ဒီစီသွား တောလား - ၅

ဒီဇင်ဘာ ၂၉၊ ၂၀၁၂ စနေနေ့တွင် နှင်းကျသောကြောင့် ဘယ်မှမသွား အိမ်တွင်းအောင်းသည်။ ဆူနမ်တို့က ဒီနေ့လျှောက်လည်ပါလားဟေ့ နှင်းဖွဲဖွဲ ကြားထဲမှာလေဟု အချွှန်ဖြင့် မကြသည်။ တနင်္ဂနွေနေ့တွင် စီနီယာ အက်စမီတာမန်ချေးရှိရာ ဒယ်လာဝဲယားပြည်နယ်သို့ သွားမည်ရည်ရွှယ်ထားသော်ငြား အလည်ရောက်နေသော သူ့ယောက္ခမများကို နိုင်အာဂရာရေတံခွန်သို့ လိုက်ပို့နေသောကြောင့် နာမတ်စတေးဟု မနှုတ်ဆက်လိုက်ရ။ အာလင်တန်သွားမည်ဆိုသောအခါ ဆူနမ်က နင်သိလား အဲဒါ သင်္ချုံင်း..ဟ။ အေး..သိသားပဲ ငါတို့နိုင်ငံမှာလည်း စစ်သင်္ချုံင်းရှိတယ်။ ဒုတိယကမ္ဘာစစ်တုန်းက ကျဆုံးသွားတယ့် နိုင်ငံခြားသားစစ်သားတွေကို  မြုပ်ထားတာ။ သင်္ချိုင်းသာဆိုတယ် ဓာတ်ပုံရိုက်လို့ အရမ်းလှတာ။


မက်ထရိုစင်တာဘူတာတွင် ဆင်းကာ အနီရောင်လိုင်းကနေ အပြာရောင်းလိုင်းပြောင်း အာလင်တန်သင်္ချုံင်းဘူတာ အပေါ်တက်လိုက်သည်နှင့် ရောက်ပြီ။ မနက် ၉ ကျော်သာ ရှိသေးသည်။ ၁၀ နာရီတွင် လူမသိကျဆုံးစစ်သည်နေရာတွင် အစောင့်လဲသည့်အစီအစဉ်မှီအောင် သုတ်ခြေတင်ရလေသည်။ ကိုယ့်ထက် ဝီရိယကောင်းသောသူများ ရှိနေသည်။ ပိုတိုမက်မြစ်ဘေးနားဖြစ်သောကြောင့် အေးစိမ့်နေသည်။

သမ္မတ ဂျွှန်အက်ဖ်ကနေဒီ အုတ်ဂူဟု ထင်သည်။
အထိမ်းအမှတ်ကျောက်တိုင်၊ ကမ်ပီတယ်နှင့် ပက်တိုမက်မြစ်ဖြင့် ပနာရနေသော ဒီစီကို အာလင်တန်၊ ဗာဂျီးနီးယားပြည်နယ်ဖက်က မြင်ကွင်း။
ဗီယက်နမ်စစ်ပွဲ အထိမ်းအမှတ်အဆောက်အအုံ။


အမေရိကန် ပြည်တွင်းစစ်၊ အာဖကန်စစ်ပွဲ၊ အီရတ်စစ်ပွဲများတွင် တိုင်းပြည်အတွက် အသက်စွန့် ကာကွယ်ခဲ့သူများအတွက် ဂုဏ်ပြုရာနေရာ ဖြစ်သည်။ အားလုံးမတ်တပ်ရပ်ရပြီး ငြိမ်ရသည်။ စနစ်ကျနစွာ အစောင့်လဲကြသည်ကို တော်တော်များများ စောင့်ကြည့်ကြသည်။ တနာရီ တခါ အစောင့်လဲသည်။ မူလပိုင်ရှင် လီမိသားစု၏အိမ်ကို ပြတိုက်ပြုလုပ်ထားသည်။ တောင်ကုန်းပေါ်မှ အထိမ်းအမှတ်ကျောက်တိုင်၊ ကွန်ဂရက်နှင့် ဒီစီမြို့တော်ကြီးကို ခြုံသိုင်းမြင်ရသည်။

လီမိသားစုပြတိုက်
ရန်ကုန်မှာတွေ့ခဲ့ဖူးတယ့် ပန်းနဲ့တူတယ်
လမ်းမလျှောက်ချင်ရင် အဲဒီကားလေးက တခွင်အနှံ့ပို့တယ်။ တို့များ မသိတော့ ခြေတိုအောင် လျှောက်ရလိုက်သဗျား။

ပြာရောင်လိုင်း စမစ်ဆိုနီယမ်ဘူတာမှ ဆင်းသည်နှင့် စမစ်ဆိုနီယမ်ရဲတိုက်သို့ ရောက်လေသည်။ ထိုနေရာသည် ကယ်ပီတမ်နှင့် အထိမ်းအမှတ်ကျောက်တိုင် ကြားတွင်ရှိပြီး လမ်းဘေးတဖက်တချက်စီတွင် အာဖရိကန် အမေရိကန် သမိုင်းနှင့် ယဉ်ကျေးမှုပြတိုက်၊ အမေရိကန်သမိုင်းပြတိုက်၊ အမျိုးသားအနုပညာပြတိုက်၊ စမစ်ဆိုနီယမ်ရဲတိုက်၊ အာဖရိကန်အနုပညာပြတိုက်၊ အာကာသပြတိုက်၊ အမေရိကန် အင်ဒီယန်းပြတိုက်များဖြင့် ပြတိုက်လမ်းဟု ခေါ်ရလောက်ပေသည်။ ဇန်နဝါရီ ၂၀ ၂၀၁၃ သမ္မတကျမ်းကျိန်ပွဲ အချိန်အခါတုန်းက ဤနေရာတွင်လူပင်လယ်ကြီး ဖြစ်နေခဲ့သည်။

ကယ်ပီတယ်
စမစ်ဆိုးနီးယမ်းြပတိုက်
ရဲတိုက်ကြီးသည် ခန့်ညားလှပသည်။ အမည်မမှတ်မိသော မျိုးနွယ်စု၏ ဖိနပ်၊ မာယာလူမျိုး၏ ပန်းပုရုပ်အပြင် သမ္မတကတော် ဂျက်ကလင်းကနေဒီ၏ ပုလဲဆွဲကြိုးတို့ကို ပြသထားသည်။ အင်တာနက်ရီဗျူးက ကောင်းသော်လည်း ကျွှန်ုပ် အကြိုက်မတွေ့။

ခုတ်ထည့်လိုက်မယ်...ဘာမှတ်လဲ....း)

ဒီလိုဘီးကြီး စီးနေတာ တွေ့ခဲ့သည်။

စီးရဲသလား..း)

အဲဒါ ဘာလဲသိလား..သရီးဒီပြသည့်နေရာဟု ပထမဆုံးနေ့က ရာမား ရမ်းတုတ်သော နေရာတွင် ကြိတ်ကြိတ်တိုးနေသည်နှင့် ဝင်တိုးလေသည်။ သရီးဒီလည်း ပြသလို သဘာဝသမိုင်းပြတိုက်လည်း ရှိသည်။ လုံခြံခြုံရေးက အိတ်ဖွင့်စစ်ချိန်တွင် အခုရောက်နေတာ သဘာဝသမိုင်းပြတိုက်လားဟင်ဟု မေးသောအခါ ကိုယ်ဘယ်နေရာ ရောက်နေမှန်းတောင် မသိဘူးဆိုသည့် အကြည့်ခံရသည်။

သဘာဝသမိုင်းပြတိုက်
ချီတာမကြီးမိသားစု မိုးရေခံနေတာ ချစ်ဖို့ကောင်း၏
credit to - national geographic photographer


 
ဝင်ရိုးစွန်းဆီက ချစ်စရာ ပင်ကွင်းလေးများ
credit to -national geographic photographer
ဂျပန် မေပယ်ပင်credit to -national geographic photographer
စီးချင်းတိုက်ပွဲ
credit to -national geographic photographer 
မိဘမေတ္တာ
credit to -national geographic photographer 
Yellow Stone Nature Park
credit to -national geographic photographer 

ချစ်စရာဝက်ဝံေလးတေွ
credit to -national geographic photographer 
အနော်က ငါးပါ ခင်ညာ..း)credit to -national geographic photographer 
သတ္တိခဲ..အဆိပ်ပြင်းတယ့် မြွှေစိမ်းမီးကျောက်ခေါင်းနား ရစ်သီနိုင်တာ သူပဲ စွမ်းဆောင်နိုင်တယ်..း)
credit to -national geographic photographer 
ေကာ်လိုရာဒို ေတာမီး
credit to -national geographic photographer 
credit to -national geographic photographer

credit to -national geographic photographer
credit to -national geographic photographer
credit to -national geographic photographer
သွားဖြဲပြနေတာ ကြောက်ဖူးလား..း)
credit to -national geographic photographer 
မျက်စိမှိတ်ပြီး ပြုံးပြနေတာလားဟင်..း)
credit to -national geographic photographer 
ရွှံ့လူးနေတယ့် ချီတာကျားသစ် စုတ်ချွှန်းချွှန်းလေး..း)
credit to -national geographic photographer 
အင်ဒိုနီးရှားနိုင်ငံ ဘောနီယိုကျွှန်းက ရှားပါးမျောက်တွေလို့ ထင်တယ်
credit to -national geographic photographer 
credit to -national geographic photographer
ချစ်လို့‌ဝှေ့တယ်..း)
credit to -national geographic photographer 
credit to -national geographic photographer
credit to -national geographic photographer
ပြုံးပြနေသလိုပဲနော်..း)
credit to -national geographic photographer 

အောက်ထပ်တွင် အာဖရိက၊ ဝင်ရိုးစွန်း၊ အာရှတိုက်၏ တောကြီးမျက်မဲထဲ ရောက်သွားသလို ခံစားရသည်။ မရောက်ဖူးသော အရပ်ဒေသမှ မမြင်ဖူးသော အကောင်များ၊ ၅ မိနစ်၊ ဆယ်မိနစ် ဗီဒီယိုများ ပြသသည်။ လူ၏မူရင်းအစ၊ အရိုးမျိုးစုံ၊ ဒိုင်နိုဆောမျိုးစုံ၊ ရေအောက်ကမ္ဘာက အကောင်များ၊ ငှက်မျိုးစုံ၊ ကမ္ဘာကြီး၏ ကျောက်လွှာများအကြောင်း၊ မမ်မီများအကြောင်း အမျိုးအစားစုံလှသည်။ မှန်ဘီလူးတွင်ကြည့်လိုက် ရေးမှတ်လိုက်ဖြင့် အလုပ်များနေသော သုတေသနပညာရှင်ဘေးနားတွင် မှန်တံခါးခြားလျှက် ကလေးများ ဝိုင်းနေသည်။


ဓာတ်ပုံပြခန်းတွင် သဘာဝလောကကြီးအကြောင်း ရိုက်ကူးထားသော ဆုရဓာတ်ပုံများ ပြသထားသည်။ ကျောက်မျက်ရတနာပြခန်းတွင် အပြာ၊အနီ၊အစိမ်း၊ အဝါ အမျိုးမျိုးသော ကျောက်မျက်ရတနာများ ပြသထားသည်။ မြန်မာပြည်မှ နီလာနှင့် ပတ္တမြားကိုတော့ ဓာတ်ပုံရိုက်ခဲ့သည်။



သက်ရှိလိပ်ပြာကြည့်ချင်လျှင် ငါးကျပ်ပေးဝင်ရသည်။ လိပ်ပြာများကို မဖမ်းဖို့၊ လိပ်ပြာများကို မခြောက်လှန့်ဖို့ သတိပေးသည်။ အရောင်မျိုးစုံသော လိပ်ပြာများ လူကို မကြောက်ဘဲ အနားတွင် ပျံသန်းကာ ကိုယ်ပေါ်တွင် လာနားသော လိပ်ပြာများကို  ကလေးများပါမက လူကြီးများပါ နှစ်သက်ကြလေသည်။ ပြန်ထွက်လျှင် ခန္ဓာကိုယ်တွင် လိပ်ပြာများ ကပ်နေခြင်းရှိမရှိ  ဝန်ထမ်းမလေးကို တပတ်လှည့်ပြရလေသည်။



အင်းဆက်ပြခန်းတွင် သစ်ရွှက်နှင့်တူသော အင်းဆက်၊ ဖြတ်သန်းသွားသော နေရာတလျှောက် အကုန်ဝါးမြိုသွားသော ဗလတောင့်သော ဆင်တောင်ကြောက်ရသည့် အာဖရိကမှ ပုရွှက်ဆိတ်နက်အုပ်များအကြောင်း တွေ့ခဲ့သည်။ နှစ်ပေါင်းများစွာကြာအောင် မပုပ်မသိုးသော မမ်မီအကြောင်းကတော့ လူတိုင်း စိတ်ဝင်စားသည်။ ဤပြတိုက်ကြီးကို ကျွှန်ုပ် သဘောအကျဆုံးဖြစ်သည်။

သစ်ရွက်အင်းဆက်


တရုတ်ဘူဖေးဆိုင်တွင် ဗိုက်ကားအောင် စားသောက်နေသော ကျွှန်ုပ် အား ခေါ်ဆောင်ပြီး ရုပ်ရှင်ရုံသို့ ချီတက်ခဲ့ကြသည်။ သူများတွေ ဝင်သည့် တံခါးပေါက်သို့ ဝင်သည့် လှေကားထစ်များအတိုင်း အပေါ်တက်လိုက်၊ အောက်ဆင်းလိုက်ဖြင့် ရုပ်ရှင်ရုံနှင့် တူသည့်အရာကိုပင် မတွေ့ရ။ စားသောက်ဆိုင်နှင့် လျှော့ပင်းမောလ်သို့ ညွှန်ထားသည့် တံခါးပေါက်မှ ပြန်ထွက်သောအခါ ကျွှန်ုပ် တို့ ဝင်ခဲ့သည့် တံခါးပေါက်ပင်ဖြစ်ပြီး ကားပါကင်းဝင်းပင် ပြန်ရောက်သည်။ အူကြောင်ကြောင်ဖြင့် ငါးမိနစ်ခန့်လျှောက်သောအခါမှ စားသောက်ဆိုင်များ၊ ရုပ်ရှင်ရုံကို တွေ့ရသည်။

ကျွှန်ုပ် က Les Miserable ကြည့်ချင်သော်လည်း The Hobbit က ရီဗျူးကောင်းသည်ဟု ဆိုသည်။ လူထူးလူဆန်းတွေ မတွေ့ရဘဲ ယနေ့ခေတ်စတိုင်ကားကို ဆယ်မိနစ်ခန့်ပြနေသောအခါ လေသံတိုးတိုးဖြင့် ရာမား ...ငါတို့ ရုံမှားဝင်မိသလား မသိဘူး။ ငါလည်း အဲဒီလို ထင်တယ်။ ခဏအကြာ ဟော့ဘစ်ရုပ်ရှင် စတင်ပြသသောအခါ ရာမားနှင့် ကျွှန်ုပ် တခွီးခွီး ထရယ်ကြသည်ကို ဒီနှစ်ကောင် ဘယ်လိုဖြစ်ပါလိမ့်ဟု ဆူနမ်က ကြည့်သည်။



Lost of the Rings ကြိုက်သော ဆူနမ့်အကြိုက်ဖြစ်သည်။  ဘော့စတွန်မှာ ကြည့်တုန်းကလည်း နင်တို့မကြိုက်ဘူး၊ ခုလည်း နင်တို့မကြိုက်ဘူး၊ ငါနဲ့ နင်တို့တွေ အကြိုက်မတူဘူးဟု ဆိုသောအခါ နာရူတိုကြည့်တယ့် ကလေးအဆင့် မဟုတ်ဘူး တို့များက လူကြီးအဆင့်ဟု  ကျွှန်ုပ် နှင့် ရာမား ပြန်ပက်လေသည်။ ဇာတ်ဝင်သီချင်းလေးကိုတော့ နှစ်သက်သည်။

နယူးရီယားပါတီအဖြစ် ဝိုင်သောက်ပြီး ပင်ပန်းလွန်းသဖြင့် အိပ်ပျော်သွားလိုက်သည်မှာ ဘယ်လိုနယူးရီးယားမှန်းတောင် မသိလိုက်။ မနက်နိုးသည်နှင့် အထုပ်ပြင်ရတော့သည်။ ၁၀ မှလာကြိုရန် ဖြစ်သော်လည်း ဝီရိယကောင်းသော ရှယ်တယ်သည် ၉ နာရီခွဲကတည်းက ရောက်နှင့်နေသည်။ အိန္ဒိယတယောက်ကို ဝင်ခေါ်ပြီး လေဆိပ်ဆီ ချီတက်သည်။ ၂နာရီကြာအောင် စောင့်ပြီးသောအခါ ကားဖြင့် လေယာဉ်ဆီသို့ ပို့ဆောင်ပေးသည်။ ၁ နာရီခွဲကြာသောအခါ လေယာဉ်မယ်လေးက ဝဲကမ်းတူ  လူဝီဗီလ် ဟတ်ပီးနယူးရီးယားဟု နှုတ်ခွန်းဆက်သည်။ နောင်ဒီထက် ခြေရှည်နိုင်ပါစေဆိုသော ဆြာဟန် ပေးသောဆု ပြည့်လျှင် နောက်ထပ် တောလားများ လာနိုင်ပါသည်...း) ။




Happy Traveling!
စန်းထွန်း
ဖေဖေါ်ဝါရီ ၃ ၊ ၂၀၁၃။

6 comments:

ဟန်ကြည် said...

အနှီလောက် ပြတိုက်ထဲမှာ ခြေတိုအောင်လျှောက်သွားတဲ့ သတ္တိကတော့ ချီးကျူးပါ့...ဒါမျိုးကျ ဦးဟန်ကြည်တို့နဲ့ကွာသဗျား...ဦးဟန်ကြည်တို့ကတော့ ဘယ်ပြတိုက် ဘယ်ဥယျာဉ်ပဲရောက်ရောက် သက်တောင့်သက်သာနဲ့ ဘယ်လိုသွားနိုင်မလဲဆိုတာကို အရင်ကြည့်တာ...


ညိမ်းနိုင် said...

စုံရောက်မှာ.... :))))

စံပယ်ချို said...


Anonymous said...

ဟုတ်ပါ့ စန်းထွန်းရေ..
မမအိုင်အိုရာ

blackroze said...

စိတ်မကောင်းစရာ....




San San Htun said...

ဟန်ကြည် said...
ပေးတဲ့ဆုနဲ့ မပြည့်လို့ ခြေမရှည်နိုင်ရင်လည်း ကုလားမခြေထောက်တပ်ပြီး မရှည့်ရှည်အောင်လုပ်ပါ ကိုစန်းထွန်းရယ် း)
အနှီလောက် ပြတိုက်ထဲမှာ ခြေတိုအောင်လျှောက်သွားတဲ့ သတ္တိကတော့ ချီးကျူးပါ့...ဒါမျိုုးကျ ဦးဟန်ကြည်တို့နဲ့ကွာသဗျား...ဦးဟန်ကြည်တို့ကတော့ ဘယ်ပြတိုက် ဘယ်ဥယျာဉ်ပဲရောက်ရောက် သက်တောင့်သက်သာနဲ့ ဘယ်လိုသွားနိုင်မလဲဆိုတာကို အရင်ကြည့်တာ...

လိပ်ပြာတွေတော့ မလိုချင်ပေါင် ပတ္တမြားတော့ သွားရည်ကျသား...Diabolic လုပ်ရရင် ကောင်းတောင်းတောင်း း)
February 4, 2013 at 3:30 AM
ညိမ်းနိုင် said...
သဘာဝသမိုင်းပြတိုက်ကြီးက အတော်စိတ်ဝင်စားစရာ
ကောင်းတာပါပဲလားဗျ...၊အင်း...ဆြာကြည်ပေးတဲ့ဆုနဲ့
စန်းထွန်းတစ်ယောက်ပြည့်ပါစေကြောင်း ထပ်လောင်းဆု
တောင်းပေးလိုက်သဗျာ...၊ဒါမှ ကျွန်တော်တို့လည်း နေရာ
စုံရောက်မှာ.... :))))
February 4, 2013 at 6:13 AM
စံပယ်ချို said...
စန်းထွန်းရေ ဂျက်လဲဆရာဦးဟန်ကြည်လိုပဲ
ကိုယ်သက်သာဖို့ပဲ အရင်ကြည့်တာ
ဗဟုသုတကတော့ အခုရေးတင်လို့ဂျက်သိရပြီလေ
ပုံတွေကြည့်ပြီးအဲဒီကိုရောက်အောင်သွားချင်တယ်
February 4, 2013 at 6:59 AM
Anonymous said...
ဟုတ်ပါ့ စန်းထွန်းရေ..
အဲဒီပြတိုက်ကြီးမှာခြေတိုအောင်လျှောက်တာတောင်ကြည့်စရာမကုန်ဘူး။
ကိုယ်အဲဒီကအမှတ်တရပစ္စည်းကျောက်ပန်းအိုးသေးသေးလေးဝယ်ခဲ့သေးတယ်။ ခုတော့ရန်ကုန်မှာကျန်ခဲ့ရှာပြီ။
ဦးဟန်ကြည်ပေးတဲ့ဆုနဲ့ပြည့်ပြီးဆက်လက်တောလားနိုင်ပါစေလို့...
မမအိုင်အိုရာ
February 6, 2013 at 10:27 PM
blackroze said...
ကျဆုံးသွားတဲ့ စစ်သည်တွေရဲ့အထိမ်းမှတ်
ကျောက်တိုင်လေးတွေကြည့်ရတာ
စိတ်မကောင်းစရာ....

ပုလဲဆွဲကြိုးကြီးတော့ ပုံရိုက်မလာဘူး..

မြန်မာပြည်က နီလာနဲ့ပတ္တမြားကြီးကလှလိုက်တာ..

ပုံတွေတဝကြီးကြည့်သွားတယ်..နော်အထွန်း

February 9, 2013 at 9:06 AM