အချိန်ရမှ နားဆင်ပါ - ၁
ကန်တက်ကီနားရဲ ့အကြိ ုက်ဆုံး ရေဒီယို စတေရှင်းတွေကတော့ 99.7 နဲ့95.0 အဖ်အမ်တွေပါ။ 95.0 ကတော့ Symphony  အော်ပရာတွေပဲ လွှင့်ပြီး  ( စင်္ကာပူ  Symphony 92.4 fm ကို ပိုကြိ ုက်တယ် )  99.7 ကတော့ ဟစ်ဖြစ်တယ့် သီချင်းတွေ လွှင့်ပါတယ်။  ရေဒီယိုမှာ နားထောင်ရပြီး ဘေဘုတ်မှာ ရှာကြည့်တော့မှ သီချင်းနာမည်နဲ့ အဆိုတော်ကို တွဲမိတော့တယ်။ အချိန်ရရင် နားဆင်သွားပါဦးနော်။
Moroon 5 ရဲ  ့ One More Night ... အသံ၊ တီးလုံး ကောင်းမွန်တာမို့ နံပါတ်တစ် ချိတ်ပါတယ်။
Maroon 5 ရဲ  ့ Payphone ကလည်း နားထောင်လို့ ကောင်းတယ်။
Kesha ရဲ  ့ Die Young သီချင်းကလည်း နားထောင်ကောင်းတယ်။
စစ်ချီတေးလို ဗုံသံ ခပ်ပြင်းပြင်းလေးနဲ့ တင်ဆက်ထားတော့ အစတုန်းက ၂၀၁၀ ကမ္ဘာ့ဖလား အဖွင့်သီချင်း Waving Flag  ဆိုတယ့် K'naan လို့ထင်နေတာ..ခုတော့  fun အဖွဲ့ရဲ့  Some Nights  ပါတယ့်။ အဲဒီအဖွဲ့ကို သိဘူးရယ်။
ရေဒီယိုမှာ နားထောင်ရပြီးကတည်းက  နှစ်သက်နေတာ..ခုမှ သိတယ် Fun အဖွဲ့ရဲ့ We are Young ပါတဲ့။
နံပါတ် ၅ ချိတ်ပြီး ယူကျူမှာ လူကြည့်အများဆုံးနဲ့ အမ်တီဗွီဆု သိမ်းပိုက်သွားပြီး ရယ်လည်းရယ်ရ အားလုံးနှစ်သက်ကြတယ့် ကိုရီယားက PSY ရဲ့ ဂဏ္ဏန်းစတိုင် GANGNAM STYLE ကို အမေရိကန်တွေလည်း ကြိုက်ကြပါတယ်။ သူတို့ထက် အသက်ကြီးတယ့် ချစ်သူကို ကိုရီးယားကောင်မလေးတွေက အိုပါးလို့ ခေါ်ကြတယ်ဆိုတော့ အမေရိကန်မတွေကလည်း  သူတို့ထက် အသက်ကြီးတယ့် ချစ်သူကို ဒက်ဒီလို့ ခေါ်တာနဲ့ တူပါသတဲ့။
အမေရိကန်အဆိုတော်မလေး Taylor Swift  ရဲ့ We are Never Ever Getting Back Together က မြူးမြူးကြွကြွလေး။
၂၀၁၁ အမေရိကန်အိုင်ဒေါ Philip Philips ရဲ့ Home ။ အကြိုက်ဆုံးနေရာလေးက သံပြိုင်ဆိုတယ့် အိုး..အို..အိုး..အို..အို..အိုး နေရာလေးဆိုရင် ရယ်ကြမလား။
သီချင်းလေးတွေ နားဆင်ရင်း ပျော်ရွှင်စရာ အချိန်လေးတွေ ပိုင်ဆိုင်ပါစေ။
စန်းထွန်း
နိုဝင်ဘာ ၁၆၊ ၂၀၁၂။
12 comments:
စံပယ္ခ်ိဳ said...
ချစ်တဲ့ ဂျက်(အာဘွား)
တောက်ပကြယ်စင် said...
ခင်မင်တဲ့
မောင်မျိုး said...
ညိမ်းနိုင် said...
ရယ်....။
mstint said...
မေတ္တာဖြင့်
အန်တီတင့်
မောင်ဘုန်း said...
ညီရဲ said...
သိင်္ဂါကျော် said...
San San Htun said...
စံပယ်ချို said...
စန်းထွန်းရေ ၂ခုတော့နားထောင်ခဲ့တယ်
ချစ်တဲ့ ဂျက်(အာဘွား)
November 16, 2012 at 11:56 PM
တောက်ပကြယ်စင် said...
စန်းထွန်းရေ ရှဲရှဲနော်...
ခင်မင်တဲ့
November 17, 2012 at 12:56 AM
မောင်မျိုး said...
ကျန်တာတွေ နားထောင်ဖူးသားမို့ Philip Philips ရဲ့ Home ကို နားထောင်သွားတယ်ဗျ Morron 5 အဆိုတော်ကို ကျနော် အရမ်းကြိုက်တာဗျ ။
November 17, 2012 at 4:19 AM
ညိမ်းနိုင် said...
အချိန်တော့သိပ်မရဘူး....ဒါပေမယ့် ဂဏန်းစတိုင်ကလွဲ
လို့ အကုန်နားထောင်သွားတယ်....၊အဲ့လိုသီချင်းကောင်း
လေးတွေ ရရင်တင်ပေးဦးနော်...၊ကိုယ့်ဘာသာဆို ဘိလပ်
သီချင်းတွေ ဘယ်သီချင်းကောင်းတယ်ဆိုတာ ရှာတတ်ဘူး
ရယ်....။
November 17, 2012 at 5:21 AM
လွင်ပြင်လှိုင်းငယ် said...
ကျေးကျေးပါ။အချိန်မရ ရအောင်လုပ်ပြီးခံစားသွားပါတယ်
November 17, 2012 at 8:27 AM
mstint said...
ကွန်နက်ရှင်ကို အံ့တုရင်း နားဆင်နေတုန်း တစ်ပုဒ်တောင်မပြီးသေးဘူး မီးပျက်သွားလို့ မီးပြန်လာမှ ဆက်နားထောင်ဖြစ်တယ် စန်းစန်းရေ း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
November 17, 2012 at 11:06 AM
မောင်ဘုန်း said...
Taylor Swift ရဲ့ သီချင်းတွေ အရမ်းကြိုက်တယ် ဗျာ .. ကျေးဇူးပဲ နော် ... ။ ကိုယ်တိုင်ဆို မရှာ ဖြစ်ဘူး ...လေ
November 18, 2012 at 6:56 AM
ချော(အစိမ်းရောင်လွင်ပြင်) said...
GANGNAM STYLE နာမည်ကြီးချက်ကတော့ လက်ဖျားကို ခါရော
တစ်ကမ္ဘာလုံးရဲ့ ဗားရှင်းတွေ ထွက်လိုက်တာ ကြည့်လို့တောင် မနိုင်ဘူး..
သူ့သီချင်းကို လိုက်ပြီး မတုတဲ့ နိုင်ငံတောင် မရှိတော့ဘူး ထင်ရတာဘဲ။ တေလာဆွစ်က ဒီပုံထဲမှာ သိပ်မလှသလိုဘဲ.. သူ့ကို ချစ်စရာကောင်းလို့ သဘောကျတယ်။ အသံလည်း ကောင်း ရုပ်လည်း ချစ်စရာလေး
November 20, 2012 at 2:16 PM
ညီရဲ said...
သီချင်းကောင်းလေးတွေ မျှဝေပေးတာ ကျေးဇူးတင်လိုက်တာ... တချို့ကို ဒေါင်းပါသွားတယ်...
November 21, 2012 at 12:12 PM
သိင်္ဂါကျော် said...
သီချင်းလေးတွေ ကြိုက်တယ်...
November 24, 2012 at 6:55 AM
Angelhlaing(May everybody be happy and healthy! said...
စန်းထွန်း အချိန်ရလို့ နားထောင်သွားတယ် ..တစ်ချို့လည်း ဒေါင်းသွားတယ်လို့...:)
November 28, 2012 at 4:20 PM