မှားယွင်းခြင်း...

Cherry Blossom Kite Festival at Washington, D.C
From March 20 - April 14 2013
Credit to AG

ပျောက်ဆုံးနေတယ့် မျှော်လင့်ချက်တွေ...
ချစ်သော မြို့လေးတွေကို ခွဲခွာရတယ့် ဝမ်းနည်းမူတွေ...
မေ့လဲရင်တောင် ဘယ်သူမှ သိလိုက်မှာ မဟုတ်ဘူးဆိုတယ့် အတွေးတွေ...
ရာသီအလီလီ ပြောင်းခဲ့ပေမယ့် အိမ်ပြန်ဖို့ စိတ်ကူးတောင် မယဉ်ရဲတယ့် ညတွေ...
အလုပ်အသစ်၊ နေရာအသစ်၊ လူအသစ် အရာအားလုံးနဲ့ နေသားကျဖို့ အားထုတ်ရတယ့် အချိန်တွေ...
ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူးဆိုတာ မှားယွင်းကြောင်း သက်သေပြရချိန်တွေ...
ထိုင်ခုံ၊ အစားအသောက်၊ ဘာသာရပ်၊ ကျောင်းနာမည် ၊ ဘွဲ့ဝတ်ရုံကအစ
ဘာဆိုဘာမှ မကြိုက်တယ့် ကျောင်းက ကျောင်းသူဖြစ်ချိန်တွေ...

ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းထဲက အရာအချို့ကိုသာ လှီးထုတ်ခွင့်ရမယ်ဆိုရင်
အဲဒီအချိန်တွေ ကိုယ့်ဘဝထဲက ထုတ်ပစ်လိုက်ချင်တယ်...

ကိုယ့်ဘဝရဲ့ အမှန်ကန်ဆုံး ရွေးချယ်မူက အန်ယူအက်စ် (NUS) ကျောင်း...
ကိုယ့်ဘဝရဲ့အမှားယွင်းဆုံး ရွေးချယ်မှုက အမ်ယူအမ် (MUM) ကျောင်း...

ငြိမ်သက်နေတယ့် ရေပြင်လေးဟာ အဲဒီကျောင်းသူ ဖြစ်ကတည်းက လှိုင်းတံပိုး ထန်ခဲ့လို့
ရွေးချယ်ခဲ့တယ့် ကိုယ့်ကိုကိုယ်ရော၊ အဲဒီကျောင်းကိုရော ကိုယ် သိပ်မုန်းတယ်လို့ဆိုရင်
ကိုယ် လွန်သလား...

မိသားစုမရှိ သူငယ်ချင်းမရှိတယ့် ကမ္ဘာကြီးရဲ့ ဟိုးတဖက်က အရပ်ဒေသကို သွားမယ်လို့ ဆိုတုန်းက
နင် သတ္တိကောင်းတယ်ဆိုတယ့် စကားလေးကို သွားသတိရမိတယ်...
ဒီလို ဒုက္ခရောက်မယ် ဆိုတာကိုများ မတွေးခဲ့မိလို့ ကိုယ် သတ္တိ ကောင်းခဲ့တာများလား...

စန်းထွန်း
ဧပြီ ၈၊ ၂၀၁၃။

9 comments:

ဘုန္းေတာက္ said...

ဆႏၵနဲ႔ဘ၀...

Anonymous said...

Hi friend,

I've heard a few MUM stories.

Please come back to Singapore. As you already got SA and have Singapore working experience, everything will be already here.

Silence reader from 12 batch (UCSY).

Anonymous said...

Hi friend,

I've heard a few MUM stories.

Please come back to Singapore. As you already got SA and have Singapore working experience, everything will be alright here.

Silence reader from 12 batch (UCSY).

ညိမ္းႏိုင္ said...

စိတ္ဓာတ္မက်ပါနဲ႕စန္းထြန္းရာ....ဘဝကဒီၤလိုပဲေပါ့...၊
ေရြးခ်ယ္မႈမွန္ခဲ့တာေတြရွိမယ္...၊မွားခဲ့တာေတြရွိမယ္...၊
ဒီလိုပဲရုန္းဟယ္ကန္ဟယ္ေပါ့ေလ.....၊အစစအဆင္ေျပ
ပါေစေၾကာင္းပါဗ်ာ.....။

မီးမီးငယ် said...

ဒီလိုပါဘဲ...ခေလးရယ္..
ကိုယ္တို ့လည္းရုန္းလိုက္ကန္လိုက္နဲ ့၊
တေန ့ေတာ့ ေမြးရပ္ေျမဘဲျပန္မွာ..။
တေန ့ေတာ့...
တေန ့ေပါ့....
ဒီလိုနဲ ့ဘဲ ၾကာခဲ့ပါၿပီေလ...။

Anonymous said...

အဆိုုးေတြျပီးရင္အေကာင္းလာအုုန္းမွာပါ။
ေပ်ာ္ရႊင္ပါေစ..
မမအိုုင္အိုုရာ

ေမဓာ၀ီ said...

အမလဲ အဲဒီလိုပဲ ျဖစ္ခဲ့လို႔ ... ကိုယ္ခ်င္းစာပါတယ္ ... ဒါေပမဲ့ ... ဒါကို မွားတယ္လို႔ မေတြးပါနဲ႔ စန္းထြန္းေလးရယ္ ... ။
အဲဒီအေတြ႔အၾကံဳေတြဟာ တခ်ိန္ခ်ိန္မွာ အသံုးတည့္ၿပီး အရမ္းအက်ဳိးရွိမွာပါ။

ညီလင္းသစ္ said...

တခ်ိဳ႕ကိစၥေတြက ဆံုးျဖတ္၊ ေ႐ြးခ်ယ္ၿပီးလို႔ ေတာ္ေတာ္ေဝးေဝးကို ေရာက္မွ.. ငါ ဘာျဖစ္လို႔ ဒါကို ေ႐ြးမိပါလိမ့္လို႔ ေတြးမိတတ္တာမ်ိဳး မဟုတ္လား...၊

လူတိုင္းလိုလိုရဲ႕ ဘဝမွာေတာ့ ဒီလိုပဲ ျဖစ္ဖူးၾကတာပါပဲ ညီမေရ..၊ စိတ္မပ်က္ပါနဲ႔ေလ၊ ခါးသီးခ်ိန္ေတြ ၿပီးရင္ ခ်ိဳၿမိန္တဲ့ အခ်ိန္ေတြလည္း လာရဦးမွာေပါ့....။

San San Htun said...

ဘုန်းတောက် said...
ဆန္ဒနဲ့ဘဝ...
April 9, 2013 at 1:30 AM
ညိမ်းနိုင် said...
စိတ်ဓာတ်မကျပါနဲ့စန်းထွန်းရာ....ဘဝကဒီၤလိုပဲပေါ့...၊
ရွေးချယ်မှုမှန်ခဲ့တာတွေရှိမယ်...၊မှားခဲ့တာတွေရှိမယ်...၊
ဒီလိုပဲရုန်းဟယ်ကန်ဟယ်ပေါ့လေ.....၊အစစအဆင်ပြေ
ပါစေကြောင်းပါဗျာ.....။
April 9, 2013 at 9:23 AM
မီးမီးငယ် said...
ဒီလိုပါဘဲ...ခလေးရယ်..
ကိုယ်တို့လည်းရုန်းလိုက်ကန်လိုက်နဲ့၊
တနေ့တော့ မွေးရပ်မြေဘဲပြန်မှာ..။
တနေ့တော့...
တနေ့ပေါ့....
ဒီလိုနဲ့ဘဲ ကြာခဲ့ပါပြီလေ...။
April 9, 2013 at 2:35 PM
Anonymous said...
အဆိုးတွေပြီးရင်အကောင်းလာအုန်းမှာပါ။
ပျော်ရွှင်ပါစေ..
မမအိုင်အိုရာ
April 9, 2013 at 9:54 PM
မေဓာဝီ said...
အမလဲ အဲဒီလိုပဲ ဖြစ်ခဲ့လို့ ... ကိုယ်ချင်းစာပါတယ် ... ဒါပေမဲ့ ... ဒါကို မှားတယ်လို့ မတွေးပါနဲ့ စန်းထွန်းလေးရယ် ... ။
အဲဒီအတွေ့အကြုံတွေဟာ တချိန်ချိန်မှာ အသုံးတည့်ပြီး အရမ်းအကျိုးရှိမှာပါ။
April 11, 2013 at 7:28 PM
ညီလင်းသစ် said...
တချို့ကိစ္စတွေက ဆုံးဖြတ်၊ ရွေးချယ်ပြီးလို့ တော်တော်ဝေးဝေးကို ရောက်မှ.. ငါ ဘာဖြစ်လို့ ဒါကို ရွေးမိပါလိမ့်လို့ တွေးမိတတ်တာမျိုး မဟုတ်လား...၊

လူတိုင်းလိုလိုရဲ့ ဘဝမှာတော့ ဒီလိုပဲ ဖြစ်ဖူးကြတာပါပဲ ညီမရေ..၊ စိတ်မပျက်ပါနဲ့လေ၊ ခါးသီးချိန်တွေ ပြီးရင် ချိုမြိန်တဲ့ အချိန်တွေလည်း လာရဦးမှာပေါ့....။
April 12, 2013 at 8:01 AM