Ego...

credit to  - www.jarrodjones.com

မျှော်လင့်မထားတယ့် အရာတွေ မျှော်လင့်မထားတယ့် အချိန်မှာ ဖြစ်လာတယ့်အခါ...
အဆင့်သင့်မဖြစ်သေးတယ့် အရာတွေ အဆင်သင့် မဖြစ်သေးချိန်မှာ ဖြစ်လာတယ့်အခါ...
မခွဲခွာချင်သေးတယ့် အချိန်မှာ ခွဲခွာဖို့ ဖြစ်လာတယ့်အခါ...

ကြိုးစားမှုတွေ အရာထင်မလာတယ့်အခါ...
မျှော်လင့်ချက်တွေ ဝေဝါးလာတယ့်အခါ...
ယုံကြည်မှုတွေ ယိုင်လဲတယ့်အခါ...

ခံနိုင်ရည်စွမ်းတွေ ကုန်ခမ်းလာတယ့်အခါ...
မရေရာမှုတွေ၊ မသေချာမှုတွေ များလာတယ့်အခါ... 
ကံဆိုတာ ကြိုးစားမှုလို့  မပြောနိုင်တော့တယ့်အခါ...

မအောင်မြင်သေးတယ့် ရည်မှန်းချက်တွေ ရှိသေးတယ်...
ဖြစ်မလာသေးတယ့် မျှော်လင့်ချက်တွေ ရှိသေးတယ်...
တနေ့ နေ့ ဆိုတယ့် ယုံကြည်ချက်တွေ  ရှိသေးတယ်...
အရာမထင်သေးတယ့် ကြိုးစားချက်တွေ ရှိသေးတယ်...
ဘယ်အရာကမှ ရပ်တန့် စေမှာ မဟုတ်ဘူးလို့ ဟစ်ကြွေးချင်သေးတယ်...

စန်းထွန်း
ဖေဖေါ်ဝါရီ ၅၊ ၂၀၁၃။

4 comments:

လွင်ပြင်လှိုင်းငယ် said...

မအောင်မြင်သေးတယ့် ရည်မှန်းချက်တွေ ရှိသေးတယ်...
ဖြစ်မလာသေးတယ့် မျှော်လင့်ချက်တွေ ရှိသေးတယ်...
တနေ့ နေ့ ဆိုတယ့် ယုံကြည်ချက်တွေ ရှိသေးတယ်...
အရာမထင်သေးတယ့် ကြိုးစားချက်တွေ ရှိသေးတယ်...
ဘယ်အရာကမှ ရပ်တန့် စေမှာ မဟုတ်ဘူးလို့ ဟစ်ကြွေးချင်သေးတယ်...

စိတ်ဓါတ်ကိုမြင့်တင်ပေးနိုင်တဲ့စာသားတွေပဲ ကောင်းမှကောင်း ။

စံပယ်ချို said...

ခံနိုင်ရည်စွမ်းတွေ ကုန်ခမ်းလာတယ့်အခါ...
ဂျက်ကတော့ အိပ်ယာထဲ လှဲတော့တာပဲ
အပေါ်ကပုံလေးကိုလဲကြိုက်တယ်
လွမ်းသလိုလို အထီးကျန်သလိုလိုနဲ့

Anonymous said...

စန်းထွန်းရေ..
မျှော်လင့်ချက်နဲ့ ပဲ ဘ၀ခရီးကိုနှင်နေရတာပါဘဲ။
လူတိုင်းအတူတူပါဘဲ။ ရည်မှန်းချက်ပိုကြီးရင်ပိုလို့ ကြံ့ခိုင်ဖို့ လိုတာမို့ ..
ကြံ့ကြံ့ခံပြီးစန်းထွန်းဖြစ်ချင်ရောက်ချင်တဲ့ဘ၀ကိုအမြန်ဆုံးရောက်ပါစေလို့ ....
မမအိုင်အိုရာ

blackroze said...

ဟုတ်တယ် အထွန်း
လူဆိုတာ မျှော်လင့်ချက်နဲ့
၇ှင်သန်နေကြတာ
အဲဒီတော့ သေချာသည်ဖြစ်စေ
မသေချာသည်ဖြစ်စေ
ရပ်တန့်နေဖို့မလိုပါဘူးကွယ်...