အချိန်ရမှ နားဆင်ပါ - ၂

ဒီသီချင်းက ဟော့ဖြစ်နေတော့ ကြားဖူးမယ် ထင်ပါတယ်။ အမေရိကန်အဆိုတော်မလေး Taylor Swift ရဲ ့ I knew you were trouble ။ ၂ မိနစ်လောက်မှ နားထောင် အစပိုင်းက စကားပြောနေတာ း) ။


I belong with you. You belong with me, Sweetheart. ဆိုတယ့် အပိုဒ်လေးကို မှတ်မိလို့ ယူကျူမှာ လိုက်ရှာတာ သီချင်းနာမည်က Ho Hey ။ မှန်းတာ တော်တော် နီးစပ်တယ် း) ။


ဂရမ်မီဆုရ Gotye ရဲ့ Somebody that I used to Know သီချင်းလေးက နည်းနည်းထူးဆန်းတယ်။



အမေရိကန်အိုင်ဒေါရဲ ့ဒိုင်ဖြစ်သလို ဖက်ရှင်ဒီဇိုင်းတွေကလည်း ထူးခြားတယ့် ရပ်ပါအဆိုတော် Nicki Minaj ။ မမိုးငွေ့က အတောက်ပဆုံးကြယ် (သို့) နီကီမီနာ့ဂျ် ဆိုပြီး သူ့အကြောင်း ပိုစ့်ရေးဖူးပါတယ်။




Alicia Keys ရဲ ့ Girl on Fire


 အိပ်ကပ်ထဲက ဒေါ်လာနှစ်ဆယ် ဟစ်ဟော့သီချင်းလေးက နားထောင်ကောင်းတယ်။

 


ဆယ်တန်းပြီးလို့ တက္ကသိုလ်တက်ဖို့ စောင့်နေချိန်မှာ လှည်းတန်းက ဦးမြကြိုင် အင်္ဂလိပ်စာသင်တန်း တက်တော့ မနက်ဆို အဲဒီသီချင်း ဖွင့်ထားတတ်တယ်။


အမေစု နိုဗယ်ငြိမ်းချမ်းရေးဆု လက်ခံစဉ်  မြန်မာ့စောင်းကို ကမ္ဘာသိအောင် ဖျော်ဖြေတင်ဆက်ခဲ့တယ့် စောင်းပညာရှင်  ဦးနေဝါလက်သံကို နားထောင်ရပြီး  စောင်းလက်သံက အတော်သာယာတာပဲ။ မြန်မာတူရိယာတွေမှာ စောင်းက အခက်ဆုံးလို့ ဆိုပါတယ်။


ဖေ့ဘွတ်မှာ ရှယ်တယ့်လခ့်ကို တွေ့လို့ မကြီးက နေဝါနဲ့ ခင်ကြည်ဖြူ ဒီလောက်နာမည်ကြီးတာ နင် မသိဘူးလား။ တီဗွီမှာ သူတို့သီချင်းတွေကြီးပဲ။ အဲဒီတုန်းက ကိုယ်ငယ်သေးလို့ တီဗွီထက် ဆော့ဖို့မက်နေလို့ နေမှာပေါ့။



စင်္ကာပူမှာ အဆိုတော် မာမာအေး ဂီတပွဲရှိတယ်လို့ သတင်းပေးတယ့် မချစ်ကြည်အေးရဲ့ မြန်မာ့ဂန္ထဝင်ဂီတမိခင်ကြီး အန်တီမာမာအေးနှင့် ဂီတပဒေသာပွဲ ပို့စ်ကို ဖတ်ပြီး  ပြောနေသးတယ်။  မကြီးရေ စန်းထွန်းတော့ အသက်ကြီးလာလို့လား မသိဘူး  ငယ်ငယ်တုန်းက ပျင်းစရာကောင်းတယ်ထင်တယ့် ကသစ်ပန်း၊ နှင်းပျောက်တယ့်နွေ သီချင်းတွေကို နားထောင်ရတာ သီချင်းအဓိပ္ပာယ်ကလည်းကောင်း၊ အသံနေအသံထားနဲ့ ဆိုတတ်လိုက်တာ။  မကြီးက သူလည်း ဟိုင်းကြီးက အခါကြီးရက်ကြီး ဘုရားပွဲတွေမှာ ဖွင့်တတ်တယ့် တူနယ်..တူနယ်.. (အစိန္တေယျ သီချင်းကို ဆိုလိုသည်) သီချင်းကို နားထောင်နေတယ်။ မြန်မာပြည်ကို လွမ်းနေတာ နေမှာတယ့်။

ကိုယ် အသက်ပဲ ကြီးလာလို့လား၊ မြန်မာပြည်ကို လွမ်းနေတာလား ...ကိုယ်ကိုတိုင်လည်း မသိတော့ပါ။

စန်းထွန်း
မတ် ၁၀၊ ၂၀၁၃။

7 comments:

Anonymous said...

May be both...:DD
Ma Ma Iora

ညိမ္းႏိုင္ said...

သီခ်င္းေတြတစ္ပုဒ္ၿပီးတစ္ပုဒ္နားေထာင္သြားတယ္...၊
ေက်းဇူးတယ္တယ္ဗ်ာ...၊ကိုယ့္ဘာသာဆို ဘယ္သီခ်င္း
ကနားေထာင္လို႕ေကာင္းမွန္းမသိႏိုင္ဘူးရယ္...၊ခုေတာ့
အဆင္သင့္ေလး နားေထာင္ရတယ္....။ေမာင္ေနဝါတို႕
ကိုေတာ့ ငယ္ငယ္ကတည္းက ျမန္မာ့ရုပ္ျမင္သံၾကားက
ေန ရင္းႏွီးေနတာရယ္...၊ဒါေပမယ့္ငယ္တုန္းကေတာ့
ေမာင္ေနဝါေစာင္းတီးၿပီဆိုအိပ္ၿပီသာမွတ္.... :D

AH said...

ခက္သည္... ခက္သည္.. ဟိုတယ္က ကိုးနက္ရွင္က ေရႊျပည္ေတာ္က နတ္အတုိင္းပင္ ေႏွးေကြးေလးလံ ထုိင္းမိႈင္းသည့္ၾကားထဲ VPN ပါ တစ္ဆင့္ခံျပီး ဘေလာ့ဂ္ဂင္းေလေသာ္.. YouTube ဆိုေသာအရာမွာ တုတ္တုတ္မွ မလႈပ္... စက္၀ိုင္းေလး ေပကလပ္ ေပကလပ္ႏွင့္ ၁၀ မိနစ္ေလာက္ လည္ေနေလသတည္း..... သို႕ေသာ္ ေစာင္းသံကိုေတာ့ နာရီ၀က္ေလာက္ Stream buffer လုပ္တာေစာင့္ျပီး နားေထာင္သြား၏... :P

ေခ်ာ (အစိမ္းေရာင္လြင္ျပင္) said...

သီခ်င္းသံေတြ ဂီတသံေတြ စံုသြားတာဘဲ
တစ္ေနရာတည္းကေန စံုေအာင္ နားေထာင္လိုက္ရတယ္
ေက်းဇူးပါ စန္းထြန္းေရ

ျမေသြးနီ said...

ဟင့္အင္း.. ေခါင္းစဥ္ေျပာင္းမွ ရမယ္ ညီမေရ..
“ ကြန္နက္ရွင္ရမွ နားဆင္ပါ ” လို႔.. :)
ျမန္မာသံစဥ္ေတးသီခ်င္းေတြ နားေထာင္ခ်င္လာတာကေတာ့ ေနရာေဒသ အေျပာင္းအလဲနဲ႔ အသက္အရြယ္ ရင့္က်က္လာတယ္လို႔ပဲ မွတ္ပါညီမေရ..

အလင္းသစ္ said...

ေအာက္ဆံုးက ျမန္မာ့ရိုးရာ ေစာင္းသံရယ္ ၊ ေစာင္းသံနဲ႕တြဲဆိုသြားတဲ့ ရတနာပံုသီခ်င္းရယ္ ျမတ္ႏိုးမဝေအာင္ နားေထာင္သြားပါတယ္အမေရ .... ရတနာပံုသီခ်င္းကို ျမန္မာျပည္ဦးသိန္းတန္ဗားရွင္းနဲ႕ပဲ နားေထာင္ဖူးတာ... :)
သီခ်င္းၾကီး နားေထာင္တိုင္း အသက္ၾကီးတယ္ေတာ့ ဟုတ္ပါဘူးဗ်ာ .... ကသစ္ပန္းတို႕ ၊ႏွင္းေပ်ာက္တဲ့ေႏြတို႕ ၊ စိမ္းလဲ့ညိဳတို႕ ကၽြန္ေတာ္လည္း ၾကိဳက္တာပဲ ... အသက္ကျဖင့္ ငယ္ငယ္ေလးရွိေသး ... :D

San San Htun said...

ညိမ်းနိုင် said...
သီချင်းတွေတစ်ပုဒ်ပြီးတစ်ပုဒ်နားထောင်သွားတယ်...၊
ကျေးဇူးတယ်တယ်ဗျာ...၊ကိုယ့်ဘာသာဆို ဘယ်သီချင်း
ကနားထောင်လို့ကောင်းမှန်းမသိနိုင်ဘူးရယ်...၊ခုတော့
အဆင်သင့်လေး နားထောင်ရတယ်....။မောင်နေဝါတို့
ကိုတော့ ငယ်ငယ်ကတည်းက မြန်မာ့ရုပ်မြင်သံကြားက
နေ ရင်းနှီးနေတာရယ်...၊ဒါပေမယ့်ငယ်တုန်းကတော့
မောင်နေဝါစောင်းတီးပြီဆိုအိပ်ပြီသာမှတ်.... :D
March 11, 2013 at 8:30 AM
AH said...
ခက်သည်... ခက်သည်.. ဟိုတယ်က ကိုးနက်ရှင်က ရွှေပြည်တော်က နတ်အတိုင်းပင် နှေးကွေးလေးလံ ထိုင်းမှိုင်းသည့်ကြားထဲ VPN ပါ တစ်ဆင့်ခံပြီး ဘလော့ဂ်ဂင်းလေသော်.. YouTube ဆိုသောအရာမှာ တုတ်တုတ်မှ မလှုပ်... စက်ဝိုင်းလေး ပေကလပ် ပေကလပ်နှင့် ၁၀ မိနစ်လောက် လည်နေလေသတည်း..... သို့သော် စောင်းသံကိုတော့ နာရီဝက်လောက် Stream buffer လုပ်တာစောင့်ပြီး နားထောင်သွား၏... :P
March 11, 2013 at 9:18 AM
ချော (အစိမ်းရောင်လွင်ပြင်) said...
သီချင်းသံတွေ ဂီတသံတွေ စုံသွားတာဘဲ
တစ်နေရာတည်းကနေ စုံအောင် နားထောင်လိုက်ရတယ်
ကျေးဇူးပါ စန်းထွန်းရေ
March 11, 2013 at 11:29 AM
မြသွေးနီ said...
ဟင့်အင်း.. ခေါင်းစဉ်ပြောင်းမှ ရမယ် ညီမရေ..
“ ကွန်နက်ရှင်ရမှ နားဆင်ပါ ” လို့.. :)
မြန်မာသံစဉ်တေးသီချင်းတွေ နားထောင်ချင်လာတာကတော့ နေရာဒေသ အပြောင်းအလဲနဲ့ အသက်အရွယ် ရင့်ကျက်လာတယ်လို့ပဲ မှတ်ပါညီမရေ..
March 15, 2013 at 1:20 AM
အလင်းသစ် said...
အောက်ဆုံးက မြန်မာ့ရိုးရာ စောင်းသံရယ် ၊ စောင်းသံနဲ့တွဲဆိုသွားတဲ့ ရတနာပုံသီချင်းရယ် မြတ်နိုးမဝအောင် နားထောင်သွားပါတယ်အမရေ .... ရတနာပုံသီချင်းကို မြန်မာပြည်ဦးသိန်းတန်ဗားရှင်းနဲ့ပဲ နားထောင်ဖူးတာ... :)
သီချင်းကြီး နားထောင်တိုင်း အသက်ကြီးတယ်တော့ ဟုတ်ပါဘူးဗျာ .... ကသစ်ပန်းတို့ ၊နှင်းပျောက်တဲ့နွေတို့ ၊ စိမ်းလဲ့ညိုတို့ ကျွန်တော်လည်း ကြိုက်တာပဲ ... အသက်ကဖြင့် ငယ်ငယ်လေးရှိသေး ... :D
March 15, 2013 at 4:00 PM