ဝေဖန်လေကန်ရေး - ၁

ညနေခင်းချိန် ရေနွေးကြမ်းတအိုးနား ဝိုင်းဖွဲ့ရင်း ရပ်ရွာသာရေးနာရေးတွေကို ဆွေးနွေးကြပုံက..

ငါ့မကောင်း ငါ့အကြာင်းရေး
ရာထူးကြီးကြီး စစ်ဗိုလ်ချုပ်တယောက် ကျန်းမာရေးမကောင်းတယ့် သတင်း ဖော်ပြတယ့် ဂျာနယ်တွေကို စာပေစီစစ်ရေးက ခေါ်ကြိမ်းမောင်းတယ့် သတင်းဖတ်ရတော့ နှစ်ပေါင်းတရာကျော်က မင်းတုန်းမင်းတရားကြီးကို သတိရမိတယ်။ ငါမကောင်း ငါ့အကြောင်းရေးခိုင်းတယ့် နှစ်ပေါင်းတရာကျော် ရာဇဝင်ထဲက လူသားတယောက်က ခုခေတ်ကလူတွေထက် ခေတ်မှီများနေသလားလို့။ ခုများတော့ ငါမကောင်း ငါ့အကြောင်းရေးဖို့နေနေသာသာ.....ငါနေမကောင်း ငါ့အကြောင်းရေးဖို့တောင် မဝံ့ပေါင်ဗျာ။

ဗမာ vs မြန်မာ
လူထုခေါင်းဆောင် ဥရောပခရီးထွက်တော့ ဗမာလို့သုံးနှုန်းတော့ မြန်မာလို့သုံးနှုန်းဖို့ ကန့်ကွက်ပါတယ်။ အင်တာနက်မှာလည်း ဗမာ vs မြန်မာ ပွက်လောရိုက်လို့။ ကျောင်းမှာ ကျောင်းသားတွေ မိတ်ဆက်ရင် နာမည်ရယ်၊ နိုင်ငံရယ်ပြောပြီး မိတ်ဆက်ရပါတယ်။ ငါ မြန်မာနိုင်ငံက ဆိုတော့ နီပေါတွေက ဘယ်နားကလဲတယ့် တရုတ်နဲ့ အိန္ဒိယကြား၊ ထိုင်းနဲ့ဘေးချင်းကပ်။ ပထဝီမြေပုံကျွှမ်းတယ့်သူတွေက နည်းနည်းသိသလိုရှိပေမယ့် မကျွှမ်းတယ့်သူတွေက သိဘူးတဲ့။ အဲ ဗမာဆိုတော့ သိတယ်တဲ့။ ဒီတော့ နောင်များဆို မြန်မာ ၊ အရင်တုန်းက ဗမာလို့ခေါ်တယ့် နိုင်ငံကလို့ မိတ်ဆက်ရတယ်။ ဘာလို့နိုင်ငံနာမည်ပြောင်းတာလဲလို့ မေးလာရင် ဟဲ..ဟဲ သိဘူးလို့သွားလေးဖြဲပါတယ်။

ကျောင်းက နီပေါတွေရယ်၊ ရုံးက အင်္ဂလိပ်တွေက ဗမာဆိုမှ သိတယ်။ အမေရိကန်တွေရယ်၊ တရုတ်တွေကတော့ မြန်မာဆိုရင် သိတယ်။ ကားမောင်းလိုင်စင်သွားဖြေတော့  သူတို့ကွန်ပျူတာမှာ မြန်မာဆိုတာ မတွေ့လို့တဲ့ ဘားမားနိုင်ငံကဆိုတော့ တွေ့တယ်။ တချို့နိုင်ငံတွေက ဗမာဆိုမှ သိပြီး တချို့နိုင်ငံတွေကတော့ မြန်မာဆိုရင် သိတယ်။ မြန်မာဆိုတာ မသိတယ့်နိုင်ငံမှာ မြန်မာလို့ ပြောဖို့ တောင်းဆိုတော့ အမယ်မင်း ...ခက်လှချည်ရဲ့။ ကျုပ်တို့ ဒုက္ခတွေကို ကျုပ်တို့ဆီ ရောက်မှ ဒင်းတို့ သိမယ်။

နိုင်ငံခြားသားတွေက မြန်ဆိုတယ့် စကားလုံးကို  အသံထွက်ဖို့ ခက်ပြီး ဗမာဆိုတာ အသံထွက်ဖို့ လွယ်ပါတယ်။ စင်္ကာပူရုံးမှာတုန်းက စလုံးဒါရိုက်တာမက မြန်းမီးစ်လို့ ပြောတယ့်အသံထွက်က ရုပ်ဆိုးလွန်းလို့ ကြက်သီးတောင်မက ဘဲသီးတောင်ထတယ်။ တချို့များက မြန်မာမီးစ်တယ့်။ ဘားမီးစ်လို့ပဲ ခေါ်ပါဗျို့။


စစ်ပွဲများ
သမ္မတက ထိုးစစ် ချက်ချင်းရပ်လို့ အမိန့်စာ ထုတ်ပေမယ့် စစ်အင်အားတွေ ထပ်တိုးပြီး ချေမှုန်းနေတာ ဘာကြောင့်ပါလိမ့်။ သမ္မတရဲ့ အာဏာ၊ လုပ်ပိုင်ခွင့်ကို မေးခွန်းထုတ်ချင်ပါတယ်။ ခေတ်နောက်ပြန်ဆွဲချင်သူတွေကြား အခက်အခဲ၊ အကျပ်အတည်းကြားက ပြည်သူအတွက် ရပ်တည်တယ့် သမ္မတကြီးကို ယုံကြည်ပေမယ့် အစိုးရတရပ်လုံးကို ယုံကြည်ဖို့တော့ တိုင်းရင်းသားအဖွဲ့တွေ မပြောနဲ့ ကျူပ်တောင် မယုံဘူး။

တိုက်ပွဲများ
ကျုပ်တို့ ဟိုင်းကြီးကျွှန်းမှာ ပမ္မဝတီရေတပ်စခန်းဌာနချုပ်တည်တော့ တကျွှန်းလုံးက လယ်တွေ၊ တောင်တွေကို တပ်မြေ မကျူးကျော်ရ ဆိုပြီး သိမ်းလိုက်တာ လယ်လုပ်တယ့် ကျူပ်သူငယ်ချင်းမိသားစုမှာ လယ်ပိုင်ရှင်ဘဝကနေ မုန့်ရောင်းတယ့် ဈေးသည်ဘဝရောက်တယ်။ လျော်ကြေးပေးတယ်လို့လဲ မကြားမိပေါင်ဗျာ။ လယ်ပိုင်ရှင်ဘဝတုန်းက အိမ်ငှားပြီး ကျောင်းတက်နိုင်ပေမယ့် ဈေးသည်ဘဝရောက်တော့ အိမ်မငှားနိုင်လို့ ၁နာရီခွဲ ၂နာရီသာသာ ဝေးတယ့် ဟိုင်းကြီးရွှာက ကျောင်းကို လမ်းလျှောက်တက်ရတယ်။ စာတော်တယ့် ကျုပ်သူငယ်ချင်းဟာ စာကျက်ရမယ့် အချိန်တွေကို လမ်းလျှောက်ကျောင်းတက်ရလို့ ပင်ပန်းတာနဲ့ စာမကြည့်နိုင် အဆင့်တွေ ကျကုန်တယ်။ ကျေးရွှာတွေကို ဖြတ်ကျော်ဖောက်လုပ်တယ့် လမ်းမကြီးတွေကို ဟိုင်းကြီးအပိုင် ရွှာတွေက လူတွေ ကိုယ့်ရိက္ခာနဲ့ကိုယ် တအိမ်တယောက် လုပ်အားပေး ဖောက်လုပ်ခဲ့ရတယ်။

လယ်သိမ်းခံရတယ့် တောင်သူတွေ အကြောင်း သတင်းဖတ်ရတော့ ကျူပ်သူငယ်ချင်းကို သတိရမိတယ်။ လုပ်ကိုင်စားသောက်စရာ လယ်မရှိတော့လို့ ပူပင်သောကရောက်နေရတယ့် လယ်သမားရဲ့ဘဝတွေ။  တောင်သူပိုင်မြေ မကျူးကျော်ရ၊ စက်ရုံစွန့်ပစ်မြေတွေ လာမပစ်ရ ဆိုင်းဘုတ်တွေက လယ်သမားတွေရဲ့ သွေးမျက်ရည်တွေနဲ့ ရေးထားပါဗျ။


စီးပွားရေလုပ်ငန်းရှင်အမတ်မင်း
စီးပွားရေးလုပ်ငန်းရှင် လွှတ်တော်ထဲရောက်တော့ သူတို့အကျိုးစီးပွားထိခိုက်မယ့် ဥပဒေမျိုးဆို မကန့်ကွက်ဘဲ ဘယ်နေပါ့မလဲ။ လွှတ်တော်အမတ်ဟာ စီးပွားရေးသမားဖြစ်နေရင် ပြည်သူ့အကျိုးထက် သူ့အကျိုးကြည့်မှာ သိပ်သေချာတယ်ဗျ။

နိုင်ငံသားအခွင့်အရေး
ကျူပ်တို့ စင်္ကာပူမှာနေရုံနဲ့ စင်္ကာပူနိုင်ငံသား ဖြစ်ရောလား။ ဝေးပါသေးတယ်။ အဲဒီနိုင်ငံမှာ အကြာကြီးနေပြီး ကိုယ်နေတယ့်နိုင်ငံကို အကျိုးပြုပါမှာမှ နိုင်ငံသားဖြစ်ခွင့်ရပါတယ်။ ဘယ်နိုင်ငံမှာမှ နေရုံနဲ့ နိုင်ငံသားဖြစ်ခွင့်မရှိတယ့် အခွင့်အရေးကို ကျုပ်တို့နိုင်ငံမှာ လာမတောင်းဆိုနဲ့ဗျာ။

လာဘ်ပေးလာဘ်ယူ တို့ရန်သူ
လေယာဉ်ပေါ်က ဆင်းတာနဲ့လက်ဆောင်မပါဘူးလားနဲ့ ရန်ကုန်မြို့ကြီးက ကြိုဆိုတယ်။ စစ်တပ်ကပေးတယ့် ဒီမိုကရေစီ ရပေမယ့် ဦးဟန်ကြည် ပို့စ်လို ဒုံရင်းအစ်စ် ဒုံးရင်းပါလားဗျ။ လစာမလောက်ငှလို့ လာဘ်ယူတယ့် ဝန်ထမ်းတွေကို လစာတိုးပေးရုံနဲ့ မလုံလောက်ဘဲ စိတ်ဓာတ်တွေကိုပါ ပြင်ပေးလို့ လိုတယ်လို့ အမေစု ယေးတက္ကသိုလ်မှာ ပြောကြားသွားပါတယ်။ အမှန်ပါပဲ။

ဟယ်လို ကြားရလား..ကြားရလား
သစ်ထူးလွင်းဆိုဒ်မှာ ဖတ်လိုက်ရတာက ဖျာပုံမြို့နယ်က အန်ကယ်တယောက် ဖုန်းလိုင်းလည်း မလျှောက်ဘဲ၊ ဖုန်းလည်း မရှိဘဲနဲ့ ဖုန်းခဘီလ်တောင်းခံတယ့် စာရောက်လာလို့တယ်။ ဒါမျိုးက Only in Myanmar ထင်ပါရဲ့။ ညာဖက်မှာ ကိုင်ထားတယ့်ဖုန်းကနေ ဘယ်ဖက်မှာ ကိုင်ထားတယ့်ဖုန်းကို ခေါ်တာ.. ဘာ...ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတယ်..တောက်..ဘလိုင်းကြီး ညာတယ်ဆိုတယ့် ကာတွန်းလေးကို ပြေးသတိရတယ်။ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ဆင်းကဒ်ထုတ်တယ့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကိုတော့ သြချပါပေတယ်။

အစာကြေလမ်းလေး
ရန်ကုန်မြို့က ဘတ်စ်ကားတွေ စီးရရင် အစာကြေရုံမက ဘုရားပါ မြဲတယ်။ ကားခြင်းဖိုက်လို့ သံဗုဒ္ဓေ ရွတ်ကာ ဘုရားတနေရလို့လေ။ ကားဆရာတွေကို ကျေးဇူးတင်ရမယ် ဘုရား၊ တရားမမေ့အောင် လုပ်ပေးလို့လေ။ လမ်းတွေကလည်း သေသေချာချာ ပြင်တာ မဟုတ်ဘဲ ဟိုနားလေး ဖာလိုက်၊ ဒီနားလေး ဖာလိုက်နဲ့။ တလောက First Eleven ဂျာနယ်မှာ ဖတ်လိုက်ရတာ တောင်မြောက်မြင်းပြိုင်ကွင်းလမ်းဆို ဆိုးလိုက်တာ။ ဆိုက္ကားဆရာတောင် လမ်းထဲမဝင်ဘူး။ လမ်းထဲဝင်ရင် ဘီးခွေခေါက်သွားလို့တယ့်။

ဆင်မယဉ်သာတံတား
လမ်းတံတား အင်ဂျင်နီယာဌာနမှာ အလုပ်လုပ်ခဲ့တယ့် အမတယောက် ပြောတာ သတိရတယ်။ လမ်းတွေဆောက်လို့ ဘတ်ဂျက်ရရင် ဝန်ကြီးကို ဘယ်လောက်ရာခိုင်နှုန်း၊ အရာရှိတွေက ဘယ်လောက်ရာခိုင်နှုန်း ယူကြပြီး ဘတ်ဂျက်ရဲ့ ၃၀ ရာခိုင်နှုန်းကိုသာ အဲဒီတံတားမှာ သုံးတာတဲ့။ အရည်အသွေးမကောင်းတယ့် သံမဏိတွေနဲ့ ဆောက်ထားတာ။ သူ စင်္ကာပူကို ရောက်လို့ တံတားဆောက်ပုံ၊ တံတားဆောက်ပြီးလို့ အရည်အသွေး စစ်ဆေးပုံ၊ ဘယ်အချိန်ရောက်ရင် ဘယ်လိုထိန်းသိမ်းရမယ်ဆိုတယ့် ပလမ်တွေကို မြင်ရတော့မှ မြန်မာပြည်မှာတုန်းက သူတို့ဌာနက ဆောက်ခဲ့တယ့် တံတားတွေပေါ် ဖြတ်တောင်မဖြတ်ရဲဘူးဆိုပဲ။ အောင်မငှီး..။ တရုတ်ပြည်မှာ ဆောက်ပြီးလို့ တနှစ်တောင် မပြည့်သေး... တံတားတွေ ပြိုကျတယ့် သတင်းတွေ ဖတ်ရတော့ မြန်မာပြည်က တံတားတွေဖြတ်တိုင်း သံဗုဒ္ဓေ ရွတ်ဗျ။


Card vs Cash
စလုံးက သူငယ်ချင်းတွေပြောတာတော့ သူတို့မှာ ပိုက်ဆံသယ်စရာမလိုဘူး။ လစာဝင်တာလည်း ဒီကဒ်၊ ဈေးဝယ်တာလည်း ဒီကဒ်၊ လျှော့ပင်းရင်လည်း ဒီကဒ်၊ အွန်လိုင်းကနေ ငွေလွှဲတာလည်း ဒီကဒ်။ ဒီကဒ်လေးထဲမှာ ပိုက်ဆံတွေရှိနေတာ အံ့သြစရာပဲနော်။ အံမယ် ကျူပ်တို့မြန်မာပြည်မှာလည်း အဲဒီလိုကဒ်မျိုး မကြာခင် သုံးလို့ရတော့မယ်တယ့်။  ကောင်းပါ့ဗျာ နို့မို့ အကြွေမရှိလို့ ပိုက်ဆံပြန်မအမ်းတယ့် ဒုက္ခ၊ အသုံးမလိုတယ့် သကြားလုံးတွေ၊ တစ်ရှုးထုပ်တွေ အတင်းပေးတယ့်ဒုက္ခတွေက ကင်းတာပေါ့ဗျာ။ ဒါပေမယ့်ဗျာ..မြို့နယ်ကျော်သွားရင် transaction fee ဖြတ်မယ်ဆိုတာကတော့ ဆိုးတယ်ဗျ။ ကျုပ်ဆို  နေတာက လှိုင်မြို့နယ် သွားတာက ကမာရွှတ်မြို့နယ် လှည်းတန်းဈေး၊ မြို့ထဲက လမ်းမတော်၊ ကျောက်တံတား၊ ပန်းဆိုးတန်း။ အောင်ညလေး.. ပိုက်ဆံမရှိရတယ့်ကြားထဲ မြို့နယ်ကျော်တိုင်း ဟိုဟာဖြတ်မယ် ဒီဟာဖြတ်မယ်ဆိုရင်တော့.. ကျုပ်တော့ ဘာဖီးလ်မှ ပေးစရာမလိုတယ့် ဒုံရင်းအစ်စ် ဒုံရင်း ငွေသားပဲ ကိုင်သုံးတော့မယ်ဗျို့။

တိုင်းပြည်ဘဏ္ဍာရဲ့ ၈၀ရာခိုင်နှုန်းကို စစ်တပ်အတွက် သုံးပြီး ကျန်းမာရေး၊ ပညာရေးအတွက် ၂ရာခိုင်နှုန်းပဲ သုံးတော့ ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်လတ္တံ့အစား စစ်တပ်ဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်လတ္တံ့လို့ ပြောင်းရမယ့်ပုံ။ စင်္ကာပူလို ဘာသယံဇာတမှ မရှိတယ့်နိုင်ငံကို ပညာရေး၊ ကျန်းမာရေး မြှင့်တင်ပြီး လူသားအရင်းအမြစ်နဲ့ တိုးတက်အေင် လီကွမ်ယုက တည်ထောင်ခဲ့ပါတယ်။ စစ်တိုက်ဖို့ပဲ သိတယ့် စစ်ဗိုလ်တွေက နိုင်ငံရဲ့ စီးပွားရေး၊ ပညာရေးတွေကို အုပ်ချုပ်နေတော့ ခက်သားလား။

ကျုပ်တို့ မြန်မာနိုင်ငံကြီးလည်း အရင်လို မဟုတ်တော့ဘူးဗျ။ လွှတ်တော်ဆိုတာ ရှိလာပြီ။ အဆိုတွေ တင်သွင်းလိုက်ကြ၊ ကန့်ကွက်လိုက်ကြနဲ့ ကျွှတ်ကျွှတ်ညံနေတယ့် လွှတ်တော်ကြီးမှာ ကျကျနနငိုက်မြည်းတယ့် အမတ်စိမ်းစိမ်းတွေကို စီအန်အန် သတင်းဌာနကြီးမှာ တွေ့လိုက်ရသေးတယ်။ အမတ်မင်းတွေရယ် လူမသိသူမသိ မငိုက်ဘဲ ဗြောင်ငိုက်ရတယ်လို့။ ကျုပ်လို လူမသိအောင် ငိုက်နည်း လက်တို့ပေးလိုက်ချင်ပါရဲ့ဗျာ။

ကျုပ်ဆို မျက်မှန်တပ်ထားတော့  အဝေးကနေ မျက်စိမှိတ်နေတာကို မမြင်ရဘူးဗျ။ အဲ ဇက်ကြီးလိမ်၊ ခေါင်းမစိုက်အောင်တော့ သတိထားဖို့လိုတယ်။ ခေါင်းစိုက်နေရင်တော့ သေချာတယ် ငိုက်နေတာ။ ကျုပ်ဆို မေးစေ့ လက်ကလေးထောက်၊ မျက်မှန်တပ်ထားတော့ မသိရင် အသေအချာနားစိုက်ထောင်နေတယ့်ပုံ။ အဲ ငိုက်တာလွန်သွားလို့ ခုံနဲ့ဆောင့်ပြီး မေးစေ့ကွဲဖူးတယ်ဗျ။ အဲဒီကတည်းက ခုံပေါ်စာအုပ်တင်ပြီး မေးစေ့မကွဲအောင် ကာကွယ်ရတယ်။ နောက်တနည်းက အချဉ်ထုပ်စားတာ။ ကျုပ်ဆို အိပ်ငိုက်ရင် ချဉ်ချဉ်စပ်စပ် အချဉ်ထုပ် စားလိုက်ရင် မျက်စိကို ကျယ်ထွက်သွားတာပဲဗျ။ ဒါနဲ့မှ မရသေးရင် ဇက်၊ နားထင်ကို ပရုပ်ဆီနဲ့ နာနာပွတ်။ ဒီလိုလက်နက်တွေမှ တိုက်ပွဲကျနေသေးရင်တော့ သန့်စင်ခန်းသွား မျက်နှာသစ်ရတော့တာပဲဗျ။


အရင်တုန်းကဆို ကျုပ် နိုင်ငံရေး သိပ်စိတ်ဝင်စားတာ မဟုတ်ဘူး။ ကိုရီးယားကားဇာတ်လမ်းတွဲ ပြီးလို့ ၈နာရီ သတင်းလာရင် တီဗွီပိတ်တော့တာပဲဗျို့။ ဘယ်နေရာမှာ တံတားအသစ်ဖွင့်တာ၊ ရေကာတာဆောက်တာ ကျုပ်မှ စိတ်မဝင်းစားတာ။ မဂ္ဂါဝပ်တွေနဲ့ ထိန်ထိန်လင်းနေတယ့် သတင်းစာကိုတော့ ဖယောင်မီးနဲ့ ဖတ်ရတာဗျ။ ဒါတောင် အိမ်ရှေ့မှာ ပေါ်ပေါ်ထင်ထင် ထွန်းရဲတာ မဟုတ်ဘူး။ တော်ကြာ ဖယောင်တိုင်မီးထွန်းပြီး လျှပ်စစ်မီးရရှိရေးအတွက် အိမ်တွင်းကနေ ငြိမ်းချမ်းစွာ ဆန္ဒပြနေပါတယ်ဆိုပြီး လာဆွဲစိမှ ဟုတ်ပေ့ဖြစ်နေဦးမယ်။

အရင်တုန်းက ညောင်တပင်ဆိုလား နှစ်ပင်ဆိုလား ညီလာခံလို့တော့ တီဗွီမှာ မြင်လိုက်သားဗျ။ ဘာတွေဆွေး‌နွေးကြလဲ မသိပါဘူးဗျာ။ ၂၀၀၈ အခြေခံဥပဒေရေးဆွဲပြီးပြီ မဲထည့်ပါဆိုတော့ ဘာဥပဒေတွေ ရေးဆွဲထားမှန်းလည်းမသိ၊ မဲထည့်ထည့် မထည့်ထည့် အတည်ပြုမှာပဲမလား။ နာနာလေးကစ်တယ့် နာဂစ်နဲ့ တည့်တည့်တိုးနေလို့ ဘယ်လိုဘယ်ပုံ တခဲနက်ထောက်ခံအတည်ပြုလိုက်မှန်းတောင် မသိပါဘူးဗျာ။

ခုတော့ ကျုပ်တို့ခေါင်းဆောင်နဲ့ ကျုပ်တို့ရွေးကောက်တင်မြှောက်ထားတယ့် အမတ်မင်းတွေ  (သတိ - ဖွတ်အမတ်မင်းများ မပါ) ဘာတွေဆွေးနေလဲလို့ စိတ်ဝင်စားလာတယ်ဗျ။ မကျေနပ်ရင် ဆန္ဒပြတာရယ်၊  စတုတ္တမဏ္ဍိုင်ကြီးကြောင့်လည်း ပိုမြိုင်တာပေါ့ဗျာ။ ခုဆို ကျုပ်တောင် ဂျာနယ်တွေဖတ်၊ ဗွီအိုအေ၊ ဘီဘီစီ၊ အာအပ်ဖ်အေ၊ ဒီဘီဗွီ သတင်းတွေကို ရေဒီယိုလေးနဲ့နားထောင်ပြီး လမ်းထဲက အဘိုးကြီးတွေဆုံကြရင် ခုလို ဝေဖန်လေကန်နိုင်တာပေါ့ဗျာ။

နောင်အနှစ်နှစ်ဆယ်လောက်ဆို ကျုပ်တို့မြန်မာပြည်ကြီးလည်း အာရှကျားတကောင် ဖြစ်လာမယ်ဆိုပဲဗျ။ အဲဒီအချိန်ဆို ကျုပ်မြေးလေးတွေ နိုင်ငံခြားထွက် အလုပ်လုပ်စရာ မလိုတော့ဘူးပေါ့။ အိမ်း ကောင်းလေစွ..ကောင်းလေစွ။

စန်းထွန်း
အောက်တိုဘာ ၇၊ ၂၀၁၂။

14 comments:

Rita said...

=D

စံပယ္ခ်ိဳ said...


ညိမ်းနိုင် said...


mstint said...


မေတ္တာဖြင့်
အန်တီတင့်

Anonymous said...



အိုင်အိုရာ


San San Htun said...

မရီတာ - :D

Unknown said...

You have good enough to do politician by this post. :)

Unknown said...

You have good enough to do politician by this post. :)

AH said...





Sint Si said...

I think, you should read this.

https://www.facebook.com/notes/swe-swe-kyi/%E1%80%B1%E1%80%92%E1%81%9A%E1%80%85%E1%80%AF%E1%80%94%E1%80%B2%E1%82%94-%E1%81%83%E1%81%89-%E1%80%97%E1%80%AF%E1%80%AD%E1%80%80%E1%80%B9%E1%80%95%E1%80%B0%E1%81%BE%E1%80%80%E1%80%AE%E1%80%B8%E1%80%9C%E1%80%AF%E1%80%AD-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%B7%E1%82%8F%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%B1%E1%80%9B%E1%80%B8-%E1%80%A1%E1%80%95%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8-%E1%81%85/293087484137171

San San Htun said...

ကိုအွတ်ထောင်

မချော

Sint Si



San San Htun said...

စံပယ်ချို said...
လက်ရှိအနေအထားကို ကွင်းကွင်းကွက်ကွက်
မြင်ရတဲ့ ထူးခြားတဲ့ပိုစ့်လေးပါစန်းထွန်းရေ
ဒီတခါတော့အရမ်းကြိုက်တယ်ဗျို့
ချစ်တဲ့ sis jasmine အာဘွားးးးးးးးးးး
October 8, 2012 at 1:08 AM
ညိမ်းနိုင် said...
ခဒီတစ်ခါ စန်းထွန်းတစ်ယောက်အရေးအသားလေး
ပြောင်းပြီး ကျကျနနကို သရော်ထားပါရောလား....:)၊ဖတ်
လို့လည်းကောင်းတယ်...သရော်ထားတာထိမိလို့ ရီလည်း
ရီရတယ်..တောင်သူတွေနဲ့တစ်ကွသော ကျွန်တော်အပါ
အဝင် တိုင်းသူပြည်သားများအတွက်လည်း သက်ပြင်းချ
စိတ်မကောင်းဖြစ်မိရဲ့.....
October 8, 2012 at 8:15 AM
mstint said...
စန်းစန်းရဲ့ ဝေဖန်ရေး လေကန်ရေးလေးကို စိတ်ဝင်တစ်စား ဖတ်သွားတယ် း) အိပ်ငိုက်ရင် အလွယ်တကူသုံးနိုင်အောင် စနိုးတာဝါဆောင်ထားတယ် း)
ပုံလေးတွေနည်းတော့ ကြည့်ရတာ မဝသလိုပဲ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်
October 8, 2012 at 9:44 AM
Anonymous said...
...သမတကြီးကလည်းဟိုင်းကြီးဘက်ကဘဲတဲ့။
ကိုယ်အဲဒါဖတ်ရတော့သူတို့အိမ်ရောစန်းထွန်းတို့လို ကြုံခဲ့ဘူးသလားလို့တွေးနေမိတယ်။

...ငိုက်တာကိုအချဉ်ထုတ်စားခိုင်းလို့(ကညလသကြုံသလို)ဆံပင်ချည်နဲ့တွေ့နေမှ ပြေးပေါက်မှားနေမယ်နော်..ဟီး

မြန်မာပြည်ကအရင်ကျားဖြစ်ခဲ့တာပါကွာနော..
အိုင်အိုရာ


October 8, 2012 at 3:26 PM
San San Htun said...
မရီတာ - :D
မဂျက် - လာဖတ်တာ ကျေးဇူးဗျား
ကိုညိမ်းနိုင် - ဟူး..(သက်ပြင်းချသံ)
တီတင့် - စနိုးတာဝါဆောင်ခိုက်လိမ့်မယ် လွှတ်တော်မှာ အိပ်ငိုက်မယ့်သူတွေကို
မမအိုင်အိုရာ - ဟိုင်းကြီးနယ်အပိုင် ပုသိမ်ကနေ ဟိုင်းကြီးမရောက်ခင် ၂နာရီမှာ ကျုံကူးရွာက သမ္မတကြီး ဇာတိပါ။ ကျုံကူးသူတွေက အသားအရေလှပြီး ချောကြတယ်။
October 8, 2012 at 9:14 PM AH said...
ဟား အစုံပါလားဗျို့ အစုံမှ အစုံပဲ... အစာကြေဆေးတောင် ဖတ်ရင်း စားယူရတယ်...

အင်း... ပြောကြစမ်းဘာ မောင်တွေမယ်တွေ.. ဘယ်ပုံဘယ်နည်း စခန်းသွားကြဦးမတဲ့လေ..... ခက်တော့လဲ ခက်သားလား နော့....
October 10, 2012 at 12:09 PM
ချော(အစိမ်းရောင်လွင်ပြင်) said...
စုံပလုံကို စိသွားတာဘဲ...
စန်းထွန်းရေ သိပ်မှန်တဲ့ အချက်အလက်တွေပါလားနော်..
လူမသိအောင် ငိုက်တဲ့နည်းလေး သင်တန်းပို့ချရင်ကောင်းမယ်
ဒီလိုဆို လွတ်တော်အမတ်မင်းတွေ ကောင်းကောင်းငိုက်လို့ ရတာပေါ့နော် ဟုတ်ဘူးလား.. း)
October 10, 2012 at 1:38 PM San San Htun said...
ကိုအွတ်ထောင်
မေးပါရစေရှင့်..မောင်တွေ..မယ်တွေ..ဘယ်ပုံဘယ်နည်း စခန်းသွားကြမှာတုံး..

မချော
အမတ်မင်းတွေကို လွှတ်တော်ထဲမှာ ခိုးငိုက်နည်း သင်တန်းပေးမလားလို့..

Sint Si
I think you should read it..http://maynyane.blogspot.com/2012/10/blog-post.html
မမေငြိမ်းရဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မခန့်လေးစား ထိကပါး ရိကပါး ဝေဖန်ရအောင် ကျမက ဘာမို့လို့လဲ..
October 13, 2012 at 12:45 PM
Angelhlaing(May everybody be happy and healthy! said...
အိပ်ငိုက်နည်းလေး မှတ်သွားပြီ စန်းထွန်း...:)))) မြေးလေးတွေ အလှည့်ကျ နိုင်ငံခြား ထွက်စရာ မလိုတော့ဘူး ဆိုတော့လည်း...မျော်လင့်ချက်လေး နီးများနီးလာသလားလို့ စန်းထွန်းရေ....:D
October 21, 2012 at 1:36 PM