ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင် (တဂ်ပို့စ်)



မဒိုးကန်အလင်းသစ်အိန်ဂျယ်လှိုင်သမီးစံတို့က သတိတရ တဂ်လာသောအခါ ဒီပို့စ်လေး ရေးဖြစ်ပါသည်။

၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။
ဟိုးအရင်တုန်းက ဖုန်းတွေထက် စာရင်တော့ တန်ဖိုးနည်းပါသည်။ သို့သော် အခြေခံလူတန်းစားတွေအတွက်တော့ တန်ဖိုးနည်းသည်ဟု မမြင်ပါ။  နိုင်ငံတကာတွင် ဒေါ်လာ ၂၀ကနေ ၄၀၊ ၅၀ဆို ဖုန်းတလုံး အလကားရပြီး မိနစ်ပလမ်၊ unlimited plan များ ရှိသည်။ ဒေါ်လာ ၂၀၀ (နှစ်သိန်းဝန်ကျင်) ဆိုသည်မှာ  နိုင်ငံတကာနဲ့ ယှဉ်လျှင် တော်တော် ဈေးများနေသေးသည်။

၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။
ပြည်သူတွေကို အနှောင့်အယှက်မဖြစ်စေတဲ့ စတေကာကပ်ခြင်း၊ တီရှပ်များ ပြုလုပ်ပြီး တောင်းဆိုသင့်ပါသည်။

၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။
စုပေါင်းလက်မှတ်ထိုးပြီး လွှတ်တော်ကို တင်ပြခြင်းသည် ပြည်သူများ၏ ဆန္ဒကို ထုတ်ဖော်ရာ ရောက်သည်။

၄ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။
ကြိုဆိုပါသည်။ အိမ်နီးနားချင်းနိုင်ငံများတွင် လူတိုင်းဖုန်းကိုင်နိုင်ချိန် ရွှေပြည်ကြီးတွင်လည်း လူတိုင်းဖုန်းကိုင်စေချင်ပါသည်။

၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။
ဖုန်းဆိုသည်မှာ ပြယုဂ်တခုမဟုတ်တော့ဘဲ လူတိုင်းအတွက် သတင်းဖလှယ်၊ နိုးစက်၊ သီချင်းနားထောင်၊ ဓာတ်ပုံရိုက်ဖြင့် စွယ်စုံသုံး နေ့စဉ်မရှိမဖြစ်လိုအပ်သော ပစ္စည်းဖြစ်သည်။ ၁၀တန်ဖုန်းကဒ်သည် တခြားနိုင်ငံများသို့ မိနစ်ပေါင်းများစွာ ခေါ်ဆို၍ရပေမည့် ရွှေပြည်ကြီးကို ခေါ်ဆိုလျှင်တော့ မိနစ်၂၀သာ ရသည်။ ဟယ်လို ကြားရလား ကြားရလား၊ လူကြီးမင်းခေါ်ဆိုသော ဖုန်းသည် ဖုန်းခမသွင်းသောကြောင့် ၎င်း၊ ဆက်သွယ်ရေး ဧရိယာပြင်ပ ရောက်ရှိနေခြင်းကြောင့်၎င်း ၅မိနစ်ခန့် ကုန်သွားတတ်သည်။

ရွှေပြည်ကြီးသို့ ဖုန်းခေါ်တိုင်း ခုနစ်သံချီ အော်ဟစ်ရ၊ စိတ်တိုဒေါသထွက်ရသည်။ ဟယ်လို ကြားရလား ကြားရလား အဆင့်မှ လိုင်းကောင်းအောင် ဆောင်ရွက်သင့်ပါသည်။ သည်ဆင်းကဒ်သည် သည်ဖုန်းအတွက် မဟုတ်ဘဲ ဖုန်းအားလုံးအတွက် ဖြစ်သင့်သည်။ အစိုးရနှင့် ပနာရသူများကိုသာ ချထားပေသော စနစ်မှသည် အပြိုင်အဆိုင် လုပ်ကိုင်ခွင့် ပေးသည့်သည်။ ကုမ္ပဏီများ ဈေးကွက်ယှဉ်ပြိုင်ပါမှ ပြည်သူများ ကောင်းမွန်သော ဝန်ဆောင်မှုများ ရရှိနိုင်မည်။ အစိုးရမှ ထိန်းကျောင်းရုံသာ ပေးသင့်သည်။

အင်္ဂလိပ်စာသင်တန်းမှ ဆရာကြီးပြောပြသော စကားလေးကို သတိရမိသည်။ ဂျပန်ပြည် အနုမြူဗုံးဒဏ်ခံရပြီး ပြာပုံဘဝမှ တိုးတက်လာခဲ့သည်။ ဂျပန်သံအဖွဲ့ ဘိလပ်ပြည်သွားလည်သောအခါ ဘိလပ်ပြည်ဝန်ကြီးမှ ဘိလပ်ပြည်ကိုလည်း ဂျပန်ပြည်ကဲ့သို့ တိုးတက်ချင်သည် အကြံညဏ်များပေးပါဟု မေတ္တာရပ်ခံလာသည်။ ဂျပန်သံအဖွဲ့ ပေးသောအကြံညဏ်များမှာကား

တိုင်းပြည်ရေးရာတွေကို လွှတ်တော်ကနေပဲ ဆုံးဖြတ်တော့ တိုင်းပြည်တပြည်ကို လေ့လာချင်ရင် လွှတ်တော်ကို လေ့လာရပါတယ် ခင်ဗျ။ (သတိ - မြောက်ကိုရီးယား၊ ဆီးရီးယားနိုင်ငံ မပါဝင်ပါ ) ။ ဘိလပ်ပြည်က လွှတ်တော်ကို လေ့လာကြည့်တော့ နိပွန်လွှတ်တော်နဲ့ ကွာနေတာ သွားတွေ့တယ်ခင်ဗျ။ ဘိလပ်ပြည်လွှတ်တော်တွင် အများစုက ရှေ့နေဖြစ်သည်။ နိပွန်လွှတ်တော်တွင်တော့ အများစုက အင်ဂျင်နီယာဖြစ်သည်။ အင်ဂျင်နီယာများသည် ရှေ့နေကဲ့သို့ လေမများဘဲ တကယ်လုပ်သောသူဖြစ်ပါသည်။

စီအန်အန် သတင်းဌာနမှ ထုတ်လွှင့်သွားသော မြန်မာပြည်လွှတ်တော်အကြောင်း တစ်မိနစ်စာသတင်းတိုတွင် ဘိလပ်ပြည်မှ လေထွားသော ရှေ့နေလွှတ်တော်အမတ်၊ နိပွန်ပြည်မှ တကယ်အလုပ်လုပ်သော အင်ဂျင်နီယာလွှတ်တော်အမတ်များကဲ့သို့ ရွှေပြည်ကြီးမှ စက်တော်ခေါ်နေသော လွှတ်တော်အမတ်စိမ်းများကို မြင်ရသောအခါ၊ အာဆီယံတွင် တက္ကသိုလ်အများဆုံးရှိသည့်နိုင်ငံဟု လေလုံးထွားသည်ကို ကြားရသောအခါ၊ ကျောက်စိမ်း၊ ကျွန်းသစ်၊ ပိုလျှံ၍ နိုင်ငံခြားသို့တင်ပို့ရောင်းချရပါသည်ဆိုသော ဘဘာဝဓာတ်ငွေ့များနှင့် သဘာဝသယံဇာတ ပေါကြွယ်လှသော မြန်မာပြည် အကြွေးမီလျံများစွာရှိသည်ဟု ကြားသိရသောအခါ၊ စလုံးမှ tycoon တောင် မဝယ်နိုင်သော မန်ယူအသင်းကို မြန်မာပြည်ရှိ တယောက်သောသူမှ ဝယ်ယူမည် ဆိုသည်ကို Wikileaks မှတဆင့် သိရသောအခါ၊ double tax (အလုပ်လုပ်သောတိုင်းပြည်နှင့် မိခင်တိုင်းပြည် ၂နိုင်ငံ အခွန်ဆောင်ရခြင်း)ကို တခြားမည်သည့်လူမျိုးများမှ မစွမ်းဆောင်နိုင် မြန်မာလူမျိုးများသာလျှင် ပေးဆောင်နိုင်သည်ကို သိရသောအခါ ၊ ပြင်သစ်သတင်းဌာနမှ တင်ဆက်သွားသော ခမ်းနားပြီး လူတယောက်မှမရှိသော ဘိန်းပပျောက်မှုအထိမ်းအမှတ် အဆောက်အအုံကြီးနှင့် အာဖကန်နစ္စတန်နိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယဘိန်းအများဆုံးထုတ်လုပ်သောနိုင်ငံဖြစ်သည်ဆိုကြောင်း သိရသောအခါ၊ ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး  ဆင်းကဒ်သည် မြန်မာပြည်မှဖြစ်သည်ဟု ကြားသိရသောအခါ မြန်မာကွဟု ဂုဏ်ယူရဖူးသည်။

စန်းထွန်း
မတ် ၄၊ ၂၀၁၂။

13 comments:

မဒမ္ကိုး said...

ေအာက္ဆံုးအပိုဒ္ေလးကိုလႊတ္သေဘာက်ထွာ စန္းထြန္းေရ ..

ခ်စ္တဲ႕

ဒိုးကန္

Thandar Lwin said...

အင္ဂ်င္နီယာမ်ားသည္ ေရွ ့ေနကဲ့သို ့ ေလမမ်ားဘဲ တကယ္လုပ္ေသာသူၿဖစ္ပါသည္။ ..ဟိ ...စန္းထြန္းက သိပ္ေရးတတ္......း)

San San Htun said...

အင္း မမယ္သံလား မမယ္သံခ်စ္ခ်စ္လား တေယာက္ေယာက္ေတာ့ အင္ဂ်င္နီယာ ၿဖစ္ရမယ္..ဘယ္ႏွယ့္ရိွစ..ခြိ..ခြိ..

ေန၀သန္ said...

ကိုယ့္အျမင္ေလးကို ေရးတဲ့အပိုင္းေလး သေဘာက်မိတယ္.... စကားလံုးထက္ အလုပ္နဲ႕သက္ေသျပရင္... ေအာင္ျမင္မႈဆိုတာ တခဏပါပဲ.. း)

ခင္မင္လ်က္
ေန၀သန္

စံပယ္ခ်ိဳ said...

စန္းထြန္းေရ
ေရးတတ္လုိက္တာဟယ္ မ်ားတုိ႔မ်ားအေတာ္ၾကီးစဥ္းစားျပီးမွ ေရးလုိ႔ရတယ္
ခ်စ္တဲ႔ sis jasmine

အလင္းသစ္ said...

အင္ဂ်င္နီယာမ်ားသည္ ေရွ ့ေနကဲ့သို ့ ေလမမ်ားဘဲ တကယ္လုပ္ေသာသူၿဖစ္ပါသည္။
ေထာက္ခံပါသည္။။ :P

ေရးေပးလို႕ေက်းဇဴးပါအမေရ။။။

ေခ်ာ(အစိမ္းေရာင္လြင္ျပင္) said...

စန္းထြန္းေရ
လက္သံေျပာင္ခ်က္
ဒီေလာက္ေတာင္ ထိထိမိမိေရးတတ္တာ ခ်ီးက်ဴးမိပါတယ္။ တကယ္ Bravo ပါ။
သေရာ္ေတာ္ေတာ္ စကားလံုးေလးေတြ သိပ္မိုက္တယ္ း)

Anonymous said...

Nice..

ေရႊၿပည္ၾကီးမွ စက္ေတာ္ေခၚေနသာ လႊတ္ေတာ္အမတ္စိမ္းမ်ားကို ၿမင္ရေသာအခါ

ညီရဲ said...

သူငယ္ခ်င္းရဲ ့အျမင္ေလးေတြကို သေဘာက်မိတယ္...

Anonymous said...

ေၿပာင္လုိက္တဲ႔လက္သံ။ မေခ်ာေၿပာသလို တကယ္႔ကို ခ်ီးက်ဴးစရာေကာင္းတယ္။ bravoပါခင္ဗ်ာ။

blackroze said...

ဟုတ္ပအထြန္းေရ
ျမန္မာကိုဖုန္းတခါေခၚရတာ
ကိုယ္ေျပာခ်င္တဲ့အေၾကာင္းအရာကို
တဘက္လူကမၾကားေသးဘူး
ကိုယ့္အနားကတရပ္ကြက္လံဳးအရင္
သိတယ္ဆိုတာမ်ိဳး..
ဟလိုၾကားရလား မၾကားရဘူးလား..
ခုနကၾကားလိုက္ရတယ္..
အသံကျပတ္ေတာင္းေတာင္းျဖစ္ေနတယ္..
ေနာက္တခါထပ္ေျပာ
အဲတာေတြနဲ႕ဘဲ မိနစ္20 ကသြားေရာ..

mstint said...

အျမင္ေလးေတြေရးသြားတာေကာင္းလိုက္တာ
စန္းစန္းေရ။ 'ဟယ္လို ၾကားရလား ၾကားရလား အဆင့္' ကေက်ာ္လြန္သင့္တာေတာ့ အမွန္ပါ း)
ဖုန္းေခၚလိုက္ရင္ဧရိယာျပင္ပေရာက္တာလည္းညစ္ပါ့။
ၾကည္လင္ေအးျမတဲ့စိတ္ဓာတ္အၿမဲပိုင္ဆိုင္ခြင့္ရပါေစ။

ေမတၱာျဖင့္
အန္တီတင့္

San San Htun said...

မဒမ်ကိုး said...
အောက်ဆုံးအပိုဒ်လေးကိုလွှတ်သဘောကျထှာ စန်းထွန်းရေ ..

ချစ်တဲ့

ဒိုးကန်
March 4, 2012 at 7:43 PM
Thandar Lwin said...
အင်ဂျင်နီယာများသည် ရှေ့နေကဲ့သို့ လေမများဘဲ တကယ်လုပ်သောသူဖြစ်ပါသည်။ ..ဟိ ...စန်းထွန်းက သိပ်ရေးတတ်......း)
March 4, 2012 at 10:23 PM
San San Htun said...
အင်း မမယ်သံလား မမယ်သံချစ်ချစ်လား တယောက်ယောက်တော့ အင်ဂျင်နီယာ ဖြစ်ရမယ်..ဘယ်နှယ့်ရှိစ..ခွိ..ခွိ..
March 4, 2012 at 10:27 PM
နေဝသန် said...
ကိုယ့်အမြင်လေးကို ရေးတဲ့အပိုင်းလေး သဘောကျမိတယ်.... စကားလုံးထက် အလုပ်နဲ့သက်သေပြရင်... အောင်မြင်မှုဆိုတာ တခဏပါပဲ.. း)

ခင်မင်လျက်
နေဝသန်
March 4, 2012 at 11:49 PM
စံပယ်ချို said...
စန်းထွန်းရေ
ရေးတတ်လိုက်တာဟယ် များတို့များအတော်ကြီးစဉ်းစားပြီးမှ ရေးလို့ရတယ်
ချစ်တဲ့ sis jasmine
March 5, 2012 at 5:48 AM
အလင်းသစ် said...
အင်ဂျင်နီယာများသည် ရှေ့နေကဲ့သို့ လေမများဘဲ တကယ်လုပ်သောသူဖြစ်ပါသည်။
ထောက်ခံပါသည်။။ :P

ရေးပေးလို့ကျေးဇူးပါအမရေ။။။
March 5, 2012 at 7:23 AM
ချော(အစိမ်းရောင်လွင်ပြင်) said...
စန်းထွန်းရေ
လက်သံပြောင်ချက်
ဒီလောက်တောင် ထိထိမိမိရေးတတ်တာ ချီးကျူးမိပါတယ်။ တကယ် Bravo ပါ။
သရော်တော်တော် စကားလုံးလေးတွေ သိပ်မိုက်တယ် း)
March 5, 2012 at 8:54 AM
Anonymous said...
Nice..

ရွှေပြည်ကြီးမှ စက်တော်ခေါ်နေသာ လွှတ်တော်အမတ်စိမ်းများကို မြင်ရသောအခါ
March 5, 2012 at 10:08 AM
ညီရဲ said...
သူငယ်ချင်းရဲ့အမြင်လေးတွေကို သဘောကျမိတယ်...
March 5, 2012 at 2:28 PM
ဝေမိုးနိုင်(မုံရွာ) said...
ပြောင်လိုက်တဲ့လက်သံ။ မချောပြောသလို တကယ့်ကို ချီးကျူးစရာကောင်းတယ်။ bravoပါခင်ဗျာ။
March 6, 2012 at 11:07 PM
blackroze said...
ဟုတ်ပအထွန်းရေ
မြန်မာကိုဖုန်းတခါခေါ်ရတာ
ကိုယ်ပြောချင်တဲ့အကြောင်းအရာကို
တဘက်လူကမကြားသေးဘူး
ကိုယ့်အနားကတရပ်ကွက်လုံးအရင်
သိတယ်ဆိုတာမျိုး..
ဟလိုကြားရလား မကြားရဘူးလား..
ခုနကကြားလိုက်ရတယ်..
အသံကပြတ်တောင်းတောင်းဖြစ်နေတယ်..
နောက်တခါထပ်ပြော
အဲတာတွေနဲ့ဘဲ မိနစ်20 ကသွားရော..
March 7, 2012 at 12:36 PM
mstint said...
အမြင်လေးတွေရေးသွားတာကောင်းလိုက်တာ
စန်းစန်းရေ။ 'ဟယ်လို ကြားရလား ကြားရလား အဆင့်' ကကျော်လွန်သင့်တာတော့ အမှန်ပါ း)
ဖုန်းခေါ်လိုက်ရင်ဧရိယာပြင်ပရောက်တာလည်းညစ်ပါ့။
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။

မေတ္တာဖြင့်
အန်တီတင့်
March 8, 2012 at 11:50 AM