All About DC - 4

စနေနေ့က Parallel Programming Midterm Exam ရှိလို့ ဒီနေ့မှပဲ ဒီစီကို သွားလည်ဖြစ်ပါတယ်။ ဒီစီရဲ့ အထင်ကရနေရာ တော်တော်များများက လည်ပတ်ပြီးသားမို့ မလည်ပတ်ရသေးတယ့် Basilica of the National Shrine of the Immaculate Conception ဆိုတယ့်ဟာ ဂူဂယ်မှာ ရှာဖွေကြည့်တော့ လား...လား နေ့တိုင်း ရထားပေါ်က မြင်နေကျ ရွှေရောင်အမိုးခုံး၊ အချွှန်အတက်တခုပါလား။ အနီရောင်လိုင်း Brookland CUA ဘူတာကနေ ၇ မိနစ်လောက် လမ်းလျှောက်ရုံနဲ့ ရောက်ပါတယ်။

Catholic University of American ကို ဖြတ်ကျော်ချိန်မှာ ငယ်ရွယ်နုပျိုတယ့် ကျောင်းသားလေးတွေ တွေ့တော့ နှစ်ဆယ်ကျော်အရွယ် အပူအပင်ကင်းမဲ့ ပျော်ရွှင်ခဲ့ဖူးတယ့် တက္ကသိုလ်ကျောင်းသားဘဝကို သတိရတယ်။ အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းတွေ မွေးထုတ်ပေးတယ့် တက္ကသိုလ် တော်တော်များများက သစ်ပင်ပန်းမန်တွေနဲ့ အတော့်ကို သာယာလှပတယ် ။ (ကိုယ်တို့နိုင်ငံက တက္ကသိုလ်တွေ၊ ကိုယ် ခု တက်နေတယ့် MUM ကျောင်းတော့ မပါ) ။


ရွှေရောင်အမိုးခုံး၊ ပန်းချီတွေ ခြယ်သထားတယ့် အဆောက်အဦးကြီးက လက်ရာမြောက်လိုက်တာ။ ဘေးက ဖြတ်သွားတယ့် ကလေးပွေ့ချီထားတယ့် မက်ဆီကန် အမျိုးသမီးက ဓမ္မသီချင်းကို တိုးတိုးလေး ဆိုညည်းလို့။ တီးခတ်လိုက်တယ့် ဘုရားကျောင်းက ခေါင်းလောင်းထိုးသံက သာယာလိုက်တာ။ ဝတ်ပြုဆုတောင်းဖို့ ရောက်လာသူတွေ တဖွဲဖွဲ။ ဘုရားကျောင်းကန်ဆိုတာ ဘယ်ဘာသာပဲဖြစ်ဖြစ် အေးချမ်းတာပါပဲလား။

Basilica of the National Shrine of the Immaculate Conception က အမေရိကန်နဲ့ မြောက်အမေရိကမှာ အကြီးဆုံးရိုမန်ကက်သလစ် ဘုရားရှိခိုးကျောင်းဖြစ်ပြီး ကမ္ဘာပေါ်က အကြီးဆုံး ဘုရားရှိခိုးကျောင်း ဆယ်ခုမှာ ပါဝင်ပါတယ်။ တနင်္ဂနွေ ဘုရားဝတ်ပြုနေကြတော့ ဘုရားရှိခိုးကျောင်းအတွင်းက အနုစိတ်လက်ရာတွေကို ဓာတ်ပုံရိုက်ခွင့် မကြုံလိုက်ဘူး။ နောက်တကြိမ်ပေါ့ ။



Archies ဘူတာမှာ ဆင်းပြီး Archives of United States ပြတိုက်ကို ဝင်လည်တော့ ဓာတ်ပုံရိုက်ခွင့် မရှိပါဘူး။ အာခိုက်ပြတိုက်မှာ ၁၇၇၆ မှာ ဂရိတ်ဗြိတိန်ဆီကနေ ခွဲထွက်ကာ ယူနိုက်တက်စတိတ် အမေရိကားနိုင်ငံ ထူထောင်ခဲ့တယ့် သောမတ်ဂျက်ဖာဆန်ရဲ့လွတ်လပ်ရေး ကြေညာစာတမ်း လက်ရေးမူ၊ ဂျိမ်း မက်ဒီဆန်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း၊ ဘုရင်ဂျွှန်ကနေ No man - not even the king - is above the law ဆိုတာ အသိအမှတ်ပြုတယ့် Magna Carta, 1297 စာတမ်းတွေကို ပြသထားပါတယ်။ နှစ်ပေါင်းရာကျော်တိုင်အောင် ထိန်းသိမ်းထားနိုင်တာ ချီးကျူးစရာ။ အနည်းငယ် အေးမြတယ့် အခန်းအပူချိန်က စာရွက်စာတမ်းတွေကို မပျက်စီးအောင် ကာကွယ်ပေးပြီး အလင်းတွေက မှင်တွေကို ပျယ်စေနိုင်တာမို့ အရေးကြီး စာရွက်စာတမ်းတွေ ပြသထားတယ့် Rotunda ခန်းမက အနည်းငယ် အေးမြပြီး မှောင်ပါတယ်။



အာခိုက်ပြတိုက်က ထွက်လာတော့ အချိန်ရှိသေးတယ် ဘယ်သွားရင် ကောင်းမလဲ ဂူဂယ်မှာ ရှာဖွေနေတုန်း Saxsophone သံက သာယာနာပျော်ဖွယ်ကောင်းလွန်းလို့ ထူးထူးဆန်းဆန်း လှုချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာတာ တီးမှုတ်နေတယ့် အဘိုးအိုကို ၂ ကျပ် လှုခဲ့တယ်။  National Gallery of Art Sculpture Park ကို ကျော်ဖြတ်တော့ ရေပန်းဘေးနားတဝိုက် ကလေးတွေ ဆော့ကစားကြ၊ တချို့ကလည်း အေးအေးဆေးဆေး စာထိုင်ဖတ်လို့၊ တချို့ကလည်း အေးအေးလူလူ အိပ်စက်အနားယူလို့။ ရှေ့တပတ်က အပူချိန် ၉၀ ဒီဂရီ ပူလွန်းလို့ အပြင်မထွက်ချင်။ ဒီတပတ်မှာတော့ ၇၀၊ ၈၀ ဒီဂရီ ရာသီဥတုက နည်းနည်းလေး အေးလို့ လူတိုင်း ဆွယ်တာပါးပါးလေး ကိုယ်ဆီဝတ်လို့။ ဆောင်းလေမြူးတိုင်း ရော်ရွက်ဝါလေးတွေ တဖြုတ်ဖြုတ်ကြွေတယ့် ရွက်ကြွေရာသီ ရောက်ပြီကိုး။

အန်ကယ်ကြီးတယောက်က သူတို့မိသားစုပုံကို ဓာတ်ပုံလာရိုက်ခိုင်းတယ်။ ဆူနမ်တို့နဲ့သွားရင် ကိုယ်နဲ့ ရာမားက မော်ဒယ်ဂဲလ်၊ ဆူနမ်နဲ့ အမ်းထရူးက ကင်မရာမန်း။ ဘလော့ဂါ မတော်တဆ ဖြစ်ပြီးတော့မှ ဓာတ်ပုံအသေရိုက်တယ်။ ဘလော့ပေါ်တင်ဖို့ သည်းခံတော် မူကြပါလေကုန် း) ။


Smithsonian Institution ပြတိုက်နားက ပန်းခြံထဲမှာ လူတွေစည်နေတာနဲ့ ဝင်တယ်။ အမျိုးအမည် မသိတယ့် ပန်းသေးသေးလေးတွေ တွေ့တော တောလမ်းလေးတွေမှာ အလေ့ကျပေါက်တယ့် ပန်းလေးတွေကို ဓာတ်ပုံရိုက်ခဲ့ပေးဖို့ ကိုညီလင်းသစ်ကို တောင်းဆိုတတ်တယ့် မမအိုင်အိုရာကို သတိရတယ်။ 


Rain Lily 

ကန်တက်ကီနဲ့ အိုင်အိုဝါမှာ မတွေ့ဖူးတယ့် ပန်းတွေကို ဒီစီနဲ့ မေရီလန်းမှာ တွေ့ရတတယ်။ စမစ်ဆိုးနီးယမ်းပန်းခြံမှာ တခြားဒေသက ပန်းပင်တွေ၊ အပင်တွေ စုဆောင်းစိုက်ပျိုးထားတာမို့ မမြင်ဘူးတယ့် အပင်တွေ၊ ပန်းတွေ တွေ့ရတယ်။ 


စမစ်ဆိုးနီးယမ်း နှင်းဆီပန်းခြံက နှင်းဆီတွေ။ လှပတယ့်နှင်းဆီတွေ တွေ့တော့ နှင်းဆီတစ်ခင်း ပန်းတစ်ခြင်းကို ပြေးသတိရတယ်။

 
Smithsonian Institution

၃ နာရီကျော်ပြီ ဗိုက်လည်း ဆာပြီမို့ Archievs ဘူတာကနေ Gallery Palace (Chinatown) ဘူတာဆီ ချီတက်တယ်။


ဒီစီကို နောက်ထပ် လည်ပတ်ခဲ့ရင် ထပ်တင်ပါဦးမယ်။

စန်းထွန်း
စက်တင်ဘာ ၁၅၊ ၂၀၁၃။

8 comments:

မေလး said...

ညီမစန္းထီန္းေရ ဒီစီ၄ကို တ၀ၾကီး ေငးသြားပါတယ္။
ႏွင္းဆီပန္းေလးေတြက လွလိုက္တာ။ မေလးကေတာ့
ႏွင္းဆီ crazy မိုု ့ ထင္တယ္။
ခ်စ္ခင္တဲ့
မေလးၿမတ္

မေလး said...

ညီမစန္းထြန္းေရ ့ လံုးၾကီးတင္နဲ ့၀စြဲမွားေရးလိုက္လို။
ခ်စ္ခင္တဲ့
မေလးၿမတ္

ဟန္ၾကည္ said...

ဘေလာ့ဂါႀကီးကလည္း ဓာတ္ပံုေတြ ရိုက္ေကာင္းေကာင္းနဲ႔ရိုက္ တင္ေကာင္းေကာင္းနဲ႔တင္...ဦးဟန္ၾကည္တို႔ကလည္း သြားရည္ထိုင္က်...ကေတာက္ ဒီတစ္ခါေတာ့ သြားရည္မက်ႏိုင္လိုက္ဘူး...ကြန္မေကာင္းလို႔ စာေတြပဲ ဖတ္လိုက္ရတယ္... း(

စန္းထြန္းေရ...သြားတဲ့ေနရာ လာတဲ့ေနရာေတြကို ေနာက္ပစ္ ေအာက္ျမစ္နဲ႔ေရးရင္ ပိုအဆင္ေျပမယ္ထင္တယ္...ယသတ္ေအာက္ျမစ္ႀကီးက တစ္မ်ဳိးျဖစ္ေနေရာ...

သက္ေဝ said...

စာလာဖတ္... ဓါတ္ပံုေတြ ၾကည့္...
Link ယူ... း-)
Facebook ရွိရင္ https://www.facebook.com/thetwai.blog ကို Add ပါ ညီမေရ... Add ျပီးရင္ေတာ့ Message ေလး ပို႔ ထားပါေနာ္... ေက်းဇူး...

မီးမီးငယ် said...

ဓါတ္ပုံပညာအံမခန္းတိုးတက္ေကာင္းမြန္
လာပါေၾကာင္း...
ေလေအးေအးရာသီဥတုသာယာခ်ိန္မွာ
အန္မတန္မွလည္ပတ္ဒါတ္ရုိက္ရန္အထူးဘဲ
သင့္ေလွ်ာ္ေနပါသည္။
အခြင့္အေရးမ်ားကိုအထူးအသုံးခ်ၿပီး
မ်ားမ်ားလည္ပတ္ဒါတ္ေလးေတြနဲ ့
ျပန္ေျပာျပေပးေနာ့္.. :)

Anonymous said...

စန္းထြန္းေလး..
..ေတာလမ္းေလးေတြမွာအေလ့က်ေပါက္တဲ့ပန္းေလးေတြကိုုဓါတ္ပံုုရုုိက္ေပးဖုုိ ့....ဆုုိတဲ့ထိဖတ္တဲ့အခ်ိန္မွာကိုုယ့္လုုိလူမ်ဳိးေနာက္တစ္ေယာက္ရွိျပီး..စန္းထြန္းကိုု ရီကြက္စ္ လုုပ္ထားတယ္မွတ္လိုုက္ေသးတာ။
အဲဒီစာမေရာက္ခင္ကတည္းကပန္းေလးေတြကိုုေသခ်ာၾကည့္ေနတာ။ ဓါတ္ပံုုေလးေတြအရမ္းလွတယ္စန္းထြန္း။ ပန္းပံုုေလးေတြအတြက္လည္းေက်းဇူးပါ။
စန္းထြန္းယူတဲ့ ေထာင့္ေတြကလည္းလွတယ္။
ရွနန္းဒိုုးအမ်ဳိးသားဥယ်ာဥ္အေၾကာင္းတင္မယ္မွတ္ေနတာ။ ..
ခ်စ္ေသာမမအိုုင္အိုုရာ

သိ ဂၤ ါ ရ said...

အလည္အပတ္ေရာက္ ... ၊ အလည္အပတ္ ထြက္ျခင္း ရဲ႕ ပုံေတြ ၾကည့္ ... ၊ ရႈခင္းေတြ ... ၊ ပန္းမန္ေတြ ....၊ မေရာက္ဖူးတဲ႔ ေနရာ ... ဗဟုသုတ ... အားလုံးအတြက္ ... ေက်းဇူးတင္မိပါေၾကာင္း ... :)

San San Htun said...

မလေး said...
ညီမစန်းထီန်းရေ ဒီစီ၄ကို တဝကြီး ငေးသွားပါတယ်။
နှင်းဆီပန်းလေးတွေက လှလိုက်တာ။ မလေးကတော့
နှင်းဆီ crazy မို့ ထင်တယ်။
ချစ်ခင်တဲ့
မလေးမြတ်
September 16, 2013 at 1:09 AM
မလေး said...
ညီမစန်းထွန်းရေ့ လုံးကြီးတင်နဲ့ဝစွဲမှားရေးလိုက်လို။
ချစ်ခင်တဲ့
မလေးမြတ်
September 16, 2013 at 1:21 AM
ဟန်ကြည် said...
ဘလော့ဂါကြီးကလည်း ဓာတ်ပုံတွေ ရိုက်ကောင်းကောင်းနဲ့ရိုက် တင်ကောင်းကောင်းနဲ့တင်...ဦးဟန်ကြည်တို့ကလည်း သွားရည်ထိုင်ကျ...ကတောက် ဒီတစ်ခါတော့ သွားရည်မကျနိုင်လိုက်ဘူး...ကွန်မကောင်းလို့ စာတွေပဲ ဖတ်လိုက်ရတယ်... း(

စန်းထွန်းရေ...သွားတဲ့နေရာ လာတဲ့နေရာတွေကို နောက်ပစ် အောက်မြစ်နဲ့ရေးရင် ပိုအဆင်ပြေမယ်ထင်တယ်...ယသတ်အောက်မြစ်ကြီးက တစ်မျိုးဖြစ်နေရော...
September 16, 2013 at 5:15 AM
သက်ဝေ said...
စာလာဖတ်... ဓါတ်ပုံတွေ ကြည့်...
Link ယူ... း-)
Facebook ရှိရင် https://www.facebook.com/thetwai.blog ကို Add ပါ ညီမရေ... Add ပြီးရင်တော့ Message လေး ပို့ ထားပါနော်... ကျေးဇူး...
September 16, 2013 at 8:40 PM
မီးမီးငယ် said...
ဓါတ်ပုံပညာအံမခန်းတိုးတက်ကောင်းမွန်
လာပါကြောင်း...
လေအေးအေးရာသီဥတုသာယာချိန်မှာ
အန်မတန်မှလည်ပတ်ဒါတ်ရိုက်ရန်အထူးဘဲ
သင့်လျှော်နေပါသည်။
အခွင့်အရေးများကိုအထူးအသုံးချပြီး
များများလည်ပတ်ဒါတ်လေးတွေနဲ့
ပြန်ပြောပြပေးနော့်.. :)
September 16, 2013 at 9:44 PM
Anonymous said...
စန်းထွန်းလေး..
..တောလမ်းလေးတွေမှာအလေ့ကျပေါက်တဲ့ပန်းလေးတွေကိုဓါတ်ပုံရိုက်ပေးဖို့....ဆိုတဲ့ထိဖတ်တဲ့အချိန်မှာကိုယ့်လိုလူမျိုးနောက်တစ်ယောက်ရှိပြီး..စန်းထွန်းကို ရီကွက်စ် လုပ်ထားတယ်မှတ်လိုက်သေးတာ။
အဲဒီစာမရောက်ခင်ကတည်းကပန်းလေးတွေကိုသေချာကြည့်နေတာ။ ဓါတ်ပုံလေးတွေအရမ်းလှတယ်စန်းထွန်း။ ပန်းပုံလေးတွေအတွက်လည်းကျေးဇူးပါ။
စန်းထွန်းယူတဲ့ ထောင့်တွေကလည်းလှတယ်။
ရှနန်းဒိုးအမျိုးသားဥယျာဉ်အကြောင်းတင်မယ်မှတ်နေတာ။ ..
ချစ်သောမမအိုင်အိုရာ
September 16, 2013 at 11:43 PM
သိ င်္ဂ ါ ရ said...
အလည်အပတ်ရောက် ... ၊ အလည်အပတ် ထွက်ခြင်း ရဲ့ ပုံတွေ ကြည့် ... ၊ ရှုခင်းတွေ ... ၊ ပန်းမန်တွေ ....၊ မရောက်ဖူးတဲ့ နေရာ ... ဗဟုသုတ ... အားလုံးအတွက် ... ကျေးဇူးတင်မိပါကြောင်း ... :)
September 17, 2013 at 3:09 AM