ဒီစီသွား တောလား - ၎
ဒီဇင်ဘာ ၂၈ ၊ ၂၀၁၂ သောကြာနေ့ ။
ဒီစီတွင် သွားရောက်လည်ပတ်သင့်သော စာရင်းတွင် ကွန်ဂရက်စာကြည့်တိုက် ပါဝင်သည်။ ကယ်ပီတယ်ရှေ့  နားလေးတင်ဖြစ်သည်။ ဒီတစ်ခေါက်တော့ ယူနီယမ်စင်တာဘူတာကနေ မသွားတော့ဘဲ အနီရောင်လိုင်း မတ်ထရိုစင်တာဘူတာကနေ အောက်ဖက်ဆင်း လိမ္မော်ရောင်၊ အပြာရောင်လိုင်း ပြောင်းစီးကာ ကယ်ပီတယ်ဆောက်ဘူတာကနေ သွားလိုက်တာ ငါးမိနစ်တောင် မလျှောက်ရ နီးနီးလေးဗျား။  ဒီနေ့ တော့ ရာသီဥတု သာသာယာယာရှိသည်။
အင်ဂျင်နီယာလက်နက်ကိုင်တပ် ဗိုလ်ချုပ် သောမတ်လင်ကွန်းကေစီမှ ၁၈၈၈တွင် တည်ဆောက်ရေးလုပ်ငန်းကို ကြီးကြပ်ခဲ့သည်။ သူ့ လက်ထောက် ဘားနဒ်ဂရင်းသည် သေဆုံးသည့် ၁၉၁၄ အထိ တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့သည်။ ၁၈၉၂ တွင် ဗိုလ်ကေစီ၏သား ဗိသုကာပညာရှင် အက်ဝတ်ကေစီမှ အတွင်းဖက်ရှိ ပန်းပု၊ ပန်းချီများရေးဆွဲခြင်းကို အမေရိကန် အနုပညာရှင် ၅၀ ကျော်ဖြင့် ဆောက်ရွက်ခဲ့သည်။
ကတ်တလောက်စာအုပ်ပေါင်း ၃၃သန်းကျော်၊ ဘာသာပေါင်း ၄၆၀ ဖြင့် ရေးသားထားသော ပုံနှိပ်စာများ၊  လက်ရေးမူ ၆၃ သန်းကျော်၊ မြောက်အမေရိက၏ ရှားပါးစာအုပ်များ အများဆုံး စုဆောင်းထားရာ၊ တရားရေးနှင့်ဆိုင်သော စာရွက်စာတမ်းများ၊ ဖလင်များ၊ မြေပုံများ၊ သီချင်းနှင့်အသံသွင်းထားသည်များကို ကမ္ဘာပေါ်တွင် အများဆုံး စုဆောင်းထားသော အမေရိကန်၏ ရတနာ စာကြည့်တိုက် ဖြစ်သည်။
ပြည်တွင်းစစ်ပြခန်း၊ ရှားပါးစာအုပ်ပြခန်း၊ မာယာလူမျိုးတို့ ၏ ယဉ်ကျေးမှုပြခန်းများ ရှိသော်လည်း ဓာတ်ပုံရိုက်ခွင့်မပြု။ ယခုတော့ စာကြည့်တိုက်သည် သုတေသနအတွက်သာ ခွင့်ပြုသည်။ စာကြည့်တိုက်၏ ခမ်နားမှု၊ မဟော်ဂနီရောင်ရှိသော စာကြည့်ခုံ၊ စာကြည့်စားပွဲများ၊ အနီရောင်၊ ရွှေရောင်ပြိုးပျပ်နေသော စာအုပ်များ၊ သုတသေနအတွက် စာဖတ်နေသောသူများ အနှောင့်အယှက်ဖြစ်မည်စိုး၍ ဓာတ်ပုံရိုက်ခွင့်မပြုသည်နှင့် မှန်ပြတင်းပေါက်မှသာ ကြည့်ခဲ့ရသည်။ ကျွှန်ုပ်ရောက်ဖူးသမျှ စာကြည့်တိုက်များတွင် ကွန်ဂရက်စာကြည့်တိုက်သည် အခမ်းနားဆုံး၊ လက်ရာအမြောက်ဆုံး ဖြစ်သည်။ ကယ်ပီတယ်သို့  မြေအောက်လမ်းဖြင့် ဆက်သွယ်ထားသည်။
ပထမဆုံးနေ့ က တဝဲလည်လည်ဖြစ်နေသော မှန်အဆောက်အဦးနား ရောက်၍ တန်းစီနေသောသူများကို တွေ့ သောအခါ ဝင်တန်းစီလေသည်။ နောက်မှ မိသားစုက မနှစ်တုန်းက မိနစ်လေးဆယ်ခန့်  တန်းစီခဲ့ရသည်ဟု အားတက်ဖွယ် စကားဆိုသည်။ လက်ကမ်းစာစောင်ဖတ်ပြီး သိလိုက်ရသည်မှာ ကျွှန်ုပ်ရောက်နှင့်နေသည့်နေရာသည် ရုက္ခဗေဒဥယျာဉ်ဖြစ်သည်။ အမေရိကန်နိုင်ငံ၏ သက်တမ်းအရှည်ကြာဆုံးဥယျာဉ် ဖြစ်သည်။ အရင်သမ္မတများဖြစ်ကြသော ဝါရှင်တန်၊ မက်ဒီဆန်၊ ဂျက်ဖာဆန်တို့ သည် အသုံးဝင်သော အပင်များကို စုဆောင်းစိုက်ပျိုးကာ အမေရိကန်များဆီ ဖြန့် ဖြူးချင်သည်။
ဇီဝမျိုးစိတ်၊ ရုက္ခနာမည် ကျွှန်ုပ် မသိ..သုပ်၊ကြော်၊တို့ စား၍ ရမှန်းတော့ ကျွန်ုပ်သိသည့် မြင်းခွာရွက်..ဗီယက်နမ်ကုန်ခြောက်ဆိုင်များတွင် ရနိုင်သည်..
၁၈၅၀တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အခုလက်ရှိနေရာသို့  ၁၉၃၃ တွင် ပြောင်းရွှေ့ ခဲ့သည်။ မှန်၊ အလူမီနီယမ်၊ ကျောက်တုံးများဖွင့် တည်ဆောက်ထားကာ လေးနှစ်တာ ပြင်ဆင်ပြီး မှန်လုံအဆောက်အဦးကို ၂၀၀၁ တွင် ဖွင့်လှစ်ခဲ့သည်။ ရေပန်းများ၊ ပြေးနေသော မီးရထား၊ မီးလုံး၊ မီးငွေ့ များ အလှဆင်ထားသော နေရာတွင် ကလေးများ ဝိုင်းနေသည်။ သဘာဝလောကကြီးကို ချစ်တတ်အောင် ကလေးများကို သင်ပေးဖို့ ၊ တကမ္ဘာလုံးက အပင်များကို စူးစမ်းဖို့  ဤဥယျာဉ်သည် အသင့်တော်ဆုံး ဖြစ်သည်။
သစ်ခွဥယျာဉ် ရောက်သောအခါ စင်္ကာပူရုက္ခဥယျာဉ် သွားလည်စဉ်က သစ်ခွဥယျာဉ်သို့  ဝင်ချင်သော အိအိကြောင့် ကျောင်းသားဈေး ၅ ကျပ်ပေးကာ ဝင်ခဲ့ခြင်းကို သတိရသည်။  စင်္ကာပူရုက္ခဗေဒဥယျာဉ်က ပိုစုံသည်။ သိုသော် ဝင်ခွင့် အခမဲ့ ဖြစ်သောကြောင့် တန်လေသည်။ ဒီစီရှိ လည်ပတ်စရာ နေရာတော်တော်များများသည် အခမဲ့ ဖြစ်သည်။
အဖျားမှ အရင်းသို့  တဖြည်းဖြည်း စားရသည်ဟု ပညာရှိများက ဆိုသော်လည်း ကျွှန်ုပ်သည်ကား ကြံဝယ်လျှင် အရင်းပိုင်းကိုသာ ရှာဝယ်တတ်လေသည်..
ဘိုင်အိုတွင် သင်ခဲ့ရသော ပိုးမွှားစားသော အပင်များနှင့်တူသည်ဟု ထင်သည်..
ဘာသီးမှန်း ကျွှန်ုပ်မသိပါ...
လမ်းတလျှောက်တွင်ရှိသော ပြတိုက်များထဲမှ အမျိုးသားအာကာသပြတိုက်ကို ဝင်သည်။ လုံခြုံရေးတင်းကျပ်ကာ ရေဗူးသယ်ခွင့်မရှိ။ ပထမထပ်တွင် ၁၉၆၉ သမိုင်းဝင် လကမ္ဘာခရီးစဉ်တုန်းက အမ်းစတောင်း၊ အက်ရင်း ကမ္ဘာမြေအပြန်ခရီးစဉ်တွင် စီးနင်းခဲ့သော မိုက်ကယ်ကောလင်းယာဉ်ကို ပြသထားသည်။
စိန့် လူးဝစ်ပြခန်းတွင် ပထမဆုံးအကြိမ် နယူးယောက်မှ ပြင်သစ်အထိ မရပ်မနား ၃၃နာရီ ပျံသန်းခဲ့သော ချားလ်စ်လင်ဘာ့၏  လေယာဉ်ပျံများအကြောင်း၊ အမေရိကန်နိုင်ငံပေါ်ကို ခုနစ်ကြိမ်ပျံသန်းပြီး အာကသထဲတွင် တင်ထားခဲ့သော နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာညောင်းခဲ့ပြီဖြစ်သော ရုရှာ ၁၉၅၇ အာကာသယာဉ်၊ ဝိုက်ဘရားသား၏ လေယာဉ်ပျံများ၊ ပထမဆုံး အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကျော်ခဲ့ပြီး နောင် အမေရိကန်နိုင်ငံကို မရပ်မနား ဖြတ်ကျော်ပျံသန်းခဲ့သော အနီရောင်လေယာဉ်များအကြောင်း။
ထိုပြတိုက်သည် ကျွုန်ုပ်တို့ လူသားများ၏  ဝေဟင်ဆီသို့  အောင်မြင်မှုများ၊ မဟူရာကောင်းကင်မှ လင်းလက်နေသော ကြယ်တာရာများအကြောင်း၊ ပေါက်ကွဲအသက်ဝင်နေသောဂြိုလ်များ၊ သေဆုံးသွားသော ဂြိုလ်များ၊ နေစကြာဝဋ္ဌာထဲမှ အသစ်တွေ့ ရှိသော ဂြိုလ်သစ်၊ ကမ္ဘာကို အကြိမ်ကြိမ်ပတ်ကာ ကမ္ဘာမြေကြီး၏ ဆွဲငင်မှုကို တွန်းကန်သွားသော အာကာသယာဉ်များ၊ ဆွဲငင်မှုမရှိခြင်းကြောင့် အာကာသယာဉ်ထဲတွေ လွင့်မျောနေခြင်းအကြောင်းများဖြင့် စိတ်ဝင်စားဖို့ ကောင်းသည်မှာ အသေအချာ ဖြစ်သည်။
ထိုနေ့ က အာကာသပြတိုက်ဘေးတွင်ရှိသော မက်ဒေါနယ်ဆိုင်တွင် နေ့ လည်စာကို ည၃နာရီကျော်မှ တီးရလေသည်။ ငါးပုံလောက်ရိုက်မှ ပုံကောင်းတပုံရခြင်း၊ ဘလော့တွင် တင်မည်ဟု အားခဲကာ တွေ့ မြင်ရာ ရိုက်တတ်ခြင်းကြောင့် အချိန်ကြာတတ်သော ကျွှန်ုပ်နောက်သို့  ဆူနမ်နှင့် ရာမား မလိုက်ချင်။
စန်းထွန်း
ဇန်နဝါရီ ၂၆၊ ၂၀၁၃။
ဒီစီသွား တောလား - ၃
credit to - aoc.gov
ပန်းပုရုပ်ကပြောသော အမေရိကန်သမိုင်း
ကက်ပီတယ်ထဲ ဝင်ရောက်လည်ပတ်ရန် တန်းစီနေစဉ် အားလုံး၏ အာရုံစိုက်မှုကို ရရှိသည်မှာ အသက်ဝင်လှသော ပန်းပုရုပ်ထုများဖြစ်သည်။ တန်းစီသည့် နေရာမှ ဓာတ်ပုံရိုက်မည်ကြံရွယ်တိုင်း မပြတ်လပ်သော ဓာတ်ပုံရိုက်နေသူများကြောင့် အခွင့်တခါမျှ မသာခဲ့။
credit to - aoc.gov
ကယ်ပီတယ်၏ ခေါင်မိုးတွင် ထားရှိသော လွတ်မြောက်မှုရုပ်ထုပုံစံတူ ပလာစတာမော်ဒယ်သည် ၁၉ ပေခွဲ မြင့်ပြီး ပေါင် ၁၃၀၀၀ ခန့် လေးသည်။ သူမ၏ ညာဖက်လက် ဓာရိုးကိုင်ထားခြင်းသည် စစ်ပွဲ၏ သင်္ကေတဖြစ်သည်။ သူမ၏ ဘယ်ဖက်လက်တွင် အမြဲစိမ်းလန်းသော အစိမ်းရင့်ရောင် သစ်ရွက်များနှင့် အနက်ရောင် ဘယ်ရီသီးများရှိသည့် သစ်ပင်သည် ငြိမ်းချမ်းရေး၏ သင်္ကေတဖြစ်ပြီး ဒိုင်းသည် ကာကွယ်ခြင်း၏ သင်္ကေတဖြစ်သည်။ ယူအက်စ်ဟု ရေးထွင်းထားသော ရင်ထိုးသည် သူမ၏ ဝတ်ရုံကို ခိုင်မြဲစေသည်။
The Statue of Freedom atop the Capitol Dome is a classical female figure. Her right hand rests on the hilt of a sheathed sword (a symbol of war): her left hand holds a laurel wreath of victory (a symbol of peace) and the shield of the United States (a symbol of  protection). A brooch inscribed "U.S" secures her fringed robe. Together, the symbols represent the ideal that freedom can triumph in both war and in peace.
credit to - google
credit to - aoc.gov
ကယ်ပီတယ်တွင် ဂုဏ်ပြု ခံရသော ပထမဆုံး  အာဖရိကန်-အမေရိကန် အမျိုးသမီးမှာ ဆိုဂျော်ထရူ ဖြစ်သည်။ ကျွှန်မိသားစုမှ ၁၇၉၇ တွင် မွေးဖွားခဲ့ပြီး မူရင်းအမည်မှာ အစ်ဇဘဲလာ ဖြစ်သည်။ မွေးချင်း ၁၃ ယောက်အနက် ပထမဆုံးအဖြစ် အသက် ၉ နှစ်တွင် အရွယ်တွင် ကျွှန်အဖြစ် ရောင်းခြင်းခံရသည်။ အသက် ၃၀ မတိုင်မှီ ကျွှန်ပိုင်ရှင် ငါးယောက်ပြောင်းခဲ့ရသည်။ ၁၈၂၆ နယူးယောက်ပြည်နယ်မှ ကျွှန်လွှတ်မြောက်ရေးဥပဒေ မပြဋ္ဌာန်းမှီ တနှစ်အလို အလုပ်ကြိုးစားကြောင့် ကျွှန်ပိုင်ရှင်မှ လွတ်လပ်ခွင့် ပေးခဲ့သည်။ ၁၈၄၃ တွင် ဘာသာရေးယုံကြည်ချက်ကြောင့် ဆိုဂျော်ထရူဟု
အမည်ပြောင်းခဲ့ပြီး ခရီးဆန့် ကာ ကျွှန်လွတ်မြောက်ရေး၊ အမျိုးသမီးအခွင့်အရေးများကို ဟောပြောခဲ့သည်။
The bronze portrait bust of Sojurner Truth is the first sculpture to honor an African-American woman in the U.S. Capitol. Sojourner Truth was born into slavery and named Isabella Baumfree in 1797. One of 13 children, she was first sold at auction around the age of nine. Before she was 30, she had been enslaved to five owners. In 1826, a year before the state of New York completed its gradual emancipation of enslaved people, her owner reneged on a promise to free her as a reward for hard work. She courageously walked away to be free with her infant child. In 1843, inspired by her religious beliefs, Isabella changed her name to Sojourner Truth and set out to travel and preach about abolition and women's rights.
credit to - aoc.gov
ယူတာ့ပြည်နယ်မှ တယ်လီဗွီရှင်းဖခင် ဖီလိုသည်  ညဖက် မမြင်ရသော်လည်း နွေးထွေးသည့် အလင်းရောင်၊ အီလက်ထရို မိုက်ခရိုစကုပ်၊ ဘေဘီ အင်ကျူဘေတာ၊ ဂတ်စ်စတိုစကုပ်၊ အာကာသတယ်လီစကုပ်နှင့် ရေဒါ တီထွင်မူများကဲ့သို့ သော သိပ္ပံတီထွင်မူ ၁၆၀ ကျော်၏ မူပိုင်ခွင့် ပိုင်ရှင်ဖြစ်သည်။ ၁၉၂၀ တွင် သူတီထွင်ခဲ့သော အီလက်ထရောနစ်ကင်မရာကျူကို ကိုင်ထားသော ရုပ်ထုဖြစ်သည်။
Philo T. Farnsworth (1906-1971) Utah, Bronze by James R. Avati, 1990. Inventor. Called "the father of television" for devising an early electronic television system, which he first conceived in high school. Early television used 100 of his patents. Received more than 160 patents for inventions used in the development of the infrared night light, electron microscope, baby incubator, gastroscope, astronomical telescope, and radar. Shown holding  an electronic camera tube that he invented in the 1920s.
credit to - aoc.gov
မွန်တန်နာပြည်နယ်မှ ဂျက်နက်တီသည် လူထုအကျိုးပြု၊ စာသင်ဆရာမနှင့် ၁၉၁၇ - ၁၉၁၉၊ ၁၉၄၁ - ၁၉၄၃ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကွှန်ဂရက်တွင် ပထမဆုံး ရွေးခြယ်ခံရသော အမျိုးသမီးဖြစ်သည်။ ငြိမ်းချမ်းရေး၊ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူဖြစ်ပြီး ပထမ၊ ဒုတိယ ကမ္ဘာစစ်တွင် အမေရိကန် မပါဝင်ရေး မဲပေးခဲ့သည်။ ၁၉၄၁ ဂျပန်က ပုလဲဆိပ်ကမ်းကို ဗုံးကြဲသောကြောင့် ကွန်ဂရက်တွင် ဂျပန်အား စစ်ကြေငြာရေး အဆိုတင်သွင်းသောအခါ မိန်းမတယောက်အနေနဲ့  ငါ စစ်ပွဲသွားလို့ မရဘူး။  တခြားဘယ်သူ့ ကိုမှ စေလွှတ်ဖို့  ငြင်းဆန်ပါတယ်ဟုဆိုကာ  ဆန့် ကျင်ခဲ့သော တစ်ဦးတည်းသော ကွန်ဂရက်အမတ် ဖြစ်သည်။
Jeannette Rankin (1880 - 1973) Montana, Bronze by Terry Minmaugh, 1985. Social worker, lecturer, and U.S Representative who served from 1917 - 1919 and from 1941 - 1943. First woman elected to Congress. Noted lobbyist for peace and women's rights. Voted against America's entry into World Wars I and II. Only member of Congress to oppose declaration of war on Japan in 1941, saying, "As a woman, I can't go to war...and I refuse to send anyone else."
credit to - aoc.gov
ကော်လိုရာဒိုပြည်နယ်မှ ဂျွှန်သည် လေယာဉ်မှုးနှင့် အာကာသယာဉ်မှုး ဖြစ်သည်။ ကိုရီးယားစစ်ပွဲတွင်  အဲဖို့ လေယာဉ်မောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အောက်ဆီဂျင်တန့်  ပေါက်ကွဲမှုကြောင့်  မအောင်မြင်ခဲ့သော ၁၉၇၀ နာဆာ၏ လကမ္ဘာခရီးစဉ် အပိုလို ၁၃၏ အာကာယာဉ်မှုး ၃ ယောက်ထဲမှ ဖြစ်သည်။ အာကသထဲတွင် ၆ ရက်ခန့်  နေထိုင်ခဲ့သည်။ သိပ္ပံနှင့်နည်းပညာကော်မတီ၏ ဒါရိုက်တာဖြစ်ပြီး ၁၉၈၂ တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသည်။ သို့ သော် တာဝန်မထမ်းဆောင်မှီ တပတ်အလိုတွင် ကွယ်လွန်ခဲ့သည်။
John L."Jack" Swigert,Jr (1931 - 1982) Colorado, Bronze by George and Mark Lundeen, 1997. Pilot and astronaut. Air Force combat pilot in Korea and test pilot. One of three crew members aboard 1970 National Aeronautics and Space Administration ( NASA) Apollo 13 moon mission, aborted after an oxygen tank ruptured. Crew spent almost six days in space. Executive director of House committee on Science and Technology. Elected to House of Representatives in 1982, but died one week before taking office.
credit to - aoc.gov
ဝိုင်မင်ပြည်နယ်မှ ခေါင်းဆောင် ဝါဆာကီးသည် တိုက်ရည်ခိုက်ရည်ရှိသူ ချိုချူန်းလူမျိုးစု၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည်။ ပြင်သစ်၊ အင်္ဂလိပ်၊ ဒေသခံအမေရိကန်မျိုးနွယ်စုများ၏ ဘာသာစကားအများအပြား တတ်ကျွှမ်းသည်။ ချိုချူန်းမျိုးနွယ်စုများကို စုစည်းကာ အမေရိကန်စစ်တပ်နှင့် စေ့စပ်ညှိုနှိုင်းပြီး ဝိုင်မင်ပြည်နယ်၏ ၃သန်းကျော် ဧကမြေသည် ချိုချူန်းမျိုးနွယ်စု နယ်မြေဖြစ်စေခဲ့သည်။
Chief Washakie ( 1800? -1900) Wyoming, Bronze by Dave McGary, 2000. Warrior and spokesman for Shoshone tribe. Fluent in French, English and several Native American languages. He united several Shoshone bands. Negotiated with the U.S army to ensure preservation of more than three million acres in  Wyoming as home to the Shashone. Given a full U.S military funeral. Details of clothing are finely painted in color.
credit to - aoc.gov
နီဗာဒါးပြည်နယ် ဆာရာသည် ဘာသာပြန်၊ ဆရာမ၊ စာရေးဆရာမ ဖြစ်သည်။ သူမ၏ ပူတီမျိုးနွယ်စုနှင့် အမေရိကန်စစ်တပ်ကြား စေ့စပ်ညိနှိုင်းပေးခဲ့သည်။ ဒေသခံအမေရိကန်ကလေးများအတွက် ဒေသခံဘာသာစကားနှင့် အင်္ဂလိပ်စာ သင်ကြားပေးသည့်ကျောင်း တည်ထောင်ခဲ့သည်။ သူမ၏ ကိုယ်တိုင်ရေးအထ္ထုပတ္တိစာအုပ်ဖြစ်သော ပူတီတို့ ၏ ဘဝ၊ သူတို့ ၏  မှားယွင်းမှုများ၊ တောင်းဆိုချက်များစာအုပ်သည် ဒေသခံအမေရိကန်အမျိုးသမီးရေးသားသော ပထမဆုံးစာအုပ်ဖြစ်သည်။
Sarah Winnemucca ( 1844-1891) Nevada, Bronze by Benjamin Victor, 2005. Interpreter, educator, and author. Negotiated between her Paiute people and the U.S army. Started a school for Native American children, teaching in both the native language and English. Her autobiography, Life among the Piutes: Their Wrongs and Claims, was the first book written by a Native American woman. Holds a shellflower, her name int the Paiute language.
credit to - aoc.gov
အဲဘားမားပြည်နယ်မှ ဟယ်လင်ကယ်လာသည် စာရေးဆရာ၊ စာသင်ဆရာနှင့် မသန်မစွမ်းသူများအတွက် တက်ကြွလှုပ်ရှားသူဖြစ်သည်။ မွေးကင်းစအရွယ်တွင် အဖျားရောဂါ ပြင်းပြင်းထန်ထန် ခံစားရမှုကြောင့် မျက်မမြင် နားမကြားဖြစ်ခဲ့သည်။ လက်များဖြင့်ပြသသည့် သင်္ကေတ ဘာသာစကားနှင့် မျက်မမြင်စာ သင်ယူခဲ့သည်။ ကောလိပ်မှ ဘွဲ့ ယူသော ပထမဆုံး မျက်မမြင်၊ နားမကြားသူ ဖြစ်သည်။ အမေရိကန် နှလုံးလှသံတမန်အဖြစ်လည်း သိကြသည်။ အသက်၇နှစ်ရွယ် မိန်းကလေးတစ်ယောက် သူမ၏နေအိမ် ရေပိုက်နားတွင်ရပ်ကာ ကျနေသည့်ရေကို လက်ဖြင့် ထိတွေ့ ရင်း ရေဆိုသည့် သင်္ကေတ စကားလုံးကို သင်ယူနေသည့်ပုံဖြစ်သည်။
Helen Keller ( 1880 - 1968) Alabama, Bronze by Edward Hlavka, 2009. Author, lecturer, and activist for the disabled and for the social causes. Became blind and deaf following an illness in infancy. Learned sign language, speech, and Braille. First blind and deaf person to graduate from college. Known as "America's goodwill ambassador to the world." Shown as a seven-year-old child at the water pump at her home in Tuscumbia, Alabama, where she first understood the signed word "water" and learned to communicate.
credit to - aoc.gov
ဟာဝိုင်အီပြည်နယ်မှ တိုက်ရည်ခိုက်ရည်ရှိသော ဘုရင်ဖြစ်ပြီး လူသူမနေသောကျွှန်းများကို သူ့ လက်အောက်သို့  စုစည်းကာ တကမ္ဘာလုံးသို့ ကုန်စည်စီးဆင်းမူ ကောင်းမွန်စေခဲ့သည်။ ဟာဝိုင်အီမျိုးနွယ်စု၏ တော်ဝင်အဆောင်အယောင်ဖြစ်သော ဦးထုပ်၊ ဟာဝိုင်အီမန်မိုငှက်မွှေးများဖြင့် အလှဆင်ထားသည့် ဝတ်ရုံဖြစ်သည်။
King Kamehameha I (1758? - 1819) Hawaii, Bronze and gold, replica of 1879 statue by Thomas R. Gould, 1969. Warrior and king. Unified all the inhabited islands of Hawaii under his rule. Encouraged trade and opened Hawaii to the rest of the world. Also called Kamehameha the Great. Shown wearing the gilded regalia of Hawaiian royalty including a helmet and a cloak of Hawaii Mamo bird feathers.
ပြည်နယ်အားလုံးမှ  သမိုင်းဝင်ပုဂ္ဂိလ်များတွင် ကျွန်ုပ် မသိသေးသည့် မျိုးနွယ်စုများ၊ ကျွှန်ုပ်တို့ ကြည့်ရှုနေသော ရုပ်မြင်သံကြား၏ ဖခင်ကြီး၊ ဟယ်လင်ကယ်လာကဲ့သို့  ကျွန်ုပ် ကြားဖူးသည့်လူများ၊ ကျွှန်ုပ် စိတ်ဝင်စားသည့် အာကာယာဉ်မှုးအကြောင်းကိုသာ ရွေးချယ်လိုက်သည်။
ထိုပန်းပုရုပ်များက အမေရိကန်နိုင်ငံ တည်ဆောက်ပုံ သမိုင်းကို ကျွှန်ုပ်အား တိုးတိုးလေး ပြောပြနေခဲ့သည်။
စန်းထွန်း
ဇန်နဝါရီ ၂၀ ၊ ၂၀၁၂။
source - pamphlet of United States Capitol Visitor Guide