ဖီလင် ၃၁...

ငယ်ငယ်တုန်းက အသက် ၃၀ ကျော် အစ်မတွေကို တော်တော်ကြီးလှပြီထင်တာ ဟော ကိုယ့်အလှည့်လည်းရောက်ရော အသက် ၃၀ ဆိုတာ ခဏလေးပါလား။ အသက် ၃၀ ကျော်လာတာနဲ့  လည်ပင်းမှာ အရစ်တွေ ပေါ်လာတယ်။ မေးစေ့တွေ တွဲလာလို့  မေးစေ့ပင့်တင်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ဖို့ လိုလာတယ်။ မျက်ရစ်တွေတွန့် လို့  eye cream သုံးဖို့ လိုလာတယ်။ ဓာတ်ပုံတွေ ယှဉ်ကြည့်ရင် အတော်သိတယ်။ ခန္ဓာကိုယ်ကြံ့ခိုင်မှုကလည်း သိသာတယ်။ အိပ်ရေးပျက်လို့  ပင်ပန်းရင် အားပြန်ပြည့်ဖို့  အချိန်ယူတယ်။ အရင်တုန်းကဆို ကျောချတာနဲ့  အိပ်ပျော်တယ်။ ယူအက်စ်ရောက်ကတည်းက အိပ်မပျော်တဲ့ညတွေ များလာတယ်။ အသက်ကြီးလာတာနဲ့ အမျှ အားကစားမှန်မှန်လုပ်၊ အစားအသောက်၊ အလှပြင်ပစ္စည်းတွေနဲ့  ဘယ်လောက်ထိန်းထိန်း ငယ်ငယ်ကလို မလှနိုင်တော့ဘူး။

အလုပ်မလုပ်ဘဲနေရရင် သိပ်ကောင်းမှာပဲလို့  တခါတလေ တွေးမိတယ်။ စိတ်ဖိစီးပေမဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ၊ အခက်အခဲတွေ ဖြေရှင်းနိုင်လို့  ကျေနပ်ဝမ်းမြောက်မှုတွေကို အလုပ်ဆီကပဲ ရနိုင်တာပါ။ ကိုယ်ဝါသနာပါတဲ့အလုပ်ကို လုပ်နေရရင် ဘဝအဓိပ္ဗာယ် ရှိနေတာပါပဲ။ အသက် ၃၀ ကျော်နေပြီ ခုထိ ကျောင်းတက်တုန်းပဲလားဆိုတဲ့ ဦးလေးတစ်ယောက်စကားကို သတိရမိတယ်။ ကျောင်းတက်တယ်ဆိုတာ စိတ်ဖိစီးပင်ပန်းပါဘိ ဘယ်သူက တက်ချင်ပါ့မလဲ။ ဒီနိုင်ငံကဘွဲ့ ရမှ လစာပိုကောင်းလို့ ၊ ရထားတဲ့ဘွဲ့ က အလုပ်ရှားလို့  အလုပ်အကိုင်ပေါတဲ့ အသက်မွေးဝမ်းကြောင်းကို ပြောင်းချင်လို့ ၊ ဒီနိုင်ငံကို လာချင်လို့ ၊ အလုပ်အတွက် လိုအပ်လို့ ၊ ပျင်းလို့ တခုခုသင်ရင် ကောင်းမလားလို့  ရည်ရွယ်ချက် အမျိုးမျိုးနဲ့  သင်ယူကြတယ်။ Studying is never too old and late.

အလုပ်တစ်ခု၊ နေရာတစ်ခုမှာ အခြေကျလို့  နှစ်ပေါက်လာရင် ပျင်းရိငြီးငွေ့ လာပါတယ်။ ရုပ်ရှင်ကြည့်၊ စာအုပ်ဖတ်လို့  အပျင်းပြေပေမဲ့ တချိန်လုံး မလုပ်ချင်ပြန်ဘူး။ ဘာသာစကားတစ်ခုခု၊ အနုပညာပစ္စည်းတစ်ခု တီးတတ်အောင် သင်ယူခြင်းဟာ စိတ်ဝင်စားဖို့  ကောင်းတယ်။ မိတ်ဆွေ၊ သူငယ်ချင်းအသစ်တွေနဲ့  သိကျွှမ်းရပြီး သူတို့ ဖြတ်သန်းကြီးပြင်းခဲ့တဲ့ ငယ်ဘဝ၊ အတွေ့ အကြုံ၊ အတွေးအခေါ်တွေ သိရတာ စိတ်ဝင်စားဖို  ကောင်းတယ်။ မရောက်ဖူးသေးတဲ့ နေရာတွေကို ခရီးသွားရတာလည်း စိတ်ဝင်စားဖို့  ကောင်းတယ်။ သစ်တောအုပ်လေးထဲ လမ်းလျှောက်ပြီး ရာသီအလိုက် သစ်ပင်တွေ ပြောင်းလဲပုံတွေ မြင်တွေ့ ရတာ စိတ်ဝင်စားဖို့ ကောင်းတယ်။ ဓာတ်ပုံကောင်းလေး တစ်ပုံရဖို့  ဟိုရိုက်ဒီရိုက် တွေ့ မြင်သမျှ ရိုက်တာလည်း စိတ်ဝင်စားဖို့ ကောင်းတယ်။

credit to Aunty Tint's Facebook BD wish

လူလတ်တန်းစား ပညာရေးအားပေးတဲ့မိဘ၊ မောင်နှမတွေကို ဂရုစိုက်တဲ့ မကြီး၊ ကိုယ်တို့ မပျင်းရအောင် ရန်ဖြစ်ဖြစ်ပေးတဲ့ မောင်မောင်၊ ကိုယ်ရရှိထားတဲ့ မိသားစု၊ ကိုယ့်အခြေအနေကို ကျေနပ်တယ်။ ကိုယ့်ဘဝမှာ နောင်တအရဆုံးကတော့ အမ်ယူအမ်ကျောင်းတက်ဖို့  ယူအက်စ်ကို လာခဲ့တာ။ စရောက်ကတည်းက အခက်အခဲတွေ အများကြီး ခုထိလည်း မဆုံးနိုင်သေးဘူး။ ကောင်းတာကတော့ အဲဒီအခက်အခဲတွေကြောင့်ပဲ ခံနိုင်ရည်တွေ ပိုရှိ၊ ဘယ်အရာမဆို မဖြစ်ဖြစ်အောင် လုပ်နိုင်တယ်လို့  ယုံကြည်မှု ရှိလာတယ်။ Who am I  ဆိုတာ ပိုသိလာပြီး စိတ်ကူးအိမ်မက်တွေ အကောင်အထည် ဖေါ်ဖြစ်တယ်။ သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိသားစုတန်ဖိုးကို သိလာတယ်။

ကိုယ် မြတ်နိုးတဲ့သူတွေ၊ ကိုယ့်ကိုမြတ်နိုးတဲ့သူတွေ ရှိရဲ့ သားနဲ့  ဘာလို့ ချစ်သူ မထားခဲ့မိပါလိမ့်။ မအားဘူးဆိုတာ မှန်ပေမဲ့ ကိုယ်တကယ်ချစ်မြတ်နိုးရင် အချိန်ဆိုတာ ထွက်လာမှာပဲ။ မိုင်းဖန်က နင့်နှလုံးသား ဖွင့်ရမယ်တဲ့။ နှစ်ဆယ်ကျော်အရွယ်လို ရင်တဒိတ်ဒိတ် မခုန်တော့သလို အသက်ကြီးလာလို့  စဉ်းစားတာတွေ များနေတာနေမှာ။ ကိုယ့်သူငယ်ချင်းတော်တော်များများကတော့ အိမ်ထောင်ပြုလို့  ကလေးတွေတောင် မူကြိုတက်ကြတော့မယ်။ ကိုယ့်လို မစွံသူတွေလည်း ရှိသေးတယ် အားမငယ်ပါဘူး။ ကိုယ်နဲ့ ရွယ်တူ သူငယ်ချင်းကောင်လေးတွေက ကိုယ့်တို့ ကို အဘွားကြီးတွေတဲ့။ သူတို့ က ၁၈ နဲ့  ၂၅ ကိုမှ စိတ်ဝင်စားတာတဲ့။ အိမ်ထောင်ပြု ပု ၊ မပြုပြု စိတ်ချမ်းသာဖို့ က အဓိက။

ဖီလင် ၃၁ မှာ
စန္ဒရား၊ Cello ၊ စောင်း တီးလုံးသက်သက် သီချင်းတွေကို နှစ်သက်တယ်။
စိတ်ဖိစီးရင် ဗုဒ္ဓ Chantra သီချင်းတွေကို ဖွင့်ထားတတ်တယ်။
ဟတ်ပီးဘတ်ဒေး တစ်ပုဒ်ကိုပဲ ဂျီ၊ စီ၊ ဒီ ကီးနဲ့  ဂီတာတီးတတ်တယ်။

သစ်တောအုပ်ထဲ လမ်းလျှောက်တယ်။
တိမ်၊ ရေကန်၊ မြစ်ချောင်း၊ တောင်တွေကို နှစ်သက်တယ်။
ပန်းချီ၊ ပြတိုက်၊ ရှေးဟောင်းအဆောက်အဦး၊ စာကြည့်တိုက်တွေကို နှစ်သက်တယ်။
လျှော့ပင်းထက် ပြတိုက်တွေကို တစ်ယောက်တည်း တိုးရစ်တတ်တယ်။

ဓာတ်ပုံတဖျပ်ဖျပ် ရိုက်တယ်။
လေဒီရှူး ဟိုက်ဟီးဖိနပ်ထက် မန်မိုရီဖောင်းအပြေးဖိနပ်ကို ပိုကြိုက်လာတယ်။
လူတွေနဲ့ သိကျွှမ်းမိတ်ဖွဲ့  စကားပြောလာတယ်။
ခရီးသွားဖို့  နှစ်သက်တယ်။

ဘာသာစကားတွေ သင်ဖို့ စိတ်ဝင်စားတယ်။
စာအုပ်တစ်အုပ် ဆောင်တတ်တယ်။
ကျောပိုးအိတ်၊ စလွယ်သိုင်းအိတ် ကြိုက်တယ်။
ဆေးလိပ်မီးခိုးရှုမိရင် ချောင်းဆိုးတယ်။
ဝိုင်နီ ကြိုက်တယ်။
ဆံပင်တွေ ပိုဖြူလာတယ်။

Mom, Sister, Dad - Family Photo without my little brother & me
အားမနာတတ်ဘူး။
မဟုတ်မခံ အနိုင်ကျင့်မခံ။
ကွန်ပလိမ်းတယ်။
သူငယ်ချင်းဟောင်းတွေနဲ့  ဝေးလာတယ်လို့  ခံစားမိတယ်။
သူငယ်ချင်းတရုန်းရုန်းပေမဲ့ တစ်ယောက်တည်းသီးသန့်  နေတတ်တယ်။
အရင်လို ခံစားချက်အားလုံးကို ထုတ်မပြောတော့ဘဲ ရင်ထဲသိမ်းတတ်လာပြီ။

နက်ဖြန် နိုဝင်ဘာ ၂၄ က ကိုယ့် ၃၁ နှစ်ပြည့် မွေးနေ့ ။ အစကတော့ ဘုန်းကြီးကျောင်းကို နေ့ ဆွမ်းသွားကပ်မလားလို့ ။ ခုတော့ ချက်ပြုတ်ဖို့ ပျင်းလို့  သွားမလှုဖြစ်တော့ဘူး။ ဆူနမ်တို့ ကတော့ ဘာစီစဉ် ထားလဲမသိ။ မေ့များမေ့နေရော့သလား။ ဖေ့ဘွတ်မှာတော့ မွေးနေ့ ဆုတောင်းတွေ တက်နေလောက်ပြီ။ ဘလော့က သီးသန့် ဆန်ပြီး ကိုယ့်နေရာလေးလို့  ခံစားမိတယ်။ စာလာဖတ်သူတွေ မွေးနေ့ ဆုတောင်းတင် မဟုတ်ဘဲ ကို်ယ်ရေးတဲ့စာတွေမှာ ဘယ်လိုအကြောင်းအရာတွေ ကြိုက်တယ်၊ အကြံညဏ်ပေးစရာများရှိခဲ့ရင် ပေးခဲ့စေချင်ပါတယ်။ စာလာဖတ်သူတွေရဲ့  အသံတွေကို နားထောင်ချင်လို့  ၊ စကားလုံးတွေကို ဖတ်ချင်လို့ ။

စန်းထွန်း
နိုဝင်ဘာ ၂၃၊ ၂၀၁၄။

13 comments:

ဘုန်းဘုန်းတောက် said...

ဒါမျိုးလေးတွေဆို အရမ်းဖတ်လို့ကောင်းတယ် စန်းထွန်းရေ။ ချက်ဖို့ပြုပ်ဖို့ ပျင်းတာနဲ့ သွားမလှူဖြစ်တော့ဘူးလား စန်းထွန်းရယ်။ မိုက်ပါ့။ ဆိုင်က ၀ယ်ပြီး သွားကပ်လည်း ဖြစ်တာပဲ ဥစ္စာ။

ခေါင်းစဉ်လေးလည်း သဘောကျတယ်။ အဲဒီတိုင်းလေး ရေးချင်သေးတယ်။ ဟိုတစ်ခါတုန်းကလည်း စာရေးခြင်းဆိုတာလည်း ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်သေးတာ စန်းထွန်းရေ။

မပျင်းရအောင် ရန်ဖြစ်ဖြစ်ပေးတဲ့ မောင်မောင်။ ဟုတ်တယ် စန်းထွန်းရေ တစ်ခါတစ်လေ ရန်လေးဘာလေးဖြစ်ပေးမှ (အကြီးအကျယ်တော့မဟုတ်) ပျော်စရာကောင်းတာ။ နို့မို့ရင် ပျင်းစရာကြီးရယ်။

ကျန်းမာပျော်ရွှင်ပါစေနော့...

ညီလင်းသစ် said...

ဂျီ၊ စီ၊ ဒီ ကီးသုံးခု သိနေပြီဆို အတော်ဟုတ်နေပြီပဲ၊ သီချင်းတွေ အများကြီး တီးလို့ရနေပြီ ညီမစန်းထွန်းရဲ့…၊ ကိုယ်တိုင် တီးဆိုထားတဲ့ မွေးနေ့သီချင်းလေးလည်း နားထောင်သွားတယ်၊း)

စာစုတွေနဲ့ ပတ်သက်လို့ကတော့ အထွေအထူး အကြံပေးစရာ မရှိပါဘူးဗျာ၊ အားလုံးဖတ်လို့ ကောင်းတယ်၊ အခုအတိုင်း လွတ်လပ်ပေါ့ပါးစွာ ဆက်ရေးဖို့ပဲ ပြောချင်တယ်၊

၃၁ ဘုံမှာနေပြီး ၃၁ နှစ်ပြည့်သွားတဲ့ ညီမလေးတစ်ယောက် အခက်အခဲတိုင်းကို ကျော်လွှားနိုင်ပြီး ရဲရင့်အေးချမ်းတဲ့ စိတ်နှလုံးနဲ့ ကျန်းမာ၊ ပျော်ရွှင်ပါစေ-လို့ ဆုမွန်ခြွေလိုက်ပါတယ်ဗျား…။း)

Anonymous said...

Happy birthday san tun , with many love eicho

Khin Cho Lwin said...

Happy Birthday to you!

Nay Myo said...

Happy Birthday ...

Anonymous said...

စန်းထွန်းလေး...
စိတ်ခံစားချက်တွေ..
ခရီးသွားစာတွေ..
ဘ၀အတွေ့ အကြုံတွေ..
ကိုရေးတဲ့စာတွေရိုးရှင်းပေါ့ပါးစွာရေးတာနှစ်သက်တယ်။
ဒါပေမဲ့ပြောချင်တာကကိုယ့်စိတ်ကရေးချင်နေတာကိုရေးချမှပိုပြီးကျေနပ်မိမယ်ထင်တယ်။ စာဖတ်သူတွေက လူမျိုးစုံ၊ နောက်ခံမျိုးစုံ အားလုံးအကြိုက် သို့ မဟုတ် အများကြိုက် လိုက်ရေးရင်စန်းထွန်းပီသတော့မှာမှုတ်ဖူးထင်တယ်။
စီ ဒီ ဂျီ နဲ့ ကိုသီချင်းတွေအများကြီးတီးလို့ ရပါပြီ။
ကိုယ်အရင်ကလက်ချောင်းထိပ်တွေအသားမာတက်တဲ့ထိနေ့ တိုင်းတီးခဲ့တယ်။ အသက်ကြီးလာတော့မတီးဖြစ်တော့ဘူး။ သီချင်းတွေလည်းမမှတ်မိတော့ဘူး။
ကိုယ်မှတ်မိသလောက်ဆို ထီးစိုင်ရဲ့ နွေဥသြတို့ 
I love you more than I can say တို့ 
အဲဒီကီးလေးတွေနဲ့ တီးလို့ ရမယ်ထင်တယ်။ A တို့  C7 D7 G7 လေးတွေတော့နဲနဲပါမယ်ထင်တယ်။ သေချာတော့မမှတ်မိတော့ပါဘူး။ ကိုယ်လည်းလွယ်တာလေးတွေစတီးခဲ့တော့အဲဒီ သီချင်းတွေတီးခဲ့တာမှတ်မိနေတယ်။
ကိုယ်လေ ဂျပန်စာနဲ့ စကားလည်းသင်ခဲ့တယ်။ ဘာမှမသိတော့ဘူး။
အင်္ဂလိပ်စာနဲ့ စကားတောင်သုံးနေရလို့ မမေ့တာဖြစ်မယ်။
ကိုယ်ကဖဘကို သာလာယံဇရပ် လိုမျိုးထင်မိတယ်။ လူတွေက၀င်လိုက်ကြထွက်လိုက်ကြနဲ့ လေ။
ကဲ..ကြားချင်တာထက်မြင်ချင်တာထက်ကိုအရှည်ကြီးရေးလိုက်တယ်နော်။
မွေးနေ့ တင်မကနေ့ စဉ်ပျော်ရွှင်ပါစေ။
စိတ်ချမ်းသာပါစေ။
ဖိစီးမှုများကိုကျော်လွှားနိုင်ပါစေ။
ချစ်သောမမအိုင်အိုရာ



သက်ဝေ said...

Happy Belated Birthday ညီမလေး... ဆုတောင်းနောက်ကျသွားတာ ဆောရီးပါ...

စံပယ်ချို said...

ဖီလင် ၃၁ လေးဖတ်မိလို့ စိတ်ဝင်စားစရာတွေအများကြီးတွေ့လိုက်ရတ်စန်းထွန်းရေ
စန္ဒရား၊ သံစစ်စစ်ကိုကြိုက်တယ်...
ဘယ်အချိန်ဖြစ်ဖြစ်နားဝင်ချိုနေတယ်လို့လခံစားရတယ်....စိုးမြတ်သူဇာရေးတဲ့စာအုပ်တအုပ်ကဘာပြောထားလဲဆိုတော့.......အမိုးသမီးတယော်ရဲ့ အလှပဆုံးအချိန်ဟာ ၂၅နှစ်ကနေ ၃၅နှစ်အတွင်းတဲ့ ဆရာဝန်တယောက်ကလဲ အဲလိုရေးထားတာဖတ်ခဲ့ဖူးတယ်
အဲတာဆိုရင်စန်းထွန်းမာအချိန်တွေအများကြီးကျန်ပါသေးတယ်နော်......
ချစ်တဲ့ မဂျက်

San Htun said...

ဘုန်းဘုန်းတောက်း ဟုတ်သား ဆိုင်ကဝယ်ပြီး သွားကပ်လည်း ရသား
ကိုညီး အဲဒီတပုဒ်တောင် ကောင်းကောင်းမတီးတတ်သေးဘူး
EiCho, Khin Cho Lwin, Nay Myo : Thanks
မမအိုင်အိုရား အရှည်ကြီးမန့် လို့  ကျေးဇူးကမ္ဘာ
အစ်မသက်ဝေး နောက်မကျသေးဘူး စလုံးမှာ တနင်္ဂလာမနက်ပေမဲ့  ဒီမှာ တနင်္ဂနွေညပဲရှိသေးတယ် မွေးနေ့ အချိန်မှီပါတယ်..
မဂျက်း ဒါဆို နောက်ထပ် ၄ နှစ် ကျန်သေးတယ်..

Goldfish said...

Happy Belated Birthday ပါ မစန်းထွန်း..

အဆဆအရာရာ အဆင်ပြေပါစေ။

TTW

Thu said...

Happy Belated Birthdayပါအမစန်းထွန်းရေ
FBမှာတော့wishလုပ်လိုက်တယ်..
အမမွေးနေ့ကအသူနဲ့၃ရက်ပဲကွာတယ်။
အမဘလော့ဂ်မှာစာပဲဖတ်ဖြစ်ပြီးကွန့်မန့်တော့သိပ်မပေးဖြစ်ဘူး။အမရေးတာဘာတွေကြိုက်လဲဆိုရင် တောလားလေးတွေကြိုက်တယ်။မရောက်ဖူးတဲ့နေရာတွေမြင်ရတယ်။ကြည့်ရတယ်။ဖတ်ရတယ်။အဲ့တာကြောင့်မို့။

ဟန်ကြည် said...

အင်း...ကိုယ့်လူ မငယ်တော့ဘူး...အရင်ကလို စိတ်ထင်တိုင်း မကြဲနဲ့ စိတ်လျှော့စိတ်လျှော့...ကိုယ့်နောက်ပါမှာလေးတွေ လုပ်ဦး ( ခပ်တည်တည်နဲ့ တရားချလိုက်ဦးမယ်...ကိုယ်မလုပ်နိုင်တာတွေ သူများလုပ်ခိုင်းရတာ အရသာ အတော်ရှိသကိုး...း)

သုံးဆယ့်တစ်နှစ်
တွက်စစ်သေချာ
မင်္ဂလာပြည့်
ဤမွေးနေ့မှ
နေ့ပေါင်းကုဋေ
ကြာရှည်ငြိမ်းချမ်း
ပွင့်သောပန်းလို လန်းပါစေ...

ဟန်ကြည်
( ၂၅.၁၁.၂၀၁၃ )

San Htun said...

TTW : အစ်ကိုရေ ကျေးဇူးပါ ခင်ညား..
သူး တောလားတွေ ကြိုက်တယ်ဆိုလို့  နောင်တောတွေ လားဖြစ်ခဲ့ရင် တောလားတွေ ရေးပါဦးမယ်
ဆြာဟန်း သူကျ မလုပ်နိုင်ဘဲနဲ့  တူများကို လုပ်ခိုင်းတယ်း) ကဗျာလေးကြိုက်တယ်