Den Moines သွား ေတာလား...

ခရီးသွားနိုင်ကြသူ မမကွန်၊ မမီးငယ်တို့ကို အားကျ၍ သွားချင်သော်ငြား မတတ်နိုင်သောကြောင့် လက်မှိုင်ချကာ နေရလေသည်။ တနေ့သ၌ ဓာတ်ပုံများ ရှင်းလင်းရင်း တမြန်နှစ်က ကျောင်းခရီးစဉ်ဓာတ်ပုံများကို တွေ့လိုက်ရသော အခါ၌ကား ဘလော့တွင် တင်ဖို့ အခွင့်ရလေပြီဟု လက်ခမောင်း ခတ်လေသည်။ အချိန်အခါသမယကား ၂၀၁၁ ဧပြီ ၅ အင်္ဂါနေ့ Spring Break Holidays ဆောင်းအကုန် နွေအကူး နေရောင်ခြည်ပွင့်လင်း သာယာလှပသော နေ့ကလေး ဖြစ်သည်ဟု မှတ်တမ်းတင်ထားသည်။

Den Moines ( ဒန် မွိုင်းစ်) သည် အိုင်အိုဝါပြည်နယ်၏ မြို့တော် ဖြစ်သည်။ Den Moines ခံတပ်ကို အတိုကောက် ခေါ်ဆိုရာကနေ မြို့အမည်တွင်သွားခြင်း ဖြစ်သည်။ ပြင်သစ်ပြည်ရှိ Den Moines မြစ်အမည် မှည့်တွင်ထားခြင်း ဖြစ်မည်ဟု တွေးကြသည်။ မြို့တော်ကြီး၏ အဓိကလုပ်ငန်းသည် အာမခံလုပ်ငန်းဖြစ်ပြီး ထင်ရှားသော အာမခံကုမ္ပဏီ အမြောက်အမြားရှိသည်။ Best Place for Business in 2010 ၊ No.1 - America's Best Cities for Young Professionals. ၊ No. 9  -  2008 Best Cities List ၊ No.1 -  Greenest city ဆုတံဆိပ်များ ရရှိထားသည့် မြို့တော် ဖြစ်သည်။

ပထမဆုံး မဲဆွယ်စည်းရုံးမှုသည် အမေရိကန်သမ္မတ မဲဆွယ်ပွဲအတွက်  အရေးပါသောကြောင့်  Den Moines မြို့တော်ကြီးတွင် ဌာနချုပ်ထားကာ မဲဆွယ်ပွဲများ စတင်ကြသည်။ ၂၀၀၇ The New York Times ဆောင်းပါးအရ မဲဆွယ်ပွဲများတွင် စိတ်အားထက်သန်မှု၊ အားပေးထောက်ခံမှုများကို Den Moines မြို့တော်ကြီးထက် သာလွန်ကောင်းမွန်သောနေရာမရှိ ဆိုသည်မှာ အငြင်းပွားဖွယ် မရှိဟု ဆိုသည်။

၁၈၈၆ ခုနှစ်တွင် တည်ဆောက်ပြီးစီးသော Iowa State Capitol ကို သွားရောက် လည်ပတ်ကြသည်။ ရွှေရောင်အမိုးခုံးကို အမိုးခုံးလေးခုက ဝန်းရံထားသော Iowa State Capitol နှင့် Rhode Island State Capitol နှစ်ခု အိုင်အိုဝါပြည်နယ်တွင် ရှိသည်။ မြို့တော်ဝန်ရုံး၊ တရားရုံး၊ ငါးထပ်ရှိ ဥပဒေစာကြည့်တိုက်၊ သမ္မတကတော်အရုပ်များ ရှိသည်။ ခရီးသွားအဖွဲ့များ၊ ကျောင်းသားအဖွဲ့များ လာရောက်လည်ပတ်ကြသည်။ မြေအောက်ထပ်တွင် အမေရိကန်ပြည်တွင်းစစ်၊ စပိန် - အမေရိကန်၊ ကိုရီးယား၊ ဗီယက်နမ် စစ်ပြန်များကို ဂုဏ်ပြုထားခြင်း၊ အမှတ်တရ ပန်းပုလက်ရာများ ရှိသည်။


ဘယ်လိုတည့်တည့် မရသောကြောင့် ခေါင်းကြီးစောင်းကာ ကြည့်ကြပါကုန်။ 

The Pappajohn Sculpture Park ကို ပို့ဆောင်ပေးသည်။  အနုပညာကို ဓာတ်ပုံရိုက်ရုံလောက်သာ ခံစားတတ်သော ငတိများကြောင့် ပန်းပုပညာရှင် လက်မှိုင်ချသွားလေသည်။

တရဲ..တရဲ..‌ခေါင်းပြတ်တရဲ
ဘူလေးလဲဟင်
လာမစမ်းနဲ့..ကစ် ထည့်လိုက်မယ်..ဘာမှတ်လဲ..ဟွန်း 
 little world  - Burma, China, Nepal, Vietnam, India, Perkistan, Jordan, Bosnia, American


ဤသို့ဖြင့် တရံရောအခါက အိုင်အိုဝါပြည်နယ် မြို့တော်ကြီးဆီသို့ ရောက်ဖူးခဲ့လေသည်။

စန်းထွန်း
ဇွန် ၂၂၊ ၂၀၁၂။

13 comments:

AH said...

အားက်ခ်က္ဗ်ာ.. ၁၀ ပံုေျမာက္ဓာတ္ပံုကို အၾကိဳက္ဆံုးပဲ.. ဒါမ်ိဳးက ေတာ္ရံုတန္ရံု ဓာတ္ပံုပညာရွင္ေတြေတာင္ ရိုက္ႏုိင္တာမဟုတ္ဘူး..

စံပယ္ခ်ိဳ said...

ပုံေတြအားလုံးေကာင္းတယ္သိလား
Den Moines ျမဳိ႕ကုိစန္းထြန္းနဲ႔အတူေရာက္ခဲ႔ရျပီ

ေခ်ာ (အစိမ္းေရာင္လင္ျပင္) said...

အေဆာက္အဦးၾကီးက ခမ္းနားလိုက္တာ..
ၾကည္႔ရင္းနဲ ႔ ေရာက္ဖူးခ်င္စိတ္ေတြ ေပၚလာတယ္။
ကံေကာင္းရင္ ေရာက္ျဖစ္မယ္ထင္ပါရဲ႕စန္းထြန္းေရ..

ဟန္ၾကည္ said...

ဘယ္လိုတည့္တည့္ မရတဲ့ပံုကို ကင္းၿမီးေကာက္ေထာင္ၿပီး ၾကည့္ပစ္လိုက္တယ္ း) ေခါင္းျပတ္သရဲဆိုတဲ့ ပန္းပုကို အေတာ္ႀကဳိက္တယ္...ပံုၾကည့္ၿပီး ဟိုေတြး၊ သည္ေတြးနဲ႔ေတာင္ ေတြးလိုက္မိေသး...

စကားမစပ္ အေရးအသားပံုစံေတြ ေျပာင္းေနပါလား...မကြမ္ရဲ႕ ေရးဟန္မ်ဳိး၀င္သြားတယ္...

Angelhlaing(May everybody be happy and healthy! said...

စန္းထြန္းနဲ႕ ကပ္လိုက္ရတာ ေမာထွာ...:P:P

မီးမီးငယ် said...

ဒါတ္ပုံေတြအရမ္းႀကီးကိုေကာင္း။
လက္ရာကိုၾကည့္ၿပီးအထင္ႀကီးသြားပါေၾကာင္း။
ခရီးခဏခဏထြက္၊ေနရာခဏခဏေျပာင္းျခင္းကို။
ကန္ထရုိက္တာယူထားေသာတီးေမာ္ေဒၚမီး။
အထုပ္ႀကီးျပင္၍ ထပ္ေျပာင္းဖို ့ႀကိဳးစားေနပါေၾကာင္း။
အေၾကာင္းေၾကာင္းကိုအေၾကာင္းၾကားအပ္ပါသည္။
စကားမစပ္Den Moines မေရာက္ဖူးေသးပါေၾကာင္း။
:P

Anonymous said...

ိခရီးသြားေဆာင္းပါးဆုုိဘာျဖစ္ျဖစ္အကုုန္ၾကိဳက္။ း)
အိုုင္အိုုရာ

ညိမ္းႏိုင္ said...

ခရီးသြားေဆာင္းပါးေတြကို ႀကိဳက္တယ္.....။ဒီတစ္ခါ
ညီမစန္းထြန္းရဲ႕ ေရးဟန္ေရာ၊တစ္ခ်ဳိ႕ဒါ့ပံုေတြပါ အစ္မကြန္
လက္ရာကိုမွီလုမွီခင္ ျဖစ္ေနပါေရာလား......:))))
၁၇ပံုေျမာက္ တိမ္ေတြေနာက္ခံနဲ႔ပံုကေတာ့တကယ္ လွ
တယ္ဗ်....သိလား

မြန္မြန္ယိုုကိုု said...

ဓာတ္ပံုုေတြ တအားလွ။ :)
စန္းထြန္းနဲ.အတူ Den Moines ၿမိဳ.ကိုု လိုုက္လည္လိုုက္ပီ။

mstint said...

စန္းစန္းရဲ႕ ခရီးသြားေဆာင္းပါးေတြ ဓာတ္ပံုရိုက္ခ်က္ေတြ သေဘာက်တယ္။ အေတြးသစ္ အျမင္သစ္ေလးေတြ ဖတ္ရင္း ၾကည့္ရင္း ဗဟုသုတေတြယူသြားၿပီေနာ္။
စိတ္ဓာတ္အစဥ္ၾကည္လင္ေအးျမပါေစကြယ္။

ေမတၱာျဖင့္
အန္တီတင့္

ျမေသြးနီ said...

ဗဟုသုတေတြ ရရျပန္ၿပီေကာ...
ေငြကုန္ေၾကးက်မမ်ားပဲ စားပြဲမွာထိုင္လွ်က္က ခရီးထြက္လိုက္ရသလိုပါဘဲ..။ ဆက္လက္မွ်ေ၀ေပးပါဦး..။

သိ ဂၤ ါ ရ said...

ခရီးသြားေဆာင္းပါး ...

San San Htun said...

AH said...
အားကျချက်ဗျာ.. ၁၀ ပုံမြောက်ဓာတ်ပုံကို အကြိုက်ဆုံးပဲ.. ဒါမျိုးက တော်ရုံတန်ရုံ ဓာတ်ပုံပညာရှင်တွေတောင် ရိုက်နိုင်တာမဟုတ်ဘူး..
June 23, 2012 at 4:25 AM
စံပယ်ချို said...
ပုံတွေအားလုံးကောင်းတယ်သိလား
Den Moines မြို့ကိုစန်းထွန်းနဲ့အတူရောက်ခဲ့ရပြီ
June 23, 2012 at 4:29 AM
ချော (အစိမ်းရောင်လင်ပြင်) said...
အဆောက်အဦးကြီးက ခမ်းနားလိုက်တာ..
ကြည့်ရင်းနဲ့ ရောက်ဖူးချင်စိတ်တွေ ပေါ်လာတယ်။
ကံကောင်းရင် ရောက်ဖြစ်မယ်ထင်ပါရဲ့စန်းထွန်းရေ..
June 23, 2012 at 2:20 PM
ဟန်ကြည် said...
ဘယ်လိုတည့်တည့် မရတဲ့ပုံကို ကင်းမြီးကောက်ထောင်ပြီး ကြည့်ပစ်လိုက်တယ် း) ခေါင်းပြတ်သရဲဆိုတဲ့ ပန်းပုကို အတော်ကြိုက်တယ်...ပုံကြည့်ပြီး ဟိုတွေး၊ သည်တွေးနဲ့တောင် တွေးလိုက်မိသေး...

စကားမစပ် အရေးအသားပုံစံတွေ ပြောင်းနေပါလား...မကွမ်ရဲ့ ရေးဟန်မျိုးဝင်သွားတယ်...
June 23, 2012 at 4:00 PM
Angelhlaing(May everybody be happy and healthy! said...
စန်းထွန်းနဲ့ ကပ်လိုက်ရတာ မောထှာ...:P:P
June 23, 2012 at 4:43 PM
မီးမီးငယ် said...
ဒါတ်ပုံတွေအရမ်းကြီးကိုကောင်း။
လက်ရာကိုကြည့်ပြီးအထင်ကြီးသွားပါကြောင်း။
ခရီးခဏခဏထွက်၊နေရာခဏခဏပြောင်းခြင်းကို။
ကန်ထရိုက်တာယူထားသောတီးမော်ဒေါ်မီး။
အထုပ်ကြီးပြင်၍ ထပ်ပြောင်းဖို့ကြိုးစားနေပါကြောင်း။
အကြောင်းကြောင်းကိုအကြောင်းကြားအပ်ပါသည်။
စကားမစပ်Den Moines မရောက်ဖူးသေးပါကြောင်း။
:P
June 23, 2012 at 6:30 PM
Anonymous said...
ိခရီးသွားဆောင်းပါးဆိုဘာဖြစ်ဖြစ်အကုန်ကြိုက်။ း)
အိုင်အိုရာ
June 23, 2012 at 8:12 PM
ညိမ်းနိုင် said...
ခရီးသွားဆောင်းပါးတွေကို ကြိုက်တယ်.....။ဒီတစ်ခါ
ညီမစန်းထွန်းရဲ့ ရေးဟန်ရော၊တစ်ချို့ဒါ့ပုံတွေပါ အစ်မကွန်
လက်ရာကိုမှီလုမှီခင် ဖြစ်နေပါရောလား......:))))
၁၇ပုံမြောက် တိမ်တွေနောက်ခံနဲ့ပုံကတော့တကယ် လှ
တယ်ဗျ....သိလား
June 24, 2012 at 12:38 AM
မွန်မွန်ယိုကို said...
ဓာတ်ပုံတွေ တအားလှ။ :)
စန်းထွန်းနဲ.အတူ Den Moines မြို.ကို လိုက်လည်လိုက်ပီ။
June 24, 2012 at 3:42 PM
mstint said...
စန်းစန်းရဲ့ ခရီးသွားဆောင်းပါးတွေ ဓာတ်ပုံရိုက်ချက်တွေ သဘောကျတယ်။ အတွေးသစ် အမြင်သစ်လေးတွေ ဖတ်ရင်း ကြည့်ရင်း ဗဟုသုတတွေယူသွားပြီနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်
June 24, 2012 at 9:39 PM
မြသွေးနီ said...
ဗဟုသုတတွေ ရရပြန်ပြီကော...
ငွေကုန်ကြေးကျမများပဲ စားပွဲမှာထိုင်လျှက်က ခရီးထွက်လိုက်ရသလိုပါဘဲ..။ ဆက်လက်မျှဝေပေးပါဦး..။
June 25, 2012 at 6:29 AM
သိ င်္ဂ ါ ရ said...
ခရီးသွားဆောင်းပါး ...
June 27, 2012 at 5:37 AM