ဂျော့တောင်းသွား တောလား..

ဂျော့တောင်းသွား တောလားဆိုတော့ ဘယ်ပြည်နယ် ဘယ်မြို့ဘယ်တောတွေ လားနေပြန်ပြီလဲလို့ မထင်လိုက်ပါနဲ့။ ဒီစီပြည်နယ် ဂျော့တောင်းတက္ကသိုလ်ကို လည်လည်သွားတာပါ။ စက်တင်ဘာလကုန်ခါနီး တခုသော စနေနေ့ ကလဲရားနဲ့အတူ တရုတ်ယဉ်ကျေးမှုပွဲတော်ကို  ဗော်လန်တီယာလုပ်ဖို့ စာရင်းပေးထားပါတယ်။ စနေနေ့မို့ ထင်ပါရဲ့ ဒီစီမြို့တော်ကြီးက ခြောက်ကပ်နေလိုက်တာ။ ကယ်ပီတယ်ကနေ မိုးနှုမတ်ကျောက်တိုင်အထိ ကွင်းပြင်ကျယ်ကြီးကို ကယ်ပီတယ်မောလ်လို့ခေါ်ပြီး ပွဲတော်တွေ၊ အားကစားပြိုင်ပွဲတွေ ကျင်းပလေ့ ရှိပါတယ်။ နေ့လည် ၁၂ နာရီ ရီဂျက်စတာလုပ်တော့ ကဒ်လေး ထုတ်ပေးတယ်။ ဘာလုပ်ရမလဲဆိုတော့ ခုံတွေအားလုံး စီပြီးသွားပြီ စားဖို့ပဲ ကျန်တော့တယ် ရော့ ထမင်းဗူးတဲ့။ ဘာမှမလုပ်လိုက်ရတဲ့ ဗော်လန်တီယာ း) ။

လူတွေအုံနေလို့ သွားစပ်စုတာ ကလေးနှစ်ယောက်နဲ့ လူကြီးတယောက် စုတ်တံနဲ့ စာရေးပေးနေတာ။ အလကားဆိုတာနဲ့  အချစ်ဆိုတဲ့ စကားလုံးကို ရေးပေးဖို့ ရီကွတ်လုပ်လိုက်တယ်။ မှင်ကို စုတ်တံနဲ့ ရေးတာ အတော်ခက်တယ်လို့ ကြားဖူးတယ်။ ကျွှန်မ ကို ရေးပေးတဲ့ ကလေးမလေးက ဆယ်နှစ်လောက်ပဲ ရှိဦးမယ်။ တရုတ်ရိုးရာဝတ်စုံလေးနဲ့ ချစ်စရာလေး။


မိုးနှုမတ်ကျောက်တိုင်ကနေ ဒုတိယကမ္ဘာစစ်အထိမ်းအမှတ်၊ ရီဖလန်းရှင်းရေကန်၊ လင်ကွန်းအထိမ်းအမှတ်တို့ကို ဖြတ်ကျော်လို့ ပတ်တိုးမတ်မြစ် ဘေးကလမ်းအတိုင်း လမ်းလျှောက်ကြတယ်။ လမ်းလျှောက်ကြသူတွေ၊ စက်ဘီးစီးကြသူတွေ၊ ပတ်တိုးမတ်မြစ်ထဲမှာ သင်္ဘောစီးကြသူတွေ၊ ကနူးလှေလှော်ကြသူတွေ၊ မတ်တပ်ရပ် လှော်ကြသူတွေနဲ့ စည်ကားပါတယ်။ ဂျွှန်ဖက်ကနေဒီ ပါဖောင့်မတ်အနုပညာစင်တာကို ကျော်ပြီးချိန် မောလို့ မြစ်ကမ်းဘေးမှာ နားကြတယ်။ ကလေးမလေးတယောက်က ဂျင်းဂဲဘဲလ်သီချင်းကို တိုးတိုးလေး ညည်းဆိုပြီး ဘဲတွေကို အစာကျွှေးနေတယ်။


ပတ်တိုးမတ်မြစ်က ဒီစီနဲ့ဗာဂျီးနီးယားပြည်နယ်ကို ခြားထားပြီး အလယ်မှာ သီဟိုဒိုရုစဗဲ့ကျွှန်း ရှိပါတယ်။ တဖက်ကမ်းက ဗာဂျီးနီးယားပြည်နယ် အာလင်တန်ဖက်က တိုက်မြင့်မြင့်ကြီးကို မြင်ရတယ်။ ဂျော့တောင်းဝါတားဖရန့်ပန်းခြံမှာ ရေပန်းတွေနဲ့ သာယာတယ်။ ကျွှန်မ က ဂျော့တောင်းတက္ကသိုလ်ကို မရောက်ဖူးဘူးလို့ ရောက်တုန်းလေး သွားလည်ချင်တယ်။ ကလဲရားက ဂျော့တောင်းတက္ကသိုလ်ထွက် မဟုတ်ပေမဲ့ ဂျော့တောင်းတက္ကသိုလ်အားကစားခန်းမက ကောင်းလွန်းလို့ အသင်းဝင်ထားပြီး အားကစားလာလုပ်၊ ရေလာကူးလေ့ ရှိပါတယ်။


တူးမြောင်းလေးကို ကျော်ဖြတ်တော့ မဆီမဆိုင် အီတလီက ဗင်းနစ်မြို့လေးကို သတိရတယ်။ လမ်းမတန်းရောက်တော့ လား...လား လူတွေမှ ကြိတ်ကြိတ်တိုးနေလိုက်တာ ခြင်္သေ့ကျွှန်းက အော့ချက်လမ်းမအတိုင်း။ နာမည်ကြီးဆိုင်တွေ အကုန်ရှိတယ်။ ဆိုင်တွေကလည်း တထပ်တိုက် ရှေးဟောင်းလက်ရာတွေ။ ကလဲရားကြိုက်တဲ့ ဂျေခရူး  J.Crew ကျွှန်းကြိုက်တဲ့ ဘနနားရီပါ့ပလစ် Banana Republic ရဖဲလော်ရန် Ralph Lauren ဇာရာ Zara တွေ ဝင်ကြတော့ ဒစ်စကောင့်ဆိုတာ မတွေ့တဲ့အပြင် ဈေးကကြီး ကြိုက်တာလည်းမတွေ့။


မနှစ်က ဒီဇင်ဘာ ခရစ်စမတ် ဝါရှင်တန်ဒီစီ Ronald Reagan Washington National Airport ကနေ ဆူနမ်တို့ဆီ ရှယ်တယ်စီးတော့ ဒရိုင်ဘာအန်တီကြီးက ရဲတိုက်ကြီးကို ညွှန်ပြပြီး အဲဒါဂျော့တောင်းတက္ကသိုလ် နာမည်ကြီးသလို ဈေးလည်းအရမ်းကြီးတယ်။ အဲဒီတဝိုက်က အိမ်ငှားခတွေက အရမ်းအရမ်းကို ဈေးကြီးတယ်တဲ့။ ရဲတိုက်ကြီးလို ကြီးကျယ်ခမ်းနားလှတဲ့ ဂျော့တောင်းတက္ကသိုလ်ဆိုတာကြီးကို လှမ်းမြင်လိုက်ရကတည်းက ရောက်ဖူးချင်ခဲ့တာ။ ခုတော့ ရောက်ဖူးပြီ။

credit to www.georgetown.edu
credit to www.georgetown.edu

၁၇၈၉  ကတည်းက တည်ထောင်ခဲ့တဲ့ ဂျော့တောင်းတက္ကသိုလ်ဟာ နိုင်ငံရဲ့သက်တမ်းအရှည်ဆုံး ကက်သလစ်တက္ကသိုလ်ဖြစ်သလို ကမ္ဘာအဆင့် ပညာရေး၊ သုသေတနလုပ်ငန်းတွေကို ဦးဆောင်နေတဲ့ တက္ကသိုလ်ပါ။ ပတ်တိုးမတ်မြစ်ကို အပေါ်ကနေ လှမ်းမြင်ရသလို တောင်ကုန်းပေါ်မှာ တည်ထားတဲ့ တက္ကသိုလ်ကြီးက အင်မတန်မှ သာယာလှပသလို ကြီးကျယ်ခမ်းနားပါတယ်။ အထဲကိုတော့ မဝင်ဖြစ်တော့ဘူး။ အသင်းက ကန်ရတော့မဲ့အလှည့်ဆိုရင် အဲဒီအသင်းဖက်က ဘင်ခရာတီးဝိုင်းက တီးမှုတ်လိုက်၊ သီချင်းတွေ သံပြိုင်ဟစ်ကြွေးကြ၊ ချီယားလီဒါမိန်းကလေးတွေက ကလိုက်ကြနဲ့ အတော်ပျော်ဖို့ကောင်းသား။ ကွျှန်မကတော့ ကာထားတဲ့ ပိုက်ကွက်ထဲကို ကင်မရာထည့် Zoom နဲ့အကြီးချဲ့ပြီး ရိုက်ရတယ်။ ဂျော့တောင်းအနွေးထည်လေးတွေ ဝတ်ထားတဲ့ တရုတ်ကျောင်းသူလေးတွေ တွေ့တယ်။

ကလဲရားက တရုတ်ပြည် တက္ကသိုလ်မှာလည်း ဘောလီဘော ကစားတယ်။ ဖီလာဒဲဗီးယားတက္ကသိုလ် တက်တော့လည်း  ဘောလီဘော ကစားတယ်။ ခုလည်း တပတ်တကြိမ် ဘောလီဘော ကစားတယ်။ နင် တက္ကသိုလ်တက်တုန်းက ဘာကစားလဲမေးတော့ ငယ်ငယ်တုန်းက တုပ်ဆီးထိုးတယ်၊ အာလူးကောက်တယ်၊ ကြိုးခုန်တယ်၊ ဆောင်းရာသီဆို ကြက်တောင်ရိုက်တယ်၊ လမ်းလျှောက်တယ်။ ခုနစ်တန်းရောက်တော့ စကပ်တလွှားလွှားနဲ့ ကြိုးခုန်နေတာ မသင့်တော်လို့ ဆရာမတွေက ကြိုးမခုန်ရလို့ ပိတ်လိုက်ကတည်းက မဆော့တော့တာ။ ပြီးတော့ ငါတို့တက္ကသိုလ်မှာ ဘာမှမရှိလို့ ဘာမှမကစားဘူးဆိုလို့ ကလဲရားက အံ့တွေသြလို့။


တံတားပေါ်ကနေ ပတ်တိုးမတ်မြစ်ကို ဖြတ်ကျော်ရင်ပဲ ဗာဂျီးနီးယားပြည်နယ် ရိုစလင်ကို ရောက်ပြီ။ တံတားပေါ်မှာ ကွျှန်မတို့ကို ဖြတ်ကျော်သွားတဲ့အုပ်စုထဲက အန်ကယ်ကြီးတယောက်က သူ့ဓာတ်ပုံတွေ တဖျပ်ဖျပ် ရိုက်ခိုင်းနေတာတွေ့လို့ ကျွှန်မ က ပြံပြုံးတော့ ကလဲရားက အံမယ် သူများကို ပြုံးမနေနဲ့။ နင်လည်း ဘာထူးလဲ အဲဒီအတိုင်း တဖျပ်ဖျပ် ရိုက်ခိုင်းလိုက် ရှုခင်းတွေကို ရိုက်လိုက်နဲ့ ရှုပ်ရှက်ခတ်နေတာပဲ။ တော်ကြာ ဟိုနေရာမှာ ရပ်လိုက် ဒီနေရာမှာ ရပ်လိုက်နဲ့နင်နဲ့ လမ်းလျှောက်ရတာ ခရီးမတွင်ဘူးလို့ ကောင်းချီးပေးတယ်။

ငါတို့လမ်းလျှောက်လာတာ ၃ နာရီကျော်နေပြီ ရှုးတခါမှ မပေါက်ရသေးဘူး ဟို Marriot ဟိုတယ်မှာ ရှုးဝင်ပေါက်ရအောင်။ ဟမ်...ဝင်ပေါက်လို့ရပါ့မလား။ ကလဲရားက ကောင်တာကို သွားပြီး ကျွှန်မ သူငယ်ချင်းအတွက် ဘွတ်ကင်းကို ကျွှန်မ ခရက်ဒစ်ကဒ်နဲ့ ပေးထားတာ သူတို့ချက်ကင်လာရင် သူတို့ခရက်ဒစ်ကဒ်နဲ့ ပေးလို့ရတယ်မလား။ (ဟိုတယ်ကောင်တာ) ရပါတယ် မမ်။ လာ..ရှုးပေါက်လို့ရပြီ။ ပိုင်သကွာ ကလဲရား..ရာ။


ရိုစလင်မြို့ထဲတလျှောက် လမ်းတပတ်လျှောက်ပြီး ဗိုက်ဆာလာတော့ နာမည်ကြီး ဗီယက်နမ်ဆိုင် Pho 75 က ဖော်ကို မစားတော့ဘဲ Asia Cafe က နာမည်ကြီး အင်ဒိုနီးရှားအစားအစာ  Nasi Uduk  နာဆီအူထုတ် စားကြတယ် ကောင်းသား။ ခြင်္သေ့ကျွှန်းမှာတုန်းက ဖိလစ်ပိုင်တွေစုရပ် လပ်ကီးပါလဇာဆိုလား ဘာပါလာဇာပါလိမ့် နာမည်မေ့နေပြီ အဲဒီမှာ အာရမ်ပါရမ်ဆိုတဲ့ အင်ဒိုနီးရှားအစားအစာ ထမင်းကို ကြက်အကြွပ်ကြော်၊ အမဲအကြွပ်ကြော်၊ ကန်းစွန်းရွက်ပြုတ်၊ သခွားသီး၊ ငါးပိထောင်း အတော်စပ်စပ်နဲ့ စားတာ အတော်ကောင်းတယ်။ ဟာဘားဖရန့်မှာ အင်ဒိုနီးရှားဆိုင် ဂါရုဒါဆိုတဲ့ စားသောက်ဆိုင်လည်း မြန်မာပါးစပ်နဲ့ကိုက်တယ် စားကောင်းတယ်။


 စားပြီးတော့ ကလဲရားက ဒီစီကို ၂ နာရီ လမ်းလျှောက်ပြီး ပြန်မယ်တဲ့။ ကလဲရားထက် အသက် ၂၀ လောက်ပိုငယ်တဲ့ ကျွှန်မ ကတော့ လမ်းမလျှောက်နိုင်တော့လို့ ရထားစီးပြီး အိမ်ပြန်ခဲ့ပါတယ် း) ။ NIH မှာ အလုပ်အသစ် ရသွားတဲ့ ကလဲရားနဲ့ အလုပ်အသစ် မရသေးတဲ့ ကျွှန်မ တို့ အရင်လို ဖလမ်းဖလမ်း မထနိုင်တော့ပါဘူး။ ကလဲရားက ခေါက်လို့ရတဲ့ စက်ဘီး ( ရပ်ကွက်ထဲမှာတော့ဗျာ - ၁၂ မှာ ကျွှန်မ စီးနေတဲ့ စက်ဘီး) ဝယ်ထားတဲ့အပြင် BMW SUV X3 ဝယ်ထားပြီမို့ ကားမှာ စက်ဘီးတွေ တင်လို့ရပြီ အားတဲ့တနေ့Biking ထွက်မယ်၊ ရှေ့လ တရုတ်ပြည် အလည်မသွားမှီ ဖီလာဒဲဗီးယားကို သွားဖြစ်ခဲ့ရင် လိုက်ခဲ့။  အဲဒီမှာ လွတ်လပ်ရေးကြေငြာခေါင်းလောင်း ၊ သမိုင်းဝင်နေရာတွေကို လည်ပတ်လို့ရတယ်လို့ခေါ်ထားပေမဲ့ ရေစက်ရှိရင် ဆုံတွေ့ဦးမှာပေါ့။ သွားဖြစ်ခဲ့ရင်တော့ ဖီလာဒဲဗီးယားသွား တောလား ရေးဖြစ်ပါလိမ့်မယ်။

စန်းထွန်း
အောက်တိုဘာ ၂၉ ၊ ၂၀၁၃။

Happy Thadingyut...

သီတင်းကျွှတ် အကြောင်း ကျွှန်မ မှာ ဘာမှရေးစရာ မရှိဘူးလို့ ထင်ခဲ့တာကြောင့် ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ Flowers & Festivals စာအုပ်ထဲက သီတင်းကျွှတ် ပွဲတော်အကြောင်းကို လွန်ခဲ့တဲ့ နှစ်ရက်က ကူးတင်ခဲ့ပါသေးတယ်။ သီတင်းကျွှတ် လပြည့်နေ့မနက်  ၉  နာရီခွဲမှာတော့ ကျွန်မအိမ်ကနေ မိနစ်၂၀ လောက် မောင်းရတဲ့ မင်္ဂလာရာမ ဘုန်းကြီးကျောင်းကို သွားပါတယ်။

ကျောင်းရှေ့ရောက်တော့ ကားတွေပြည့်ကျပ်နေလို့ ညီမရေ လမ်းမကြီးမှာ ရပ်ပေးပါလားတဲ့။  ကားလမ်းမကြီးမှာ ရပ်တာကို စိတ်မချတာနဲ့ ဘေးက လျှော့ပင်းမော်လ်မှာ သွားပါကင်တယ်။ ကျွှန်ုပ် နှင့်ကားတိုးခြင်း ဖြစ်ပြီးကတည်းက လျှော့ပင်းမောလ်က ပါကင်းဝင်းမှာ ပါကင်းရင် အဲဒီလျှော့ပင်းမောလ်ကို အရင်ဝင်။ ငါးမိနစ်လောက် နေပြီးမှပြန်ထွက် အဲဒါဆို အဲဒီမှာ ၂ နာရီ ပါကင်းခွင့် ရှိတယ်။ ပထမဆုံးဝင်တာက Theft Shop စက်ကန်းဟမ်းတွေ ရောင်းဆိုင် ဘာမှလည်း ဝယ်စရာမရှိဘူး ။ Safeway မှာတော့  ချောကလက် ဝယ်လို့ရတယ်။ ကျွန်မအနှစ်သက်ဆုံး Hershey's တံဆိပ် Almonds ပါတဲ့ ချောကလက်မည်း Nuggets ဝယ်ပြီးပြန်ထွက်လာတော့ သေချာတယ် ငါ့ကား အတိုးမခံရတော့ဘူး း) ။ ကားထဲ ချောကလက်ထားတော့ တွေ့လိုက်ရတာက လား...လား ရှေ့မှာ တိုးကားကြီး။ လမ်းဖြတ်ကူး ဘုန်းကြီးကျောင်းဆီရောက်တော့ ဆွမ်းဆန်စိမ်းလောင်းဖို့ စီနေကြပြီ။

ကျောင်းပေါ်တက်တော့ သံဃာ ၃၄ ပါးကို တစုတစည်းတည်း ဖူးတွေ့ရတယ်။ ၄၅ ပါး ဖိတ်ထားတာ ၃၄ ပါးပဲ တက်ရောက်ပါတယ်။ ပဝါရဏာအခမ်းအနားကို နှစ်စဉ် အမေရိကန်တနိုင်ငံလုံးက ဘုန်းကြီးကျောင်းတွေမှာ တလှည့်စီ ကျင်းပကြရာမှာ ဒီနှစ်မှာတော့ မေရီလန်းပြည်နယ် ဆေးပါးစပရင်းမြို့က မင်္ဂလာရာမဘုန်းကြီးကျောင်းမှာ ကျင်းပဖို့အလှည့်ကျပါတယ်။ ဆရာတော်တွေကို ဆွမ်းဆန်စိမ်းလောင်းလှုကြတာ အတော့်ကို ကြည်ညိုဖို့ ကောင်းတယ်။ ယိုးဒယားဆရာတော်နှစ်ပါးကို ဖူးတွေ့လိုက်တယ်။ ကျွန်မကတော့ ဆွမ်းဆန်စိမ်းလောင်းမှန်း မသိလို့ ဘာမှမယူသွားဘူး ။ လက်အုပ်လေးချီလို့ပဲ  သံဃာတွေကို ကန်တော့ရတယ်။ မြန်မာအမျိုးသမီးတော်တော်များများ ရိုးရာ အင်္ကီျ ဝတ်ကြတယ်။ အဆိုတော်မီမီဝင်းဖေကို တွေ့လိုက်တယ်။


နယူးယောက်ဆရာတော်က ချဉ်ပေါင်ကြော် လှုပါတယ် တယောက်တဗူး လာယူပါလို့ အော်နေတာ။ ချဉ်ပေါင်ကြော်ဆို ကျွန်မ အသေကြိုက်ပေမဲ့ သွားယူရမှာရှက်လို့ အဝေးကနေပဲ မျှော်နေတယ်။ ပထမတခေါက် လာတုန်းကသိတဲ့ အဘွားကို နှုတ်ဆက်တော့ သူကလည်း မှတ်မိတယ်။ အဘွားစန်းတဲ့။ သူ့မြေးမွေးကတည်းက စတိတ်ရောက်နေတာ ၁၃နှစ် ရှိပြီတဲ့။ စနေနေ့ဆို ဘုန်းကြီးကျောင်းလာ တညအိပ် တနင်္ဂနွေနေ့ ပြန်တဲ့ ယောဂီတွေ။ အဘွားတွေနဲ့ စကားကောင်းနေတုန်း ချဉ်ပေါင်ကြော် လာဝေလို့ တဗူးရတယ် ပျော်လိုက်တာ း) ။ အဘွားက နေ့လည်စာစားပြီးမှပြန်လို့ ပြောပေမဲ့ တယောက်တည်း ကြောင်တောင်တောင်နိုင်တာနဲ့ အိမ်ပြန်ပြီး နေ့လည်စာကို ချဉ်ပေါင်ကြော်နဲ့ စားပစ်လိုက်တယ်။ အိမ်ရှင်အမေရိကန်တွေကို အားနာလို့ ငါးပိ၊ ငံပြာရည် ချက်မစားတာ ကြာပြီဆိုတော့ ငါးပိပါတဲ့ ချဉ်ပေါင်ကြော်က ကျွှန်မ အတွက် နည်းနည်းငံတယ်။ ဒါပေမဲ့လည်း အဲဒီလို ချဉ်ပေါင်ကြော်စစ်စစ်ကို မစားရတာ ကြာပြီဆိုတော့ မနက်စာရော၊ ညစာရော ချဉ်ပေါင်ကြော်နဲ့ပဲ အဲဒီချဉ်ပေါင်ဗူး မကုန်မချင်း စားနေတယ်။


ကန်တက်ကီမှာ ချဉ်ပေါင်ငတ်တယ် ဗီယက်နမ်နဲ့ တရုတ်ဆိုင်မှာတော့ ကန်စွန်းရွက်ရလို့ မှိုနဲ့ကြော်စားတယ်။ မေရီလန်းမှာ ကန်စွန်းရွက်ငတ်တယ် ဆူနမ်တို့နားက Global Food မှာ ချဉ်ပေါင်ရတော့ ကြော်စားတယ်။ အဲ ငါးပိအစား ငံပြာရည်နဲ့ကြော်တော့ ချဉ်ပေါင်ကြော်စစ်စစ်တော့ မဟုတ်ဘူးပေါ့။ နိဗ္ဗာန်ဈေးပွဲတော်ရှိတယ်ဆိုလို့ ညနေ ၄ နာရီ တခေါက် ပြန်သွားတယ်။ အဘွားစန်းက လာ ဘူးသီးကြော်၊ ပဲကြော်စားတဲ့ ယူလာပေးတယ်။ ဖို့ဝိန်းမြို့က နိဗ္ဗာန်ဈေးပွဲတော်က ဝယ်စားရတာ။ ရောင်းတဲ့သူတွေက ကုန်ကျငွေကိုဖယ်ပြီး ပိုတဲ့ပိုက်ဆံကို ဘုန်းကြီးကျောင်း လှုတာ။ ဒီနိဗ္ဗာန်ဈေးပွဲကတော့ ဖရီး။ အလှုရှင်တွေကလည်း သူတို့တတ်နိုင်သလောက် မုန့်တွေလုပ်ပြီး ကျွှေးတာ။

မြန်မာစာငတ်တဲ့ ကျွှန်မ ပွဲဈေးလျှောက်လိုက်၊ မုန့်တွေယူလိုက်၊ ခုံမှာထိုင်စားရင်း အဘွားတင့်နဲ့ စကားတွေပြောကြ။ အဘွားတင့်က မွန်ပြည်နယ်က မြေးမမွေးခင် စတိတ်ကို ရောက်လာတာ ဆယ်စုနှစ်ကျော်ပြီ မြန်မာပြည်ကို တခါမှ မပြန်ဖြစ်ဘူးတဲ့။ ဒီအရွယ် တင့်တင့်တို့အရွယ် ကျွှန်မ ကျွှန်မတို့အရွယ်လို့ အရွှန်းဖောက် မိတ်ဆက်တယ်။ နောက် မမီမီဆိုတဲ့ အမကြီးနဲ့ သိရတယ်။ သူ့အိမ်က ကျွှန်မဈေးသွားဝယ်နေကျ H Mart ကိုရီးယားဆိုင်နောက်မှာ နီးနီးလေး။


အစ်မက မခက်မာလားဟင်လို့ သွားမေးတာ မဟုတ်ဘူး မခက်မာလည်း ရောက်နေတယ်တဲ့။ ပြန်လှည့်လာတော့မှ နာမည်မှတ်မိသွားတယ် ငါ့နှယ် မမေငြိမ်းကို မခက်မာလားလို့ သွားမေးရတယ်လို့။ အစ်မက မမေငြိမ်းလား ညီမက ကဗျာဆရာကိုသစ်ကောင်းအိမ် အမျိုးသမီး မခိုင် မိတ်ဆက်ပေးတဲ့ တယောက်ပါ။ အိမ်ရှာတုန်းက အစ်မ ညီမဆီ ဖုန်းဆက်လှမ်းမေးသေးတယ်ဆိုတော့မှ မှတ်မိသွားတယ်။ မခိုင်ညီမဆိုတော့လည်း သူတို့ညီမလို တရင်းတနှီး။ မခက်မာကို သွားနှုတ်ဆက်တယ်တော့ သြော် ကေခိုင်ပြောတဲ့ ညီမလေးလားပေါ့။ မမေငြိမ်းနဲ့ မခက်မာတို့ ဖွင့်ထားတဲ့ မြန်မာစာသင်တန်းကျောင်းကို အားရင် လုပ်အားလာပေးဖို့ ဖိတ်ခေါ်တယ်။ သူတို့ကျောင်းက ဆရာမလေးတွေနဲ့ မိတ်ဆက်ပေးတယ်။ အားလုံးက ခင်မင်ချစ်ရာကောင်းတဲ့ အစ်မကြီးတွေ။

မမေငြိမ်းဆိုရင် ကျွှန်မ နဲ့ ဖုန်းပြောဖူးပေမဲ့ အပြင်မှာ တခါမှ မတွေ့ဖူးသေးတာပါ။ မမေငြိမ်းနဲ့မခက်မာ ဘလော့တွေကို ဖတ်ပြီးတော့ သူတို့ကို မြင်ဖူးနေတာ အပြင်မှာတွေ့တော့ ကျွှန်မ သူတို့ကို မှတ်မိတယ်။ ဗွီအိုအေမြန်မာပိုင်းက သတင်းကြေငြာသူ ကိုကျော်ကျော်သိန်း၊ ကိုသားညွှန့်ဦး၊ မသိင်္ဂီ တို့ကိုလည်း တီဗွီမှာ မြင်ဖူးပေမဲ့ အပြင်မှာတွေ့တော့လည်း မှတ်မိသား။ ဆရာတော်ကို သွားဖူးမလို့ အပေါ်ထပ်တက်လို့ရလားမေးတော့ အစ်မက ဘလော့ရေးတဲ့ မစန်းစန်းထွန်းလား မေးတော့ အံ့သြသွားတယ်။ သူဘယ်လိုသိပါလိမ့်ပေါ့ ညီမက အစ်မဘလော့ပရိတ်သတ် ကောင်းကောင်းသူငယ်ချင်းလို့ မိတ်ဆက်လာတဲ့ ချစ်စရာကောင်းတဲ့ ညီမလေးတယောက်။ အဲဒီလို ဘလော့ပရိသတ်က ကျွှန်မ ကို လာနှုတ်တာ ပထမဆုံးအကြိမ်ပါပဲ။


ကောင်းကောင်းက ကျွှန်မနဲ့ နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်း  NUS မှာ ကျောင်းအတူတူတက်၊ အေဒီပရောဂျက်မှာလည်း တအုပ်စုတည်းကျတဲ့ ကျွှန်မ ရဲ့ အကောင်းဆုံးသူငယ်ချင်းတွေထဲက တယောက်ပါ။ ဆရာတော်ကိုဖူးပြီး အဲဒီညီမလေးကို နှုတ်ဆက်တော့ သူလည်းရောက်စက သူငယ်ချင်းမရှိ တယောက်တည်းဆိုတော့ ကိုယ်ချင်းစာတယ် ထမင်းခေါ်ကျွှေး ချင်ပေမဲ့ ဘယ်မှာနေမှန်းမသိ။ ကျွှန်မ ဘလော့ကို နေ့တိုင်း လာချောင်းတာပါတဲ့။ သူ့သားလေးက ပြည့်ပြည့်ဖောင်းဖောင်း ချစ်စရာဗွေနှစ်လုံးလေး။ သူ့ဆီဆက်သွယ်ဖို့ အီးမေးလ်တို့ကို စီဘောက်မှာ လာအော်မယ်တဲ့။ ရေစက်ရှိရင် တွေ့ကြဦးစို့နော်။

အဲဒီနေ့က ကျွှန်မ စားတာ ဘူးသီးကြော်၊ ပဲကြော်၊ မုန့်ဟင်းခါး၊ ဒံပေါက်၊ ငှက်ပျောသီးဆနွင်းမကင်း၊ သာကူ၊ သာကူစေ့ပူတင်း၊ နန်းကြီးသုတ်။ ဒံပေါက် မကုန်လို့ ကားထဲသွားထည့်ပြီး မနက်ဖြန်စားဖို့ အိမ်သယ်တယ်။ ဒါတောင် ကျွှန်မ ဗိုက်မဆံ့တော့လို့ညှပ်ခေါက်ဆွဲ၊ ဖက်ထုပ်ကြော်၊ ကော်ပြန့်ကြော်၊ ကြာဇံကြော်၊ ပဲကြာဇံသုပ်၊ ဂျိုးကြော်၊ ပဲသုတ် အများကြီးကျန်သေးတယ်။ အသားကုန်စားနေတဲ့ ကျွှန်မ ကို မမီမီက ဟေ့ စန်းစန်း စားလှချည်လား မဝသေးဘူးလားလို့ နောက်တယ်။ ကျွှန်မ ကလည်း မြန်မစာစာငတ်နေတာလေ အစ်မ အဟဲ လို့ ပြန်နောက်တယ် ။ အစ်မတွေနဲ့ စကားပြောလိုက် ၊ ပွဲဈေးပတ်လျှောက်လိုက်၊ စားလိုက်နဲ့ ဗိုက်ဝလို့ ဓာတ်ပုံရိုက်မယ်ဆိုရော မှောင်နေပြီ။


ဘုရားပန်း၊ ဆီမီးကို ငါးကျပ်နဲ့ဝယ်ပြီး ပူဇော်တယ်။ နိုဝင်ဘာ ၃ ရက်မှာ ကျင်းပမဲ့ ကထိန်ပွဲကို ဖိတ်ပေမဲ့ အဲဒီအချိန် မေရီလန်းမှာ ရှိနေဖို့က မသေချာတာမို့ ကထိန်သင်္ကန်းတစုံစာ ကြိုတင်လှုခဲ့တယ်။ မြန်မာပြည်နဲ့ စင်္ကာပူမှာတော့ ဘုန်းကြီးကျောင်းတွေရှိတော့ ဘယ်အချိန်ချိန်  သွားလှုလှု။  စတိတ်မှာတော့ လှုချင်ရင်တောင်မှ ဘုန်းကြီးကျောင်းတွေနဲ့ နီးဦးမှ။ ၂၀၁၁ စတိတ်ရောက်တဲ့နှစ် ဇွန်လ ဖို့ဝိန်းမြို့က စုပေါင်းရဟန်းခံရှင်ပြ အလှုပွဲကို သားလေးနဲ့ လမင်းဝေးတို့ ရှင်ပြုလို့ ရောက်ခဲ့တယ်။ ၂၀၁၂ ကန်တက်ကီရောက်တော့ လူဝီဗီလ်မြို့တောင်ဖက် ၂ နာရီလောက် မောင်းရတဲ့ ဘိုးလင်းဂလင်းမြို့မှာ ဘုန်းကြီးကျောင်းရှိပေမဲ့ အဲဒီတုန်းက ကားမောင်းခါစ၊ အိုဟိုင်းရိုးပြည်နယ် စင်စင်နတီမြို့မှာနေတဲ့ ဆူနမ်နဲ့မိုင်းတို့ဆီ သွားလည်ဖို့ပဲ စိတ်ရောက်နေတာ့ ဘုန်းကြီးကျောင်း မရောက်ဖြစ်ဘူး။

၂၀၁၃ မေရီလန်းရောက်တော့ အလုပ်ရပြီး သုံးလလောက်လည်းကြာတော့ ဘုန်းကြီးကျောင်းသွားချင်စိတ် ပေါက်လာပါရော။ ဘားမီးကလပ်စစ်မှာ ရှာကြည့်တော့ ဆူနမ်တို့နားမှာ အောင်ရတနာဘုန်းကြီးကျောင်းတွေ့တယ်။ သွားတော့ ဆရာတော်တွေ မတွေ့ဘူး ခရီးသွားကြပုံ ရတယ်။ လွန်ခဲ့တဲ့ တလလောက်က ကျွှန်မ တို့အိမ်နားက ကျောင်းကိုသွားတော့ အဘွားစန်း၊ အသင်းအမှုဆောင်တွေဖြစ်တဲ့ အန်တီခင်ဆွေမြင့်၊ ဦးသောင်းကြည်၊ ဆရာတော်တို့နဲ့တွေ့ပြီး သီတင်းကျွှတ် ပွဲတော်ရှိလို့ လာဖို့ဖိတ်လို့သွားရင်းက ဒီလိုပျော်စရာကောင်းတဲ့ သီတင်းကျွှတ် လေး ဖြစ်ခဲ့တာပါ။ အဘွားစန်းက ဟိုးတလောက ဘောင်းဘီတိုနဲ့ ဘုန်းကြီးကျောင်းလာတဲ့တစ်ယောက်လား နောက်ဆို ဘုန်းကြီးကျောင်းလာရင် ထမီဝတ်တဲ့။ ဟုတ်ကဲ့အဘွား အဲဒီတုန်းက ဒူးလောက်ရှည်တဲ့ ဘောင်းဘီဝတ်ထားတာပါ။ ပထမတခေါက်တုန်းက ထမီဝတ်သွားပြီးမှ ဘယ်သူမှမတွေ့ အဲလိုမဖြစ်အောင် အရင်ကင်းလာထောက်တာ။


၁၉၇၉  မဟာစည်ဆရာတော်ဘုရားကြီး အမေရိကန်ကို လာရောက်ခဲ့ပြီးချိန် ၁၉၈၀ ဒီစီအနီးတဝိုက်မှာ နေထိုင်ကြတဲ့ မြန်မာဗုဒ္ဓဘာသာဝင်တွေ တွေ့ဆုံကြပြီး ဘားမား-အမေရိကန် ဗုဒ္ဓဘာသာဝင်များအသင်း ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၈၂ မှာ ခုလက်ရှိမြေနေရာကို ဝယ်ယူပြီး ၁၉၈၄ မှာ မဟာစည်သာသနာ့ရိပ်သာကို ဖွင့်လှစ်ခဲ့ပါတယ်။ ခုတော့ ဆရာတော်တွေ သတင်းသုံးဖို့ နှစ်ထပ်ကျောင်းဆောင်၊ ယောဂီတွေ တရားထိုင်တဲ့ တစ်ထပ်အဆောက်အဦး ရှိပါတယ်။ ကလေးတွေကို ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းတွေ သင်ပေးပါတယ်။ ပထမတခေါက် ကွျှန်မသွားတုန်းက ကလေးတွေ သြကာသ ရှိခိုးကန်တော့နေတာ ကြားလိုက်ရတော့ ပီတိဖြစ်လိုက်တာ။ ကလေးတွေ တရားလည်း ထိုင်ပါတယ်။ မြန်မာကလေးတွေသာမက နိုင်ငံခြားသားကလေးတွေလည်း တွေ့ခဲ့ပါတယ်။ ကလေးတွေရဲ့ နှလုံးသားမှာ ဘုရားတည်နေတာ ကောင်းလိုက်တာ။ မမေငြိမ်းတို့က ကလေးတွေကို မြန်မာစာတတ်အောင်သင်တယ် ဆရာတော်က ဗုဒ္ဓဘာသာအကြောင်း သင်တယ်လို့ ဆရာတော်က မိန့်ပါတယ်။ ကျောင်းအကြောင်း ဖတ်ချင်ရင် ဒီလင့်ခ် လေးမှာ ဖတ်လို့ရပါတယ်။


ရိုးရာအစဉ်အလာ ဆွမ်းဆန်စိမ်းလောင်းလှုပွဲ၊ နိဗ္ဗာန်ဈေးပွဲတော်၊ မြန်မာအစားအစာ၊ မြန်မာရနံ့တွေနဲ့ စတိတ်ရောက်ပြီး သုံးနှစ်အကြာမှ ဆင်နွှဲရတဲ့ ဒီသီတင်းကျွှတ်ပွဲတော်လေးကိုတော့ ကျွှန်မ အမှတ်တရ ဖြစ်နေမှာပါ။ နိုဝင်ဘာမှာ ကျင်းပမဲ့ ကထိန်ပွဲကိုလည်း မေရီလန်းမှာ ကျွှန်မ ရှိနေသေးရင် ရောက်ဖြစ်ဦးမှာပါ။

စန်းထွန်း
အောက်တိုဘာ ၂၀၊ ၂၀၁၃။

Festival of Lights

Thadingyut, the seventh month of the Myanmar calendar, marks the end of lent. Monsoon is on the way out and the skies are clearing. Sunny days are here to stay.

ဝါတွင်း၏ အဆုံးသတ်မှာ မြန်မာပြက္ခဒိန်၏ ခုနစ်လမြောက်ဖြစ်သော သီတင်းကျွှတ် ဖြစ်သည်။ မုတ်သုန်သည် ဆုတ်ခွာနေပြီး ကောင်းကင်သည် ကြည်လင်လာသည်။ နေသာသောနေ့များ လာတော့မည်။

The austerity, sobriety and restraint of the lenten season together with the damp murky gloom of the monsoon - all these have given away to fun and festivities. With the ban on weddings lifted, there is the scent of eugenia leaves and lilies in the air. The soft breeze whispers the music of flutes and harps.

ခြိုးခြံခြွေတာ နေထိုင်ခြင်း၊ အရက်မသောက်ခြင်း စသည့် ဝါတွင်းကာလ ကန့်သတ်ချက်များသည် စွတ်စိုမှောင်မည်းသော မုတ်သုန်မိုးနှင့်အတူ အဝေးသို့ ထွက်ခွာခဲ့ပြီး ပျော်ရွှင်စရာကောင်းသော ပွဲတော်များ လာတော့မည်။ ဝါတွင်းကာလ မင်္ဂလာဆောင်ခြင်း တားမြစ်ထားခြင်းကို လှစ်ဟလိုက်သည်နှင့် ယူဂျီးနီးယားသစ်ရွက်နှင့် လီလီပန်း ရနံ့များသည် လေတွင် သင်းပျံ့နေတော့သည်။  ညင်သာသော လေပြေလေးက ပလွေသံ၊ စောင်းသံများကို တိုးတိတ်စွာ ဆောင်ကြဉ်းလာသည်။

The three day lights festival, namely the day before the full moon, the full moon day and the day after, will be those of music, dances and fun. Illuminations are there to celebrate the anniversary of the Buddha's return from the celestial abode, where he had spent the lent teaching the gods above His Law.

လပြည့်အကြိုနေ့၊ လပြည့်နေ့၊ လပြည့်ကျော်နေ့ ထိုသုံးရက် ကျင်းပသော မီးထွန်းပွဲတော်တွင် အတီးအမှုတ် အကအခုန်များ ပျော်ပွဲရွှင်ပွဲများ ရှိသည်။ တဝါတွင်းလုံး နတ်ပြည်တွင် တရားဓမ္မများကို သင်ကြားပြသပြီး လူ့ပြည်သို့ ပြန်လာသော ဗုဒ္ဓဘုရားရှင်ကို ကြိ ုဆိုသောအားဖြင့် မီးထွန်းပွဲတော်ကို ကျင်းပကြသည်။

credit to Google

Among the gods was the one who was the mother of the Buddha, reborn there. It was on the full moon day of Thadingyut month that the Buddha descended to the abode of humans. He and His disciples were attended by a heavenly host of celestials who created a pathway of stars. Humans on earth illuminated the homes and streets to welcome the Buddha and His disciples.

ထိုနတ်များထဲက နတ်တပါးမှာ ဗုဒ္ဓဘုရားရှင်၏ မိခင်ဖြစ်ခဲ့ဖူးပြီး နတ်ဖြစ်လာခြင်း ဖြစ်သည်။ သီတင်းကျွှတ်လ၏ လပြည့်နေ့တွင် ဗုဒ္ဓဘုရားရှင်သည် လူ့ပြည်သို့ ဆင်းသက်ခဲ့သည်။ ဗုဒ္ဓဘုရားရှင်နှင့် တပည့်သာဝကများကို နတ်များက အလုံးအရင်းဖြင့် လိုက်ပါခြံရံကြပြီး ကြယ်လမ်းကို ဖန်းဆင်းခဲ့သည်။ ဗုဒ္ဓဘုရားရှင်နှင့် တပည့်သာဝကများကို ကြိုဆိုရန်ကမ္ဘာမြေတွင်ရှိသော လူသားများက အိမ်များ၊ လမ်းများကို မီးထွန်းညှိကြသည်။

Although the anniversary is on the full moon day, the Myanmar way of celebrating such an event is to have a festival on the eve, to welcome the day and the actual day and then the day after to give a grand send-off. So, the three festival days instead of one. The more The merrier.

အထိမ်းအမှတ်သည် လပြည့်နေ့ဖြစ်သော်လည်း မြန်မာတို့ ပွဲတော်ကို ကျင်းပလေ့ရှိသည့်အတိုင်း  ကြိုဆိုသော အကြိုနေ့၊ တကယ့်ပွဲတော်နေ့၊ ပွဲတော်ကို နှုတ်ဆက်ခွဲခွာသောနေ့ဟုဆိုကာ ဆင်နွှဲကြသည်။ ထို့ကြောင့် ပွဲတော်သည် တစ်ရက်အစား သုံးရက်ဖြစ်သည်။ ရက်ကြာလေ ပိုပျော်ဖို့ကောင်းလေ။

Streets, houses and public buildings are illuminated and festooned with coloured electric bulbs. One feature of the festival in small towns and villages is see-mee lighting; small earthen bowls are filled with sessamum oil and a piece of cotton is soaked in each bow and lighted.

လမ်းများ၊ အိမ်များနှင့် ပြည်သူ့အဆောက်အဦးများကို ရောင်စုံကာလာ လျှပ်စီးမီးသီးများဖြင့် အလှဆင်သည်။ မြို့ငယ်များနှင့် ကျေးလက်တောရွာများတွင် မြေခွက်ငယ်ကလေးများကို နှမ်းဆီဖြည့်ပြီး ဝါဂွမ်းမီးစစိမ်ထားသော ဆီမီးကို ထွန်းညှိကြသည်။

credit to Google

These lighted oil bowls are placed on the terraces of pagodas. The lights last longer than candles and the little tongues of flame quivering in the breeze land an uncanny beauty to the scene stepped in silvery moonlights. Such lights are sometimes seen on the pagoda in Yangon city.

ထိုမီးထွန်းညှိထားသော ဆီမီးခွက်များကို ဘုရားရင်ပြင်ပေါ်တွင် ထားလေ့ရှိသည်။ ထိုဆီမီးသည် ဖယောင်းတိုင်ထက် ကြာရှည်အထွန်းခံပြီး လေတိုက်သော်လည်း ငြိမ်းမသွားဘဲ ငွေလရောင်အောက်တွင် ထူးဆန်းသော လှပမူကို ပေးသည်။ ထိုဆီမီးရောင်များကို ရန်ကုန်မြို့ ဘုရားပေါ်တွင် တခါတရံ မြင်တွေ့နိုင်သည်။

The scene of the Buddha's descent from the celestial regions is often recreated in the streets or pagoda precincts, all done up in papier mache and  poster paintings and of course, lights. The festival is often called the Tawadaintha feast: Tawadaintha, being the name of the celestial abode where the Buddha spent the lenten season.

ဗုဒ္ဓဘုရားရှင် နတ်ပြည်မှ ဆင်းသက်လာပုံကို စက္ကူကပ်များ၊ ပိုစတာ ပန်းချီကားများ၊ မီးလုံးများဖြင့် လမ်းများ၊ ဘုရားပရဝုဏ်များတွင် ဆင်ယင်ထားတတ်သည်။ ထိုပွဲတော်ကို တာဝတိံသာပွဲတော်ဟု ခေါ်တတ်သည်။ တာဝတိံသာဆိုသည် ဗုဒ္ဓဘုရားရှင် ဝါဆိုခဲ့သော နတ်ပြည်၏အမည် ဖြစ်သည်။

Thadingyut is not only a season of festivals and rejoicings, but also a time for remembering those to whom we owe respect and  gratitude. The Buddha's visit to the celestial regions was to teach the great Truth he had found through rigorous striving for many many lives, to his own mother. It was a gesture of gratitude, and example for all to follow . The Buddha made the greatest gift of all, namely the gift of Dhamma (the Law) that would deliver her from Suffering once and for all.

သီတင်းကျွှတ်သည် ပွဲတော်များဖြင့် ပျော်ရွှင်စရာကောင်းသော ရာသီသာမက ကျွန်ုပ်တို့ ကျေးဇူးတင်ထိုက်သူ၊ လေးစားထိုက်သူများကို သတိရသော အခါသမယလည်း ဖြစ်သည်။ ဗုဒ္ဓဘုရားရှင် နတ်ပြည်သို့ လာရောက်ရခြင်းသည် ဘဝပေါင်းများစွာ ပါရမီဖြည့်ဆည်းပြီးမှ တွေ့ရှိခဲ့သော သစ္စာလေးပါး မြတ်တရားကို မိခင်ဖြစ်သူအား သင်ကြားပေးဖို့ ဖြစ်သည်။ ၎င်းသည် ကျေးဇူးတရား၏ အမှတ်သင်္ကေတဖြစ်ပြီး ကျွန်ုပ်တို့အားလုံး နမူနာယူသင့်သည်။ ဗုဒ္ဓဘုရားရှင်သည် တဘဝသာမက သံသရာတလျှောက် ခံစားရမည့် ဆင်းရဲခြင်းကို ကင်းဝေစေမည့် အမွန်မြတ်ဆုံးသော ဓမ္မလက်ဆောင်မွန်ကို ပေးအပ်ခဲ့သည်။

credit to Google

According to the Buddhist teaching, there are Five Revered Ones, namely the Buddha, His Law, His Order of Monks, Parents and Teachers. During the Thadingyut season Myanmar Buddhists go round paying respects to parents, teachers, elderly relatives and friends.

ဗုဒ္ဓအဆုံးအမအရ ဗုဒ္ဓ၊ ဓမ္ဓ၊ သံဃာ၊ မိဘနှင့် ဆရာ ရတနာငါးပါး ရှိသည်။ သီတင်းကျွှတ်ကာလတွင် ဗုဒ္ဓဘာသာမြန်မာလူမျိုးများ မိဘ၊ ဆရာသမား၊ သက်ကြီးဆွေမျိုများနှင့် သူငယ်ချင်းများထံ သွားရောက်ကန်တော့ကြသည်။

It is quite usual for the senior citizens in the street or residential quarter to receive gifts and respects from the younger people of the community. Sometimes it is an organized affair, but this does not prevent them from going to older people individually to pay respects. This way, it is more intimate and pleasant.

လမ်းထဲ၊ ရပ်ကွက်ထဲမှ သက်ကြီးများ လက်ဆောင်ရရှိခြင်း ရပ်ရွာထဲရှိ လူငယ်များမှ ကန်တော့ခြင်းသည် အစဉ်အလာဖြစ်သည်။ တခါတရံ စုပေါင်းလုပ်ဆောင်ခြင်း ဖြစ်သော်လည်း သက်ကြီးများထံသို့ သီးသန့်သွားရောက် ကန်တော့ခြင်းကို မတားမြစ်ပါ။ ဤသို့ဖြင့် ချစ်ခင်ရင်းနှီးစေသည်။

On the third day of the festival, people go round paying calls. It is 'open house' for many homes. Older people have light refreshments ready for the young visitors. They give away sweets and small change to children. Young people bring small gifts like candles, fruits and cakes, but it is not compulsory. Paying respects is accomplished by the act of kadaw, genuflection.

ပွဲတော်၏ တတိယမြောက်နေ့တွင် လူများသည် သွားရောက်လည်ပတ်ကြသည်။ အိမ်အများစုကို ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ သွားရောက်လည်ပတ်နိုင်သည်။ လူကြီးများသည် လာရောက်လည်ပတ်သူ လူငယ်များအတွက် အချိုရည်များ ပြင်ဆင်ထားသည်။ သူတို့သည် သကြားလုံးများ၊ အကြွေအနည်းငယ်ကို ကလေးများကို ပေးကြသည်။ လူငယ်များသည် ဖယောင်းတိုင်၊ သစ်သီး၊ ကိတ်မုန့်ကဲ့သို့သော လက်ဆောင်လေးများကို ယူဆောင်လာတတ်ကြသည်။ သို့သော် ထိုလက်ဆောင်များ မယူမဖြစ် ယူလာရမည်ဟု သတ်မှတ်မထားပါ။ ကန်တော့ဖြင့်လည်း အလေးအမြတ်ထားရာ ရောက်ပါသည်။


The word kadaw is an everyday expression in Myanmar life. When you have to say something indelicate or impolite, you say it with the word kadaw; the same word is used as an apology for any transgression like, bumping into someone or stepping on another's feet. On such occasions the word is synonymous with 'sorry', but with a deeper feeling.

ကန်တော့ဟူသော စကားလုံးသည် မြန်မာလူနေမှုဘဝတွင် နေ့စဉ်သုံးစကားလုံး ဖြစ်သည်။ မယဉ်ကျေးသော စကားလုံး ပြောရတော့မည်ဆိုလျှင် ကန်တော့ဟု ဆိုတတ်ကြသည်။  ကန်တော့ဆိုသည်မှာ တစုံတယောက်ကို မတော်တဆ တိုက်မိ၍သော်လည်းကောင်း၊ တဦးတယောက်၏ ခြေထောက်ကို တက်နင်းမိသော အခါတွင်လည်းကောင်း တောင်းပန်စကားဆိုရာတွင် သုံးသောစကားလုံး ဖြစ်သည်။ ထိုအခါမျိုးတွင် ဆောရီးဖြင့် ဆင်သော်ငြား စိတ်ထဲကပါသော ခံစားမှုဖြင့် ဖြစ်သည်။

When you have the necessity to touch someone's hair, like brushing away a wisp of dust, you do not do so without first saying kadaw, even though the person concerned may not be an older person.

ဖုန်သပ်ပေးတာမျိုးကဲ့သို့တစုံတယောက် ဆံပင်ကို ထိဖို့လိုအပ်သောအခါ ထိုပုဂ္ဂိုလ်သည် ကိုယ့်ထက် မကြီးစေကာမူ ကန်တော့ဟု အရင်မပြောဘဲ လုပ်ပေးလေ့မရှိပါ။

The custom of doing the act of kadaw is rooted in the Buddhist acceptance of the samsara, the round of rebirths, begin born and reborn; all beings, humans and others go round the cycle, meeting on another in amicable or hostile relationships. Consequently, among people meeting one another in this present existence there would be love and kindness as there would be hate and enmity as well. There might be wrongful actions committed consciously or unwittingly to one another throughout the unending journey of samsara.

ကန်တော့ခြင်း အလေ့အထသည် အကြိမ်တဖန်ဖန် မွေးဖွားခြင်း သံသရာကို လက်ခံသော ဗုဒ္ဓဘာသာဝင်များထံတွင် ခိုင်မာမြဲမြံအမြစ်တွယ်နေသည်။ သံသရာခရီးသွားနေကြသော သက်ရှိအားလုံး ချစ်ခင်ခြင်း၊ မနှစ်လိုခြင်းများဖြင့် ဆုံတွေ့ကြသည်။ အကျိုးဆက်အားဖြင့် လက်ရှိဘဝတွင် ဆုံတွေ့ကြရာဝယ် တယောက်နှင့်တယောက် ချစ်ခင်ကျွှမ်းဝင်ခြင်း ဖြစ်သလို မုန်းတီးခြင်းလည်း ဖြစ်နိုင်သည်။ မဆုံးသော သံသရာခရီးတလျှောက် မရည်ရွယ်ဘဲနှင့်သော်လည်းကောင်း ရည်စူး၍သော်လည်းကောင်း ကျူးလွန်ခဲ့သော မှားယွင်းသော အပြုအမှုများ ရှိကောင်းရှိနိုင်သည်။

credit to Google

When Buddhists do the act of kadaw to anyone, their parents, teachers or elders, they not only pay respects as a gesture of gratitude, but they also ask forgiveness for any wrongful action they might have done in this life and many many lives before.

ဗုဒ္ဓဘာသာဝင်များသည် ဆရာသမား၊ မိဘ၊ လူကြီးသူမများကို ကန်တော့ကြသောအခါ ကျေးဇူးတင်ခြင်းအားဖြင့် လေးစားသမူ ပြုကြခြင်းသာမက အရင်ဘဝများစွာကတည်းက ပြုလုပ်ခဲ့သော မှားယွင်းသော အပြုအမူများကို ခွင့်လွှတ်ဖို့ တောင်းပန်ခြင်းလည်း ဖြစ်သည်။

The elders, even as they accept the kadaw from young people, ask forgiveness in their turn for any wrongful action or hurt they themselves might have been guilty of. This reciprocal action is called the 'erasing of the slate', which is the same as 'burying the hatchet'. After this act of 'erasing the slate', friends and kinsmen can start with a 'clean slate' with nothing but love and kindness.

လူငယ်များ၏ ကန်တော့ခြင်းကို လက်ခံလျှင်တောင်မှ လူကြီးသူမများသည် သူတို့၏ မှားယွင်းသော အပြုအမူများ၊ အပြစ်ဖြစ်စေသော ထိခိုက်မှုများရှိက တဖန်ခွင့်လွှတ်ဖို့ ပြောဆိုသည်။ ထိုအခြင်းအရာကို မြူမှုန်မျှမကျန် ခြေဖျက်ခြင်းဟု ခေါ်သည်။ မြူမှုန်မျှမကျန် ခြေဖျက်ပြီးသောအခါ ချစ်ခြင်းမေတ္တာမှလွဲ၍ တခြားဘာမှ မရှိဘဲနှင့် သူငယ်ချင်း၊ မိသားစုဝင်များ စတင်နိုင်သည်။

Paying respects or kadaw or ceremonies are organized and held in schools. Paying respects to teachers, one of the Five Revered Ones, is still practiced. Buddhists parable illustrate the good influence of teachers on their students, even though the latter might have become ruling kings.

ကျောင်းများတွင် ဆရာကန်တော့ပွဲအခမ်းအနားများကို ကျင်းပကြသည်။ ရတနာငါးပါးတွင် တပါးဖြစ်သော ဆရာသမားများကို ကန်တော့ခြင်းကို ယနေ့ထက်တိုင် ကျင့်သုံးသည်။ တပည့်သည် လက်ရှိအုပ်စိုးနေသော ဘုရင်ဖြစ်နေလျှင်တောင် ဆရာများသည် တပည့်များပေါ်တွင် ကောင်းကောင်း လွှမ်းမိုးနေခြင်းကို ဗုဒ္ဓဝင်ပုံပြင်များက ဖော်ပြနေသည်။

credit to Google

Once, a short time after the demise of the Buddha, the kings of India assembled to claim their share of the Buddha's relics. It was a goodly company of crowned heads, each attended by the Four Elements War, namely, infantry, cavalry, chariots and war elephants. Swords and spears and shields burned in the sunlight as the caparisoned steeds and elephants dug their heels impatiently, as they waited for action.

ဗုဒ္ဓဘုရားရှင် ပရိတ်နိဗ္ဗာန်ပြုသောအခါ အိန္ဒိယဘုရင်များသည် ဗုဒ္ဓဓာတ်တော်များကို ခွဲဝေဖို့ စုရုံးရောက်ရှိလာခဲ့သည်။ စစ်ပွဲအင်္ဂါလေးရပ်ဖြစ်သော ခြေလျင်တပ်၊ မြင်းတပ်၊ ရထားလုံးတပ်နှင့် ဆင်တပ်များ ကိုယ်စီခြံရံကာ ရောက်လာကြသော သရဖူဆောင်း ဘုရင်များ ဖြစ်သည်။ ဓားများ၊ လှံများနှင့် ချပ်ဝတ်တန်ဆာများသည် နေရောင်တွင် တဖိတ်ဖိတ် တောက်ပနေပြီး ကကြိုးတန်ဆာ ဆင်ယင်ထားသော မြင်းများ၊ ဆင်များသည် စစ်ပွဲစတင်ဖို့ စောင့်နေချိန် စိတ်မရှည်စွာဖြင့် သူတို့ခွာများကို တူးနေကြသည်။

Then came the dispute over who should get how much of the relics. Tempers rose and angry voices rang though the air and the steel clanged as the warriors made ready their weapons. Horses neighed and reared, elephants let forth and a fearful trumpeting. A havoc of blood and destruction was imminent.

ထို့နောက် ဓာတ်တော်ကို ဘယ်သူက ဘယ်လောက် ရသင့်သည်ဖြင့် အငြင်းပွားကြပါလေရော။ ဒေါသများ မြှင့်တက်လာကာ စိတ်ဆိုးမာန်ဆိုး အော်ဟစ်သံများ လေတွင် ပျံ့လွင့်နေသည်။ စစ်သားများသည် သူတို့လက်နက်များကို အဆင်သင့်ဖြစ်နေစေဖို့ ပြင်ဆင်ကြသည်။ မြင်းများက ဟီကြကာ နောက်သို့ဆုတ်သည်။ ဆင်များက ရှေ့တိုးကာ ကြောက်မယ်ဖွယ်ကောင်းအောင် အော်မြည်ကြသည်။ သွေးချောင်းစီးတော့မည်မှာ မဝေးတော့။

At the crucial moment, an authoritative voice rang out above the din: "Silence, all of you !" The kings turned their heads towards the voice they knew so well, the voice that had dared to command them. There stood Dona the brahman, who was their teacher, who had taught them the princely arts, in their student days.

အလွန်အရေးကြီးသော ထိုအချိန် စိတ်ရှုပ်ဖွယ်ကောင်းသော ဆူညံသံများ ကျော်လွှား၍ သြဇာအာဏာပြည့်ဝသောအသံ ပေါ်ထွက်လာသည်။ "အားလုံး တိတ်ကြ "။ အသံလာရာဆီသို့ ဘုရင်များ လှည့်ကြည့်သောအခါ  သူတို့အား အမိန့်ပေးရဲသော အသံကို သူတို့ကောင်းကောင်း သိကြသည်။ ရပ်နေသူမှာ သူတို့ကျောင်းသားဘဝတုန်းက မင်းသားများတတ်အပ်သော ပညာများကို သင်ကြားပေးခဲ့သည့် သူတို့၏ဆရာ ဒိုနာပုဏ္ဏား ဖြစ်သည်။

credit to Google

There was silence, as the king bowed down to the one who had been their teacher. Without so much as a word of dissent, the kings accepted their share of the relics handed out by Dona the brahman, and went away in peace.

ဘုရင်များ သူတို့ဆရာဖြစ်သူကို ဦးခေါင်းညွှတ် အရိုအသေပေးပြီး ငြိမ်သက်သွားခဲ့သည်။ ဘုရင်များသည် ဒိုနာပုဏ္ဏားပေးသော သူတို့ဝေစု ဓာတ်တော်များကို မကျေနပ်သောစကား တခွန်းမျှ မဆိုဘဲ လက်ခံကာ အဝေးသို့ ငြိမ်းချမ်းစွာ ထွက်ခွာသွားခဲ့သည်။

So this is the spirit of Thadingyut season...paying respects to those to whom respect is due and remembering those to whom we owe gratitude.

ရိုသေထိုက်သူများကို ကန်တော့ခြင်း၊ ကျေးဇူးတင်ရမည့်သူများကို သတိရခြင်းသည် သီတင်းကျွှတ်လ၏ စိတ်ဓာတ် ဖြစ်သည်။

Thitintyut (Thadingyut)
The five lotuses are fragrant.
Bright lights burn.
At the top of the golden Palace Mountain
Myinmou lights blaze.
Season of lights.
Heads lower
three times in reverence.
The traditional ceremory of 
Homage to the Aged
is held through the land.

(ဒီကဗျာကိုတော့ ဘာသာမပြန်တတ်ဘူး :)

KHIN MYO CHIT (1915 - 1999)
La Grande Dame de la Burmese Writing
by 
Dr. Khin Muang Win

Very few people know that her real name is Ma Khin Mya. Her close relatives and friends call her by her real name . Young people call her Ma Ma Mya or Aunty Mya. Older people call her Ma Khin Mya. But to most people she was known under her pen name, 'Khin Myo Chit'.

တချို့ကသာ သူမနာမည်ရင်း မခင်မြဆိုသည်ကို သိကြသည်။ သူမ၏ ဆွေမျိုးရင်းချာနှင့် သူငယ်ချင်းများက သူမနာမည်ရင်းဖြင့် ခေါ်ဝေါ်သည်။ လူငယ်များက သူမကို မမမြ (သို့မဟုတ်) အန်တီမြဟု ခေါ်ဝေါ်သည်။ လူကြီးများက မခင်မြဟု ခေါ်ဝေါ်သည်။ သို့သော် အများစုက သူမ၏ ကလောင်နာမည် ခင်မျိုးချစ်ဟုသာ သိကြသည်။

She was born at the time when people generally had low expectations of women, when no parent would hear of a young respectable lady entering a profession, and a humanitarian education may be permitted, but only to be to write B.A under one's name and make expressions on people. "What a pity she's a girl." that's what she always heard people saying all the time.


အမျိုးသမီးများကို နိမ့်ချသော၊ မိန်းမငယ်လေးများ လုပ်ငန်းခွင်ဝင်ခြင်း၊ ပညာသင်ကြားခြင်းကို တားမြစ်ထားသည့် ခေတ်ကာလတွင် သူမကို မွေးဖွားခဲ့သည်။ သူမ ဘီအေဘွဲ့ရသော လူအများက အထင်ကြီးကြသည်။ မိန်းကလေးဖြစ်နေတာ နာသကွာ ဟူသော စကားကိုသာ သူမ တချိန်လုံး ကြားခဲ့ရသည်။


Her grandmother had been a maid of honor at the court of King Mindon. Many times she recounted to her the events leading to the mass execution of King Thibaw's royal relatives by the Queen Suphayalatt. "It's a blot on our history." she used to say. She then related to her how the great warrior princes like the Prince Kanaung, the Thonsaire Minthagyi (literally translated the great Prince Thirty, so named because he could climp up a wall of thirty yards in height using his bear hands and feet) and many others were executed during an internal intrigue. "We lost all the great warrior princes, so that when the British marched to the capital city of Upper Myanmar, there was not even one person to throw a stone at the invaders."

သူမ၏အဘွားသည် မင်းတုန်းမင်း၏ ဂုဏ်ထူးဆောင် အပျိုတော်ဖြစ်သည်။ မိဘုရား စုဖုရားလတ်က သီပေါမင်း၏ တော်ဝင်မိသားစုဝင်များကို သုတ်သင်ပစ်သည့်အကြောင်းများကို သူမ အကြိမ်များစွာ ပြောပြတတ်သည်။ သူမက အဲဒါဟာ ငါတို့သမိုင်းမှာ အမည်းစက်တွင်တာပဲဟု ပြောလေ့ရှိသည်။ နန်းတက်ချိန်တွင် သုတ်သင်ခံရသော ကနောင်မင်းသား၊ သုံးဆယ်မင်းသားကြီး ( အတောင်သုံးဆယ် မြင့်သောနံရံကို သူ့ခြေထောက်၊ လက်ချည်းသက်သက်ဖြင့် တက်ရောက်နိုင်သောကြောင်း သုံးဆယ်မင်းသားဟု အမည်တွင်သူ) ၊ အပေါင်းအပါများနှင့် သူမ ဆက်စပ်နေသည်။ "ငါတို့ ထက်မြက်တဲ့မင်းသားအားလုံးကို ဆုံးရှုံးခဲ့တယ်။ ဒါ့ကြောင့် ဗြိတိသျှတွေ အထက်မြန်မာပြည်မြို့တော်ကို ချီတက်သိမ်းပိုက်တော့ ကျူးကျော်လာသူတွေကို ကျောက်ခဲနဲ့ပစ်တဲ့သူတောင် မရှိဘူး။"

She asked, "Do you mean to say, grandma, that if these warrior princes was there. Upper Myanmar would not have fallen under the British Rule?" "No," said her grandmother. "We would still lose the war, for, at that time, no one could stop the rising of the British Empire. But, at least "The Battle of Upper Burma" could have earned a place in the annals of war like Hannibal's fight against Rome, or King Arthur's fight against the Saxons, or King Harold's fight against the invading Normans."


"အဲ့ဒီမင်းသားတွေသာ ရှိနေသေးရင် အထက်မြန်မာပြည် ဗြိတိသျှလက်အောက်ကို ကျရောက်မှာမဟုတ်ဘူးလို့ ဆိုချင်တာလား အဘွား"ဟု  သူမက မေးသည်။ "မဟုတ်ဘူး"ဟု အဘွားက ဖြေသည်။ "ငါတို့ စစ်ရှုံးမှာပဲ။ အဲဒီအချိန်တုန်းက အင်အားကြီးတဲ့ ဗြိတိသျှအင်ပါယာကို ဘယ်သူမှ မရပ်တန့်နိုင်ဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ ရောမကိုခုခံတဲ့ ဟန်နီဘယ်တိုက်ပွဲ၊ ဆက်စွန်တွေကို ခုခံတဲ့ ဘုရင်အာသာရဲ့တိုက်ပွဲ၊ ကျူးကျော်လာတဲ့ နော်မန်တွေကို တိုက်ထုတ်တဲ့ ဘုရင်ဟာနိုးရဲ့ တိုက်ပွဲတွေလို အထက်မြန်မာပြည်တိုက်ပွဲဟာလည်း သမိုင်းဝင်တိုက်ပွဲ ဖြစ်လိမ့်မယ်။ "

Her literary career began in 1932, when she translated a poem of Sir Walter Scott and sent it to the Yangon University magazine. But she didn't put her name, being kind of shy to do that. The poem was about Patriotism, and when it was published, the editor put the pen name - Khin Myo Chit ( meaning 'lady who loves her country' or 'Miss patriot').


ဆာဝေါ့တာစကော့၏ကဗျာကို ဘာသာပြန်ပြီး ရန်ကုန်တက္ကသိုလ်မဂ္ဂဇင်းထံသို့ ပို့ခြင်းဖြင့် ၁၉၃၂ တွင် သူမ၏စာပေခရီး စတင်ခဲ့သည်။ သို့သော် ရှက်ရွှံ့သောကြောင့် သူမနာမည် မထည့်ခဲ့။ ထိုကဗျာသည် မျိုးချစ်စိတ်အကြောင်းကို ဖွဲ့ဆိုထားသောကဗျာ ဖြစ်သည်။ ထိုကဗျာ ပုံနှိပ်သောအခါ အယ်ဒီတာက ခင်မျိုးချစ်ဟူသော ကလောင်နာမည် ပေးခဲ့သည်။


That was how she made here debut in the literary field, and earned her pen name. But all was not well at home. With her father's obstructiveness and her mother's disapproval of 'clever girls', things got from bad to worse. She was not allowed to do any writing in peace. Her mother scolded her more and more. Her father threatened to burn her papers. She had to hide them and do her writing when everyone was in bed.

ထိုသို့ဖြင့် စာပေနယ်သို့ သူမ စတင်ခြေချခဲ့သည်။ သို့သော် အိမ်မှာတော့ အဆင်မပြေလှ။ ဖခင်ဖြစ်သူ၏ အပြင်းအထန် ဆန့်ကျင်မှု၊ တော်သောမိန်းကလေးဆိုသည်ကို လက်မခံသော မိခင်ကြာင့် အခြေအနေသည် ဆိုးနေရာမှ ပိုဆိုးလာခဲ့သည်။ ငြိမ်းချမ်းစွာ စာရေးသားဖို့ သူမကို ခွင့်မပြုခဲ့။ သူမမိခင်သည် သူမကို တိုး၍သာ ဆူခဲ့သည်။ သူမဖခင်သည် စာမူများကို မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ အိမ်ရှိလူကုန် အိပ်သည့်အချိန်မှသာ စာရေးသားခြင်းဖြင့် သူတို့ကို ရှောင်ပုန်းရသည်။

I shall not dwell too much on the story of her unhappy childhood and her escape from the tyranny of her father. It could have made something torn from the pages of a Dickens novel and could have earned her a nick - name like 'Female David Copperfield'.


မပျော်ရွှင်သော သူမ၏ ငယ်ဘဝ၊ ဖခင်၏ ချုပ်ချယ်မှုအောက်မှ လွတ်မြောက်ဖို့ ကြိုးစားခြင်းများကို သူမ လွမ်းဆွေးတသမနေ။ ထိုအရာများက ဒစ်ကင်းဝထ္ထုတွင် မျက်ရည်ကျစေတတ်သော အကြောင်းအရာများလို ဖြစ်စေခဲ့ပြီး နာမည်ပြောင် အမျိုးသမီးဒေးဗစ်ကော်ပါဖီးအမည်ကို ရရှိစေခဲ့သည်။

Regarding her meeting with my father, U Khin Maung Latt (1915 - 1996) whom she referred to as 'Ko Latt', she wrote in her autobiography, as follows:-
"He was the boy next door. He had left college, an undergraduate, not being able to continue his studies because of the decline in family fortunes. He was having a short lull at home while looking for a job.


ကျွန်ုပ်ဖခင်ဖြစ်သူ ဦးခင်မောင်လတ် (သူမက ကိုလတ်ဟု ခေါ်တတ်သော) နှင့် သူမ ဆုံတွေ့ရပုံကို သူမ၏ ကိုယ်တိုင်ရေးအထ္ထုပတ္တိစာအုပ်တွင် ဤသို့ရေးသားခဲ့သည်။ သူက အိမ်ဘေးက ကောင်လေးတယောက်။ သူ့အိမ်စီးပွားရေး ကျဆင်းလာသောကြောင့် ကျောင်းဆက်လက် မတက်နိုင်တော့ဘဲ ဘွဲ့မရမှီ ကျောင်းမှထွက်ခွာခဲ့ရသည်။ အလုပ်ရှာနေချိန် အိမ်တွင် အေးအေးလူလူ သူ ရှိနေခဲ့သည်။

He was a voracious reader and we shared the same interests in books. I read the books he recommended and he returned the compliment. We read 'Little Women' one of my favorite books and he called me teasingly 'Jo'. We had a fine time talking of books. It seemed that we had launched on a long and timeless talk which could lead to one thing - a life - long alliance."


သူသည် စာဖတ်အားကောင်းသူတယောက်ဖြစ်ပြီး စာအုပ်များပေါ်တွင် ကျွန်ုပ်တို့ စိတ်ဝင်စားမူ တူညီသည်။ သူညွှန်းဆိုသော စာအုပ်များကို ကျွန်မက ဖတ်သည်။ သူက လေးလေးစားစား မှတ်ချက်ပေးသည်။ ကျွန်မ၏အနှစ်သက်ဆုံးစာအုပ်တအုပ်ဖြစ်သော မိန်းမငယ်လေးများ စာအုပ်ကို ကျွန်မတို့ဖတ်ကြသည်။ သူက ကျွန်မကို ဂျိုးဟု နောက်ပြောင်ခေါ်တတ်သည်။ ကျွှန်မတို့ စာအုပ်အကြောင်း ဆွေးနွေးသည့် အချိန်ကောင်းများ ရှိခဲ့သည်။ ထိုရှည်လျားအဆုံးမသတ်နိုင်သော ဆွေးနွေးခြင်းများကပင် တဘဝတာ မဟာမိတ် ဖြစ်စေခဲ့သည်။


Regarding her political involvements of 1937 and afterwards, she wrote:-
"Had this even tenor of our way gone on for a few months or so, Ko Latt and I might have slipped quietly into married life. My rosy dreams of the future during the interval of a few months before our marriage turned out to be a night - mare if stormy incidents. It was the fate of the country that swept most of our dreams away. By a cruel ticket of fate, we became part of that mighty tidal wave which we were but a tiny ripple."

၁၉၃၇ နိုင်ငံရေးပါဝင်လာမှုနှင့် ပတ်သက်၍ သူမ ရေးသားခဲ့သည်မှာ လအနည်းငယ် ကြာပြီးသောအခါ ကိုလတ်နှင့် ကျွန်မ လက်ထပ်ခဲ့သည်။ အိမ်ထောင်မပြုမှီ လအနည်းငယ်က ကြိုတင်စိတ်ကူးထားခဲ့သော စိတ်ကူးယဉ် အိမ်မက်များသည် မုန်တိုင်းတိုက်ခတ်သောည အိမ်မက်ဆိုးတခု ဖြစ်သွားခဲ့သည်။ ကျွန်မတို့စိတ်ကူးအိမ်မက်များကို တိုက်ချသွားသော နိုင်ငံ၏ ကံကြမ္မာဆိုးပင် ဖြစ်သည်။ ကံအကြောင်းမလှစွာဖြင့် ကျွန်မတို့သည် ခွန်အားကြီးသော ဒီရေလှိုင်းမှ သေးငယ်သော ရေမြုပ်လေးများသာ ဖြစ်သည်။

She recounted the part she played in the demonstration of 1938 as follows;
"Three girls and I happened to be in the front line right after the standard bearers. It was a rude shock when we found ourselves confronted by baton weilding policemen, some mounted on horseback. All of a sudden, like a sequence on a cinema screen, everything was in pools of blood. As I tried to pick them up, blows fell on me."

၁၉၃၉  ဆန္ဒထုတ်ဖော်ပွဲနှင့် ပတ်သက်၍ သူမ ပြန်ပြောင်းပြောပြသည်မှာ မိန်းကလေးသုံးယောက်နှင့် ကျွန်မ ရပ်နေတာက အတားအဆီးတွေရဲ့ ပထမဆုံးလိုင်း။ အကာအကွယ်အပြည့်အစုံ ဝတ်ထားတဲ့ ရဲသားတွေ တချို့ဆို မြင်းစီးလို့ သူတို့တွေရဲ့ တားဆီးပိတ်ဆို့တာ ခံရတော့ ထိတ်လန့်သွားတယ်။ အားလုံး ရုတ်တရက် ရုပ်ရှင်ထဲကအတိုင်း အရာအားလုံး သွေးတွေစွန်းလို့။ သူတို့ကို ကောက်ကိုင်ဖို့ ကျွန်မ ကြိုးစားပေမဲ့ လေကို ဖမ်းဆုပ်မိသလို။

She lived through the stormy times of the British Regime, the Japanese Regime, the Struggle for Independence, sharing the joys and sorrows of the political figures like U Nu,  Thakin Than Tun, Thakin Ba Hein, General Aung San, Dr. Ba Maw, U Kyaw Nyein, U Ne Win and others.


မုန်တိုင်းထန်သော ဗြိတိသျှခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးရအောင် ကြိုးပမ်းချိန် နိုင်ငံ့ခေါင်းဆောင်များဖြစ်သော ဦးနု၊ သခင်သန်းထွန်း၊ သခင်ဘဟိန်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါက်တာဘမော်၊ ဦးကျော်ငြိမ်း၊ ဦးနေဝင်း၊ တခြားခေါင်းဆာင်များနှင့် ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာအချိန်များကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

Also in her autobiography, she recounted a difficult phase of her life in the following way:-
"Now, I have come to one of the most difficult chapters of my life, for it was then my misadventures strayed into the realms of faith and religion. I was prejudiced against meditation or any religion practice which I took to be only for people who had nothing better to do or those who wanted to put on airs of holiness or those who had no courage to face life,...I thought."

The story of how her meeting with two monks changed her out-look and made her regain her faith in Buddhism cannot be told here, for that alnoe would have made a treatise on Buddhism.

သူမ၏ ကိုယ်တိုင်ရေးအထ္ထုပတ္တိတွင် သူမဘဝ၏ အခက်အခဲဆုံး အစိတ်အပိုင်းကို အောက်ပါအတိုင်း ပြန်ပြောင်းပြောပြခဲ့သည်။ အခု ကျွန်မဘဝ၏ အခက်ခဲဆုံး ဘဝစာမျက်နှာများထဲက တချို့ကတော့ ဘာသာရေး ယူဆချက်တွေ လွဲချော်နေတာပါ။ တရားထိုင်ခြင်း၊ တခြားဘာသာရေးကျင့်သုံးမှုတွေကို ကျွန်မက ဘာမှအလုပ် လုပ်စရာမရှိတဲ့သူတွေ၊ မြင့်မြတ်တယ်လို့ အသံကောင်းဟစ်ချင်နေသူတွေ၊ ဘဝကို ရင်ဆိုင်ဖို့ သတ္တိမရှိသူတွေ လုပ်တဲ့အလုပ်လို့ တဖက်သတ် တွေးခဲ့ဖူးတယ်။

ဆရာတော်နှစ်ပါးနှင့်တွေ့ပြီးသည့်နောက် သူမ၏  အမြင်ပြောင်းလဲပြီး ဗုဒ္ဓဘာသာကို ပြန်လည်သက်ဝင် ယုံကြည်စေခဲ့သည့်အကြောင်းသည် ဘာသာရေးဆန်နေသည့်အတွက်ကြောင့် ဤနေရာတွင် ကျွန်ုပ် မဖော်ပြတော့ပါ။



She became a mother-in-law in 1967, a grandmother of twins, a boy and a girl, in 1968. In an interview with a writer, Alex Wood in 1970, she said, "I am proud of being a good grandmother and housekeeper, but I have never let this interfere with any of my cultural interests. I am glad that I rediscovered the art of Burmese 'Zatpwe' (a king of a mixture of play, concert and opera ) in a time to stop me from becoming an interfering mum-in-law and an over doddering granny. Friends rubbed their hands when the twins were born and said it would be the end of my freedom. But of course, it wasn't. I'm organizing myself better and writing more than before."


၁၉၆၇ တွင် သူမသည် ယောက္ခမ ၁၉၆၈ တွင် မိန်းကလေးနှင့် ယောက်ျားလေး အမြွှာနှစ်ယောက်၏ အဘွား ဖြစ်ခဲ့သည်။ ၁၉၇၀ စာရေးဆရာ အဲလက်စ်ဝုဒ်နှင့် အင်တာဗျူးတွင် ကျွန်မက အဘွားကောင်း၊ အိမ်ရှင်မကောင်းတယောက် ဖြစ်ရတာ ဂုဏ်ယူပါတယ်။ ဒါပေမဲ့ ယဉ်ကျေးမှုနှင့်ဆိုင်တဲ့ စိတ်ဝင်စားမှုတွေတော့ ဘယ်တော့မှ မရှိခဲ့ပါဘူး။ မြန်မာဇာတ်ပွဲ အနုပညာကို ကျွန်မရှာဖွေတွေ့ရှိတဲ့အတွက် ကျေနပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက ကျွန်မကို ချုပ်ခြယ် စွတ်ဖက်လွန်းတဲ့ ယောက္ခမ၊ အဘွား မဖြစ်အောင် တားဆီးခဲ့လို့ပါပဲ။ အမြွှာမွှေးတော့ သူငယ်ချင်းတွေက ရှင့်လွတ်လပ်မှုတွေ ကုန်ဆုံးပြီလို့ လက်ကိုဆုပ်ကိုင်ပြီး ပြောကြတယ်။ ဒါပေမဲ့ အဲဒါတွေ လုံးဝမှားတယ်ရှင့်။ ကျွန်မက အရင်ကထက်တောင် စာတွေပိုရေးလာနိုင်လို့လေ။

The landmarks of her literary career may be summed up in the following way:-
1932 : Patriotism ( a poem that earned her pen name)
1936 : College Girl ( a novelette for serialization in "The Sun" a daily paper.)
1955 : 13 Carat Diamond ( short story published in "The Guardian magazine, later included in "50 Great Oriental Stories" in Bantam Classics.
1963 to 1968 : Heroes of Old Burma
                   : Quest for Peace (an autobiography)
             (Both serialized in "The Working Peoples" Daily.)
1970 : Her Infinite Variety
         (a prize-winning short story in the 'Horizon' magazine short story competition)
       : The Four Puppets
         (included in "Folk Tales of Asia", UNESCO)
       : Anawrahta of Burma
         (publication of 'Heroes of Old Burma', which was later re-printed under the titles,
           'Anawrahta' and 'King Among Men'.)
1976 : Colorful Burma
          (a practical and poetic guide for the visitors who wants something better than a 
            tourist view of Burma, later reprinted under the title 'Colourful Myanmar'.)
1977 : Flowers and Festivals Round the Burmese Year
       :  Kyaikhtiyo
          (a short history of Kyaikhtiyo Pagoda, published in the Asia Magazine.)
1981 : A Pagoda Where Fairy Tale Characters Come to Life
         (A tale-like description of Mai La Mu Pagoda in the outskirts of Yangon, published 
           in the Asia Magazine.)
1984 : A Wonderland of Burmese Legends
          (published by the Tamarind Press in Bangkok, later reprinted in Burma under the 
            title : ' A Wonderland of Pagoda Legends'.)
1995 : Gift of Laughter
          ( on the picturesque speech of the people of Hla Daw, a village in Central Burma, 
            selections of which have been published in the 'Pyinsa Rupa' magazine.)

Conclusion
During the last year of her life, debilitating and disfiguring arthritic pains made her spend most of her time in bed. Regarding her fight against the spasms of pain, she remarked. "Sometimes I lose, sometimes they win". Quite surprisingly, compared to what she suffered, she died in peace.

နိဂုံးချုပ်

သူမဘဝ၏ နောက်ဆုံးနှစ်တွင် ဆိုးရွားပြင်းထန်သော အဆစ်အမြစ်ယောင်ရောဂါကြောင့် အချိန်တော်တော်များများ အိပ်ယာထဲတွင် ကုန်ဆုံးရသည်။ သူမခံစားရသော ကြွက်သားနာကျင်မှုကို  တိုက်ပွဲဝင်ရင်း တခါတရံ 'ငါ ရှုံးတယ်၊ တခါတရံ သူတို့နိုင်တယ်' ဟု မှတ်ချက်ချသည်။ သူမ ခံစားခဲ့ရသော ဝေဒနာများနှင့် နှိုင်းစာလျှင် အံ့အားသင့်စရာ ငြိမ်းချမ်းစွာ သူမ သေဆုံးခဲ့သည်။


Khin Myo Chit, Writer and Journalist,
born : 1, May 1915 , died : 2, January 1999,
only son, Dr. Khin Maung Win,
Retired Professor of Mathematics:
and daughter-in-law, Mi Mi (a) Shwe Yi Win,
twin grand children:
boy-twin Maung Maung Win (a) Maung Yit,
girl-twin Mi Mi Win (a) Junior Win,
one grand daughter-in-law, May Than Htay,
one great grand daughter, Pwint Phyu Nanda.

Dr. Khin Maung Win.
Retired Professor of Mathematics
Yangon University
505/8 Pay Yeikhta,
Pyay Road, University P.O
Yangon, Myanmar.
Phone No.531136




သီတင်းကျွှတ်အခါသမယမို့ သီတင်းကျွှတ်နဲ့ဆိုင်တဲ့ ပို့စ်ရေးချင်နေတာ ရေးစရာ ဘာမှထွက်မလာတာနဲ့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ Flowers & Fesitvals စာအုပ်ထဲက သီတင်းကျွှတ်ပွဲတော်အကြောင်းကို ကူးတင်လိုက်ပါတယ်။ ဆရာမကြီးရဲ့မြေး ဂျူနီယာဝင်းက အဲဒီစာအုပ်ကို မြန်မာလို ပြန်ထားတယ်လို့ သိရပါတယ်။ ကျွန်မကတော့ မဖတ်ရသေးပါ။ ဒီစာအုပ်အတွက် မူပိုင်ခွင့် ကျွန်မမှာ မရှိပါဘူး။ ကျွန်မနှစ်သက်တဲ့ ဆရာမကြီးရဲ့စာတွေကို သူငယ်ချင်းတွေကို ပြန်ပြောပြ ရှယ်တဲ့သဘောပါ။ အင်္ဂလိပ်လို မဖတ်ချင်တဲ့သူတွေအတွက် သိသလောက်လေး မြန်မာလို ပြန်ထားတာပါ။ ဘာသာပြန်တာ လိုအပ်ချက်တွေ ရှိခဲ့ရင် ကျွန်မအားထုတ်မှု ပေါ့လျော့လို့ပါ။ အင်္ဂလိပ်လိုဖတ်တာ ပိုရှင်းတဲ့သူတွေအတွက်လည်း  အင်္ဂလိပ်လို တင်ပေးလိုက်ပါတယ်။

၁၉၉၉ လှည်းတန်းက ဆရာဦးမြကြိုင်အင်္ဂလိပ်စာ သင်တန်းကျောင်းတက်တော့ စာဖတ်ချိန်၊ ဘာသာပြန်ချိန်တွေဆို ဆရာမကြီး စာအုပ်တွေ သင်ရပါတယ်။ Colorful Myanmar မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ ရာသီစာ စကားထာတွေအကြောင်းနဲ့ အတော်စိတ်ဝင်စားဖို့ကောင်းသလို ကျွန်မ အနှစ်သက်ဆုံးစာအုပ်ပါ။ Flowers & Festivals ၁၂လ ရာသီ ပွဲတော်များအကြောင်း။ Wonderland Myanmar မြန်မာပြည်တဝှမ်းက တန်ခိုးကြီးဘုရားများ အကြောင်း။ ဆုရဝထ္ထုတို  မူယာစုံလင် သူ့ရုပ်သွင် Her Infinite Variety ရုပ်သေးဆရာတယောက်ရဲ့ ဆွေးမြေ့ဖွယ် ချစ်ဇာတ်လမ်း။

ဆရာမကြီးရဲ့ အကောင်းဆုံးလက်ရာ masterpiece လို့သတ်မှတ်ကြတာကတော့ King Among Men အနော်ရထာမင်း ဗုဒ္ဓဘာသာနဲ့ ပထမမြန်မာပြည် တည်ထောင်တဲ့အကြောင်း။ ကျွန်မတို့ သိတဲ့ ကျန်စစ်သား၊ ငထွေးရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး သူရဲကောင်းလေးယောက်က အဲဒီစာအုပ်ထဲမှာ သက်ရှိလူသားတွေအဖြစ် အသက်ဝင်လို့၊ ကျွန်မတို့သိတဲ့ ပန်းစားဘီလူးမ မယ်ဝဏ္ဏက အဲဒီစာအုပ်ထဲမှာ အသားအရည်ရွှေရောင် တောထဲမှာပဲ နေထိုင်တဲ့ လူရိုင်းမလေး ဖြစ်လို့၊ ဗျတ်ဝိဗျတ္တ၊ ရှင်အရဟံနဲ့ တွေဆုံပုံ၊ ဥသာပဲခူးတိုက်ပွဲ၊ ကျန်စစ်သားနဲ့ဥသာပဲခူးမင်းသမီး ခင်ဦး၊ သုဝဏ္ဏဘူမိ သထုံပြည်ကို ချီတက်တိုက်ခိုက်တဲ့အကြောင်းကို သမိုင်းပညာရှင်တွေနဲ့ အကြိမ်ကြိမ်ဆွေးနွေး သုသေတနပြုပြီးမှ ရေးထားတာပါတဲ့၊ မင်းကြီးမင်းလေး (ဗျတ္တနဲ့မယ်ဝဏ္ဏ သားများ)၊ ကိုရင်မောင်နဲ့ မယ်ဥ၊ ရှမ်းစော်ဘွားညီမ စောမွန်လှတို့အကြောင်းနဲ့ အရမ်းကောင်းတဲ့ စာအုပ်လေးပါ။

King Among Men ၊ Wonderland Myanmar  စာအုပ်တွေကို မောင်မောင်နဲ့မကြီး ဝယ်ပို့ပေးပြီး Colourful Myanmar နဲ့ Flowers & Festivals  စာအုပ်တွေကတော့ အမေဇုန်က ဝယ်တာပါ။ ပို့ခနဲ့မှ ၂၀၊ ၃၀ လောက်ပဲ ကျပါတယ်။ အင်္ဂလိပ်လို အရေးကောင်းသလို ဇာဝနညဏ်ရွှင်တဲ့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်က ကျွန်မအနှစ်သက်ဆုံး စာရေးဆရာဖြစ်ပြီးတော့ ကြုံကြိုက်ရင် ဆရာမကြီးလက်ရာတွေကို ဖတ်ရှုဖို့ တိုက်တွန်းပါရစေ။ နောက်လာမဲ့ ပွဲတော်တွေကို အလျဉ်းသင့်သလို တင်သွားပါဦးမယ်။ အလည်လာတဲ့ မိတ်ဆွေတွေ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ပျော်ရွှင်သော သီတင်းကျွှတ်လေး ဖြစ်ပါစေ။

စန်းထွန်း
အောက်တိုဘာ ၁၈၊ ၂၀၁၃။