ဘော့စတွန်သွား တောလား...၁

ဇွန် ၂၉ ၂၀၁၂ သောကြာနေ့

သူများတကာ ဖလမ်းဖလမ်းထနေချိန် စန်းထွန်းတကောင် ဖလမ်းဖလမ်း မထနိုင်။ အလုပ်လက်စသတ်နိုင်ရေး ကွန်ပျူတာထဲ ခေါင်းစိုက်နေလေရဲ့။ စီနီယာက အချိန်ယူပြီး အေးအေးဆေးဆေးလုပ်လို့ ပြောပေမယ့် စိတ်ဖိစီးမှုကို ကိုယ့်ဘာသာ ရှာကြံယူတတ်တယ့် ထုံးစံအတိုင်း အပြီးသတ်နိုင်ရေး ဇွဲခတ်နေလေရဲ့။ Assignment ဆိုရင် ဘယ်တော့မှ စောစောတင်လေ့မရှိ။ စောစောတင်နိုင်ရေး ဘယ်လောက်ကြိုးစားကြိုးစား နောက်ဆုံးနေ့မှ အသည်းအသန် ကတိုက်ကရိုက် အူယားဖားယား တင်လေရဲ့။  Assignment နောက်ဆုံးရက် ဇူလှိုင် ၁ တနင်္ဂနွေ ဘော့စတွန်မှာ ဖလမ်းဖလမ်းထနေမှာ။ Assignment တင်ဖြစ်မယ် မထင်။ နေ့လည် ထမင်းစားချိန် အရင်လို သတင်းမဖတ်တော့ဘဲ စာလုပ်ဖြစ်တယ်။

ညနေ ၄နာရီ အလုပ်တွေ မပြီးလည်း ၁၀၁ ဒီဂရီ ခြစ်ခြစ်တောက် ပူပြင်းတယ့် နွေညနေခင်းမှာ လေဆိပ်ဆီ ချီတက်ပါတော့တယ်။ လောလောနဲ့ ကားနောက်အဆုတ် ဘေးကကားကို ဝင်အောင်းတယ်။ နောက်လည်းဆုတ်လို့မရ၊ ရှေ့လည်းတိုးလို့မရ တော်တော်ရင်တုန်သွားတယ်။ အတော်လေး ရုန်းကန်လိုက်မှ ကွေ့လို့ရသွားတယ်။ ဟူး..တော်ပါသေးရဲ့။ အသာလေး လေဆိပ်ကို မောင်းချသွားတယ်။ GPS အကူအညီနဲ့ လေဆိပ်ကို ရောက်ပေမယ့် Surface Parking Lot ဆိုင်းဘုတ်ကြီးကို မြင်နေရဲ့သားနဲ့၊ ကားပါကင်ကြီးကို မြင်နေရဲ့သားနဲ့ လမ်းမတွေ့လို့ ၂ခေါက် ပတ်မောင်းခဲ့ရလေရဲ့။ အဝင်ဂိတ်မှာ ပါကင်းဝင်းထဲ ဝင်တယ့် နေ့စွဲ၊ အချိန်နာရီ မှတ်ထားတယ့် Receipt လေးရတယ်။


လေဆိပ်မှာ လာကြိ ုပို့သူတွေအတွက် ကားကို ခဏပဲ ရပ်လို့ရတယ်။ တော်တော်ကြာကြာရပ်ထားရင် ရဲက လာပြောတယ်။ Under Four Hours Area မှာ ပါကင်ရင် တနာရီ ၁ကျပ်၊ Over Four Hours Area မှာ ပါကင်ရင် တနာရီ ၂ကျပ်၊ Surface Lot မှာ ပါကင်ရင် တနေ့ ၉ကျပ်။ ကားကို လေဆိပ်မှာ ရက်ရှည်ထားမယ့်သူတွေကတော့ Surface Lot မှာ ပါကင်ကြပါတယ်။

ဘော့စတွန်ခရီးက စတိတ်ကို ရောက်ပြီး တစ်နှစ်ကျော်မှ သွားဖြစ်တယ့် ပထမဆုံး လေယာဉ်ခရီးစဉ်။ ကျောင်းကနေ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့၊ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့တွေကို သွားတုန်းက ဘတ်စ်ကားနဲ့ သွားခဲ့တာ။ လေယာဉ်ခ မတတ်နိုင်လို့ :P။ ဘတ်စ်ကားခက သက်သာတယ်၊ ဒါပေမယ့် အချိန်ကြာတယ်။ အိုင်အိုဝါပြည်နယ်ကနေ ချီကာဂိုမြို့ရှိတယ့် အီလီနွိုက်ပြည်နယ်ကို ကျော်ဖြတ်ပြီး အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့အထိ ၄၇၁မိုင်ဝေးပြီး ကားမောင်းရင် ၈နာရီကျော် မောင်းရတယ်။ ဘတ်စ်ကားစီးရင် မနက် ၁၁နာရီက စီးလိုက်တာ နောက်နေ့မနက်မှ စင်စင်နာတီကို ရောက်ပါတယ်။ ဘတ်စ်ကားခက ၁၀၀ ဝန်းကျင်ရှိပါတယ်။


ကန်တက်ဂီပြည်နယ် လူးဝစ်ဗီလ်ကနေ မက်ဆာချူးဆက်ပြည်နယ် ဘော့စတွန်ကို မိုင်တထောင်ကျော်ဝေးပြီး ကားမောင်းရင် ၁၇နာရီ မောင်းရတယ်။ လေယာဉ်စီးရင်တော့ ၃နာရီလောက်ပဲ စီးရတယ်။ လွန်ခဲ့တယ့် ၂လလောက်ကတည်းက ဘွတ်ထားတာမို့လို့၊ ကျောင်းသားမို့လို့ ဒစ်စကောင့်နဲ့တောင် ၄၃၀ ပေးရပါတယ်။ ဇူလှိုင်၄ အမေရိကန်လွတ်လပ်ရေးနေ့ရုံးပိတ်ရက်က ဗုဒ္ဓဟူးနေ့မှာ ကျရောက်တာမို့ ၂ရက်လောက်ခွင့်ယူ၊ စနေ၊ တနင်္ဂနွေပိတ်ရက်နဲ့ပေါင်းပြီး ခရီးသွားကြတယ့်အချိန်အခါသမယမို့ လေယာဉ်ခက အတော့်ကို ဈေးကြီးပါတယ်။

ညနေ ၅နာရီ United Air မှာ Check In ဝင်တော့ ဟမ်းကယ်ရီအိတ်က ၂၅ပေါင် ကျော်နေလို့ ၂၅ပေးလိုက်ရတယ်။ ဂျင်းဘောင်းဘီ ၂ထည်၊ ဂျင်းဂျက်ကက်နဲ့တင် ၂၅ပေါင် ဖြစ်နေပြီ ။ စတိတ်ကို လာတုန်းက  ၂၃ KG အလေးချိန်ရှိတယ့် အိတ်၂လုံးနဲ့ ဟမ်းကမ်ရီသယ်ခွင့် ရှိပါတယ်။ စတိတ်ကို အသား၊ သစ်သီးသစ်ရွက်အစေ့တွေ သယ်လို့မရပါဘူး။ တင်းတင်းကြပ်ကြပ် စစ်ဆေးပါတယ်။ အီတလီက သစ်ရွက်လေးလှလို့ စာအုပ်ကြားထဲ ညှပ်လာတယ့် Megan တယောက် စတိတ်လေဆိပ်လည်းရောက်ရော အမှိုက်ပုံထဲ ရောက်ပါလေလေရော။ ကိုယ်တို့ အင်္ဂလိပ်စာတီချယ် ကာလိုရိုင်း ဟာဝိုင်အီက ပန်းကုံးလေး ဆွဲလာတာ စတိတ်လေဆိပ်လည်းရောက်ရော အမှိုက်ပုံးထဲ ဂျောင်းတော့တာပဲ။

စတိတ်ကိုအလာ ချီကာဂိုမှာတုန်းက ကိုယ့်နောက်က ဟောင်ကောင်တရုတ်ကြီးအိတ်ကို စကန်ဖတ်တာ တီတီမြည်တာနဲ့ Security က အမဲသားသယ်လာတာလားလို့ မေးတော့တာပဲ။ Yanzi ပြောဖူးတာတော့ သြဇီမှာ ကျိုင်းကောင်တွေကျလို့ ဂျုံခင်းတွေ ပျက်စီးတာ ကျိုင်းကောင်းတွေကို စားတယ့် တခြားနိုင်ငံက ဖားတွေ မှာယူပြီး ဂျုံခင်းတွေထဲ ထားတာ ကျိုင်းကောင်တွေကိုတော့ နှိမ်နင်းပါရဲ့။ ဒါပေမယ့် ဖားကောင်ရေက အဆမတန်များပြားလာလို့ မနည်းထိန်းချုပ် လိုက်ရတယ်ဆိုပဲ။ ဒေသခံမဟုတ်တဲ့  အရပ်ဒေသမှာ ရှင်သန်ကြီးပြင်းရတယ့် အပင်၊ အကောင်ပလောင်တွေဟာ အဲဒီအရပ်ဒေသမှာ မရှင်သန်နိုင်ရင် သေရင်သေ၊ မသေလို့ ရှင်ရင်လည်း ဒေသခံမျိုးစိတ်တွေထက် ပိုရှင်သန်၊ ပိုပွားများ ဒီနှစ်နည်းပဲ ရှိပါသတဲ့။ ဒေသခံမျိုးစိတ်တွေကို ထိန်းသိမ်းချင်ရင် နိုင်ငံခြားမျိုးစိတ်တွေ ဝင်ရောက်လာတာကို သေသေချာချာ ကြပ်ကြပ်မတ်မတ် စစ်ဆေးရပါတယ်တဲ့။ နွားရူးရောဂါပိုးရှိတဲ့ အမဲသားတင်သွင်းလာမှာစိုးရိမ်လို့ အမဲသားတင်သွင်းတာကို သေသေချာချာ စစ်ဆေးပါတယ်။


Check In ပြီးတာနဲ့ Security စစ်ဖို့ Q တန်းကြီးက အရှည်ကြီး။ ဖိနပ်၊ နာရီ၊ ဖုန်း၊ ပိုက်ဆံအိတ်၊ ကွန်ပျူတာ၊ ကင်မရာ၊ ပုဆိန်တံဆိပ်လေဆေးဆီ၊ ရေဗူး စကန်ဖတ်ရင် အသံမြည်မယ်ထင်တဲ့ အရာမှန်သမျှ ဗန်းထဲထည့်ပြီး စကန်ဖတ်။ လူကလည်း စကန်ကြီးရှေ့မှာ လက်မြှောက်ပြီး အစစ်ခံရတယ်။ Boarding Pass မှာ ဂိတ် A21 ရေးထားလို့ စောင့်နေတာ A22 ဂိတ်က ဘုတ်မှာ ကိုယ်သွားမယ့် Newark Liberty Intl(EWR) ပေါ်နေပြီး လေယာဉ်နံပါတ်ကလည်း တူနေလို့ သွားမေးကြည့်တာ Last Call for Boarding ပါတဲ့ ခင်ဗျား။ အမယ်မင်း..ကံသီပေလို့..သွားမေးကြည့်ပေလို့သာပေါ့။ မေးများမမေးဘဲ ဂိတ် A21 ကိုသာ စောင့်နေရင်တော့ ဒုက္ခပဲ။

နယူးယောက်ကို ၂နာရီ စီးရပါတယ်။ မိုးမျှော်တိုက်တွေ၊ များပြားလှတဲ့ အဆောက်အဦးတွေကြားထဲ Empire State Building က ဘယ်နားမှာပါလိမ့်။ Liberty Statue က ဘယ်နားမှာပါလိမ့်နဲ့ တွေ့လိုတွေ့ငြား ရှာကြည့်သေးတယ်။ တနေ့တော့ ရောက်အောင်လာခဲ့ဦးမယ် နယူးယောက်ရေ။ လေယာဉ်က မြေပြင်ကို ဆင်းသက်ပြီး မီးပွိုင့်မိနေလို့ လေဆိပ်ရောက်ဖို့ ၁၅မိနစ်လောက် Q နေရသေးတယ်။ Terminal C ကို Shuttle Bus နဲ့ သွားရပါတယ်။ သြော် နယူးယောက်၊ နယူးယောက်။ လေဆိပ်တခုလုံး လူတွေ ဒင်းကြမ်းပြည့်နေလိုက်တာ။ ဆူနမ်ဆီ ဖုန်းဆက်ကြည့်တော့ သူ့လေယာဉ်  Delay ဖြစ်လို့ စင်စင်နာတီမှာပဲ ရှိသေးတယ်တဲ့။ သူ့ Transit ဖြစ်တဲ့ ဝါရှင်တန်ဒီစီရောက်မှ ဖုန်းထပ်ဆက်လိုက်မယ်တဲ့။


နယူးယောက်ကနေ ဘော့စတွန်ကို လေယာဉ်တနာရီလောက် စီးရပါတယ်။ လေယာဉ်က နည်းနည်းကြီးတယ်။ ည ၁၁ နာရီ သတ်မှတ်ထားတဲ့ အချိန်ထက် ၁၅ မိနစ်ခန့်နောက်ကျပြီးမှ ဘော့စတွန်မြို့တော်ကြီးကို ရောက်ပါတယ်။ ရာမားရဲ့ အခန်းဖော် အင်ဒိုနီးရှားမလေး နေတီက လာကြိုနေပါတယ်။ ဘော့စတွန်ကနေ ၁နာရီ အဝေးမှာရှိတဲ့ ရာမားနေထိုင်တဲ့ Gloucester မြို့ဆီ ချီတက်ရပြန်တယ်။ ည၁၂ကျော် အိမ်ရောက်လို့ ရာမား ဗိုက်ဆာတယ် ဘာချက်ထားလည်း မေးတော့ ရေခဲသေတ္တာကြီးကို ဖွင့်ပြတယ်။ နီပါလီဟင်းတွေက အများကြီး။ ဒါပေမယ့် တခုမှ နင်စားနိုင်မှာ မဟုတ်ဘူး။ ခေါက်ဆွဲပြုတ်စားတဲ့။ အဟင့်... တော်တော် လည်ပင်းညှစ် အဲလေ ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်း။



ဆူနမ်ကတော့ ဝါရှင်တန်ဒီစီကို ချောချောမောမောရောက်ပေမဲ့ တော်နေဒိုးဝင်မွှေထားလို့ ဝါရှင်တန်ဒီစီလေဆိပ်မှာ ခရီးစဉ်အားလုံးဖျက်သိမ်း။  မြို့တော်ကြီးကလည်း အမှောင်ကျလို့။ စနေနေ့ည ၆နာရီမှ ဘော့စတွန်ကို သွားမယ့် လေယာဉ်ရှိတာမို့ ဆူနမ်တယောက် ဝါရှင်တန်ဒီစီလေဆိပ်မှာ နောက်ထပ်တနေ့ ဆက်စောင့်မလား၊  စနေနေ့မနက် ၈နာရီ  ဘော့စတွန်ကို သွားမယ့် လေယာဉ်မှီအောင် ဝါရှင်တန်ဒီစီလေဆိပ်ကနေ မိနစ်၄၀လောက် ကားမောင်းရတဲ့အဝေးမှာ ရှိတဲ့ တခြားလေဆိပ်ကို ဆူနမ်တယောက် အရောက်သွားနိုင်မလား...

စန်းထွန်း
ဇူလှိုင် ၇၊ ၂၀၁၂။

15 comments:

လြင္ျပင္လႈိင္းငယ္ said...

ကိုရီးယားေခါက္ဆြဲေလးထင္ပါ့။မစံပယ္ေတာ့ ကိုရီးယားေခါက္ဆြဲၾကိဳက္တယ္

Iora said...

ဟုုတ္တယ္စန္းထြန္းရ။ ေလယာဥ္နဲ ့သြားရင္ဘိုုးဒင္းပတ္စ္မွာေရးထားတဲ့ ဂိတ္နံပါတ္ကိုုဘယ္ေတာ့မွမယံုုစားေလနဲ ့။ အျမဲတန္းတီဗီမွာေပၚေနတာနဲ ့သာစစ္။ အဲဒါမွစိတ္ခ်ရတာ။ ႏုုိ ့မဟုုတ္လိုု ့ကေတာ့ဟုုိေျပးဒီေျပးျဖစ္တတ္တယ္။ ကုုိယ္လည္းႏွစ္ခ်ီၾကံဳဘူးကတည္းကသိသြားတာ။ း)

စံပယ္ခ်ိဳ said...

ေခါက္ဆြဲစားတယ္ေပါ႔ ဂ်က္လုိပဲ
ခဏခဏ စားျဖစ္တယ္ အဲဒီေခါက္ဆြဲပဲေလ
ေဘာ့စတြန္ကို မေရာက္ေသးဘူးေနာ္
ေနာက္တင္တဲ႔ ပုိစ္႔က ေဘာ့စတြန္ေရာက္တဲ႔အေၾကာင္းျဖစ္မယ္
ထင္တယ္ စန္းထြန္းေရ

ညိမ္းႏိုင္ said...

ခရီးေတြထြက္ေနႏိုင္တာ ေကာင္းလိုက္တာဗ်ာ...အားက်
သဗ်ဳိး....။ဆက္ရန္ရွိေသးသေပါ့ေလ...ေမ်ာ့ေနတယ္ဗ်..:)

မြန္မြန္ယိုုကိုု said...

စန္းထြန္းေရ က်န္တဲ.အပိုုင္းေတြေမွ်ာ္ေနတယ္ေနာ္။....:)

ေခ်ာ (အစိမ္းေရာင္လင္ျပင္) said...

ဘတ္စ္ကားၾကီးကို သေဘာက်တယ္။
ေနာက္ အဲဒီေခါက္ဆြဲလည္း ၾကိဳက္တယ္. း)
ခရီးသြားရတာ ေပ်ာ္စရာၾကီးေနာ္..
ခဏခဏ ခရီးသြားခ်င္တာ.. စန္းထြန္းကို အားက်သြားတယ္။

SML (The Chara Project) said...

ေလဆိပ္မွာ ေဒါင္းခ်ာစုိင္းေနမယ့္ သူငယ္ခ်င္းေလးကုိ ျမင္ေယာင္လုိက္တယ္ :)

မီးမီးငယ် said...

ေျမျပင္ေပၚကေနေဝဟင္ကိုေမ်ာ္ၾကည့္လိုက္တာ။
ျပဴးတူးၿပဲတဲနဲ ့ေအာက္ကိုငုံၾကည့္ေနတဲ့စန္းထြန္းက္ုျမင္၊
လိုက္သားဘဲ..။
ေျပးလႊားေနတာ နယူးေယာက္လူသားေတြရဲ ့၊
အမွတ္သေကၤတ ျဖစ္မယ္နဲ ့တူတယ္ေနာ္။
စန္းထြန္းနဲ ့ေတာင္တူလာၿပီဘဲ..ဟီး။

ပစ္ပစ္ said...

အမေလး..အထြန္းရယ္
US မွာခရီးတခါထြက္ရတာလည္း
မလြယ္ပါလားေနာ္..ဟူးးးးးးးးးးးး

ညီလင္းသစ္ said...

ေလယာဥ္က ျမန္တာ မွန္ေပမယ့္ ဘတ္စ္ေတြကလည္း တခါတခါ ႐ွဳခင္းေတြ ၾကည့္ဖို႔ အေတာ္ေကာင္းမယ္ ထင္တယ္ေနာ္၊ အဲ.. အပင္ပန္း ခံႏိုင္ရင္ေပါ့ေလ၊ း) ယူအက္စ္က ေလဆိပ္ေတြ တင္းၾကပ္ပံုကေတာ့ လူေတြ အေတာ္ေျပာၾကတာ ၾကားဖူးတယ္၊ ဆက္ရန္ကို ေစာင့္ေနတယ္ ညီမေရ..။

Angelhlaing(May everybody be happy and healthy! said...

ခရီးေတြ သြားေနတာ မနာလုိဘူးေနာ္... ဟင္းဟင္း...:):) ဗိုက္ဆာလို႕ပါ..စန္းထြန္းရယ္ .:P:P

ကုိကုိေမာင္(ပန္းရနံ႔) said...

ျပည္တြင္းခရီးစဥ္ေတာင္ အဲဒီေလာက္ ေစ်းႀကီးေနမွေတာ့ ဟုိသြားဒီသြား မလြယ္ပါလား။ ဒါေတာင္ ေက်ာင္းသား ဒစ္စေကာင့္တဲ့။ ေတာ္ပီ။ ကန္ကုိေတာ့ လာခ်င္ေတာ့ဘူး။ စန္းထြန္းတင္တာဘဲ ၾကည့္ေတာ့မယ္။ အဲဒါကမွ အကုန္လဲ သက္သာ ၾကည့္စရာေတြလဲ ၾကည့္ရ။ း)

ျမေသြးနီ said...

စန္းထြန္းခရီးသြားေနသည္။
ခရီးမဆံုးေသးပါ။
ဆက္ရန္က်န္ေသးသည္။
ဖတ္ရန္ေစာင့္ေနပါသည္။

လမ္းခရီးမွာ အစစ အဆင္ေျပေခ်ာေမြ႔ပါေစညီမေရ..

အလင္းသစ္ said...

တစ္ေန႕တည္းနဲ႕ ေဘာ္စတြန္သြား ေတာလားခဲ့ပါတယ္...:)

San San Htun said...

လွင်ပြင်လှိုင်းငယ် said...
ကိုရီးယားခေါက်ဆွဲလေးထင်ပါ့။မစံပယ်တော့ ကိုရီးယားခေါက်ဆွဲကြိုက်တယ်
July 7, 2012 at 2:00 AM
Iora said...
ဟုတ်တယ်စန်းထွန်းရ။ လေယာဉ်နဲ့သွားရင်ဘိုးဒင်းပတ်စ်မှာရေးထားတဲ့ ဂိတ်နံပါတ်ကိုဘယ်တော့မှမယုံစားလေနဲ့။ အမြဲတန်းတီဗီမှာပေါ်နေတာနဲ့သာစစ်။ အဲဒါမှစိတ်ချရတာ။ နို့မဟုတ်လို့ကတော့ဟိုပြေးဒီပြေးဖြစ်တတ်တယ်။ ကိုယ်လည်းနှစ်ချီကြုံဘူးကတည်းကသိသွားတာ။ း)
July 7, 2012 at 2:11 AM
စံပယ်ချို said...
ခေါက်ဆွဲစားတယ်ပေါ့ ဂျက်လိုပဲ
ခဏခဏ စားဖြစ်တယ် အဲဒီခေါက်ဆွဲပဲလေ
ဘော့စတွန်ကို မရောက်သေးဘူးနော်
နောက်တင်တဲ့ ပိုစ့်က ဘော့စတွန်ရောက်တဲ့အကြောင်းဖြစ်မယ်
ထင်တယ် စန်းထွန်းရေ
July 7, 2012 at 6:26 AM
ညိမ်းနိုင် said...
ခရီးတွေထွက်နေနိုင်တာ ကောင်းလိုက်တာဗျာ...အားကျ
သဗျိုး....။ဆက်ရန်ရှိသေးသပေါ့လေ...မျော့နေတယ်ဗျ..:)
July 7, 2012 at 11:31 AM
မွန်မွန်ယိုကို said...
စန်းထွန်းရေ ကျန်တဲ.အပိုင်းတွေမျှော်နေတယ်နော်။....:)
July 7, 2012 at 2:08 PM
ချော (အစိမ်းရောင်လင်ပြင်) said...
ဘတ်စ်ကားကြီးကို သဘောကျတယ်။
နောက် အဲဒီခေါက်ဆွဲလည်း ကြိုက်တယ်. း)
ခရီးသွားရတာ ပျော်စရာကြီးနော်..
ခဏခဏ ခရီးသွားချင်တာ.. စန်းထွန်းကို အားကျသွားတယ်။
July 7, 2012 at 5:23 PM
တိမ်ပြာ(မနောမြေ) said...
လေဆိပ်မှာ ဒေါင်းချာစိုင်းနေမယ့် သူငယ်ချင်းလေးကို မြင်ယောင်လိုက်တယ် :)
July 8, 2012 at 1:37 AM
မီးမီးငယ် said...
မြေပြင်ပေါ်ကနေဝေဟင်ကိုမျော်ကြည့်လိုက်တာ။
ပြူးတူးပြဲတဲနဲ့အောက်ကိုငုံကြည့်နေတဲ့စန်းထွန်းက်ုမြင်၊
လိုက်သားဘဲ..။
ပြေးလွှားနေတာ နယူးယောက်လူသားတွေရဲ့၊
အမှတ်သင်္ကေတ ဖြစ်မယ်နဲ့တူတယ်နော်။
စန်းထွန်းနဲ့တောင်တူလာပြီဘဲ..ဟီး။
July 8, 2012 at 8:54 AM
ပစ်ပစ် said...
အမလေး..အထွန်းရယ်
US မှာခရီးတခါထွက်ရတာလည်း
မလွယ်ပါလားနော်..ဟူးးးးးးးးးးးး
July 8, 2012 at 2:29 PM
ညီလင်းသစ် said...
လေယာဉ်က မြန်တာ မှန်ပေမယ့် ဘတ်စ်တွေကလည်း တခါတခါ ရှုခင်းတွေ ကြည့်ဖို့ အတော်ကောင်းမယ် ထင်တယ်နော်၊ အဲ.. အပင်ပန်း ခံနိုင်ရင်ပေါ့လေ၊ း) ယူအက်စ်က လေဆိပ်တွေ တင်းကြပ်ပုံကတော့ လူတွေ အတော်ပြောကြတာ ကြားဖူးတယ်၊ ဆက်ရန်ကို စောင့်နေတယ် ညီမရေ..။
July 9, 2012 at 4:17 AM
Angelhlaing(May everybody be happy and healthy! said...
ခရီးတွေ သွားနေတာ မနာလိုဘူးနော်... ဟင်းဟင်း...:):) ဗိုက်ဆာလို့ပါ..စန်းထွန်းရယ် .:P:P
July 9, 2012 at 12:35 PM
ကိုကိုမောင်(ပန်းရနံ့) said...
ပြည်တွင်းခရီးစဉ်တောင် အဲဒီလောက် ဈေးကြီးနေမှတော့ ဟိုသွားဒီသွား မလွယ်ပါလား။ ဒါတောင် ကျောင်းသား ဒစ်စကောင့်တဲ့။ တော်ပီ။ ကန်ကိုတော့ လာချင်တော့ဘူး။ စန်းထွန်းတင်တာဘဲ ကြည့်တော့မယ်။ အဲဒါကမှ အကုန်လဲ သက်သာ ကြည့်စရာတွေလဲ ကြည့်ရ။ း)
July 10, 2012 at 12:21 PM
မြသွေးနီ said...
စန်းထွန်းခရီးသွားနေသည်။
ခရီးမဆုံးသေးပါ။
ဆက်ရန်ကျန်သေးသည်။
ဖတ်ရန်စောင့်နေပါသည်။

လမ်းခရီးမှာ အစစ အဆင်ပြေချောမွေ့ပါစေညီမရေ..
July 11, 2012 at 6:10 AM
အလင်းသစ် said...
တစ်နေ့တည်းနဲ့ ဘော်စတွန်သွား တောလားခဲ့ပါတယ်...:)
July 15, 2012 at 3:27 PM