြီးတာတွေက
All About NYC - 1
All About NYC - 2
All About NYC - 3
3 comments:
Tun Tun said...
San San Htun said...
San San Htun said...
Tun Tun said...
ဓါတ်ပုံတွေ လှလို. လာလာကြည့်ဖြစ်ပါတယ်။ း)
April 10, 2015 at 1:44 AM
San San Htun said...
ကိုထွန်းထွန်းရဲ့ ဓာတ်ပုံတွေကမှ ပိုလှတာပါ...ပထမဆုံး ကွန့်မန့်လာမန့်တာ ကျေးဇူးနော်...
April 27, 2015 at 10:59 PM