May no Rohingya at Burma !
ကျွန်ုပ်သည် ရခိုင်လူမျိုး မိဘနှစ်ပါးက မွေးဖွားခဲ့သောကြောင့် ရခိုင်လူမျိုးဖြစ်သည့်အပြင် ရခိုင်စကား မပြောတတ်သော၊ ၇နှစ်သမီးအရွယ်က အဖွားဆုံးလို့  ရခိုင်ပြည်ကို ခဏရောက်ဖူးသည်က လွဲလျှင် ရခိုင်ပြည်တွင် မနေသော ရခိုင်လူမျိုးစစ်စစ် တစ်ယောက် ဖြစ်သည်။ ရခိုင်လူမျိုးတယောက် ရေးသည့် စာဖြစ်သည့်အတွက် ဘက်မလိုက်သည့် စာဖြစ်ချင်မှ ဖြစ်မည်။ ကျွန်ုပ် ရင်ထဲက ခံစားချက်များ ဖြစ်သောကြောင့် အမြင်မတူ သဘောကွဲလွဲတာတွေ ရှိနိုင်မည်။
အားလုံးသိကြသည့်အတိုင်း မောင်းတော၊ စစ်တွေမြို့ တွင် ဖြစ်ပွားသော အကြမ်းဖက်မှု၏ အစသည် မသီတာထွေးကို ဘင်္ဂါလီကုလား ၃ယောက်က မုဒိမ်းကျင့်ကာ အသတ်ခံရမှု၊ တောင်ကုတ်တွင် အစ္စလာမ်ဘာသာဝင် ၁၀ဦး အသတ်ခံရခြင်းမှ စတင်ခဲ့ခြင်း ဖြစ်သည်။ မောင်းတောတွင် သောကြာနေ့  ဗလီအဆင်း ဘင်္ဂါလီကုလားများက လူစုလူဝေးဖြင့် မီးရှို့ ၊ သတ်ဖြတ်ခြင်းသည် ရိုင်းစိုင်းယုတ်မာသော အကြမ်းဖက်မှု ဖြစ်သည်။ ဘာသာတရားဆိုသည်မှာ လူကောင်းဖြစ်ဖို့ ၊ လူကျင့်ဝတ်ကို ထိန်းသိမ်းဖို့ ၊ လူ့ ဘောင်လောကကြီး အေးချမ်းသာယာဖို့  ထိန်းကွပ်ပေးထားခြင်း ဖြစ်သည်။ သူတစ်ပါးပိုင် ပစ္စည်းဥစ္စာများကို မီးရှို့ ဖျက်ဆီးခြင်း၊ လူစုလူဝေးဖြင့် သတ်မည်ဖြတ်မည်  တကဲကဲကို မွန်မြတ်သည့်အလုပ်ဟု မည့်သည့်ဘာသာကမှ ဟောကြားမထားပါ။
အပြစ်မဲ့ ရခိုင်ပြည်သူများမှာ အိုးအိမ်စွန့် ခွာထွက်ပြေးကာ အထိတ်တလန့်  ဘုန်းကြီးကျောင်းဝင်း ခိုလှုံရသည်။ အသက်ဘေးအတွက် ရခိုင်အမျိုးသမီးကြီးတွေကိုယ်တိုင် တုတ်၊ ဓား ကိုင်ဆောင်ကာ ကင်းစောင့်နေရသည်။ သတိတစ်ချက်မလစ်ရဲ။ သူများတိုင်းပြည်မှာ မျက်နှာငယ်ငယ်နှင့် နေသည်ရသည်မဟုတ်။ ကိုယ့်မြေ ကိုယ့်ရေတွင် နေထိုင်ရင်း အသက်ဘေးအတွက် ထိတ်လန့် နေရသည်။ ဘယ်အချိန်များ ဘင်္ဂါလီကုလားများ လူစုလူဝေးဖြင့် ပေါ်လာကာ သတ်ဖြတ်သွားမလဲ ထိတ်လန့် နေရသည်။ တရားဥပဒေဆိုသည်မှာ အဘယ်နည်း...။
မြန်မာလူမျိုးများသည် ထိုင်းနိုင်ငံတွင် ခိုလှုံချိန် ထိုင်းလူမျိုးများကို လူစုလူဝေးဖြင့် သတ်မည်ဖြတ်မည် တကဲကဲ၊ မီးရှို့ ဖျက်ဆီးဖို့  ဝေးဆွ..။ ကမ့်အပြင်ဖက်တောင် မထွက်ရ။ ကမ့်တွင် မွေးဖွားကြီးပြင်းလာသော ကလေးများသည် ထိုင်းနိုင်ငံကျောင်းများတွင် ပညာသင်ကြားခွင့် မရှိ။ မူရင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကတောင် လက်မခံသော ဘင်္ဂါလီကုလားများသည် မြန်မာနိုင်ငံတွင် ခိုလှုံချိန် လူစုလူဝေးဖြင့် သတ်မည်ဖြတ်မည် တကဲကဲ။ အပုံကြီး ကွာပေစွ။
ဘင်္ဂါလီကုလားဆိုသည်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဖြစ်သည်။ နိုင်ငံသေးပြီး လူဦးရေများသော ဘင်္ဂါလီကုလားများသည် မြန်မာပြည်နယ်စပ်ကို ပြိုဆင်းလာသည်။ သဘောကောင်းသော မြန်မာပြည်သည် နေစရာအိမ် မရှိသည့် ဘင်္ဂါလီကုလားများကို လက်ခံထားသည်။ တဖြည်းဖြည်း လူအင်အား တောင့်လာသောအခါ ရိုဟင်ဂျာဆိုသည်မှာ မြန်မာတိုင်းရင်းသား ဖြစ်သည်ဟု တောင်းဆိုလာသည်။ ၁၈၂၄ မတိုင်မှီ မြန်မာ့ရေမြေတွင် ဓားမဦးချ နေထိုင်သည့် တိုင်းရင်းသားများကို မြန်မာတိုင်းရင်းသားဟု သတ်မှတ်သည်။ သည့်နောက် ရောက်လာသည့်သူများကို ဧည့်သည်ဟု သတ်မှတ်သည်။
သတင်းတွေဖတ်ရင်း "ဓာတ်ပုံတွေ ကြည့်ရတာ ရိုဟင်ဂျာတွေ မီးရှို့ တာ လုံခြုံရေးယူပေးနေသလိုပဲ"  ဆိုသော ကွန့် မန့် ကို ဖတ်ရသောအခါ မပြုံးဘဲ ဝါးလုံးကွဲ ရယ်မိသေးသည်။
အခုဖြစ်နေသော ပြသနာသည် ရခိုင်ဗုဒ္ဓဘာသာများနှင့် အစ္စလာမ်ဘာသာဝင်များကြား ဖြစ်ပွားနေသော ပြသနာမဟုတ်။ မြန်မာ မူစလင်၊ ရခိုင်ဗုဒ္ဓဘာသာများ မှီတင်းနေထိုင်သည့် မြန်မာနိုင်ငံနှင့် ရိုဟင်ဂျာများ ဖြစ်ပွားနေသော မြန်မာ့အရေး ဖြစ်သည်။ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမြအေး ပြောသွားသည့် စကားထဲမှ နှစ်သက်မိသည့် စကားလေးက မြန်မာ့ရေမြေတွင်  မှီတင်းနေနထိုင်သောသူများသည် မည်သည့်ဘာသာဝင် ဖြစ်စေ မြန်မာပြည်ကို သစ္စာစောင့်သိရမည်ဟု ဆိုသည်။ မြန်မာမူစလင်များကို ထိုင်းဗုဒ္ဓဘာသာများက လူစုလူဝေးဖြင့် မီးရှို့ ကာ သတ်ဖြတ်မည် တကဲကဲ လုပ်မည် ဆိုပါစို့ ။ မတရားဘူးဆိုလျှင် ဗုဒ္ဓဘာသာခြင်း တူစေဦးတော့ မြန်မာမူစလင်များဖက်က ပါရပေမည်။ မူစလင်ဘာဘာတူစေဦးတော့ ရိုဟင်ဂျာများသည် မြန်မာတိုင်းရင်းသားမဟုတ်။ ကျူးကျော်ဝင်ရောက် အကြမ်းဖက်သူများသာ ဖြစ်သည်။
မြန်မာပြည်တွင် ဗုဒ္ဓဘာသာဝင်က အများစု ဖြစ်သော်လည်း ဘာသာပေါင်းစုံ အေးချမ်းစွာ အတူမှီတင်းနေထိုင်သည်။ လူအများစုဘာသာက လူအနည်းစုဘာသာ၏ အသက်အိုးအိမ်ကို ခြိမ်းခြောက်ခြင်းသည် ရိုင်းစိုင်းမှုဖြစ်သည်။ ခရစ်ယာန်အများစုကြား ဗုဒ္ဓဘာသာအနည်းစု ငြိမ်းချမ်းစွာ နေထိုင်နိုင်သော်လည်း ဘင်္ဂါလီမူစလင်အများစုက ရခိုင်တိုင်းရင်းသားလူနည်းစု ငြိမ်းချမ်းစွာ မနေနိုင်အောင် ခြိမ်းခြောက်မောင်းထုတ်သည်က တရားမျှတပါ၏လော။ ဘင်္ဂါလီလူမျိုးများက လူစုလူဝေးဖြင့် ရဲစခန်းကို ဝိုင်းသောကြောင့် ကချင်ပြည်နယ်မှ KIO ၊ ရှမ်းပြည်နယ်မှ SSNA၊ ကရင်ပြည်နယ်မှ  KNU တို့ ကို တိုက်နေသော စစ်တပ်အင်အားကို လျှော့ကာ ဘူးသီးတောင်၊ မောင်းတောကို လုံခြုံရေး တိုးသင့်သည်။ လဝက အရာရှိများသည် သေချာစီစစ်ပြီးမှ နိုင်ငံသားစစ်စင်ရေးကဒ်ပြား ထုတ်ပေးသင့်သည်။
ကျွန်ုပ်၏ မူစလင်သူငယ်ချင်းများသည် ဘာသာတရားကိုင်းရှိုင်းပြီး စိတ်ထားကောင်းမွန်ကြသည်။ တက္ကသိုလ် ပထမနှစ် ကျောင်းမတက်ဘဲ စာမေးပွဲမဖြေခင် နှစ်ပတ်အလိုမှ အိမ်အနီးအနားတွင်နေသော ခေါင်းမြီးခြုံမလေး သန္တာထွန်း သင်ကြားပြသမှုဖြင့် စာမေးပွဲဖြေဆိုခဲ့သည်။ မလေးရှားတွင် ကျောင်းတက်ဖို့  ထွက်သွားပြီးကတည်းက အဆက်အသွယ် လုံးဝမရှိတော့သော ခေါင်းမြီးခြုံမလေး စန္ဒာသည် စိတ်သဘောထား အလွန်ကောင်းမွန်သူလေး ဖြစ်သည်။
ဘီဘီစီမှ သတင်းလွှင့်နေသည်မှာ  ရခိုင်တိုင်းရင်းသားများက လိုက်သတ်လို့   ရိုဟင်ဂျာများက ထွက်ပြေးနေရသယောင်။ အေးချမ်းစွာနေသော ရခိုင်လူမျိုးများသည် ကိုယ့်ကို လာမစော်ကားဘဲ အကြောင်းမဲ့ ရန်စစော်ကားမည် မဟုတ်။ ဘီဘီစီ အနောက်တိုင်းသတင်းဌာနများသည် သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ အမှန်ကို ရေးသားသည် မဟုတ်ဘဲ ရိုဟင်ဂျာများဖက်က ရေးထားသည်မှာ ရိုဟင်ဂျာအဖွဲ့ အစည်းများက ထောက်ပံ့ပေးထားသည်လော။ ယခုအချိန်ထိ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုကိုကြီး နှင့် Eleven Media Group မှ ပြတ်ပြတ်သားသား ရပ်တည်မှုကို နှစ်သက်မိသည်။
အနောက်တိုင်းသတင်းဌာနများ  ခင်ဗျား
ရိုဟင်ဂျာကို  ရခိုင်တိုင်းရင်းသားတွေက နှိပ်ကွပ်နေတယ်လို့  ထင်ရင် ယုတ်မာရိုင်းစိုင်းလို့  ဘယ်နိုင်ငံမှ လက်မခံတဲ့ အဲဒီရိုဟင်ဂျာတွေကို ခင်ဗျားတို့ နိုင်ငံမှာ နေထိုင်ခွင့် ပေးလိုက်ပါ။ ခင်ဗျားတို့  လူမျိုးတွေကို မီးရှို့ ၊ ဓားနဲ့ လိုက်ခုတ်၊  နိုင်ငံသားပါ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပါလို့  တောင်းဆိုလာရင်  ခင်ဗျားတို့  နိုင်ငံမြေပုံကနေ ရိုဟင်ဂျာအတွက် ဖဲ့ပေးလိုက်ပါ။
အိန္ဒိယနိုင်ငံမှ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် မူစလင်နိုင်ငံများ ခွဲထွက်သလို မြန်မာပြည်မှ ရိုဟင်ဂျာနိုင်ငံ ခွဲထွက်လျှင် မခက်ပေလော။ မူစလင်များလာလျှင် မူစလင်နိုင်ငံ ထူထောင်လိုသည်။ ထိုင်းနိုင်ငံတောင်ပိုင်းကို ကြည့်။ ကျွန်မတို့ ၏ ဘိုးဘေးဘီဘင်များသည် မွန်ဂိုဒေသမှ ရေကြည်ရာမြက်နုရာ ရှာရင်း တောင်ပိုင်းသို့  ဆင်းလာကြသည်။ စိုက်ပျိုးဖြစ်ထွန်းသော မြေဆီမြေနှစ်များအတွက် မြင်းစီးယှဉ် ဓားချင်းခုတ် တိုက်ခိုက်ပြီးမှ ရယူခဲ့ရသည်။ ဘိုးဘွားဘီဘင်များ အသက်ပေးကာ ရယူခဲ့ရသော အဖိုးတန်မြေကို ကျွန်မတို့ လက်ထက်ကျမှ  တစ်လက်မမှ မဆုံးရှုံးစေချင်ပါ။ မည်သည့်ဘာသာဝင်ဖြစ်စေ မြန်မာပြည်တွင် မှီတင်းနေထိုင်သော မြန်မာလူမျိုးမှန်သမျှ ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်ရှိသည်။
အသက်အိုးအိမ်ကို မီးရှို့ ဖျက်ဆီးကာ သတ်မည် ဖြတ်မည် တကဲကဲ လုပ်ကာ မြန်မာ့မြေကို ဖဲ့ဖို့ ကြံ၊  မြန်မာတိုင်းရင်းသားလုပ်ရန် ကြံစည်နေသော ယုတ်မာရိုင်းစိုင်းသော ရိုဟင်ဂျာကြောင့် အထိတ်တလန့်  ထွက်ပြေးနေရသော ရခိုင်လူမျိုးများ၊ မြစ်မင်းဧရာကို ခေါင်းဖြတ်ချင်သူများ၊ သမ္မတကြီးက ထိုးစစ်ဆင်တာ ချက်ချင်းရပ်ဖို့  ညွှန်ကြားခဲ့သော်လည်း တစ်နှစ်တာ ကြာညောင်းခဲ့ပြီဖြစ်သည့် စစ်ဒဏ်ကြောင့် အိမ်မပြန်နိုင်သေးသည့် ကချင်စစ်ဘေးရှောင်ဒုက္ခသည်များ၊ တစ်သောင်းတန်ကြီးကိုင်ပြီး အနုတ်မရှိလို့  အမ်းနိုင်ဘူးအေလို့  ညည်းနေကြသူများ၊ ရိုဟင်ဂျာအရေးကြောင့် တိုင်းပြည်ငြိမ်ဝပ်ပိပြားအောင် စစ်တပ်ကများ တာဝန်ယူလိုက်လေမလားလေနဲ့  UN အတွင်းရေးမှုး ဘန်ကီမွန်းလို ပြောလိုက်တော့မယ်။
စိုးရိမ်တယ်..စိုးရိမ်တယ်
May no Rohingya at Burma !
May peace upon Rakhine state & Burma !
မြန်မာနိုင်ငံတော်သီချင်းကို Orchestra သီးသန့်  တီးထားတာ လိုချင်မိလို့  ရှာဖွေတယ့်အခါ  Slovak Radio Symphony Orchestra က တီးထားတာ Amazon မှာ သွားတွေ့ ပါတယ်။ SoundCloud ၊ YouTube မှာ တင်ပြီး သူငယ်ချင်းတွေနဲ့  ရှယ်ချင်ပေမယ့် CopyRight ကြောင့် တင်လို့  မရပါဘူး။
Myanmar National Athem  by Slovak Radio Symphony Orchestra at Amazon.com
နားထောင်လို့  နှစ်သက်တယ်ဆိုရင် အီးမေးလ်ကနေ ပို့ ပေးချင်ပါတယ်။
စန်းထွန်း
မေ ၁၀၊ ၂၀၁၂။
7 comments:
Nyi Linn Thit said...
ညီမစန်းထွန်းနဲ့ အပြည့်အဝ သဘောတူတယ်..၊ ဒီကိစ္စဟာ အမျိုးသားရေး အဆင့်ထားပြီး အရေးတကြီး ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်၊ အဓိကရုဏ်း ပြေလည်သွားသည့်တိုင် အတွင်းမှာ ဆက်ပြီး လှိုက်စားနေမယ့် ကိစ္စဖြစ်လို့ လေးလေးနက်နက် ဖြေရှင်းသင့်ပါတယ်..၊ ရခိုင်ပြည်သူတွေ အေးချမ်းငြိမ်သက်စွာ နေထိုင်နိုင်ပါစေ...။
မဒမ်ကိုး said...
အပြည့်အ၀သဘောတူပြီး အပြတ်အသတ်ထောက်ခံတယ် စန်းထွန်း
ကျနော်ဟာရခိုင်မဟုတ်တဲ့ ရှမ်းဗမာမတစ်ယောက်ပါ .
ဒါပေမယ့် မြန်မာ့မြေပေါ်မှာလာနေပြီး အိမ်ရှင်ကိုပြန်စော်ကားနေတဲ့ ဒီရိုဟင်ဂျာတွေကိုလုံးဝ လက်မခံနိုင်ပါ .
အမြန်ဆုံးမောင်းထုတ်နိုင်ပြီး ရခိုင်တိုင်းရင်းသားများအေးချမ်းကြပါစေ
မောင်ဘုန်း said...
အားရလိုက်တဲ့ post ဗျာ အပြည့်အဝ တောက်ခံပါတယ် ..
ရိုဟင်ဂျာများသည် မြန်မာတိုင်းရင်းသားမဟုတ်။ ကျူးကျော်ဝင်ရောက် အကြမ်းဖက်သူများသာ ဖြစ်သည် ...
ရိုဟင်ဂျာများသည် မြန်မာတိုင်းရင်းသားမဟုတ်။ ကျူးကျော်ဝင်ရောက် အကြမ်းဖက်သူများသာ ဖြစ်သည် ...
ရိုဟင်ဂျာများသည် မြန်မာတိုင်းရင်းသားမဟုတ်။ ကျူးကျော်ဝင်ရောက် အကြမ်းဖက်သူများသာ ဖြစ်သည် ...
ရိုဟင်ဂျာများသည် မြန်မာတိုင်းရင်းသားမဟုတ်။ ကျူးကျော်ဝင်ရောက် အကြမ်းဖက်သူများသာ ဖြစ်သည် ...
ရိုဟင်ဂျာများသည် မြန်မာတိုင်းရင်းသားမဟုတ်။ ကျူးကျော်ဝင်ရောက် အကြမ်းဖက်သူများသာ ဖြစ်သည်
ခင်မင်လေးစားစွာဖြင့်
မောင်ဘုန်း
Anonymous said...
အကြမ်းဖက်မှုအားလုံးရှုံ့ ချသည်။
အိုင်အိုရာ
မြသွေးနီ said...
နှစ်သက်စွာဖတ်သွားတယ် စန်းထွန်းရေ...
ရင်ထဲက စကားလုံးတွေမို့ စာလုံးတိုင်းက ထိတယ်..
ဒင်းတို့ကို လုံးဝမှ လက်သင့်မခံသင့်တော့ပါ...
အမျိုးသားအရေးအနေနဲ့ အမြစ်ဖြတ်ကိုင်တွယ် သင့်ကြောင်းပါ။
ညိမ်းနိုင် said...
ခုမှပဲအားလို့ အေးဆေးစာလာဖတ်နိုင်တယ်ညီမရေ...။
ရိုဟင်ဂျာ ခေါ်ဘင်္ဂါလီတွေကို ကျွန်တော်တို့တစ်တိုင်း
တစ်ပြည်လုံး ဘယ်သူမှလက်သင့်မခံနိုင်ကြပါဘူးဗျာ။
တစ်မျိုးသားလုံးညီညွှတ်စွာ တက်နိုင်တဲ့ဘက်ကနေ
ရခိုင်ပြည်ကို ကာကွယ်သွားကြပါစို့ဗျိုးးးးးး။
မီးမီးငယ် said...
အကြမ်းဖက်မှု့ အားလုံးကို၊
လုံးဝရှုံ့ ချတယ်။
ရိုဟင်ဂျာ ဆိုတဲ့ဝေါ်ဟာရကိုအခုမှကြားဖူးတယ်။
မြင်ရဖတ်ရသတင်းတွေအတွက်၊
ရခိုင်လူမျိုးအားလုံးကိုကိုယ်ချင်းစာတယ်။
အိမ်ရှင်ကိုစော်ကား
တာကိုဒီအတိုင်းထိုင်၊
ကြည့်နေကြရတာလည်း၊
အင်မတန်ရင်နာစရာကောင်းလှပါတယ်။
ရခိုင်ပြည်နယ်အေးချမ်းပါစေ..။
ရခိုင်လူမျိုးအေးချမ်းပါစေ။
မြန်မာနိုင်ငံကြီးအေးချမ်းပါစေ..။