ကျွှန်ုပ်နှင့် ကားမှတ်ပုံတင်ခြင်း...
ကားရှိလျှင် ကားပြင်ဆိုင်၊ အမ်ဗွီအေ (Motor Vehicle Administration) သို့ ရောက်မည်။ ကားရှိသရွေ့ ကားဋီကာ ရှိနေမည်။ ထို့အတူ ကျွှန်ုပ် တွင်လည်း သူများနှင့်မတူ တမူထူးခြားသော ကားဋ္ဋီကာများ ရှိသည်။
ကားမောင်းတတ်မှ ခရီးရောက်သော စတိတ်သို့ရောက်သောအခါ ကျွှန်ုပ် သည် ကားမောင်းသင်ယူရလေသည်။ ဗီယက်နမ်တွင် ဆိုင်ကယ်မောင်းခဲ့သော မိုင်းဖန်၊ စတိတ်ရောက်မှ ကားမောင်းသင်ကြတာခြင်းအတူတူ ကားအကြောင်းနည်းနည်းပိုသိသည့် ဆူနမ်၊ ဂင်္ဂါတို့မှ သင်ကြားပေးသည်။ သင်မောင်းလိုင်စင်ဖြေသည့်အကြောင်း  ၊ ကားမောင်းလိုင်စင်ရသည်နှင့် အိုင်အိုဝါစီးတီးမြို့တော်သို့ ခရီးထွက်ကြသည့်အကြောင်း ၊ ဆူနမ်တို့ကားကိုဝယ်သည့်အကြောင်း ၊ ဗုတ်စ်ဝယ်ကွန်ကားဝယ်သည့်အကြောင်း  ၊ ကန်တက်ကီတွင် ကားမှတ်ပုံတင်သည့်အကြောင်း ၊ ကန်တက်ကီကနေ မေရီလန်းအထိ မိုင်၆၀၀ ခရီးနှင်သည့်အကြောင်း ၊ ကားပျောက်သည့်အကြောင်း ၊ ကားတိုးသည့်အကြောင်း ဖြင့် အနှီကားကို အကြောင်းပြု၍ ပို့စ်တော်တော်များများ ရေးဖြစ်သည်။
ကန်တက်ကီတွင် အိမ်မှရုံးသို့ ၁၀မိုင် မိနစ်နှစ်ဆယ်၊ ဘယ်သွားသွား နာရီဝက်အနည်းဆုံး မောင်းရသည်။ ဆူနမ်ရှိရာ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့ မိုင်၁၀၀ နှစ်နှာရီခရီး တလတခေါက်သွားသည်။ အမေစုကြိုဆိုဖို့ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ မိုင်၂၅၀ ၃နာရီခွဲ ဟိုင်းဝေးမောင်းသည်။ မခိုင်လက်ထဲတွင် ဘာမှမဖြစ်သော အနှီကားသည် ကျွှန်ုပ် လက်ထဲရောက်သည့်နေ့မှစ၍ ဘီးပေါက်၊ ရှေ့မီး၊ ပလိတ်ပြားမီး၊ စစ်ကနယ်မီး မလင်း၊ စလစ်ဖြစ်၍ တာယာလေးဘီးလုံးလဲ၊ မောက်ပြင်၊ ဆီယို၍ ဂတ်စကတ်လဲ၊ ဘယ်နောက်ခန်းတံခါးဖွင့်မရ၊ နောက်ဖုံးဖွင့်မရ စသည်ဖြင့် နှစ်လတခေါက် စက်ပြင်ဆိုင်သို့ ပုံမှန်ရောက်ရာ ကျွှန်ုပ် သည် ကားပြင်ဆိုင်၏ ပုံမှန်ဖောက်သည်တယောက် ဖြစ်လာသည်။ ကျွှန်ုပ် ကန်တက်ကီမှ ထွက်လာသောအခါ ထိုဆိုင်သည် ဖောက်သည်ကြီးတယောက် လက်လွတ်ဆုံးရှုံးပြီဟူ၍ အတော်ဝမ်းနည်းပေလိမ့်မည်။
မေရီလန်းသို့ရောက်သောအခါ ဆူနမ်၊ ရာမားတို့ကားကို ကပ်စီးနေ၍ ကားသိပ်မမောင်းရ။ အမ်းထရူး အင်တာဗျူးဖြေဖို့ မောင်းပို့ရတာမျိုး၊ လူနှစ်ယောက်သာနေခွင့်ရှိသည့်တိုက်ခန်းတွင် လူလေးယောက်နေကြသည့်အခါ စစ်ဆေးရေးဝင်သည့်အချိန် စာကြည့်တိုက်တွင် သွားရှောင်နေတာမျိုး၊ အင်တာဗျူးသွားသည့်အခါမျိုးလောက်သာ မောင်းသည်။ ကားဘီးလေလျှော့ခြင်း၊ အင်ဂျင်ဝိုင်လဲရန်အတွက် ကားပြင်ဆိုင်သို့ တခေါက်သာရောက်သည်။
အိုဟိုင်းရိုးပြည်နယ်တွင် ဆူနမ်ကားမှတ်ပုံတင်သောအခါ အိုင်အိုဝါကားမောင်းလိုင်စင်နှင့် မှတ်ပုံတင်၍မရ။ သို့ပါသောကြောင့် ရေးဖြေစာမေးပွဲဖြေကာ အိုဟိုင်းရိုးကားမောင်းလိုင်စင် ပြောင်းရသည်။ ကန်တက်ကီပြည်နယ်တွင် ကျွှန်ုပ် ကားမှတ်ပုံတင်သောအခါ ကန်တက်ကီပြည်နယ်ကားမောင်းလိုင်စင် ပြောင်းစရာမလိုဘဲ မှတ်ပုံတင်၍ရသည်။ ကန်တက်ကီကားမောင်းလိုင်စင်ပြောင်းရန် ရေးဖြေစာမေးပွဲ၊ ကားမောင်းစစ်ဆေးခြင်း ဖြေရသည်။ ကားမောင်းလိုင်စင်ရရန် ငါးခေါက်တိတိဖြေခဲ့ရသော ကျွှန်ုပ် သည် ကားမောင်းစစ်ဆေးဖြေဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိ။ ပြည်နယ်သို့ရောက်ပြီး ရက်ပေါင်း၆၀အတွင်း ပြည်နယ်ကားမောင်းလိုင်စင်ပြောင်းရမည်ဖြစ်သည်။ သို့သော် ကျွှန်ုပ် သည် ကန်တက်ကီကားမှတ်ပုံတင်ပြီး အိုင်အိုဝါကားမောင်းလိုင်စင်ဖြင့် မောင်းခဲ့လေသည်။
မေရီလန်းသို့ရောက်သောအခါ ကားမောင်းလိုင်စင်သက်တမ်းကလည်း မကြာခင်ကုန်တော့မည်။ မေရီလန်းတွင် ကားမောင်းလိုင်စင်ပြောင်းခြင်းသည် အင်မတန်လွယ်သည်။ မည့်သည့်ရေးဖြေ၊ ကားမောင်းစစ်ခြင်း မလို။ မေရီလန်းကားမောင်းလိုင်စင်ကို အောင်မြင်စွာ ပြောင်းလိုက်သည်။ မေရီလန်းကားမောင်းလိုင်စင်ပြောင်းသည်နှင့်  ကားကို ၂လအတွင်း မေရီလန်းပြည်နယ် မှတ်ပုံတင်ရန်လိုသည်။ မေရီလန်းပြည်နယ်မှတ်ပုံတင်ဖို့ ကားကို အသိအမှတ်ပြုကားပြင်ဆိုင်တွင် စစ်ဆေးပြီး စစ်ဆေးအောင်မြင်ခြင်းလက်မှတ်ပါမှ မှတ်ပုံတင်၍ရလေသည်။
တခုသော စနေနေ့ မနက်ခင်းတွင် ကားပြင်ဆိုင်သို့သွားကာ အင်စပက်သည်။ နာရီဝက်ခန့်ကြာသောအခါ မင်းအတွက် သတင်းကောင်းမရှိဘူးဆိုကာ အင်စပက်တာရောက်လာလေသည်။
မင်းကား အင်စပက်မအောင်ဘူး ဒါတွေပြင်ရမယ်။
ဟင် ဒါတွေပြင်ဖို့ဘယ်လောက်ကျမယ်လို့ ခန့်မှန်းပေးပါလား။ ငါးမိနစ်ခန့်ကြာသောအခါ
၇၀၀ ကျမယ် မမ်...
အိုး မိုင်ဂါတ့်...မောက်ဆိုတယ့်ဟာ ကန်တက်ကီမှာ ပြင်ပြီးပြီ ၄၀၀ တောင် ပေးရတာ...
အင်ဂျင်မှာ မောက်က ၄ ခုရှိတယ် မမ်...ဘယ်မောက်ပြင်ပြီးတာလဲ...အဲဒီဆိုင်သာ ဒီမှာဆိုရင် ငါ ပြန်ပြင်ခိုင်းမယ်...
ဒီကားကို ပြင်တာ ၂၀၀၀ နီးပါးရှိနေပြီ...ခုထပ်ပြင်ရရင် မူရင်းကားတန်းဖိုးနီးပါးလောက် သွားကြမယ်...မပြင်တော့ဘူး...
ပြင်ရင် နောက်နှစ်နှစ် စီးရမယ်...အသစ်ဝယ်ရင် လစဉ်ပိုက်ဆံတွေ အများကြီး ပေးရမယ်...ကားဟောင်းဝယ်မလား...ငါ့မှာ ဟွန်ဒါအက်ကော့ ၂၀၀၅ တံခါးနှစ်ပေါက် အင်ဂျင်က မူရင်းအင်ဂျင်ကိုဖြုတ်ပြီး ၇၅ အင်ဂျင်တပ်ထားတာ...
၇၅ အင်ဂျင်ဆိုတာ ဘာတုန်း...
အင်ဂျင်မြင်းကောင်ရေ ကောင်းတယ်လို့ ဆိုလိုတာ...
သြော်...
မင်းမှာ ကလေးရှိလား...
မရှိဘူး...
အဲဒါဆို တံခါးလေးပေါက်မလိုဘူး...၂၀၀၅ ဟွန်ဒါအက်ကော့က ၆၀၀၀...တခြားပြည်နယ်မှာ ကျောင်းသွားတက်လို့ ပိုနေတယ့် ငါ့သားကား ရောင်းဖို့ရှိတယ်...သူက ပိုကောင်းတယ် ၂၀၀၈ ဟွန်ဒါ ၉၅၀၀...အင်ဂျင်အားလုံးစစ်ပြီးသား...စိတ်ချလက်ချ မောင်းနိုင်တယ်...တလစမ်းသုံးကြည့်လို့ရတယ်...အာမခံတယ်...
အိုကေ...ငါ့သူငယ်ချင်းတွေနဲ့ တိုင်ပင်လိုက်ဦးမယ်...
ကန်တက်ကီတွင် ဘရိတ်နင်း၊ ဘယ်၊ ညာ စစ်ကနယ်ပြ၊ ဟွန်းတီးခိုင်းရုံသာ အင်စပက်သည်။ မေရီလန်းတွင် ဝယ်မည့်နွား နားရွက်၊ မျက်စိ၊ ပါးစပ်ဖြဲကြည့်ကာ အသေအချာစစ်သလို ကားတစီးလုံးအသေအချာစစ်သည်။ ရာမားကားက အင်စပတ်ရှင်းစစ်တာ လွတ်လွတ်ကျွှတ်ကျွှတ်အောင်မြီး အီမစ်ရှင်း (လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်ခြင်း) စစ်တာမှာ ကျတာ...အဲဒါပြင်ပြီးမှ မှတ်ပုံတင်လို့ရတယ်...နင့်ကားက အင်စပတ်ရှင်းအဆင့်မှာတောင် ကျနေတာ...အင်စပတ်အောင်လို့ အီမစ်ရှင်စစ်ရင်လည်း ကျဦးမှာပဲ...မပြင်နဲ့တော့ ရောင်းလိုက်တော့...
ကျောင်းမှာဆို နို့တစ်ဘုတ်မှာကပ်ပြီး ကြေငြာလို့ရတယ်..ဒီမှာ ဘယ်မှာကြေငြာရမှာတုန်း...ကရပ်လစ်အွန်လိုင်းဆိုဒ်မှာ ကြေငြာရမှလား...ခြံထဲပစ်ထားပြီး Sale ဘယ်လောက်လို့ ဆိုင်းဘုတ်ထောင်ရအောင်လည်း ကားထိုးထားစရာ မြေမရှိ....
လှုလိုက်...
ငါ နင့်တို့ကို လှုမယ်လေ...
နိုး..နိုး...ကားကို ဖျက်မယ်ဆိုရင်လည်း ဖျက်ခ ၂၀၀၊ ၃၀၀ ပေးရမယ်...နင့်မှာ နှစ်နည်းပဲရှိတယ် ကျောင်းမှာရောင်းရင်ရောင်း နင့်အစ်မကို ပြန်ရောင်းခိုင်း...
ကျောင်းမှာရောင်းဖို့ ဘယ်သူက နို့တစ်ဘုတ်မှာ ကပ်ပေးမှာတုန်း...မခိုင်ကို ပြန်ရောင်းခိုင်းရမယ်...
မေရီလန်းကားမောင်းလိုင်စင် ပြောင်းပြီးရင် ကားကို ၂ လအတွင်း မှတ်ပုံတင်ရမှာနော်...
ကန်တက်ကီမှတ်ပုံတင်ထားတယ့် နိုဝင်ဘာအထိတော့ မောင်းလို့ရသေးတယ်ထင်တယ်...
အေး ပုလစ် မစစ်ရင်ပေါ့...၂၀၀၅ ဆိုရင် တသောင်းအောက်  ကားပြင်ဆိုင်သွားရမယ်...၂၀၁၀ ဆိုရင် နှစ်သောင်းအောက် ကားပြင်ဆိုင်သွားစရာမလိုဘူး...မထူးပါဘူး အသစ်သာ ဝယ်လိုက်...
အသစ်ဝယ်ရအောင် ဒီအိုအယ်လ် (DOL Department Of Labor) ကွန်ထရပ်က မကြာခင်ရပ်တော့မှာ...အလုပ်သစ်ရှာရတော့မယ်...အလုပ်သစ်က ဘယ်တော့ရမယ်မှန်းမသိ...ကားအသစ်ဝယ်လို့ဖြစ်မလားဟ...ကားအသစ်ဆို တလတလ ၃၀၀ ကနေ ၅၀၀ ကြား၊ အာမခံကလည်း ကားအသစ်ဆို အရမ်းဈေးကြီးတာ... တလ ၂၀၀ ကနေ ၃၀၀ ကြား...အလုပ်အခြေမကျသေးဘဲနဲ့ ဝယ်လို့မဖြစ်သေးပါဘူးဟာ...
ဘာလိုပဲဖြစ်ဖြစ် နင် ကားဝယ်ရမှာပဲ...
ကားအကြောင်းပြောကြရင်ဖြင့် ဆူနမ်တယောက် ကျောင်းကသူ့ကားကို အမွှန်းတင်လေတော့သည်။ ငါတို့ကားကို နင်ဝယ်တော့ နင်ဘာမှမပြင်ရဘူးမလား...မိုင်းဖန်က အင်ဂျင်ဝိုင်လဲပေးသွားတယ်...ငါတို့တွေ ဘရိတ် ၊ တာယာလဲထားတယ်...အဲဒီကားကို ငါတို့တွေ ဘယ်လောက်မောင်းကြသလဲ နင်သိတယ့်အတိုင်း...ရာဂျတ်၊ ဂင်္ဂါ၊ ဆူဘ၊ အမ်းထရူး၊ ရာမား၊ ငါ တနေ့ကို မိုင် ၂၀ ၊ ၃၀ မောင်းတာ...နင့်လက်ထဲမှာ ဘာပြင်ရလဲ... ဘာမှမပြင်ရဘူးမလား... အမြင်သာစုတ်သာ...ပြန်ရောင်းတော့လည်း ဝယ်တာထက် ၅၀ ပဲလျော့တယ်...ဒါတောင် နင်က မဝယ်ချင်ဘူး အင်တင်တင် လုပ်နေတာ..တွေ့လား စန်းစန်း ငါတို့က နင့်ကို အကောင်းတွေ ပေးတာ...
ကားအကြောင်းပြောတိုင်း မခိုင်တယောက် သူ့ကားကို အားတုံ့အားနာ ဖြစ်လေသည်။ စန်းထွန်းရယ် ကားက ငါ့လက်ထဲမှာ ဘာမှမဖြစ်ဘူး...နင့်လက်ထဲရောက်မှ ဖြစ်လိုက်တာ...ကိုဇော်ကြီးဆို ပြောတယ် နင်ဘာလို့ စန်းထွန်းကို ရောင်းလိုက်တာလဲနဲ့...
၈၀၀တန် အမြင်စုတ်ပြီး ဘာမှမပြင်ရသော ဆူနမ်တို့ကားမျိုးကို ကျွှန်ုပ်တို့ကျောင်းတွင်သာ ရနိုင်သည်။ ထိုကားသည် ကျောင်းသားများအစဉ်အဆက် မောင်းခဲ့ပြီး ကျောင်းတွင်နေကာ ကျောင်းတွင်ပျော်သော ကျောင်းပျော်ကားဖြစ်သည်။ ကန်တက်ကီတွင် ၈၀၀တန်သောကားကို ကျွှန်ုပ် ရှာမတွေ့ခဲ့။ ဒီလာတွင် အနည်းဆုံး ရှစ်ထောင်တန်ကားသာ ရှိသည်။ ဈေးချိုသောကားများကို အေ့ဂျင့်များတွင် ရနိုင်သော်လည်း ယုံကြည်စိတ်ချမှုမရှိ။ ကားဝယ်သူအများစုသည် ကားကိုသွားကြည့် မောင်းကြည့်ပြီးမှသာ ဝယ်ကြသည်။ ကျွှန်ုပ် မခိုင်ကားကို ဝယ်ယူစဉ်တုန်းက ဓာတ်ပုံမျှပင် မမြင်ဘူး။ ကျွှန်ုပ် ထံသို့ရောက်လာသောအခါမျှ မြင်ဖူးလေသည်။
ယခုအချိန်ထိ ဆူနမ်နှင့် မခိုင်ထံမှ ကားနှစ်စီး ဝယ်ဖူးသည်။ ထိုသူများသည် ကျွှန်ုပ် အပေါ် အမြတ်တင်ရောင်းချမည့်သူများ မဟုတ်။ ကျွှန်ုပ် က ချစ်ခင်ယုံကြည်သလို ကျွှန်ုပ် ကောင်းကျိုးကို လိုလားသည့်သူများဖြစ်သည်။ ကျွှန်ုပ် လက်ထဲရောက်မှ ဖြစ်သည့်ပြသနာများသည်ကား ကျွှန်ုပ် ၏ကံပင် ဖြစ်လေတော့သည်။
ဂျူလှိုင်၄ပိတ်ရက်တွင် နယူးယောက်သို့ ခရီးထွက်ဖြစ်သည်။ ခရီးမစတင်မှီ အမှတ်တရဓာတ်ပုံရိုက်ပြီး ဖေ့ဘွတ်တွင်တင်သောအခါ ကျွှန်ုပ် နှင့်မိုင်းဖန် အမြင်ကတ်သော အတန်းဖော် အာရိယန်က ကွန့်မန့်ပေးလာသည်။  အာရိယန်သည် ကျွှန်ုပ် တို့နှင့် အတန်းဖော်ဖြစ်ပြီး အီသီးယိုးပီးယားနိုင်ငံမှ ခွဲထွက်သော အီထရီယာနိုင်ငံလေးမှ ဒီဗွီပေါက်ပြီး စတိတ်ရောက်နေသူဖြစ်သည်။ အီထရီယာဘာသာစကားသည် အီသီယိုးပီးယား ဘာသာစကားနှင့် ဆင်တူပြီး နိုင်ငံသေးငယ်သောကြောင့် ထိုနိုင်ငံမှ ယောကျ်ား၊ မိန်းမ ၁၈ နှစ်ပြည့်သူတိုင်း စစ်သင်တန်း မဖြစ်မနေတက်ရသည်။
သူအလိုရှိလျှင် ဆူနမ်တို့ကားကို လာငှားတတ်ပြီး ကားမောင်းလေ့ကျင့်လျှင် ကားမောင်းလိုင်စင်ရှိသူက အဖော်လိုက်ပေးရန်လိုသောကြောင့် အဖော်လိုက်ပေးရန်ပြောလျှင် Tomorrow ဟုဆိုကာ ဘယ်တော့မှမလိုက်ပေး။ ထိုအခါ မိုင်းဖန်နှင့် ကျွှန်ုပ်က Tomorrow never dies ဟုဆိုကာ အာရိယန်ကို အမြင်မကြည်။ ဆူနမ်တို့ကားကိုလည်းငှားသေး သူ့ရှေ့နီပါလီလို ပြောလျှင် နီပါလီလိုမပြောနဲ့ အင်္ဂလိပ်လိုပြောဟုဆိုကာ လူပါးဝသော်လည်း သဘောကောင်း၍ အားနာတတ်သော ဆူနမ်တို့က ကားငှားမြဲ။ ကျွှန်ုပ် နှင့် မိုင်းဖန်ကတော့ ပြတ်သည် အာရိယန်ကို စကားတောင် ဟဟမပြော။ အာရိယန်ကလည်း သိသည်။ ကျွှန်ုပ် နှင့် မိုင်းဖန် ဆူနမ်တို့နှင့်အတူရှိနေလျှင်  ကားလာမငှားရဲ။
အာရိယန်က ကားက ကောင်းလိုက်တာ စန်းစန်းကားလားဟု ကွန့်မန့်သည်။ ၂၀၁၃ တိုရိုတာ ရေဗ့်၄၏ ကားပိုင်ရှင်မှာ အမ်းထရူးဖြစ်သည်။ ထိုအခါ ဆူနမ်တို့က စန်းစန်းက ကားပိုင်ရှင်ရုပ် ပေါက်နေတယ်နဲ့ တူတယ်ဟု နောက်ပြောင်ကြလေသည်။ ကျွှန်ုပ်က အမ်းထရူး အဲ့တာ နင့်အပြစ် အဲဒီလို အထင်မမှားရလေအောင် my new baby ဆိုပြီး ကားဓာတ်ပုံကို ဖေ့ဘွတ်မှာ တင်ရမှာ...
နိုး...နိုး...ပရာကပ်လို တင်ရမှာ...
ဟား....ဟား....ဟားးးးးးးးးးးးးးးးးးးးး
စီနီယာနီပေါလေး ပရာကပ် ဖေ့ဘွတ်တွင် ကားဓာတ်ပုံတင်ပုံကား ဤသို့တည်း။ ဂူဂယ်နက်စပ် တပ်ပလက် ဝယ်သောအခါ အမေဇုန်ဘူးခွံပါမကျန်စေရ ဖေ့ဘွတ်တွင် ဓာတ်ပုံရိုက်ပြီးတင်သည်။ ဈေးကြီးသော နောက်ဆုံးပေါ် ဟွန်ဒါအက်ကော့ကား ဝယ်သောအခါ ကားတံခါးပေါက်အားလုံး အကုန်ဖွင့်ကာ ရှေ့၊ ဘေး၊ နောက် ရှုထောင့်အမျိုးမျိုးမှ ဓာတ်ပုံရိုက်ပြီး ဖေ့ဘွတ်တွင်တင်ရုံမျှမက ကားမွေးနေ့ ဘတ်ဒေးကိတ်ပါ လှီးလိုက်သေးသည်။ ထိုအခြင်းအရာသည် ကျွှန်ုပ် တို့ကြား ပြောစမှတ်တွင်သွားသည်။
မကြာတော့မည့်တချိန်ချိန် ကျွှန်ုပ် ကားဝယ်သောအခါ my new baby ဟုဆိုကာ ဖေ့ဘွတ်တွင် ဓာတ်ပုံတင်နိုင်ကောင်း တင်နိုင်သော်လည်း စီနီယာပရာကပ်လို  ကားမွေးနေ့ဘတ်ဒေးကိတ် လှီးမလှီးကတော့ မသေချာပါ း) ။
စန်းထွန်း
ဇူလှိုင် ၁၀၊ ၂၀၁၃။
11 comments:
Anonymous said...
:DDDDDDDDDDDDDDD
Iora
Anonymous said...
တိမ်ပြာ(မနောမြေ)
AMK said...
ဒဲဒါကြောင့်  ကားရောင်း၇င် မြန်မာ အချင်းချင်း မရောင်း၇ဘူးလို့  ပြောကျတာနေမှာ မျက်နှာ နာ စ၇ာတွေ ဖြစ်မှာစိုးလို့  ကိုယ်လက်ထဲ ကောင်းပြီး သူများဝယ်သွားပြီး မှ ချူချာမှာစိုးလို့ . အသစ်သာဝယ် sis
Goldfish Lay said...
မီးမီးငယျ said...
ကားရောင်းမယ်ဗျို့ ...
:P
San San Htun said...
မမအိုင်အိုရာ :D
မမီး ဝယ်ဘူး ဒါဗြဲ...းP
San San Htun said...
မမြတ် ရေးဦးမှား)
ဟ said...
ဟန်ကြည် said...
San San Htun said...
Anonymous said...
တူတူပဲ စန်းထွန်းရာ၊၊ ကား အင်ဂျင်ချိန်းဖို့ ပို့ထားတယ်၊၊ တဘက်ခါ ရမယ်တော့ ပြောတာပဲ၊၊ လစဉ်ကြေး မပေးချင်တော့လည်း အဟောင်းလေးကိုပဲ ပြင်လိုက်ဖာလိုက်နဲ့ စီးနေရတာပေါ့၊၊
တိမ်ပြာ(မနောမြေ)
July 10, 2013 at 9:49 PM
AMK said...
ဒဲဒါကြောင့် ကားရောင်းရင် မြန်မာ အချင်းချင်း မရောင်း၇ဘူးလို့ ပြောကျတာနေမှာ မျက်နှာ နာ စရာတွေ ဖြစ်မှာစိုးလို့ ကိုယ်လက်ထဲ ကောင်းပြီး သူများဝယ်သွားပြီး မှ ချူချာမှာစိုးလို့. အသစ်သာဝယ် sis
July 10, 2013 at 10:59 PM
Goldfish Lay said...
ကားမွေးနေ့ဘတ်ဒေးကိတ် လှီးဖြစ်ရင်ခေါ်လိုက်လေ။ lol
July 11, 2013 at 9:50 AM
မီးမီးငယ် said...
ကားရောင်းမယ်ဗျို့...
:P
July 11, 2013 at 10:00 PM
San San Htun said...
မမအိုင်အိုရာ :D
တိမ်ပြာ(မနောမြေ) အနော်တို့က ဘဝတူတွေပါလား း)
AMK အသစ်ပဲဝယ်မယ်...ပိုက်ပိုက်ရှိရင်...း)
ကိုထွန်းထွန်း ကားမွေးနေ့ ဘတ်ဒေးကိတ် လှီးဖြစ်ရင် ခေါ်ပါ့မယ် ခင်ည
မမီး ဝယ်ဘူး ဒါဗြဲ...းP
July 11, 2013 at 10:24 PM
မြတ်ပန်းနွယ် (Myat Pan Nwe) said...
ကားအသစ်ဝယ်ပြီးသွားရင် ဘလော့မှာလည်း ပို့စ်တစ်ပုဒ် ထပ်ရေးပါဦး။
July 15, 2013 at 10:18 PM
San San Htun said...
မမြတ် ရေးဦးမှာ း)
July 16, 2013 at 10:03 AM
ဟ said...
ဒါတွေသိလို့ တို့က ဘာပဲဝယ်ဝယ် ဖွဘုတ်ပေါ် မတင်ဘဲ အသာလျှိုထားတာ...ရာဇဝင်တွင်မှာစိုးလို့... ဦးဟန်ကြည် စီးတဲ့ကား လာဝယ်လေ...အတော်ကောင်းတာ...
“ စက်နှိုးရင် ရှိထုတ်... ရှိထုတ် နဲ့အသံမြည်တယ် ”
July 28, 2013 at 8:36 AM
ဟန်ကြည် said...
နာမည်တပ်မလို့ပဲ ရှိသေးတယ်...လက်ချော်သွားတာ ကွန်မန့်တက်ပြေးသွားလို့ စန်းထွန်းရေ...
July 28, 2013 at 8:37 AM