Sayōnara 2012 (Tag)



2012 White House Xmas card by Iowa Artist
Features Bo ( President Obama's dog) and No Christmas Tree
credit to www.whitehouse.gov



အရှုပ်တွေလုပ်ရင်း ဘလော့နဲ့ကင်းကွာနေတာ တစ်လကျော်နေပါပြီ။ နှစ်သစ်ဆုတောင်းပို့စ်လေး ရေးဖို့ကြံစည်နေတုန်း ပစ်ပစ်က သတိတရ တဂ်လာတော့ အတော်ဖြစ်သွားတယ်။ တစ်နှစ်ဆိုတာလည်း ခဏလေး..အချိန်ကုန်တာ မြန်လိုက်တာ။ ၂၀၁၂ မှာ သူငယ်ချင်းတွေ၊ ဆရာတွေရဲ့ ချစ်ခင်ရင်းနှီးမှုတွေ၊ ကူညီစောင့်ရှောက်မှုတွေနဲ့ လုံခြုံနွေးထွေးတယ့် မြို့ငယ်လေးကနေ ခွဲခွာခဲ့ဖူးတယ်။ သူစိမ်းသက်သက် မြို့လေးနဲ့ ရင်းနှီးကျွှမ်းဝင်အောင် ကြိုးစားရင်း နေရာအသစ်၊ အလုပ်အသစ်၊ လူအသစ်တွေနဲ့ နေသားကျကာ အဲဒီမြို့လေးကို နှစ်သက်နေပြန်တယ်။

အင်ဂျင်နီယာတွေ သုံးတယ့် VBA ဆိုတယ့် Excel Programming ၊ HRSG ( Heat Recovery Steam Generator) ရဲ့ Steam ၊ Drum ၊ Valve ၊ Pipe ဆိုတယ့် အသုံးအနှုန်းတွေနဲ့ လုပ်ငန်းသဘောကို နားလည်အောင် ကြိုးစားရင်း ကွန်ပျူတာပရိုဂရမ်မာ၊ ဆော့ဝဲလ်အင်ဂျင်နီယာမဟုတ်တယ့် Thermal  ၊Structural အင်ဂျင်နီယာတွေ ရေးချင်သလို ရေးထားတယ့် ဆော့ဝဲလ်တွေရဲ့အမှား (bug) တွေကို သပွတ်အူ ဖြေရသလို ရှင်းရတာ စိတ်ညစ်ဖို့လည်းကောင်း၊ ဖြေရှင်းနိုင်ရင် ပါးစပ်နားရွက် ချိတ်နေပြန်ရော။ အဲဒီအကြောင်း အမှောင်ခွင်းကြသူများ ဆိုတယ့် ပို့စ်လေးတစ်ပုဒ် ရေးခဲ့ဖူးတယ်။
credit to http://www.huffingtonpost.com

ဒီနိုင်ငံရဲ့ လေယူလေသိမ်း၊ ဓလေ့ထုံးစံတွေကို သင်ယူလေ့လာနေရဆဲ။ တော်နေဒိုးသတိပေးချက် Live ကို ကြည့်ရင် ကောင်တီဆိုတယ့် အသံ အမြဲကြားရပါတယ်။ လေးလပတ် ကုမ္ပဏီအစည်းအဝေးမှာ စီအီးအို Steve က ဘယောင်းကောင်တီလို့ ပြောသွားတာ ကြားရပြန်တော့ စီနီယာ ဝီလီယမ်ဂရင်းကို မေးရပြန်တယ်။ ကန်တက်ကီ ပြည်နယ်မှာ  ကောင်တီတွေ အများကြီးရှိပြီး လူဝီဗီလ်မြို့က ဂျက်ဖာဆန်ကောင်တီ ( County ) မှာ ပါဝင်ပါသတယ့်။ ကောင်တီဆိုတာ မြို့နယ်နဲ့ ဆင်တယ်။ ၁၀၀ ဒေါ်လာဆိုရင်  100 bucks လို့ ပြောပါတယ်။ ခုတော့ စန်းထွန်းတယောက် Ok lah ၊  Never mind lah ၊ Faster lah ၊  Don't play play ၊ အားရို ၊ Can or Can not ၊ What lao ၊ အလားမ စလုံးလေသံကနေ Oh My Gosh ၊  How are you doing today ၊ How are you ၊ I appreciate your help ၊ Appreciated ၊ Oh yeah ၊ It sounds good ၊ Have a great day ၊ Have a good night လို့ နှုတ်ဆက်တတ်နေပါပြီ။

ချိုလွန်း၊ ငန်လွန်းတယ့် အမေရိကန်စာတွေကို မစားနိုင်လို့ ချက်ပြုတ်ရင်း အရင်ကထက် အချက်အပြုတ် နည်းနည်း တိုးတက်လာတယ်။ ကန်တက်ရဲ့ ကားကို ပွတ်မိသွားတာ လျော်ကြေးတော်တော်ပေးလိုက်ရလို့  အရင်ကထက် ကားမောင်းတာ သတိထားလာတယ်။ ဂျူလိုင်လမှာ ဘော့စတွန် (မက်ဆာချူးဆက်ပြည်နယ်) ၊  စက်တင်ဘာလမှာ အမေစု ကြိုဆိုဖို့ ဖို့ဝိန်း (အင်ဒီယားနားပြည်နယ်)၊ တလတခေါက် စင်စင်နာတီ (အိုဟိုင်းရိုးပြည်နယ်) နဲ့ ဒီနှစ်အတွင်း ခရီးတွေ ထွက်ဖြစ်ပါတယ်။ အပတ်စဉ် တင်ရတယ့် အဆိုင်းမန့်တွေရယ်၊ တစ်လခွဲ တစ်ကြိမ် ဖြေရတယ့် စာမေးပွဲတွေမှာ အောင်တာလည်း ရှိသလို ကျတာတွေလည်း ရှိရဲ့။ နောက်ဘာသာတွေမှာ အမှတ်ကောင်းအောင်လုပ်မယ်လို့ ကြုံးဝါးပေမယ့်လည်း ဒုံးရင်းက ဒုံးရင်း ပတ်ချာလည် လိုက်နေတာပါပဲ။

နိုဝင်ဘာလအကုန်မှာ နှလုံးသွေးကြောကျဉ်းလို့ အဖေ ရန်ကုန်ဆေးရုံကြီး တက်ရပါတယ်။ လူနာအတွက်တောင် အိပ်စရာမရှိလို့ ခုံတွေကို ဆက်ပြီး အိပ်ရပါတယ်။ နှလုံးသွေးကြောကျဉ်းတာ စစ်တယ့်စက်က ရန်ကုန်ဆေးရုံကြီးရယ်၊ ပန်းလှိုင်ဆေးရုံမှာပဲ ရှိပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ ခွဲစိတ်ဖို့ ဆိုရင် တလလောက် စောင့်ရမှာရယ်၊ လူနာအတွက် ခုတင်တောင် မရှိတယ့် ရန်ကုန်ဆေးရုံကြီးကို စိတ်ကုန်၊ တနေ့သွားပြတာ တစ်သိန်းကုန်တယ့် ဈေးကြီးတယ့် ပန်းလှိုင်ဆေးရုံကြီးထက် သက်သာတယ့် ဘန်ကောက်မှာ သွားခွဲပါတယ်။

credit to www.huffingtonpost.com

မြန်မာတွေ တော်တော်များများ ဆေးလာကုကြပါတယ်။ ပုံမှန်ဆို နှစ်နာရီကြာပေမယ့် သွေးကြောလေးချောင်းက ဆိုးဆိုးဝါးဝါး ပိတ်နေလို့ လေးနာရီကြာအောင် ခက်ခက်ခဲခဲ ခွဲစိတ်အောင်မြင်ခဲ့ပါတယ်။ ဆေးရုံက ဝန်ဆောင်မှုက ကောင်းပေမယ့် ဘီလ်တွေကို သေသေချာချာ စစ်ဖို့လိုပါတယ်။ စင်္ကာပူက မကြီးတို့စုံတွဲလည်း လာရောက်တာမို့ စန်းထွန်းကလွဲရင်  မိသားစုတွေ့ဆုံပွဲလေးပေါ့။ တညီတညွှတ်တည်း ပြောကြတာက ဘန်ကောက်က အစားအသောက်တွေ သိပ်ကောင်းဆိုပဲ။

၂၀၁၂ မှာ အချစ်ရေးက လွဲရင် အလုပ်၊ ကျန်းမာရေး၊ ပညာရေး၊ မိသားစု၊ သူငယ်ချင်း သင့်တင့်တယ့် နှစ်လေးပါပဲ။  ခရစ်စမတ်နဲ့နှစ်သစ်ကူးမှာ ဆူနမ်၊ ရာမားရှိရာ ဝါရှင်တန်ဒီစီမှာ ရှိနေပါမယ်။ ပို့စ်အတွက် နာမည်စဉ်းစားတာ ဂွတ်ဘိုင် ၂၀၁၂  ကို ကိုညီလင်းသစ်က အရင်ဦးသွားတယ်။ ၂၀၀၁ ဂျပန်စာ တစ်လသင်တန်း တက်တုန်းက ပြန်မတွေ့ဖြစ်တော့ရင် ဆာယိုနာရလို့နှုတ်ဆက်ကြတယ်လို့ သင်ခဲ့ဖူးပါတယ်။ ကုန်ဆုံးသွားတယ့် နှစ်ဟောင်းကို ဆာယိုနာရ ၂၀၁၂ လို့ နှုတ်ဆက်ပြီး  မျှော်လင့်ခြင်းတွေ၊ ရည်မှန်းချက်တွေနဲ့  နှစ်သစ်ကို ကြိ ုဆိုလိုက်ရအောင်။

ဘလော့ကို အမြဲလာရောက်သူတွေ၊ ရံဖန်ရံခါမှ လာရောက်သူတွေ၊ သူငယ်ချင်းတွေကို မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းရင်း

ဆာယိုနာရ ၂၀၁၂

စန်းထွန်း
ဒီဇင်ဘာ ၂၆၊ ၂၀၁၂။

10 comments:

သူႀကီးမင္း said...

စန္းထြန္းတစ္ေယာက္ ေပ်ာက္ေနတာ အေတာ္ေလး ၾကာၿပီေကာ။ ေပၚလာျပန္ေတာ့လဲ ၂၀၁၂ ႏႈတ္ဆက္သံနဲ႔။

အခ်စ္ေရးကလြဲရင္က်န္တာ အားလုံး အဆင္ေျပတယ္ဆုိေတာ့ အခ်စ္ေရးက ဘယ္လုိေတြ ျဖစ္ေနလုိ႔တုန္း။ း))

mstint said...

ႏွစ္သစ္နဲ႔အတူ မဂၤလာအေပါင္းနဲ႔ျပည့္စံုပါေစ စန္းစန္းေရ။
ေပ်ာက္ဆို တီတင့္လည္းမေရာက္တာနဲ႔ အေတာ္ပဲ း)
တဂ္ပို႔စ္ေလးကေန ဗဟုသုတေတြဖဲ့ယူသြားၿပီေနာ္။
စိတ္ဓာတ္အစဥ္ၾကည္လင္ေအးျမပါေစကြယ္။

ေမတၱာျဖင့္
အန္တီတင့္

Anonymous said...

ေပ်ာ္ရႊင္ေသာႏွစ္သစ္မ်ားပိုုင္ဆုုိင္ပါေစစန္းထြန္းေလးေရ။
အလုုပ္ေတြရွုုပ္ေနလိုု ့အရွုုပ္ေတြမလုုပ္ႏုုိင္ဘူးျဖစ္ေနတယ္။
မေမ့သြားနဲ ့ေနာ္။
အိုုင္အိုရာ

ညိမ္းႏိုင္ said...

စန္းထြန္း ပို႕စ္ေလးဖတ္ရတာ ပန္ခ်ီဆရာတစ္ေယာက္ရဲ႕
ပံုၾကမ္းေတြဆြဲထားတဲ့ ပန္ခ်ီစာအုပ္တစ္အုပ္ကို ဖ်က္ကနဲ
ဖ်က္ကနဲ လွန္ၾကည့္လိုက္ရသလိုပဲ....၊တစ္ပိုဒ္ၿပီးသြား
တိုင္း ခံစားခ်က္တစ္မ်ဳိးရရဲ႕....၊ကဲ.....ခုေတာ့ ၂၀၁၂ကို
ဆာရိုနာရား လုပ္ၿပီး ၂၀၁၃ ကုိႏႈတ္ခြန္းဆက္ရၿပီေပါ့ေလ။

blackroze said...

အထြန္းေရ
2013 မွာ က်န္တဲ့အေရးေတြအျပင္
အခ်စ္ေ၇းပါအဆင္ေျပေစေၾကာင္း
ဆုမြန္ေတာင္း၏..

ေခ်ာ(အစိမ္းေရာင္လြင္ျပင္) said...

စန္းထြန္းေရ
၂၀၁၃ကို ေပ်ာ္ရႊင္ စိတ္ခ်မ္းသာစြာနဲ႕ ၾကိဳႏိုင္ပါေစ...
ျပီးေတာ႕လည္း ၂၀၁၃ဟာ စန္းထြန္းအတြက္ ကံေကာင္းျခင္း စိတ္ခ်မ္းသာျခင္းေတြကို ယူေဆာင္လာပါေစလို႕ ဆုေတာင္းေပးလိုက္ပါတယ္
အစစအဆင္ေျပပါေစေနာ္.

Angelhlaing(May everybody be happy and healthy! said...

ဟုတ္တယ္ဟုတ္တယ္ ၂၀၁၃မွာ အခ်စ္ေရး ၾကားခ်င္ပါတယ္ဗ်ိဳ႕....:) ျပန္လည္က်န္းမာလာတဲ႕ အေဖသတင္းၾကားရတာ .. ဝမ္းသာပါတယ္ စန္းထြန္းေရ... ရန္ကုန္ေဆးရံုၾကီးအေၾကာင္းေတာ့ မေျပာပါနဲ႕ .... ဒါေတြေျပာရင္ ေဒါေတြပါလာေရာ... :(
ေပ်ာ္ရြင္စရာ မဂၤလာ နွစ္သစ္ေလး ပိုင္ဆိုင္ပါေစ စန္းထြန္းေရ...

ဟန္ၾကည္ said...

ခရစ္စမတ္နဲ႔ ႏွစ္ကူးမွာ
မခ်စ္တတ္ မခ်စ္ဖူးတဲ့
ေဒၚစန္းထြန္းတစ္ေယာက္
အၿမီးေပါက္ၿပီး ခရီးေရာက္ပါေစဗ်ား...

( တတ္ႏိုင္ဘူးဗ်ာ...သည္အခ်ိန္က သည္အၿပဳိႀကီးေတြေတြ႕ရင္ သည္ဆုပဲ ေပးခ်င္ေနေတာ့တာပဲ...)

စန္းထြန္းရဲ႕ အေဖက်န္းမာေရး ျပန္လည္ေကာင္းမြန္လာတာလဲ ႏွစ္သစ္ရဲ႕ မဂၤလာတစ္ပါးပါပဲေလ...

အလင္းသစ္ said...

ႏွစ္သစ္မွာေတာ့ ခၽြင္းခ်က္မရွိ ျပည့္စံု ေပ်ာ္ရႊင္ႏိုင္ပါေစဗ်ာ.... :)

San San Htun said...

သူကြီးမင်း said...
စန်းထွန်းတစ်ယောက် ပျောက်နေတာ အတော်လေး ကြာပြီကော။ ပေါ်လာပြန်တော့လဲ ၂၀၁၂ နှုတ်ဆက်သံနဲ့။

အချစ်ရေးကလွဲရင်ကျန်တာ အားလုံး အဆင်ပြေတယ်ဆိုတော့ အချစ်ရေးက ဘယ်လိုတွေ ဖြစ်နေလို့တုန်း။ း))
December 26, 2012 at 7:12 PM
mstint said...
နှစ်သစ်နဲ့အတူ မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ စန်းစန်းရေ။
ပျောက်ဆို တီတင့်လည်းမရောက်တာနဲ့ အတော်ပဲ း)
တဂ်ပို့စ်လေးကနေ ဗဟုသုတတွေဖဲ့ယူသွားပြီနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်
December 26, 2012 at 7:53 PM
Anonymous said...
ပျော်ရွှင်သောနှစ်သစ်များပိုင်ဆိုင်ပါစေစန်းထွန်းလေးရေ။
အလုပ်တွေရှုပ်နေလို့အရှုပ်တွေမလုပ်နိုင်ဘူးဖြစ်နေတယ်။
မမေ့သွားနဲ့နော်။
အိုင်အိုရာ
December 27, 2012 at 12:29 AM
ညိမ်းနိုင် said...
စန်းထွန်း ပို့စ်လေးဖတ်ရတာ ပန်ချီဆရာတစ်ယောက်ရဲ့
ပုံကြမ်းတွေဆွဲထားတဲ့ ပန်ချီစာအုပ်တစ်အုပ်ကို ဖျက်ကနဲ
ဖျက်ကနဲ လှန်ကြည့်လိုက်ရသလိုပဲ....၊တစ်ပိုဒ်ပြီးသွား
တိုင်း ခံစားချက်တစ်မျိုးရရဲ့....၊ကဲ.....ခုတော့ ၂၀၁၂ကို
ဆာရိုနာရား လုပ်ပြီး ၂၀၁၃ ကိုနှုတ်ခွန်းဆက်ရပြီပေါ့လေ။
December 27, 2012 at 8:14 AM
blackroze said...
အထွန်းရေ
2013 မှာ ကျန်တဲ့အရေးတွေအပြင်
အချစ်ရေးပါအဆင်ပြေစေကြောင်း
ဆုမွန်တောင်း၏..
December 27, 2012 at 12:12 PM
ချော(အစိမ်းရောင်လွင်ပြင်) said...
စန်းထွန်းရေ
၂၀၁၃ကို ပျော်ရွှင် စိတ်ချမ်းသာစွာနဲ့ ကြိုနိုင်ပါစေ...
ပြီးတော့လည်း ၂၀၁၃ဟာ စန်းထွန်းအတွက် ကံကောင်းခြင်း စိတ်ချမ်းသာခြင်းတွေကို ယူဆောင်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်
အစစအဆင်ပြေပါစေနော်.
December 29, 2012 at 12:50 AM
Angelhlaing(May everybody be happy and healthy! said...
ဟုတ်တယ်ဟုတ်တယ် ၂၀၁၃မှာ အချစ်ရေး ကြားချင်ပါတယ်ဗျို့....:) ပြန်လည်ကျန်းမာလာတဲ့ အဖေသတင်းကြားရတာ .. ဝမ်းသာပါတယ် စန်းထွန်းရေ... ရန်ကုန်ဆေးရုံကြီးအကြောင်းတော့ မပြောပါနဲ့ .... ဒါတွေပြောရင် ဒေါတွေပါလာရော... :(
ပျော်ရွင်စရာ မင်္ဂလာ နှစ်သစ်လေး ပိုင်ဆိုင်ပါစေ စန်းထွန်းရေ...
December 29, 2012 at 11:42 AM
ဟန်ကြည် said...
ခရစ်စမတ်နဲ့ နှစ်ကူးမှာ
မချစ်တတ် မချစ်ဖူးတဲ့
ဒေါ်စန်းထွန်းတစ်ယောက်
အမြီးပေါက်ပြီး ခရီးရောက်ပါစေဗျား...

( တတ်နိုင်ဘူးဗျာ...သည်အချိန်က သည်အပြိုကြီးတွေတွေ့ရင် သည်ဆုပဲ ပေးချင်နေတော့တာပဲ...)

စန်းထွန်းရဲ့ အဖေကျန်းမာရေး ပြန်လည်ကောင်းမွန်လာတာလဲ နှစ်သစ်ရဲ့ မင်္ဂလာတစ်ပါးပါပဲလေ...
January 3, 2013 at 1:06 PM
အလင်းသစ် said...
နှစ်သစ်မှာတော့ ချွင်းချက်မရှိ ပြည့်စုံ ပျော်ရွှင်နိုင်ပါစေဗျာ.... :)
January 5, 2013 at 7:26 AM