အဆင်မပြေခြင်း...

အောက်တိုဘာလကုန်မှာ လေးအော့ဖ်တော့ အိမ်ရှင်ကို တစ်လနို့တစ်ပေးပြီး  အိမ်လခသက်သာအောင် ဒီဇင်ဘာလ ၁ မှာ ဆူနမ်တို့ဆီ ပြောင်းမယ်လို့ စိတ်ကူးထားတယ်။ ဒီဇင်ဘာ ၁၂ မှာ တိုက်ခန်း ကွန်းထရပ်ကုန်မှာမို့ သူတို့လည်း အဲဒီမှာ ဆက်နေရမလား၊ ဘယ်ကိုပြောင်းရမှန်း မသိ။ ဒီဇင်ဘာ ၁၅  ပြောင်းလာရင် အကောင်းဆုံးတဲ့။ အိမ်ရှင်ကို ပြောတော့ အိုကေ သူလည်း အလုပ်သစ်မှာ ဘီးစီးနေလို့ အခန်းကို မကြေငြာရသေး၊ မငှားရသေးဘူးတဲ့။ ဆူနမ်က တစ်ခုလောက် မေးပါရစေ နင် ငါတို့အုပ်စုထဲမှာ လစာအကောင်းဆုံး၊ အိမ်ကို ထောက်ပံ့စရာလည်း မလို၊ ပိုက်ဆံတွေ ဘယ်ရောက်သွားလဲတဲ့။

အမ်းထရူး တန်နက်စီပြည်နယ်မှာ အလုပ်ရပြီး မကြာမှီ ကိုယ်လည်း ကန်တက်ကီပြည်နယ်မှာ အလုပ်ရတယ်။ ဇန်နဝါရီ ကိုယ် လေးအော့ဖ်ထိတော့ မရှေးမနှောင်း နောက်တစ်ပတ် အမ်းထရူးလည်း ကွန်းထရပ်ကုန်လို့ ဆူနမ်တို့ဆီ ရောက်လာတယ်။ ကိုယ်ကတော့ တစ်လလောက်ကြာမှ ဆူနမ်တို့ဆီ ရောက်လာတယ်။ ရာမားတို့ရုံးမှာ အမ်းထရူး အလုပ်ရပြီး မကြာမှီ ကိုယ်လည်း ဒီစီမှာ အလုပ်ရတယ်။ အမ်းထရူးနဲ့ကိုယ်က အခြေအနေတူတာတောင် လစာနည်းတဲ့ အမ်းထရူးက အလုပ်ရှာနေချိန်မှာ ကျောင်းလခတွေ ပေးနိုင်တယ်။ လစာအများဆုံးဆိုတဲ့ ကိုယ်ကတော့ မပေးနိုင်ဘူး။


ဆူနမ် အမ်းထရူးနဲ့ ငါ့ကို လာမယှဉ်နဲ့။ သူက တန်နက်စီမှာ ကားမရှိဘူး။ ငါ့ကား ပိုက်ဆံဘယ်လောက်စားလဲ နင်အသိ။ ဝင်ငွေကောင်းသလို ထွက်ငွေလည်း ကောင်းတယ်။ နင့်အဖေ နှလုံးသွေးကြောကျဉ်းလို့ ဘန်ကောက်မှာ သွေးကြောထဲပိုက်ထည့် ခွဲစိတ်တုန်းကတစ်ခါ အိမ်ပို့တယ်လို့ပဲ ကြားလိုက်တယ်။ နင် အဝတ်အစားလည်း သိပ်မဝယ်ဘူး။ အစားအသောက်လည်း အပြင်မှာ စားတယ်ဆိုပေမဲ့ နင် ဘယ်လောက်စားနိုင်မှာလဲ။ အဲ...ဒီစီကို သွားလည်တာတော့ ကုန်မယ် ဒါပေမဲ့လည်း အဲဒီလောက် မကုန်ပါဘူး။ ခုလို အလုပ်ပြတ်ရင် ကပ်နေမဲ့ ငါတို့ရှိလို့ တော်သေးတယ်။ ငါတို့မရှိရင် နင် ဘယ်လိုလုပ်မလဲ။ နင့်အစ်မဆီက တောင်းသုံးမှာလား။ အလုပ်ပြုတ်တိုင်း အစ်မဆီက တောင်းသုံးနေရင် နင် ဘယ်တော့ရင့်ကျက်သူ ဖြစ်မှာလဲ။

ငါ့စကားတွေ လွန်သွားကောင်း လွန်သွားလိမ့်မယ် (တော်တော်လွန်တာ)။ ဒါပေမဲ့ မသိတဲ့သူငယ်ချင်းကို သိအာင်၊ သဘောပေါက်အောင် ပြောဖို့တာဝန် သူငယ်ချင်းဖြစ်တဲ့ငါ့မှာ ရှိတယ်။ နောင်ကို ပိုက်ဆံမသုံးဘဲ စုသင့်တယ်လို့ သိအောင် ပြောချင်တာ။ နင် မကြိုက်ရင် ငါ ဘယ်တော့မှ မပြောတော့ဘူး။ တက္ကသိုလ်တက်တုန်းက အဆောင်တူ၊ သူထွက်တဲ့ အလုပ်ကို ငါတို့ကို သွင်းပေး၊ သူ ယူအက်စ်ကို ကျောင်းလာတက်တော့လည်း သူ့နောက် ငါတို့လိုက်လာ၊ သွေးမတော်သားမစပ်ပေမဲ့ အစ်မတစ်ယောက်လို ငါ့အပေါ် အရမ်းကောင်းတဲ့ အက်စ်စမီတာမန်ချေး၊ တက္ကသိုလ်အတူတူတက်၊ ကုမ္ဗဏီတစ်ခုတည်း အလုပ်လုပ်၊ ယူအက်စ်မှာ ကျောင်းလာတက်တော့လည်း အတူတူ၊ ခုလည်း အတူတူ ငါ့ဘေးနားရှိတဲ့ ရာမားတို့ ရှိတာတောင် ငါ ပိုက်ဆံစုတယ်။ နင့်သိတဲ့အတိုင်း ဖိလစ်ပိုင်မှာ ကျောင်းတက်နေတဲ့ ငါ့သူငယ်ချင်းကို ထောက်ပံ့တယ်၊ အိမ်ကိုလည်း ထောက်ပံ့တယ်။ ငါတို့အုပ်စုထဲမှာ ငါ လစာအနည်းဆုံးနော်။


ခုလည်း အိတ်ချ်ဝမ်းဘီက ဘာသံမှမကြားရလို့ နှစ်ဘာသာထပ်ယူပြီး စီပီတီတစ်နှစ် ထပ်တိုးရတယ်။ ကျောင်းက နှစ်ဘာသာကို တပြိုင်တည်း တက်ခိုင်းတယ်။ ပြီးတော့ တစ်ဘာသာ ၁၆၀၀ နဲ့ နှစ်ဘာသာဖိုး ၃၂၀၀ ကို တစ်ခါတည်း ပေးရတယ်။ နင့်တုန်းက အလုပ်ပြုတ်ထားတော့ ချက်ချင်းမပေးရဘဲ ခွဲပေးရတာ။ ဇွန်လ ငါ နေမကောင်း တစ်ပတ်ဖြစ်တာ ဆရာဝန်က ကျောက်ကပ်မကောင်းဘူးထင်လို့ သွေးစစ်ရတုန်းက နင်တို့တွေ အပြင်မှာ ထိုင်စောင့်နေတာ မှတ်မိလား။ ၂၀၀၀ ကျော် ကုန်တာကို ကျန်းမာရေးအာမခံက ကာဗာမဖြစ်လို့ ငါ ခုပေးရတယ်။ ဒီလမှာ  ၅၀၀၀ ကျော် ပေးရတယ်။ ငါ့လို အခြေအနေမျိုးဆို နင် ဘယ်လိုပေးမလဲ။ ကြိုတင်မတွေးထားတဲ့ ပိုက်ဆံကုန်ပေါက်တွေ ရှိတယ်။

စီနီယာ ဗီယက်နမ်မလေး Nga ဆိုရင် အိတ်ချ်ဝမ်းဘီရတာ မပြောင်းလို့ ခု ရှေ့နေတွေခေါ်ပြီး ဖြေရှင်းရတာ ပိုက်ဆံအတော်ကုန်သွားတယ်။ ကျောင်းလခအကြွေးတွေ အပြီးဆပ်၊ ဘာသာရပ်တွေ အကုန်သင်ပြီးလို့ သတ်မှတ်ထားတဲ့ဂရိတ် ရနေမှ အက်ဖ်ဝမ်း (ကျောင်းသား) ဗီဇာကနေ အိတ်ချ်ဝမ်းဘီ (အလုပ်) ဗီဇာ ပြောင်းလို့ရတယ်။ သူ့အခြေအနေမျိုး  ကြံုလာရင် နင် ဘယ်လိုလုပ်မလဲ။ ပိုက်ဆံစု မသုံးနဲ့။


သူပြောတာတွေ အမှန်ဆိုတော့ အိုကေကလွဲလို့ကိုယ်ဘာမှ ပြန်မပြောနိုင်ဘူး။ ကိုယ့်ကို ကောင်းစေချင်လို့ ပြောပေမဲ့ ကိုယ့်မာနကို ထိတယ်နဲ့ တူပါရဲ့။ နားရွက်တွေ ပူလာတယ် ခန္ဓကိုယ်လည်း အပူငွေ့တွေ တရှိန်းရှိန်း ခံစားရတယ်။ ကိုယ်ဟာ မေ့ပျောက်လွယ်သူ အမှတ်ကြီးသူတစ်ယောက်တော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီစကားတွေကိုတော့ မေ့မယ်မထင်ဘူး။ ကိုယ်ဟာ ပိုက်ဆံတွေ သုံးဖြုန်းနေသူမဟုတ်ပေမဲ့ ပိုက်ဆံတွေ ဘယ်လိုကုန်သွားမှန်း မသိဘူး။ မိဘက ပံ့ပိုးဖြည့်ဆည်းပေးနိုင်လို့ လိုချင်တာတွေ အလွယ်တကူ ရခဲ့တာဆိုတော့ တအားတော့ မခြွေတာဘူး။

ကိုယ့်သူငယ်ချင်းတစ်ယောက်ဆိုရင် အတော်‌ချွှေတာတယ်။ အန်ယူအက်စ် NUS မှာ ကျောင်းတက်ဖို့ သူ့မိဘတွေက တိုက်ခန်းကို သိန်းတစ်ရာကျော်နဲ့ ရောင်းလိုက်တယ်။ ကျောင်းပြီးတဲ့အချိန် အဲဒီတိုက်ခန်း သိန်းသုံးရာကျော်သွားတယ်။ သူ့ရည်မှန်းချက်အတိုင်း တိုက်ခန်းတန်ဖိုး သိန်းသုံးရာကို သုံးနှစ်အတွင်း ပြန်ပို့နိုင်တယ်။ တော်ပေစွ ကိုယ်နဲ့များ ကွာတယ်။ အင်း သိပ်မသုံးတော့ဘူး လိုချင်တာတွေ၊ စားချင်တာတွေ၊ သွားချင်တာတွေ လျှော့ပြီး ပိုက်ဆံစုဦးမှ။


အန်ယူအက်စ် NUS က စင်္ကာပူရဲ့ အကောင်းဆုံးတက္ကသိုလ်တစ်ခုမှာ ပါသလို ကမ္ဘာ့အဆင့် ၂၆ ။ ဝင်ခွင့်ခက်သလို စာသင်တာလည်း တကယ်ကောင်းတယ်။ ကျောင်းပြီးရင် အလုပ်ရဖို့ သေချာတယ်။ အစိုးရကျောင်းဖြစ်လို့ ဘွဲ့အရင်ယူ ကျောင်းအကြွေးကို အတိုးနှုန်း သက်သက်သာသာနဲ့ အေးအေးဆေးဆေး ဆပ်။ ကျောင်းတောင်မပြီးသေးဘူး အစိုးရက ပီအာအော်ဖာလက်တာ PR Offer Letter ပေးတယ်။ ကျောင်းသားဗီဇာကုန်သွားလို့မှ အလုပ်မရသေးရင် အလည်အပတ်ဗီဇာ ထုတ်ပေးတယ်။ ၂ ၊ ၃ လ အတွင်းမှ အလုပ်မရသေးရင် အီးပီအီးစီ EPEC လို့ခေါ်တဲ့ long term နေထိုင်ခွင့်လျှောက်ပြီး အေးအေးဆေးဆေး အလုပ်လျှောက်လို့ရတယ်။

ကိုယ် တစက်ကလေးမှ မကြိုက်တဲ့ အမ်ယူအမ် MUM က Private School ။ ဘာသာရပ်တွေ အကုန်သင်ပြီးလို့ သတ်မှတ်ထားတဲ့ဂရိတ်ရ၊ ကျောင်းအကြွေးတွေ ဆပ်ပြီးမှ ဘွဲ့ယူလို့ရတယ်။ ယူအက်စ်ကျောင်းတွေ ထုံးစံအတိုင်း ကျောင်းလခများသလို အတိုးနှုန်းက ၉  ရာခိုင်နှုန်း အရမ်းများတယ်။ အလုပ်ကံကောင်းသူတွေက်တော့ တစ်ခါတည်း အိတ်ချ်ဝမ်းဘီရပေမဲ့ ကိုယ်တို့လို ကံမကောင်းတဲ့သူတွေကတော့ စီပီတီတစ်နှစ်ထပ်တိုး၊ ကျောင်းအကြွေးတွေထပ်တိုး၊ ကျောင်းတွေဆက်တက်။ ယူအက်စ်ကိုလာတာ ကျောင်းကိုလုပ်ကျွှေးဖို့ လာသလိုပဲ။ တကယ်လို့များ ပါရဂူဆက်တက်မယ်ဆိုရင် ဒီကျောင်းက မာစတာကို အသိအမှတ် မပြုဘူး ကွာလတီနိမ့်တယ်။ အလုပ်အတွေ့အကြုံရှိတဲ့ အင်တာနေရှင်နယ်ကျောင်းသားတွေခေါ် ကျောင်းမှာတစ်နှစ်တက်ခိုင်း။ ပြီးရင် အလုပ်လုပ်၊ အဝေးသင်တက်၊ ကျောင်းလခတွေဆပ်ခိုင်းတဲ့ ရိုက်စားကျောင်း။


ကျောင်းလခတွေ အများကြီးကုန်၊ ၃ နှစ်လောက် အချိန်ပေးပြီးမှ ဒီဘွဲ့ကြီးက သုံးစားလို့မရဘူးဆိုရင် အတော်စိတ်မကောင်းစရာဘဲ။ ဘွဲ့ကို ဂရုမစိုက်ဘူး ယူအက်စ်မှာ အတွေ့အကြုံရရင်တော်ပြီ ဆိုရင်တော့ တစ်မျိုး။ ဒီကျောင်းက ဘာသာရေးကျောင်းဆန်တယ်။ သက်သက်လွှတ် အော်ဂင်းနစ်အစားအစာ ကျွှေးတယ် ။ ကိုယ်စားဖူးသမျှထဲမှာ အဆိုးရွားဆုံးအစားအစာ။ ဘာစားစား စားကောင်း၊ ဘယ်တော့မှ မပိန်တဲ့ကိုယ် ဒီကျောင်းရောက်မှ လေးပေါင်ကျတယ်။ တစ်နေ့နှစ်ကြိမ် မဖြစ်မနေ တရားထိုင်ရတယ်။ ကျောင်းတည်ထောင်သူ မဟာရီချီယောဂီကို ဘုရားလို ကိုးကွယ်တယ်။ သူတီထွင်တဲ့ တီအမ်လို့ခေါ်တဲ့ တရားထိုင်နည်းကို မကြိုက်ပုံပြရင် မကြိုက်ဘူး။ ကျောင်းသားတွေက Close your eyes. Do you feel quietness and see how the thoughts come simutaneously. Simple and easy. It is how we mediate. လို့ ပြောင်ကြတယ်။ ဟန်မဆောင်တတ်တဲ့ကိုယ် သူတို့ရှေ့မှာ တီအမ်ကို ကြိုက်ဟန်ဆောင်တတ်သွားတယ်။

နေ့လည်ဖက် အဝတ်လျှော်စက်ထဲ အဝတ်ထည့်ပြီး ညနေစောင်း ပြန်လာတော့ တွေ့လိုက်ရတာက လား...လား အဝတ်တွေ ရေစိမ်ထားသလို။ အိမ်ရှင်ကိုခေါ်ပြတော့ ရေထပ်ထည့် ညှစ်ခိုင်းတော့လည်း မညှစ်။ Comforter က လေးလို့နဲ့တူပါရဲ့ ဆွဲထုတ် ထပ်လျှော်။ နာရီဝက်လောက်အကြာ ဆင်းကြည့်တော့လည်း ရေကလျှော့မသွား။ အိမ်ရှင်က သူလည်း မသိတော့ဘူး တတ်သိနားလည်တဲ့သူကို ခေါ်ရမယ်တဲ့။ အဝတ်တွေကို ရေစိမ်ထားသလိုဖြစ်လို့ မဖြစ်ချေဘူးဆိုပြီး လက်နဲ့ညှစ် အခြောက်ခံစက်ထဲထည့်။ ၁ နာရီ အပူပေးပေမဲ့လည်း မခြောက်တော့ ချိတ်မှာလှန်း။ Comforter ကို ရေချိုးကြွေဇလုံထဲထည့် ကိုရီးယားကားထဲကလို ခြေထောက်နဲ့နင်းလျှော်။ အခြောက်ခံစက်ထဲထည့် ၁ နာရီ အပူပေး ရေချိုးခန်းထဲမှာ ဖြန့်လှန်း။ အောက်ထပ် အဝတ်လျှော်စက်ထဲက ရေတွေကို ပလတ်စတစ် စောက်နက်နက်ခွက်ကလေးနဲ့ခပ်။ ပလတ်စတစ်ဇလုံကြီးထဲထည့် အပေါ်ထပ်က မျက်နှာသစ်ခွက်ထဲလောင်းထည့်။ အောင်မလေး ပင်ပန်းလိုက်တာ။


အဝတ်လျှောက်စက် ငါ့ကြောင့် ပျက်သွားရင်တော့ ကုန်ပေါက်။ အလုပ်ပြုတ်လို့ ပိုက်ဆံမရှိပါဘူးဆိုမှ။ အရင်နှစ်ပတ် လျှော်တုန်းက အကောင်း။ နောက်နေ့ ညနေစောင်း အိမ်ရှင်ကို မေးကြည့်တော့ အိုကေသွားပြီ သူ ဂူဂယ်မှာ ရှာကြည့်တာတဲ့။ ဘာကြောင့်လဲဆိုတော့ အဖုံးက သေချာမဖုံးတော့ ရေတွေ မညှစ်ထုတ်တာတဲ့။ အဖုံးနားက အပေါက်လေးကို တုတ်ကလေးနဲ့ ထိုးလိုက်တော့ ရေတွေထွက်သွားလေရဲ့။ ဟူး... တော်ပါသေးရဲ့ ဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူး ပိုက်ဆံကုန်ပေါက်လို့ တွေးနေတာ။ စက်ပဲ ဖြစ်တတ်ပါတယ် အဝတ်လျှော်စက်က ၄၀၀ ကျော်ကျတယ်။ အသစ်ထပ်ဝယ်ရရင် မလွယ်ဘူးလို့ ငါလည်း တွေးနေတာတဲ့။ အဆင်မပြေချင်ရင် ဘာမဟုတ်တာလေးတောင် အဆင်မပြေပါလားနော်။

နိုဝင်ဘာလကုန်ရင် ကန်တက်ကီကားမှတ်ပုံတင် ကုန်ပြီ။ မေရီလန်းမှာ မှတ်ပုံတင်ဖို့ သွားအင်စပတ်တာ မအောင်ဘူး။ တစ်ထောင်နီးပါးလောက် အကုန်ခံပြီး ပြင်ရင်တော့ အင်စပတ်အောင်မယ်။ အင်စပတ်အောင်ပြီးရင် အီမစ်ရှင်း (လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ် လွှင့်ခြင်း) စစ်တယ်။ ရာမားကားက အင်စပတ်အောင်ပြီး အီမစ်ရှင်းမှာကျလို့ ပြင်ရတာ။ ဆူနမ်တို့က ပြင်မနေနဲ့တော့ ရောင်းလိုက်တော့တဲ့။ မမီးမီး အဆက်အသွယ်နဲ့ မြန်မာသံရုံးကလူတွေ ကားလာကြည့်တာ အင်ဂျင်ချက်ဆိုင်းရှိလို့ မဝယ်ဘူးတဲ့။ အင်ဂျင်ချက်ဆိုင်းရှိနေတာ အင်ဂျင်မကောင်းလို့ ဝယ်တုန်းက နင်မသိဘူးလားတဲ့။ ဝယ်တုန်းက ဘာကား၊ ဘာအရောင်၊ ဘာပုံစံမှန်းတောင် မသိဘူး။ ပို့လိုက်ဆိုပြီး ရှစ်ပင်းနဲ့ ရောက်လာတာပဲ။


ဒီလာဆီမှာ သွားရောင်းတာ ၁၉၉၈ မိုင် တစ်သိန်းငါးသောင်း ဆိုတော့ တော်တော်အိုနေပြီ သူတို့ မဝယ်ဘူးတဲ့။ အန်ကယ်ကြီးတစ်ယောက်က အကြံပေးတယ် ကားမတ်မှာသွားရောင်းတဲ့။ ကားမတ်ကတော့ ဝယ်တယ်။ အင်ဂျင်ချက်ဆိုင်းရှိလို့ သုံးရာ ပေးမယ်တဲ့။ ကားက ၄၅၀၀၊ ပို့ခ ၃၀၀၊ ကားပြင်တာ ၁၅၀၀။ ၆၀၀၀ ကျော် ကုန်တဲ့ကားကို ၃၀၀ ပဲ ပေးမယ်တဲ့။ သူမှ မဝယ်ရင်လည်း ဘယ်သူမှဝယ်မှာ မဟုတ်လို့ ရောင်းရမှာပဲလေ။ ကန်တက်ကီမှာ ရောင်းခဲ့ရင် အကောင်းသား ၆၀၀ ပေးမယ်တဲ့။ ကျောင်းမှာတုန်းက ၈၀၀ တန်ကားကို သူငယ်ချင်းအရင်းကြီးဖြစ်လို့ ၂၀၀ လျှော့ပေးတဲ့ ၆၀၀ တန်ကား။ ဒီလာမှာ သွားရောင်းတာ ၂၀၀ ပဲပေးမယ်ဆိုလို့ အဲဒီနေ့က ထမင်းမစားနိုင် ဖြစ်သွားတယ်။ နောက်တော့ ဂျူနီယာအီဂျစ်မလေးအာရပ်ကို ၆၀၀ နဲ့ ရောင်းလိုက်တယ်။ မခိုင်က သူ့ဆီကိုမောင်းလာခဲ့ သူတို့ဆီမှာ တစ်ထောင်လောက် ရမယ်တဲ့။ ဒီကားနဲ့ ဟိုင်းဝေးထွက်ဖို့ မီးမီးကြောက်ကြောက်။ ရှစ်ပင်းနဲ့ပို့ရင် ပို့ခက ၈၀၀။ တော်ပါပြီ ၃၀၀ နဲ့ပဲ ရောင်းပါတော့မယ်။

ဒီနေ့ နှင်းမိုးရွာလို့ အေးတယ်။ ကားမရောင်းခင် ဆူနမ်တို့အိမ်နားက ကိုရီးယား၊ ဂျပန်ဆိုင်မှာ နေ့လည်စာစားမယ် လိုက်မလားဆိုတော့ ဆူနမ်က သူလည်းလိုက်မယ်တဲ့။ ဆူနမ်က ဆူရှီနည်းနည်း စားလာပြီ ရာမားကတော့ လုံးဝမစားသေးဘူး။ ဂျီတော့ကနေ ရန်ဖြစ်ထားသူနှစ်ယောက် တွေ့တော့လည်း ဟေးလားဝါးလားနဲ့ ရန်မဖြစ်ထားတဲ့အတိုင်း။ ကိုယ့်မွေးနေ့ကို မေ့နေကြတဲ့ ကိုယ့်ရဲ့သူငယ်ချင်းကောင်းတွေက မွေးနေ့လက်ဆောင်အဖြစ် ချက် (check - US, cheque - UK) ပေးတယ်။ မိုင်းဖန်ကို မင်္ဂလာလက်ဖွဲ့ ဘာပေးရမှန်းမသိတော့ ကိုယ်က ချက်ပေးတာ အကောင်းဆုံး၊ သူကြိုက်တာ သူ့ဘာသာဝယ်လို့ရတယ်ဆိုတော့ ဒင်းတို့က ချက်ပေးတာ ပိုက်ဆံနဲ့တန်ဖိုးဖြတ်သလို၊ အလေးမထားရာရောက်တယ်၊ မေစီကဒ်၊ ဗီဇာကဒ် ဝယ်ပေးသင့်လေးပါလေးနဲ့။ ခုတော့ မွေးနေ့လက်ဆောင် ဘာဝယ်ပေးရမှန်းမသိ၊ ငါတို့ဝယ်ပေးတာကိုလည်း ဂျီးများတဲ့နင်က ကြိုက်မှာမဟုတ်၊ ကွန်ပလိမ်းမှာမို့ နင်ပြောသလို အကောင်းဆုံးဆိုတဲ့ ချက်ပေးတာတဲ့။ ငနာလေးတွေ ဒင်းတို့သုံးကောင်ကို အမြင်ကတ်တယ် ဟွန့် း( ။

Union Station, Washington, DC

နင် ငါ့ကိုပဲ ကွန်ပလိမ်းတယ် အမ်းထရူးနဲ့ရာမားကိုကျတော့ မကွန်ပလိမ်းဘူး။ အေး ရှေ့အပတ်တွေ့ရင် ဒင်းတို့ကို ကွန်ပလိမ်းမယ်။ စန်း ကားလာနေတယ် ဘေးကပ်လျှောက် နိုး အဲဒီကားကို ငါ တိုက်ပစ်လိုက်မယ်။ အဲဒီလို ကွန်ပလိမ်းတတ် ဂွတိုက်တတ်တဲ့ ကိုယ့်ကိုသူငယ်ချင်းတော်ရတဲ့ သူတို့ခမျာလည်း မစားသာ။ ကန်တက်ကီတိုင်တယ် (Title ပိုင်ရှင်အမည်ပေါက်စာချုပ်) ကို နားမလည်လို့ ကားမတ်က ကောင်မလေးက ကန်တက်ကီကို ဖုန်းဆက်မေးရတယ်။ ကားရောင်းပြီးရင် မေရီလန်းမှာတော့ လိုင်စင်ပလိတ်ပြားပဲ ပြန်ပေးရပေမဲ့ ကန်တက်ကီမှာတော့ လိုင်စင်ပလိတ်ပြားရယ်၊ အရောင်းအဝယ် သဘောတူစာချုပ်ရယ် ပြန်ပို့ရတယ်။ အဲဒီကောင်မလေးကတော့ ထူးဆန်းထွေပြားပါဘိ ကန်တက်ကီရယ်လို့ သြချသွားတယ်။

အနီရောင်လိုင်း ရှယ်ဒီဂရုဘူတာကနေ ယူနီယမ်စတေရှင်းမှာဆင်းပြီး ဒီစီဗဟိုစာတိုက်ကြီးကနေ ကန်တက်ကီလိုင်စင်ပလိတ်ပြား ပြန်ပို့တယ်။ ကယ်ပီတယ် အမိုးခုံးဖြူဖြူလေးကိုမြင်တော့ အဲဒီတဝိုက်က ပြတိုက်၊ ပန်းခြံတွေမှာ ခြေရာချင်းထပ်အောင် လည်ပတ်ခဲ့တာတွေ သတိရတယ်။ ကိုယ်သိပ်သဘောကျနှစ်သက်တဲ့ နေရာတွေ၊ ကိုယ်ချစ်တဲ့သူတွေနဲ့ ခွဲရဦးမှာလား။ ဘယ်တော့များမှ ပြန်တွေ့မယ်မှန်း မသိ။ ခွဲခွာရမှာမို့ ဝမ်းနည်းမူတွေ၊ နေရာအသစ်ကို ပြောင်းရွှေ့ရမှာမို့ စိုးထိတ်ကြောက်ရွှံ့မူတွေ၊ သူတို့သုံးကောင်နဲ့ အရင်လိုခရီးမထွက်နိုင်တော့မှာမို့ စိတ်မကောင်းမူတွေ။

Union Station, Washington, DC

နှင်းလို့မပီပြင်တဲ့ မိုးပေါက်တွေကို ငေးကြည့်ရင်း  ဒီနှစ်ရဲ့ ပထမဆုံးကျတဲ့နှင်းနဲ့ ဓာတ်ပုံရိုက်မယ်လို့ စိတ်ကူးထားတာကို သတိရမိတယ်။ နေပါဦး ခုဟာက နှင်းလား၊ မိုးလား။ ဂိတ်ဆုံး Glemont ဘူတာကနေ ဘတ်စ်ကားစီးတော့ တစ်မှတ်တိုင် စောဆင်းမိလို့ လမ်းလျှောက်ရတာ အေးလိုက်ပါဘိ။ ဟီတာလေးနဲ့ နွေးနွေးထွေးထွေး၊ သွားချင်ရင် လှစ်ခနဲထသွားလို့ရတဲ့ အဆင်ပြေမူလေးကို သတိရမိတယ်။ သြော် ဆာလောင်ငတ်မွတ်နေတဲ့သူတွေ၊ အိပ်စက်ဖို့ လုံခြုံနွေးထွေးတဲ့ နေရာမရှိသူတွေ သူတို့နဲ့ ယှဉ်လိုက်ရင် ကိုယ့်အဆင်မပြေမူတွေ စာမဖွဲ့လောက်ပါလား။

ပျော်ရွှင်သော ကျေးဇူးတော်နေ့ ပိတ်ရက်လေး ဖြစ်ပါစေ။
Happy Thanksgiving! Happy Holidays !

စန်းထွန်း
နိုဝင်ဘာ ၂၇၊ ၂၀၁၃။

ဖီလင် ၃၁...

ငယ်ငယ်တုန်းက အသက် ၃၀ ကျော် အစ်မတွေကို တော်တော်ကြီးလှပြီထင်တာ ဟော ကိုယ့်အလှည့်လည်းရောက်ရော အသက် ၃၀ ဆိုတာ ခဏလေးပါလား။ အသက် ၃၀ ကျော်လာတာနဲ့ လည်ပင်းမှာ အရစ်တွေ ပေါ်လာတယ်။ မေးစေ့တွေ တွဲလာလို့ မေးစေ့ပင့်တင်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ဖို့လိုလာတယ်။ မျက်ရစ်တွေတွန့်လို့ eye cream သုံးဖို့လိုလာတယ်။ ဓာတ်ပုံတွေ ယှဉ်ကြည့်ရင် အတော်သိတယ်။ ခန္ဓာကိုယ်ကြံ့ခိုင်မှုကလည်း သိသာတယ်။ အိပ်ရေးပျက်လို့ ပင်ပန်းရင် အားပြန်ပြည့်ဖို့ အချိန်ယူတယ်။ အရင်တုန်းကဆို ကျောချတာနဲ့ အိပ်ပျော်တယ်။ ယူအက်စ်ရောက်ကတည်းက အိပ်မပျော်တဲ့ညတွေ များလာတယ်။ အသက်ကြီးလာတာနဲ့အမျှ အားကစားမှန်မှန်လုပ်၊ အစားအသောက်၊ အလှပြင်ပစ္စည်းတွေနဲ့ ဘယ်လောက်ထိန်းထိန်း ငယ်ငယ်ကလို မလှနိုင်တော့ဘူး။

အလုပ်မလုပ်ဘဲနေရရင် သိပ်ကောင်းမှာပဲလို့ တခါတလေ တွေးမိတယ်။ စိတ်ဖိစီးပေမဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ၊ အခက်အခဲတွေ ဖြေရှင်းနိုင်လို့ ကျေနပ်ဝမ်းမြောက်မှုတွေကို အလုပ်ဆီကပဲ ရနိုင်တာပါ။ ကိုယ်ဝါသနာပါတဲ့အလုပ်ကို လုပ်နေရရင် ဘဝအဓိပ္ဗာယ် ရှိနေတာပါပဲ။ အသက် ၃၀ ကျော်နေပြီ ခုထိ ကျောင်းတက်တုန်းပဲလားဆိုတဲ့ ဦးလေးတစ်ယောက်စကားကို သတိရမိတယ်။ ကျောင်းတက်တယ်ဆိုတာ စိတ်ဖိစီးပင်ပန်းပါဘိ ဘယ်သူက တက်ချင်ပါ့မလဲ။ ဒီနိုင်ငံကဘွဲ့ရမှ လစာပိုကောင်းလို့၊ ရထားတဲ့ဘွဲ့က အလုပ်ရှားလို့ အလုပ်အကိုင်ပေါတဲ့ အသက်မွေးဝမ်းကြောင်းကို ပြောင်းချင်လို့၊ ဒီနိုင်ငံကို လာချင်လို့၊ အလုပ်အတွက် လိုအပ်လို့၊ ပျင်းလို့တခုခုသင်ရင် ကောင်းမလားလို့ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ သင်ယူကြတယ်။ Studying is never too old and late.

အလုပ်တစ်ခု၊ နေရာတစ်ခုမှာ အခြေကျလို့ နှစ်ပေါက်လာရင် ပျင်းရိငြီးငွေ့လာပါတယ်။ ရုပ်ရှင်ကြည့်၊ စာအုပ်ဖတ်လို့ အပျင်းပြေပေမဲ့ တချိန်လုံး မလုပ်ချင်ပြန်ဘူး။ ဘာသာစကားတစ်ခုခု၊ အနုပညာပစ္စည်းတစ်ခု တီးတတ်အောင် သင်ယူခြင်းဟာ စိတ်ဝင်စားဖို့ ကောင်းတယ်။ မိတ်ဆွေ၊ သူငယ်ချင်းအသစ်တွေနဲ့ သိကျွှမ်းရပြီး သူတို့ဖြတ်သန်းကြီးပြင်းခဲ့တဲ့ ငယ်ဘဝ၊ အတွေ့အကြုံ၊ အတွေးအခေါ်တွေ သိရတာ စိတ်ဝင်စားဖို  ကောင်းတယ်။ မရောက်ဖူးသေးတဲ့ နေရာတွေကို ခရီးသွားရတာလည်း စိတ်ဝင်စားဖို့ ကောင်းတယ်။ သစ်တောအုပ်လေးထဲ လမ်းလျှောက်ပြီး ရာသီအလိုက် သစ်ပင်တွေ ပြောင်းလဲပုံတွေ မြင်တွေ့ရတာ စိတ်ဝင်စားဖို့ကောင်းတယ်။ ဓာတ်ပုံကောင်းလေး တစ်ပုံရဖို့ ဟိုရိုက်ဒီရိုက် တွေ့မြင်သမျှ ရိုက်တာလည်း စိတ်ဝင်စားဖို့ကောင်းတယ်။

credit to Aunty Tint's Facebook BD wish

တိမ်၊ ရေကန်၊ မြစ်ချောင်း၊ တောင်တွေကို နှစ်သက်တယ်။
ပန်းချီ၊ ပြတိုက်၊ ရှေးဟောင်းအဆောက်အဦး၊ စာကြည့်တိုက်တွေကို နှစ်သက်တယ်။
လျှော့ပင်းထက် ပြတိုက်တွေကို တစ်ယောက်တည်း တိုးရစ်တတ်တယ်။

ဓာတ်ပုံတဖျပ်ဖျပ် ရိုက်တယ်။
လေဒီရှူး ဟိုက်ဟီးဖိနပ်ထက် မန်မိုရီဖောင်းအပြေးဖိနပ်ကို ပိုကြိ ုက်လာတယ်။
လူတွေနဲ့သိကျွှမ်းမိတ်ဖွဲ့ စကားပြောလာတယ်။
ခရီးသွားဖို့ နှစ်သက်တယ်။

ဘာသာစကားတွေ သင်ဖို့စိတ်ဝင်စားတယ်။
စာအုပ်တစ်အုပ် ဆောင်တတ်တယ်။
ကျောပိုးအိတ်၊ စလွယ်သိုင်းအိတ် ကြိုက်တယ်။
ဆေးလိပ်မီးခိုးရှုမိရင် ချောင်းဆိုးတယ်။
ဝိုင်နီ ကြိုက်တယ်။
ဆံပင်တွေ ပိုဖြူလာတယ်။

Mom, Sister, Dad - Family Photo without my little brother & me
အားမနာတတ်ဘူး။
မဟုတ်မခံ အနိုင်ကျင့်မခံ။
ကွန်ပလိမ်းတယ်။
သူငယ်ချင်းဟောင်းတွေနဲ့ ဝေးလာတယ်လို့ ခံစားမိတယ်။
သူငယ်ချင်းတရုန်းရုန်းပေမဲ့ တစ်ယောက်တည်းသီးသန့် နေတတ်တယ်။
အရင်လို ခံစားချက်အားလုံးကို ထုတ်မပြောတော့ဘဲ ရင်ထဲသိမ်းတတ်လာပြီ။

နက်ဖြန် နိုဝင်ဘာ ၂၄ က ကိုယ့် ၃၁ နှစ်ပြည့် မွေးနေ့။ အစကတော့ ဘုန်းကြီးကျောင်းကို နေ့ဆွမ်းသွားကပ်မလားလို့။ ခုတော့ ချက်ပြုတ်ဖို့ပျင်းလို့ သွားမလှုဖြစ်တော့ဘူး။ ဆူနမ်တို့ကတော့ ဘာစီစဉ် ထားလဲမသိ။ မေ့များမေ့နေရော့သလား။ ဖေ့ဘွတ်မှာတော့ မွေးနေ့ဆုတောင်းတွေ တက်နေလောက်ပြီ။ ဘလော့က သီးသန့်ဆန်ပြီး ကိုယ့်နေရာလေးလို့ ခံစားမိတယ်။ စာလာဖတ်သူတွေ မွေးနေ့ဆုတောင်းတင် မဟုတ်ဘဲ ကိုယ်ရေးတဲ့စာတွေမှာ ဘယ်လိုအကြောင်းအရာတွေ ကြိုက်တယ်၊ အကြံညဏ်ပေးစရာများရှိခဲ့ရင် ပေးခဲ့စေချင်ပါတယ်။ စာလာဖတ်သူတွေရဲ့ အသံတွေကို နားထောင်ချင်လို့ ၊ စကားလုံးတွေကို ဖတ်ချင်လို့။

စန်းထွန်း
နိုဝင်ဘာ ၂၃၊ ၂၀၁၄။

Tazaungdine Lights and Kahtein Offerings...

After four months of rain comes a succession of festive months starting with Thadingyut lights festival. Come Tazaungmone, still another light festival even more elaborate with the usual trimmings of music, dances and shows. It is rather convenient, so say fun-loving Myanmar, that the paper lanterns and decorations are still in fairly good condition to be put up again in three weeks' time.

မိုးရာသီလေးလ ကုန်ဆုံးသည်နှင့် သီတင်းကျွှတ် မီးထွန်းပွဲတော်စ၍ ပွဲတော်လများ အစဉ်လိုက် လာပါလေရော။ တန်ဆောင်မုန်းသည် အစဉ်အလာအတိုင်း သီချင်းဆိုပွဲ၊ ကပွဲ၊ ပြဇာတ်တို့နှင့် စည်ကားသော မီးထွန်းပွဲတော်တစ်ခု ဖြစ်သည်။ စက္ကူမီးပုံးများ၊ မီးလုံးအလှများသည် အကောင်းအတိုင်းရှိနေပြီး သုံးပတ်ကြာပြီးသည့်နောက် ပြန်လည်ချိတ်ဆွဲရသည်မှာ ပျော်တတ်သော မြန်မာများအဖို့ အဆင်အတော်ပြေလှသည်။

Tazungdine festival, as the lights festival in the month of Tazaungmone is called, is more or less a folk festival, probably preBuddhist, so originally without any Buddhist significance. The festival is mentioned in stories before the Buddha's time as Kattika festival, in honor of the guardian gods of the planets. It is said that certain planetary signs of the  zodiac are in the ascendant during the month. The influence of the planets in ascendence is such that people's thoughts are bent on mischief. It is during the month that thieves are moved to ply their trade.

တန်ဆောင်တိုင်ပွဲတော်သည် တန်ဆောင်မုန်းလ၏ မီးထွန်းပွဲတော်ဖြစ်ပြီး ဗုဒ္ဓမပွင့်မှီက ကျင်းပကြသည့် ရိုးရာပွဲတော်ဖြစ်သောကြောင့် ဗုဒ္ဓဝါဒနှင့် မသက်ဆိုင်။ ဗုဒ္ဓမပွင့်မှီက ကြယ်တာရာစောင့်နတ်များကို ပူဇော်သောအားဖြင့် ပွဲတော်ကို ကျင်းပခြင်းဖြစ်သည်ဟု ပုံပြင်များက ဆိုသည်။ ထိုလတွင် နက္ခတ်တစ်ချို့ အားကောင်းလာသည်ဟု ဆိုကြသည်။ နက္ခတ်များ အားကောင်းလာသောကြောင့် လူ့စိတ်ကူးအတွေးများသည် နောက်ပြောင်ရန် စိတ်ညွှတ်သည်။ ထိုလအတွင်း သူခိုးများသည် လူမြင်ကွင်းတွင် ပြောင်ပြောင်တင်းတင်း ခိုးဝှက်ချင်လာသည်။

Kings of the olden days decreed that feasts were to be held and all kinds of jollity and merry-making were licensed, so that people's thoughts might be channelled away from serious mischief, a kind of psychological warfare. There are stories of how men normally sober and steadfast were so moved by the spirit of the season that they did unseemly things. Perhaps the pleasant weather with cloudless starry skies and silvery moonbeams may have something to do with it.

ရှေးဘုရင်များသည် ဆိုးရွားသည့် နောက်ပြောင်မှုများ ပြ ုလုပ်မည့်အတွေးကို လမ်းလွဲသည့်အနေဖြင့် စိတ်ဓာတ်စစ်ဆင်ရေး နည်းလမ်းတစ်ရပ်အဖြစ် ပွဲတော်ကျင်းပပြီး အလုံးစုံသော ပျော်ပွဲရွှင်ပွဲများကို ကျင်းပခွင့်ပြုသည်။ မသောက်မစား ရှေးရိုးအတိုင်းနေသော သူများသည် ပွဲတော်ကာလတွင် လူမြင်ကွင်း၌ ယဉ်ကျေးသိမ်မွေ့စွာ နောက်ပြောင်ကြသည့် ပုံပြင်များ ရှိသည်။ တိမ်ကင်းစင်ပြီး ကြယ်ရောင်စုံ လင်းလက်နေသည့် ကောင်းကင်၊ ငွေလရောင်ဖြင့် သာယာသော ရာသီဥတုတွင် တစ်စုံတစ်ခု ပြုလုပ်ဖွယ်ရှိပုံရသည်။



Though Tazaungdine lights festival began in the times immemorial as a folk ritual, it is regarded today as an essentially Buddhist festival. The month is the time for offering robes to the monks.

တန်ဆောင်တိုင်မီးထွန်းပွဲတော်သည် ရှေးတုန်းက ရိုးရာပွဲတော်တစ်ခုအနေဖြင့် ကျင်းပခဲ့သော်လည်း ယခုအခါတွင် ဗုဒ္ဓဘာသာဝင်များ၏ အရေးပါသော ပွဲတော်တစ်ခုဟု သတ်မှတ်ကြသည်။ ထိုလသည် သံဃာတော်များအား သင်္ကန်းကပ်လှုဒါန်းသော အချိန်ဖြစ်သည်။

Of course, there is no restriction whatsoever when robes should be offered to the monks. Anyone can make the offering any time to any monk; but this month's offering has a special significance. This is a special time, the time, when, after long months of seclusion in the monasteries, monks make preparations to go on trips to see and pay respects to their teachers and parents, now that ban on travel (only for monks) has been lifted.

သေချာသည်က သံဃာတော်များကို မည်သည့်အချိန်တွင် သင်္ကန်းလှုဒါန်းရမည်ဟု တားမြစ်ထားခြင်း မရှိပါ။ မည်သူမဆို အချိန်မရွေး သံဃာတော်အား လှုဒါန်းနိုင်သည်။ သို့သော် ထိုလတွင် လှုဒါန်းခြင်းသည် ထူးခြားမှုရှိသည်။ ခရီးသွားခြင်းကို တားမြစ်ထားသည့်ကာလ လွန်မြောက်သောအခါ ဘုန်းကြီးကျောင်းတွင် ဝါဆိုကြသည့်သံဃာတော်များ ဆရာသမား၊ မိဘများဆီသို့ သွားရောက်ရန် ပြင်ဆင်ကြသည့် ထူးခြားသည့်အခါသမယ ဖြစ်သည်။

At such a time, many monks are in need of new robes. Offering of robes and other gifts, in this season are made not to any individual monk, but to the Order as a whole so that the needy ones shall get the robe. Offering of gifts to monks, if it is to bear highest fruition, must be made to the Order as a whole and not to an individual monk. Donors being human, are often moved to offer gifts to monks by personal feelings, like partiality or attachment. Although such other acts are, in their own way, meritorious deeds, the fruition is not as great as the act of giving to the Order of monks or the Sangha.


ထိုအချိန်တွင် သံဃာတော်များသည် သင်္ကန်းအသစ် လိုအပ်သည်။ ထိုကာလတွင် သင်္ကန်း၊ ပစ္စည်းလေးပါး လှုဒါန်းခြင်းသည် သံဃာတော်တစ်ပါးပါးကို သီးသန့်ရည်းစူးလှုဒါန်းခြင်း မဟုတ်ဘဲ သံဃာတော်အားလုံးကို လှုဒါန်းခြင်းဖြစ်ပြီး သင်္ကန်း အမှန်တကယ် လိုအပ်သောသံဃာ သင်္ကန်းရရှိစေဖို့ ဖြစ်သည်။ သံဃာတော်အား လှုဒါန်းခြင်းမှ အမြင့်ဆုံးဒါနအသီးအပွင့် ခံစားလိုလျှင် သံဃာတော်အားလုံးကို ရည်မှန်းလှုဒါန်းရပြီး သံဃာတော်တစ်ပါးပါးကို သီးသန့်ရည်စူး မလှုဒါန်းရ။ ပုထုဇဉ်အလှုရှင်ဒကာများသည် ပုဂ္ဂိုလ်ရေးခံစားချက်ဖြင့် သံဃာကို လှုဒါန်းတတ်ကြသည်။ ထိုကဲ့သို့လှုဒါန်းခြင်းသည် ကုသိုလ်ရသော်လည်း သံဃာတော်အားလုံးကို ရည်စူးလှုဒါန်းခြင်းလောက် ဒါနမမြောက်။


Once, during the lifetime of the Buddha, his foster mother,  Gotami, made a robe for the Buddha. It was made of finest material and marvelously elaborate. When she offered it to the Buddha, he suggested that it should be offered to the Order as a whole. It was then that he explained the desirability of such an attitude in making the act of offering.

ဗုဒ္ဓဘုရား သက်တော်ထင်ရှား ရှိစဉ်တုန်းက မွေးစားမိခင် ဂေါတမီသည် ဘုရားရှင်အတွက် သင်္ကန်းတစ်စုံ ပြ ုလုပ်ခဲ့သည်။ အလွန်တရာ နူးညံ့ကောင်းမွန်သော ပစ္စည်းများဖြင့် ပြ ုလုပ်ခြင်း ဖြစ်သည်။ ဗုဒ္ဓဘုရားအား လှုဒါန်းသောအခါ  ဗုဒ္ဓဘုရားက သံဃာအားလုံးကို ရည်စူးလှုဒါန်းသင့်ကြောင်း မိန့်ကြားခဲ့သည်။ ဤသို့ဖြင့် မြတ်စွာဘုရားက ဒါနပြ ုရာတွင် ထားရှိသင့်သည့် စိတ်နေစိတ်ထားကို ဟောကြားတော်မူခဲ့သည်။

The Buddha in his lifetime wisdom, saw that in the far future, when he was no more, his teachings would not last, unless the Order of monks carried on with their study and contemplation. The Order must be supported by the laity. If lay people offered gifts to the monks to whom they were partial, there would be many others who would be in need. Such a situation would undermine the strength of the Order.

သင်အံလေ့လာခြင်း၊ ယုံကြည်သက်ဝင်ခြင်းများဖြင့် သံဃာတော်များကသာ သာသနာ မပြန့်ပွားခဲ့လျှင် မြတ်စွာဘုရား ပရိတ်နဗ္ဗာန်ပြုပြီးသည့်နောက် အနာဂတ်တွင် သာသနာ ကြာရှည်တည်တံ့လိမ့်မည် မဟုတ်ဟု အလုံးစုံသိမြင်တော်မူသော ညဏ်တော်ဖြင့် ဗုဒ္ဓမြတ်စွာဘုရား သိမြင်တော်မူသည်။ သံဃာတော်များကို ဒကာများက ထောက်ပံ့ရမည်။ ဒကာများသည် သူတို့လေးစားနှစ်သက်သော သံဃာတော်များကိုသာ ပစ္စည်းလေးပါး ဆပ်ကပ်လှုဒါန်းခဲ့လျှင် အခြားသံဃာများက ချို့တဲ့မည်။ ထိုအခြင်းအရာသည် သံဃာ့အားကို လျော့နည်းစေသည်။

Offering of special robes and other gifts made to the Order of monks during the season keeps alive the true spirit of offering, as taught by the Buddha. All the gifts are offered to the Order so that the needs of the poorest monks are suitably supplied. According to the rule a group of monks who have spent the lent under a senior monk in a monastery is eligible as an institution to accept the gifts called the Kahtein gifts.

ဗုဒ္ဓဘုရား၏ အဆုံးအမတိုင်း သံဃာအားလုံးအား ရည်မှန်း၍ သင်္ကန်းနှင့်ပစ္စည်းလေးပါး လှုဒါန်းခြင်းသည် ထိုရာသီ၏ စစ်မှန်သော ဒါနစိတ်ဓာတ်အဖြစ် ရှင်သန်လျက် ရှိသေးသည်။ ပစ္စည်းလေးပါးအား သံဃာအားလုံးသို့ လှုဒါန်းပြီး ချို့တဲ့သော သံဃာတော်အား အထောက်အပံ့ ဖြစ်စေသည်။ ဗုဒ္ဓပညတ်အရ ဘုန်းကြီးကျောင်း၏ ဝါအကြီးဆုံးသံယာထံတွင် ဝါဆိုကြသော သံဃာတော်များသည် ကထိန်အလှုအဖြစ် လှုဒါန်းသော ပစ္စည်းများကို သံဃာအားလုံးကိုယ်စား လက်ခံခွင့်ရှိသည်။



It is the custom of the community to organize the offering of gifts, everyone contributing in cash or in kind. Members of the same profession or trade or people working in the same office form such groups for this purpose and collect gifts for the monastery.

လူတိုင်းထည့်ဝင်သော ငွေ၊ ပစ္စည်းများဖြင့် ရပ်ကွက်၊ အသင်းအဖွဲ့များက စုပေါင်းလှုဒါန်းကြသည်မှာ ထုံးတမ်းစဉ်လာဖြစ်သည်။ အလုပ်အကိုင်၊ စီးပွားရေးတူသူများ၊ တစ်ရုံးတည်း လုပ်ကိုင်ကြသူများက အုပ်စုများဖွဲ့ကာ ဘုန်းကြီးကျောင်းအတွက် အလှုပစ္စည်းများ စုဆောင်းလက်ခံကြသည်။

Therefore, during this season, you will see wooden triangular structures standing in market places or in decorated marquees by the wayside. Each structure is hung with gifts, like sets of yellow robes, towels, napkins, cups and such useful things big and small. They are Kathina gifts and anyone is welcome to hang whatever he wishes to contribute, a kyat note, or a handkerchief or a cake of soap - no matter however small.

ထိုကြောင့် ထိုရာသီတွင် ဈေးများ၊ လမ်းဘေးရှိ အလှဆင်မဏ္ဍပ်များတွင် တြိဂံပုံသဏ္ဌန် သစ်သားတိုင်များကို တွေ့နိုင်သည်။ တိုင်တစ်ခုစီတွင် အဝါရောင်သင်္ကန်းများ၊ ပုဝါ၊ မျက်နှာသုတ်ပုဝါ၊ ဖန်ခွက်နှင့် အသုံးတည့်သည့် ပစ္စည်းသေးကြီးဟူသမျှ ချိတ်ဆွဲထားသည်။ ထိုအရာများသည် ကထိန်အလှုအတွက်ဖြစ်ပြီး မည်သူမဆို တစ်ကျပ်၊ မျက်နှာသုတ်ပုဝါတစ်ခု၊ ဆပ်ပြာတစ်တုံး မည်မျှသေးငယ်စေကာမူ  လာရောက်ထည့်ဝင် ချိတ်ဆွဲနိုင်သည်။ 

Those structures hung with gifts are called padetha trees. The word padetha is synonymous with plenty and inexhaustible wealth. The story of padetha tree dates back to the beginning of the world when humans were pure of heart. They had a padetha tree which bore everything that humans could with for...food, clothes and things. If one felt like eating a special food, one just went and plucked it from the tree. If one wished to wear an exotic dress, it was right there for the taking.

အလှုပစ္စည်းများ ချိတ်ဆွဲထားသည့်တိုင်များကို ပဒေသာပင်များဟု ခေါ်သည်။ ပဒေသာဟူသော စကားသည် ပေါကြွယ်ဝခြင်း၊ မကုန်မခမ်းနိုင်အောင် ချမ်းသာခြင်းဟု အဓိပ္ဗာယ်ရသည်။ ပဒေသာပင်ပုံပြင်သည် ကမ္ဘာဦးကာလ လူသားများ စိတ်ထားဖြ ူစင်သည့်ကာလတုန်းက ပေါ်ပေါက်ခဲ့သည်။ အစားအစာ၊ အဝတ်အထည်၊ အရာဝထ္ထု လူသားတို့တောင့်တအပ်သော အရာမှန်သမျှ သီးပွင့်သော ပဒေသာပင် ရှိခဲ့သည်။ ဝတ်ဆင်ရန် ထူးခြားဆန်းပြားသောဝတ်စုံကို တစ်ယောက်က တောင့်တလိုက်လျှင် ထိုနေရာတွင် ပေါ်ပေါက်လာကာ အဆင်သင့်ယူသွားလိုက်ရုံ။ 



The only thing is that one must take only what one could use for the day and no more. Humans, however, were weak; they wanted to have things abundantly in their possession; they did not trust others, who might take more than they needed. One person troubled by such thoughts, began taking more than he needed and the next person followed suit. People began stocking things and there rose quarrels and fights and the tree was destroyed. From then on, men had to live by the sweat of his brow.


လူတစ်ယောက်အတွက် တစ်နေ့တာ လိုအပ်သမျှသာ သယ်ယူရမည်ဟု ခြွင်းချက်ရှိသည်။ သို့သော် စိတ်ဓာတ်အားနည်းသော လူသားများသည် ပေါပေါများများ ပိုင်ဆိုင်ချင်သည်၊ လိုတာထက် ပိုယူသော တခြားသူများကို မယုံကြည်။ ထိုအတွေးဖြင့် လူတစ်ယောက်သည် သူလိုတာထက် ပိုယူသောအခါ အခြားသူများကလည်း သူ့နည်းအတိုင်း လိုက်ယူကြသည်။ လူများသည် ပစ္စည်းများကို စသိုလှောင်လာသည်၊ အချင်းများကြပြီး ရန်ပွဲများ ပေါ်လာပြီးနောက် ပဒေသာပင် ဖျက်ဆီးခံရသည်။ ထိုအချိန်မှစ၍ လူသားများသည် နဖူးမှခွျှေး ခြေမကျအောင် ရုန်းကန်ရလေသည်။

The original padetha tree was no more, but right there during the Tazaungdine season, it grows again. Everything grows on the tree. Humans, once again, are generous and loving. They make the trees bear all kinds of gifts big and small.


နဂိုမူလပဒေသာပင် မရှိတော့သော်လည်း တန်ဆောင်တိုင်ရာသီတွင် နောက်တစ်ကြိမ် ပေါ်ပေါက်လာသည်။ ထိုသစ်ပင်တွင် အရာအားလုံး သီးပွင့်သည်။ လူသားတို့ နောက်တစ်ကြိမ် ရက်ရောပြီး ချစ်ခင်ကြသည်။ လက်ဆောင်အသေးအကြီး သီးပွင့်သော သစ်ပင်များကို ပြုလုပ်သည်။

The grand moment is when the gift-laden padetha trees are taken in triumph to the monastery, attended by music and dance troupes and bevies of damsels dressed in bright silks.


အိုးစည်ဒိုးပတ် အတီးအမှုတ် အကအခုန်များ၊ ပြိုးပျက်တောက်ပသော ပိုးဝတ်စုံ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသော အပျိုချောတသိုက် ခြံရံလိုက်ပါလျက် ဘုန်းကြီးကျောင်းသို့ ပဒေသာပင်များ ပို့ဆောင်ချိန်သည် ကြီးကျယ်ခမ်းနားသည့် အခိုက်အတန့် ဖြစ်သည်။


Kahtein offering is considered one of the most meritorious deeds. There are stories of how acts of giving bear fruits and padetha trees feature in such stories. Go to any pagoda and when you put a coin into the donation box, the man sitting with the triangular brass gong accepts the gift and intones a prayer for you and amongst the things he wishes for you, he includes: "May you have a padetha tree right on your doorstep."

ကထိန်လှုဒါန်းခြင်းသည် အမြတ်ဆုံးဒါနကုသိုလ်တစ်ခုဖြစ်သည်ဟု သတ်မှတ်ကြသည်။ လှုဒါန်းသည့်ဒါနကြောင့် ပဒေသာပင် ပေါ်ပေါက်လာသည့် ပုံပြင်များရှိသည်။ စေတီပုထိုးသွား၍ အလှုခံပုံးထဲ ဒင်္ဂါးစေ့ အလှုငွေထည့်လျှင် ကြေးစည်နောက်တွင် ထိုင်နေသည့် အမျိုးသားက အလှုငွေ လက်ခံပြီး မတိုးမကျယ်အသံဖြင့် ဆုတောင်းပေးသည်။ ထိုဆုတောင်းများထဲက တစ်ခုမှာ အိမ်တံခါးဝရှေ့ ပဒေသာပင် ပေါက်ပါစေဟူ၍။

It is a beautiful idea, to have a padetha tree on your doorstep. Perhaps you can grow it by hanging a small gift on those padetha trees of the kahtein offerings.


သင့်အိမ်တံခါးဝရှေ့ ပဒေသာပင်ပေါက်လာခြင်းသည် အလွန်လှပသည့် စိတ်ကူးအတွေး ဖြစ်သည်။ ကထိန်အလှု ပဒေသာပင်တွင် ပစ္စည်းအသေး ချိတ်ဆွဲခြင်းဖြင့် ထိုပဒေသာပင်ကို သင် စိုက်ပျိုးနိုင်သည်။

The highlight of kahtein offering is the weaving of non-stale robes so called because the robes are not allowed to go stale, that is to say, they are woven within the space of the night. This, of course, is optional, not necessarily an item in the religious program. It is perhaps a folk tradition to encourage the art of weaving. This ritual glorifies the common labour of the rural folk.


ကထိန်လှုဒါန်းခြင်း၏ ထူးခြားချက်မှာ ညတွင်းချင်း ရက်လုပ်ရသည့် မသိုးနိုင်သော သင်္ကန်းများဟုခေါ်သော မသိုးသင်္ကန်း ရက်လုပ်ခြင်းဖြစ်သည်။ ဤအရာသည် ခြွင်းချက်ဖြစ်ပြီး ဘာသာရေးအစီအစဉ်အတွက် လိုအပ်သောအရာတော့ မဟုတ်ပါ။ ၎င်းသည် ရက်ကန်းခတ်ခြင်းအတတ်ကို အားပေးသော ရိုးရာအစဉ်အလာ ဖြစ်ပုံရသည်။ ထိုပွဲတော်သည် ကျေးလက်နေပြည်သူများ လုပ်ကိုင်သောအလုပ်ကို ချီးမြှောက်သည့်ပွဲတော် ဖြစ်သည်။


Even today this weaving of the robes is organized in rural and urban areas. Music, dances and prizes for the best weaver who can finish earliest and best add color and enjoyment to the festival. The weaving starts at sunset and finishes at dawn when the finished robes are offered to the Buddha and His Order, of course the stupas and images representing the Buddha.

ယနေ့ခေတ်အခါတွင်လည်း မြို့ရွာနှင့် ကျေးလက်များတွင် သင်္ကန်းရက်လုပ်ခြင်းကို ကျင်းပကြသည်။ အရင်ဆုံးပြီး၍ အကောင်းဆုံး ရက်ကန်းခတ်နိုင်သူအတွက် အတီးအမှုတ်၊ အကအခုန်၊ ဆုကြေးငွေများက ပွဲတော်ကို ပိုအမွှန်းတင်သည်။ နေဝင်သည်နှင့် ရက်ကန်းစတင်ခတ်ကြပြီး အရုဏ်တက်ချိန်တွင် ပြီးစီးသည့် သင်္ကန်းများကို မြတ်စွာဘုရားအား ရည်စူးကာ ဘုရားပုထိုး၊ စေတီများနှင့် သံဃာတော်များကို ကပ်လှုကြသည်။

In rural areas the weaving contest is even more elaborate. Picking of cotton and spinning are also included, and they are done within the space of the night. Cotton fields are reserved for the event. Village tracts organize the contests; organizing teams for picking cotton, spinning, dyeing and weaving.

ကျေးလက်များတွင် ရက်ကန်းပြိ ုင်ပွဲသည် ပိုချဲ့ထွင်ကြသည်။ ဝါခူးထွက်ခြင်း၊ ဗိုင်းငင်ခြင်းများ ပါဝင်သည်၊ ညတွင်းချင်း ဆောင်ရွက်ကြခြင်း ဖြစ်သည်။ ဝါဂွမ်းခင်းများကို ထိုပွဲအတွက် ကြိုတင်သတ်မှတ်ထားသည်။ ဝါဂွမ်းခူးခြင်း၊ ဗိုင်းငင်ခြင်း၊ ဆေးဆိုးခြင်း၊ ချည်ငင်ခြင်းများအတွက် အသင်းများဖွဲ့ကာ ပြိုင်ပွဲကျင်းပသည်။

Moonlight, music and dances lighten the labour. Young men with drums, flutes and cymbals entertain the girls throughout their chores of picking cotton, spinning, weaving and dyeing. The best teams and the best weaver are awarded prizes.


လရောင်၊ အတီးအမှုတ်၊ အကအခုန်များက ပင်ပန်းမူကို ပြေလျော့စေသည်။ ဝါဂွမ်းခူးခြင်း၊ ဗိုင်းငင်ခြင်း၊ ချည်ငင်ခြင်း၊ ဆေးဆိုခြင်းများကို မိန်းကလေးများက ပြုလုပ်ချိန် ယောကျာ်းပျိုများက အိုးစည်ဗုံမောင်း၊ ပလွေ၊ လင်ကွင်းများဖြင့် ဖျော်ဖြေကြသည်။ အကောင်းဆုံးအသင်း၊ အကောင်းဆုံး ရက်ကန်းခတ်သူကို ဆုချီးမြှင့်သည်။


The tradition of weaving the non-stale robes is still carried on at some of the pagodas in Yangon. Under the glare of neon lights, moonlight hardly has a chance to work its magic.

မသိုးသင်္ကန်း ရက်လုပ်ခြင်း အစဉ်အလာကို ရန်ကုန်မြိ ု့၏ စေတီပုထိုးအချို့တွင် မြင်တွေ့နိုင်သေးသည်။ စူးရှသော နီယွန်မီးအောက်တွင် လရောင်ခမျာ လျှပ်တံပြက် ဝင်ရောက်လင်းလက်ဖို့ အခွင့်အရေး မရှိရာ။

This season is a festive one in the truest sense of the word. Illuminations, shows, music, all this and padetha trees too.

ထိုရာသီသည် မီးထွန်းညှိခြင်း၊ ပြဇာတ်၊ တေးသီချင်း၊ ပဒေသာပင်ဟူသော စကားလုံးများကို အစစ်အမှန် ခံစားနိုင်သည့် ပွဲတော်တစ်ခု ဖြစ်သည်။

On Such a Night as this
ထိုညမျိုးတွင်
There are lots of interesting things that happened during the Tazaungdine season. Some of the events are tragic, some comic but all of them are full of human feeling.

တန်ဆောင်တိုင်ရာသီတွင် စိတ်ဝင်စားဖွယ်များစွာ ရှိသည်။ တချို့အဖြစ်အပျက်များက ကြွေကွဲဖွယ်၊ တချို့က ရယ်မောဖွယ် သို့သော် အားလုံးသည် လူသားတို့၏ ခံစားချက်များဖြင့် ပြည့်နှက်နေသည်။

On such a night as this, the full moon of Tazaungmone, the city of Rajagaha was illuminated like the city of the gods and the sound of music and rejoicings filled the air while the whole city gave itself up to the joy of the moment. King Ajatasattu lay on the royal couch tortured by remorse. The king who had killed his own father could not find solace in his power or glory.

တန်ဆောင်မုန်းလပြည့်ညကဲ့သို့သော ညမျိုးတွင် ရာဇဂြိ ုလ်ပြည်ကြီးသည် နတ်ပြည်ကဲ့သို့ မီးရောင်စုံထွန်းညှိထားသည်။ မြို့တော်တစ်ခုလုံး ပျော်ရွှင်ချိန်အောက် လက်လျှော့ထားလိုက်ချိန်တွင် တေးသီချင်းသံ၊ သာယာပျော်ရွှင်သံများ လေထုထဲတွင် ပျံ့လွင့်နေသည်။ နောင်တတရား၏ နှိပ်စက်မှုဖြင့် အဇာတသတ်ဘုရင် သလွန်ပေါ်တွင် လဲလျောင်းနေသည်။ အဖသတ်ဘုရင်သည် အာဏာပါဝါဖြင့် နှစ်သိမ့်မှု ရှာမရ။



When his ministers and courtiers gathered at his feet to pay him respects, he could only remember his royal father, so good, so virtuous and so well - loved. Ajatasattu had one the foul deed at the advice of Devadatta, The Buddha's arch - enemy, who plotted against the Buddha's life. "You kill your father and be king; and I will kill the Buddha and be the Buddha in his place...", Devadatta had said. Devadatta's misdeed was such that the earth who had borne everything on its back, would not suffer to have such a miscreant. The earth gaped open with hell's fires and swallowed Devadatta.


မှုးကြီးမတ်ရာ သေနာပတိများ သူ့ခြေအောက်ခစားဝင်ဖို့ ရောက်ရှိချိန် စိတ်ထားအလွန်ကောင်းမွန်၊ အကျင့်သီလလွန်စွာပြည့်စုံ၊ လွန်စွာချစ်သော ခမည်းတော်ကိုသာ သတိရနေခဲ့သည်။ ဗုဒ္ဓဘုရား၏ သက်တမ်းတလျှောက် နှောင့်ယှက်သော ဗုဒ္ဓ၏မဟာရန်သူတော် ဒေဝဒတ်ပေးသောအကြံညဏ်ဖြင့် အဇာတသတ်သည်  အလွန်ဆိုးရွားသောအမှားကြီး ကျူးလွန်ခဲ့သည်။ "သင်က သင့်ဖခင်သတ်၊ ကျွှန်ုပ်က ဗုဒ္ဓကို သတ်ပြီး  ဘုရားလုပ်မယ် " ဟု ဒေဝသတ်က ဆိုခဲ့သည်။ အရာအားလုံးကို ခံယူတတ်သော မဟာပထဝီမြေကြီးသည် ဒေဝဒတ်၏ မကောင်းမှုကဲ့သို့ ဆိုးဝါးယုတ်မာမှုများကို သည်းမခံနိုင်။ မဟာပထဝီမြေကြီးသည် ငရဲမီးတောက်များနှင့် ပွင့်ဟလာခဲ့ပြီး ဒေဝဒတ်ကို ဆွဲမြိုသွားခဲ့သည်။

Ajatasattu heard the news and was filled with fear that a similar fate might overtake him. Moreover he understood too late how a father could love his son, because a son had been born to him. It was a moment of truth for the patricide king and he knew that he must go to the Buddha for refuge. But how could he, a patricide?

အဇာတသတ်သည် ထိုသတင်းကို ကြားခဲ့ပြီး ထိုကံကြမ္မာမျိုး သူ့အပေါ် ကျရောက်မည်ကို စိုးရိမ်နေခဲ့သည်။ ထို့အပြင် ဖခင်တစ်ယောက်က သူ့သားအား မည်မျှချစ်သည်ကို လွန်စွာနောက်ကျပြီးမှ နားလည်သဘောပေါက်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူ့သားတော်ကလေး မွေးဖွားခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုအချိန်တွင် အဖသတ်ဘုရင် အမြင်မှန်ရရှိပြီး ဗုဒ္ဓဘုရားဆီသို့ သွားရောက်ကာ ကိုးကွယ်ဆည်းကပ်ရမည်ဟု သူသိခဲ့သည်။ သို့သော် အဖသတ်သူတစ်ယောက်ဖြစ်သော သူ့မှာ မည်သို့လုပ်ဆောင်ရမည်နည်း။

Among his ministers was Jevaka, his half-brother, physician to the Buddha and his disciple. Perhaps he could ask Jevaka to take him to the Buddha. But a king could not make such a request in the presence of his courtiers. So, the king began the conversation praising the beauty of the night: "How fair, sirs, is the cloudless night! How charming! How lovely! What sage or brahman shall we seek out if he may give our hearts peace?"

မူးကြီးမတ်ရာများထဲက ဇီဝကမှာ အဖေတူ မအေကွဲ သူ့အစ်ကိုတော်၊ ဗုဒ္ဓဘုရားအား ဆေးကုသသူ၊ ဗုဒ္ဓ၏ တပည့်သာဝက။ ဗုဒ္ဓဘုရားဆီ ခေါ်ဆောင်သွားဖို့ ဇီဝကအား သူ တောင်းဆိုနိုင်သည်။ သို့သော် ဘုရင်ဖြစ်သူသည် မူးကြီးမတ်ရာရှေ ့တွင် ထိုကဲ့သို့တောင်းဆိုခြင်း မပြုအပ်။ သို့ပါသောကြောင့် ဘုရင်သည် ညအလှကို ချီးမွမ်းပြောဆိုခြင်းဖြင့် စကားစသည်။ "တိမ်ကင်စင်တဲ့ညလေး မဟုတ်ပေလား မူးမတ်ကြီးများ ဘယ်လောက် သာယာလိုက်သလဲ ဘယ်လောက် နှစ်သက်ဖွယ်ကောင်းသလဲ။ ဘယ်သူတော်စင်၊ ဘယ်ပုဏ္ဏားကိုများ ဆည်းကပ်ရလျှင် စိတ်နှလုံး ငြိမ်းအေးပေမလဲ။"



The ministers, each in turn, recommended the sages they themselves followed. The king listened in silence, waiting for Jevaka to speak. Jevaka suspected that the king wanted him to speak, but he would rather wait to make sure.

ဝန်ကြီးတစ်ယောက်ခြင်းစီမှ သူတို့ကိုးကွယ်ဆည်းကပ်သော သူတော်စင်များအား ထောက်ခံပြောဆိုကြသည်။ ဘုရင်သည် တိတ်ဆိတ်စွာ နားထောင်ပြီး ဇီဝကပြောဖို့အလှည့်ကို စောင့်သည်။ ဇီဝကသည် ဘုရင်က သူ့အား ပြောစေချင်သည်ဟု ရိပ်မိသည်။ သို့သော် သေချာအောင် သူ စောင့်သင့်သည်။

Finally the king asked Jevaka why he had not spoken. Only then did Jevaka rise up from his seat and with his hands clasped in adoration towards the Buddha, said: "Sire, yonder in my mango grove dwells the all-Enlightened Buddha with his disciples; unto Him, the Blessed One, let the king repair, to hear the Truth and put questions."

နောက်ဆုံးတွင် ဘုရင်သည် ဇီဝကအား အဘယ်ကြောင့် မပြောဆိုသနည်းဟု မေးမြန်းသည်။ ထိုအခါမှ ဇီဝကသည် ထိုင်ရာမှ မက်တပ်ရပ်ကာ နှစ်သက်မြတ်နိုးခြင်းများဖြင့် ဗုဒ္ဓဘုရားဆီသို့ ရည်မှန်းကာ လက်ဆယ်ဖြာအုပ်မိုး၍ "အရှင်မင်းမြတ် ဟိုးအဝေး သရက်တောအုပ်ထဲတွင် အလုံးစုံသိမြင်တော်မူသော ဗုဒ္ဓဘုရားရှင် တပည့်သာဝကများနှင့် သီတင်းသုံးနေတော်မူသည်။ သစ္စာလေးပါး မြတ်တရားကို နာယူရန်၊ မေးခွန်းများမေးရန် အတုမရှိဗုဒ္ဓဘုရာမြတ်စွာအား သွားရောက်ဖူးမြှော်ရန် အရှင်မင်းကြီး ပြင်ဆင်တော်မူပါ။ "

The king immediately ordered the royal elephants to get ready and he went in royal state to Jevaka's mango grove. As he approached the grove, his heart was filled with awe because all was so quiet that not a sound was heard but the stirring of the gentle breeze. Why all this uncanny silence and quiet? Was Jevaka, his own half-brother, up to some king of treachery?

ဘုရင်သည် ချက်ချင်းပင် တော်ဝင်ဆင်များ အဆင်သင့်ဖြစ်ဖို့ အမိန့်ပေးသည်။ တော်ဝင်အခမ်းအနားဖြင့်  ဇီဝက၏သရက်တောအုပ်သို့ သွားရောက်ခဲ့သည်။ တောအုပ်သို့ ချဉ်းကပ်လာသည်နှင့်အမျှ သူ့နှလုံးအိမ်သည် အံ့သြမူများဖြင့် ပြည့်နှက်နေသည်။ အဘယ်ကြောင့်ဆိုသော် လေပြေညှင်း တိုက်ခတ်သွားသည်မှလွဲ၍ မည်သည့်အသံမှ မကြားရအောင် တိတ်ဆိတ်နေသောကြောင့် ဖြစ်သည်။ မည်သည့်အတွက်ကြောင့် အရာအားလုံး ထူးထူးဆန်းဆန်း တိတ်ဆိတ်ငြိမ်သက်နေရတာပါသလဲ။ ဖအေတူ မအေကွဲ အစ်ကိုတော်ကများ အာဏာသိမ်း လုပ်ကြံလို့မလား။



His fears were put to rest when he saw the Buddha himself surrounded by his disciples. How could such a great number of monks be so quiet! If only his little son could be so only for a moment, Ajatasattu thought, his heart greatly moved.


ထိတ်လန့်ကြောက်ရွံ့မှုများသည် ဗုဒ္ဓဘုရားရှင်အား တပည့်သာဝကများ ခြံရံလျက် ဖူးတွေ့လိုက်ရချိန်တွင် ငြိမ်းအေးသွားသည်။ ဒီလောက်များပြားတဲ့သံဃာတော်တွေ တိတ်ဆိတ်ငြိမ်သက်လွန်းလှပါဘိ။ ငါ့သားတော်ကလေးကို ဒီလိုမျိုး ခဏလောက် တိတ်ဆိတ်ငြိမ်သက်ချင်စမ်းပါဘိဟု အဇာတသတ် တွေးမိသောအခါ အကြီးအကျယ် ကြည်နူးရွှင်ပျသွားသည်။

All was tranquil like an ocean in repose. Look where he would, he saw endless ranks of disciples. Then saluting the Buddha, the king asked: "What is the fruit of religious life?"

ပင်လယ်ပြင်ကြီး ငြိမ်သက်နေဘိသကဲ့သို့ အရာအားလုံး တိတ်ဆိတ်ငြိမ်သက် အေးချမ်းလှသည်။ ကြည့်လိုက်သည့်နေရာတိုင်း အဆုံးမရှိသော တပည့်သာဝကများကို တွေ့မြင်ရသည်။ ဗုဒ္ဓမြတ်စွာဘုရားအား ရှိခိုးဦးချပြီးနောက် ဘုရင်က ရဟန်းပြုရခြင်းကြောင့် ရအပ်သောအကျိုးကို  မေးမြန်းသည်။

And the Buddha answered the king's question in a discourse called the Samaphata Sutta. Glad at heart, the king made a solemn obeisance and departed.

သာမညဖလသုတ္တန်ကို ဟောကြားခြင်းဖြင့် ဘုရင့်မေးခွန်းကို ဗုဒ္ဓဘုရားက ဖြေကြားခဲ့သည်။ အဇာတသတ်မင်းသည် သရဏဂုံဆောက်တည်ကာ ဥပါသကာအဖြစ် ခံယူပြီး ပြန်သွားသည်။


The Maid Whose Beauty Drove a King Mad
ဘုရင်အား ရူးစေသော မိန်းမပျို
One of the stories associated with the Tazaungdine festival is the story of a beautiful maid  named Ummadanti. She was born of a rich noble family. Her farther thought that she was worthy to be a queen. So he sent word to the king who became interested. Before any girl could be selected to be queen, the king's wise brahmans had to go and see her. They must read the lineaments of the body and decide if she was fit to be a queen.

တန်ဆောင်တိုင်ပွဲတော်နှင့် ဆက်စပ်နေသော ပုံပြင်တစ်ခုမှာ ဥမ္မာဒန္တိအမည်ရှိသော မိန်းမချောတစ်ယာက်အကြောင်း ဖြစ်သည်။ သူမသည် ချမ်းသာသော အမျိုးအနွယ်ကောင်း မိသားစုတွင် မွေးဖွားခဲ့သည်။ သူမဖခင်က သူမသည် မိဖုရားဖြစ်ထိုက်သည်ဟု တွေးသည်။ ထို့ကြောင့် ဘုရင့်ထံ လျှောက်ထားစေသောအခါ ဘုရင်က စိတ်ဝင်စားသည်။ မိဖုရားမမြှောက်မှီ ပညာရှိပုဏ္ဏာများသည် မိန်းမပျိုအား သွားရောက်ကြည့်ရှုရသည်။ မိန်းမပျို၏ ကြင်အံလက္ခဏာများကို ကြည့်ရှုပြီး မိဖုရားဖြစ်သင့်မဖြစ်သင့် ဆုံးဖြတ်ရသည်။

When the brahmans were treated to a banquet at Ummadanti's house, they were so intoxicated with the lady's beauty that they made a mess of everything at the table. Ummadanti was indignant that the king should send boors on such an important mission. She ordered her servants to throw the brahmans out of the house.


ဥမ္မာဒန္တိအိမ်တွင် စားကောင်းသာက်ဖွယ် တည်ခင်းသောအခါ ဥမ္မာဒန္တိ့အလှတွင် ယစ်မူးသွားသော ပုဏ္ဏားတို့သည် စားပွဲပေါ်ရှိ အရာအားလုံးကို ရှုပ်ပွအောင် လုပ်မိကြသည်။ ထိုကဲ့သို့ အရေးကြီးသောတာဝန်ကို ရိုင်းစိုင်းမသိတတ်သူများကို ဘုရင်က စေလွှတ်ရမလားဟု ဥမ္မာဒန္တိက အထင်မှားကာ စိတ်ဆိုးသည်။ ပုဏ္ဏာများကို အိမ်အပြင်သို့ ဆွဲထုတ်ပစ်ရန် အစေခံများကို အမိန့်ပေးသည်။

Now the brahmans could not very well report the matter to the king since they had made perfect fools of themselves. So they sent in a report to the effect that the lady Ummadanti was not worthy of being a queen.

အရှုးသဖွယ် ပြုမူခဲ့ကြသည့် ပုဏ္ဏာများသည် ထိုကိစ္စကို ဘုရင်အား အသိမပေးရဲ။  ထို့ကြောင့် ဥမ္မာဒန္တိသည် မိဖုရားမဖြစ်ထိုက်ဟူသော သတင်းသာ ပေးပို့ခဲ့လေသည်။

Rejected by the king, Ummadanti was given in marriage to the king's general, a man of great courage and integrity. Ummadanti, with all her love and respect for her husband, could not get over the slight the king had given her. With the rage of a woman scorned she bided her time for vengeance.

ဘုရင်က မရွေးချယ်သော်လည်း ဥမ္မာဒန္တိအား သတ္တိရှိကာ ဖြောင့်မတ်တည်ကြည်သော စစ်သေနာပတိနှင့် လက်ဆပ်ပေးခဲ့သည်။ ဥမ္မာဒန္တိသည် သူမခင်ပွန်းအား ချစ်မြတ်နိုး လေးစားသော်လည်း ဘုရင်ပေးခဲ့သည့် စိတ်ဒဏ်ရာသည် နည်းနည်းကလေးမှ သက်သာမလာခဲ့။ မထီမဲ့မြင်ပြ ုခြင်းခံရသော မိန်းမတစ်ယောက်၏ ခါးသီးမုန်းတီးမှုများဖြင့် လက်စားခြေနိုင်မည့် အချိန်ကောင်းကို စိတ်ရှည်လက်ရှည် သူမ စောင့်စားခဲ့သည်။



Then came the full moon day of Tazaungmone and the city blossomed forth in lights and festivities. The king was to ride the streets in full grandeur. It was a busy time for the general, Ummadanti's husband, who had to take charge of all security matters.

ထို့နောက် တန်ဆောင်မုန်းလပြည့်ည ရောက်ပါလေရော။ ရွှေမြို့တော်သည် မီးရောင်စုံလင်းထိန်ကာ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားနေသည်။ ဘုရင်သည် အဆောင်အယောင် အခမ်းအနားများဖြင့် မြို့လမ်းများကို တိုင်းခန်းလှည့်လည်လေ့ရှိသည်။ ဥမ္မာဒန္တိခင်ပွန်း စစ်သေနာပတိမှာ တိုင်းပြည်လုံခြုံရေးကိစ္စများဖြင့် မအားလပ်အောင် အလုပ်များနေချိန် ဖြစ်သည်။

The general, before he left home to go on duty, said to his beautiful wife: "My dear, the king will ride in state through the city streets and he'll surely come to our door. Please do not show yourself, lest your beauty should do harm where such is not intend."


စစ်သေနာပတိသည် တာဝန်ကျရာသို့ မထွက်ခွာမှီ ဇနီးချောအား မှာကြားသည်။ ဘုရင်သည် မြို့တွင်းရှိ လမ်းများအား တိုင်းခန်းလှည့်လည်ရာတွင် ငါတို့အိမ်တံခါးရှေ့ ရောက်လာလိမ့်မည်။ ကျေးဇူးပြုပြီး မင်း ကိုယ်ယောင်မပြပါနဲ့ မင်းရဲ့အလှကြောင့် မရည်ရွယ်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာမှာစိုးလို့။

Ummadanti's noncommittal reply was lost in the tender cares she bestowed on her departing spouse. She gave him a loving sendoff and waited for what was to be her finest hour.


ဥမ္မာဒန္တိ၏ မယုတ်မလွန်အဖြေသည် ခွဲခါနီးခင်ပွန်းသည်အား နှုတ်ဆက်မှုများတွင် ပျောက်ဆုံးသွားခဲ့သည်။ ခင်ပွန်းသည်အား နှုတ်ဆက်ပြီး အချိန်ကောင်းဖြစ်မည့် အချိန်ကို စောင့်ဆိုင်းသည်။

As soon as her maid, in obedience to her order, came and informed her that the king's chariot had come, Ummadanti went to the open window. In pride of power and beauty's bloom, she stood with a basket of flowers in hand. She then threw the sweet blossoms at the king, whose eyes turned to her in pleasant surprise. She smiled the smile of a sylph, alluring and tantalizing. The next moment she banged the window shut leaving the king in the dizzy heights of desire and covetousness.

အမိန့်နာခံသော အိမ်စေမှ ဘုရင်မင်းမြတ် မြင်းရထား ရောက်ရှိလာပြီဖြစ်ကြောင်း အသိပေးလာသည်နှင့် ပြတင်းပေါက်သို့သွားကာ အာဏာ၊ အလှ ပြည့်စုံသူတစ်ဦး၏ မာန်မာနဖြင့် လက်ထဲတွင် ပန်းခြင်းတောင်းကိုင်ကာ ရပ်သည်။ ထို့နောက် မွှေးပျံ့သောပန်းများ ဘုရင်ဆီသို့ ပစ်ပေါက်လိုက်သောအခါ ဘုရင်က လှည့်ကြည့်ပြီး အံ့သြသွားသည့် မျက်လုံးတစ်စုံကို တွေ့လိုက်ရသည်နှင့် ချိုသာစွဲမက်ဖွယ် အကောင်းဆုံးအပြုံးကို သူမပြုံးလိုက်ပြီး  မကြာမှီ တံခါးကို ဆောင့်ပိတ်လိုက်သောအခါ ဘုရင်သည် လိုချင်တက်မက်သော စိတ်ဆန္ဒ အမြင့်ဆုံးသို့ရောက်ကာ မူးဝေသွားလေသည်။



After that the king was in no condition to continue his triumphant tour. He returned to the royal palace to fling himself down on the couch and moan in agony.


ထို့နောက် ရှင်ဘုရင်သည် တိုင်းခန်းလှည့်လည်ခြင်းကို ဆောင်ရွက်နိုင်သော အခြေအနေ မရှိတော့။ နန်းတော်ဆီ ပြန်သွားပြီး သလွန်ပေါ်တွင် ပစ်လှဲချကာ ကိုယ်စိတ်နှလုံးဆင်းရဲကာ ငြီးငြူနေတော့သည်။

From that time on it was impossible for the general to see the king and take his  counsel on important matters of state. He was informed that the king was suffering from a strange malady. The general knew instantly the cause of the king's sickness. The king suffered in secret, ashamed of the unseemliness of his passion.

ထိုအချိန်မှစ၍ ရှင်ဘုရင်အား မြင်တွေ့ရဖို့ခက်ကာ တိုင်းရေးပြည်ရေး အရေးကြီးသော ကိစ္စမှန်သမျှ စစ်သေနာပတိအား လွဲထားသည်။ ဘုရင်သည် ထူးဆန်းသော ရောဂါတစ်ခု စွဲကပ်နေသည်ဟု သိရသည်။ စစ်သေနာပတိသည် ချက်ချင်းပင် ဘုရင်၏ အနာရောဂါဇစ်မြစ်ကို သိသည်။  ဘုရင်သည် လိုချင်တပ်မက်မူကို ရှက်ရွှံ့စွာ လျှို့ဝှက်ခံစားနေခြင်းဖြစ်သည်။

The general suggested that someone should be sent to the huge banyan tree where a powerful spirit lived and ask what should be done. He then put a trussed man in the hollow of the tree with instructions what to say. When the messenger came to the tree, the man in the hallow let forth an astounding oracle that the king was infatuated with the general's wife.


တန်ခိုးကြီးနတ်ရှိသည့် ညောင်ပင်ကြီးထံ လူတစ်ယောက်အား စေလွှတ်ပြီး မည်ကဲ့သို့ ဆောင်ရွက်သင့်သနည်းဟု မေးမြန်းဖို့ စစ်သေနာပတိက အကြံပေးသည်။ သစ်ပင်အခေါင်းထဲတွင် လူတစ်ယောက် ဝင်နေစေပြီး မည်ကဲ့သို့ပြောဆိုရမည်ကို ညွှန်ကြားချက်ပေးသည်။ ဆက်သားလာသောအခါ သစ်ပင်ခေါင်းထဲမှလူက နတ်ပြောဟန်ဆောင်ကာ ဘုရင်သည် စစ်သေနာပတိမိန်းမကို စွဲလန်းနေကြောင်း ထူးဆန်းအံ့အား သင့်ဖွယ်ကောင်းသောစကားကို ပြောခဲ့သည်။

The general went to the king and told him what the oracle said and generously offered Ummadanti to his lord and king. Ashamed that his secret passion was known to nat and man, the king was brought to his senses and lived in peace, ruling his subjects justly.

သစ်ပင်စောင့်နတ်ပြောသည့်စကားနှင့် ဥမ္မာဒန္တိကို ရှင်ဘုရင်ထံ ဆက်သကြောင်း စစ်သေနာပတိက ဘုရင်အား လျှောက်ထားခဲ့သည်။ သူ၏ လျှို့ဝှက်တပ်မက်စိတ်ကို နတ်လူသိသွားပြီဟု အရှက်ရလျှက် ဘုရင်သည် အသိပြန်ဝင်လာကာ ငြိမ်းချမ်းစွာ နေထိုင်ပြီး တိုင်းသူပြည်သားများကို တရားမျှတစွာ အုပ်ချုပ်ခဲ့သည်။



The story is a favorite with professional players and amateurs. During the Tazaungdine festival the scene where the Lady Ummadanti threw flowers at the king is highlighted. The dramatists' ingenuity often makes the lady and the king bandy wits and the part of the king is clowned to the delight of the audience.


ထိုပုံပြင်သည် ကြေးစား၊ အပျော်တမ်း အနုပညာရှင်များ အကြိုက်ဖြစ်သည်။ တန်ဆောင်တိုင်ပွဲတော်တွင်  ဘုရင်အား ဥမ္မာဒန္တိ ပန်းပေါက်ခန်းသည် အထင်ရှားဆုံး ဖြစ်သည်။ ဖျော်ဖြေသူ၏ တီထွင်ဖန်တီးမှုများဖြင့် ဥမ္မာဒန္တိ မိန်းမပျို၊ ဘုရင်၏ ကွေးကောက်ဟန်ပန်၊ အပြောင်အပျက် အမူအယာများသည် ပွဲကြည့်သူများ၏ အကြိ ုက်ဖြစ်သည်။

Tanhsaunmoun
(Tazaungmone)
Yellow robes for Kathina offering,
the reward of the Path is the aim.
At this time, scattering the pollins,
the luffa at the end of it gold stem
is rich in fragrance.
Amid the sky
in heavens above
the golden moon Canda
and the brilliant star Pleiades
shine merrily.
လှူကထိန် သင်္ကန်းနှင့်၊
မဂ်လှမ်းတဲ့ ဆုပန်ရွယ်။
သည်ချိန်ကို ဝတ်မှုံကြဲလို့၊
ခဝဲရွှေညှာရင်းမှာ သင်းရနံ့ကြွယ်။
တေ်ကာင်းကင်လယ် ထက်ဘုံဦး၊
ရွှေလစန္ဒာနှင့်၊
ကြတ္တိကာ ကြယ်ရောင်စွန်းတယ်၊
ထွန်းထိန်လို့မြူး။
(ဖိုးသူတော် ဦးမင်း)

Eleven ဂျာနယ်မှာ ဖော်ပြထားတဲ့ အရှင်ပညာသီဟာဘိဝံသ (တရားဦးဓမ္မစကြာ) ရေးသားထားတဲ့ တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့ ဆောင်းပါးလေးက အတော်လေး ကောင်းပါတယ်။ အချိန်ရရင် ဒီလင့်ခ် လေးမှာ သွားဖတ်လို့ရပါတယ်။ အပေါ်က မြန်မာကဗျာလေးကတော့ သူငယ်ချင်းတစ်ယာက်ဖေ့ဘွတ်မှာတွေ့လို့ အတော်ပဲဟဆိုပြီး မလာတာ။ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ Flowers And Festivals Around The Myanmar Year စာအုပ်ထဲက တန်ဆောင်တိုင်ပွဲတော်အကြောင်းကို ဘာသာပြန်ထားပါ။ အင်္ဂလိပ်လိုဖတ်တာ ပိုရှင်းတဲ့သူတွေအတွက် မူရင်းအင်္ဂလိပ်စာကို ရိုက်တင်ပေးလိုက်ပါတယ်။ ဘာသာပြန် လိုအပ်ချက်တွေ ရှိခဲ့ရင် ကွျှန်မ အားထုတ်မှု ပေါ့လျော့မူသာ ဖြစ်ပါတယ်။ ရွှေပြည်ကြီးမှာတော့ တန်ဆောင်တိုင်မှာ သောက်စားပျော်ပါးကြလို့ လူကြီးတွေက စိတ်ညစ်၊ လူငယ်တွေက ပျော်။ အမိမြေရဲ့ အဝေး ရောက်နေပေမဲ့ အစဉ်အလာမပြတ် ကျင်းပကြတဲ့ ကထိန်ပွဲတွေ။ စာလာဖတ်သူတွေလည်း ပျော်စရာကောင်းတဲ့ တန်ဆောင်တိုင်ပွဲတော် ဖြစ်ပါစေလို့ (တန်ဆောင်တိုင်က ပြီးသွားပြီ ဆုတောင်းက နောက်ကျနေတယ် မှတ်တယ် း)

စန်းထွန်း
နိုဝင်ဘာ ၂၀၊ ၂၀၁၃။

Credit to Khin Myo Chit " Flowers And Festivals Around The Myanmar Year"
All photos are from Google.

ဟာပါးဖယ်ရီသွား တောလား...

အောက်တိုဘာ ၁  ဖယ်ဒရယ်အစိုးရ ရှပ်ဒေါင်းတာနဲ့ ကိုယ်တို့ရုံးလည်း ရှပ်ဒေါင်းလိုက်တာ အောက်တိုဘာ ၁၇ ဖယ်ဒရယ်အစိုးရ ပြန်ဖွင့်ပေမဲ့ ကိုယ့်တို့ရုံးက ပြန်မဖွင့်။ လကုန်ခါနီးမှာ ဒီအိုအယ် ( Department of Labor ) က ကွန်းထရပ်မရလို့ ဒီစီတစ်ရုံးလုံးကို လေးအော့ဖ်လိုက်တဲ့အကြောင်း Official Letter အော်ဖစ်ရှယ်လက်တာ  ရတယ်။ ပြ ုတ်ပြန်ပြီဟဲ့ နောက်တစ်ခါ း ) ။ ဒုတိယအကြိမ်ဆိုတော့ ဘယ်လိုမှ မနေတော့ဘူး ခန့်မှန်းထားတဲ့ အတိုင်းကိုး။ ပထမအကြိမ် ကန်တက်ကီမှာတုန်းကတော့ အတော်လေး စိတ်မကောင်းတွေဖြစ် ဝမ်းနည်းကြေကွဲ လိုက်သေးတယ်။ တစ်နှစ်တည်းနှစ်ခါ လေးအော့ဖ်တာ ကိုယ့်သူငယ်ချင်းတွေထဲမှာ ကိုယ်တစ်ယောက်တည်း ထင်ပါရဲ့။ ကိုယ့်ရဲ့ကံကိုက နှစ်ခါလုပ်ရတယ်။

တပတ်တခါ ဈေးဝယ်၊ အိမ်နားက မတ်သရူးဟန်ဆန်ထရေးမှာ လမ်းသွားလျှောက်တာကလွဲရင် ဘယ်ဆိုဘယ်မှ မထွက်ဖြစ်။ တနင်္ဂနွေနေ့မှာတော့ ကလဲရားက တစ်နေရာကို သွားလည်ကြမယ်တဲ့။ ဗာဂျီးနီးယားပြည်နယ် Shenandoah ရှယ်နယ်ဒေါဝါးတောင်ကြောက Skyline Drive စကိုင်းလိုင်းဒရိုက် သွားမလား၊ အနောက်ဗာဂျီးနီးယားပြည်နယ် Hapers Ferry ဟာပါးဖယ်ရီသွားမလား။ ရှယ်နယ်ဒေါဝါးတောင်ကြောက ၁၀၅ မိုင်ရှည်တဲ့ စကိုင်းလိုင်းဒရိုက် ကားလမ်းတလျှောက် ၃၅ မိုင်နှုန်းပဲ မောင်းခွင့်ရှိပြီး ၇၅ ခုရှိတဲ့ Overlook လို့ခေါ်တဲ့ ဗျူးပွိုင့်တွေကနေ အဝါရောင်တောကြီးဖြစ်နေတဲ့ ရှယ်နယ်ဒေါဝါးတောင်ကြောအလှ၊ ရွက်ဝါကြွေချိန် အဝါရောင်၊ အနီရောင်သစ်ပင် အလှကို  ရင်သပ်ရှုမော ငေးမောကြတာပါ။ ဒါပေမဲ့ ခုက သစ်ရွက်တွေကြွေလို့ သစ်ပင်တွေက ရိုးတံကြဲကြဲ ဖြစ်နေချိန်ဆိုတော့ ဟာပါးဖယ်ရီကို ရွေးလိုက်ကြတယ်။

Maple Tree During Fall

ကလဲရားက နွေတုန်းကတစ်ခေါက် ရောက်ဖူးပြီးသား။ မရောက်ဖူးသေးတဲ့ သူ့သူငယ်ချင်းနဲ့ကိုယ့်ကို လိုက်ပို့ပေးတာ။ မနက် ၁၀ နာရီ သူ့သူငယ်ချင်း အိမ်နားက Staples စတေပယ်ဆိုင်မှာ ဆုံကြတော့ ကားတိုးခံရဖူးတဲ့ ကိုယ်က ကားထားခဲ့ရမှာ စိတ်မချဘူးရယ်။ ကလဲရားသူငယ်ချင်းက သူ တနေကုန် ထားခဲ့ဖူးတယ် ခုလည်း သူ့ကားကို ထားခဲ့မှာ စိတ်မပူနဲ့ ဆိုတော့မှ စိတ်နည်းနည်းအေးတယ်။ ဒါတောင် စိတ်ဒုန်းဒုန်းချတာ မဟုတ်ဘူး။ အရင်တုန်းက မကြီးကို ကြံဖန်ပူတတ်ရန်ကောလို့တွေးတာ ခုတော့ ကိုယ်တိုင် ကြံဖန်ပူတတ်လာပြီ း) ။ BMW 5 Series  ကားတိုက်ခံရပြီးတော့ BMW SUV X3 ဝယ်ထားတဲ့ ဘီအမ်ဒဘလျူခရေဇီ ကလဲရားက သူ့ကားကို ဘယ်လိုလဲတဲ့။ ကိုယ်ကလည်း SUV ခရေဇီဖြစ်နေတာ စက်ဘီးတင်ပြီး ဘိုက်ကင်းထွက်ချင်လို့။ ကလဲရားက တောင်တက်ဖိနပ်၊ ဘောင်းဘီ၊ အင်္ကီျနဲ့ဝတ်စုံပြည့်။ ဟင်...တောင်မတက်ဘူးဆိုလို့ ပဲများလာတာ အိမ်ပြန်ပြီး တောင်တက်ဖိနပ် ဝင်ယူမယ်ဆိုတော့ ဟိုးထားဆရာ သူ့သူငယ်ချင်းမက တောင်မတက်နိုင်၊ လမ်းမလျှောက်နိုင်ဘူးတဲ့ ။

ဟာပါးဖယ်ရီက မေရီလန်းပြည်နယ် ဆေးပါးစပရင်းမြို့ အနောက်မြောက်ဖက် ၅၅ မိုင်အကွာ ၁ နာရီသာသာ မောင်းရပါတယ်။ ကလဲရားသူငယ်ချင်းမလေးနာမည်က Hao Ren ဟောက်ရန်။ ဟောက်ရန်ဆိုတာ ယောက်ျားလေးနာမည် ဘာလို့ သူ့ကို ပေးထားတာလဲ မသိဘူးတဲ့။ အတန်းထဲက ဗီယက်နမ်ကောင်လေးနာမည်က Hoa Le ဟွားလဲ့။ မိုင်းဖန်က ဟွားဆိုတာ ဗီယက်နမ်လို ပန်း၊ ငြိမ်းချမ်းရေးလို့ အဓိပ္ဗာယ်ရတယ် (တရုတ်ဘာသာမှာလည်း ပန်းကို ဟွားလို့ခေါ်တယ်) ။ သူ့မိဘတွေက မိန်းကလေးနာမည် ဘာလို့ပေးတာလဲ မသိဘူးတဲ့။ အဲဒီတုန်းက ဟွားကိုတွေ့ရင် မေးဦးမယ်လို့ တေးထားတာ ခုထိ မမေးရသေးဘူး။ ဟွားတစ်ယောက်တောင် ကျောင်းပြီးလို့ ဗီယက်နမ်ကို ပြန်သွားပြီလား၊ ယူအက်စ်မှာ ရှိနေသေးရဲ့လား မသိ။


အင်္ဂလိပ်နာမည်က Hanah ဟနာ့ ဂျပန်လိုလို၊ ကိုရီးယားလိုလို။ အလုပ်အကိုင်က Analytical Chemistry  ပစ္စည်းတွေကို ဓာတ်ခွဲစမ်းသပ်ပေးရတဲ့အလုပ်။ ယူအက်စ်ရောက်တာ ၁၂ နှစ်ရှိပြီတဲ့။ အရပ်က ၅ ပေ ၇ လက်မ ဇာတိက တရုတ်ပြည်မြောက်ပိုင်း။ တစ်နှစ်လုံးစာ ၈၀ ပေးရပြီး တစ်နိုင်ငံလုံးက အမျိုးသားဥယျာဉ်၊ ပြည်နယ်အပန်းဖြေနေရာတွေကို ကြိုက်သလောက် ဝင်နိုင်တဲ့ ကလဲရားရဲ့ American The Beautiful - The Nation Parks and Federal Recreation Lands Pass ကဒ်ပြတော့ မနက်ဖြန် စစ်ပြန်များနေ့ Veterans Day မို့လို့ ဝင်ကြေးအခမဲ့တဲ့။ Visitor Center မှာ ကားထားခဲ့ပြီး မြို့ဆီကို ရှယ်တယ် စီးရပါတယ်။ တနင်္ဂနွေနေ့မို့ လာကြတဲ့သူတွေ များသား။ ၁၈၅၉ အမေရိကန်ပြည်တွင်းစစ်တုန်းက  စက်လက်နက်သိုလှောင်စခန်းမှာ ဂျွှန်ဘရောင်း မထင်မှတ်ဘဲ ရုတ်တရက် တိုက်ခိုက်ခံရတဲ့ ဟာပါးဖယ်ရီ။

အနောက်ဗာဂျီးနီးယား၊ ဗာဂျီးနီးယား၊ မေရီလန်း ပြည်နယ်သုံးခု ဆုံတဲ့နေရာ၊ ရှယ်နယ်ဒေါဝါးမြစ်နဲ့ ပတ်တိုးမတ်မြစ်ဆုံရာ ကမ်းနဘေးက ဟာပါးဖယ်ရီမြို့လေးက အတော့်ကို သေးငယ်သလို အတော်လည်း သာယာပါတယ်။ ကိုယ်ကျောင်းတက်ခဲ့တဲ့ အိုင်အိုဝါပြည်နယ် ဖဲဖီးမြို့လေးကို သေးလှပြီထင်တာ ဟာပါးဖယ်ရီက ပိုသေးနေတယ်။ လူဦးရေ ၂၀၀ ကျော်ပဲ ရှိတယ်။ ပြတိုက်၊ စာအုပ်ဆိုင်၊ အမှတ်တရ ပစ္စည်းဆိုင်၊ စားသောက်ဆိုင် ၃ ဆိုင်။ အိမ်ကလေးတွေက သေးသေးကျဉ်းကျဉ်းလေးတွေ။ မနက်စာ ဘာမှစားမလာတဲ့ ကိုယ်က ဗိုက်တဂွီဂွီမြည်နေလို့ အေးရှန်းဆိုင်ရှာတော့  နင့်ဘိုးအေ ဒီလိုနေရာမှာ အေးရှန်းဆိုင်ရှာရသလားတဲ့ ကလဲရားက ကောင်းချီးပေးတယ်။


အမေရိကန်စာ စွပ်ပြုတ်မှာကြတယ်။ စွပ်ပြုတ်ဆိုရင် ပန်းကန်လုံးအကြီးကြီးလို့ ထင်နေတဲ့ ကိုယ့်ကို ကလဲရားက လက်သီးဆုပ်ပြပြီး အဲဒါ စွပ်ပြုတ်ခွက် နင် ဗိုက်ဝမှာ မဟုတ်ဘူး တခုခုထပ်မှာတဲ့။ ကလဲရား မှန်းတဲ့အတိုင်းပါပဲ ကြက်သား၊ အာလူး၊ မုန်လာဥနီ၊ အရွက်တမျိုး ထည့်ပြုတ်ထားတဲ့ (ကန်တက်ကီက ကိုယ့်အိမ်ရှင်အစ်မ အမြဲချက်တတ်တဲ့) စွပ်ပြုတ်ခွက်ကို တစက်မှမကျန်အောင်  သောက်ပြီး ဟော့ဒေါ့ကို စောင့်ရတယ်။ ခရက်ကာကို ပါးစပ်ထဲကောက်ထည့်ဝါး စွပ်ပြုတ်သောက်တဲ့ကိုယ့်ကို ကလဲရားက ခရက်ကာကို စွပ်ပြုတ်ထဲ ထည့်သောက်ရတာ အမေရိကန်တွေက အဲဒီလို စားတာတဲ့။ ဟနာ့က ဒီစွပ်ပြုတ်က ကန်ဗူးနဲ့ ချက်ထားတာ ကြက်သားကို မီးအေးအေးနဲ့ ပြုတ်တာမဟုတ်ဘူးတဲ့။ သူ ဘယ်လိုများ သိပါလိမ့် း) ။

မြို့နံဘေးမှာ အသုံးမပြုတော့တဲ့ မီးရထားလမ်းလေးက လဲလျောင်းအနားယူလို့။ အခုထိ အသုံးပြုနေဆဲ မီးရထားလမ်းပေါ်ကနေ ရထားတွေက ဥသြဆွဲပြီး ဖြတ်သန်းသွားကြလို့။ လမ်းတွေက အများကြီး ဘယ်ကိုသွားရမှန်း မသိတော့ လူတွေဖြတ်ကျော်နေတဲ့ မြစ်ကူးတံတားဆီကို သွားတယ်။ လေတွေ တိုက်တာမှ တဟူးဟူး။ နားရွက်တွေ အေးလာလို့ ဦးထုပ်၊ အနွေးထည်နဲ့ တဆက်တည်း ခေါင်းဆောင်းတွေ ထုတ်ဆောင်းရတယ်။ ရှယ်နယ်ဒေါဝါးမြစ်နဲ့ ပေါင်းဆုံကာ မေရီလန်းနဲ့ ဗာဂျီးနီးယား ပြည်နယ်ကို  ခြားထားတဲ့ ပတ်တိုးမတ်မြစ်လေးက တံတားအောက်မှာ တငြိမ့်ငြိမ့် စီးဆင်းလို့နေတယ်။ စတော်ဘယ်ရီ ခူးကြသူများပို့စ်ထဲက ပတ်တိုးမတ်မြစ်ကို မေရီလန်းပြည်နယ်ဖက်ခြမ်း ဂရိတ်ဖောအမျိုးသားဥယျာဉ်ကနေ သွားခဲ့ကြတာပါ။


ဝါရှင်တန်ဒီစီ ဂျော့တောင်းဘေးနားကမြစ်ကလည်း ဒီပတ်တိုးမတ်မြစ်ပါပဲ။ မေရီလန်းဟိုက်ဖက်ကို တောင်တက်ပြီး မြစ်ဆုံအလှကို ကြည့်မလားဆိုတော့ တောင်မတက်နိုင်တဲ့ ဟနာ့က မြစ်ဘေးတလျှောက်ပဲ လမ်းလျှောက်ရအောင်တဲ့။ Chesapeake & Ohio Canal National Historic Park ပန်းခြံထဲက Appalachain Trail အပါလာချိန်းတောလမ်းလေးတလျှောက် လမ်းလျှောက်ကြပါတယ်။ စက်ဘီးစီးသူတွေ အတော်များတယ်။ လူတိုင်းကလည်း ပြုံးပြနှုတ်ဆက်ကြတယ်။ သစ်ပင်တွေမှာ ရွက်ဝါတွေ ရှိနေခဲ့ရင် ဓာတ်ပုံတွေ ခုထက်လှမှာ။ လေက အရမ်းကို သန့်ရှင်းတယ်။ ကနူးလှေလှော်သူ တချို့ကို တွေ့တယ်။

ဟနာ့က နိုင်ငံရေး စိတ်ဝင်စားလို့ သူနဲ့ လေပေးဖြောင့်တယ်။ ကျောင်းမှာတုန်းက လေပေးဖြောင့်တာ ဂင်္ဂါ။ နိုင်ငံရေး၊ ပထဝီ၊ သမိုင်း အားလုံး ဆွေးနွေးလို့ရတယ်။ အမြင်မတူရင် ငြင်းခုန်ကြတယ်။ ဟနာ့က ဥပဒေနဲ့ ကျောင်းပြီးခဲ့တဲ့ သမ္မတအိုဘားမားကို စိတ်ကောင်းပေမဲ့ မထက်မြက်ဘူးတဲ့။ အိုဘာမားကဲ Obamacare လို့ခေါ်ကြတဲ့ လူတိုင်း စရိတ်သက်သက်သာသာနဲ့ ကျန်းမာရေးအာမခံ ထားရှိနိုင်ရေးဟာ အိုင်ဒီရာကောင်းပေမဲ့ အလုပ်မဖြစ်နိုင်ဘူးတဲ့။ သူ့နာမည် သမိုင်းတွင်ဖို့ လုပ်နေတာတဲ့။ ကျန်းမာရေးကောင်းတဲ့ ငယ်ရွယ်သူတွေရဲ့ အာမခံပိုက်ဆံကို ကျန်းမာရေးမကောင်းတဲ့သူတွေအတွက် မျှခံပေးတာ ကောင်းပေမဲ့ ကျန်းမာရေးကောင်း ငယ်ရွယ်သူတွေက ပိုက်ဆံပိုကုန်ကျလို့ မကြိုက်ကြဘူး။


ကိုယ့်အိမ်ရှင် ရှယ်ရွန်သာကြားရင် ဆွေ့ဆွေ့ခုန်နေမလားမသိ။ သူက ဒီမိုကရက်အမာခံ တီဗွီဆိုရင် ဒီမိုကရက်ရှယ်နယ် msnbc တစ်ခုပဲကြည့်ပြီး ခေါင်းတညိမ့်ညိမ့် ထောက်ခံနေတတ်တယ်။ ရီပါပလင်ကန်ရှယ်နယ်က Fox ၊  ဘယ်ဖက်မှမယိမ်းတာက CNN၊ ABCNews ။ ရှယ်ရွန်က ရီပါပလင်ကန်တွေကို မကောင်းဆိုးဝါး Evil တွေတဲ့၊ သမ္မတအိုဘားမားက လူမည်းဖြစ်နေတော့ သူဘာလုပ်လုပ် ရီပါပလင်ကန်တွေက ကန့်ကွက်မှာပါပဲတဲ့။ ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက် ဟီလာရီကလင်တန်ကို အမေရိကန်ရဲ့ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်စေချင်ကြတယ်။ ဦးနှောက်မှာ သွေးခဲမှုဖြစ်လို့ ခွဲစိတ်ကုသပြီး ကျန်းမာရေးအခြေအနေကြောင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ်ကနေ အနားယူလိုက်တဲ့ ဟီလာရီကလင်တန်ဟာ သမ္မတကတော်ဟောင်း၊ နိုင်ငံခြားရေးဝန်ကြီးဟောင်းအဖြစ် နိုင်ငံရေးလောကမှာ အတွေ့အကြုံများတယ်၊ လူကြိုက်များတယ်ဆိုပေမဲ့ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့ ကျန်းမာရေးကောင်းပါ့မလားလို့ စိတ်ပူကြတယ်။ ၂၀၁၆ မှာ ယူအက်စ်နဲ့ မြန်မာပြည်မှာ ပထမဆုံးအမျိုးသမီးသမ္မတတွေရှိလာခဲ့ရင် သိပ်ကောင်းမှာပဲ။ ဟီလာရင်ကလင်တန်ကြောင့် နှစ်နိုင်ငံရေးဆံဆက်ရေးကောင်းလာတော့ သူသာသမ္မတဖြစ်ရင် မြန်မာပြည်အတွက် အရမ်းကောင်းမယ်လို့ထင်တယ်။ သမ္မတလောင်းအဖြစ် နာမည်ကြီးနေတာက  နယူးဂျာဆီမြို့တော်ဝန် Chris Christie ခရစ် ခရစ်စတီး။ အိုဗာဆိုဒ်ဖြစ်နေတဲ့ သူ့ခန္ဓာကိုယ်အလေးချိန်ကို မီဒီယာတွေက လှောင်ပြောင်ကြလို့လည်း နာမည်ကြီးတယ်။

အမေရိကန်မှာ ကျန်းမာရေးဆေးကုသစရိတ် အရမ်းအရမ်း ဈေးကြီးတယ်။ ကျန်းမာရေးအာမခံ မရှိဘူးဆိုရင် အသက်ငင်နေပစေ မကုပေးဘူးတဲ့။ ဆေးရုံ တလလောက်တက်ရုံနဲ့ ဆပ်ပေရော့ တသက်လုံး။ ယူအက်စ်ကိုရောက်ခါစ ပိုလန်အလာဂျီဖြစ်လို့ ဆေးခန်းသွားပြတာ ကျောင်းသားကျန်းမာရေးအာမခံက ကာဗာမဖြစ်လို့ ကိုယ့်ဘာသာ ပေးရတယ်။ ဇွန်လမှာ ဆူနမ် နေမကောင်းတစ်ပတ်ဖြစ်တာ ဆရာဝန်က ကျောက်ကပ်မကောင်းတာလားဆိုပြီး သွေးစစ်ခိုင်းတယ်။ ပုံမှန်စစ်ဆေးရတဲ့ဟာတွေဖြစ်လို့ ကုန်ကျငွေ ၂၀၀၀ ကို ကျန်းမာရေးအာမခံက ကာဗာမဖြစ်ဘူး။ အရေးပေါ် emergency တွေမှ ကာဗာဖြစ်တာတဲ့။ အမယ်မင်း... ယူအက်စ်မှာ နေမကောင်းဖြစ်ဖို့ လုံးဝစိတ်မကူးလေနဲ့။


သမ္မတဘုချ်ဆင်းတုန်းက အကြွေးဘယ်လောက် ခုဆို အကြွေးဘယ်လောက် ဘယ်လောက်တိုးသွားတယ်ဆိုပြီး ဟနာ့က အသေအချာ မှတ်မိတယ်။ ဒီမိုကရေစီနိုင်ငံပီပီ နိုင်ငံမှာ အရန်ငွေ၊ အကြွေးဘယ်လောက် ရှိတယ်ဆိုတာ ပြည်သူတွေ ရှင်းရှင်းလင်းလင်း သိကြတယ်။ သမ္မတဘုချ်ကို ပြည်သူတွေ မုန်းကြတယ်တဲ့။ သူ့လက်ထက်မှာ အီရတ်၊ အာဖကန်နစ္စတန်ကို ဝင်တိုက်လို့ စစ်အသုံးစရိတ် အရမ်းကုန်ပြီး ကြွေးထူတယ်။ ခု သူ့ဇာတိ တက္ကဆက်မှာ Secrect Service သက်တော်စောင့်တွေ ခြံရံပြီးနေလေရဲ့ လုပ်ကြံခံရမှာစိုးလို့လေ။ ဟနာ့ပြောတာ စိတ်ဝင်စားလို့ ဂူဂယ်မှာရှာကြည့်တော့ သမ္မတဟောင်းနဲ့ မိသားစုဝင်တွေ လုပ်ကြံမခံရအောင် ကာကွယ်စောင့်ရှောက်ဖို့  Department of Homeland Security အမိမြေလုံခြုံရေးဌာနရဲ့ တစိတ်တပိုင်းဖြစ်တဲ့ Secret Service ကနေ တာဝန်ယူဆောင်ရွက်ပေးဖို့ ဥပဒေကို ၁၉၆၅ ခုနှစ် ကွန်ဂရက်မှာ တင်သွင်းအောင်မြင်ခဲ့တယ်လို့ဆိုပါတယ်။ အရင်တုန်းက ၁၀ နှစ်ပဲ တာဝန်ယူပေးပေမဲ့ ခုတော့ သမ္မတဟောင်းနဲ့ မိသားစုဝင်တွေ သက်ရှိထင်ရှားရှိစဉ် တလျှောက်လုံး တာဝန်ယူပေးမဲ့ ဥပဒေကို သမ္မတအိုဘားမားက မကြာသေးမှီကပဲ လက်မှတ်ထိုးခဲ့ပါတယ်။

သမ္မတအိုဘာမားက အကြွေးထပ်ယူပြီး ပြည်သူတွေအတွက်တော့ လုပ်ပေးတယ်။ အကြွေးနည်းသွားအောင်တော့ မစွမ်းဆောင်နိုင်ဘူး။  အဲဒီအကြွေးတွေကို ဘယ်သူဆပ်မှာလဲဟင်။ နောက်တက်လာမဲ့အစိုးရ၊ နောက်မျိုးဆက်သစ်တွေ ဆပ်ပေရော့။ နောင်မျိုးဆက် အမေရိကန်တွေ အသက် ၇၃ နှစ်အထိ အငြိမ်းစားယူနိုင်ဖွယ်မရှိလို့ ရာဟူးမှာ ဖတ်လိုက်ရတယ်။ မစ်ရွှန်မနီသာ သမ္မတဖြစ်ခဲ့ရင် စီးပွားရေးကောင်းလာမလား မသိဘူးနော်။ သူ အုပ်ချုပ်ရေးမှုးလုပ်တုန်းက တက္ကဆက်ပြည်နယ် စီးပွားရေးကောင်းလာတယ်လို့ဆိုတယ်။ သူက မော်မွန် (Mormon) ။ မော်မွန်ဆိုတာ ဘာလဲဟင်။ ဆေးဗားစပရင်းမြို့အထွက်တုန်းက အဆောက်အဦးချွှန်ချွှန်ကြီးကို ဘာကြီးလဲလို့ နင် မေးနေတာ အဲတာ မော်မွန်ဘုရားရှိခိုးကျောင်း ခရစ်ယာန်တစ်မျိုး။ ဒါပေမဲ့ အဲဒီဘာသာကို အမေရိကန်တွေ သိပ်မကြိုက်ဘူး။

The Church of Jesus Christ of Latter Day Saints
credit to wikipedia.com
၁၈၄၆ နောက်ပိုင်း မစ္စစ္စပီမြစ်အရှေ့ဖက်ခြမ်းမှာ ပထမဆုံးဆောက်တဲ့၊
ယူအက်စ်မှာ အမြင့်ဆုံး ဘုရားရှိခိုးကျောင်းဖြစ်ပြီး ၁၅ မီလျံ ကုန်ပါတယ်။
Utah ယူတာ့ပြည်နယ်က Salt Lake Temple ဒီဇိုင်းကိုယူပြီး
အဖြ ူရောင် Alabama marble ကျောက်တွေနဲ့ ဆောက်ထားတာတဲ့။
တခြားဘုရားရှိခိုးကျောင်းတွေနဲ့ နည်းနည်းကွဲတယ်နော် ။

ဒါပေမဲ့ မစ်ရွှန်မနီက တရားဝင်မိန်းမတစ်ယောက်ပဲ ရှိတာ။ ဟာ... ဒါဆို မော်မွန်ယောက်ျားလေးကတော့ ကော်တာပဲ မယားလေးယောက် ယူမယ်။ အောင်မလေး...ဒီခေတ်ကြီးမှာ မယားတစ်ယောက်တောင် မနည်းရှာကျွှေးရတာ။ မယားလေးယောက် အံ့ပါရဲ့စိတ်ကူးယဉ်မနေစမ်းနဲ့။ ယူအက်စ်မှာ လိင်တူလက်ထပ်ထိမ်းမြားခွင့်ပြုတယ်၊  ကြိုက်သလောက်ကွဲ ကြိုက်သလောက်လက်ထပ်။ ဒါပေမဲ့ ဥပေဒအရ တရားဝင်မယားတစ်ယောက်ပဲ ယူခွင့်ရှိတယ် အပြိုင်မယား ယူခွင့်မရှိဘူး။ အမေရိကန်နိုင်ငံသားလျှောက်ရင် စစ်မေးတဲ့မေးခွန်းထဲမှာ မယားပြိုင်ယူထားလား၊ ယူအက်စ်ကို တရားမဝင် လူခေါ်သွင်းဖူးသလား မေးခွန်းတွေပါတယ်။

ကလဲရား၊ ဟနာ့တို့ ငယ်ငယ်တုန်းက ဟိုက်စကူးကို အဆင့်မြင့်မြင့်နဲ့အောင်ဖို့၊ ရည်းစားမထားဘဲ စာကိုပဲအာရုံစိုက်စေဖို့ အိမ်က အတော်တင်းကျပ်တယ်လို့ ဆိုပါတယ်။ တက္ကသိုလ်ရောက်မှ ရည်းစားထားရပြီး တက္ကသိုလ်မှာ ရည်းစားမရရင် အလုပ်ထဲမှာတွေ့။ အသက် ၂၅ ကျော်လို့မှ ရည်းစားမရှိရင် ခက်သွားပြီတဲ့။ ကိုယ်တို့ ငယ်ငယ်ကလည်း ဒီလိုပါပဲ ဆယ်တန်းအထိ ရည်းစားမထားနဲ့ တက္ကသိုလ်ရောက်မှ ထားတဲ့။ ခုခေတ်ကလေးတွေကို ဒီလိုထိန်းကျောင်းလို့ ရမယ်မထင်ဘူး။ တရုတ်ပြည်မှာ One Child policy အရ မျိုးရိုးဆက်ခံဖို့ ယောက်ျားလေးပဲ လိုချင်ကြတယ်။ ဒါကြောင့် ယောက်ျားလေးဦးရေကများ မိန်းကလေးဦးရေကနည်း။ အရွယ်ရောက်တဲ့ တရုတ်အမျိုးသားတွေ အိမ်ထောင်ပြုဖို့ သတို့သမီးရှားပါးနေလို့ မြန်မာ၊ ဗီယက်နမ်က သတို့သမီးတွေ ဝယ်ရတယ်လို့ ကြားတယ်။


အဲဒါ နယ်ဖက်က ပညာမတတ်တဲ့ ယောက်ျားလေးတွေ။ မြို့ပေါ်မှာ ပညာတတ် မိန်းကလေးများတယ်။ အဲဒီမိန်းကလေးတွေဟာ သူတို့နဲ့တန်းတူကိုမှ ယူမယ်လို့ ဆုံးဖြတ်ထားရင် အပျိုကြီးဖြစ်ဖို့ ရာခိုင်နှုန်းများတယ်။ ခု တရုတ်ပြည်မှာ သက်ကြီးရွယ်အိုတွေ များလာပြီး လူငယ်တွေ နည်းနေလို့ တစ်အိမ်ထောင် ကလေးတစ်ယောက် ပေါ်လစီကို ပြင်တော့မယ် ကြားတယ်။ နင် ဘာလို့ ယူအက်စ်လာတာတုန်း။ ယူအက်စ်က နံပါတ်တစ်ဆိုလို့။ ခု ယူအက်စ်က နံပါတ်တစ် မဟုတ်တော့ဘူးဟ။ ငါ တရုတ်ပြည်ပြန်ရင် ငါ့သူငယ်ချင်းတွေက သြစီ၊ ကနေဒါ၊ ဆွီဒင်တို့မှ ကောင်းတာ။ အစိုးရ ချမ်းသာတယ်၊ ပညာရေးကောင်းတယ်၊ လုံခြံခြုံတယ်တဲ့။ ငါတောင် အသက်ကြီးရင် တရုတ်ပြည်ပြန်မလားလို့။ ကျောင်းအကြွေးတွေက ထပ် ထပ်တိုး၊ အလုပ်က ခဏ ခဏပြုတ်၊ အိတ်ချ်ဝမ်းဘီရဖို့က  အရမ်းခက်၊ သေနတ်ပစ်မှုတွေနဲ့ မလုံခြံခြုံ၊ ယူအက်စ်ကို ပြန်ဝင်ရင် ဗီဇာပြန်လျှောက်ရ၊ လေယာဉ်ခက ဈေးကြီး။ ဒီလိုနဲ့ မြန်မာပြည်မပြန်နိုင်တာ ၃ နှစ်ရှိပြီ။ ယူအက်စ်ကို မလာဘဲ သြဇီကို သွားခဲ့ရင် ကောင်းသား။ ခုလောက်ဆို သြဇီပီအာ ဖြစ်နေလောက်ပြီ။ မြန်မာပြည်နဲ့လည်းနီး တစ်နှစ်တစ်ခေါက်လောက် ပြန်နိုင်မယ်။

ရုံးက စင်္ကာပူသူနစ်ကိုးလင်း ပြောပြတာက ယူအက်စ်မှာ တချို့မိန်းမတွေ ကလေးမွေးတာ ချစ်လို့မဟုတ်ဘူး  ကလေးပြပြီး တောင်းစားတာတဲ့။ တရားဝင်လက်ထပ်မထားလည်း၊ ယောကျ်ားမှာ တရားဝင်မယားရှိပေမဲ့လည်း ရုံးမှာလျှောက်ထားရင် ကလေးစရိတ်ကို အဲဒီယောက်ျားရဲ့ လစာထဲက အော်တိုဖြတ်တယ်တဲ့။ ကလေးအဖေဆီက ကလေးထောက်ပံ့စရိတ်၊ အလုပ်လက်မဲ့ခံစားခွင့်၊ အစိုးရဆီက Single Mom ထောက်ပံ့ကြေးရလို့ ကလေး ၃၊ ၄ ယောက် မွေးထားရင် အလုပ်လုပ်တဲ့သူထက်တောင် ဝင်ငွေကောင်းသတဲ့။ အဲဒီထောက်ပံ့ငွေတွေကို အလုပ်လုပ်သူတွေက ပေးရတော့ အလုပ်လုပ်အခွန်ထမ်းသူတွေက အစိုးရကို မကျေနပ်ကြဘူး။ သန္ဓေတားခြင်းကို တားမြစ်တဲ့ ရိုမန်ကက်သလစ်ဘာသာဝင် မက်ဆီကန်မိသားစုတွေဆို ကလေးတွေတပြုံကြီး။

ပြည်နယ်သုံးခု၊ မြစ်နှစ်ခု ဆုံတဲ့နေရာ...
ကိုယ်ရပ်နေတာက အနောက်ဗာဂျီးနီးယားပြည်နယ်၊
ဘယ်ဖက်က မေရီလန်းပြည်နယ်နဲ့ ပတ်တိုးမတ်မြစ်၊
ညာဖက်က ဗာဂျီးနီးယားပြည်နယ် ရှယ်နယ်ဒေါဝါးမြစ်...
ရောက်ဖူးချင်ခဲ့တာ ဧရာဝတီမြစ်ဆုံ... ကိုယ် မြန်မာပြည်ပြန်တဲ့အချိန် ဧရာဝတီမြစ်ဆုံ ဆိုတာရော ရှိပါဦးမလား

အပြန်မှာ ရှယ်တယ်မစီးဘဲ မြစ်ဘေးနားတလျှောက် လမ်းလျှောက်တာ လေတိုက်ရင် တအားအေးလို့ ကားလမ်းဘေးလမ်းကနေ လျှောက်တယ်။ Vistior Center ရောက်ခါနီး တောင်အမြင့်ကြီးကို ဝ.၃ မိုင် တက်လိုက်ရတာ ဟိုက်နေတာပဲ။ အပြန်လမ်းမှာ ကလဲရားနဲ့ဟနာ့တို့ တွတ်ထိုးနေတာ ဝင်မတွတ်နိုင်ဘူး အိပ်ပျော်သွားတယ်။ နိုဝင်ဘာလကုန် ကျေးဇူးတော်နေ့ ပိတ်ရက်၊ ဒီဇင်ဘာ ခရစ်စမတ်၊ နှစ်သစ်ကူး ပိတ်ရက်တွေမှာ အားလပ်ရပ်ခရီး ထွက်ကြတာမို့ အင်တာဗျူးတွေ အင်မတန်နည်းတယ်။ ကျေးဇူးတော်နေ့မတိုင်ခင် အလုပ်ရမှ။ နို့မို့ နောက်နှစ်ကူးသွားမှာ။ ခုတလော စိတ်ဖိစီးတယ် ညည အိပ်မပျော်ဘူး။ ညဖက် အိပ်မပျော်တာတွေရော၊ ၄ နာရီ လမ်းလျှောက်လို့ ပင်ပန်းတာရောနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ်။

ရော့ခ်ဗီလ်မြို့က တိုင်ဆန်တရုတ်ဘူဖေး သွားစားကြတော့ ဒီလိုထွက်မစားဖြစ်တာကြာပြီ။ တစ်ယောက်တည်း သွားမစားချင်လို့ဆိုတော့ ကလဲရားက ငါကတော့ တစ်ယောက်တည်းလည်း သွားစားတာပဲတဲ့။ သူကတော့ အာဂသတ္တိခဲ ဘာဆိုဘာမှ မကြောက်တာ။ ကိုယ့်ကားရဲ့ ကန်တက်ကီမှတ်ပုံတင်က နိုဝင်ဘာဆိုကုန်ပြီ။ တခြားပြည်နယ်ကကားတွေကို ကန်တက်ကီမှာ မှတ်ပုံတင်ရင် ဘယ်ညာ စစ်ကနယ်၊ ဘရိတ်၊ ရှေ့မီး၊ ဟွန်းလောက်ပဲ အင်စပက်တယ်။ မေရီလန်းမှာတော့ အင်စပက်ရှင်းဆိုတာ ဝယ်မဲ့နွားစစ်သလို အသေအချာ စစ်တာ။ အင်စပက်ရှင်းအောင်ရင် အီမစ်ရှင်း (လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုဒ် လွှင့်ထုတ်ခြင်း) စစ်တယ်။ မေရီလန်း အင်စပက်ရှင်းအောင်ဖို့ ပြင်ရမှာ အတော်ကုန်မှာမို့ မပြင်တော့ဘူး ဒီလာမှာ အောက်ဈေးနဲ့ ရောင်းရတော့မယ်။

ဆယ်လီဗြွတ်တီ့မျက်မှန်နဲ့ စန်းထွန်းတစ်ယောက် ဂိုက်ပေးကြမ်းနေပုံ (တီတီဆွိ လေသံ) 

တနေ့က ကားဝယ်မဲ့သူတွေ လာကြည့်တာ အင်ဂျင်ချက်ဆိုင်းပေါ်နေလို့ မဝယ်ဘူးတဲ့။ မခိုင်ဆီမှာကတည်းက အင်ဂျင်ချက်ဆိုင်း ပေါ်နေတာ။ မမီးမီးက အင်ဂျင်ချက်ဆိုင်း ပေါ်နေတာ အင်ဂျင်မကောင်းလို့ ဝယ်ကတည်းက နင် မသိဘူးလားတဲ့။ ဝယ်တုန်းက ဘာကားအမျိုးအစား၊ ဘာအရောင်၊ ဘယ်လိုပုံမှန်းတောင် မသိဘူး။  ရှစ်ပင်းကားက လာပို့တော့မှ မြင်ဘူးတာ။ ခုဆို ရာသီဥတုက အေးနေပြီ။ ဘတ်စ်ကားစောင့်ဖို့က အေးပါဘိနဲ့။ မွေးနေ့လက်ဆောင်အဖြစ် ကားအသစ်နဲ့ အလုပ်အသစ် လိုချင်တယ်။ နင်လိုချင်တာ ဘာကားလဲ။ Cadillac SRX ။ ကက်လက်က Luxury ဇိမ်ခံကား ဈေးကြီးတယ် ။ အင်း အဲဒီကားကို လိုချင်တာ။ နင်ဟာလေ အကောင်းကြိုက် ဈေးကြီးတာမှ လိုချင်တယ် ဟိုဟာလိုချင် ဒီဟာလိုချင် အဲဒါကြောင့် နင့်ကို ကောင်လေးတွေ ဝှောင်ဝှောင်ရှေးတာ နင့်လိုအင်တွေ မဖြည့်နိုင်လို့။ ဒီမှာ ကလဲရား ကောင်လေးကဝယ်ပေးမှ သုံးနိုင်မှာလား ငါ လိုချင်တာ ငါ့ဘာသာ ဝယ်နိုင်တယ်။ တော်ကြာ အခန့်မသင့်လို့ လမ်းခွဲကြရင် ချစ်လက်ဆောင်တွေ ပြန်ပေးဆိုမှ ဟုတ်ပေ့ဖြစ်မယ် း) ။

ကိုယ်နဲ့ခရီးတွေ အတူတူသွားတဲ့၊ သုံးကောင်သား လုံးထွေးနေတဲ့၊ ခြစ် အဲလေ ချစ်သူငယ်ချင်းများဖြစ်တဲ့ ဆူနမ်၊ ရာမား၊ အမ်းထရူးတို့ကို သတိရတယ်။ သူတို့နဲ့ ခရီးမထွက်တာ ကြာပြီ။ အေးလာရင် အနီကွက်တွေထ ခဏခဏထိုင်နားရတဲ့ အအေးအလာဂျီရှိတဲ့ ရာမားကြောင့် ဆောင်းတွင်းမှာ ခရီးထွက်ခဲတယ်။ လွန်ခဲ့တဲ့ စနေနေ့ စာမေးပွဲဖြေတုန်းက ဆုံကြသေးတယ်။ သူတို့ရဲ့ နောက်ဆုံးစာမေးပွဲ အထိမ်းအမှတ်အဖြစ် နီပါလီစားသောက်ဆိုင်မှာ သွားစားတာ ကားပါးကင်အခက်အခဲကြောင့် ဒီနာနဲ့ကိုယ့်ကားကို ချေဗီချေ့စ်ဟိုက်စကူးကျောင်းမှာ လာထား။ နောက်မှာ မိန်းကလေးလေးယောက်ထိုင်၊ ဒီနာနဲ့ကိုယ်က ပုလိပ်မမြင်အောင် ကိုယ်ဖျောက်ထိုင်ကြတာ တဟားဟားနဲ့။

ဒီခရီးစဉ်မှာ ကိုယ် အကြိုက်ဆုံး ဓာတ်ပုံ
credit to Google
မေရီလန်းဟိုက်ဗျူးပွိုင့်ကို တက်မှ ဒီလိုရှုခင်းမျိုး မြင်ရတယ်
credit to Google

ရာမားနဲ့ကိုယ်ကို ဘယ်ဒယ်စဒါ မြို့လယ်ခေါင်မီးပွိုင့်မှာ ချထားခဲ့ပြီး သူတို့က ပါ့ပလစ်ပါကင်းဆီ သွားတယ်။ ဟိမလေးရန်းစားသောက်ဆိုင်ရောက်တော့ ညနေ ၃ နာရီ ထိုးခါနီးပြီ။ ဝိတ်တာက ၃ နာရီဆို ဆိုင်ပိတ်မှာမို့ အမြန်မှာပါတဲ့။ ဆူနမ်တို့ကို ဖုန်းခေါ်တာလည်းမရ ရာမားတစ်ယောက် ကြိုးစားပြီး သူတို့ကြိုက်လောက်တဲ့ အစားအသောက်တွေ မှာတယ်။ ကိုယ့်သူငယ်ချင်းတွေက နီပါလူမျိုးတွေဆိုတော့ သူတို့ကြိုက်တဲ့ အိန္ဒိယ၊ နီပေါ စားသောက်ဆိုင်တွေကို လိုက်စားပေမဲ့ တကယ်တော့ အဲဒီအစားအစာတွေကို ကိုယ် မကြိုက်ဘူး။ အဲ အဲဒီဆိုင်တွေမှာပဲရတဲ့ မန်းဂိုးလက်ဆီလို့ခေါ်တဲ့ သရက်သီးဖျော်ရည်တော့ ကြိုက်တယ်။ ကားနောက်ခန်းမှာ ကိုယ်ဖျောက်ထိုင်တော့ ကျောင်းတုန်းက အဲဒီလိုအမြဲ စီးကြတာ သတိရမိသေးတယ်။ ဆုံရပ် Staples မှာ ကားကိုမြင်လိုက်တော့မှ စိတ်အေးသွားတယ် ဟနာ့ပြောတာမှန်တယ် တကယ် လာမတိုးဘူး း) ။

ပတ်တိုးမတ်က တသွင်သွင်
ဆောင်းလေညှင်းက တသွဲ့သွဲ့
ရော်ရွက်ဝါက တဖြုတ်ဖြုတ်
ကျေးငှက်က တီတာတာ
နေခြည်နွေးက ဖြာလင်းလဲ့

သာယာဝေစီ ဟာပါးဖယ်ရီ
နောက်တစ်ကြိမ် ရောက်ချင်စမ်းပါဘိ...

စန်းထွန်း
နိုဝင်ဘာ ၁၇၊ ၂၀၁၃။