အချိန်ရမှ နားဆင်ပါ - ၁
Moroon 5 ရဲ့ One More Night ...အသံ၊ တီးလုံး ကောင်းမွန်တာမို့  နံပါတ်တစ် ချိတ်ပါတယ်။
Maroon 5 ရဲ့ Payphone ကလည်း နားထောင်လို့  ကောင်းတယ်။
Kesha ရဲ့ Die Young သီချင်းကလည်း နားထောင်ကောင်းတယ်။
စစ်ချီတေးလို ဗုံသံ ခပ်ပြင်းပြင်းလေးနဲ့  တင်ဆက်ထားတော့ အစတုန်းက ၂၀၁၀ ကမ္ဘာ့ဖလား အဖွင့်သီချင်း Waving Flag  ဆိုတယ့် K'naan လို့ ထင်နေတာ..ခုတော့  fun အဖွဲ့ ရဲ့ Some Nights ပါတယ့်။ အဲဒီအဖွဲ့ ကို သိဘူးရယ်။
ရေဒီယိုမှာ နားထောင်ရပြီးကတည်းက  နှစ်သက်နေတာ..ခုမှ သိတယ် Fun အဖွဲ့ ရဲ့  We are Young ပါတဲ့။
နံပါတ် ၅ ချိတ်ပြီး ယူကျူမှာ လူကြည့်အများဆုံးနဲ့  အမ်တီဗွီဆု သိမ်းပိုက်သွားပြီး ရယ်လည်းရယ်ရ အားလုံးနှစ်သက်ကြတယ့် ကိုရီယားက PSY ရဲ့  ဂဏ္ဏန်းစတိုင် GANGNAM STYLE ကို အမေရိကန်တွေလည်း ကြိုက်ကြပါတယ်။ သူတို့ ထက် အသက်ကြီးတယ့် ချစ်သူကို ကိုရီးယားကောင်မလေးတွေက အိုပါးလို့  ခေါ်ကြတယ်ဆိုတော့ အမေရိကန်မတွေကလည်း  သူတို့ ထက် အသက်ကြီးတယ့် ချစ်သူကို ဒက်ဒီလို့  ခေါ်တာနဲ့  တူပါသတဲ့။
အမေရိကန်အဆိုတော်မလေး Taylor Swift  ရဲ့ We are Never Ever Getting Back Together က မြူးမြူးကြွကြွလေး။
၂၀၁၁ အမေရိကန်အိုင်ဒေါ Philip Philips ရဲ့ Home ။ အကြိုက်ဆုံးနေရာလေးက သံပြိုင်ဆိုတယ့် အိုး..အို..အိုး..အို..အို..အိုး နေရာလေးဆိုရင် ရယ်ကြမလား။
သီချင်းလေးတွေ နားဆင်ရင်း ပျော်ရွှင်စရာ အချိန်လေးတွေ ပိုင်ဆိုင်ပါစေ။
စန်းထွန်း
နိုဝင်ဘာ ၁၆၊ ၂၀၁၂။
11 comments:
စံပယ်ချို said...
စန်းထွန်းရေ ၂ခုတော့နားထောင်ခဲ့တယ်
ချစ်တဲ့ ဂျက်(အာဘွား)
တောက်ပကြယ်စင် said...
စန်းထွန်းရေ ရှဲရှဲနော်...
ခင်မင်တဲ့
မောင်မျိုး said...
ကျန်တာတွေ နားထောင်ဖူးသားမို့ Philip Philips ရဲ့  Home ကို နားထောင်သွားတယ်ဗျ Morron 5 အဆိုတော်ကို ကျနော် အရမ်းကြိုက်တာဗျ ။
ညိမ်းနိုင် said...
အချိန်တော့သိပ်မရဘူး....ဒါပေမယ့် ဂဏန်းစတိုင်ကလွဲ
လို့ အကုန်နားထောင်သွားတယ်....၊အဲ့လိုသီချင်းကောင်း
လေးတွေ ရရင်တင်ပေးဦးနော်...၊ကိုယ့်ဘာသာဆို ဘိလပ်
သီချင်းတွေ ဘယ်သီချင်းကောင်းတယ်ဆိုတာ ရှာတတ်ဘူး
ရယ်....။
လွင်ပြင်လှိုင်းငယ် said...
ကျေးကျေးပါ။အချိန်မရ ရအောင်လုပ်ပြီးခံစားသွားပါတယ်
mstint said...
ကွန်နက်ရှင်ကို အံ့တုရင်း နားဆင်နေတုန်း တစ်ပုဒ်တောင်မပြီးသေးဘူး မီးပျက်သွားလို့ မီးပြန်လာမှ ဆက်နားထောင်ဖြစ်တယ် စန်းစန်းရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မောင်ဘုန်း said...
Taylor Swift ရဲ့ သီချင်းတွေ အရမ်းကြိုက်တယ် ဗျာ .. ကျေးဇူးပဲ နော် ... ။ ကိုယ်တိုင်ဆို မရှာ ဖြစ်ဘူး ...လေ
ချော(အစိမ်းရောင်လွင်ပြင်) said...
GANGNAM STYLE နာမည်ကြီးချက်ကတော့ လက်ဖျားကို ခါရော
တစ်ကမ္ဘာလုံးရဲ့ ဗားရှင်းတွေ ထွက်လိုက်တာ ကြည့်လို့တောင် မနိုင်ဘူး..
သူ့သီချင်းကို လိုက်ပြီး မတုတဲ့ နိုင်ငံတောင် မရှိတော့ဘူး ထင်ရတာဘဲ။ တေလာဆွစ်က ဒီပုံထဲမှာ သိပ်မလှသလိုဘဲ.. သူ့ကို ချစ်စရာကောင်းလို့ သဘောကျတယ်။ အသံလည်း ကောင်း ရုပ်လည်း ချစ်စရာလေး
ညီရဲ said...
သီချင်းကောင်းလေးတွေ မျှဝေပေးတာ ကျေးဇူးတင်လိုက်တာ... တချို့ ကို ဒေါင်းပါသွားတယ်...
သိင်္ဂါကျော် said...
သီချင်းလေးတွေ ကြိုက်တယ်...
Angelhlaing(May everybody be happy and healthy! said...
စန်းထွန်း အချိန်ရလို့ နားထောင်သွားတယ် ..တစ်ချို့လည်း ဒေါင်းသွားတယ်လို့...:)