နယူးဂျာဆီသွား တောလား...

မတ်လ ၂၆ မမ်မိုရီယမ်ဒေး ရုံးပိတ်ရက်က တနင်္လာနေ့ဆိုတော့ စနေ၊ တနင်္ဂနွေ၊ တနင်္လာ ပိတ်ရက်သုံးရက်က  အားလပ်ရက်အပန်းဖြေ ခရီးသွားကြတဲ့အချိန် ဆိုပါတော့။ မနှစ်က မမ်မိုရီယမ်ဒေးပိတ်ရက်မှာ နိုင်အာဂရာရေတံခွန်၊ ၂၀၁၂ ဇူလှိုင် ၄ မှာ ဘောစတွန် သွားပြီးပြီမို့ နယူးယောက်ကနေ မနီးမဝေးလည်းဖြစ်၊ မသွားရသေးတဲ့ နေရာတွေကို ရှာကြည့်တော့ ဖီလာဒဲဖီးယားကို သွားတွေ့တယ်။ တနင်္ဂနွေနေ့မှာ နယူးဂျာဆီပြည်နယ် မနာလပမ်မှာရှိတဲ့ မဟာစည် ဘုန်းကြီးကျောင်းက လောကချမ်းသာ စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို သွားမယ်လို့ အားခဲထားတယ်။ မမ်မိုရီယမ်ဒေးမှာ နယူးယောက်ကနေ ဖီလာဒဲဖီးယားကို နေ့ချင်းပြန်သွားတဲ့ တိုးခရီးစဉ်တွေ ရှာတော့ တရုတ်တိုးကုမ္ဗဏီတွေက ဈေးသက်သာတယ်။ ဝါရှင်တန်ဒီစီ ချယ်ရီပွဲတော် သွားတုန်းက အမေရိကန် လွတ်လပ်ရေး ဖခင်ကြီး၊ ပထမဆုံး သမ္မတ ဂျော့ဝါရှင်တန်ရဲ့ စံအိမ်ရှိတဲ့ ဗာဂျီးနီးယားပြည်နယ် မောက်ဗာနွန်ကို သွားတုန်းက ဘွတ်တဲ့ Viator ဆိုဒ်က ဖီလာဒဲပီးယား နေ့ချင်းပြန်ခရီးကို ရွေးလိုက်တယ်။

စနေ့နေ့ညနေ နယူးဂျာဆီပြည်နယ်က ဘလော့ဂါ မမီးငယ် အိမ်မှာ သွားအိပ်၊ နောက်နေ့ မနက်စောစော ဘုန်းကြီးကျောင်းသွားမယ်၊ စနေနေ့ညနေ အိန္ဒိယဘူးဖေးဆိုင် သွားစားမယ်လို့ တိုင်ပင်ထားတာ သောကြာနေ့ ညနေကျတော့ မမီးငယ် ချစ်ချစ်ကြီး နေမကောင်းလို့ မသွားဖြစ်တော့ဘူးတဲ့။ ဘုန်းကြီးကျောင်းကို ကားနဲ့ပဲ ရောက်နိုင်တာမို့ ကားမရှိတဲ့ကိုယ်က လမ်းကြုံလိုက်မှ ဖြစ်တာကိုး။ ဒါဆိုလည်း Meet up အဖွဲ့နဲ့ လမ်းပဲ သွားလျှောက်ပါတော့မယ်လေ။ စနေနေ့ ညနေ ၉  နာရီလောက်မှ မခိုင်က နယူးဂျာဆီကို ရထားစီးလာခဲ့ သူတို့လာခေါ်မယ်တဲ့။ ဘုန်းကြီးကျောင်းနဲ့ အနီးဆုံးဘူတာက နာရီဝက်လောက် ဝေးတယ်။ တခြားမြို့မှာ လာခေါ်ရမှာက လမ်းမှားမှာနဲ့ အရှင်းဆုံးက သူတို့မြို့ကို လာခဲ့။ အဲဒီကနေ ဘုန်းကြီးကျောင်းသွား အပြန် နယူးယောက် ကားကြုံရှိရင် ထည့်ပေးလိုက်မယ်။ မရှိရင် အနီးဆုံး ဘူတာ၊ ဘတ်စ်ကားဂိတ်မှာ ချပေးခဲ့မယ်။


နယူးယောက်ကနေ ပန်ဆယ်ဗေးနီးယားပြည်နယ်ကို ပြေးတဲ့ Bieber ဘတ်စ်ကားတွေ ပေါမှပေါ ဆိုပေမဲ့ တနင်္ဂနွေနေ့ဆိုတော့ နယူးယောက်ကနေ အစောဆုံးထွက်တဲ့ကားက နေ့လည် ၁၂ နာရီ။ သိမ်ဆင်းလောင်းတာက ၁၀ နာရီလောက်ဆိုတော့ မဖြစ်ချေဘူး။ နယူးယောက်ကနေ မနက်စောစောထွက်တဲ့ ဘတ်စ်ကားကို ရှာတော့ မနက် ၆ နာရီထွက်တဲ့ Grayhound ဘတ်စ်ကို သွားတွေ့တယ်။ တနင်္ဂနွေနေ့ မနက် ၆ နာရီ ထွက်မဲ့ ဘတ်စ်ကားကို စနေနေ့ ည ၁၀ နာရီမှ ဘွတ်တဲ့ Last minute booking ဆိုပါတော့။ မနက် ၆ နာရီကားကိုမှီဖို့ မနက် ၄ နာရီထ၊ ၄ နာရီခွဲ အိမ်ကထွက်၊ ၄ နာရီ ၅၀ မိနစ် အစောဆုံးထွက်တဲ့ ရထားစီး ဘတ်စ်ကားဂိတ်ရောက်တော့ စောသေးလို့တဲ့ ဖွင့်တောင်မဖွင့်သေးဘူး။ လက်မှတ်ရောင်းတဲ့ကောင်တာက မဖွင့်သေးပေမဲ့ ကောင်မလေးတစ်ယောက်က ဝန်ထမ်းမလေးလက်ထဲ ဖုန်းထည့်ပေးပြီး အီးမေးလ်ထဲက Reference Number နဲ့ လက်မှတ်ထုတ်ခိုင်းနေတာတွေ့တော့ ဝန်ထမ်းမလေးလက်ထဲ ဖုန်းထည့်ပေးလိုက်တယ်။  ၆ နာရီ ၁၅ ထွက်မဲ့ ကားမှ ၆ နာရီခွဲမှ ထွက်တယ်။

ခရီးသည်က လေးယောက်ထဲ။ ဟိုင်းဝေးဘတ်စ်ကားမောင်းသူက ၉  နာရီ အနားယူရမယ်လို့ သတ်မှတ်ထားလို့ အနားယူနေရတာကြောင့် နောက်ကျတာပါလို့ တောင်းပန်ပါတယ်။ မက်ဟန်တန်နဲ့ နယူးဂျာဆီပြည်နယ်ကို ဆက်သွယ်ထားတဲ့ လင်းကွန်းမြေအောက်လှိုဏ်ခေါင်းမှာလည်း ကားတွေရှင်း၊ လမ်းမှာလည်း ကားတွေရှင်းလို့ ၇ နာရီ မထိုးခင်မှာပဲ နယူးဂျာဆီပြည်နယ် Newark ကို ဝင်တယ်။ သတ်မှတ်ချိန် ၇ ၁၅ အထိ Newark Penn Station ရှေ့မှာ ဘတ်စ်ကားကို ရပ်ထားတော့ မနှစ်က နယူးယောက်ကို လာတုန်းက မက်ဟန်တန်မှာ ကားမမောင်းရဲလို့ ကားကို Newark Penn Station နားက ပါကင်မှာ ထားခဲ့ပြီးတော့ Newark Penn Station ကနေ New York Penn Station ကို ရထားစီးကြတာကို သတိရမိတယ်။ မနှစ်က ခရီးတွေ အတူသွားခဲ့ကြတဲ့ ဆူနမ်တို့တွေ ခုတော့ ဆူနမ့် အဖေ၊ အဖေ၊ အဒေါ်ရောက်နေလို့ လက်စ်ဗီးကပ်ကို သွားလည်တာ ကိုယ့်ကိုလိုက်ခဲ့ဖို့ မခေါ်။ ခေါ်ဦးတော့ အရင်တုန်းကဆို နာရီဝက်အဝေးမှာဆိုတော့ အချိန်မရွေးသွားလို့ရတယ်။ ခုတော့ ၄ နာရီ မိုင် ၂၅၀ သွားမှာလာမှာနဲ့ ၆ နာရီလောက် အဝေးမှာဆိုတော့ သူတို့က ခေါ်ရင်တောင် ကိုယ်က လိုက်နိုင်ပါ့မလား။


ပန်ဆယ်ဗေးနီးယားပြည်နယ် Easton မြိ  ု့ကိုရောက်တော့ မခိုင် လာကြိုတယ်။ မခိုင်တို့မြို့လေးက ချစ်စရာလေး။ မြစ်ဘေးတလျှောက် လမ်းလျှောက်လမ်း၊ စက်ဘီးလမ်း၊ သစ်ပင်တွေ စိမ်းစိမ်းစိုစို၊ တောရိပ်တောင်ရိပ်၊ ကျေးငှက်သံလေးတွေ တစီစီနဲ့ သာယာတယ်။ ကိုယ့်ဘလော့ကို ဖတ်လို့ ကိုယ့်ကို သိ၊ ကိုယ် မလာဖြစ်တော့ဘူးဆိုတော့ နယူးဂျာဆီကို ရထားစီးလာဖို့၊ ဘတ်စ်ကားစီးလာဖို့ မခိုင်ကို အကြံပေးပြီး ဖိတ်ခေါ်တာက မဆိုဖီပါ။ မဆိုဖီက ရန်ကုန်ကွန်ပျူတာတက္ကသိုလ် အမှတ်စဉ် ၈ ကိုယ်တို့က အမှတ်စဉ် ၁၁။ မဆိုဖီက တီချယ်ဒေါ်နေခြည်လဲ့လဲ့သိန်းတို့နဲ့ အတူတူတက်ခဲ့တာ။ ကိုယ်တို့ပထမနှစ် Data Structure ကို သင်တာက ဆရာမဖြစ်ခါစ တီချယ်နေခြည်။ ခရမ်းရောင် ဝတ်တဲ့နေ့ဆိုရင် မျက်လုံး၊ နှုတ်ခမ်းနီ၊ အိတ်၊ ဖိနပ်၊ အင်္ကျီ၊ ထမီ အားလုံးက ခရမ်းရောင်။ ခါးအထိရှည်တဲ့ ဆံပင်၊ ပိန်ပိန်လှပ်လှပ်၊ ကြေးရတတ် ဆရာမငယ်ငယ်ချောချောလေးဖြစ်ပြန် စာသင်လည်းကောင်းတော့ သူ့စာသင်ချိန်ဆို ခန်းပြည့်ခန်းလျှံ အားပေးကြတယ်။

တချို့ကောင်လေးတွေဆို တီချယ်နေခြည်ကို စာသွားသွား မေးရတာအမော။ တီချယ်ခမျာ နားလည်အောင် ရှင်းပြရတာထက် ကျောင်းသားတွေ ဝိုင်းအုံတာကို အတွေ့အကြုံ မရှိသေးတဲ့ ဆရာမ အသစ်စက်စက်ကလေးပီပီ အနေရအထိုင်ရ ခက်တယ်နဲ့ တူပါရဲ့ နဖူးမှာ ချွှေးတွေစို့လို့။ ရှေ့ဆုံးတန်းမှာထိုင်တဲ့ ကိုယ်တို့အုပ်စုထဲက သစ်သစ်က အလိုက်တသိ တစ်ရှူးကမ်းတော့ လှမ်းယူ နဖူးကိုသုတ်ပြီး အိုက်လိုက်တာနော်လို့ပြောတော့ မအိုက်တဲ့ကိုယ်တို့က ပြုံးစိစိ။ အဲဒီတုန်းက ဟစ်ဖြစ်တဲ့ ဇော်ပိုင်ရဲ့ မြို့အဝင်ည အခွေထဲက "ရွှေပုံပေါ်မှာ ပျော်ပါ နေခြည်... အမှောင်ယံတွေမှာ ကိုယ်တစ်ယောက်တည်း တခြားစီ" သီချင်းကို ကျောင်းသားတွေက "ရွှေပြည်သာမှာ ပျော်ပါ နေခြည် ...လှိုင်သာယာမှာ ကိုယ်တစ်ယောက်တည်း တခြားစီ" လို့ဆိုကြတယ်။ မာစတာတက်တော့ တီချယ်နေခြည်နဲ့ ပြန်ဆုံတယ်။


မော်လမြိုင်မှာ တာဝန်ကျပြီ ပီအိတ်ချ်ဒီပြီးလို့မာစတာမှာ  ကိုယ်တို့ကို သင်တာ Artificial Intelligence ဘာသာ။ တီချယ်ရဲ့ ပီအိတ်ချ်ဒီစာတမ်းကို အိုင်စီစီအေဆိုလား ဘာဆိုလား နိုင်ငံတကာအဖွဲ့အစည်းကနေ လက်ခံတယ်လို့ ကြားလိုက်တယ်။ ကျောင်းသားတွေ ဝိုင်းကြည့်တာကို အနေရအထိုင်ရခက်တဲ့ တီချယ်ပေါက်စလေး မဟုတ်တော့ဘူး။ ကျောင်းသားတွေ စိတ်ဝင်စားအောင်၊ မငိုက်အောင် သင်နိုင်တဲ့သူ ဖြစ်လာတယ်။ အရင်ကထက် စာသင်တာ ကောင်းလာတယ်။ ဆံပင်ကတော့ မပြောင်းလဲဘူး အရင်လို ခါးအထိရှည်တုန်း၊ ပိန်လှပ်တုန်း။ အဲ..အရင်လို တကိုယ်လုံး ခရမ်းရောင်၊ အဝါရောင် မလုပ်နိုင်တော့ဘူး။ အဖြူနဲ့ စိမ်းပြာ ယူနီဖောင်း ဝတ်ရလို့။ တီချယ်နေခြည်နဲ့ တဘတ်ချ် batch တည်းဆိုတာနဲ့ တီချယ်နေခြည်အကြောင်း ရောက်သွားလိုက်တာ လိုရင်းမရောက်တော့ဘူး။

မဆိုဖီက မီချီကန်တက္ကသိုလ်တခုမှာ ကွန်ပျူတာသိပ္ပံ လာတက်ပြီး အလုပ်လုပ်နေတာဆိုတော့ ကိုယ့်နဲ့ UCSY ရန်ကုန်ကွန်ပျူတာတက္ကသိုလ်အကြောင်း၊ ယူအက်စ် ကျောင်းတွေအကြောင်း၊ အလုပ်အကိုင်အကြောင်း၊ ဗီဇာအကြောင်းတွေနဲ့ အတော်လေပေးဖြောင့်တယ်။ ကျောင်းတွေအကြောင်းရေးထားတဲ့ ပို့စ်တွေဆိုရင် ရန်ကုန်က သူ့ညီမကို ဖတ်ခိုင်းတယ်တဲ့။ ဘလော့ဂါဖြစ်ရတာ ဒီတစ်ခုတော့ ကောင်းသား။ ကိုယ့်ကိုသိကြတယ်၊ ကိုယ့်စာတွေဖတ်ပြီး ရင်းနှီးနေသလိုဖြစ်နေတော့ ကူညီချင်ကြတယ်။ မခိုင်အမျိုးသားက တီချယ်နေခြည်၊ မဆိုဖီ၊ ကိုထွန်းထွန်းဝင်းတို့ကို သင်တဲ့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်က ဆရာ။ ကိုယ့်ဘလော့ကို ဖတ်ပြီး သိကျွှမ်းရ၊ သူ့တပည့်မဟုတ်ပေမဲ့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းထွက်ဆိုတာနဲ့ သူ့တပည့်လို့ သဘောထားပြီး ကူညီစောင့်ရှောက်ကြတယ်။ ပန်ဆယ်ဗေးနီးယားပြည်နယ်ကနေ နယူးဂျာဆီ ဘုန်းကြီးကျောင်းကို ၁ နာရီလောက် ထပ်မောင်းရတယ်။ လမ်းရှင်းပေး၊ ပါကင်ညွှန်ပေးတဲ့ ဘဲဥတွေ ဘာတွေနဲ့။


သိမ်ဆင်းလောင်းနေတာကို မှီပေမဲ့ သိမ်ဆင်းလောင်းဖို့ ဘာမှပြင်ဆင်မလာတော့ မခိုင် သိမ်ဆင်းလောင်းတာကိုပဲ ဓာတ်ပုံရိုက်ဖြစ်တယ်။ ဆရာတော်ဦးကောဝိဒကို ဖူးရတယ်။ ဆရာတော်တစ်ပါးက ပြုံးပြနှုတ်ဆက်လို့ အတော်စဉ်းစားလိုက်ရတယ်။ ကိုထွန်းထွန်းဝင်းတို့ အလှုလုပ်တဲ့ ဘရွတ်ကလင်း မစိုးရိမ်ကျောင်း ဆရာတော်။ ငါ့နှယ်နော် မှတ်ညဏ်တွေ မကောင်းတော့ပါလား။ မေရီလန်းက အောင်မင်္ဂလာကျောင်း၊ နယူးယောက်အိမ်နားက သုံးပါးကျောင်းက ဆရာတော်တွေကို ဖူးရတယ်။ မုန့်တွေမှ အများကြီးပဲ။ ရွှေတိဂုံဘုရားပုံစံတူကို ဖူးရတော့ ရန်ကုန်ရွှေတိဂုံဘုရားကို သတိရတယ်။ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့၊ မေရီလန်းပြည်နယ် ဆေးဗာလ်းစပရင်းမြို့၊ ပန်ဆယ်ဗေးနီးယားပြည်နယ် ကန်နယ်ဘာ့ခ်မြို့က ဘုန်းကြီးကျောင်းတွေ ရောက်ဖူးပေမဲ့ ဒီလိုစေတီ ဖူးရတော့ မြန်မာပြည် အလွမ်းပြေတယ်။

ဖီလာဒဲပီးယားကို သွားတော့ ဂိုက်က ရှေးဟောင်းလမ်းကြားလေးတစ်ခုကို ခေါ်သွားတယ်။ အဲဒီလမ်းက အိမ်တွေက လန်ဒန်က အိမ်ပုံစံအတိုင်း ဆောက်ထားတာ။ ရေခြားမြေခြား ရောက်နေတဲ့ ဗြိတိသျှတွေ သူတို့ဇာတိက အိမ်ပုံစံအတိုင်း ဆောက်ပြီး အိမ်အလွမ်းဖြေကြတာ မြန်မာတွေ ရွှေတိဂုံစေတီပုံစံတူတည်ပြီး အလွမ်းဖြေကြတာနဲ့တူတူပါပဲ။ မေရီလန်းဘုန်းကြီးကျောင်းကို သွားတုန်းက အဘွားတင့်က ဘောင်းဘီတို (ဒူးခေါင်းလောက်) နဲ့လာတဲ့ ခလေးမလား၊ နောက်တစ်ခေါက်လာရင် ထမီဝတ်လာခဲ့ ဆိုလို့ အိမ်ကိုထမီမှာ။ ဘုန်းကြီးကျောင်းသွားရင် ထမီဝတ်ပေမဲ့ နယူးယောက်ကျတော့ ရထားစီးရ၊ လမ်းလျှောက်ရတော့ ထမီဝတ်သွားရင် လူတွေကြည့်ကြလွန်းလို့ မဝတ်ဖြစ်ဘူး။

မခိုင် အိမ်ရောက်မှ  ဂျင်းဘောင်းဘီပေါ်မှာ ထမီထပ်ဝတ်တယ်။ ချိတ်နဲ့မဟုတ်ဘဲ ဒီအတိုင်း ရိုးရိုးပတ်ဝတ်ရတော့ ခဏခဏကျွှတ်လို့ မဝတ်ချင်တာလည်း ပါတယ်။ ဂျင်းဘောင်းဘီပေါ်က ထပ်ဝတ်တော့   ကျွှတ်ကျမှာလည်း မပူရသလို ခဏခဏလည်း မဝတ်ရဘူး။ အမေ ထည့်ပေးလိုက်တဲ့ ထမီဆင်လေးကို သဘောကျတယ်။ အမေစုက နိုင်ငံခြား သွားရင်လည်း ရိုးရာဝတ်စုံဝတ်တာ ချီးကျူးမိတယ်။ ကိုယ်တွေမှာတော့ သမင်လည်ပြန်၊ ခြင်္သေ့လည်ပြန် ကြည့်ကြတာကို မျက်နှာပူလို့။ ထမီဝတ်ထားရင် နယူးယောက်မှာ အထူးအဆန်း ငေးကြည့်ကြလွန်းလို့ မခိုင်လည်း မဝတ်ချင်ဘူးတဲ့။ ဘုန်းကြီးကျောင်းလာရင် ထမီဝတ်ဖို့  မမီးငယ်က တိုက်တွန်းတာမို့ ဒီတခါ သူလည်း ဝတ်လာတယ်။

မမီချီကို၊ စန်းထွန်း၊ မခိုင်

ပြန်ခါနီး ကားကြုံရှာတော့ မခိုင်အသိ ဘရွှတ်ကလင်း ပြန်မယ့်ကားမှာ တနေရာရတယ်။ မထင်မှတ်ဘဲ မမီချီကိုနဲ့ဆုံတယ်။ မှတ်မိမလား မသိဘူး ကျွန်မနှင့်ဂျူး ပို့စ်ထဲက ဇာတ်လိုက်ကြီးလေ။ မရောက်လာနိုင်တဲ့ မမီးငယ် ဂျေဖြစ်အောင် တမင်တကာကို ဓာတ်ပုံရိုက်ကြတယ်။ မမီချီကို သမီး မေကဆုန်မေဆဲမိုးလေးက မြန်မာစကား ပြောတာများ မွှတ်နေတာပဲ။ ခြေအိတ်ရေစိုလို့ဖျားရင် ရှမ်းကု ကုထည့်လိုက်မှာလို့ အကြမ်းနည်း၊ အနုနည်းနဲ့ ဆုံးမတာများ လက်ဖျားခါတယ်။ နိုင်ငံရပ်ခြားမှာမွေး၊ ဗမာသွေးတဝက်ပါတဲ့ ကပြားကလေးတစ်ယောက်ကို ဗမာစကားမွှတ်နေအောင် ပြောတတ်အောင် သွန်သင်နိုင်တာ ချီးကျူးပါပေတယ်။ မနက် ၄ နာရီ အိပ်ယာထ၊ ၃ နာရီ ကားစီးရလို့ ပင်ပန်းလို့အပြန်မှာ အိမ်ငိုက်မလား အောက်မေ့တယ်။ ရှမ်းပြည်ကို တာဝန်ကျတဲ့ ဆရာဝန်၊ ဆရာမတွေကို သူပုန်တွေ အပိုင်စီးတဲ့အကြောင်း၊ ရှမ်းပြည်က အကြောင်းတွေကို နားထောင်ရတာ မျက်စိစင်းပြီး ငိုက်ဖို့နေနေသာသာ စိတ်ဝင်စားလို့ မျက်စိတောင် ကျယ်နေတော့တာပဲ။

မိုးရွာမယ်လို့ ခန့်မှန်းထားပေမဲ့ ပွဲမပျက်တဲ့မိုးကြောင့် နေသာသာ တိမ်ပြာပြာ ဆန်းဒေးမှာ မြန်မာလူမျိုး၊ မြန်မာအစားအစာ၊ စေတီနဲ့ စည်ကားတဲ့ နယူးဂျာဆီသွား တောလားလေးပါ။ မန်မိုရီယမ်ဒေးမှာ ယူအက်စ်မြို့တော်ဟောင်း၊ ပန်ဆယ်ဗေးနီးယားပြည်နယ်ရဲ  အကြီးဆုံး ဖီလာဒဲဖီးယားမြို့၊ လျှပ်စစ်မီး၊ တီဗွီ၊ ဗီဒီယိုဂိမ်းမရှိတဲ့ ဒေသလေးတစ်ခုကို သွားရောက်လည်ပတ်တဲ့ ဖီလာဒဲပီးယားသွား တောလားကို နောက်အပတ်မှ ရေးပါဦးမယ်။

Happy Traveling !
စန်းထွန်း
မေ ၃၁၊ ၂၀၁၄။

မခိုင်အမျိုးသား ဥ◌ီး‌ရွှေကို ရိုက်ပေးတာ

ပြတိုက်...

ပြတိုက် ထိုစကားလုံးနှင့် သူစိမ်းပြင်ပြင် ရှိနေရာမှ မိတ်ဆွေသူငယ်ချင်းကဲ့သို့ အကျွှမ်းတဝင် ရှိလာခဲ့သည်မှာ လွန်ခဲ့သောတစ်နှစ်ခန့်က ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများမှ အလယ်တန်း၊ အထက်တန်း ကျောင်းသားများသည် နွေရာသီပိတ်ရက်များတွင် ကမ့်ထွက်ခြင်း၊ ပြတိုက်၊ မြို့ကြီးများသို့ လေ့လာရေးခရီးများ ထွက်ကြသည့် အစီအစဉ်များ ရှိသော်လည်း မိခင်နိုင်ငံတွင် ထိုကဲ့သို့ မရှိ။ နယ်မြို့မှာမို့လို့ မရောက်ဘူးဟု ဆိုရအောင်လည်း ကျွန်မ သူငယ်ချင်း မြို့ကြီးသူစစ်စစ်များလည်း မူလတန်း၊ အထက်တန်းကျောင်းသားအရွယ်တွင် ပြတိုက်မရောက်ဘူးခဲ့။ ဒါဆို တက္ကသိုလ်ကျောင်းသားအရွယ်မှာ ပြတိုက်ရောက်ဖူးပြီးလားဟု မေးပါက အသက် ၃၀ ကျော်မှ ပြတိုက်သို့ ရောက်ဖူးသည်ဟု ဖြေလျှင် အံ့သြသွားမည်လားမသိ ။ ပြတိုက်ဆိုသည်မှာ ဝင်ကြေးပေးရသော၊ ရှေးဟောင်းပစ္စည်းများ ပြသထားသော၊ နိုင်ငံခြားသား၊ ပညာရှင်များသာ သွားရောက်လည်ပတ်ကြသော၊ စိတ်ဝင်စားစရာမရှိ ပျင်းရိဖွယ်ကောင်းသော နေရာတစ်ခုဟုသာ တွေးမိသည်။

ကျွန်မ သူငယ်ချင်းများနှင့် ကျွန်မကိုယ်တိုင် ပြတိုက်သွားဖို့ထက် လျှော့ပင်းမောလ်၊ ရုပ်ရှင်ရုံ၊ ဘုရား၊ ပန်းခြံ၊ စာအုပ်ဆိုင် သွားဖို့လောက်သာ စိတ်ကူးသည်။ တကျွှန်းနိုင်ငံတွင် သမ္မတအိမ်တော် Istana သို့ သွားရောက်လည်ပတ်ကြသည့် သူငယ်ချင်းများ၏ ဓာတ်ပုံများကို မြင်ရသောအခါ သွားရောက်လည်ပတ်ချင်သော်လည်း ဝင်ကြေးပေးရသည်ဟု ဆိုသောအခါ တွန့်ဆုတ်သွားသည်။ ဝင်ကြေးပေးစရာမလိုသည့် သာယာအေးချမ်း စိမ်းစိုလှသည့် ပန်းခြံများ၊ တောတောင်များကိုသာ လည်ပတ်ဖို့ စိတ်အားထက်သန်ခဲ့သည်။ စတိတ်တွင် ကျောင်းတက်ရသည့် မြို့ငယ်လေးသည် တက္ကစီမရှိ၊ ဈေးဝယ်ခြမ်းရန် ဝေါမတ်စတိုးတစ်ခုသာ ရှိသည်။ နာရီဝက်အဝေးတွင်ရှိသည့် အော်တိုဝါမြို့၊ တနာရီခွဲ အဝေးတွင်ရှိသည့် အိုင်အိုဝါတက္ကသိုလ်ရှိသည့် အိုင်အိုဝါစီးတီးမြို့၊ အိုင်အိုဝါပြည်နယ်မြို့တော် ဒက်စ်မွိုင်းမြို့များတွင် ပြတိုက်။ ရုပ်ရှင်ရုံ၊ လျှော့ပင်းမောလ်များ ရှိသော်လည်း ကားမောင်းလိုင်စင်မရှိသေးသလို စုပေါင်းစပ်ပေါင်း ဝယ်ထားသည့် ကားဖွက်ချက်လေးသည် ဆူနမ်တို့ဆီသို့ ဘယ်သောအခါမှ ရောက်မလာခဲ့။

Iowa State Capitol, Des Moines,  Capital of Iowa State

ကျောင်းစရောက်ပြီး မကြာမှီ အိုင်အိုဝါပြည်နယ်၏မြို့တော် ဒက်စ်မွိုင်းသို့ ကျောင်းမှ လိုက်ပို့ပေးသည်။ ရွှေရောင်အမိုးခုံးဖြင့် အိုင်အိုဝါစတိတ်ကယ်ပီတယ် အဆောက်အဦးသည် ခန့်ညားလှပသည်။ ပါပါဂျွှန်ပန်းပုပန်းခြံတွင် ပန်းပုဆရာ ပေးချင်သော မက်ဆေ့ကို ရဖို့ထက် ပန်းပုရုပ်များဖြင့် ဓာတ်ပုံရိုက်ဖို့လောက်သာ စိတ်ဝင်စားသည်။ ရာသီဥတုက မိုးရွာမည်ဟု ခန့်မှန်းထားရာ ဆူနမ်တို့က အိုင်အိုဝါစီတီးပန်းခြံသို့ မလိုက်။ သူငယ်ချင်းကို ခင်မင်ကြောင်း ပြသချင်တာလား၊ မိုးရေ စိုစိုစွတ်စွတ်နဲ့ မလည်ပတ်ချင်တာလား။ ဘာကြောင့်မှန်းတော့မသိ ထိုခရီးစဉ်ကို ကျွန်မ မလိုက်ပါခဲ့။ သုံးနှစ်ကျော်ကြာသည့်နောက် ယခုအခါမှ ထိုခရီးစဉ်တွင် မလိုက်ပါခဲ့သည်ကို နောင်တရမိသည်။ နာမည်ကြီးသည့် ထိုပန်းခြံကို နောက်တစ်ကြိမ် ထပ်ရောက်မည့် အခွင့်အရေး အင်မတန် နည်းပါးလှသည်။

ကန်တက်ကီပြည်နယ်တွင် အလုပ်ရသည့်အခါ သူစိမ်းပြင်ပြင် မြို့အသစ်၊ အလုပ်အသစ်၊ လူအသစ်၊ နယ်မြေအသစ်နှင့် အကျွှမ်းတဝင် ဖြစ်အောင် သုံးလခန့် အချိန်ယူရသည်။ ထိုပထမသုံးလသည် စိတ်အပင်ပန်းဆုံး၊ အခက်ခဲဆုံး ရက်ရှည်များ ဖြစ်သည်။ ရုံးသူရုံးသား၊ အိမ်ရှင်မိသားစုဖြင့် အသိအကျွှမ်း ဖြစ်လာသော်လည်း သူငယ်ချင်းအသစ် ရှိမလာသည့်အခါ ကျောင်းနေဖက်သူငယ်ချင်း ညီအစ်မများဖြစ်သည့် ဆူနမ်၊ မိုင်းဖန်တို့ရှိသည့် မိုင် ၁၀၀ ကား  ၂ နာရီ မောင်းရသည့် အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့ဆီ လည်ပတ်ဖို့သာ စိတ်အားထက်သန်သည်။

ဆူနမ်တို့ဆီ သွားလျှင် ပန်းခြံ၊ ပြတိုက်တို့ထက် အရေးကြီးသော စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ လျှော့ပင်းမောလ်တို့ကိုသာ သွားရောက်သည်။ ဆိုင်းမဆင့် ဗုံမဆင့် ကန်တက်ကီအလုပ်မှ လေးအောဖ့်ခံရပြီး ဆူနမ်၊ ရာမားတို့ရှိရာ မေရီလန်းသို့ ပြောင်းရွှေ့ရဖို့ ဖန်လာသောအခါ ကန်တက်ကီရုံးမှ ဆူပါဗိုက်ဆာက နောက်တခေါက် ပြန်လာဖို့ ခက်လိမ့်မယ်။ လူဝီဗီလ်မှာ ရှိနေတုန်း ကန်တက်ကီဒါဘီပြတိုက်၊ လူဝီဗီလ်ဆလပ်ဂါးပြတိုက်တွေကို သွားရောက်လည်ပတ်သင့်သည်ဟု အကြံပေးသည်။ ကားမောင်းလိုင်စင်ဖြေရန် ပယ်ရလယ်ပါကင်း နေ့စဉ်လေ့ကျင့်သော်လည်း လိုင်စင်ရပြီးသည့်နောက် ပယ်ရလယ် ပါကင်းမလိုသည့်နေရာတွင် တစ်နှစ်ခန့် မောင်းပြီးသောအခါ ပယ်ရလယ်ပါကင်းထိုးရမည်ကို အသေကြောက်သည်။

Papajohn Sculpture Park, Des Monies, Capital of Iowa State

မန်ဆက်ချူးဆက်ပြည်နယ် ဂလော့ချက်စတာ မြို့လယ်ခေါင်တွင် ပယ်ရလယ်ပါကင်း လေးခါထိုးသော်လည်း ချောချောမွေ့မွေ့ မဖြစ်။ ဆူနမ် ပယ်ရလယ်ပါကင်း ထိုးနေချိန် သူ့ကားကို ဘယ်တော့များ ဝင်ပွတ်လေမလဲဟု ကားပိုင်ရှင်ခမျာ ရင်တမမ ဖြစ်နေရာ ဆိုင်ထဲတွင် စားသောက်နေရာမှ မနေသာတော့ဘဲ ကူထိုးပေးရန် ဆိုင်ထဲမှ ပြေးထွက်လာလေသည်။ သန်းခေါင်ယံ ဘော့စတွန်မြို့လယ်ကောင်တွင် ပယ်ရလယ်ပါကင် လေးခါထိုးသော်လည်း အံမဝင်ဘဲဖြစ်ရာ အံ့အားသင့်ရသည်မှာ စောင့်နေသောကားများသည် ဟွန်းမတီးဘဲ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းကြခြင်း ဖြစ်သည်။ ကားမောင်းတတ်စ ငတိမလေးတွေ ပယ်ရလယ်ပါကင်း မကျွှမ်းဘဲ မြို့လယ်ခေါင်မှာ လာမောင်းနေတာ ဒုက္ခပါပဲဟု တွေးပုံရသည်။

လူဝီဗီလ်မြို့လယ်ခေါင်တွင် ပယ်ရလယ်ပါကင် ထိုးရမည်ကို ကြောက်လျှင် ကားကို တနေရာတွင် ထားခဲ့ကာ ဘတ်စ်ကားစီးသွား၍ ရသည်။ ပယ်ရလယ်ပါကင်ကြောင့်မဟုတ်ဘဲ ပြတိုက်ကို သွားရကောင်းမှန်းမသိ၊ သွားချင်စိတ် မရှိသောကြောင့် ဖြစ်သည်။ ဆူပါဗိုက်ဆာစကား မှန်လှသည်။ လူဝီဗီလ်မြို့ဆီသို့ နောက်ထပ်တစ်ကြိမ် သွားရောက်လည်ပတ်ဖို့ ဆိုသည်မှာ ဖြစ်နိုင်ချေ အင်မတန် နည်းလှသည်။ ပြတိုက်ဆိုသည့် စကားလုံးနှင့် ရင်းနှီးကျွှမ်းဝင်သည်မှာ လွန်ခဲ့သောနှစ်နှစ် ခရစ်စမတ် အခါသမယတွင် ဖြစ်သည်။ ၂၀၁၂ ဒီဇင်ဘာတွင် အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမှ ရာမားနေထိုင်ရာ မေရီလန်းပြည်နယ်သို့ ဆူနမ် ပြောင်းရွှေ့သွားရာ အားလပ်ရက်ပိတ်ရက်များတွင် ဆူနမ့်ဆီ သွားလည်ပတ်လေ့ရှိသော ကျွန်မမှာ ငေါင်စင်းစင်း ဖြစ်ကျန်ခဲ့လေသည်။ ကန်တက်ကီမှ မေရီလန်းသို့ မိုင် ၆၀၀ ကား ၈ နာရီ မောင်းရရာ အိုမင်းနေသော စီးတော်မြင်းသည် ထိုမျှလောက် ခရီးနှင်ဖို့ အင်အားချည့်နှဲ့လွန်းသည်။

ခရစ်စမတ်၊ နှစ်သစ်ကူးချိန်တွင် သူငယ်ချင်း၊ မိသားစုမရှိ တစ်ယောက်တည်း ယောင်တောင်တောင်ဖြစ်နေမှာ သူတို့ဆီ လာလည်ပါလားဟု ဆူနမ်တို့က ဖိတ်ခေါ်သောအခါ ခွင့် ၃ ရက် ယူရုံမျှဖြင့် အားလပ်ရက် ၁၁ ရက်ရရာ သွားရောက်လည်ပတ်သည်။ ခရစ်မမတ်နေ့တွင် အိမ်ဖြူတော်၊ မိုးနူမတ်ကျောက်တိုင်း၊ ဒုတိယကမ္ဘာစစ်အမှတ်တရ၊ ကယ်ပီတယ်ဆီ သွားရောက်လည်ပတ်သည်။ နှင်းမကျသောနေ့များတွင် ဝါရှင်တန်ဒီစီမြို့တော်ဆီသို့ တကိုယ်တော် တိုးရစ်သည်။ နေရှင်နယ်ဝါရှင်တန်ကက်သီဒရယ် ဘုရားရှိခိုးကျောင်း၊ လိုင်ဘယ်ရီအော့ဖ် ကွန်ကရက်၊ ယူအက်စ်ကယ်ပီတယ်၊ ဝါရှင်တန်ဘော်တနစ်ဂါးဒင်းတို့ကို လည်ပတ်သည်။ ဝါရှင်တန်ဒီစီမှ ပြတိုက်များ၊ နေရာတော်တော်များများသည် အခမဲ့ဖြစ်သည်။

Mount Vernon, Virginia

အာကာသပြတိုက်တွင် နေစကြာဝဋ္ဌာ၊ လပေါ်သို့ လူသားတို့ စတင်ဆင်းသက်ပုံ၊ မားစ်ဂြိုလ်ပေါ် လေ့လားစူးစမ်းပုံ၊ အာကာသယဉ်၊ အာကာသယာဉ်မှုးဝတ်စုံများ ပြသထားရာ အာမမ်ဂတမ်၊ ဂရပ်ဖစ်တီကဲ့သို့အာကာသရုပ်ရှင်များကို စိတ်ဝင်စားသော ကျွန်မ ထိုပြတိုက်များမှ မခွာနိုင်။ အမျိုးသားသမိုင်းပြတိုက်သည်ကား အထပ်လေးထပ်ရှိပြီး တကမ္ဘာလုံးမှ တိရစ္ဆာန်များကို ကျင်လည်ကျက်စားနေထိုင်ရာ ပတ်ဝန်းကျင်ပုံစံတူဖြင့် ပြသထားရာ အလွန်စိတ်ဝင်စားဖွယ် ကောင်းသည်။ ဒိုင်နိုဆော၊ မြေဆီလွှာ၊ ကျောက်လွှာ၊ ကျောက်မျက်ရတနာ ပြခန်းများလည်း ရှိသည်။ မြန်မာပြည်မှ ပတ္တမြား၊ မြ၊ ကျောက်စိမ်းတို့ကို တွေ့ခဲ့သည်။

ဝင်ကြေး ၅ ကျပ် ပေးရသော လိပ်ပြာပြခန်းတွင် လိပ်ပြာများက ပုခုံးပေါ်လာနားကာ လိပ်ပြာရောင်စုံများကို နီးနီးကပ်ကပ် မြင်ရသည်ကို လူတိုင်း သဘောကျ ကျေနပ်ကြသည်။ အမျိုးသားပန်းချီပန်းပုပြတိုက်တွင် ပြသထားသော ပန်းပုရုပ်များမှာ လက်ရာပြောင်မြောက်လွန်းလှသည်။ ပန်းချီများသည် အလင်းအမှောင် ပိုင်နိုင်ပြီး ပုံစံတူပန်းချီများမှာ အသက်ဝင်လှပြီး တကယ့်သက်ရှိအလား ထင်ရသည်။ ပန်းချီပါရမီမရှိသော်လည်း ပန်းချီကားအလှကို ငွေ့ငွေ့လေး ခံစားမိသည်။ ထိုအချိန်မှစ၍ ပြတိုက်ဆိုသည်မှာ သွားရောက်လည်ပတ်လေ့လာသင့်သော နေရာဖြစ်သည်ဟု သဘောပေါက်သွားသည်။

နယူးယောက်ပြတိုက်များသည် ဝါရှင်တန်ဒီစီပြတိုက်များကဲ့သို့ အခမဲ့မဟုတ်သောကြောင့် သွားရောက်လည်ပတ်ဖို့ တွန့်ဆုတ်သလို မနှစ်ကဆောင်းတွင်းသည် အင်မတန်ဆိုးရွားလှသော ဆောင်းရာသီဖြစ်ရာ တဆောင်းတွင်းလုံး ဘယ်မှမသွားဖြစ်။ အိမ်ထဲ မနေချင်အောင် သာယာလွန်းသော နွေဦးရက်များတွင် သူငယ်ချင်းမရှိသော်လည်း Meet up အဖွဲ့များတွင် ပါဝင်ကာ  လမ်းလျှောက်ဖြစ်သည်။ ပထမဦးဆုံးအကြိမ် ပါဝင်သည်က အက်စ်စတိုးရီးယားတခွင် ၆ မိုင် ၃ နာရီ လမ်းလျှောက်ကြခြင်း ဖြစ်သည်။ လူ အယောက် ၆၀ ခန့်ပါဝင်သည်။ မက်ဟန်တန်တွင် တိုးရစ်အုပ်လိုက် တွေ့ရသည်မှာ မထူးဆန်းသော်လည်း တိုးရစ်မရှိသော အက်စ်စတိုးရီးယားတွင် တိုးရစ်အုပ်လိုက် တွေ့ရသည်မှာ ထူးဆန်းနေသည်။ စားသောက်ဆိုင်များက ဘယ်နိုင်ငံက လာတာလဲဟု ဝိုင်းဝန်းမေးမြန်း စပ်စုကြသောအခါ နယူးယောက်ကပဲဟု ဖြေလျှင် အံ့အားသင့်သွားကြသည်။

National Gallery of Art, Washington, DC (District of Columbia)

လမ်းလျှောက်သောကြောင့် ကိုယ်လက်လှုပ်ရှားမှု ဖြစ်သလို မရောက်ဖူးသည့် နေရာများကို ရောက်ဖူး၊ သိကျွှမ်းရသည့်သူများ၏ အတွေ့အကြုံများကို နားထောင်ရသည်မှာ စိတ်ဝင်စားစရာ ကောင်းသည်။ ဒုတိယအကြိမ် သွားရောက်သည်က လူးဝစ်အမ်းစရောင်းအိမ်ပြတိုက် ဖြစ်သည်။ ကျွန်မက လကမ္ဘာတွင် ပထမဆုံး လမ်းလျှောက်သော အမေရိကန်အာသာယာဉ်မှုး အမ်းစရောင်းဟု ထင်နေသည်။ ထိုအခါ ဘိုလီဗီးယားနိုင်ငံသူ ယူအန်တွင် အလုပ်လုပ်သည့် အန်တီက အဲဒါ Neil Armstrong ၊ အခု သွားမှာက အမေရိကန် ဂျဇ် လေမှုတ်တူရိယာတီးတဲ့သူ Trumpeter ၊ အမေရိကန် စိတ်နှလုံးကောင်း သံတမန်၊နိုင်ငံပေါင်းစုံတွင် သီဆိုခဲ့သည့် အဆိုတော် လူးဝစ်အမ်းစရောင်း။ ၁၉၆၀ တုန်းက အရမ်းနာမည်ကြီးတာ Summer Time သီချင်းဆို နာမည်ကြီး ။ S..u...m...m...e...r....T...i...m...e (အသံနေ အသံထားနှင့်ပါ ဆိုပြသည်)။ ကျွန်မ မသိပါ ဂျဇ်ဆိုလျှင် နော်ရာဂျူန်း၏ Come away with me ၊ Don't know why လောက်သာ သိသည်။

အီတလျံသား မိုက်က နောက် အမ်းစရောင်းတစ်ယောက် ရှိသေးတယ်။ Tour de France ချန်ပီယံ ခုနစ်ဆု ပိုင်ရှင်လေ။ ခုတော့ တားမြစ်ဆေးသုံးစွဲလို့ ချန်ပီယံဆုတွေသိမ်း တရားဆိုင်နေရတယ်။ သြော် ...အမ်းစရောင်းတွေ များပါ့။  ပြတိုက်ဝင်ကြေးမှာ ၁၀ ဖြစ်သော်လည်း လူ ၁၀ ယောက်အထက်ဆိုလျှင် အုပ်စုဒစ်စကောင့်ရသောကြောင့် ၆ ကျပ်သာ ပေးရသည်။ လူးဝစ်အမ်းစရောင်းအိမ်ပြတိုက်သည် သာမာန်ရပ်ကွက်ထဲက မထင်မရှား အိမ်လေးမျှသာဖြစ်သည်။ အင်္ဂလန်ဘုရင်ကိုယ်တိုင် ချီးမြှင့်ထားသော ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် Trumpet ကို သူငယ်ချင်းအား ပေးပစ်လိုက်သည်အထိ အပေးအကမ်း ရက်ရောလှသူ ဖြစ်သည်။ ဧည့်ခန်း၊ အလုပ်ခန်း၊ မီးဖိုချောင်၊ ရေချိုးခန်း၊ ဧည့်သည်ခန်း၊ ဘုရားခန်း အကြာင်းကို ဂိုက်မှ ရှင်းပြပြီး အမ်းစရောင်း၏ စကားသံ၊ သီချင်းသံများကို နားဆင်ရသည်။

မွေးစာရင်းမရှိသောကြောင့် သူ့ကိုမွေးတဲ့အချိန်တုန်းက မီးရှုးမီးပန်းဖောက်နေတယ်ဆိုသော စကားကြောင့် ဂျူလှိုင် ၄ လွတ်လပ်ရေးနေ့ကို သူ့မွေးနေ့ဟုထင်ကာ မွေးနေ့ပွဲကျင်းပခဲ့ရာ သူကွယ်လွန်ပြီးမှ တွေ့ရသည့်မွေးစာရင်းအရ သူ့မွေးနေ့သည် သြဂုတ်လ၏ တခုသောရက်တွင် ဖြစ်သည်။ သို့ပါသော်လည်း သူ့မွေးနေ့အထိမ်းအမှတ် ဂျက်ဂီတပွဲတော်ကို ထို ၂ ရက်လုံးတွင် ကျင်းပရာ နာမည်ကြီးဂျဇ်ဂီတပညာရှင်များ လာရောက်ဖျော်ဖြေကြသည်။ အနီးပတ်ဝန်းကျင်အိမ်များမှာ လက်မှတ်ဝယ်စရာမလို  လမ်းမပေါ် ခုံလေးတစ်ခုချကာ အေးအေးလူလူ နားဆင်နိုင်သည်။

National Gallery of Art, Washington, DC. 

အမ်းစရောင်း၏ အလုပ်ခန်းပြတင်းပေါက်မှ လမ်းမသို့ ငေးကြည့်ရင်း သူ့သီချင်းထဲမှ စာသားဖြစ်သည့်  I hear babies crying ဆိုသည့်စာသားလေးမှာ တကယ်လည်း ထိုအိမ်မှနေ၍ ကလေးငိုသံ  ကြားခဲ့ရပြီး စပ်ဆိုခဲ့ပုံပေါ်သည်။ အိမ်ဆိုသည်မှာ မေတ္တာမြစ်တို့ မြစ်ဖျားခံရာဖြစ်သောကြောင့် ထိုအိမ်ကလေးမှ ဖြန့်ဝဖန်တီးလိုက်သည့် သီချင်းသံများကို ဝမ်းမြောက်ပီတီဖြစ်စွာ နားဆင်ရသည်။ လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ကျော်က ဂန္တဝင်ဂီတပညာရှင် ထိတွေ့ကိုင်တွယ်ခဲ့သည့် နေရာများနှင့် မတော်တဆ ထိတွေ့မိပြီး လက်ဆွဲများ နှုတ်ဆက်မိလေသလား။

ဗြိတိသျှထံမှ လွတ်လပ်ရေးရအောင် တိုက်ပွဲဝင်ခဲ့သည့် စစ်ဗိုလ်ချုပ်၊ အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး သမ္မတ ဂျော့ဝါရှင်တန်၏ စံအိမ်ဖြစ်သော ဗာဂျီးနီးယားပြည်နယ် မောက်ဗာနွန်သို့ သွားရောက်လည်ပတ်စဉ် လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာခန့်က တည်ဆောက်ထားခဲ့သည့် ထိုစံအိမ်ကို မပျက်မစီး ထိန်းသိမ်းထားနိုင်သည်ကို အံ့သြချီးမွမ်းမိသည်။ ရှေးခတ်ကလူများ နေထိုင်စားသောက်ပုံ၊ သမိုင်းကြောင်းကို လေ့လာသိမြင်ရသည်။ တိုင်းပြည်နှင့်လူမျိုးအပေါ် ကောင်းကျိုးပြူခဲ့သည့် သူများသည် လူသေသော်လည်း နာမည်မသေ နောက်မျိုးဆက်များက ချီးကျူးဂုဏ်ပြု သမိုင်းတွင်ရစ်သည်။

လွန်ခဲ့သော တနင်္ဂနွေနေ့က Meet up အဖွဲ့နှင့် MOMA PS 1 တွင် ပြသထားသော နွေဦးပြခန်းသို့ သွားရောက်သည်။ မက်ဟန်တန်ရှိ MOMA ( Museum Of Modern Art ) ပြတိုက်သည် နာမည်ကြီးသည်။ လောင်းအိုင်လန်မှ မိုမာပီအက်စ်ဝမ်းသည်လည်း မဆိုးလှ။ ဝင်ကြေး တစ်ဆယ်ဖြစ်သော်လည်း သဒါ္ဓကြေးပေး၍ ရသည်။ ပထမဆုံးပြခန်းမှာ Maria Lassing ၏ ပန်းချီလက်ရာများ ဖြစ်သည်။ ရေဆေးနှင့် ဆီဆေးကိုတောင် ခွဲခြားမသိသော လူပိန်းကျွန်မ လက်ဆင်း၏ ပန်းချီလက်ရာများ အင်မတန် ထူးဆန်းသည်ကိုတော့ သတိမထားဘဲ မနေနိုင်။ ဂျင်းဘောင်းဘီစများ၊ အနက်ပေါ်တွင် ရွှေရောင်စလစ်မွှန်းခွျှန်းများကို မြင်ရသည့်အခါ မြန်မာဘုန်းကြီးကျောင်း၊ မုခ်ဦးများကို မျက်စိထဲ မြင်မိသည်။

National Gallery of Art, Washington, DC.

ပန်းချီဆရာ ဘယ်သူလဲဟု သိချင်သောကြောင့် သွားဖတ်သည့်အခါ Korakrit Arunanondchai ထိုင်းပန်းချီဆရာ ဖြစ်နေသည်။ ချင်းမိုင်မှ White Temple တွင် သူ့လက်ရာများ ရှိသည်ဟု ဆိုသည်။ ပန်းချီဆရာ၏ ယုံကြည်သက်ဝင်မှု၊ ခံစားချက်၊ စကားလုံးများသည် ပန်းချီကားတွင် ဖော်ပြနေသည်။ ရေတဝက်ဖြည့်ထားသော ရေပုံးများ၊ သဲစာအုပ်စင်၊ သစ်သားကြမ်းပြင်များ တွေ့ရသော်လည်း ပေးချင်သည့်မက်ဆေ့ကို မရ။ အိမ်ခြံမြေရောင်းဝယ်ရေးကုမ္ဗဏီတွင် ချိတ်ဆွဲထားသော ဓာတ်ပုံများကို မြင်ရသောအခါ အံ့သြဘနန်း ဖြစ်ရသည်။ ဂရပ်ဖစ်အက်ဖက်သုံးထားမှန်း သိသော်လည်း သာမန်ရိုးကျမှ ခွဲထွက်သည့် ရိုက်ချက်ပြင်းပြင်းများက သပ်ရပ်လှပလွန်းသည်။ အနီးအနားတဝိုက်မှ ပန်းချီဆရာများ၏ အိမ်များတွင် ချိတ်ဆွဲထားသော ပန်းချီကားကို သွားရောက်ကြည့်ရှုကြသည်။ အကြိုက်တွေ့တာလည်း ရှိသည်၊ နားမလည်တာလည်း ရှိသည်၊ အရောင်စပ်ထားတာ ကြိုက်တာလည်း ရှိသည်။ ဘာကိုဆိုလိုချင်မှန်း မသိတာလည်း ရှိသည်။ ဒီလိုလည်း ဆွဲလို့ရတာပဲဟု သိရတာလည်း ရှိသည်။

ပြတိုက်ဆိုသည်မှာ  ပျင်းစရာမကောင်းတော့သလို သွားရောက်လေ့လာသင့်သော၊ အသိညဏ်ဗဟုသုတ တိုးစေသော၊  မမြင်ဘူးတာတွေ မြင်ရသော နေရာတစ်ခုဖြစ်သည်။ ပြတိုက်သည်ဆိုသည်မှာ မသိ၊ မမြင်၊ မတွေးဆနိုင်သော ကကြိုးများဖြင့် ဖမ်းစားတတ်သည့် ကဝေတစ်ပါး ဖြစ်သည်။

စန်းထွန်း
မေ ၂၁၊ ၂၀၁၄။

"ကျွန်မသည် ပန်းချီကားကို နေ့စဉ် စိုက်စိုက်ကြည့်နေသည်။ တစ်နေ့ မကြည့်ရလျှင် မနေနိုင်ဘဲ ဖြစ်နေသည်။ သို့ဖြစ်ရခြင်းမှာ အကြောင်းရှိသည်။ ပန်းချီကားကို စိုက်ကြည့်ရင်း လူရုပ်တွေကပင် လှုပ်လာသလို သစ်ပင်သစ်ကိုင်းတွေကပဲ လှုပ်သလိုလို ထင်မိသည်။"

ဆရာမကြီး ဒေါ်ခင်မျိုးချစ်၏ ဥရောပယဉ်ကျေးမှု အနုပညာမိတ်ဆက် စာအုပ်မှ ကောက်နှုတ်ချက်

Louis Armstrong House Museum
Corona, New York
credit to Google
Maria Lassing 's painting at MOMA PS 1
Long Island City, New York
credit to Google
Korakrit Arunanondchai 's painting at MOMA PS 1
Long Island City, New York
credit to Google 
Open studios, museums and galleries
Long Island City, New York

All About NYC - 1

နှစ်ပေါင်းသုံးဆယ်အတွင်း အအေးဆုံးလို့  ပြောစမှတ်တွင်တဲ့ မနှစ်က တဆောင်းတွင်းလုံး ဂူအောင်းပါတယ်။ မအောင်းလို့မရ။ အပြင်ထွက်ရင် မျက်လုံးလေးပဲ ဖေါ်ထားတာအောင် ပါးတွေ၊ ပါးစပ်တွေ ကျင်တက်လာပြီး ခဲသွားမလား မှတ်တယ်။ ရာသီဥတု နည်းနည်းနွေးလာလို့ အပြင်ထွက်မလား စိတ်ကူးပါရဲ့။ ရုံးပိတ်ရက်ကလေး နှပ်ရတာဆိုပြီး မနက် ၁၀ နာရီလောက်မှ အိပ်ယာထ၊ သတင်းလေး ကြည့်ဦးမှ၊ ဗိုက်ဖြည့်ဦးမှ၊ ရေချိုးဦးမှနဲ့ သွားမယ်လည်းဆိုရော နေ့လည် ၁ နာရီ ထိုးနေပြီ။ မြို့ထဲကို ၁ နာရီလောက် ရထားစီးရမှာမို့ နေ့လည် ၂ နာရီလောက်မှ ရောက်မှာ။  ၂ နာရီလောက် လည်ပြီးရော အိပ်ပြန်ရတော့မှာ မထူးပါဘူးလေဆိုပြီး အိမ်မှာ ကိုရီးယားကားနဲ့ပဲ နှပ်နေတာ ကြာပြီ။

တနင်္လာနေ့မနက်ဆို ရုံးပိတ်ရက်တွေမှာ ဘယ်သွားဖြစ်လဲလို့ အလ္လာဘသလ္လာဘ ပြောကြရင် ပြောစရာစကားရယ်လို့ မရှိဘူး။ ဝေါထရိတ်စင်တာ သွားလည်မယ်လို့ မန်နေဂျာကို ပြောထားတာ ကြာလှပြီ။ ခုထက်ထိ အကောင်အထည် မဖော်သေးဘူး။ ရာသီဥတု သာယာတဲ့ မတ်လရဲ့ တခုသော စနေနေ့မှာ ပန်းသီးတခွင် ခြေဆန့်လို့ ဟိုရိုက်ဒီရိုက်တာတွေ၊ အရင်တုန်းက ရိုက်ထားတာတွေကို All About NYC စီးရီးပို့စ်တွေ အနေနဲ့တင်မယ်လို့ စိတ်ကူးထားပါတယ်။  ပန်းသီးမြို့ထဲ လည်ကြရအောင်..


Rockefeller Center ရော်ခါဖယ်လာစင်တာရှေ့က နာမည်ကျော် ခရစ်စမတ်သစ်ပင်ကြီး။ ၆၉  ပေကနေ  ပေ ၁၀၀ ထိ မြင့်ပါတယ်။ အောက်ဖက်မှာ ရေခဲပြင်စကိတ်ကွင်း ရှိတယ်။ ဒါပေမဲ့  Bryant Park ဘရိမ်ရန်ပါ့ခ်လို ဖရီးမဟုတ်ဘူး။ ခရစ်စမတ်ဆို အဲဒီသစ်ပင်နားမှာ လူတွေ ကြိတ်ကြိတ်တိုးနေတာပဲ။ ရဲတွေလည်း  အများကြီး။ ရာသီဥတုအေးပေမဲ့ ရောက်သင့်တဲ့နေရာမို့ ရောက်ခဲ့ပါတယ်။


မြန်မာတွေက English Premier League ၊ Italy Serie A League ၊ Spain Lagia League၊ World Cup ကို ခရေဇီဖြစ်သလို အမေရိကန်တွေက အမေရိကန်ဘောလုံး၊ ဘေ့စ်ဘော၊ ဘက်စကက်ဘောတွေကို ခရေဇီဖြစ်တယ်။ အဲဒီထဲမှာ  အမေရိကန်ဘောလုံး Super Bowl ပြိုင်ပွဲက နာမည်အကြီးဆုံး၊ လူကြည့်အများဆုံး။ နယူးဂျာဆီပြည်နယ်မှာ စတေဒီယမ်ကွင်း ရှိတယ်။ စူပါဘောပြိုင်ပွဲ စဖွင့်တဲ့နေ့ အထိမ်းအမှတ် အင်ပါယာစတိတ်အဆောက်အဦးမှာ မီးရောင်စုံထွန်းထားတာပါ။ မေစီ Macy လျှော့ပင်းမောလ်ကြီးမှာ စူပါဘောပြိုင်ပွဲဝင်အသင်း မော်ဒယ်ရုပ်ဘွိုင်း အရုပ်တွေနဲ့ ဓာတ်ပုံတွဲရိုက်တဲ့သူ များလွန်းလို့ လူရှင်းတုန်း လျှပ်တပြက် ရိုက်ထားတာ။

credit to Google

ကန်တက်ကီပြည်နယ်ကတော့ ဘက်စကက်ဘောကို ခရေဇီ။ မနှစ်က ဗိုလ်စွဲရင် အသင်းအမှတ်တံဆိပ်ကို တက်တူးထိုးမယ်လို့ ကတိပေးထားတဲ့  လူဝီဗီလ်အသင်းမန်နေဂျာ သူ့ကတိအတိုင်း တက်တူးထိုးပါတယ်။

credit to Google
credit to Google

မနှစ်က University of Louisville ရဲ့ Cardinals (UOL  Cards လို့ အတိုကောက် ခေါ်ကြတဲ့) လူဝီဗီလ်အသင်း ဗိုလ်စွဲတယ်။

credit to Google

လူဝီဗီလ်မြို့ကနေ ၁ နာရီအဝေးမှာရှိတဲ့ Lexington လက်ဆီတန်မြို့ University of Kentucky ရဲ့ WildCats ( UK Cats လို့ အတိုကောက် ခေါ်ကြတဲ့) နဲ့ ချန်ပီယံဆုကို တယောက်တလှည့် ယူနေကြတာပါပဲ။

credit to Google

The Hungers Game : Catching Fire ထဲက ဒါလင် J. Law ဂျက်နဖာလောရင့်က ကန်တက်ကီပြည်နယ် လူဝီဗီလ်သူလေးပါ။


ရုံးတက်ရုံးဆင်းရင် ဖြတ်ရတဲ့ Grand Central အတွင်းဖက် မီးဆိုင်းမြင်ကွင်းပါ။ ဂရမ်းစန်ထရယ်က နှစ်ပေါင်းတစ်ရာ ကျော်နေပေမဲ့ ခုထက်လက်ရှိ အသုံးပြုနေတဲ့ ဘူတာကြီး။  နယူးယောက်ရဲ့ အထင်ကရ Landmark တစ်ခုပါ။ ဖေ့စ်တူဖေ့စ် အင်တာဗျူးပြီးလို့ ညနေ ၆ နာရီ ဝါရှင်တန်ဒီစီကို ပြန်မဲ့ဘတ်စ်ကားဆီ ကသောကမျောသွားရင်း ကသောကမျော ရိုက်ခဲ့တာ အောက်ကဓာတ်ပုံတွေ။ အဲဒီတုန်းက ဂရမ်းစန်ထရယ်လို့ မသိဘူး။ ဒီရှေးဟောင်းအဆောက်အဦးကြီး လှလိုက်တာလို့ တွေးတာ။ ခုတော့ ရုံးတက်ရုံးဆင်းတိုင်း ဖြတ်ရတဲ့နေရာ ဖြစ်နေတယ်။


အောက်ကဓာတ်ပုံကိုကြည့်ပြီး ဘာကြီးပါလိမ့်လို့ တွေ့မိမယ်။ နယူးယောက်ရဲ့ အထင်ကရ နေရာတခုပါပဲ။ ရုံးတက်ရက်၊ ရုံးတက်ချိန်မို့ကျူတန်းက နည်းနည်းပဲ ရှည်တယ်။ ရုံးပိတ်ရက်ဆို ကျူတန်းကြီးက အရှည်ကြီး။ အဲဒါကြီးနဲ့ တွဲရိုက်ဖို့ကို စောင့်ရတာ။



ဒါကတော့ ရုံးပိတ်ရက်မှာ Charging Bull ကြေးရုပ်တုနဲ့ ဓာတ်ပုံတွဲရိုက်ဖို့ စောင့်နေတဲ့ လူအုပ်ကြီးပါ။ တချို့က နွားရဲ့ ပစ္စည်းကိုကိုင်ပြီး ဓာတ်ပုံရိုက်ကြလို့ တခြားနေရာတွေထက် ပြောင်လက်နေတာကို တွေ့ပါလိမ့်မယ်။ တကယ့်နွားအစစ် ဆိုရင်တော့လား ဒင်းတို့တွေ အကန်ခံရမှာ သေချာတယ်။ Agressive financial optimism and prosperity အမှတ်အသား၊ ဝေါစတိဗ်ရဲ့ အိုင်ကွန်ပါတဲ့။ အောက်ဓာတ်ပုံ ဘယ်ဖက်နားက အဆောက်အဦးက The Nation Museum of American ပြတိုက်ပါ။


မတ်လရဲ့ တခုသောနေ့တရက်မှာ နှဲသံတွေ တအီအီ၊ ဘင်သံတွေ တဒုန်းဒုန်း ကြားရတော့ ဘာများပါလိမ့်။ ကိုယ်က အစိမ်းရောင်ဘောင်းဘီ၊ မန်နေဂျာက အစိမ်းရောင်ဆွယ်တာ ဝတ်လာတာ စိန့်ပစ်ထရစ်ဒေးအတွက်လားလို့ မေးတော့မှ မတ်လ ၁၇ ရက်ဟာ စိန့်ပက်ထရစ်နေ့မှန်း သိတော့တယ်။  အိုင်ယာလန်က သူတော်စင် စိန့်ပက်ထရစ် သေဆုံးတဲ့နေ့ အိုင်ယာလန်မှာ ရုံးပိတ်ရက်ဖြစ်ပြီး အိုင်းရစ်တွေများတဲ့ ဗြိတိန်၊ ကနေဒါ၊ ယူအက်စ်၊ အာဂျင်တီးနား၊ သြစတေးလျနဲ့ နယူးဇီလန်မှာ စိန့်ပက်ထရစ်ပွဲကို အကြီးအကျယ် ဆင်နွှဲကြပါတယ်။ ကိုယ်နေဖူးတဲ့မြို့တွေထဲမှာ နယူးယောက် စိန့်ပက်ထရစ်ချီတက်ပွဲက အကြီးကျယ်ဆုံး၊ အစည်ကားဆုံးပဲ။ အချက်အချာလမ်းမကြီးဖြစ်တဲ့ Fifth Ave အမှတ်ငါးလမ်းမကြီးကို ပိတ်ပြီးတော့ကို တက္ကသိုလ်ပေါင်းစုံ၊ ကျောင်းပေါင်းစုံက ဘင်ခရာဝိုင်းတွေ ချီတက်သရုပ်ပြကြတာ။


အစိမ်းရောင်တွေ ဝတ်ဆင်ပြီး အားပေးကြတယ်။ ဗြိတိန် ကိမ်းဘရစ်မြို့စားကတော် ကိက် စိန့်ပက်ထရစ်ပွဲမှာ ခေါင်းကနေ ခြေအဆုံး အစိမ်းရောင်ဝတ်ဆင်တာ သတင်းမှာ တွေ့လိုက်တယ်။ ကိက် ဖက်ရှင်တွေက ဒိုင်ယာနာမင်းသမီးလိုပဲ အတော်ပေါ်ပြူလာဖြစ်တယ်။

credit to Google

၉၁၁ မှာ ပြိုကျခဲ့တဲ့ World Trade Center နေရာနားမှာ ဆောက်ထားတဲ့ World Trade Center အသစ်ပါ။ ဘေးက Ground Zero 911 Memorial ပြတိုက်ကို ဝင်ဖို့စောင့်နေတဲ့ လူအုပ်ကြီး မနည်းမနော။ ဒီပုံစံအတိုင်းဆိုရင် ဒီနေ့တော့ ပြတိုက်ထဲဝင်ဖို့ ကိုယ့်အလှည့်ရောက်ပါ့မလား။ မသေချာတာနဲ့ ဓာတ်ပုံပဲ ရိုက်ခဲ့တော့တယ်။ 


၉၁၁ တုန်းက ရှေ့က ပြိုကျပျက်စီးနေတဲ့ ဝေါထရိတ်စင်တာအောက်မှာ ပိတ်မိနေတဲ့သူတွေကို ကူညီကယ်ဆယ်တဲ့ မီးသတ်သမား၊ ရဲတွေ၊ ပြည်သူတွေ စခန်းချခဲ့တဲ့ ဘုရားရှိခိုးကျောင်းလေးပါ။ ဘုရားကျောင်းလေးက ခမ်းနားထည်ဝါမှုတွေ မရှိပေမဲ့ ၉၁၁ သမိုင်းဝင်နေရာလေးမို့ လာတဲ့သူ များတယ်။ 


ဖုန်တထောင်းထောင်း၊ စုတ်ပြတ်နေတဲ့ မီးသတ်သမားအင်္ကျီလေးကို မြင်ရတော့ ကိုယ်တင် မကဘူး ကင်မရာပါ မျက်ရည်ဝဲသွားတယ်။ (ဒါကြောင့် ဝါးတားတား ဖြစ်နေတာ နေမှာ)


လစ်ဘာတီရုပ်တုဆီသွားဖို့ သဘောၤစီးတဲ့ Whitehall Terminal Manhattan (South Ferry) ရှိတဲ့ Battery ပန်းခြံလေးပါ။


လစ်ဘာတီရုပ်တုဆီ နယူးဂျာဆီဖက်ကနေလည်း ဖယ်ရီသင်္ဘောတွေ ရှိတယ်။ ဒါကတော့ အောက်မက်ဟန်တန်ကနေ ထွက်တဲ့ဖယ်ရီ။


အဲဒီနားမှာပဲ The National Museum of the American ပြတိုက် ရှိပါတယ်။ ဝင်ကြေးအခမဲ့ပါ။  အင်ဒီးယန်းလူမျိုးတွေရဲ့ လက်မှုပစ္စည်းတွေ၊ မာယာလူမျိုးတွေရဲ့ ကျောက်ထွင်းလက်ရာတွေက အတော်လေး ထူးဆန်းပြီး စိတ်ဝင်စားဖို့အရမ်းကောင်းတယ်။


ရုရှားဘုရားရှိခိုးကျောင်း Trinity ထဲမှာ တယော၊ စန္ဒရားတီး လေ့ကျင့်နေကြတာ တော်တော်လေး နားထောင်ကောင်းလို့ ကိုယ်အပါအဝင် တော်တော်များများ နားသောတဆင်ကြတယ်။ ဘုရားကျောင်းရဲ့ မှန်ပြတင်းပေါက်တွေကို ရောင်စုံကျောက်တွေနဲ့ ပန်းချီခြယ်မှုန်းထားတယ်။ အပြင်ကကြည့်ရင် အတော်ဟောင်းတယ်လို့ ထင်ရပေမဲ့ အထဲမှာတော့ ခိုင်ခံ့သားပဲ။


နာမည်ကျော် ဘရွက်ကလင်းတံတားဆီအသွား စီးတီးဟောပန်းခြံမှာ အညောင်းဖြေရင်း ဘေးက အဆောက်အဦးတွေကို ရိုက်ထားတာပါ။


လူတွေများလွန်းလို့ ပြေးပွဲ၊ လမ်းလျှောက်ပွဲများ ရှိသလားလို့တောင် ထင်မိတာ။ မဟုတ်ပါဘူး ရုံးပိတ်ရက်တွေဆို ဘရွက်ကလင်းတံတားပေါ်မှာ လမ်းလျှောက်သူ၊ စက်ဘီးစီးသူ၊ အပြေးလေ့ကျင့်သူ၊ ၁ ဒေါ်လာတန်ကီးချိန်း၊ ပိုစတာရောင်းသူတွေနဲ့ အမြဲစည်ကားနေတာပဲတဲ့။ လူတွေကို ကျော်တက်ရင်းနဲ့ဘယ်ဖက်လမ်းလေးကို ရောက်သွားရင်  ဒါဘိုက်လိမ်း Bike Lane လို့ စက်ဘီးစီးတဲ့သူတွေက အော်သွားတယ်။


တံတားအဆုံးနား မရောက်ခင်ဘဲ ပြန်လှည့်ခဲ့ပါတယ်။ နောက်တခေါက် မခိုင်တို့နဲ့ သွားတော့မှ တံတားအဆုံးလမ်းက ကားလမ်းမကြီးနှစ်ခုကြားမှ။  တံတိုင်းတွေနဲ့ သေချာကာထားတာများ တံတားအဆုံးကနေ တံတိုင်းအဆုံးအထိက ဘရွတ်ကလင်းတံတား အစအဆုံးနီးပါးလောက် ဝေးတယ်။ ဘရွက်ကလင်းတံတားပေါ်မှာ နှလုံးသားတံခါးကို  မေတ္တာသော့နဲ့  ခတ်လိုက်ကြပြီး နောက်ထပ်ဖွင့်လို့မရတော့ အောင် သော့ကို အရှေ့မြစ် East River ထဲ လွှင့်ပစ်ကြတယ်။


လျှောက်ရတာ အတော်ညောင်းသွားပြီလား။ မေစီရဲ့ Secret Garden ၊ ယိုးဒယားဘုရင်ကိုယ်တိုင် ဖွင့်ပေးခဲ့တဲ့ ယိုးဒယား ဘုန်းကြီးကျောင်းတွေကို နောက်အပတ်မှ သွားလည်ကြရအောင်။

စန်းထွန်း
မတ် ၁၅၊ ၂၀၁၄။

ကာစတာမာဆားဗစ်...

စူပါမားကဒ်၊ စတိုးဆိုင်တွင် ဈေးဝယ်လျှင် မျက်စိထောက်ဒေါက် ကြည့်ခြင်းခံရသော၊ ဈေးမေးပြီး မဝယ်လျှင် ရန်ထောင်တတ်သော၊ မဝယ်နိုင်ဘဲနဲ့ မေးသည်ဟု အဓိပ္ဗာယ်သက်ရောက်သော မျက်လုံးများနှင့် ကြည့်တတ်သည့် ဈေးရောင်းသူများ ကြီးစိုးသည့်နိုင်င်ငံတွင် ကြီးပြင်းခဲ့သောကြောင့် ကာစတာမာဆားဗစ်ဆိုသည့် စကားလုံးကို နိုင်ငံရပ်ခြားသို့ ရောက်ရှိသည့်အချိန်မှ နားလည်ခဲ့သည်။ ဈေးဝယ်သူ အမြဲမှန်သည်ဆိုသော စကားလုံးမှာ နိုင်ငံရပ်ခြားတွင်တော့ ဟုတ်ပါလိမ့်မည် ကျွှန်မတို့နိုင်ငံတွင်တော့ မဟုတ်ခဲ့။

ပူပြင်းခြောက်သွေ့သော နွေညနေခင်းတစ်ခုတွင်  ကြည့်မြင့်တိုင်ညဈေး ဖိနပ်ဆိုင်မှ ဖိနပ်များကို စီးကြည့်လိုက်၊ ဈေးမေးလိုက်နှင့် အလုပ်ရှုပ်နေသူက သင်းခိုင်။  ကျွန်မတို့က လှတယ်၊ မလှဘူး ထင်ရာမြင်ရာ အကြံညဏ်များ စွက်ပေးကြသည်။ ဆန်ဆိုင်ပိုင်ရှင် သင်းခိုင်သည် ဈေးသည်အထာကို ကောင်းကောင်းနားလည်သည်၊ ဈေးကို စနည်းနာသည်၊ ဈေးလျှော့နိုင်မလား တီးခေါက်ကြည့်သည်။ ဈေးဦးပေါက်ချင်သည့် ဈေးသည်က သင်းခိုင် လိုချင်သည့်ဈေး ပေးမည့်ပုံပေါ်သည်။ သို့သော် ဟိုဟာလိုလို၊ ဒီဟာလိုလိုဖြင့် တွေဝေတတ်သော သင်းခိုင်သည် တခြားဆိုင် သွားကြည့်ဦးမည်ဟုဆိုကာ ထိုင်ရာမှ ထရာ ကျွန်မတို့ကလည်း လိုက်မည့်ဟန်ပြင်ကြသည်။

ဈေးဦးပေါက်တော့မည်ဟု အပိုင်တွက်ထားသည့် ဆိုင်ပိုင်ရှင်သည် တခြားဆိုင်ကူးမည့် ကျွှန်မတို့ပုံကို တွေ့သည့်အခါ ဒေါသထွက်ကာ စူးစူးဝါးဝါး အော်ဟစ်လေတော့သည်။ မထင်မှတ်ဘဲ ရန်တွေ့ခံရသောကြောင့် ပါးစပ်အဟောင်းသား၊ မျက်စိအကြောင်သား၊ ဝိုင်းအုံစူးစမ်းကြသည့် မျက်လုံးအကြည့်များကို တွေ့ရသည့်အခါ တခြားဖိနပ်ဆိုင်သို့ ကူးမည့်အစီအစဉ်ကို ဖျက်ကာ မုန့်ဈေးတန်းသို့ သုတ်ချေတင်တော့သည်။ နောက်နောင် ဘယ်သောအခါမှ ထိုဖိနပ်ဆိုင်သို့ ခြေဦးမလှည့်သလို သင်းခိုင် ပစ္စည်းရွေးခြယ်၊ ဈေးဆစ်မည့်ဟန်ပြင်လျှင် ဝယ်ဖို့သေချာပြီလား၊ တခြားဆိုင် သွားကြည့်ချင်သေးလား၊ သေခြာပြီဆိုမှ ဈေးဆစ်ဖို့ သတိပေးရန် မမေ့မလျော့ ရှိနေခဲ့သည်။


ဆိုဒ်စုံ၊ ဒီဇိုင်းစုံ၊ ရောင်စုံ စမ်းဝတ်ကြည့်ပြီးမှ မဝယ်လျှင်လည်း မကြိုက်ပုံ ပြတတ်သေးသည်။ ထောပတ်သီးမှာသည်ကို လိမ္မော်ရည် လာချပေးသည်မှာ ဘာကြောင့်လဲဟု မေးသည့်အခါ ထောပတ်သီးကုန်သွားလို့ဟူသော အဖြေကို ရသည်။ ဖြစ်သည့်သည်က ကာစတာမာကို လာမေးသင့်သည် ထောပတ်သီး ကုန်သွားလို့ တခြားရနိုင်တဲ့ ဖျော်ရည်တွေမှာ ဘယ်ဖျော်ရည်ကို မှာချင်တာလဲဟုမေးကာ ကာစတာမာကို သူ နှစ်သက်ရာ နောက်ထပ် ရွေးချယ်ခွင့် ပေးသင့်သည်။ ကာစတာမာဆားဗစ်ကို အသေအချာသိ၊ ကွန်ပလိမ်းလွန်းသည့် ခြင်္သေ့ကျွှန်းသူ ပီသစွာ မကြီးက ကွန်ပလိမ်းချင်၊ ရေးကြီးခွင်ကျယ် လုပ်ချင်သော်လည်း ကာစတာမာဆားဗစ်ကို မသိသည့်သူများက မှာတဲ့ ထောပတ်သီးမရလဲ ဘာအရေးလဲ လာချတဲ့ လိမ္မော်ရည် သောက်လိုက်မှာပေါ့ဟု အလေးအနက်မထား ခပ်ပေါ့ပေါ့သာ သဘောထားနိုင်ခဲ့သည်။

ခြင်္သေ့ကျွှန်း၏ ကာစတာမာဆားဗစ်သည် မြန်ဆန်ကောင်းမွန်သည်။ မနက် ၈ နာရီဖွင့်သည့် အိုင်စီအေအစိုးရရုံးသည် ၇ နာရီ ၅၀ မိနစ်တွင် ဝန်ထမ်းများ ဝန်ဆောင်မှုပေးရန် အဆင်သင့် ဖြစ်နေသည်။ လုပ်ကိုင်သည်မှာလည်း အလွန်မြန်ဆန်သည်။ မကျေနပ်လျှင် ကွန်ပလိမ်းနိုင်သည်။ 7 11 ဆိုင်တွင် ငွေတဆင့် ပြန်မအမ်းလျှင် ကွန်ပလိမ်းသည်။ ရထားနောက်ကျလျှင် ကွန်ပလိမ်းသည်။ အင်တာနက်နှေးလျှင် ကွန်ပလိမ်းသည်။ ကွန်ပလိမ်းခံရမှာ ကြောက်သောကြောင့် ကာစတာမာဆားဗစ် မြန်ဆန်ကောင်းမွန်လာသော်လည်း ကွန်ပလိမ်းသည့်အကျင့်ဆိုး  စွဲကပ်သွားသည်။ ကျောင်းအာဂျီရိုဆောင်က အစားအသောက်တွေ စားမကောင်းလျှင် ကွန်ပလိမ်းသည်။ ထိုင်ခုံတွေ ထိုင်ရတာ အဆင်မပြေလျှင် ကွန်ပလိမ်းသည်။ တီအမ်ကို မကြိ ုက်သောကြောင့် ကွန်ပလိမ်းသည်။ အာပလာသင်တန်းများ၊ မနှစ်သက်သည့်သင်တန်းများ၊ ပေးရသည့် သင်တန်းခနှင့် မထိုက်တန်သည့် သင်တန်းများကို မတက်မနေ တက်ရသည့်အခါ ကွန်ပလိမ်းသည်။

မိန်းကလေးအုပ်စုထဲတွင် ကျွန်မတစ်ယောက်သာ ဘာလို့ ဒီလောက်ကွန်ပလိမ်းမှန်း ဆူနမ်၊ ရာမားတို့ နားမလည်။ သူတို့လည်း ကျောင်းနှင့်ပတ်သက်၍ မကြိုက်သော အရာများ ရှိသော်လည်း မျိုသိပ်ထားကာ ထုတ်ဖော်မပြော ကွန်ပလိမ်းမတက်။ ကျွန်မ ကွန်ပလိမ်းလွန်းသည့်အကြောင်း ဆူနမ်တို့တွေ မိုင်းဖန်နှင့် ပြောဆိုဆွေးနွေးကြသည့်အခါမှ ကျွန်မ ဘာကြောင့် ကွန်ပလိမ်းမှန်း သူတို့ သဘောပေါက်သွားသည်။ မိုင်းဖန်သည် မလေးရှားတွင် အလုပ်လုပ်ဖူးသည်မို့ ခြင်္သေ့ကျွှန်းသူကျွှန်းသားအထာကို နားလည်သည်။ ခြင်္သေ့ကျွှန်း/တွင် ဆိုဒ်စုံ၊ ဒီဇိုင်းစုံ စီးကြည့်၊ ဝတ်ကြည့်သော်လည်း အရောင်းစာရေးမှ မကြည်လင်သည့် အမူအယာ တချက်မှမပြ။ သူတို့ဆိုင်မှာ ဈေးဝယ်ရတာ စိတ်ချမ်းသာလျှင်ဆိုလျှင်ပဲ ကျေနပ်ပျော်ရွှင်ပုံပြသည်။ ဈေးဝယ်ရသည်မှာ အင်မတန် စိတ်ချမ်းသာသည်။


ပူအိုက်သောတိုင်းပြည်မှ လာခဲ့သောသူတစ်ယောက်မို့ ဆောင်းရာသီတွင် လိုအပ်သော အသုံးအဆောင်များ ပါမလာခဲ့။ ယူအက်စ်တွင် ရာသီဥတုလေးမျိုး ရှိသောကြောင့် ဥတုလေးမျိုးစာ အသုံးအဆောင် အဝတ်အထည်များ လိုလေသည်။ ကျယ်ဝန်းလှသော ယူအက်စ်တွင် မြို့ကြီးများတွင် လျှော့ပင်းမောလ်ရှိသော်လည်း ဒီဇိုင်းစုံမရှိ။ လျှော့ပင်းသွားလျှင်လည်း ကြိ ုက်တာမတွေ့ ကြိုက်တာတွေ့လျှင်လည်း ဆိုဒ်ကမတော်။ အွန်လိုင်းတွင်တော့ စုံသည်။ ထိုအခါ အွန်လိုင်းလျှော့ပင်း ခေတ်စားသည်။ အွန်လိုင်းတွင် ဝယ်၊ မကြိုက်လျှင် ပြန်ပို့။ Sckechers ဖိနပ်ဆိုင်တွင် Boot ဖိနပ် သွားရှာသောအခါ အရောင်းစာရေးကောင်လေးညွှန်းသည့် ဖိနပ်ကိုပင် ဝယ်လာကာ နှစ်သက်သောကြောင့် နှင်းအရမ်းကျသည့်နေ့ကလွဲလျှင် တဆောင်းတွင်းလုံး ထိုဖိနပ်ကိုသာ စီးတော့သည်။

ဂျင်းဘောင်းဘီများ ရှိသော်လည်း နှစ်သက်သော ESpirit နှင့် Levis နှစ်ထည်ကိုသာ လှည့်ပတ်ဝတ်လေရာ ဓာတ်ပုံများကြည့်လိုက်တိုင်း ထိုနှစ်ထည်တည်းသော ဂျင်းဘောင်းဘီကို မြင်လျှင် အန်ယူအက်စ်ကျောင်းမှ တရုတ်ကလေး Wang Ming နှင့် တူနေပါလားဟု တွေးမိသည်။ (တကယ်တော့ ဂျင်းဘောင်းဘီ နှစ်ထည်သာဝတ်မှန်း ဘယ်သူမျှ သတိမထားမိ။ အမှန်က ဘောင်းဘီအသစ် ဝယ်ချင်သောကြောင့် အကြောင်းပြချက် ပေးနေခြင်းသာ ဖြစ်သည်။) အိအိ၊ ဘ၊ ကိုစိုင်း၊ ကောင်းကောင်းတို့ အုပ်စုထဲမှ တရုတ်ကလေး ဝမ်းမင်သည် တက္ကသိုလ်တက်စဉ် တလျှောက်လုံး ဘောင်းဘီနှစ်ထည်၊ ဈေးကြီးသော ဘောလုံးအားကစားသမား အင်္ကျီနှစ်ထည်သာ ရှိသည်။ တက္ကသိုလ်တုန်းက ဓာတ်ပုံမှန်သမျှ ထိုနှစ်ထည်တည်းသော အင်္ကျီနှင့်သာ ဖြစ်သည်။

တရုတ်ကျောင်းသားအများစုသည် အင်္ကျီတစ်ထည်ကို သုံးရက်တိတိ ဝတ်သည်။ အေးသော တရုတ်ပြည်တွင် မသိသာသော်လည်း ပူအိုက်သော ခြင်္သေ့ကျွှန်းတွင် သိသာလှသည်။ သူတို့ကလည်း အင်္ကျီအများကြီးရှိသည့် ကျွန်မတို့ကို နားမလည်။ အိအိတို့တိုက်တွန်းသောကြောင့် အင်္ကျီအသစ်များ ဝတ်ပြီး နေ့စဉ်ဝတ်တော့သည်။ Fifth Ave အမှတ်ငါးလမ်းမနားမှ Levis ဆိုင်သို့ ဝင်သောအခါ ဂျင်းအမျိုးမျိုး၊ ကပ်တင်းအမျိုးမျိုးရှိသော်လည်း ဘယ်ဟာနှင့်လိုက်ဖက်မှန်းမသိ။ Skinny Jeans ကို ကြိ ုက်သော်လည်း တချို့Skinny များက Skinny လေးများနှင့်သာ လိုက်ဖက်သည်။ လိုချင်တာကို မကြီးကို မှာထားလိုက်ရုံ၊ ကျွန်မနှင့် လိုက်ဖက်မည်ထင်လျှင် ဝယ်လာပေး၊ လိုက်ဖက်မဖက် ကြည့်ပေးတတ်သော မကြီးတို့နှင့်သာ လျှော့ပင်းဖူးသောသူမှာ ကိုယ်တိုင် လျှော့ပင်းရသောအခါ အခက်ကြုံလေသည်။


Bold ID ၊ Curve ၊ Straight ကပ်တင်းမြင်လိုက်သည်နှင့် ဘယ်ဟာနှင့် လိုက်ဖက်မှန်းမသိ။ ထိုအခါ အရောင်းစာရေးကောင်လေးကို မေးမြန်းရလေသည်။ တအားကြီး Skinny တာလည်း မကြိုက်ဘူး၊ ပွနေတာကိုလည်း မကြိုက်ဘူးဟုဆိုသည့်အခါ အရောင်းစာရေး ခေါင်းကုတ်လေသည်။ ခန္ဓာကိုယ်ကို တိုင်းကြည့်ပြီးမှ ဘယ်ဟာနှင့် လိုက်မလဲ ပြောနိုင်မယ်။ တိုင်းမလားဟု မေးသည့်အခါ ဘယ်ဟာနှင့် လိုက်ဖက်မည်မှန်း သိချင်သည့် ကျွန်မက ခေါင်းညိမ့်သည်။ လက်နှစ်ဖက် ပိုက်ခိုင်းထားပြီး တိုင်းတာသည်။  နောက်ဆုံး Bold Curve နှင့်လိုက်မည် ထင်သည် တခြားကပ်တင်းတမျိုးကိုလည်း ပေးလိုက်သေးသည်။ ဝတ်ကြည့်သည့်အခါ သူညွှန်းသည့်အတိုင်း Bold Curve ကသာ သက်တောင့်သက်သာဖြစ်စေသည်။

ကျေးဇူးတင်စကားဆိုဖို့ ရှာသောအခါ အဆိုပါအရောင်းစာရေးအား မတွေ့တော့ပါ။ နာမည်လည်းမသိ၊ ရုပ်လည်း မမှတ်မိသော ထိုအရောင်းစာရေး ပေးလိုက်သည့် ဝန်ဆောင်မူကြောင့် စိတ်ချမ်းမြေ့ရသည်။ အဆိုပါ အရောင်းစာရေး၏ ဝန်ဆောင်မူကြောင့် စိတ်ကျေနပ်ဝမ်းမြောက်မိသောအခါ ထိုကဲ့သို့ ဝန်ဆောင်မူမျိုး ပေးတတ်သည့် သူတစ်ယောက်ကို မြင်ယောင်မိသည်။ ကာစတာဆားဗစ်ဟူသော စကားလုံးကို ကျွန်မဖခင် ကြားတောင်ကြားဖူးလိမ့်မည် မထင်။ ဈေးဝယ်သူ ဝယ်ချင်သောပစ္စည်း၊ တပ်ဆင်ရမည့် စက်အမျိုးအစား၊ အရည်အသွေး၊ ဘက်ဂျက်ပေါ် မူတည်ပြီး ပစ္စည်းကို စိတ်ရင်းစေတနာ၊ အတွေ့အကြုံများဖြင့် ရောင်းချလေ့ရှိသည်။ အဖေ့ဆီမှ ဝယ်ယူဖူးသူတိုင်း စိတ်ချမ်းသာသည်။

ခြင်္သေ့ကျွှန်းတွင် ကျောင်းတက်စဉ်က 7 11 ဆိုင်တွင် လုပ်ဖူးသည်။ ဘယ်ပစ္စည်းက ပိုကောင်းလဲဟု ဈေးဝယ်သူက မေးလျှင် အကြံညဏ်ကောင်းများ မပေးနိုင်။ ထိုဆိုင်တွင် အလုပ်လုပ်သော်လည်း ထိုဆိုင်မှ မုန့်များကို ဘယ်တော့မှ ဝယ်မစားသောကြောင့် ဖြစ်သည်။ စိတ်စေတနာကောင်းဖြင့် ဝန်ဆောင်မူပေးသည့်အခါ စိတ်ချမ်းမြေ့ရသည်။ ကျွန်မ ဝန်ဆောင်မှု ပေးခဲ့တုန်းက ထိုကဲ့သို့ စိတ်ချမ်းမြေ့စရာကောင်းသော ကာစတာဆားဗစ်မျိုးများ ပေးခဲ့ဖူးလေသလား။ ဝတ်ကြေတန်းကြေ ကျေးဇူးတင်စကား မဟုတ်ဘဲ ရင်ထဲကလာသော ကျေးဇူးတင်စကား ဆိုခံရဖူးလေသလား၊ မရရှိခဲ့လေတာလား၊ မှတ်ညဏ်တွေကပဲ ယိုယွင်းလာတာလား ကျွန်မကိုယ်တိုင်လည်း သေသေချာချာ မသိတော့ပါ။

စန်းထွန်း
မတ် ၁၁၊ ၂၀၁၄။


ဒီနေ့ဆရာတော်ဦးဇောတိကရဲ့ "စိတ်ချမ်းသာဖို့လိုရင်းပါ" စာအုပ်ကို ဖတ်ရင်း ဒီပို့စ်နဲ့ တိုက်ဆိုင်တဲ့စာသားလေးတွေ ဖတ်ရတော့ သဘောကျနှစ်သက်တာနဲ့ ဘလော့ကို အလည်လာကြတဲ့ မိတ်ဆွေတွေကိုလည်း ဖတ်စေချင်လို့ ရှယ်လိုက်ပါတယ်။

ရောင်းတဲ့သူကော ဝယ်တဲ့သူပါ ပျော်အောင်လုပ် ဈေးရောင်းတာမှာရော ဈေးရောင်းတဲ့သူကိုယ်တိုင်က ပျော်ပျော်ရွှင်ရွှင် ဈေးရောင်းရင် ဝယ်တဲ့သူက ပိုဝယ်ချင်တယ်။ ဈေးရောင်းတဲ့သူက မပျော်မရွှင် ဖြစ်နေရင် ဝယ်တဲ့သူက မဝယ်ချင်တော့ဘူး။

ကိုယ်ရောင်းတဲ့ပစ္စည်းကို စိတ်ဝင်စားပြီး ပစ္စည်းအကြောင်းကို စိတ်ဝင်စားစရာဖြစ်အောင် ပြောနိုင်ရင် ဝယ်တဲ့သူက ဝယ်ချင်လာမယ်။ ပစ္စည်းရဲ့ အရည်အသွေး၊ ဈေးနှုန်းစတဲ့ အချက်အလက်တွေကို ရိုးရိုးသားသားပြောရင် ဝယ်တဲ့သူက စိတ်ချပြီး ဝယ်မယ်။ စိတ်ချလက်ချ ဝယ်ရတာ စိတ်ချမ်းသာတယ်။ စိတ်မချရရင် စိတ်မှာ မအေးဘူး။ ဒါကြောင့် ဝယ်တဲ့သူကို စိတ်အေးအောင် စိတ်ချအောင် ပြောရင် မကြာခဏ ဝယ်မယ်။

လူတွေဟာ အလိမ်ခံရမှာ ကြောက်တယ်။ အမြဲတမ်းလည်း အလိမ်ခံနေရတော့ ဘယ်သူ့ကိုမှ မယုံတော့ဘူး။ ကိုယ်က မလိမ်မညာဘဲ ရိုးရိုးသားသားပြောရင် စိတ်အေးချမ်းမှုရလို့ ကိုယ့်ဆိုင်မှာ ဝယ်မှာပဲ။ ပစ္စည်းရောင်းလိုက်ရုံ မကဘူး။ စိတ်အေးချမ်းမှုကိုပါ ပေးလိုက်တာပေါ့။

ဒီပစ္စည်းဟာ ဝယ်တဲ့သူအတွက် တကယ်အသုံးတည့်ရဲ့လား ဆိုတာကိုလည်း လေ့လာဖို့ မေးဖို့ လိုတယ်။ ဝယ်တဲ့သူက မဝယ်တတ်ရင် အဲဒါကို အခွင့်ကောင်းယူပြီး ညာရောင်းရင် တစ်နေ့သိသွားတဲ့အခါ ကိုယ့်ကို ယုံကြည်မှုရှိမှာ မဟုတ်တော့ဘူး။ အထူးသဖြင့် ကျန်းမာရေးအတွက် သုံးရတဲ့ဆေးကို ရောင်းတဲ့အခါ ပိုပြီး အရေးကြီးတယ်။ မသင့်တော်တဲ့ဆေးကို ရောင်းလိုက်ရင် ကျန်းမာရေး ထိခိုက်သွားနိုင်တယ်။ သေသေချာချာ မေးပြီးမှ ရောင်းရမယ်။ စာစရာရောင်းတာမှာလည်း ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားစရာကိုပဲ ရောင်းသင့်တယ်။

ဝယ်တဲ့သူကိုလည်း စိတ်ဝင်စားမှု ရှိဖို့လိုတယ်။ ဈေးဝယ်လာတဲ့သူကို ပျော်အောင် စိတ်ချမ်းသာအောင် ပြောရင် ဈေးဝယ်တဲ့သူက ပိုပြီးဝယ်မယ်။ ဈေးဆိုင်ကို သန့်ရှင်းအောင် လှပအောင် လုပ်သင့်တယ်။ သန့်ရှင်းလှပတဲ့နေရာဟာ စိတ်ကို ကြည်လင်ချမ်းသာစေတယ်။ တချို့ဈေးဆိုင်တွေမှာ ဥယျာဉ်လေးလို သစ်ပင်ပန်းပင်တွေ စိုက်ထားတယ်။ ပန်းအိုးနဲ့ အလှစိုက်ထားတဲ့ အပင်တွေနဲ့ အလှဆင်ထားတယ်။ သာယာနာပျော်ဖွယ်ရှိတဲ့ တီးလုံးတွေကို ဖွင့်ပေးတယ်။  အဲဒီလို စိတ်ချမ်းသာအောင် လုပ်ထားရင် လာရတာ ပျော်လို့ မကြာမကြာ လာတယ်။ လာတိုင်းလည်း တစ်ခုခု ဝယ်တယ်။

ရောင်းတဲ့သူရော ဝယ်တဲ့သူပါ ပျော်အောင်လုပ်ရင် အရောင်းအဝယ် ပိုဖြစ်မယ်။ တချို့က ဝယ်တဲ့သူကို စိတ်ညစ်အောင် ပြောတယ်။ အထင်သေးတဲ့ အပြောမျိုး ပြောတယ်။ မေးရင် မပြောချင်ပြောချင်နဲ့ စိတ်မပါသလို ပြောတယ်။ ဝယ်တဲ့သူကို စိတ်မဝင်စားဘူး။ အဲဒီတော့ ဝယ်မဲ့သူက မဝယ်ချင်တော့ဘူး။ ဝယ်တဲ့သူကို စိတ်ဝင်စားဖို့ သိပ်အရေးကြီးတယ်။ လူတိုင်းဟာ ကိုယ့်ကိုစိတ်ဝင်စားတဲ့သူကို ရှာနေတယ်။ ရောင်းတဲ့သူက ကိုယ့်ကိုစိတ်ဝင်စားရင် သူ့ဆီမှာပဲ ဝယ်မှာပေါ့။ ရောင်းတဲ့သူရော ဝယ်တဲ့သူပါ ပျော်တဲ့ ဈေးရောင်းနည်းကို လေ့လာပါ။

(ဆရာတော် ဦးဇောတိက "စိတ်ချမ်းသာဖို့ လိုရင်းပါ" စာအုပ်မှ ကောက်နုတ်ချက်။ ဘားမီးကလပ်စစ်စာအုပ်စင်ကနေ ဒေါင်းဖတ်နိုင်ပါတယ် )

ရေခြား...မြေခြား...နိုင်ငံခြား - ၂

မာစတာက စင်္ကာပူဒေါ်လာ ၆၀၀၀ လောက်ပေးရချိန်မှာ အက်ယူအက်စ်က ဘွဲ့လွန်ဒီပလိုမာတစ်နှစ်သင်တန်းဆိုပေမဲ့ ၁၈၀၀၀ ပေးရတယ်။ ကျောင်းလခ ဈေးတက်သွားလို့  အစိုးရက Service Obligation ( စင်္ကာပူကုမ္ဗဏီမှာ သုံးနှစ်လုပ်ဖို့) ထိုးခိုင်းပြီး ၆၀၀၀ ထောက်ပံ့တယ်။ စင်္ကာပူကုမ္ဗဏီမှာ ၃ နှစ်လုပ်ရင် အဲဒီ ၆၀၀၀ အစိုးရကို ပြန်ပေးစရာစလို။ ဘဏ်ကနေ ၆၀၀၀ ချေးလို့ရတယ်။ ဒီလို ချေးဖို့ ထောက်ခံပေးသူ နှစ်ယောက်လိုရာမှာ သူငယ်ချင်းတွေ အချင်းချင်း တယောက်တလှည့် လက်မှတ်ထိုးပေးလေ့ ရှိကြတယ်။ ချေးငွေးပြန်မဆပ်ရင် လက်မှတ်ထိုး ထောက်ခံပေးသူ ပြန်ဆပ်ရတဲ့သတင်း တလောက အင်တာနက်မှာ ဖတ်လိုက်ရတယ်။ ကျောင်းပြီဖို့ သတ်မှတ်ထားတဲ့ အမှတ်ရပြီဆိုရင် ဘွဲ့တခါတည်း တန်းပေးပါတယ်။ ပြီးမှ တလ ၁၀၀ ဆပ်၊ အတိုးနှုန်းကလည်း အင်မတန်သက်သာပါတယ်။ ခုတက်နေတဲ့ ယူအက်စ်ကျောင်း ပရိုက်ဗိတ်ကျောင်းမို့လို့ သတ်မှတ်ထားတဲ့ အမှတ်ရရင်တောင်မှ ကျောင်းအကြွေးတွေ ကြေမှ ဘွဲ့ယူလို့ရပါတယ်။ ကျောင်းအကြွေး  ၄၀၀၀၀ ရှိတယ်အစ်မရေလို့ ညည်းရင် ကလေး ၃ ယောက် မာစတာ ၂ ခု ယူထားတဲ့ အစ်မက ၈၀၀၀၀၊ ပါရဂူဘွဲ့ယူထားတဲ့အစ်မက တသိန်းရှိတယ်လို့ ပြန်ညည်းတယ်။ အကြွေးကို မကြောက်နဲ့အလုပ်ရရင် ပြန်ဆပ်နိုင်ပါတယ်တဲ့။

ယူအက်စ်မှာ ကျွန်မတက်နေတဲ့ ကျောင်းက မာစတာကို ၃၀၀၀၀ လောက် ကုန်ပါတယ်။ ဒါတောင် နာမည်ကြီးကျောင်း မဟုတ်လို့ ပုံမှန်က ၆၀၀၀၀၊ ၈၀၀၀၀ ကုန်ပါတယ်။ အမေရိကန်နိုင်ငံသားတွေက ၁၅၀၀၀ ပဲ ပေးရတယ်။ ပြည်နယ်၊ ဘာသာရပ်၊ နာမည်ကြီးတာကို မူတည်ပြီး ကျောင်းလခတွေလည်း ဈေးကွာပါတယ်။။ Fanancial Aid ရှိလို့ စတက်တာနဲ့ ၆၀၀၀ ချက်ချင်းလက်ငင်း ပေးရပြီး အဆောင်မှာ နေစရိတ်၊ စားစရိတ်၊ သင်ကြားစရိတ်တွေကို Student Loan ထဲ ပေါင်းထည့်သွားပါတယ်။ တစ်နှစ်ကျောင်းပြီးလို့ အင်တန်းဆင်းတဲ့အခါကျမှ တလကို ၁၃၀၀ နဲ့ နှစ်နှစ် ပြန်ဆပ်ရတယ်။ ကျောင်းလခ ၆၀၀၀၊ လေယာဉ်ခ ၁၅၀၀၊ ဘာကြေးညာကြေးနဲ့ အမ်ယူအမ်မှာ ကျောင်းတက်ဖို့ ၁၀၀၀၀ လောက် လိုပါတယ်။ ကျောင်းရောက်တော့ ပရိုဂရမ်းမင်းစာမေးပွဲ ထပ်ဖြေရတယ်။ ၇၀ ဘီ ရမှ အောင်ပါတယ်။ မအောင်ရင် အရည်အချင်းမမှီလို့မိခင်နိုင်ငံ ပြန်ပို့တယ်။ ကျောင်းက ဘာသာရေးကျောင်း နည်းနည်းဆန်တယ်။ ကျောင်းတည်ထောင်သူ မဟာရီချီရောဂီရဲ့ တရားထိုင်နည်း Trasncendeantal Meditation မနက်တချိန်၊ ညတချိန် မဖြစ်မနေ ထိုင်ရတယ်။

ဆရာတွေ၊ သက်ဝင်ယုံကြည်သူတွေက တော်တော်ယုံကြည်သက်ဝင်ကြပေမဲ့ ကျွန်မတို့ ကျောင်းသားတွေကတော့ Do you fell quietness ? Do you see how simple is it? This is how we meditate လို့ နောက်ပြောင်ကြတယ်။ တီအမ်ချိန်ဆို ခုံပေါ်မှာ သက်တောင့်သက်သာထိုင်၊ မျက်စိကိုမှိတ်လို့ အနားယူ။ စိတ်နဲ့ခန္ဓာကိုယ် တကယ် Relax ဖြစ်တဲ့အချိန်မှာ အိပ်ပျော်တာ၊ အိပ်ပျော်သွားတာဟာ တရားထိုင်တာရဲ့ ကောင်းတဲ့အချက်၊ တီအမ်ထိုင်လို့ အိပ်ပျော်သွားရင် မနိုးပါနဲ့တဲ့။ တီအမ်ချိန်မှာ ဟောက်သံထွက်လာရင် အစကတော့ ပြုံးစိစိ လုပ်နေကြတယ်။ နောက်တော့ မပြုံးဘဲ ဝါးလုံးကွဲ ရယ်ကြတော့တာပဲ။ တကယ်လည်း တရားထိုင်တာမှ မဟုတ်တာ။ မှော်ဘီဝါးနက်ချောင်း ဗောဓိရိပ်ငြိမ်တောရမှာ သင်္ကြန်တွင်း တရားစခန်း ဝင်ဖူးပါတယ်။ နှာသီးက လေအဝင်အထွက်ကို သိနိုင်ဖို့ သုံးရက်လောက် ကြာတယ်။ ညောင်းညာကိုက်ခဲလိုက်တာလည်း မပြောပါနဲ့တော့။ နှာသီးဝက လေအဝင်အထွက်ကို နည်းနည်းလေး ခံစားမိရုံပဲ ရှိသေးတယ် တရားစခန်းက ပြီးသွားပြီး။ တရားထူးကတော့ ဝေးပါသေးတယ်။ နှာသီးဝက လေအဝင်အထွက် သိဖို့တောင် မနည်း။


ELS အင်္ဂလိပ်စကားပြောသင်တန်း၊ အမေရိကန် ယဉ်ကျေးမှုသင်တန်းတွေ တက်ရပါတယ်။ တလ တဘာသာသင်တဲ့ကျောင်းမို့ အသားကုန်မောင်းပါတယ်။ ည ၁၀၊ ၁၁ အိပ်ဖို့ တီအမ်ဆရာတွေက တိုက်တွန်းပေမဲ့ အိမ်စာတွေ ဒီလောက်များတာ ည ၁၁ နာရီ အိပ်ရင် ဘယ်လိုလုပ် Homework တွေ ပြီးတော့မှာလဲ။ အမြဲတမ်း မနက် ၁ နာရီထိ စာလုပ်တာတောင် မပြီးတာ။ တီအမ်စစ်တဲ့အချိန်မှာ ည ၁၁ နာရီ အိပ်တယ်လို့ ညာရတယ်။ သင်ကြားပို့ချတဲ့ ဘာသာတွေကို Priority တွေသုံးပြီး Register လုပ်ရပါတယ်။ ကျောင်းသားတွေ အများကြီးတက်မဲ့ ဘာသာတွေဆို Priority အမြင့်ဆုံးသုံးပြီး လျှောက်ရတာမျိုး၊ ကျောင်းသားမများတဲ့ ဘာသာတွေဆို Priority လျှော့ပြီး လျှောက်တာမျိုး၊ ဘွဲ့ရဖို့ 500 level course ၃ ခု ယူရတာမျိုး၊ ASD (Advanced Software Developement) ဘာသာရပ်ကို ကျောင်းမှာ ကျောင်းအုပ်ကြီး ဂပ်သရီ သင်ရင် ၃ ပုံ ၂ ပုံ ကျတာမို့ အဝေးသင်မှာမှ ယူပြီး ရှောင်ရတာမျိုး။

ဒီလိုအရာတွေမှာ ဆရာကျတဲ့ မိုင်းဖန်ကို ဆရာတင်ပြီး မိုင်းဖန် ရွေးပေးတဲ့ဘာသာတွေကို သူရွေးပေးတဲ့ Priority တွေအတိုင်းလျှောက်တာ ကွက်တိရတယ်။ တချို့ဆို  လိုချင်တဲ့ဘာသာမရလို့ အတန်းမှာ နေရာလွတ်ရှိသေးရင်၊ ပရော်ဖက်ဆာကို ရီကွက်လုပ်လို့ ခွင့်ပြုရင် တက်ရောက်နိုင်ပါတယ်။ ကွန်ပျူတာဘာသာရပ်တွေကတော့ မဆိုးပေမဲ့ Forest ၊ Residence Course မဖြစ်မနေ ယူရတဲ့ ဘာသာတွေလည်း ရှိပါသေးတယ်။ Forest ဘာသာရပ်ကတော့ ကျောင်းစိုက်ခင်းတွေမှာ လေ့လာရပြီး Residence Course ကတော့ အင်တာနက်မရှိတဲ့အဆောင်တွေမှာ ည ၁၁ နာရီထိုးရင် အိပ်၊ နေ့လည်ဖက်ကို တီအမ်ထိုင်၊ တီအမ်အကြောင်းဆွေးနွေး။ တခါတလေမှာ ဒီလို မော်ဒန်လောကကြီးနဲ့ အဆက်အသွယ် ဖြတ်ပေးမှ ကောင်းတယ်ဆိုပေမဲ့ ကျွန်မ အတွက်တော့ တကယ့်ကို အာပလာ အကျိုးမရှိတဲ့ သင်တန်းတွေ။

ကျောင်းက ကျွေးတဲ့ သက်သက်လွတ်အော်ဂင်းနစ် အစားအသောက်ဆိုတာ ဘယ်သူမှ မစားတဲ့ ကျွန်မလက်ရာထက် ဆိုးတယ်။ မနက် ၉  နာရီခွဲ မနက်စာ နွားနို့၊ ပေါင်မုန့်၊ ငှက်ပျောသီး၊ ဆန်းကစ်၊ လိမ္မော်ရည် ရှိတယ်။ နေ့လည်စာချိန်မှာ အရွက်၊ ပန်းသီး၊ ပေါင်မုန့်၊ ကိတ်မုန့်တွေ သယ်ပြီး ညနေစာ ခေါက်ဆွဲပြ ုတ်စားတယ်။ နောက်တော့ မီးဖိုချောင်ရှိလာပေမဲ့ အသားဟင်း ချက်လို့မရ၊ ချက်ပြုတ်ပြီး မရှင်းလင်းတဲ့ တရုတ်မတွေကြောင့် သိပ်မချက်ဖြစ်ပါဘူး။ စနေနေ့ နေ့လည် ကျောင်းဆင်းရင် ဘူဖေးသွားစား။ မြို့သေးသေးလေးဆိုတော့ ဆိုင်လည်း သိပ်မရှိ၊ ကားမောင်းလေ့ကျင့်ဖို့ စုပေါင်းစပ်ပေါင်း ဝယ်ထားတဲ့ ကားဖွတ်ချက်လေး မအားရင် ဘတ်စ်ကားမရှိတဲ့ မြို့ငယ်လေးမို့ ဈေးဝယ်ဖို့ လမ်းလျှောက်ရတယ်။ အုပ်တောင့်တဲ့ နီပေါ၊ တရုတ်၊ ဂျော်ဒန်၊ အီသီယိုးပီးယားကျောင်းသားတွေကို အားကျတယ်။ မြန်မာဆိုလို့ တစ်ယောက်တည်းရှိတဲ့ အရပ်မှာ နေရတဲ့အခါ ၊ သူငယ်ချင်းတွေ အများကြီး ဝန်းရံနေပေမဲ့ တစ်ယောက်တည်းလို့ ခံစားရတာတွေကို ကြံ့ကြံ့ခံနိုင်ရပါတယ်။

ကျောင်းက နာမည်မကြီးတော့ ယူအက်စ်မှာ အလုပ်ရနိုင်မဲ့ အင်တာနေရှင်နယ် ကျောင်းသားတွေကို ခေါ်၊ တစ်နှစ်လောက် ကျောင်းတက်ခိုင်း၊ နှစ်နှစ်အလုပ်လုပ် အဝေးသင်တက်ခိုင်းပြီး ကျောင်းအကြွေးတွေဆပ်ဆိုင်း။ ကျောင်းသားတွေကလည်း တစ်နှစ်လောက်ပဲ ကျောင်းတက်၊ အလုပ်လုပ်၊ အလုပ်ဗီဇာစပွန်စာ ရှာမယ်ဆိုတဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အတွေးတွေနဲ့ပေါ့။ သေချာတာကတော့ အမ်ယူအမ်ဟာ ကျွန်မ တက်ချင်တဲ့ ကျောင်းမဟုတ်ခဲ့ဘူး။ အချိန်၊ ပိုက်ဆံ၊ လူ သုံးနှစ်လာက် ရင်းနှီးပြီးမှ ရလာတဲ့ ဘွဲ့တစ်ခုကို တခြားတက္ကသိုလ်က အသိအမှတ်မပြုဘူးဆိုတာ အတော်ဝမ်းနည်းစရာပဲ။ ကျောင်းကို ထည့်မတွက်ဘူး ယူအက်စ်က ဘွဲ့ဆိုပြီးရော၊ ယူအက်စ်မှာ အလုပ်အတွေ့အကြုံရဖို့က အဓိကလို့ တွေးရင်တော့ တစ်မျိုးပေါ့။ နာမည်ကြီးကျောင်း တက်ချင်တာလား၊ ကျောင်းတွေ၊ ဘွဲ့တွေ သိပ်မဂရုစိုက်ပါဘူး ယူအက်စ်ကဘွဲ့ဆိုရင် ပြီးရောလား၊ ဘယ်ဘာသာရပ်ကို သင်ချင်တာလဲ ကိုယ့်ရွေးချယ်မှုပေါ် မူတည်ပါတယ်။


အလုပ် ဘယ်လိုလျှောက်ရမလဲ...
ခြင်္သေ့ကျွှန်းက အလုပ်ကိုရဖို့ ရေးဖြေစာမေးပွဲ၊ ပရောဂျက်စာမေးပွဲ အောင်တော့မှ လူတွေ့အင်တာဗျူး ခေါ်ပါတယ်။ ယူအက်စ်မှာတော့ တချို့က ဖုန်းနဲ့၊ စကိုက်နဲ့ အင်တာဗျူးတယ်။ တချို့က ဖေ့စ်တူဖေ့စ်အင်တာဗျူး တခါတည်း ခေါ်တယ်။ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့မှာ ရေးဖြေစာမေးပွဲ၊ ဖုန်းအင်တာဗျုး၊ မိုင် ၁၀၀ ၊  ၂ နာရီအဝေး ကန်တက်ကီပြည်နယ် လူဝီဗီလ်မြို့မှာ ဖေ့စ်တူဖေ့စ်အင်တာဗျူး အောင်တော့မှ ကန်တက်ကီအလုပ်ကို ရတယ်။ မေရီလန်းကနေ ဝါရှင်တန်ဒီစီကိုသွား ဖေ့စ်တူဖေ့စ်အင်တာဗျူး အောင်တော့ ဒီစီအလုပ်ကို ရတယ်။ ဖုန်းအင်တာဗျူးအောင်၊ မေရီလန်းကနေ မိုင် ၂၃၀ ဘတ်စ်ကား ၄ နာရီစီးပြီး ဖေ့စ်တူဖေ့စ်အင်တာဗျူးအတွက် နယူးယောက်ကိုလာ။ ရေးဖြေစာမေးပွဲ၊ ဆူပါဗိုက်ဆာ၊ မန်နေဂျာတွေနဲ့ ဗျူးပြီးတော့မှာ နယူးယောက်အလုပ်ကို ရတယ်။

ကျောင်းသားအများစုက မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေရှိတဲ့ မြို့တွေဆီသွားပြီး အလုပ်ရှာကြတယ်။ ကျောင်းမှာနေပြီး အလုပ်ရှာလို့လည်း ရပါတယ်။ မြို့ငယ်လေးဆိုတော့ အလုပ်အကိုင် ရှားတယ်။ မြို့ကြီးတွေမှာတော့ အလုပ်အကိုင်ပေါသလို ဖေ့စ်တူဖေ့စ်အင်တာဗျူး သွားနိုင်တာမို့ အလုပ်ရဖို့ အခွင့်အရေး များတယ်။ အိုင်အိုဝါ၊ အင်ဒီယားနား၊ အိုဟိုင်းရိုး၊ ကန်တက်ကီ၊ တန်နက်ဆီ အနောက်အလယ်ပိုင်းဒေသထက် မေရီလန်း၊ ဒီစီ၊ နယူးယောက်ဖက်က အလုပ်ပိုပေါတာ ကိုယ်တွေ့ပါပဲ။ နေထိုင်မဲ့ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းကောင်း အိမ်တွေရှိရင် အဆင်ပြေပေမဲ့ မရှိရင်တော့ အလုပ်ရှာနေချိန် နေထိုင်စားသောက် ကုန်ကျစရိတ်ကို စဉ်းစားဖို့ လိုပါတယ်။ အလုပ်ဆိုတာ ဘယ်ဆီဘယ်ဝယ် ရမယ်မှန်းမှ မသိတာ။

ထူးချွှန်တဲ့ကျောင်းသားတွေကတော့ အလုပ်ရဖို့ လွယ်ပါတယ်။ Algorithm ဘာသာရပ်မှာ သက်မှတ်ထားတဲ့ အမြင့်ဆုံး A+ ထက်ကျော်ပြီး A Hons ရတဲ့ ကျောင်းသားနှစ်ယောက် ပရော်ဖက်ဆာရဲ့ ထောက်ခံချက်နဲ့ ဂူဂယ်ကို အင်တာဗျူးဖို့ တန်းသွားရတယ်။ တရုတ်ကလေး ယမ်ယမ်ဆိုရင် စာတော်ပေမဲ့ ၈ လလောက်ကြာမှ အလုပ်ရတယ်။ တရုတ်ကြီး ကျူန်းရှီးက ဂျပန်မှာ လုပ်သက် ၁၅ နှစ်၊ တရုတ်ပြည်မှာ လုပ်သက် ၁၀ နှစ် ။ တရုတ်ကျောင်းသားတွေအားလုံး မသိတာမှန်သမျှ သူ့ကို ဆရာတင်ရတယ်။ တရုတ်ကျောင်းသားတွေက သူ့သားအရွယ်လောက် ရှိတာကိုး။ သူက တော်ပေမဲ့ သူ့အင်္ဂလိပ်စကားကို ဘယ်သူကမှ (သူတို့တရုတ်အချင်းချင်းတောင်) နားမလည်လို့ အတော်ကြီးကြာမှ အလုပ်ရတယ်။ ESL တီချယ် ကာရိုလိုင်းဆို ကျူန်းရှီးကို စိတ်ပူတာ အလုပ်တောင် ရပါ့မလားလို့။ ESL သင်တန်းမရှိတဲ့ရက်တွေမှာတောင် ကျူန်းရှီးကို သီးသန့်ဖိတ် အလ္လာဘသလ္လာဘ ပြောခိုင်းတယ် အင်္ဂလိပ်စကားပြော သွက်အောင်လို့။


အရည်အချင်း၊ အတွေ့အကြုံ၊ Networking လို့ခေါ်တဲ့ အပေါင်းအသင်းမိတ်ဆွေတွေရဲ့ အကူအညီကလည်း အရေးပါပါတယ်။ ရာဂျက်တယောက် အိုင်ဘီအမ်မှာ အလုပ်ရတော့ ကျွန်မတို့အားလုံး အံ့သြသွားကြတယ်။ အိုင်ဘီအမ်ဆိုတာ အလုပ်ရဖို့ အင်မတန့် အင်မတန် ခက်တာ။ မာစတာဘရိန်း မိုင်းဖန် အင်တာဗျူး  ၃ ဆင့်မှာ ကျတယ်။ ကန်တက်ကီအလုပ်က စီနီယာ ဝီလီယမ်ဂရင်း အင်တာဗျူး ၂ ဆင့်မှာ ကျတယ်။ သူတို့အားလုံးက အိုင်ဘီအမ် အင်တာဗျူး အရမ်းအရမ်း ခက်တယ်လို့ ပြောပါတယ်။ ရာဂျက်တစ်ယောက် အိုင်ဘီအမ်မှာ ဘယ်လိုများ အလုပ်ရသွားပါလိမ့်။ ရာဂျက်ဆိုတာ အမ်းထရူးနဲ့ တန်နက်နက်ဆီပြည်နယ် မန်းဖစ်မြို့က ဖက်ဒက်စ်ရုံးမှာ တရုံးတည်း၊ တဋ္ဌာနတည်း အတူတူ လုပ်ခဲ့တဲ့သူတွေဆိုတာ့ ရာဂျက်အကြောင်း အမ်းထရူး ကောင်းကောင်းသိတာပေါ့။ ဆူပါဗိုက်ဆာကို သူ သိပ်မတတ်လို့ လွယ်တာတွေပဲ ခိုင်းပါလို့ ရီကွက်လုပ်တဲ့သူပါ။

နောက်မှ သိရတယ် အိုင်ဘီအမ်မှာ အလုပ်လုပ်နေတဲ့ သူ့သူငယ်ချင်းက သွင်းပေးတာပါ။ အဲဒီလို ထောက်ခံပေးရင် အလုပ်ရဖို့ လွယ်ပါတယ်။ ၃ လ ကြာတဲ့အထိ အလုပ်မရသေးတဲ့ ဆူနမ်ကို ကုမ္မဏီမှာ အလုပ်သစ်ခေါ်တာနဲ့ မိုင်းဖန်က ထောက်ခံပေးတယ်။ ၃ လ ကြာတဲ့အထိ အလုပ်မရသေးရင် ကျောင်းကိုပြန်ပြီး စီမီနာသင်တန်း သုံးပတ် ပြန်တက်ရမှာ။ ပရိုဂရမ်းမင်း သိပ်မကွျှမ်းတဲ့ ဆူနမ်အတွက် မိုင်းဖန်က စိတ်ပူတယ်။ ဆူနမ်ကလည်း အလုပ်သွင်းပေးတဲ့ မိုင်းဖန် မျက်နှာမပျက်ရအောင် ကြိ ုးစားရတာ အလုပ်စဝင်ခါစ လတွေမှာ ဆူနမ်ခမျာ ပြုံးတောင်မပြုံးနိုင်ဘူး။ မိုင်းဖန်က ဆူနမ်ကို ညတိုင်း သင်ပြပေးတယ်။ ကျွန်မနဲ့ ရာမားကသာ လေးအော့ဖ်လို့ အလုပ်ပြောင်း၊ ပြည်နယ်ပြောင်းရပေမဲ့ ဆူနမ်နဲ့မိုင်းဖန်ကတော့ အဲဒီကုမ္မဏီမှာ ခုထိ မြဲနေတုန်း။

မြို့ရွေးမယ်ဆိုရင် အလုပ်ရဖို့ ခက်ပါတယ်။ open for relocation ပြည်နယ်၊ မြို့မရွေးရင် အလုပ်မြန်မြန် ရနိုင်တယ်။ တကိုယ်ရည် တကာယသမားတွေကတော့ ပြောင်းဖို့ရွှေ့ဖို့ လွယ်ပေမဲ့ မိသားစုရှိတဲ့သူတွေကတော့ နေသားကျနေတဲ့ မြို့ကနေ ခွာပြီး နေရာသစ်ကို ပြောင်းဖို့ကလည်း စွန့်စားရာ ရောက်ပြန်တယ်။ အလုပ်ရဖို့ဆိုတာ အရည်အချင်း၊ အတွေ့အကြုံ အပေါင်းအသင်းပေါ် မူတည်သလို ကံပေါ်လည်း မူတည်ပြန်တယ်။

ဘာသာစကား...
သွားမဲ့နိုင်ငံပေါ် မူတည်ပါတယ်။ ဂျပန်သွားရင် ဂျပန်စကားပြောတတ်မှ ဖြစ်မှာပါ။ တချို့က ပြောကြတယ် ဘွဲ့ရဖြစ်ပြီးတော့ အင်္ဂလိပ်စကား မပြောတတ်ဘူးလားတဲ့။ အင်္ဂလိပ်စကား ပြောတတ်တာ ဘွဲ့တွေနဲ့ မဆိုင်ပါဘူး။ အင်္ဂလိပ်စကားကို လေ့လာရင်၊ လေ့ကျင့်ရင် ဖြစ်ပါတယ်။ ကျောင်းပိတ်ရင် လှည်းတန်းက ဆရာကြီး ဦးမြကြိ ုင်၊ ဘဝသစ် ဦးအောင်ကျော်၊ တိုဖယ် ဦးသိန်းဝင်း၊ မြေနီကုန်း ဆရာနယ်ဆင်ကျောင်းတွေကို မကြီး တက်ခိုင်းလို့ တက်ရ၊ မြန်မာရုပ်မြင်သံကြားသတင်းထက် စီအန်အေ ( Channel News Asia ) ကနေလွှင့်တဲ့သတင်းတွေကို စိတ်ဝင်စားတဲ့ အမေ့ကို ဘာသာပြန်ရ၊ အင်္ဂလိပ်စာကို စိတ်ဝင်စားတဲ့ ကျွန်မအတွက် နိုင်ငံခြားကျောင်း လျှောက်တဲ့အခါ အင်္ဂလိပ်စာ အခက်အခဲ မရှိခဲ့ဘူးပေမဲ့ အင်္ဂလိပ်စာသင်တန်းတွေတက်ဖို့ အပ်ပေးရင် တရက်သာတက်ပြီး နောက်နေ့ဘယ်လိုပြောပြော သွားမတက်တာက မောင်မောင်။

မောင်မောင် း Thanks for wedding gift.
စန်းထွန် း You are welcome.
မောင်မောင် း No I stay here ! I like my country .
စန်းထွန်း း OMG !


ဇဝေဇဝါတောင် ဖြစ်သွားတယ်။ ငါ ဘာများ ပြောမိပါလိမ့်။ မြန်မာပြည်မှာပဲ နေတော့မှာလား၊ နိုင်ငံခြားထွက်ဖို့ မလုပ်တော့ဘူးလားလို့ ပြောမိလေသလား။ နောက်မှ စဉ်းစားမိတယ် You are welcome လို့ ပြောတာကို သူ့ကို နိုင်ငံခြား ထွက်ခိုင်းတယ် ထင်နေတာကိုး။ နဖူးကို လက်ဝါးနဲ့ ရိုက် သေလိုက်ပါတော့ဟ ဘာသာပြန်တာ သောက်တလွဲ။ ဟဲ့အဲဒါ အမေရိကန်လေသံနဲ့ ကိစ္စမရှိပါဘူးလို့ ပြောတာ။ No Problem ၊ Nerver Mind နဲ့ အတူတူပဲ။ How  are you doing today ဆိုတာ Hi နဲ့တူတယ်။

အင်္ဂလိပ်စကားဆိုပေမဲ့ တနိုင်ငံနဲ့ တနိုင်ငံ လေယူလေသိမ်း ကွဲပါတယ်။ ခြင်္သေ့ကျွှန်းမှာဆို OK lah ၊ Nerver mind lah ၊ တ Lah လားနဲ့ Singlish လို ပြောကြတယ်။ ဆရာနေဝင်းမြင့်ရဲ့ ရေနံ့သာ ကြာတိုင်အေး ဘာသာပြန်စာအုပ်လေးက သီပေါမင်း ပါတော်မူချိန်မှာ တွေ့လိုက်ရတဲ့ နန်းတွင်းသူလေး ဒေါ်လီကို ချစ်သက်ဝင်သွားတဲ့ အိန္ဒိယသား ကူးမား၊ သစ်လုပ်ငန်းနဲ့ ချမ်းသာလာပြီး ရတနာဂီရီမှာ ပြန်ဆုံတွေ့တဲ့ သူတို့ဇာတ်လမ်း၊ ရန်ကုန်ကို ပြန်အခြေချ၊ သူ့ဆရာ စင်္ကာပူနိုင်ငံသား မလေးတရုတ်၊ ရတနာဂီရိမှာ တာဝန်ကျတဲ့ အိန္ဒိယအရာရှိရဲ့ ဇနီး ဥမ္မာနဲ့ ဒေါ်လီတို့ရဲ့ သူငယ်ချင်းမေတ္တာ၊ သူတို့ သားသမီးတွေအကြောင်း၊ မျိုးဆက်နှစ်ဆက် မိသားစုသုံးခု၊ အိန္ဒိယ၊ မြန်မာပြည်၊ စင်္ကာပူ၊ ပီနန် ၊ အမေရိကန်အကြောင်းရေးထားတာ အတော်စိတ်ဝင်စားဖို့ ကောင်းတယ်။ ဘားမီးလ်ကလပ်စင်စာအုပ်ကနေ ဒေါင်းဖတ်တာပါ။ (အဲ စာအုပ်အညွှန်း ရောက်သွားပြန်ပြီ း)

အဲဒီစာအုပ်ထဲမှာ ကူးမားက ပီနန်က သူ့ဆရာရဲ့ ရာဘာစိုက်ခင်းကို သွားလည်တော့ သူတို့ပြောတဲ့ အင်္ဂလိပ်စကားမှာ လားဆိုတာ အမြဲပါတယ်လို့ ဖတ်ရတော့ ပြုံးမိသေးတယ်။ ခြင်္သေ့ကျွှန်းသားတွေက စကားကို နောက်က ကျားလိုက်မတတ် အမြန်ပြောကြပေမဲ့ အမေရိကန်တွေက နှေးနှေး အသံနေ အသံထားနဲ့ ပြောတယ်။ အင်္ဂလိပ်စကား ဘယ်လိုလေ့လာရမလဲလို့ မေးကြတယ်။ အကောင်းဆုံးကတော့ သတင်းနားထောင်၊ တီဗွီကြည့်၊ ဒေသခံတွေနဲ့ စကားများများ ပြောပါ။ အင်္ဂလိပ်စကား အခြေခံလောက် နားလည်ပေမဲ့ မပြောတတ်၊ သိပ်အများကြီး မဖတ်နိုင်၊ မရေးနိုင်တဲ့သူတစ်ယောက်က ကျောင်းသားတွေကို မြင်ရင် အားကျတယ်၊ သူတို့လို ကျောင်းတက်ချင်လိုက်တာတဲ့။ သင်ချင်တတ်ချင်တာတော့ ကောင်းပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်ဘာသာနဲ့ သင်ကြားပို့ချ၊ ဆရာတွေ၊ ကျောင်းသားတွေနဲ့ အင်္ဂလိပ်လို ဆွေးနွေးရတဲ့ ကျောင်းကို ဘယ်လိုမျိုးများ တက်မှာပါလိမ့်လို့ တွေးမိတယ်။

လစာ....
လစာက ပညာ၊ အလုပ်အတွေ့အကြုံ၊ အရည်အချင်း၊ ကံပေါ် မူတည်ပါတယ်။ သေချာတာကတော့ အလုပ်ခြင်းတူတာတောင် စီတင်းဇင်လောက် လစာမရပါဘူး။ ယူအက်စ်လစာက ခြင်္သေ့ကျွှန်းထက် များသလို တက်စ်လည်းများတယ်။ စတိတ်တက်စ်၊ ဖယ်ဒရယ်တက်စ်၊ ကားအားမခံ၊ ကျန်းမာရေးအာမခံ၊ ကျောင်းလခအကြွေး၊ ခရက်ဒစ်ကြွေး၊ ဖုန်း၊ အိမ်ငှားခ၊ အစားအသောက်။ အလုပ်အဆင်ပြေရင် ပုံမှန်ဝင်ငွေ ရှိပေမဲ့ လေးအော့ဖ်ရင်၊ နေထိုင်မကောင်းရင် စုဆောင်းထားတာတွေ ကုန်တော့တာပဲ။ ရီခရူတာကုမ္ဗဏီဆီမှာ အလုပ်ရတာဆိုရင် လစာနည်းတယ်။ အမေရိကန်ရီခရူတာတွေက ဂွတ်၊ ဂရိတ်ဆိုပြီး တလလောက်နေမှ ပေါ်လာတတ်တယ်။ လစာနည်းနည်းပဲ ပေးချင်တဲ့ အိန္ဒိယရီခရူတာတွေက မနက်အိပ်ယာက မနိုးသေးဘူး ဒင်းတို့က ဖုန်းတဂွမ်ဂွမ် ခေါ်နေပြီ။ ရိုင်းလိုက်တာလဲ လွန်ပါရော။ တိုက်ရိုက်ကုမ္မဏီဆီက အလုပ်ရဖို့ခက်တော့ အလုပ်ရလွယ်တဲ့ ရီခရူတာတွေနဲ့ မကင်းနိုင်ပြန်ဘူး။


မှီခိုခေါ်ခွင့်...
ကျောင်းသားဗီဇာဆိုပေမဲ့ မှီခိုခေါ်ခွင့် ရှိပေမဲ့ အလုပ်လုပ်ခွင့် မရှိဘူး။ ခေါ်ခွင့်ကလည်း နိုင်ငံပေါ် မူတည်ပါတယ်။ တရုတ်ကျောင်းသားအများစုက ဇနီးခေါ်လို့ရပေမဲ့ ကျွန်မ သူငယ်ချင်း ပန်ဒါသုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ကမ္ဘောဒီကျာင်းသားလေး ချန်ဒရီယာက သူ့ဇနီးကို ခေါ်ဖို့ ကြိုးစားရာမှာ ဗီဇာ ရီဂျက်ထိပါတယ်။ ယူအက်စ်ဗီဇာကို ကျွန်မက တစ်နှစ်၊ နီပေါ၊ တရုတ်၊ မလေးရှားတွေက ငါးနှစ် ရချိန်မှာ ကမ္ဘောဒီယားတွေက သုံးလပဲရတယ်။ ယူအက်စ် မလာခင် သုံးလလောက်ကမှာ လက်ထပ်ထားတဲ့ ချန်ဒီရီယာခမျာ သူ့ဇနီးကို လွမ်းနေရှာတာပေါ့။ ကျောင်းသာအများစုက အလုပ်ရတော့မှ ခေါ်ကြတယ်။

လည်လည်ပြန်မယ်ဆိုရင်....
ယူအက်စ်ရောက်တာ သုံးနှစ်ကျော်ပြီဖြစ်တဲ့ ကျွန်မ မြန်မာပြည်ကို နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက်မှ ပြန်နိုင်မယ် ထင်တယ်။ ယူအက်စ်ဗီဇာတစ်နှစ်က ကုန်သွားပြီမို့ ယူအက်စ်နေထွက်ရင် ပြန်ဝင်ဖို့ကို ဗီဇာပြန်လျှောက်ရမှာ။ သိတဲ့အတိုင်း ယူအက်စ်ဗီဇာဆိုတာ အင်မတန် ခက်ပါဘိ။ ဗီဇာအပြင် နောက်တစ်ခုက လေယာဉ်ခပါ။ ကယ်လီဖိုးနီးယားဖက်ကနေဆို ၈၀၀၊ ၁၀၀၀ လောက်ပဲ ရှိပေမဲ့ အရှေ့ဖက်ခြမ်းကဆို ၁၅၀၀ လောက် ရှိတယ်။ ၂၀၁၁ ယူအက်စ်ကို လာတုန်းက ယူနိုက်တက်အဲလိုင်း ဟောင်ကောင်မှာ တနာရီ၊ ချီကာဂိုမှာ လေးနာရီ ထရန်စစ် လေယာဉ်လက်မှတ်က ၁၅၀၀ ကျပါတယ်။ ယူအက်စ်ကနေ ဆိုရင်တော့ ခြင်္သေ့မှီခိုခေါ်ခွင့်...
ကျောင်းသားဗီဇာဆိုပေမဲ့ မှီခိုခေါ်ခွင့် ရှိပေမဲ့ အလုပ်လုပ်ခွင့် မရှိဘူး။ ခေါ်ခွင့်ကလည်း နိုင်ငံပေါ် မူတည်ပါတယ်။ တရုတ်ကျောင်းသားအများစုက ဇနီးခေါ်လို့ရပေမဲ့ ကျွန်မ သူငယ်ချင်း ပန်ဒါသုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ကမ္ဘောဒီကျာင်းသားလေး ချန်ဒရီယာက သူ့ဇနီးကို ခေါ်ဖို့ ကြိုးစားရာမှာ ဗီဇာ ရီဂျက်ထိပါတယ်။ ယူအက်စ်ဗီဇာကို ကျွန်မက တစ်နှစ်၊ နီပေါ၊ တရုတ်၊ မလေးရှားတွေက ငါးနှစ် ရချိန်မှာ ကမ္ဘောဒီယားတွေက သုံးလပဲရတယ်။ ယူအက်စ် မလာခင် သုံးလလောက်ကမှာ လက်ထပ်ထားတဲ့ ချန်ဒီရီယာခမျာ သူ့ဇနီးကို လွမ်းနေရှာတာပေါ့။ ကျောင်းသာအများစုက အလုပ်ရတော့မှ ခေါ်ကြတယ်။

လည်လည်ပြန်မယ်ဆိုရင်....
ယူအက်စ်ရောက်တာ သုံးနှစ်ကျော်ပြီဖြစ်တဲ့ ကျွန်မ မြန်မာပြည်ကို နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက်မှ ပြန်နိုင်မယ် ထင်တယ်။ ယူအက်စ်ဗီဇာတစ်နှစ်က ကုန်သွားပြီမို့ ယူအက်စ်နေထွက်ရင် ပြန်ဝင်ဖို့ကို ဗီဇာပြန်လျှောက်ရမှာ။ သိတဲ့အတိုင်း ယူအက်စ်ဗီဇာဆိုတာ အင်မတန် ခက်ပါဘိ။ ဗီဇာအပြင် နောက်တစ်ခုက လေယာဉ်ခပါ။ ကယ်လီဖိုးနီးယားဖက်ကနေဆို ၈၀၀၊ ၁၀၀၀ လောက်ပဲ ရှိပေမဲ့ အရှေ့ဖက်ခြမ်းကဆို ၁၅၀၀ လောက် ရှိတယ်။ ၂၀၁၁ ယူအက်စ်ကို လာတုန်းက ယူနိုက်တက်အဲလိုင်း ဟောင်ကောင်မှာ တနာရီ၊ ချီကာဂိုမှာ လေးနာရီ ထရန်စစ် လေယာဉ်လက်မှတ်က ၁၅၀၀ ကျပါတယ်။ ယူအက်စ်ကနေ ဆိုရင်တော့ ခြင်္သေ့မှီခိုခေါ်ခွင့်...
ကျောင်းသားဗီဇာဆိုပေမဲ့ မှီခိုခေါ်ခွင့် ရှိပေမဲ့ အလုပ်လုပ်ခွင့် မရှိဘူး။ ခေါ်ခွင့်ကလည်း နိုင်ငံပေါ် မူတည်ပါတယ်။ တရုတ်ကျောင်းသားအများစုက ဇနီးခေါ်လို့ရပေမဲ့ ကျွန်မ သူငယ်ချင်း ပန်ဒါသုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ကမ္ဘောဒီကျာင်းသားလေး ချန်ဒရီယာက သူ့ဇနီးကို ခေါ်ဖို့ ကြိုးစားရာမှာ ဗီဇာ ရီဂျက်ထိပါတယ်။ ယူအက်စ်ဗီဇာကို ကျွန်မက တစ်နှစ်၊ နီပေါ၊ တရုတ်၊ မလေးရှားတွေက ငါးနှစ် ရချိန်မှာ ကမ္ဘောဒီယားတွေက သုံးလပဲရတယ်။ ယူအက်စ် မလာခင် သုံးလလောက်ကမှာ လက်ထပ်ထားတဲ့ ချန်ဒီရီယာခမျာ သူ့ဇနီးကို လွမ်းနေရှာတာပေါ့။ ကျောင်းသာအများစုက အလုပ်ရတော့မှ ခေါ်ကြတယ်။

ဗီဇာကုန်သွားရင်...
ခြင်္သေ့ကျွှန်းမှာ အိုဗာစတေးမိရင် ကြိမ်ဒဏ်ပေမဲ့ ယူအက်စ်မှာတော့ အိုဗာစတေး၊ တရားမဝင်တွေ များတယ်။ ယူအက်စ်ရောက်လာတဲ့ တချို့တွေက အဆိုင်လမ်ဆိုတဲ့ နိုင်ငံရေးခိုလှုံခွင့် လျှောက်ကြပါတယ်။ အဆိုင်လမ်ဆင်လျှောက်ဖို့ အက်ဆေးရေး၊ တရားရုံးမှာ တရာသူကြီးက မေးမြန်းပါတယ်တဲ့။ အရင်တုန်းက အဆင်ပြေပေမဲ့ အစိုးရသစ်လက်ထက်မှာတော့ ခက်တယ်၊ ဒီမိုကရေစီ အစိုးရဆိုပြီး ကချင်မှာ တိုက်ပွဲတွေ ဖြစ်နေလို့ ချပေးနေတယ်။ ဘယ်ဟာက မှန်လဲမသိ။ တချို့ကျတော့ ကျောင်းသားဗီဇာနဲ့လာ ကျောင်းမတက်လို့ ဗီဇာကန်ဆယ်၊ အိုဗာစတေးဖြစ်။ အလည်ဗီဇာအတွက် ကိုယ်ထောက်ခံစာပေးထားတဲ့သူက အိုဗာစတေးဖြစ်သွားရင် နောက်ထပ်ခေါ်ဖို့ ခက်ပါတယ်။ အိုဗာစတေးတွေက ကားမောင်းလိုင်စင်၊ ဘဏ်၊ ဆိုရှယ်လျှောက်ဖို့ ခက်တယ်။ နယူးယောက်လို ကားမလိုတဲ့ မြို့မှာတော့ အဆင်ပြေပေမဲ့ နယ်မှာတော့ ကားမမောင်းတတ်လို့ မရဘူး။ ရဲမြင်တိုင်း လန့်နေရမှာ။

ယူအက်စ်မှာ လိင်၊ အသားအရောင်၊ ဘာသာရေး ခွဲခြားမှု မရှိတာကို ကြိုက်တယ်။ ကိုယ်ကြိုးစားရင်၊ တော်ရင် အသိအမှတ်ပြုတယ်။ အမေရိကန်တွေက ကိန်းကြီးခန်းကြီး မနိုင်သလို ပွင့်လင်းတယ်။ မမီးငယ်က ရေခြား..မြေခြား...နိုင်ငံခြား အပိုင်း ၁ ပို့စ်ဖတ်ပြီးတော့ သတင်းပေးတယ်။ သူ့တူတစ်ယောက် လွန်ခဲ့တဲ့ ငါးနှစ်တုန်းကဆိုလား စင်္ကာပူကနေ အလုပ်ဗီဇာစပွန်ဆာနဲ့ ယူအက်စ်ကို ခေါ်တယ်တဲ့။ သူက မြန်မာပြည်မှာ ဆေးကျောင်းတက်၊ ခြင်္သေ့မှီခိုခေါ်ခွင့်...ကျောင်းသားဗီဇာဆိုပေမဲ့ မှီခိုခေါ်ခွင့် ရှိပေမဲ့ အလုပ်လုပ်ခွင့် မရှိဘူး။ ခေါ်ခွင့်ကလည်း နိုင်ငံပေါ် မူတည်ပါတယ်။ တရုတ်ကျောင်းသားအများစုက ဇနီးခေါ်လို့ရပေမဲ့ ကျွန်မ သူငယ်ချင်း ပန်ဒါသုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ကမ္ဘောဒီကျာင်းသားလေး ချန်ဒရီယာက သူ့ဇနီးကို ခေါ်ဖို့ ကြိုးစားရာမှာ ဗီဇာ ရီဂျက်ထိပါတယ်။ ယူအက်စ်ဗီဇာကို ကျွန်မက တစ်နှစ်၊ နီပေါ၊ တရုတ်၊ မလေးရှားတွေက ငါးနှစ် ရချိန်မှာ ကမ္ဘောဒီယားတွေက သုံးလပဲရတယ်။ ယူအက်စ် မလာခင် သုံးလလောက်ကမှာ လက်ထပ်ထားတဲ့ ချန်ဒီရီယာခမျာ သူ့ဇနီးကို လွမ်းနေရှာတာပေါ့။ ကျောင်းသာအများစုက အလုပ်ရတော့မှ ခေါ်ကြတယ်။

လည်လည်ပြန်မယ်ဆိုရင်....
ယူအက်စ်ရောက်တာ သုံးနှစ်ကျော်ပြီဖြစ်တဲ့ ကျွန်မ မြန်မာပြည်ကို နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက်မှ ပြန်နိုင်မယ် ထင်တယ်။ ယူအက်စ်ဗီဇာတစ်နှစ်က ကုန်သွားပြီမို့ ယူအက်စ်နေထွက်ရင် ပြန်ဝင်ဖို့ကို ဗီဇာပြန်လျှောက်ရမှာ။ သိတဲ့အတိုင်း ယူအက်စ်ဗီဇာဆိုတာ အင်မတန် ခက်ပါဘိ။ ဗီဇာအပြင် နောက်တစ်ခုက လေယာဉ်ခပါ။ ကယ်လီဖိုးနီးယားဖက်ကနေဆို ၈၀၀၊ ၁၀၀၀ လောက်ပဲ ရှိပေမဲ့ အရှေ့ဖက်ခြမ်းကဆို ၁၅၀၀ လောက် ရှိတယ်။ ၂၀၁၁ ယူအက်စ်ကို လာတုန်းက ယူနိုက်တက်အဲလိုင်း ဟောင်ကောင်မှာ တနာရီ၊ ချီကာဂိုမှာ လေးနာရီ ထရန်စစ် လေယာဉ်လက်မှတ်က ၁၅၀၀ ကျပါတယ်။ ယူအက်စ်ကနေ ဆိုရင်တော့ ခြင်္သေ့ကျွှန်း၊ သြော်ဇီက လူတွေလို တဂျိမ်းဂျိမ်း ပြည်တော်ပြန်နိုင်မှာ မဟုတ်ဘူး။

ဗီဇာကုန်သွားရင်...
ခြင်္သေ့ကျွှန်းမှာ အိုဗာစတေးမိရင် ကြိမ်ဒဏ်ပေမဲ့ ယူအက်စ်မှာတော့ အိုဗာစတေး၊ တရားမဝင်တွေ များတယ်။ ယူအက်စ်ရောက်လာတဲ့ တချို့တွေက အဆိုင်လမ်ဆိုတဲ့ နိုင်ငံရေးခိုလှုံခွင့် လျှောက်ကြပါတယ်။ အဆိုင်လမ်ဆင်လျှောက်ဖို့ အက်ဆေးရေး၊ တရားရုံးမှာ တရာသူကြီးက မေးမြန်းပါတယ်တဲ့။ အရင်တုန်းက အဆင်ပြေပေမဲ့ အစိုးရသစ် လက်ထက်မှာတော့ ခက်တယ်၊ ဒီမိုကရေစီ အစိုးရဆိုပြီး ကချင်မှာ တိုက်ပွဲတွေ ဖြစ်နေလို့ ချပေးနေတယ်။ ဘယ်ဟာက မှန်လဲမသိ။ တချို့ကျတော့ ကျောင်းသားဗီဇာနဲ့လာ ကျောင်းမတက်လို့ ဗီဇာကန်ဆယ်၊ အိုဗာစတေးဖြစ်။ အလည်ဗီဇာအတွက် ကိုယ်ထောက်ခံစာပေးထားတဲ့သူက အိုဗာစတေးဖြစ်သွားရင် နောက်ထပ်ခေါ်ဖို့ ခက်ပါတယ်။ အိုဗာစတေးတွေက ကားမောင်းလိုင်စင်၊ ဘဏ်၊ ဆိုရှယ်လျှောက်ဖို့ ခက်တယ်။ နယူးယောက်လို ကားမလိုတဲ့ မြို့မှာတော့ အဆင်ပြေပေမဲ့ နယ်မှာတော့ ကားမမောင်းတတ်လို့ မရဘူး။ ရဲမြင်တိုင်း လန့်နေရမှာ။

ယူအက်စ်မှာ လိင်၊ အသားအရောင်၊ ဘာသာရေး ခွဲခြားမှု မရှိတာကို ကြိ ုက်တယ်။ ကိုယ်ကြိုးစားရင်၊ တော်ရင် အသိအမှတ်ပြုတယ်။ အမေရိကန်တွေက ကိန်းကြီးခန်းကြီး မနိုင်သလို ပွင့်လင်းတယ်။ မမီးငယ်က ရေခြား..မြေခြား...နိုင်ငံခြား အပိုင်း ၁ ပို့စ်ဖတ်ပြီးတော့ သတင်းပေးတယ်။ သူ့တူတစ်ယောက် လွန်ခဲ့တဲ့ ငါးနှစ်တုန်းကဆိုလား စင်္ကာပူကနေ အလုပ်ဗီဇာစပွန်ဆာနဲ့ ယူအက်စ်ကို ခေါ်တယ်တဲ့။ သူက မြန်မာပြည်မှာ ဆေးကျောင်းတက်၊ ခြင်္သေ့ကျွှန်းမှာ အိုင်တီတက် အရမ်းတော်လို့ ယူအက်စ်ကုမ္ဗဏီက ခေါ်တာတဲ့။ အဲဒီလိုမျိုးတွေ ကြားဖူးပေမဲ့ ကျွန်မ အပေါင်းအသင်း မိတ်ဆွေထဲမှာ မရှိဘူး။

အဖေ၊ မကြီး ခင်းပေးတဲ့ ချောမွေ့တဲ့လမ်းကိုပဲ လျှောက်ဖူးရာက မကြိုက်တဲ့ကျောင်းမှာ ပင်ပန်းဆင်းရဲ၊ အထီးကျန်စွာ ကျောင်းတက်၊ ပြည်နယ်ပြောင်း၊ အလုပ်ပြောင်း ယူအက်စ်ရောက်မှ ဒုက္ခပေါင်းစုံ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရလို့ ခုတော့ ကြံ့ခိုင်လာပြီလို့ ဆိုရမယ်။ အလုပ်တဖက်နဲ့ ကျောင်းတက်ရတာ အင်မတန် ပင်ပန်းပါတယ်။ အလုပ်လုပ်၊ ကျောင်းတက်၊ ကလေးတွေရှိတဲ့ စူပါမိန်းမနှစ်ယောက်ကို အားကျတယ်။ ကျွန်မ သူတို့လောက် မလုပ်နိုင်ဘူး။ ခြင်္သေ့ကျွှန်းမှာဆို စရောက်တာနဲ့ နေသားကျသွားတာများ ရန်ကုန်လို့တောင် ထင်မိတယ်။ ယူအက်စ်ရောက်တာ သုံးနှစ်ကျော်ပြီပေမဲ့ ခုထိ အခြေကျပြီလို့ မခံစားမိသေးဘူး။ ဘယ်အချိန်မှာ ဘယ်မြို့ကို ပြောင်းရဦးမှာပါလိမ့်။ ပျော်နေပြီလို့ မထင်ပါနဲ့ ပျော်အောင် ကြိုးစားနေဆဲပါ။

ကျောင်းတက်မယ်ဆိုရင် တက်မဲ့ကျောင်း၊ ဘာသာရပ်၊ အလုပ်ရရှိနှုန်း၊ ကျောင်းတက်နေချိန်မှာ ကုန်ကျစရိတ်၊ အလုပ်ရှာနေချိန်မှာ ကုန်ကျစရိတ်တွေကို စဉ်းစားဖို့ လိုပါတယ်။ အဲဒီကျောင်း တက်ဖူးတဲ့ သူငယ်ချင်း၊ မိတ်ဆွေဆီက ရတဲ့ သတင်းတွေနဲ့ ဆုံးဖြတ်ပါ။ အလုပ်နဲ့ လာမယ်ဆိုရင် အလုပ်အကိုင်၊ မြို့၊ ရာသီဥတုတွေ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ဘယ်နိုင်ငံမှာမဆို ကြိုးစားရမှာ အသေအချာပေမဲ့ ကိုယ်နဲ့ ကိုက်ညီမဲ့ ကျောင်း၊ နိုင်ငံကို ရွေးချယ်လို့ ရေခြားမြေခြား နိုင်ငံခြားမှာ အောင်မြင်တဲ့သူများ ဖြစ်ပါစေ။

စန်းထွန်း
မေ ၇၊  ၂၀၁၄။