ဆွဇ်...
I got this maganet from American Red Cross in 2012 as a token of gratitude
for becoming a Red Cross Champion. One of my favorite Souvenir.
ဆွဇ် (သို့မဟုတ်) ဆွဇ်ဇာလန်နိုင်ငံ ဆိုတာနဲ့ တန်းသိကြမှာက ကမ္ဘာ့ကြက်ခြေနီ အဖွဲ့အစည်းကို ထူထောင်ခဲ့တဲ့ ဟင်နရီဒူးနန်န့်၊ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အဖြူရောင်နောက်ခံမှာ အနီရောင် အပေါင်းလက္ခဏာပါတဲ့ သူ့ဇာတိ ဆွဇ်ဇာလန်နိုင်ငံအလံ အရောင်ကို ပြောင်းပြန်လှန်ထားတဲ့ ကမ္ဘာ့ကြက်ခြေနီအဖွဲ့အလံ။ အလယ်တန်းနဲ့ အထက်တန်းတုန်းက သမိုင်းဘာသာရပ်မှာ သင်ခဲ့ဖူးလို့ ကမ္ဘာ့ကြက်ခြေနီအဖွဲ့နဲ့တွဲပြီး ဆွဇ်ဇာလန်နိုင်ငံကို သိခဲ့ပါတယ်။ နည်းနည်းကြီးလာတော့ ဆွဇ်မိတ် နာရီတွေ နာမည်ကြီးမှန်း သိလာတယ်။ ရိုးလက်၊ အိုမီဂါ၊ Swatch တို့ ဘာတို့ပေါ့။ ကိုညီလင်းသစ်ရဲ့ ဘလော့ကနေတဆင့် အဲပက်စ်တောင်တန်းအလှတွေကို မြင်တွေ့ခဲ့ရတော့  ဆွဇ်ဇာလန်နိုင်ငံက အတော်လှပါလားလို့ သိလာတယ်။ ဆွဇ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ကို ရုပ်ရှင်တွေထဲမှာ မြင်ဖူးတယ်။ ဒါတွေကတော့  ကျွန်မသိသမျှ ဆွဇ်ဇာလန် အကြောင်းပါ။ ဘန်ကောက်နဲ့ ပါရီမှာ ကျောင်းပြီးတော့ အလုပ်ရတာက အီတလီနိုင်ငံ Rome မြို့ (အီတလီလို ရိုးမားလို့ အသံထွက်ပါသတဲ့။ ရိုးမားဆိုလို့ အီတလီစီးရီးအေက ရိုးမားဘောလုံးအသင်းကို သတိရမိသွားတယ်) က ယူအန်ရုံးမှာ ဝိုင်း အလုပ်ရပါတယ်။ အီတလီမှာ ၇ နှစ် အလုပ်လုပ်ခဲ့ပြီးတော့ ဒီနှစ်နွေမှာ နယူးယောက်ကို ပြောင်းလာပါတယ်။
လမ်းလျှောက်အဖွဲ့တွေနဲ့ လမ်းလျှောက်ရင်း ဝိုင်းနဲ့ အသိမိတ်ဆွေဖြစ်လာပြီးတော့ ခရီးတွေ အတူသွား၊ တောင်တက်၊ လမ်းလျှောက်နဲ့ သူငယ်ချင်းညီအစ်မတွေ ဖြစ်လာပါတယ်။ ဝိုင်းရဲ့လုပ်ဖော်ကိုင်ဖက်တွေထဲမှာ ဆွဇ်လူမျိုး နှစ်ယောက်ရှိပါတယ်။ ဝိုင်းက ဆွဇ်လူမျိုးတွေကို အင်မတန် လေးစားသမှု ဖြစ်လာတာ အဲဒီလုပ်ဖော်ကိုင်ဖက် နှစ်ယောက်ကြောင့်ပါတဲ့။ ပထမလုပ်ဖော်ကိုင်ဖက်တစ်ယောက်က အင်မတန် အချိန်တိကျလေးစားတယ်။ ၁၀ နာရီမှာ ဖုန်းခေါ်မယ်လို့ ပြောထားရင် ၁၀ နာရီ ၁ မိနစ်မှာ ဖုန်းမြည်လာမယ်။ ၁၀ နာရီ ၁ မိနစ်မှာမှ ဖုန်းမမြည်ရင် တခုခုဖြစ်နေလို့ပါတဲ့။ Swatch နာရီကြိုးကို အသစ်လဲတာက နာရီအသစ်နီးပါးလောက် သွားကျတော့ ကြိုးအသစ်လဲမဲ့အစား နာရီအသစ်ဝယ်ပါလားလို့ အကြံပေးတော့ နာရီဒိုင်ခွက်က အကောင်းကြီး၊ ကြိုးလဲလိုက်ရုံနဲ့ ပတ်လို့ရတယ်၊ waste မဖြုန်းချင်လို့၊ အသစ်ဝယ်မဲ့အစား အဟောင်းကို ပြန်သုံးတော့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမူကို နည်းနည်း အထောက်အကူ ဖြစ်တာပေါ့ contribute little bit in environmental pollution တဲ့။ ပိုက်ဆံမတတ်နိုင်လို့ ကြိုးအသစ်လဲတာ မဟုတ်ဘူးနော်။ သဘာဝ ပတ်ဝန်းကျင်ကို ထည့်စဉ်းစားလို့နာရီအသစ် မဝယ်ဘဲ ကြိုးအသစ်လဲတာ။ ဝိုင်းက ငါသာဆိုရင် ကြိုးအသစ် မလဲတော့ဘူး ကြိုးအသစ်လဲတာက နာရီအသစ် နီးပါးလောက် သွားကျတော့ နာရီအသစ်ပဲ ပတ်တော့မှာပေါ့လို့ပြောရင် ကျွန်မကလည်း me too ။
အဲဒီဆွဇ်နဲ့ ကျွန်မတို့တွေ ကွာတဲ့အချက်က ကျွန်မတို့တွေက ကိုယ့်အတွက်ပဲ စဉ်းစားတယ်ပြီး အဲဒီဆွဇ်က သဘာဝပတ်ဝန်းကျင်အတွက် စဉ်းစားတယ်။ ဇူးရစ်မြို့ကို အစည်းအဝေးပွဲ ကိစ္စအတွက်နဲ့သွားတုန်းက နေ့လည်ထမင်းစားပြီးချိန် ရုံးကိုပြန်ကြတော့ အဲဒီဆွဇ်နဲ့ ပြန်ဆုံပါတယ်။ ရုံးကို ဘယ်လိုပြန်ကြမလဲ၊ တက္ကစီစီးမလား၊ ဘတ်စ်ကားစီးမလား ပြောဆိုကြတော့ ဝိုင်းနဲ့ သူ့ဘော့စ်က တက္ကစီး ပြန်ဖို့စိတ်ကူးထားတယ်ဆိုတော့ အဲဒီဆွဇ်က ဘတ်စ်ကားစီးပါလားတဲ့။ ဘတ်စ်ကားစီးဖို့ လက်မှတ်ဝယ်ရမှာ၊ သူတို့မှာ ဆွဇ်ငွေ franc ဖရန့်မရှိတော့ တက္ကစီပဲ စီးတော့မယ်၊ တက္ကစီနဲ့ဆို ကဒ်နဲ့ ပေးလို့ရတယ်လို့ ဝိုင်းဘော့စ်ကပြောတော့ အဲဒီဆွဇ်က ဘတ်စ်ကားစီးပါ၊ သူတို့နှစ်ယောက်ရဲ့ ဘတ်စ်ကားလက်မှတ်ကို သူကိုယ်တိုင် ဝယ်ပေးပါမယ်တဲ့။ တက္ကစီခ မတတ်နိုင်တာ မဟုတ်ဘူးနော် ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှင့်တာ လျှော့နည်းအောင်လို့။ ဝိုင်းရဲ့ဘော့စ်က အီတလီမှာ ကြီးပြင်းခဲ့တဲ့ အိန္ဒိယအမျိုးသားဆိုပေမဲ့ ဝိုင်းတွေ့ဖူးတဲ့ အီတလီတွေထက်ကို အီတလီပိုဆန်ပါသတဲ့။ အီတလီဆန်တယ်ဆိုတာ ဘာကိုဆိုလိုချင်ပါလိမ့် ဖက်ရှင်ကျတာကို ဆိုချင်တာများလား။ ဝိုင်းဘော့စ်က အထက်တန်းကျတယ်၊ ပိုက်ဆံချမ်းသာတယ်ဆိုပေမဲ့ သဘာဝပတ်ဝန်းကျင်ထက် ကိုယ်သက်သာဖို့ကို ပိုတွေးတယ်။ အဲဒီဆွဇ်ကတော့ ကိုယ်သက်သာဖို့ထက် သဘာဝပတ်ဝန်းကျင်ကို ပိုတွေးတယ်။
Flowers at Longwood Gardens, Kennett Square, Pennsylvania.
ဝိုင်းရဲ့လုပ်ဖော်ကိုင်ဖက် ဆွဇ်အမျိုးသမီးက ဇူးရစ်ကနေ Rome ဆီ အစည်းအဝေးလာတက်ရင် ရထားစီးလာလေ့ရှိတယ်။ ရထားလမ်းတလျှောက်က ရှုခင်းတွေက လှလို့ ရထားစီးတာလား (ရထားခက လေယာဉ်ခထက် ပိုဈေးကြီးတယ်) လို့မေးတော့ ရထားက လူတွေအများကြီး သယ်ယူပို့ဆောင်ပေးလို့ ကာဗွန်မိုနောက်ဆိုဒ် ထုတ်လွှင့်တာနည်းလို့ ဈေးကြီးပေမဲ့လည်း ရထားပဲ စီးပါသတဲ့။ ပစ္စည်းဝယ်ရင် ကုမ္ဗဏီက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ ပါဝင်တဲ့၊ ကလေးအလုပ်သမား မသုံးဘူးဆိုတဲ့ SRA ဆိုလား ဘာဆိုလား အမှတ်တံဆိပ်ပါတဲ့ဟာကိုမှ ဝယ်သုံးပါသတဲ့။ အဲဒီတံဆိပ်ပါရင် ဈေးနည်းနည်းကြီးတယ်။ တိရစ္ဆာန်ပစ္စည်းတွေ မပါဝင်ရင် Vegan ဆိုတဲ့ ဗွီတံဆိပ်၊ အော်ဂင်းနစ်တွေ သုံးရင် အော်ဂင်းနစ်တံဆိပ်ပါသလိုမျိုး နေမှာပေါ့။ ကျွန်မတို့တွေကတော့ အဲဒီတံဆိပ်ထက် ဈေးသက်သာဖို့က ပိုအရေးကြီးတယ်။ အဲဒီဆွဇ်နှစ်ယောက်ကြောင့် ဝိုင်းဟာ ဆွဇ်လူမျိုးတွေကို တော်တော်အထင်ကြီး လေးစားပါသတဲ့။ ကျွန်မတို့တွေ စည်းကမ်းရှိတဲ့ ဂျပန်လူမျိုးကို အထင်ကြီးလေးစားသလိုမျိုးနေမှာပေါ့။ အထက်တန်းလွှာဆွဇ်တွေက ကလေးတွေ အသက် ၁၈ ပြည့်ရင် ရိုးလက်နာရီတစ်လုံး ပေးတယ်တဲ့။ ဝိုင်းရဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း အမေရိကန်မလေးက အလုပ်လုပ်တာ ပင်ပန်းလို့ သူ့ကိုယ်သူ ဆုချတဲ့အနေတဲ့ ရိုးလက်ဇ်တစ်လုံး ဝယ်ဦးမယ်ဆိုတော့ ဝိုင်းက ဘယ်လောက်လဲမေးတော့ ဒေါ်လာ ၁ သောင်းတဲ့။ အောင်မလေး ဈေးကြီးလိုက်တာ ၅ ထောင်တန်လောက် မရှိဘူးလား။ ၁ သောင်းအောက် မလျှော့ဘူးတဲ့။
အိုမီဂါလည်း ဈေးကြီးတယ် ၄ ထောင်ကနေ ၆ ထောင်ကျော်တယ်။ ဝိုင်း ပြောမှပဲ Longines ဆိုတာ သိတော့တယ် ရိုးလက်၊ အိုမီဂါနဲ့ယှဉ်ရင် ဈေးက မဆိုးဘူးပဲ။ Longines တစ်လုံးလောက် ဝယ်ဦးမယ် ဖြစ်သွားတယ်။ ကျွန်မမှာရှိတဲ့နာရီက စင်္ကာပူမှာ ဝယ်ခဲ့တဲ့ Guess တံဆိပ်၊ မကြီးမှာက CK ၊ မောင်မောင်မှာက ကျွန်မ မွေးနေ့လက်ဆောင်ပေးထားတဲ့ Emporio Armani ။ အဖေက သားရေကြိုး၊ ဒိုင်ခွက်ပြားတဲ့နာရီ ကြိုက်တယ်။ အင်တာဗျူးသွားရင် နာရီပတ်ပြီး ကျန်တဲ့အချိန်တွေမှာ ဖုန်းပေါ်က အချိန်ကိုပဲ ကြည့်ဖြစ်တော့ နာရီသိပ်မလိုပေမဲ့ နာရီဝတ်တာ စတိုင်ကျတယ်လို့ ထင်တယ်။ မကြီးကို Longines သိလားလို့မေးတော့ သိတယ်တဲ့ မယ်ကမ္ဘာ ဘောလိဝုဒ်မင်းသမီး ကြေငြာတယ်လေတဲ့။ နာရီတွေထဲမှာ ဈေးအကြီးဆုံးက ဆွဇ်မိတ် patek philippe ပါတိတ်ဖီးလစ်ပါ ဒေါ်လာသိန်းချီ တန်ပါသတဲ့။ ဘာလို့အဲဒီလောက် ဈေးကြီးတာလဲဆိုတော့ အမျိုးအစားတစ်ခုကို သုံးခုလောက်ပဲ ထုတ်တယ်။ ဒီတော့ ဒီနာရီမျိုးဟာ တကမ္ဘာလုံးမှာ သုံးလုံးတည်း ရှိတယ် နာရီရဲ့ Serial Number နဲ့ ပိုင်ရှင်ကို မှတ်တမ်းတင်ထားပါသတဲ့။ ဘယ်လိုလူမျိုးတွေဝတ်လဲဆိုတော့ မီလျံနာတွေတဲ့ ဝိုင်းရဲ့ဘော့စ်နဲ့ သူ့ညီမတွေမှာရှိလို့ သိတာပါတဲ့။ ဝိုင်းက လက်ကိုင်အိတ် ခရေဇီပါ။ Suit အမြဲဝတ်ရတဲ့ အီတလီကရုံးမှာ အစိမ်းရောင် ဝတ်ဝယ်ဆိုရင် ပုဝါ၊ Accessories ၊ အိတ်၊ ဖိနပ်ကအစ အားလုံးအစိမ်းရောင်တဲ့။ ကျွန်ပျူတာတက္ကသိုလ် ဒုတိယနှစ်တုန်းက Data Structure သင်တဲ့ တီချယ်ဒေါ်နေခြည်လဲ့လဲ့သိန်းကို ပြေးသတိရတယ်။ တီချယ်နေခြည်လည်း ခရမ်းရောင်ဝတ်တဲ့နေ့ဆို အားလုံး ခရမ်းရောင်။
ဖက်ရှင်ကျတဲ့ အီတလီမှာ ၆ လနေလို့မှ အိတ်မလဲရင် ဘယ်လိုပါလိမ့်လို့ မျက်ခုံးပင့်ကြတယ်တဲ့။ ရုံးဝတ်စုံနဲ့ အားကစားဖိနပ်စီးကြတဲ့ အမေရိကန်မှာတော့ ဖက်ရှင်ကျဖို့ထက် သက်တောင့်သက်တာရှိဖို့ အလေးထားတယ်။ သူ အိတ်တွေ ဘယ်လိုပြောင်းပြောင်း ဘယ်သူမှလည်း သတိထားမိမှာ မဟုတ်တော့ အယ်ဗွီ၊ ဆယ်ဗာတိုရီ ဖာရာဂမို အိတ်တွေဆိုတာ လက်ကေ့စ်ထဲကတောင် မထုတ်ရသေးဘူးတဲ့။ ကျွန်မက အိတ်ခရေဇီ မဟုတ်တော့ ဝိုင်းက ဘယ်အိတ်က ဘယ်လိုဆိုတာ ပြောပြလည်း လိုချင်စိတ် ဖြစ်မလားဘူး။ အယ်ဗွီအိတ်တွေဆိုတာ အတုလား၊ အစစ်လားမသိ လူတိုင်းကိုင်နေကြတာ၊ လမ်းဘေးမှာ ချရောင်းနေတာတွေ့တာကိုး။ အယ်ဗွီနဲ့ ပရာဒါအိတ်တွေက နာမည်ကြီးလို့ အတုလုပ်ကြတာများတယ်။ ကျွန်မ သူငယ်ချင်း၊ မိတ်ဆွေတွေမှာ ရှိတာတော့ အစစ်ပါ။ တစ်နေ့တော့ ဝိုင်းက နာမည်ကြီးဘရန်းတွေရှိတဲ့ စင်တာမှာ ကျွန်မကို အိတ်လက်ချာ ပေးပါတယ်။ Chanel ၊ Prada ၊ Louis Vuitton ၊ Salvatore Ferragamo ၊ Celine ၊ Valentino တို့လို ဈေးကြီးတဲ့ ဘရန်းတွေကနေ  Burberry၊ Tory Burch ၊  Ralph Lauren ၊ Marc Jacobs ၊ Kate Spade ၊ Coach ၊  Michael Kors တို့လို အလတ်တန်းစားတံဆိပ်တွေ။ ချယ်နယ်၊ ပရာဒါ၊ အယ်လ်ဗွီထက် ဆယ်ဗာတိုရီဖာရာဂါမိုနဲ့ စီလင်းတံဆိပ် အိတ်တွေကို ကြိုက်တယ်။ စီလင်းက ကျွန်မအတွက် ဈေးကြီးနေတယ် ဆယ်ဗာတိုရီဖာရာဂါမို အိတ်တစ်အိတ်ကိုတော့ မျက်စိကျသွားတယ် ဝယ်ဦးမယ်။ အဲဒါတွေ ကြည့်ပြီးတော့ တခြားတံဆိပ်တွေက မျက်စိထဲ ရောက်မလာတော့ဘူး။ ဝိုင်းက အဲဒါကြောင့်ပြောတာ upgrade ပြီးရင် downgrade ဖို့ မလွယ်ဘူးလို့။
Flowers at Longwood Gardens, Kennett Square, Pennsylvania.
ဝိုင်းရေ ငါလည်း နင်နဲ့ပေါင်းတော့မှ အိတ်တွေအကြောင်း၊ နာမည်ကြီးတံဆိပ်တွေ အကြောင်း သိတော့တယ်။ ငါလည်း နင်နဲ့ ပေါင်းတော့မှ Canon 7D Mark II ၊ 5D Mark II ၊ Wide Angle Lens ၊ Standard Lens ၊ Teleno Lens ၊ Fish Eye Lens ၊ Shift Lens အကြောင်း သိတော့တယ်။ အေး ငါ့အစ်မနဲ့ပေါင်းရင် ကယ်လီအောစဗွန်း လစ်မစ်တက် အက်ဒီရှင်း နှုတ်ခမ်းနီ၊ ဘာမိတ်ကပ်၊ ညာဖက်ရှင်ဆိုတာ သိလာလိမ့်မယ်။ ကျွန်မ လက်ရှိသုံးနေတဲ့ ရေမွှေးက CK Escape ပါ။ စင်္ကာပူမှာကတည်းက သုံးလာတာ ယူအက်စ်မှာလည်း သုံးနေတာ လေးနှစ်ရှိပြီ ကျွန်မကပဲ ဆွှတ်တာ နည်းတာလားတော့ မသိ ခုထိ တဝက်ပဲ ကုန်သေးတယ်။ မေရီလန်းနဲ့ ကက်တန်ကီအိမ်ရှင်တွေက ကျွန်မရေမွှေးနံ့ကို ကြိုက်လို့တဲ့။ အမေရိကန်တွေ Good Great ဆိုတာ တကယ်ဂွတ်တာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်တွေက အားလုံးကို ဂွတ်၊ ဂရိတ်လို့ ပြောတတ်တာကိုး။ အဲဒီရေမွှေးကုန်ရင်တော့ ချန်နယ်နံပါတ် ၇  ဝယ်ဦးမယ်ဆိုတော့ ဝိုင်းက ချန်နယ်နံပါတ် ၇ ၊ မကြားဖူးပါဘူး အသစ်ထွက်တာများလား။ ဟာ..ဒီလောက် နာမည်ကြီးတာ မသိဘူးလား ချန်နယ်ရဲ့ သင်္ကေတလေ။ ချယ်နယ်နံပါတ် ၅ ကို ပြောတာလား အင်း ဟုတ်တယ် အောင်မလေး လူတိုင်းသိတဲ့ဟာကို မသိဘူးလား။ လူပဲဟ များတဲ့အခါလည်း မှားပေမပေါ့ ငါ့အစ်မ သုံးဖူးတယ် ကြိုက်တယ်တဲ့။ မေစီစတိုးမှာ ရေမွှေးတွေ လိုက်ဆွှတ်ကြတော့ ဝိုင်းရေ ချယ်နယ်နံပါတ် ၇ သွားဆွှတ်ရအောင် ဟား..ဟား..ချယ်နယ်နံပါတ်ဖိုက်ပါကွ။ Gucci ကို ဂူစီလို့ အသံထွက်တော့ ဂူချီလို့ အသံထွက်ရတယ်တဲ့။ ကြည့် ကျွန်မက upscale elite မဟုတ်တဲ့ သာမာန်လက်လုပ်လက်စားဆိုတာ သိသာလိုက်တာ။
ခရစ်စမတ်နေ့မှာ Fifth Avenue အမှတ်ငါးလမ်းမကြီးတလျှောက်က ဆိုင်တွေအားလုံး ပိတ်ပေမဲ့လည်း လူတွေကြိတ်ကြိတ်တိုး စည်နေတာပဲ။ ရော့ခါဖယ်လာခရစ်စမတ်သစ်ပင်နားဆို အမြဲတမ်း လူတွေ ဒင်းကြမ်းပြည့်နေတာပဲ။ လမ်းဘေးမှာ ချရောင်းတဲ့ အယ်ဗွီအိတ်တွေမြင်တော့ ဝိုင်းက သူတို့ဗီယက်နမ်မှာ အိတ်အတုနဲ့ ပတ်သက်လို့ နာမည်ကြီးတဲ့ ဖြစ်ရပ်တစ်ခု ရှိပါတယ်တဲ့။ တစ်ခါတုန်းက နာမည်ကြီးသူဋ္ဌေးမိန်းမ အီတလီကိုလာတော့ လေဆိပ်မှာ အိတ်အတု တင်သွင်းမူနဲ့ ကာစတန်က ဖမ်းတယ်။ ဟင်...ကာစတန်က အိတ်အတုမှန်း ဘယ်လို သိတာတုန်း တချို့အိတ်တွေဆို အစစ်နဲ့ လုံးဝမခွဲနိုင်ဘူး။ ငါလည်း သေချာမသိဘူး ကာစတန်က အဲဒါတွေ လေ့ကျင့်ထားတယ် ထင်တယ်။ ဥရောပမှာ ဥပဒေရှိတယ် အတုတင်သွင်းခွင့် မရှိဘူး။ အဲဒီသူဋ္ဌေးမအိတ်က အတုလား။ မဟုတ်ဘူး ဟနွိုင်းမြို့လယ်ခေါင်က အယ်ဗွီတရားဝင်ဆိုင်မှာ ဝယ်တာ။ ဆိုင်ဝန်ထမ်းတစ်ယောက်က အတုနဲ့လဲထားတာ။ နောက်တော့ အဲဒီအယ်ဗွီဆိုင်က တရားဝင် ကြေငြာချက်ထုတ်ပြီး တောင်းပန်တယ်။ ဒါပေမဲ့ စဉ်းစားကြည့်စမ်း ပိုက်ဆံမတတ်နိုင်လို့ အတုကိုင်တာလည်းမဟုတ် တရားဝင်ဆိုင်မှာ ကျသင့်ငွေပေးပြီး ဝယ်ထားတာ လေဆိပ်မှာ အဖမ်းခံရတယ်တဲ့ ဘယ်လောက် humiliate ဖြစ်သလဲ။ ဒီတော့ တတ်နိုင်ရင် အစစ်သာကိုင်။ ဝိုင်းအစ်မကတော့ အိတ်တွေ လိုချင်ရင် အီတလီကိုသာ မှာတယ်တဲ့ ဥရောပဖက်က ကွာလတီ ပိုကောင်းတယ်။ ငါတို့စင်္ကာပူရုံးက website ကိုလေ တရုတ်ပြည်က ကူးချတာ ဒါရိုက်တာတွေဆိုတာ စိတ်ဆိုးလို့ တရားစွဲမယ် ဖြစ်ရော။ စင်္ကာပူမှာဆို ကော်ပီခွင့်နဲ့ တရားစွဲလို့ ရပေမဲ့ တရုတ်ပြည်ဆိုတော့ တရားစွဲလို့ မရ။ နောက်တော့ ငါတို့ဆိုဒ်ဒီဇိုင်းကို ပြောင်းလိုက်ရတယ်။
ခရစ်မမတ်၊ နှစ်သစ်ကူးဆိုရင် ဖေ့ဘွတ်မှာ ချစ်ချစ်အတွက် စလင်းဘတ်၊ ချစ်ချစ်ဆီက စလင်းဘတ်ဆိုတာတွေ တွေ့ရင် အားကျလိုက်တာ။ ကိုယ်တွေမှာတော့ စလင်းဘတ် ပေးမဲ့လူလည်းမရှိ။ ပေးမဲ့လူမရှိလည်း အားမငယ်ပါဘူး ကိုယ့်ဘာသာ ဝယ်နိုင်တာပဲနော့။ ဒီတော့ Birthday present to me ၊ New Year present to me ဆိုတော့ ဝိုင်းကပါ to me နေရာရောက်ရင် သံပြိုင်ဟစ်လို့ ကိုယ့်ဘာသာ reward လုပ်ကြတယ်။ ဝိုင်းက သူ့ရင်ဘတ်ကို လက်နဲ့ ပုတ်ပြီး I me myself ငါ ငါ့အတွက် ငါ့ဟာ ငါရှာတာ ငါသုံးဖို့ လို့ဆိုတော့ ဘာမှရယ်စရာမပါပေမဲ့လည်း ကျွန်မတို့မှာ ရယ်မောရသေးတယ်။  ကျွန်မအဖေက သမီးရေ ခရီးတွေ သိပ်မသွားနဲ့ ပိုက်ဆံသိပ်မသုံးနဲ့ ပိုက်ဆံစုလို့ပြောရင် သမီးအလိမ္မာလေး ကျွန်မက အဖေရေ သမီး ပင်ပင်ပန်းပန်း အလုပ်လုပ်နေတာ ဘာအတွက်လဲ၊ ခရီးသွားလို့မှ အပန်းမဖြေရင် အလုပ်လုပ်တာ ဘာအဓိပ္ဗာယ်ရှိတော့မှာလဲ။ သမီးတော့ ခရီးမသွားဘဲ၊ စားသောက်ဆိုင်မှာ သွားမစားဘဲ၊  လျှော့ပင်းမထွက်ဘဲ ပိုက်ဆံကို ခြစ်ကုတ်ပြီး စုမနေနိုင်ဘူး။ အသက်နှစ်ဆယ်အရွယ်တုန်းက ကျန်းမာတယ် အချိန်ရှိတယ် ပိုက်ဆံမရှိဘူး။ ပင်စင်စားဆိုရင် အချိန်ရှိတယ် ပိုက်ဆံရှိဦးတော့ မကျန်းမာပြန်ဘူး။ ကျန်းလည်းမာ အချိန်လည်းရှိ ပိုက်ဆံလည်း အဆင်ပြေတဲ့ ခုချိန်ဟာ ခရီးသွားဖို့ အကောင်းဆုံး။ ဘဝဆိုတာ တိုတိုလေး ကိုယ် ဝါသနာပါတဲ့၊ နှစ်သက်တဲ့၊ စိတ်ဝင်စားတဲ့ အလုပ်တွေကို မလုပ်ရင် ဘဝဆိုတာ ဘယ်နေပျော်စရာ ကောင်းတော့မလဲ။ မချစ်ကြည်အေးဘလော့မှာ ဖတ်လိုက်ဖူးတယ် လူဘဝကြီးဟာ ယားနာကုတ်နေသလိုပဲတဲ့။ ယားလာရင် ကိုရီးယားကားလေးကြည့်လိုက်၊ ကာရာအိုကေဆိုင်လေးမှာ ဟဲလိုက်၊ စပါသွားလိုက်၊ လျော့ပင်းထွက်လိုက်၊ စားသောက်ဆိုင်သွားစားလိုက်၊ စာရေးသီချင်းဆိုလိုက်၊ ခရီးတွေသွားလိုက်၊ ဖေ့ဘွတ်၊ အီစတာဂရမ်မှာ ဓာတ်ပုံတင်လိုက်ကြနဲ့။ ကျွန်မလည်း ဘာထူးလဲ ခရီးသွားတဲ့ ဆေးမြီတိုနဲ့ ယားနာလေး ကုလိုက်ဦးမယ်နော့။
စန်းထွန်း
ဒီဇင်ဘာ ၂၇၊ ၂၀၁၄။
7 comments:
Thu said...
Thu said...
This comment has been removed by a blog administrator.
ညီလင်းသစ် said...
Lorem Ipsum said...
ခင်မင်လျက်
ဆုမြတ်
Anonymous said...
Keep on traveling!
မမအိုင်အိုရာ
blackroze said...
Celine ၊ Valentino ရော
Rolex ...Omega ရော...
အစုံပါဘဲကွယ်...
San San Htun said...
Thu said...
အသူလဲ တံဆိပ်တွေတော်တော်များများ ခုဖတ်တော့မှသိတယ်။ဗဟုသုတတော့ရသွားပြီ။ ကံကောင်းလို့ အသူတို့က ဒီမှာတော့ အတုပဲကိုင်ရတာ။အကောင်းစားတော့ ဘယ်ကိုင်နိုင်မှာလဲ။နိုင်ငံခြားသွားလို့ လေဆိပ်မှာ အစစ်ခံရရင်တော့သွားပါပြီ။MCအစစ်၁လုံးလောက်တော့ လိုချင်သေးသား။ :-P
လူ့ဘဝကြီး ဒီယားနာတွေ ဘယ်တော့မှ ကုတ်လို့ပြီးမလဲတော့မသိဘူး :-D
December 27, 2014 at 2:20 AM
ညီလင်းသစ် said...
ပိုက်ဆံကို နည်းအမျိုးမျိုးနဲ့ သုံးကြတဲ့ အထဲမှာ ခရီးထွက်ဖို့ သုံးတာကို သိပ်သဘောကျတယ် ညီမရေ…၊ ခရီးတွေ သွားတာဟာ ကိုယ့်ကိုယ်ကို ပိုသိလာစေသလို ဗဟုသုတနဲ့ ရင့်ကျက်ခြင်းတွေကိုပါ ရရှိစေတယ် မဟုတ်လား…၊ ကြုံတုန်း တခါထဲ ကြိုပြီး နှုတ်ဆက်လိုက်တယ်နော်…။ A very Happy New Year 2015…!
December 27, 2014 at 5:12 PM
ဆုမြတ်မိုး said...
ဆွစ်ဇာလန်ရောဂါထနေတာနဲ့အတော်ပဲ ဖြစ်သွားတယ်..။ သွားလည်မလားလို့ နှစ်လယ်လောက်မှာလေ ဒါပေမယ့် ဈေးကြီးလွန်းလို့... ဘာဂါတို့ဘာတို့စားရင်တောင် စလုံးလေးဆယ်နီးပါးကုန်တယ်ကြားဖူးတယ်။ တော်တော်လှတဲ့နိုင်ငံနော်...။ ညကပဲလေယဉ်လက်မှတ်ကြည့်နေတာ.. အသွားအပြန် တစ်ယောက်တည်း economy class ကိုဒေါ်လာ နှစ်ထောင်ကျော်တယ်..။
ဆုမြတ်လည်းအိတ်အရမ်းကြိုက်တာ...။ Chanel, LV, valentiono , tory burch ကိုကြိုက်တယ်..။ tory burch က အလယ်တန်းစားသာဆိုပေမယ့် စလုံးမှာ botique ကဝယ်ရင် ဈေးကြီးတယ် ။ LV neverfull ကို ၁၁၀၀ ရှိတဲ့အချိန် tb က ၁၀၀၀ ပေးရတယ် ။
chenel GST လေးလိုချင်နေတာ.. ဈေးတအားကြီးနေတာနဲ့ း( ။ အိတ်အကြောင်းရယ် ဆွစ်အကြောင်းရယ်ဆိုတော့ မနေနိုင်တော့ဘူး ကော့မက်အရှည်ကြီးရေးမိပြီ း) ဆွစ်အကြောင်းလေးတွေတင်ဦးနေ်ာ အမစန်းထွန်း
ခင်မင်လျက်
ဆုမြတ်
December 28, 2014 at 8:44 PM
Anonymous said...
ယားနာကလေကူးတတ်တယ်သိလား စန်းထွန်း။
ကိုယ်လည်းဘယ်ကကူးခံထားရလည်းမသိဘူး။ း)
ခရီးထွက်ပြီးဘာမှမသိပဲပြန်လာတာကမတန်ဘူး။
အဲလို လက်လှမ်းမှီသလောက်စူးစမ်းလာတာကမှကိုယ့်ဘဝအတွက်ကျန်တာ။
Keep on traveling!
မမအိုင်အိုရာ
December 29, 2014 at 3:30 PM
blackroze said...
စိတ်ကူးတွေတော့ယဉ်နေမိတာပါဘဲအထွန်းရယ်..
ဆွဇ်ရော.. Chanel ၊ Prada ၊ Louis Vuitton ၊ Salvatore Ferragamo
Celine ၊ Valentino ရော
Rolex ...Omega ရော...
အစုံပါဘဲကွယ်...
ခရီးတော့သွားအထွန်းရေ အားပေးတယ်..
နေရာအနှံရောက်နိုင်ဖို့ဆိုတာ မလွယ်ဘူး..
December 30, 2014 at 1:09 PM