ဖီလင် ၃၁...

ငယ်ငယ်တုန်းက အသက် ၃၀ ကျော် အစ်မတွေကို တော်တော်ကြီးလှပြီထင်တာ ဟော ကိုယ့်အလှည့်လည်းရောက်ရော အသက် ၃၀ ဆိုတာ ခဏလေးပါလား။ အသက် ၃၀ ကျော်လာတာနဲ့ လည်ပင်းမှာ အရစ်တွေ ပေါ်လာတယ်။ မေးစေ့တွေ တွဲလာလို့ မေးစေ့ပင့်တင်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ဖို့လိုလာတယ်။ မျက်ရစ်တွေတွန့်လို့ eye cream သုံးဖို့လိုလာတယ်။ ဓာတ်ပုံတွေ ယှဉ်ကြည့်ရင် အတော်သိတယ်။ ခန္ဓာကိုယ်ကြံ့ခိုင်မှုကလည်း သိသာတယ်။ အိပ်ရေးပျက်လို့ ပင်ပန်းရင် အားပြန်ပြည့်ဖို့ အချိန်ယူတယ်။ အရင်တုန်းကဆို ကျောချတာနဲ့ အိပ်ပျော်တယ်။ ယူအက်စ်ရောက်ကတည်းက အိပ်မပျော်တဲ့ညတွေ များလာတယ်။ အသက်ကြီးလာတာနဲ့အမျှ အားကစားမှန်မှန်လုပ်၊ အစားအသောက်၊ အလှပြင်ပစ္စည်းတွေနဲ့ ဘယ်လောက်ထိန်းထိန်း ငယ်ငယ်ကလို မလှနိုင်တော့ဘူး။

အလုပ်မလုပ်ဘဲနေရရင် သိပ်ကောင်းမှာပဲလို့ တခါတလေ တွေးမိတယ်။ စိတ်ဖိစီးပေမဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ၊ အခက်အခဲတွေ ဖြေရှင်းနိုင်လို့ ကျေနပ်ဝမ်းမြောက်မှုတွေကို အလုပ်ဆီကပဲ ရနိုင်တာပါ။ ကိုယ်ဝါသနာပါတဲ့အလုပ်ကို လုပ်နေရရင် ဘဝအဓိပ္ဗာယ် ရှိနေတာပါပဲ။ အသက် ၃၀ ကျော်နေပြီ ခုထိ ကျောင်းတက်တုန်းပဲလားဆိုတဲ့ ဦးလေးတစ်ယောက်စကားကို သတိရမိတယ်။ ကျောင်းတက်တယ်ဆိုတာ စိတ်ဖိစီးပင်ပန်းပါဘိ ဘယ်သူက တက်ချင်ပါ့မလဲ။ ဒီနိုင်ငံကဘွဲ့ရမှ လစာပိုကောင်းလို့၊ ရထားတဲ့ဘွဲ့က အလုပ်ရှားလို့ အလုပ်အကိုင်ပေါတဲ့ အသက်မွေးဝမ်းကြောင်းကို ပြောင်းချင်လို့၊ ဒီနိုင်ငံကို လာချင်လို့၊ အလုပ်အတွက် လိုအပ်လို့၊ ပျင်းလို့တခုခုသင်ရင် ကောင်းမလားလို့ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ သင်ယူကြတယ်။ Studying is never too old and late.

အလုပ်တစ်ခု၊ နေရာတစ်ခုမှာ အခြေကျလို့ နှစ်ပေါက်လာရင် ပျင်းရိငြီးငွေ့လာပါတယ်။ ရုပ်ရှင်ကြည့်၊ စာအုပ်ဖတ်လို့ အပျင်းပြေပေမဲ့ တချိန်လုံး မလုပ်ချင်ပြန်ဘူး။ ဘာသာစကားတစ်ခုခု၊ အနုပညာပစ္စည်းတစ်ခု တီးတတ်အောင် သင်ယူခြင်းဟာ စိတ်ဝင်စားဖို့ ကောင်းတယ်။ မိတ်ဆွေ၊ သူငယ်ချင်းအသစ်တွေနဲ့ သိကျွှမ်းရပြီး သူတို့ဖြတ်သန်းကြီးပြင်းခဲ့တဲ့ ငယ်ဘဝ၊ အတွေ့အကြုံ၊ အတွေးအခေါ်တွေ သိရတာ စိတ်ဝင်စားဖို  ကောင်းတယ်။ မရောက်ဖူးသေးတဲ့ နေရာတွေကို ခရီးသွားရတာလည်း စိတ်ဝင်စားဖို့ ကောင်းတယ်။ သစ်တောအုပ်လေးထဲ လမ်းလျှောက်ပြီး ရာသီအလိုက် သစ်ပင်တွေ ပြောင်းလဲပုံတွေ မြင်တွေ့ရတာ စိတ်ဝင်စားဖို့ကောင်းတယ်။ ဓာတ်ပုံကောင်းလေး တစ်ပုံရဖို့ ဟိုရိုက်ဒီရိုက် တွေ့မြင်သမျှ ရိုက်တာလည်း စိတ်ဝင်စားဖို့ကောင်းတယ်။

credit to Aunty Tint's Facebook BD wish

တိမ်၊ ရေကန်၊ မြစ်ချောင်း၊ တောင်တွေကို နှစ်သက်တယ်။
ပန်းချီ၊ ပြတိုက်၊ ရှေးဟောင်းအဆောက်အဦး၊ စာကြည့်တိုက်တွေကို နှစ်သက်တယ်။
လျှော့ပင်းထက် ပြတိုက်တွေကို တစ်ယောက်တည်း တိုးရစ်တတ်တယ်။

ဓာတ်ပုံတဖျပ်ဖျပ် ရိုက်တယ်။
လေဒီရှူး ဟိုက်ဟီးဖိနပ်ထက် မန်မိုရီဖောင်းအပြေးဖိနပ်ကို ပိုကြိ ုက်လာတယ်။
လူတွေနဲ့သိကျွှမ်းမိတ်ဖွဲ့ စကားပြောလာတယ်။
ခရီးသွားဖို့ နှစ်သက်တယ်။

ဘာသာစကားတွေ သင်ဖို့စိတ်ဝင်စားတယ်။
စာအုပ်တစ်အုပ် ဆောင်တတ်တယ်။
ကျောပိုးအိတ်၊ စလွယ်သိုင်းအိတ် ကြိုက်တယ်။
ဆေးလိပ်မီးခိုးရှုမိရင် ချောင်းဆိုးတယ်။
ဝိုင်နီ ကြိုက်တယ်။
ဆံပင်တွေ ပိုဖြူလာတယ်။

Mom, Sister, Dad - Family Photo without my little brother & me
အားမနာတတ်ဘူး။
မဟုတ်မခံ အနိုင်ကျင့်မခံ။
ကွန်ပလိမ်းတယ်။
သူငယ်ချင်းဟောင်းတွေနဲ့ ဝေးလာတယ်လို့ ခံစားမိတယ်။
သူငယ်ချင်းတရုန်းရုန်းပေမဲ့ တစ်ယောက်တည်းသီးသန့် နေတတ်တယ်။
အရင်လို ခံစားချက်အားလုံးကို ထုတ်မပြောတော့ဘဲ ရင်ထဲသိမ်းတတ်လာပြီ။

နက်ဖြန် နိုဝင်ဘာ ၂၄ က ကိုယ့် ၃၁ နှစ်ပြည့် မွေးနေ့။ အစကတော့ ဘုန်းကြီးကျောင်းကို နေ့ဆွမ်းသွားကပ်မလားလို့။ ခုတော့ ချက်ပြုတ်ဖို့ပျင်းလို့ သွားမလှုဖြစ်တော့ဘူး။ ဆူနမ်တို့ကတော့ ဘာစီစဉ် ထားလဲမသိ။ မေ့များမေ့နေရော့သလား။ ဖေ့ဘွတ်မှာတော့ မွေးနေ့ဆုတောင်းတွေ တက်နေလောက်ပြီ။ ဘလော့က သီးသန့်ဆန်ပြီး ကိုယ့်နေရာလေးလို့ ခံစားမိတယ်။ စာလာဖတ်သူတွေ မွေးနေ့ဆုတောင်းတင် မဟုတ်ဘဲ ကိုယ်ရေးတဲ့စာတွေမှာ ဘယ်လိုအကြောင်းအရာတွေ ကြိုက်တယ်၊ အကြံညဏ်ပေးစရာများရှိခဲ့ရင် ပေးခဲ့စေချင်ပါတယ်။ စာလာဖတ်သူတွေရဲ့ အသံတွေကို နားထောင်ချင်လို့ ၊ စကားလုံးတွေကို ဖတ်ချင်လို့။

စန်းထွန်း
နိုဝင်ဘာ ၂၃၊ ၂၀၁၄။

15 comments:

ဘုန္းဘုန္းေတာက္ said...

ဒါမ်ဳိးေလးေတြဆုိ အရမ္းဖတ္လုိ႔ေကာင္းတယ္ စန္းထြန္းေရ။ ခ်က္ဖုိ႔ၿပဳပ္ဖုိ႔ ပ်င္းတာနဲ႔ သြားမလွဴျဖစ္ေတာ့ဘူးလား စန္းထြန္းရယ္။ မုိက္ပါ့။ ဆုိင္က ၀ယ္ၿပီး သြားကပ္လည္း ျဖစ္တာပဲ ဥစၥာ။

ေခါင္းစဥ္ေလးလည္း သေဘာက်တယ္။ အဲဒီတုိင္းေလး ေရးခ်င္ေသးတယ္။ ဟုိတစ္ခါတုန္းကလည္း စာေရးျခင္းဆုိတာလည္း ေရးမယ္ေရးမယ္နဲ႔ မေရးျဖစ္ေသးတာ စန္းထြန္းေရ။

မပ်င္းရေအာင္ ရန္ျဖစ္ျဖစ္ေပးတဲ့ ေမာင္ေမာင္။ ဟုတ္တယ္ စန္းထြန္းေရ တစ္ခါတစ္ေလ ရန္ေလးဘာေလးျဖစ္ေပးမွ (အႀကီးအက်ယ္ေတာ့မဟုတ္) ေပ်ာ္စရာေကာင္းတာ။ ႏုိ႔မုိ႔ရင္ ပ်င္းစရာႀကီးရယ္။

က်န္းမာေပ်ာ္ရႊင္ပါေစေနာ့...

ညီလင္းသစ္ said...

ဂ်ီ၊ စီ၊ ဒီ ကီးသံုးခု သိေနၿပီဆို အေတာ္ဟုတ္ေနၿပီပဲ၊ သီခ်င္းေတြ အမ်ားႀကီး တီးလို႔ရေနၿပီ ညီမစန္းထြန္းရဲ႕…၊ ကုိယ္တိုင္ တီးဆိုထားတဲ့ ေမြးေန႔သီခ်င္းေလးလည္း နားေထာင္သြားတယ္၊ း)

စာစုေတြနဲ႔ ပတ္သက္လို႔ကေတာ့ အေထြအထူး အႀကံေပးစရာ မ႐ွိပါဘူးဗ်ာ၊ အားလံုးဖတ္လို႔ ေကာင္းတယ္၊ အခုအတိုင္း လြတ္လပ္ေပါ့ပါးစြာ ဆက္ေရးဖို႔ပဲ ေျပာခ်င္တယ္၊

၃၁ ဘံုမွာေနၿပီး ၃၁ ႏွစ္ျပည့္သြားတဲ့ ညီမေလးတစ္ေယာက္ အခက္အခဲတိုင္းကို ေက်ာ္လႊားႏိုင္ၿပီး ရဲရင့္ေအးခ်မ္းတဲ့ စိတ္ႏွလံုးနဲ႔ က်န္းမာ၊ ေပ်ာ္႐ႊင္ပါေစ-လို႔ ဆုမြန္ေျခြလိုက္ပါတယ္ဗ်ား…။ း)

Anonymous said...

Happy birthday san tun , with many love eicho

Khin Cho Lwin said...

Happy Birthday to you!

Nay Myo said...

Happy Birthday ...

Anonymous said...

စန္းထြန္းေလး...
စိတ္ခံစားခ်က္ေတြ..
ခရီးသြားစာေတြ..
ဘ၀အေတြ ့အၾကံဳေတြ..
ကိုုေရးတဲ့စာေတြရုုိးရွင္းေပါ့ပါးစြာေရးတာႏွစ္သက္တယ္။
ဒါေပမဲ့ေျပာခ်င္တာကကုုိယ့္စိတ္ကေရးခ်င္ေနတာကိုုေရးခ်မွပုုိျပီးေက်နပ္မိမယ္ထင္တယ္။ စာဖတ္သူေတြက လူမ်ဳိးစံုု၊ ေနာက္ခံမ်ဳိးစံုု အားလံုုးအၾကိဳက္ သုုိ ့မဟုုတ္ အမ်ားၾကိဳက္ လိုုက္ေရးရင္စန္းထြန္းပီသေတာ့မွာမွုုတ္ဖူးထင္တယ္။
စီ ဒီ ဂ်ီ နဲ ့ကုုိသီခ်င္းေတြအမ်ားၾကီးတီးလိုု ့ရပါျပီ။
ကုုိယ္အရင္ကလက္ေခ်ာင္းထိပ္ေတြအသားမာတက္တဲ့ထိေန ့တုုိင္းတီးခဲ့တယ္။ အသက္ၾကီးလာေတာ့မတီးျဖစ္ေတာ့ဘူး။ သီခ်င္းေတြလည္းမမွတ္မိေတာ့ဘူး။
ကုုိယ္မွတ္မိသေလာက္ဆုုိ ထီးစုုိင္ရဲ ့ေႏြဥၾသတုုိ ့
I love you more than I can say တုုိ ့
အဲဒီကီးေလးေတြနဲ ့တီးလိုု ့ရမယ္ထင္တယ္။ A တုုိ ့ C7 D7 G7 ေလးေတြေတာ့နဲနဲပါမယ္ထင္တယ္။ ေသခ်ာေတာ့မမွတ္မိေတာ့ပါဘူး။ ကုုိယ္လည္းလြယ္တာေလးေတြစတီးခဲ့ေတာ့အဲဒီ သီခ်င္းေတြတီးခဲ့တာမွတ္မိေနတယ္။
ကုုိယ္ေလ ဂ်ပန္စာနဲ ့စကားလည္းသင္ခဲ့တယ္။ ဘာမွမသိေတာ့ဘူး။
အဂၤလိပ္စာနဲ ့စကားေတာင္သံုုးေနရလိုု ့မေမ့တာျဖစ္မယ္။
ကုုိယ္ကဖဘကိုု သာလာယံဇရပ္ လိုုမ်ဳိးထင္မိတယ္။ လူေတြက၀င္လိုုက္ၾကထြက္လိုုက္ၾကနဲ ့ေလ။
ကဲ..ၾကားခ်င္တာထက္ျမင္ခ်င္တာထက္ကိုုအရွည္ၾကီးေရးလုုိက္တယ္ေနာ္။
ေမြးေန ့တင္မကေန ့စဥ္ေပ်ာ္ရႊင္ပါေစ။
စိတ္ခ်မ္းသာပါေစ။
ဖိစီးမွုုမ်ားကိုုေက်ာ္လႊားႏုုိင္ပါေစ။
ခ်စ္ေသာမမအိုုင္အိုုရာ



သက္ေဝ said...

Happy Belated Birthday ညီမေလး... ဆုေတာင္းေနာက္က်သြားတာ ေဆာရီးပါ...

စံပယ္ခ်ိဳ said...

ဖီလင္ ၃၁ ေလးဖတ္မိလုိ႔ စိတ္၀င္စားစရာေတြအမ်ားၾကီးေတြ႔လုိက္ရတ္စန္းထြန္းေရ
စႏၵရား၊ သံစစ္စစ္ကုိၾကိဳက္တယ္...
ဘယ္အခ်ိန္ျဖစ္ျဖစ္နား၀င္ခ်ဳိေနတယ္လုိ႔လခံစားရတယ္....စုိးျမတ္သူဇာေရးတဲ႔စာအုပ္တအုပ္ကဘာေျပာထားလဲဆုိေတာ႔.......အမဳိးသမီးတေယာ္ရဲ့ အလွပဆုံးအခ်ိန္ဟာ ၂၅ႏွစ္ကေန ၃၅ႏွစ္အတြင္းတဲ႔ ဆရာ၀န္တေယာက္ကလဲ အဲလုိေရးထားတာဖတ္ခဲ႔ဖူးတယ္
အဲတာဆုိရင္စန္းထြန္းမာအခ်ိန္ေတြအမ်ားၾကီးက်န္ပါေသးတယ္ေနာ္......
ခ်စ္တဲ႔ မဂ်က္

San San Htun said...

ဘုုန္းဘုုန္းေတာက္ း ဟုုတ္သား ဆိုုင္ကဝယ္ၿပီး သြားကပ္လည္း ရသား
ကိုုညီ း အဲဒီတပုုဒ္ေတာင္ ေကာင္းေကာင္းမတီးတတ္ေသးဘူး
EiCho, Khin Cho Lwin, Nay Myo : Thanks
မမအိုုင္အိုုရာ း အရွည္ၾကီးမန္ ့လိုု ့ ေက်းဇူးကမၻာ
အစ္မသက္ေဝ း ေနာက္မက်ေသးဘူး စလံုုးမွာ တနဂၤလာမနက္ေပမဲ ့ ဒီမွာ တနဂၤေႏြညပဲရိွေသးတယ္ ေမြးေန ့အခ်ိန္မွီပါတယ္..
မဂ်က္ း ဒါဆိုု ေနာက္ထပ္ ၄ ႏွစ္ က်န္ေသးတယ္..

Goldfish said...

Happy Belated Birthday ပါ မစန္းထြန္း..

အဆဆအရာရာ အဆင္ေျပပါေစ။

TTW

Thu said...

Happy Belated Birthdayပါအမစန္းထြန္းေရ
FBမွာေတာ့wishလုပ္လိုက္တယ္..
အမေမြးေန႔ကအသူနဲ႔၃ရက္ပဲကြာတယ္။
အမဘေလာ့ဂ္မွာစာပဲဖတ္ျဖစ္ျပီးကြန္႔မန္႔ေတာ့သိပ္မေပးျဖစ္ဘူး။အမေရးတာဘာေတြၾကိဳက္လဲဆုိရင္ ေတာလားေလးေတြၾကိဳက္တယ္။မေရာက္ဖူးတဲ့ေနရာေတြျမင္ရတယ္။ၾကည့္ရတယ္။ဖတ္ရတယ္။အဲ့တာေၾကာင့္မုိ႔။

ဟန္ၾကည္ said...

အင္း...ကိုယ့္လူ မငယ္ေတာ့ဘူး...အရင္ကလို စိတ္ထင္တိုင္း မႀကဲနဲ႔ စိတ္ေလွ်ာ့စိတ္ေလွ်ာ့...ကိုယ့္ေနာက္ပါမွာေလးေတြ လုပ္ဦး ( ခပ္တည္တည္နဲ႔ တရားခ်လိုက္ဦးမယ္...ကိုယ္မလုပ္ႏိုင္တာေတြ သူမ်ားလုပ္ခိုင္းရတာ အရသာ အေတာ္ရွိသကိုး... း)

သံုးဆယ့္တစ္ႏွစ္
တြက္စစ္ေသခ်ာ
မဂၤလာျပည့္
ဤေမြးေန႔မွ
ေန႔ေပါင္းကုေဋ
ၾကာရွည္ၿငိမ္းခ်မ္း
ပြင့္ေသာပန္းလို လန္းပါေစ...

ဟန္ၾကည္
( ၂၅.၁၁.၂၀၁၃ )

San San Htun said...

TTW : အစ္ကိုုေရ ေက်းဇူးပါ ခင္ညား..
သူ း ေတာလားေတြ ၾက ုုိက္တယ္ဆိုုလိုု ့ ေနာင္ေတာေတြ လားၿဖစ္ခဲ့ရင္ ေတာလားေတြ ေရးပါဦးမယ္
ၾဆာဟန္ း သူက် မလုုပ္ႏိုုင္ဘဲနဲ ့ တူမ်ားကိုု လုုပ္ခိုုင္းတယ္ း) ကဗ်ာေလးၾကိ ုုက္တယ္

San San Htun said...

ဘုန်းဘုန်းတောက် said...
ဒါမျိုးလေးတွေဆို အရမ်းဖတ်လို့ကောင်းတယ် စန်းထွန်းရေ။ ချက်ဖို့ပြုပ်ဖို့ ပျင်းတာနဲ့ သွားမလှူဖြစ်တော့ဘူးလား စန်းထွန်းရယ်။ မိုက်ပါ့။ ဆိုင်က ဝယ်ပြီး သွားကပ်လည်း ဖြစ်တာပဲ ဥစ္စာ။

ခေါင်းစဉ်လေးလည်း သဘောကျတယ်။ အဲဒီတိုင်းလေး ရေးချင်သေးတယ်။ ဟိုတစ်ခါတုန်းကလည်း စာရေးခြင်းဆိုတာလည်း ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်သေးတာ စန်းထွန်းရေ။

မပျင်းရအောင် ရန်ဖြစ်ဖြစ်ပေးတဲ့ မောင်မောင်။ ဟုတ်တယ် စန်းထွန်းရေ တစ်ခါတစ်လေ ရန်လေးဘာလေးဖြစ်ပေးမှ (အကြီးအကျယ်တော့မဟုတ်) ပျော်စရာကောင်းတာ။ နို့မို့ရင် ပျင်းစရာကြီးရယ်။

ကျန်းမာပျော်ရွှင်ပါစေနော့...
November 24, 2013 at 5:19 AM
ညီလင်းသစ် said...
ဂျီ၊ စီ၊ ဒီ ကီးသုံးခု သိနေပြီဆို အတော်ဟုတ်နေပြီပဲ၊ သီချင်းတွေ အများကြီး တီးလို့ရနေပြီ ညီမစန်းထွန်းရဲ့…၊ ကိုယ်တိုင် တီးဆိုထားတဲ့ မွေးနေ့သီချင်းလေးလည်း နားထောင်သွားတယ်၊ း)

စာစုတွေနဲ့ ပတ်သက်လို့ကတော့ အထွေအထူး အကြံပေးစရာ မရှိပါဘူးဗျာ၊ အားလုံးဖတ်လို့ ကောင်းတယ်၊ အခုအတိုင်း လွတ်လပ်ပေါ့ပါးစွာ ဆက်ရေးဖို့ပဲ ပြောချင်တယ်၊

၃၁ ဘုံမှာနေပြီး ၃၁ နှစ်ပြည့်သွားတဲ့ ညီမလေးတစ်ယောက် အခက်အခဲတိုင်းကို ကျော်လွှားနိုင်ပြီး ရဲရင့်အေးချမ်းတဲ့ စိတ်နှလုံးနဲ့ ကျန်းမာ၊ ပျော်ရွှင်ပါစေ-လို့ ဆုမွန်ခြွေလိုက်ပါတယ်ဗျား…။ း)
November 24, 2013 at 8:56 AM
Anonymous said...
စန်းထွန်းလေး...
စိတ်ခံစားချက်တွေ..
ခရီးသွားစာတွေ..
ဘဝအတွေ့အကြုံတွေ..
ကိုရေးတဲ့စာတွေရိုးရှင်းပေါ့ပါးစွာရေးတာနှစ်သက်တယ်။
ဒါပေမဲ့ပြောချင်တာကကိုယ့်စိတ်ကရေးချင်နေတာကိုရေးချမှပိုပြီးကျေနပ်မိမယ်ထင်တယ်။ စာဖတ်သူတွေက လူမျိုးစုံ၊ နောက်ခံမျိုးစုံ အားလုံးအကြိုက် သို့မဟုတ် အများကြိုက် လိုက်ရေးရင်စန်းထွန်းပီသတော့မှာမှုတ်ဖူးထင်တယ်။
စီ ဒီ ဂျီ နဲ့ကိုသီချင်းတွေအများကြီးတီးလို့ရပါပြီ။
ကိုယ်အရင်ကလက်ချောင်းထိပ်တွေအသားမာတက်တဲ့ထိနေ့တိုင်းတီးခဲ့တယ်။ အသက်ကြီးလာတော့မတီးဖြစ်တော့ဘူး။ သီချင်းတွေလည်းမမှတ်မိတော့ဘူး။
ကိုယ်မှတ်မိသလောက်ဆို ထီးစိုင်ရဲ့နွေဥသြတို့
I love you more than I can say တို့
အဲဒီကီးလေးတွေနဲ့တီးလို့ရမယ်ထင်တယ်။ A တို့ C7 D7 G7 လေးတွေတော့နဲနဲပါမယ်ထင်တယ်။ သေချာတော့မမှတ်မိတော့ပါဘူး။ ကိုယ်လည်းလွယ်တာလေးတွေစတီးခဲ့တော့အဲဒီ သီချင်းတွေတီးခဲ့တာမှတ်မိနေတယ်။
ကိုယ်လေ ဂျပန်စာနဲ့စကားလည်းသင်ခဲ့တယ်။ ဘာမှမသိတော့ဘူး။
အင်္ဂလိပ်စာနဲ့စကားတောင်သုံးနေရလို့မမေ့တာဖြစ်မယ်။
ကိုယ်ကဖဘကို သာလာယံဇရပ် လိုမျိုးထင်မိတယ်။ လူတွေကဝင်လိုက်ကြထွက်လိုက်ကြနဲ့လေ။
ကဲ..ကြားချင်တာထက်မြင်ချင်တာထက်ကိုအရှည်ကြီးရေးလိုက်တယ်နော်။
မွေးနေ့တင်မကနေ့စဉ်ပျော်ရွှင်ပါစေ။
စိတ်ချမ်းသာပါစေ။
ဖိစီးမှုများကိုကျော်လွှားနိုင်ပါစေ။
ချစ်သောမမအိုင်အိုရာ
November 24, 2013 at 12:54 PM

San San Htun said...

သက်ဝေ said...
Happy Belated Birthday ညီမလေး... ဆုတောင်းနောက်ကျသွားတာ ဆောရီးပါ...
November 24, 2013 at 8:38 PM
စံပယ်ချို said...
ဖီလင် ၃၁ လေးဖတ်မိလို့ စိတ်ဝင်စားစရာတွေအများကြီးတွေ့လိုက်ရတ်စန်းထွန်းရေ
စန္ဒရား၊ သံစစ်စစ်ကိုကြိုက်တယ်...
ဘယ်အချိန်ဖြစ်ဖြစ်နားဝင်ချိုနေတယ်လို့လခံစားရတယ်....စိုးမြတ်သူဇာရေးတဲ့စာအုပ်တအုပ်ကဘာပြောထားလဲဆိုတော့.......အမိုးသမီးတယော်ရဲ့ အလှပဆုံးအချိန်ဟာ ၂၅နှစ်ကနေ ၃၅နှစ်အတွင်းတဲ့ ဆရာဝန်တယောက်ကလဲ အဲလိုရေးထားတာဖတ်ခဲ့ဖူးတယ်
အဲတာဆိုရင်စန်းထွန်းမာအချိန်တွေအများကြီးကျန်ပါသေးတယ်နော်......
ချစ်တဲ့ မဂျက်
November 24, 2013 at 8:42 PM
San San Htun said...
ဘုန်းဘုန်းတောက် း ဟုတ်သား ဆိုင်ကဝယ်ပြီး သွားကပ်လည်း ရသား
ကိုညီ း အဲဒီတပုဒ်တောင် ကောင်းကောင်းမတီးတတ်သေးဘူး
EiCho, Khin Cho Lwin, Nay Myo : Thanks
မမအိုင်အိုရာ း အရှည်ကြီးမန့်လို့ ကျေးဇူးကမ္ဘာ
အစ်မသက်ဝေ း နောက်မကျသေးဘူး စလုံးမှာ တနင်္ဂလာမနက်ပေမဲ့ ဒီမှာ တနင်္ဂနွေညပဲရှိသေးတယ် မွေးနေ့အချိန်မှီပါတယ်..
မဂျက် း ဒါဆို နောက်ထပ် ၄ နှစ် ကျန်သေးတယ်..
November 24, 2013 at 8:55 PM
Goldfish said...
Happy Belated Birthday ပါ မစန်းထွန်း..

အဆဆအရာရာ အဆင်ပြေပါစေ။

TTW

November 25, 2013 at 10:20 AM
Thu said...
Happy Belated Birthdayပါအမစန်းထွန်းရေ
FBမှာတော့wishလုပ်လိုက်တယ်..
အမမွေးနေ့ကအသူနဲ့၃ရက်ပဲကွာတယ်။
အမဘလော့ဂ်မှာစာပဲဖတ်ဖြစ်ပြီးကွန့်မန့်တော့သိပ်မပေးဖြစ်ဘူး။အမရေးတာဘာတွေကြိုက်လဲဆိုရင် တောလားလေးတွေကြိုက်တယ်။မရောက်ဖူးတဲ့နေရာတွေမြင်ရတယ်။ကြည့်ရတယ်။ဖတ်ရတယ်။အဲ့တာကြောင့်မို့။
November 25, 2013 at 11:30 PM
ဟန်ကြည် said...
အင်း...ကိုယ့်လူ မငယ်တော့ဘူး...အရင်ကလို စိတ်ထင်တိုင်း မကြဲနဲ့ စိတ်လျှော့စိတ်လျှော့...ကိုယ့်နောက်ပါမှာလေးတွေ လုပ်ဦး ( ခပ်တည်တည်နဲ့ တရားချလိုက်ဦးမယ်...ကိုယ်မလုပ်နိုင်တာတွေ သူများလုပ်ခိုင်းရတာ အရသာ အတော်ရှိသကိုး... း)

သုံးဆယ့်တစ်နှစ်
တွက်စစ်သေချာ
မင်္ဂလာပြည့်
ဤမွေးနေ့မှ
နေ့ပေါင်းကုဋေ
ကြာရှည်ငြိမ်းချမ်း
ပွင့်သောပန်းလို လန်းပါစေ...

ဟန်ကြည်
( ၂၅.၁၁.၂၀၁၃ )
November 26, 2013 at 5:46 AM
San San Htun said...
TTW : အစ်ကိုရေ ကျေးဇူးပါ ခင်ညား..
သူ း တောလားတွေ ကြ ိုက်တယ်ဆိုလို့ နောင်တောတွေ လားဖြစ်ခဲ့ရင် တောလားတွေ ရေးပါဦးမယ်
ဆြာဟန် း သူကျ မလုပ်နိုင်ဘဲနဲ့ တူများကို လုပ်ခိုင်းတယ် း) ကဗျာလေးကြိ ုက်တယ်
November 27, 2013 at 9:53 PM