အရင်အတိုင်း...


ကိုယ့်ဇာတိလို့ ခံစားရတာလည်း အရင်အတိုင်း...
လျှောက်ခဲ့ဖူးတယ့် လမ်းတွေဟာလည်း အရင်အတိုင်း...
လမ်းကူးတယ့်သူတွေကို ဦးစားပေးတာလည်း အရင်အတိုင်း...
ဥသြဆွဲပြီး နှုတ်ဆက်ပေမယ့် ဘယ်တော့မှ မရပ်တယ့် ရထားကလည်း အရင်အတိုင်း...

ပီဇာရန့်ဇ် ကြက်ကြော် ကြွပ်ရွပြီး စားကောင်းတာလည်း အရင်အတိုင်း...
အော်ဂင်းနစ်ပေမယ့် အရသာမရှိတယ့် အာဂျီရိုဆောင်က အစားအသောက်တွေကလည်း အရင်အတိုင်း...
ရီဗယ်လက်ရှင်းဆိုင်က ခါးသက်တယ့် ကပ်ပပ်ချီနို ကော်ဖီကလည်း အရင်အတိုင်း...

မြေအောက်ထပ်မှာ ဘိလက်ယက်ထိုး၊ စားပွဲတင် တင်းနစ်ဆော့တယ့်သူတွေကလည်း အရင်အတိုင်း...
နားနေခန်းမှာ အိပ်တတ်သူတွေကလည်း အရင်အတိုင်း...
ဝင်းဒိုးလျှော့ပင်းကြပြီး ဘယ်တော့မှ မဝယ်တယ့် ကျောင်းစတိုးဆိုင်ကလည်း အရင်အတိုင်း...
မြို့ငယ်လေးနဲ့ မလိုက်ဖက်အောင် ကြီးမားတယ့် စာကြည့်တိုက်ကလည်း အရင်အတိုင်း...

ကိုယ့်ကို မှတ်မိကြတာလည်း အရင်အတိုင်း...
ရင်းရင်းနှီးနှီး ပြုံးပြတတ်တာလည်း အရင်အတိုင်း...
တလေးတစား နှုတ်ဆက်ကြတာလည်း အရင်အတိုင်း...
ကိုယ့်မြို့သားတယောက် တွေ့ရသလို ဝမ်းသာကြတာလည်း အရင်အတိုင်း...

ရေကန်ကြီးထဲက ရေတွေကလည်း အရင်အတိုင်း...
ငှက်ကလေးတွေ တေးဆိုသံကလည်း အရင်အတိုင်း...
ရာသီလိုက်ပွင့်တယ့် ပန်းတွေကလည်း အရင်အတိုင်း...
လှပတယ့် သစ်ပင်ကြီးတွေကလည်း အရင်အတိုင်း...

မိုးခြိမ်းသံတွေ တဂျိမ်းဂျိမ်းနဲ့ လျှပ်စီးလက်နေတာလည်း အရင်အတိုင်း...
ကောင်းကင်အုံ့ဆိုင်းလို့ လေထန်နေတတ်တာလည်း အရင်အတိုင်း..
တဖျောက်ဖျောက်နဲ့ မစဲတယ့် မိုးကလည်း အရင်အတိုင်း...
နေပွင့်ပေမယ့် အေးစိမ့်တာလည်း အရင်အတိုင်း...

ဖက်ရှင်မကျတာလည်း အရင်အတိုင်း...
လမ်းမရှုပ်တာလည်း အရင်အတိုင်း...
ဟွန်းသံမကြားရတာလည်း အရင်အတိုင်း...
ရဲကား၊ မီးသတ်ကား၊ လူနာတင်ယာဉ်သံ မကြားရတာလည်း အရင်အတိုင်း...

တိတ်ဆိတ်အေးချမ်းတာလည်း အရင်အတိုင်း...
နွေးထွေးပျူငှာတာလည်း အရင်အတိုင်း...
ခင်မင်နှစ်လိုဖွယ် ကောင်းတာလည်း အရင်အတိုင်း...
လုံခြုံစိတ်ချ အန္တရာယ် ကင်းတာလည်း အရင်အတိုင်း....

တိုးတိတ်ညင်သာတယ့် အသံလေးကလည်း အရင်အတိုင်း...
ရွှေအိုရောင်ဆံပင်လေး နဖူးပေါ်ဝဲနေတာလည်း အရင်အတိုင်း...
နူးညံ့တယ့် မျက်ဝန်းနက်နက်လေးကလည်း အရင်အတိုင်း...

အရင်အတိုင်း ဘာဆိုဘာမှ မပြောင်းလဲတယ့် ကိုယ့်ရဲ့ မြို့ကလေး...

(ခန့်မှန်းကြည့်ပါ...ဘယ်မြို့လေးလဲလို့...အဖြေမှန်ရင် ဆုချမယ်...တဆင့် း)

စန်းထွန်း
ဧပြီ ၁၃၊ ၂၀၁၃။
 Photo is from Google.

9 comments:

Anonymous said...

ကန္တပ္ကီကုိမ်ား လြမ္းေနေရာ့လား?
တိမ္ျပာ(မေနာေျမ)

ဘုန္းေတာက္ said...

ေျပာင္းလဲတုိင္း ေျပာင္းလဲတုိင္း ဘယ္ေတာ့မွ မင္းမေျပာင္းလဲနဲ႔ ခ်စ္ေရ...။ ထြန္းအိၿႏၵာဗုိလ္သီခ်င္းကုိ သြားသတိရမိလုိ႔။

ဘယ္ၿမဳိ႕ပါလိမ့္ေနာ္...

ညိမ္းႏိုင္ said...

အိုး....ဘယ္ၿမိဳ႕ရမလဲ...ခ်စ္သူရဲ႕ၿမိဳ႕ေပါ့...ဟုတ္တယ္
ဟုတ္.....၊အင္း ၿမိဳ႕နာမည္ေတာ့ ေရာကုန္ၿပီ...၊စင္စင္နာ
တီလား...ဟုတ္ေသးပါဘူး...၊ဒါကဒုတိယၿမိဳ႕ထင္တယ္..၊
လူဝီဗီး....မ်ားလား...၊ေျပာတတ္ေတာ့ဘူး...၊ဒါေပမယ့္
စန္းထြန္းတစ္ခါက ခ်စ္သူရဲ႕ၿမိဳ႕လို႕ တင္စားဖူးတာေတာ့
မွတ္မိတယ္.... :))))

Anonymous said...

ေက်ာင္းဆက္တက္ေနလားစန္းထြန္းေလး။
အရင္အတုုိင္းဘဲလန္းဆန္းေပ်ာ္ရႊင္တက္ၾကြေနပါေစလိုု ့....
မမအိုုင္အိုုရာ

Anonymous said...

Fairfield ....give me one cent :)

ပစ္ပစ္ said...

ဘယ္ျမိဳ႕လည္းဆိုတာေတာ့မသိဘူးရယ္
ဒါမဲ့ ျမိဳ႕ေလးကေတာ့ေတာ္ေတာ္ေအးခ်မ္းျပီး
လွမယ္ထင္ပါရဲ႕

Anonymous said...

fairfield, Iowa ??

San San Htun said...

 ခ်စ္သူရဲ ့ၿမိ ုု ့လိုု ့ ကိုုယ္နာမည္ေပးထားတယ့္ ကိုုယ္ေက်ာင္းတက္ခဲ့တယ့္ အိုုင္အိုုဝါၿပည္နယ္က ဖဲဖီးၿမိ ုု ့ေလးပါ...၂၀၁၁ ေဖေဖၚဝါရီတုုန္းက ခ်စ္သူရဲ ့ၿမိ ုု ့ပိုု ့စ္ေလး ေရးဖူးပါတယ္..ကိုုညိမ္းႏိုုင္နဲ ့ အမည္မသိကိုု တဆင့္တိတိ ဆုုခ်လိုုက္မယ္...

San San Htun said...

Anonymous said...
ကန်တပ်ကီကိုများ လွမ်းနေရော့လား?
တိမ်ပြာ(မနောမြေ)
April 13, 2013 at 9:45 PM
ဘုန်းတောက် said...
ပြောင်းလဲတိုင်း ပြောင်းလဲတိုင်း ဘယ်တော့မှ မင်းမပြောင်းလဲနဲ့ ချစ်ရေ...။ ထွန်းအိန္ဒြာဗိုလ်သီချင်းကို သွားသတိရမိလို့။

ဘယ်မြို့ပါလိမ့်နော်...
April 14, 2013 at 2:42 AM
ညိမ်းနိုင် said...
အိုး....ဘယ်မြို့ရမလဲ...ချစ်သူရဲ့မြို့ပေါ့...ဟုတ်တယ်
ဟုတ်.....၊အင်း မြို့နာမည်တော့ ရောကုန်ပြီ...၊စင်စင်နာ
တီလား...ဟုတ်သေးပါဘူး...၊ဒါကဒုတိယမြို့ထင်တယ်..၊
လူဝီဗီး....များလား...၊ပြောတတ်တော့ဘူး...၊ဒါပေမယ့်
စန်းထွန်းတစ်ခါက ချစ်သူရဲ့မြို့လို့ တင်စားဖူးတာတော့
မှတ်မိတယ်.... :))))
April 14, 2013 at 7:33 AM
Anonymous said...
ကျောင်းဆက်တက်နေလားစန်းထွန်းလေး။
အရင်အတိုင်းဘဲလန်းဆန်းပျော်ရွှင်တက်ကြွနေပါစေလို့....
မမအိုင်အိုရာ
April 14, 2013 at 9:18 AM
ပစ်ပစ် said...
ဘယ်မြို့လည်းဆိုတာတော့မသိဘူးရယ်
ဒါမဲ့ မြို့လေးကတော့တော်တော်အေးချမ်းပြီး
လှမယ်ထင်ပါရဲ့
April 16, 2013 at 2:57 PM
San San Htun said...
ချစ်သူရဲ့မြိ ု့လို့ ကိုယ်နာမည်ပေးထားတယ့် ကိုယ်ကျောင်းတက်ခဲ့တယ့် အိုင်အိုဝါပြည်နယ်က ဖဲဖီးမြိ ု့လေးပါ...၂၀၁၁ ဖေဖေါ်ဝါရီတုန်းက ချစ်သူရဲ့မြိ ု့ပို့စ်လေး ရေးဖူးပါတယ်..ကိုညိမ်းနိုင်နဲ့ အမည်မသိကို တဆင့်တိတိ ဆုချလိုက်မယ်...
April 25, 2013 at 8:55 PM