Singapore Botanic Garden

ဘလော့ဂင်းရင်း စင်္ကာပူရုက္ခဗေဒဥယျာဉ်ဆိုတာ တွေ့လိုက်ရတော့ ကိုယ်သွားခဲ့တာလေး သတိရသွားတယ်။ စန်းထွန်းတောင်တက်နေသည် - ၁ ပို့စ်တွေတုန်းက ဖလမ်းဖလမ်းထဖက် အဲလေ တောင်တက်ဖက် အိအိနဲ့ ၂၀၁၀ ဧပရယ်  Good Friday ပိတ်ရက်မှာ တခါ၊ စက်တင်ဘာမှာ ဘွဲ့ယူဖို့ ရောက်နေကြတယ့် ဖေ၊ မေ၊ မောင်မောင်တို့ကို လိုက်ပို့ပေးရလို့တခါ နှစ်ခါတိတိ ရောက်ပါတယ်။

စင်္ကာပူရောက်ရင် ရောက်သင့်တယ့်နေရာတွေထဲမှာ ဒီရုက္ခဗေဒဥယျာဉ်ကြီးလည်း ပါပါတယ်။ ဝင်ကြေးက အခမဲ့ပါ။ Buona Vista နဲ့ Orchard ပြေးဆွဲတယ့် ကားတွေစီး Gleneagles Hospital မှတ်တိုင်မှာ ဆင်းပြီး လမ်းကူးလိုက်တာနဲ့ ရောက်ပါပြီ။ Bukit Timah ဖက်ကလာရင် Singapore Botanic Garden မှတ်တိုင်မှာ ဆင်းတာနဲ့ ရောက်ပါပြီ။ Circle အဝါရောင်မီးရထားလိုင်းကြီး ပြီးသွားရင်တော့ ရထားစီးပြီး ရုက္ခဗေဒဥယျာဉ်မှတ်တိုင်မှာ ဆင်းရုံပဲ။ သစ်ခွဥယျာဉ် ဝင်ချင်ရင်တော့ စီနီယာစီတင်ဇင်၊ ကလေးတွေက အခမဲ့၊ ကျောင်းသားဆိုရင် ဒီစကောင့်နဲ့ ငါးကျပ်ပေးရပါတယ်။ ငါးကျပ်မပေးချင်လို့ အင်တင်တင်လုပ်နေတာ အိအိက နောင်ရောက်ဖြစ်မှာ မဟုတ်ဘူး ဝင်ရအောင်ဟာလို့ တိုက်တွန်းတာနဲ့ ဝင်ဖြစ်သွားပါတယ်။ ငါးကျပ်ပေးရတာ တကယ်တန်ပါတယ်။ အမျိုးအစားအစုံအလင် သစ်ခွပန်းကလေးတွေ မြင်ရတာ စိတ်ချမ်းသာပါတယ်။

ရုက္ခဗေဒ မှန်လှောင်အိမ်ထဲမှာ ကိုးတန်း၊ ဆယ်တန်း ဘိုင်အိုမှာ သင်ရတယ့် အပင်တွေ တွေ့ခဲ့သေးတယ်။


ဘွန်ဇိုင်းမျိုးစုံ၊ ကြာမျိုးစုံ၊ Symphony Lake မှာဆို တေးဂီတစင်ဆက်တယ့် အဆောက်အဦးတွေနဲ့ သာယာပါတယ်။ တနေ့တာ အပန်းဖြေစေမယ့် နေရာလေးပေါ့။ ရှုခင်းလှလို့ လက်ထပ်မင်္ဂလာဆင်နွှဲမယ့် မောင်နှံတွေ ဓာတ်ပုံအရိုက်များကြတယ့် နေရာလေးပါ။

အဲဒီတုန်းက ဘလော့ဂါ မဖြစ်သေးတော့ ရှုခင်းထက် ကိုယ့်ကိုကိုယ် ပြန်ရိုက်တာ များတယ်။ လှတယ့်နေရာလေးတွေ့ရင် အပြေးလေးကပ် လက်နှစ်ချောင်းထောင်လိုက်၊ ခါးလေးကုန်းလိုက်နဲ့ ပဲပေးနေတာများ မြင်ရသူ ရယ်ချင်စရာ။ သူများတွေက ရှုခင်းခံစားနေချိန်မှာ ဘယ်နေရာလေးမှာ ဘယ်လိုပဲပေးပြီး ရိုက်ရမလဲလို့စဉ်းစားနေတာကိုး။ နို့မို့ ဓာတ်ပုံဒီထက်များများ တင်နိုင်မှာ။ ( ဘုရား..ဘုရား တော်ပါသေးရဲ့ အဲဒီတုန်းက ဘလော့ဂါ မဖြစ်သေးတာ...သူ့ဟိုရိုက် ဒီရိုက်လက်ရာတွေနဲ့ နှိပ်စက်မယ့်ဒုက္ခက လွတ်သွားတယ်..  း D  )

အောက်ကသစ်ခွပုံကတော့ ကြွားတာ... း ) ။ မခိုင်ဆရာမဆီက ယူလာပြီး အိမ်မှာပွင့်တယ့် သစ်ခွလေးပါ။ Clementi အိမ်က နေရောင်ရတော့ ပွင့်လိုက်တာ။ ဘုရားပန်း အတော်ကပ်လိုက်ရတယ်။ Boon Lay အိမ်ပြောင်းတော့ နေရောင်မရလို့ သေသွားတယ်။

စင်္ကာပူရောက်ခဲ့ရင် ရုက္ခဗေဒဥယျာဉ်ကြီးကို သွားပြီး ခြေတို.. အဲလေ အပန်းဖြေကြပါနော်။

စန်းထွန်း
အောက်တိုဘာ ၁၅၊ ၂၀၁၂။

9 comments:

Iora said...

လွလိုုက္တာစန္းထြန္းေရ။
ကန္ေဘးကခံုုေလးမွာထုုိင္ခ်င္တယ္။
ကိုု္ယ္ကခံုုတန္းေလးေတြကိုုႏွစ္သက္တတ္တယ္။
အိုုင္အိုုရာ

မီးမီးငယ် said...

ကိုစန္းထြန္း..ပန္းလွတယ္ဗ်ဳိ ့...
းP

ညိမ္းႏိုင္ said...

စလံုးကေနေတာင္ ျပန္ေျပးေတာ့မယ္....ကၽြန္ေတာ့္မယ္
အဲ့ ဥယ်ာဥ္ထဲ မေရာက္ေသးဘူးရယ္....၊မျပန္ခင္တစ္
ရက္ေတာ့သြားမယ္အားခဲထားတာပါပဲ အစ္မစန္းထြန္းရာ.....

ေတာက္ပၾကယ္စင္ said...

စန္းထြန္းေရ အဲဒီကို ႏွစ္ခါေရာက္ဖူးၿပီးေပမယ့္ ေနာက္ထပ္ေရာက္ႏုိင္ဖို႔လည္း ေမွ်ာ္လင့္ေနမိေသးတယ္။ တကယ္ေပ်ာ္စရာေလးဟ။
ခင္မင္လ်က္

ညီလင္းသစ္ said...

က်ေနာ္လည္း တစ္ခါမွ မေရာက္ဖူးေသးဘူးဗ်၊ း) သစ္ခြေတြ အေတာ္လွတယ္ေနာ္၊ သြားလည္ရေအာင္ စာရင္းတို႔ထားလိုက္ၿပီ...။

ညီရဲ said...

ဟိုတေလာက တစ္ေခါက္ေရာက္ျဖစ္တယ္... ငါးက်ပ္ကေတာ့ ဓာတ္ပံုရိုက္ရတာနဲ ့တင္ တန္ပါတယ္... သစ္ခြပန္းပြင့္ေတြကို အမ်ဳိးအစား စံုစံုလင္လင္ တစုတရံုးတည္း ျမင္ရတာကိုက ၾကည္ႏူးဖုိ ့ေကာင္းတာ...

Angelhlaing(May everybody be happy and healthy! said...

စန္းထြန္းေျပာလို႕ ေျခတို ခ်င္..အဲ ..ေရာက္ဖူးခ်င္သြားတယ္ ..သစ္ခြပန္းေလးေတြက လွလိုက္တာ.....:)

ေခ်ာ(အစိမ္းေရာင္လြင္ျပင္) said...

သစ္ခြေတြ လွလုိက္တာစန္းထြန္းရယ္
ဟိုရက္ပိုင္းက ေရာက္ခဲ႕တဲ႕ ျပင္ဦးလြင္ သစ္ခြျခံမွာေတာင္ ဒီေလာက္ မလွဘူး..
သူမ်ားဆီကေတာ႕ ေသခ်ာ ေစာင္႕ေရွာက္ထားတာမို႕ထင္ပါရဲ႕ အေရာင္လည္းလွ အပြင္႕လည္းလွ..

San San Htun said...

Iora said...
လှလိုက်တာစန်းထွန်းရေ။
ကန်ဘေးကခုံလေးမှာထိုင်ချင်တယ်။
ကိုယ်ကခုံတန်းလေးတွေကိုနှစ်သက်တတ်တယ်။
အိုင်အိုရာ
October 15, 2012 at 4:47 AM
မီးမီးငယ် said...
ကိုစန်းထွန်း..ပန်းလှတယ်ဗျို့...
းP
October 15, 2012 at 8:35 AM
ညိမ်းနိုင် said...
စလုံးကနေတောင် ပြန်ပြေးတော့မယ်....ကျွန်တော့်မယ်
အဲ့ ဥယျာဉ်ထဲ မရောက်သေးဘူးရယ်....၊မပြန်ခင်တစ်
ရက်တော့သွားမယ်အားခဲထားတာပါပဲ အစ်မစန်းထွန်းရာ.....
October 15, 2012 at 9:17 AM
တောက်ပကြယ်စင် said...
စန်းထွန်းရေ အဲဒီကို နှစ်ခါရောက်ဖူးပြီးပေမယ့် နောက်ထပ်ရောက်နိုင်ဖို့လည်း မျှော်လင့်နေမိသေးတယ်။ တကယ်ပျော်စရာလေးဟ။
ခင်မင်လျက်
October 15, 2012 at 11:15 AM
ညီလင်းသစ် said...
ကျနော်လည်း တစ်ခါမှ မရောက်ဖူးသေးဘူးဗျ၊ း) သစ်ခွတွေ အတော်လှတယ်နော်၊ သွားလည်ရအောင် စာရင်းတို့ထားလိုက်ပြီ...။
October 16, 2012 at 3:58 AM
ညီရဲ said...
ဟိုတလောက တစ်ခေါက်ရောက်ဖြစ်တယ်... ငါးကျပ်ကတော့ ဓာတ်ပုံရိုက်ရတာနဲ့တင် တန်ပါတယ်... သစ်ခွပန်းပွင့်တွေကို အမျိုးအစား စုံစုံလင်လင် တစုတရုံးတည်း မြင်ရတာကိုက ကြည်နူးဖို့ကောင်းတာ...
October 17, 2012 at 5:34 AM
Angelhlaing(May everybody be happy and healthy! said...
စန်းထွန်းပြောလို့ ခြေတို ချင်..အဲ ..ရောက်ဖူးချင်သွားတယ် ..သစ်ခွပန်းလေးတွေက လှလိုက်တာ.....:)
October 21, 2012 at 1:30 PM
ချော(အစိမ်းရောင်လွင်ပြင်) said...
သစ်ခွတွေ လှလိုက်တာစန်းထွန်းရယ်
ဟိုရက်ပိုင်းက ရောက်ခဲ့တဲ့ ပြင်ဦးလွင် သစ်ခွခြံမှာတောင် ဒီလောက် မလှဘူး..
သူများဆီကတော့ သေချာ စောင့်ရှောက်ထားတာမို့ထင်ပါရဲ့ အရောင်လည်းလှ အပွင့်လည်းလှ..
October 26, 2012 at 3:36 PM