ကျွှန်မ၏ သစ်ပင် ...


ဆရာမဂျူး၏ ကျွန်မ၏သစ်ပင် ဝထ္ထုထဲကလို နီနီဇော်၏ အုပ်စိုးဆိုသော သက်ရှိလူသား သစ်ပင်လေး မဟုတ်ခဲ့ပါ။ စန်းထွန်း၏ သစ်ပင်လေးကတော့ တကယ့်သစ်ပင်လေး ဖြစ်နေခဲ့သည်။

တိုရှီဘာ သစ်ပင်စိုက်ပျိုးပွဲကို NUS နဲ့ NTU ကျောင်းသားကျောင်းသူများ ဆင်နွှဲကြမှာမို့လို့ လုပ်အားပေးလိုသူများ ဆက်သွယ်ကြရန်ဆိုတဲ့ အီးမေးလ်ရလာတော့ ကျောင်းပြီးလို့ အလုပ်ရှာနေတုန်း ဖလမ်းဖလမ်းထဖို့ အခွင့်အရေးပေါ်လာပြန်သည်။ မိစိမ့်၊ သော်သော်တို့ကို အဖော်ညှိတော့ ဒီကောင်တွေက စိတ်မဝင်စား။ ကိုယ့်လို ဖလမ်းမလမ်းထချင်သူက မြန်မာမိန်ကလေးထဲမှာ အတော်မြင့်မားတဲ့ အရပ်ပိုင်ရှင် ၅ပေ၊ ၈ လက်မခန့် မော်ဒယ်လေးလို ပိန်သွယ်တဲ့ ရည်မွန်။ I am the most beautiful girl in the class. လို့  သူ့ team member Liang Yi  ကို စရင် Liang Yi ကလည်း No. No. You are the tallest girl in the class. လို့ ပြန်နောက်တတ်ပါတယ်။

၂၀၀၉ စက်တင်ဘာ ၂ တခုသော သောကြာနေ့မှာ စာမေးပွဲကျင်းပရာ ခန်းမရှိသော၊ ဘောလုံးကွင်းဘေးနား၊ ရေကူးကန်ရှိသော၊ အားကစားလေ့ကျင့်ရာခန်းမကြီးရှိသော အဆောက်အအုံ (နာမည်မေ့နေသဖြင့်)နားတွင် တွေ့ဆုံကြသည်။ တိုရှီဘာမှ တာဝန်ရှိသူ အမကြီးများမှ ကြိ ုဆိုကြသည်။ အင်္ကျီဆိုဒ်မေးသည်။ သူတို့သည် NUS Alumnus များဟု ဆိုသည်။ လူစုံတော့ ထွက်ခွာသည်။ ၁နာရီလောက် မောင်းပြီးချိန် အနီရောင်လိုင်းဖက် ဘယ်နေရာမှန်း မှန်းဆ၍မရသော နေရာသို့ ရောက်သည်။


တိုရှီဘာအင်္ကျီလဲရသည်။ Mangrove ခေါ် လမုတော ထိန်းသိမ်းစောင့်ရှောက်ပုံအကြောင်း ရှင်းပြသည်။ လမုတောသည် ကမ်းခြေတိုက်စားခြင်းကို ကာကွယ်ပေးသောကြောင့် အရေးကြီးသည်။ မှန်ပေသည် နေရာရှားပါးသည့် စင်္ကာပူကျွှန်း နိုင်ငံလေးအတွက် ဒီကိစ္စသည် အရေးပါသည်။ လမုတောသည် ဇီဝမျိုးစိတ်စုံ ရှင်သန်ကျက်စားသည်။ လမုပင်များသည် ရှင်သန်လွယ်သည်။ သို့သော် လမုပင်များပြားပါကလည်း ဇီဝမျိုးစိတ်တချို့ရှင်သန်ရေးအတွက် အခက်အခဲဖြစ်သည်။ သို့ပါသောကြောင့် ရှိသင့်သော အရေအတွက်ထက် မပိုအောင် ထိန်းသိမ်းရသည်။ မူလတန်းကျောင်းသားလေးများ လေ့လာရေးခရီးစဉ်အတွက် ရှင်းပြပေးသော လုပ်အားပေးဂိုက် ရှိသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကို စိတ်ဝင်စားသူများ၊ ငှက်ကြည့်သူများ လာရောက်တတ်သည်။ သစ်တောထိန်းသိမ်းစောင့်ရှောက်ပုံများကို ဓာတ်ပုံများနှင့်တကွ အရွှန်းဖောက်ကာ ရှင်းသွားသည်မှာ ရယ်သံတအုန်းအုန်းနှင့် မပျင်းရ။


သည့်နောက်တော့ တိုရှီဘာမှ ကြေငြာဝင် အဲလေ တိုရှီဘာ ဂရင်းအကြောင်း ရှင်းပြသည်။ တိုရှီဘာမှ ပစ္စည်များကို လေထုထဲသို့ ကာဘွန်ဒိုင်အောက်ဆိုဒ် နည်းနိုင်သမျှနည်းအောင် ကြိုးစားနေကြောင်း၊ တကမ္ဘာလုံးတွင် သစ်ပင်ဘယ်နှစ်သန်း စိုက်ပျိုးပြီးစီးကြောင်း၊ စင်္ကာပူတွင် ကိုယ်ပိုင် ပုဂ္ဂလိက ဒီလိုမျိုး လမုပင်စိုက်ဖို့ မလွယ်ကြောင်း၊ အဖွဲ့အစည်းဖြင့် စိုက်ပျိုးခွင့်ရသည်ကို ဂုဏ်ယူထိုက်သည်ဟု ရှင်းလင်းသည်ကို လက်ခုပ်သံတဖြောင်းဖြောင်းဖြင့် နိဂုံးချုပ်လိုက်သည်။


လက်အိတ်၊ ရွှံ့ထဲစီးဖို့ ဘွတ်ဖိနပ် လဲရသည်။ သစ်ပင်စိုက်ပျိုးပုံအကြောင်း သစ်တောအရာရှိများက ရှင်းပြသည်။ ကျောင်းသားများကို ကူညီရန် သစ်တောလုပ်သားကြီးများ ရှိသည်။ သုံးယောက်တဖွဲ့ သစ်ပင်သုံးပင်စိုက်မည်ဟု ကြေငြာတော့ သုံးယောက်တဖွဲ့  ဖွဲ့ရန်အတွက် တယောက်လိုနေသည်။ တကောင်တည်း အဖော်မဲ့နေသော ဗီယက်နမ်အကိုကြီးခမျာ ကံထူးသွားသည်။

ရွှံ့နွံဖြင့် စေးထန်းနေသော မြေသားကို တူးရသည်မှာ မလွယ်။ လူတရပ်ခန့်ရှိနေပြီဖြစ်သော သစ်ပင်ပေါက်၏ အမြစ် လွတ်လွတ်ကင်းကင်းဝင်ရန် အတော်လေး နက်နက်တူးရသည်။ လေးလံသော ပေါက်တူးကို တခါမကြည့်ရင်း ကိုယ့်အခြေအနေ သိသွားသည်။ ဗီယက်နမ်ကြီး တူးပြီး သစ်ပင်ထည့်သည့်အခါ မြေဖို့ရုံသာ စွမ်းဆောင်နိုင်သည်။ တဖွဲ့သုံးပင်စာအတွက် သုံးတွင်း တူးရမည်။



အားနာနာဖြင့်

အာ ယူ အိုကေ

၂နာရီ ပူပြင်းသောနေပူချိန်အောက် နဖူးမှ ကျလာသော ချွှေးကို လက်ဖြင့်သုတ်လိုက်ရင်း ဗီယက်နမ်ကြီးမှ လက်နှစ်ချောင်းထောင်ကာ ပြန်ဖြေသည်။

အို..အိုကေ ဟော..ဟဲ



သစ်တောလုပ်သားကြီးများမှ ဝိုင်းကူညီကြသည်။ မပြီးသေးသော အဖွဲ့ကို ပြီးသူများက ကူညီကြသည်။ မျက်နှာတွင် ရွှံ့ပေနေသော လူကိုကြည့်ပြီး ရယ်ကြသည်။ ပူပြင်းသော နေရောက်အောက်တွင် ကမ္ဘာမြေကြီး စိမ်းလန်းဖို့ တတပ်တအား အားထုတ်နေကြသည်။ ပင်ပန်းသော်လည်း သူတို့ပျော်ကြသည်။



အပြန်တွင် NTU ကျောင်းကို အရင်ပို့သည်။ ကျောင်းပရဝုဏ် တော်တော်ကျယ်သည်။ ပထမဆုံးနှင့် နောက်ဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။

ဟိုင်းကြီးကျွှန်းသူဖြစ်သော ကျွန်မ ဒီရေတော၊ လမုတောတွင် ကြီးပြင်းခဲ့သည်။ လမုသီးများဖြင့် အိုးပုတ်တမ်းကစား၊ မီးဖိုချောင်းတွင် ထင်းအဖြစ် သုံးခဲ့သည်။ သို့သော် ထိန်းသိမ်းစောင့်ရှောက်သင့်မှန်း တခါမှ အတွေးမဝင်ခဲ့သလို လမုပင် တပင်မှလည်း မစိုက်ပျိုးခဲ့။ စင်္ကာပူတွင် သစ်ပင်များဖြင့် စိမ်းလန်းသောမြို့တော်ဖြစ်ရမည်ဆိုသော ဆိုင်းဘုတ် မရှိ။ သို့သော် နေရာကျဉ်းသော စင်္ကာပူသည် နေရာကျယ်သော ကျွန်မတို့တိုင်းပြည်ထက် ပို၍ စိမ်းလန်းနေခဲ့သည်။ ကမ္ဘာမြေ၏ စိမ်းလန်းမှုကို လူသားများက ဖျက်ဆီးသည်။ ထိုအကျိုးဆက်အဖြစ် ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ခံရသည်။

ကျွှန်မ၏ သစ်ပင်လေးသည် မြစ်ကမ်းပါးတိုက်စားမှုကို ကာကွယ်ပေးပြီး လေထုထဲသို့အောက်ဆီဂျင်ဓာတ် ထုတ်လွှတ်ကာ ကမ္ဘာမြေကြီး စိမ်းလန်းရေးအတွက် တတပ်တအားပါဝင်သည်ကို တွေးမိတိုင်း ကြည်နူးမိသည်။

စန်းထွန်း
မတ်လ ၂၄၊ ၂၀၁၂။


15 comments:

Anonymous said...

YIH (Yusof Ishak House) ကို ေျပာတာ လား အစ္မ..
-m

San San Htun said...

ေၾသာ မွတ္မိၿပီ Yusof Ishak House ေရွ ့က Muti Purpose Hall Sports ေဘးနား

mstint said...

ေပ်ာ္ရႊင္မႈဆိုတာကိုယ့္ပတ္ဝန္းက်င္မွာသာ
ရွာယူလို႔ရတယ္ဆိုသလိုေပါ့စန္းစန္းေရ။
စန္းစန္းရဲ႕သစ္ပင္ေလးဖတ္ၿပီး မွတ္သြားတယ္ေနာ္။
စိတ္ဓာတ္အစဥ္ၾကည္လင္ေအးျမပါေစကြယ္။

ေမတၱာျဖင့္
အန္တီတင့္

ညိမ္းႏိုင္ said...

အဲ့ဒီေရေတာေတြက ကရန္ဂ်ီဘက္မွာဗ်....၊ႀကံဳရင္
စန္းထြန္းစိုက္ထားတဲ့သစ္ပင္ေလးသြားၾကည့္လိုက္မယ္..
ေျမပံုေပး....:))))

စံပယ္ခ်ိဳ said...

တခါတေလ အပင္ေလးေတြကုိဂရုစုိက္မိတယ္
ခုတေလာေရေလာင္းျဖစ္တယ္ေန႔တုိင္းေပါ႔
အဲဒီအခ်ိန္ စန္းထြန္းကုိသတိရတယ္
စန္းထြန္းစုိက္ခဲ႔တဲ႔အပင္ေလး
ဘယ္သူမ်ားဂရုစုိက္ေနမလဲလုိ႔
မ်က္မွန္ေလးေတြနဲ႔ ခ်စ္ဖုိ႔ေကာင္းထွာ
မ်က္မွန္တပ္သူတုိင္းခ်စ္ဖုိ႔ေကာင္း၏ D)))

ေန၀သန္ said...

သစ္ေတာသစ္ပင္ေတြဟာ လူေတြအတြက္ေရာ ကမာၻေျမအတြက္ပါ မိတ္ေဆြေကာင္းေတြပါ.. အားလံုး ဂရုတစိုက္ထိန္းသိမ္းသင့္တယ္... ဒါမ်ဳိး အလုပ္ေလးေတြျမင္ရတာ တကယ္ကို စိတ္ခ်မ္းသာတယ္.. း))

ခင္မင္လ်က္
ေန၀သန္

ဟန္ၾကည္ said...

အဲဒီမွာမွ သစ္ပင္ေတြ စိမ္းစိမ္းစိုစိုရွိေနေသးတယ္...ဒီမွာျဖင့္ နဂိုကတည္းကမွ သစ္ပင္နည္းရတဲ့ၾကားမွာ ၿမဳိ႕ကြက္ရို္က္ဖို႔ဆိုၿပီးေတာ့ သစ္ပင္ေတြ အကုန္ထိုးခ်ပစ္လိုက္တာ အျမင့္ဆံုးအပင္ဆိုလို႔ ၿခံဳပင္ပဲ က်န္ေတာ့တယ္ စန္းထြန္းေရ...အခုလည္း ပူလိုက္တာမွ ေလာင္လို႔...

Anonymous said...

သစ္ပင္ခ်စ္သူေတြရွိတာၾကားရေတာ့တကယ္၀မ္းသာမိတယ္စန္းထြန္းေရ။
အိုုင္အိုုရာ

မဒမ္ကိုး said...

သူမ်ားႏိုင္ငံမွာေတာ႕ထိန္းသိမ္း
တို႕ႏိုင္ငံကေတာ႕ ခုတ္ပစ္ေရာင္းစားေနသတဲ႕

လူသားတိုင္းအပင္ေလးေတြကိုခ်စ္ျမတ္ႏိုးတတ္ၾကပါေစလို႕ဘဲဆုေတာင္းပါတယ္ စန္းထြန္းေရ

ခ်စ္တဲ႕

ဒိုးကန္

ညီလင္းသစ္ said...

တသက္လံုး စိတ္ခ်မ္းသာခ်င္ရင္ သစ္ပင္စိုက္ပါ ဆိုတဲ့ စကားေလး သတိရသြားတယ္ ညီမေရ..၊ ေရထု၊ ေလထု၊ လူသားထု အားလံုးကို အက်ိဳးျပဳတဲ့ သစ္ပင္ ေလး စိုက္ခဲ့တဲ့ အေၾကာင္းက ၾကည္ႏူးစရာ...၊ ဧရာဝတီ တိုင္းဖက္မွာလည္း အဲဒီလို အဖြဲ႔ေတြ အမ်ားႀကီး လိုတယ္ေနာ္...။

ပ်ိဳးယု၀သုန္ (Pyo Yu Wathone) said...

စန္းထြန္း ရဲ႕သစ္ပင္ေပါ့ေလ..

သစ္ပင္စိုုက္လိုု႔ ရရွိတဲ့ စိတ္ခ်မ္းေျမ႕မွုုက ခ်စ္သူနဲ႔ ေတြ႕လိုု႔ ရရွိတဲ့ စိတ္ခ်မ္းေျမ႕မွဳထက္ ပိုုေအးခ်မ္းသကြယ္..

သစ္ပင္က ရန္မွ မေထာင္တတ္တာကိုုးေနာ္.. အဟိ

ခ်စ္တဲ့
ဝသုန္

Cameron said...

ဆရာမဂ်ဴးရဲ႔ ရီဗ်ဴးေလးမွတ္လို႔လာၾကည့္တာ..။ စန္းထြန္းရဲ႔သစ္ပင္ျဖစ္ေနတာကိုးး...။ ကိုယ့္တစ္သက္ေတာ့ သစ္ပင္တစ္ပင္ကို ကိုယ့္လက္နဲ႔ ရွင္သန္ၾကီးထြားလာတဲ႔အထိတခါမွ မစိုက္ဖူးေသးဘူး....။ ၾကည္ႏူးဖို႔ေတာ့ေကာင္းမယ္ေနာ္....။ တစ္သက္လံုးစိတ္ခ်မ္းသာခ်င္ရင္ အပင္စိုက္တဲ႔..။

ျမစ္က်ဳိးအင္း said...

အပင္စိုက္တဲ့အေၾကာင္းေလးေတြဖတ္ရတိုင္း ႏွစ္ျခိဳက္ရတယ္။ ေနာက္လည္း တတ္နိင္သေလာက္ စိုက္ၾကပါအံုး။ ေဆာ္ၾသပါအံုး။

ပစ္ပစ္ said...

အထြန္း
မေရာက္တာေတာင္ေတာ္ေတာ္ၾကာသြားျပီ..
အထြန္းရဲ႕သစ္ပင္ေလးလာၾကည့္သြားတယ္..
ပစ္ပစ္လည္းတေန႕ေန႕ေတာ့
သစ္ပင္ေတြစိုက္ျဖစ္မယ္ထင္တာဘဲ..

San San Htun said...

Anonymous said...
YIH (Yusof Ishak House) ကို ပြောတာ လား အစ်မ..
-m
March 24, 2012 at 9:26 PM
San San Htun said...
သြော မှတ်မိပြီ Yusof Ishak House ရှေ့က Muti Purpose Hall Sports ဘေးနား
March 24, 2012 at 9:56 PM
mstint said...
ပျော်ရွှင်မှုဆိုတာကိုယ့်ပတ်ဝန်းကျင်မှာသာ
ရှာယူလို့ရတယ်ဆိုသလိုပေါ့စန်းစန်းရေ။
စန်းစန်းရဲ့သစ်ပင်လေးဖတ်ပြီး မှတ်သွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်
March 25, 2012 at 2:52 AM
ညိမ်းနိုင် said...
အဲ့ဒီရေတောတွေက ကရန်ဂျီဘက်မှာဗျ....၊ကြုံရင်
စန်းထွန်းစိုက်ထားတဲ့သစ်ပင်လေးသွားကြည့်လိုက်မယ်..
မြေပုံပေး....:))))
March 25, 2012 at 3:02 AM
စံပယ်ချို said...
တခါတလေ အပင်လေးတွေကိုဂရုစိုက်မိတယ်
ခုတလောရေလောင်းဖြစ်တယ်နေ့တိုင်းပေါ့
အဲဒီအချိန် စန်းထွန်းကိုသတိရတယ်
စန်းထွန်းစိုက်ခဲ့တဲ့အပင်လေး
ဘယ်သူများဂရုစိုက်နေမလဲလို့
မျက်မှန်လေးတွေနဲ့ ချစ်ဖို့ကောင်းထှာ
မျက်မှန်တပ်သူတိုင်းချစ်ဖို့ကောင်း၏ D)))
March 25, 2012 at 4:15 AM
နေဝသန် said...
သစ်တောသစ်ပင်တွေဟာ လူတွေအတွက်ရော ကမ္ဘာမြေအတွက်ပါ မိတ်ဆွေကောင်းတွေပါ.. အားလုံး ဂရုတစိုက်ထိန်းသိမ်းသင့်တယ်... ဒါမျိုး အလုပ်လေးတွေမြင်ရတာ တကယ်ကို စိတ်ချမ်းသာတယ်.. း))

ခင်မင်လျက်
နေဝသန်
March 25, 2012 at 7:34 AM
ဟန်ကြည် said...
အဲဒီမှာမှ သစ်ပင်တွေ စိမ်းစိမ်းစိုစိုရှိနေသေးတယ်...ဒီမှာဖြင့် နဂိုကတည်းကမှ သစ်ပင်နည်းရတဲ့ကြားမှာ မြို့ကွက်ရိုက်ဖို့ဆိုပြီးတော့ သစ်ပင်တွေ အကုန်ထိုးချပစ်လိုက်တာ အမြင့်ဆုံးအပင်ဆိုလို့ ခြုံပင်ပဲ ကျန်တော့တယ် စန်းထွန်းရေ...အခုလည်း ပူလိုက်တာမှ လောင်လို့...
March 25, 2012 at 4:29 PM
Anonymous said...
သစ်ပင်ချစ်သူတွေရှိတာကြားရတော့တကယ်ဝမ်းသာမိတယ်စန်းထွန်းရေ။
အိုင်အိုရာ
March 25, 2012 at 6:34 PM
မဒမ်ကိုး said...
သူများနိုင်ငံမှာတော့ထိန်းသိမ်း
တို့နိုင်ငံကတော့ ခုတ်ပစ်ရောင်းစားနေသတဲ့

လူသားတိုင်းအပင်လေးတွေကိုချစ်မြတ်နိုးတတ်ကြပါစေလို့ဘဲဆုတောင်းပါတယ် စန်းထွန်းရေ

ချစ်တဲ့

ဒိုးကန်
March 25, 2012 at 9:35 PM
ညီလင်းသစ် said...
တသက်လုံး စိတ်ချမ်းသာချင်ရင် သစ်ပင်စိုက်ပါ ဆိုတဲ့ စကားလေး သတိရသွားတယ် ညီမရေ..၊ ရေထု၊ လေထု၊ လူသားထု အားလုံးကို အကျိုးပြုတဲ့ သစ်ပင် လေး စိုက်ခဲ့တဲ့ အကြောင်းက ကြည်နူးစရာ...၊ ဧရာဝတီ တိုင်းဖက်မှာလည်း အဲဒီလို အဖွဲ့တွေ အများကြီး လိုတယ်နော်...။
March 26, 2012 at 4:45 AM
ပျိုးယုဝသုန် (Pyo Yu Wathone) said...
စန်းထွန်း ရဲ့သစ်ပင်ပေါ့လေ..

သစ်ပင်စိုက်လို့ ရရှိတဲ့ စိတ်ချမ်းမြေ့မှုက ချစ်သူနဲ့ တွေ့လို့ ရရှိတဲ့ စိတ်ချမ်းမြေ့မှုထက် ပိုအေးချမ်းသကွယ်..

သစ်ပင်က ရန်မှ မထောင်တတ်တာကိုးနော်.. အဟိ

ချစ်တဲ့
ဝသုန်
March 28, 2012 at 12:50 AM
Cameron said...
ဆရာမဂျူးရဲ့ ရီဗျူးလေးမှတ်လို့လာကြည့်တာ..။ စန်းထွန်းရဲ့သစ်ပင်ဖြစ်နေတာကိုးး...။ ကိုယ့်တစ်သက်တော့ သစ်ပင်တစ်ပင်ကို ကိုယ့်လက်နဲ့ ရှင်သန်ကြီးထွားလာတဲ့အထိတခါမှ မစိုက်ဖူးသေးဘူး....။ ကြည်နူးဖို့တော့ကောင်းမယ်နော်....။ တစ်သက်လုံးစိတ်ချမ်းသာချင်ရင် အပင်စိုက်တဲ့..။
March 29, 2012 at 12:11 PM
မြစ်ကျိုးအင်း said...
အပင်စိုက်တဲ့အကြောင်းလေးတွေဖတ်ရတိုင်း နှစ်ခြိုက်ရတယ်။ နောက်လည်း တတ်နိင်သလောက် စိုက်ကြပါအုံး။ ဆော်သြပါအုံး။
March 29, 2012 at 12:37 PM
ပစ်ပစ် said...
အထွန်း
မရောက်တာတောင်တော်တော်ကြာသွားပြီ..
အထွန်းရဲ့သစ်ပင်လေးလာကြည့်သွားတယ်..
ပစ်ပစ်လည်းတနေ့နေ့တော့
သစ်ပင်တွေစိုက်ဖြစ်မယ်ထင်တာဘဲ..
March 30, 2012 at 2:22 PM